← Chapters

အခန်း ၁၅

Vol. 1 Ch. 15

အခန်း ၁၅

Vol. 1 Ch. 15

အပိုင်း (၁၅)

ဒုတိယမင်းသား၏ ကြောက်လန့်တကြားနှင့် ခုခံနေသော အမူအရာကို မြင်လိုက်ရသည်တွင် အရှင်မင်းကြီးသည် နောက်ဆုံးတော့ ဖခင်တစ်ယောက်အနေဖြင့် တာဝန်သိစိတ် အနည်းငယ် ပြန်ဝင်လာတော့သည်။

ထားလိုက်ပါတော့လေ။ နေ့ရက်တွေက ရှည်လျားလှသေးတာပဲ။ သားတော်ကို အရမ်းကြီး မတွန်းပို့တာ ပိုကောင်းပါတယ်။

အရှင်မင်းကြီးက မိန့်တော်မူလိုက်သည်။ "ထားလိုက်တော့။ ဒီကိစ္စကို တော်ဝင်အစောင့်ကို လွှဲလိုက်ပါ။ ကိုယ့်နေရာကို ပြန်ကြ”

ဒုတိယမင်းသားနှင့် ချူဟွားတို့ နှစ်ဦးစလုံး မိမိတို့၏နေရာများသို့ ပြန်သွားကြ၏။

ဖရဲသီးများဖြင့် ပြည့်ဝနေသောကြောင့် အားလုံးက စိတ်ရွှင်လန်းနေကြလေသည်။ ထိုနေ့၏ တိုင်းပြည်ရေးရာများကို ချောမွေ့စွာ ဆွေးနွေးနိုင်ခဲ့ပြီး နံနက်ညီလာခံသည် စောစီးစွာ ပြီးဆုံးခဲ့သည်။

ချူဟွားနှင့် system တို့ ဟန်လင်းကျောင်းတော်တွင် ယခင်မင်းဆက်၏ တရားမဝင်သမိုင်းနှင့် တရားမဝင်မှတ်တမ်းများကို ဖတ်ရှုနေစဉ်တွင် မှူးမတ်များသည် မိမိတို့၏အလုပ်များဖြင့် အလုပ်ရှုပ်နေကြ၏။ အခွင့်အရေးယူကာ စကားစမြည် ပြောဆိုနေသူတချို့လည်း ရှိခဲ့သည်။

အတင်းအဖျင်းပြောခြင်းသည် လူသားတို့၏ သဘာဝပင်။

ကနဦးအကြောင်းအရာမှာ ယွီကျားယန်၏ ဆောင်ကြာမြိုင်သွားသည့်ကိစ္စဖြစ်ပြီး။ သူ့လို ထိန်းသိမ်းခံထားရသူတစ်ဦးက သူ့မိန်းမကို မည်သို့ ကြံစည်ကာ ဆောင်ကြာမြိုင်သို့သွားရန် ပိုက်ဆံလိမ်လည်ခဲ့ကြောင်း ပြောဆိုနေကြသည်။

သာ့ရှန်း၏ အသေးစားညီလာခံများသည် ဆဋ္ဌမအဆင့်အထက် မှူးမတ်များအတွက်သာ ကန့်သတ်ထားသည်။ သတ္တမအဆင့်မှ နဝမအဆင့်အထိ မှူးမတ်များသည် တိုက်ရိုက်ဖွင့်ချမှုကို နားထောင်ရန် အခွင့်အရေးမရှိပေ။ သူတို့တစ်ဦးချင်းစီသည် ဖရဲသီးကိုင်ထားသော ဝက်ဝံပုကဲ့သို့ လုပ်ဆောင်ရန် စာရွက်စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

အတင်းအဖျင်းပြောနေကြသည့် မှူးမတ်သည် ရင်ဖွင့်တိုင်တန်းလိုစိတ် ပြင်းပြနေပြီး ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုလိုက်၏။

ခဏကြာသည်အထိ စကားပြောပြီးသည့်တိုင် သူတို့သည် အားမရသေးပေ။ ဒုတိယမင်းသားက ချူဖျင်၏ ဆောင်ကြာမြိုင်သွားသည့်ကိစ္စကို တိုင်ကြားရာမှ ဒုတိယမင်းသမီး ကြင်ယာတော်ကို ဆောင်ကြာမြိုင်တန်းသို့ ခေါ်ဆောင်ကာ လိင်မှုအနုပညာကို သင်ယူခဲ့ကြောင်း လူတိုင်းသိသွားသည့် အတင်းအဖျင်းကိုလည်း ပြောဆိုကြပြန်သည်။

စကားပြောပြီးနောက်တွင် မှူးမတ်သည် နောက်ကျမှ သတိပြုမိကာ စိတ်ထဲတွင် အနည်းငယ် မလုံမလဲဖြစ်သွား၏။ သူသည် သူ့လုပ်ဖော်ကိုင်ဖက်များကို မြန်မြန်ဆန်ဆန် ပြောလိုက်ရလေသည်။

"ဒီအကြောင်းကို ငါက မင်းတို့ကိုပဲ ပြောပြတာနော်။ တခြားဘယ်သူ့ကိုမှ မပြောနဲ့”

လုပ်ဖော်ကိုင်ဖက်များသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ကြသည်။

"ကျွန်တော် မပြောပါဘူး။ စိတ်မပူပါနဲ့”

"ဟုတ်ပါတယ်။ ကျွန်တော့်ကို မယုံဘူးလား”

"ကျွန်တော့်ပါးစပ်က အလုံဆုံးပဲ”

ထိုမှူးမတ်သည် စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာသွားလေသည်။ လှည့်ထွက်သွားသည်နှင့် ပါးစပ်အလုံဆုံးဖြစ်သော မှူးမတ်သည် သူ့မိတ်ဆွေဟောင်းကြီးကို သည်အကြောင်းအရာ ပြောပြလိုက်တော့သည်။ အဆုံးတွင် သူက သတိပေးရန် မမေ့ခဲ့ပေ။ "ဒီအကြောင်းကို ငါက မင်းကိုပဲ ဝေမျှတာနော်။ တခြားသူတွေကို မပြောနဲ့”

သူ့မိတ်ဆွေဟောင်းကြီး: "စိတ်မပူပါနဲ့။ ငါက အဲ့ဒီလောက် အားမနေပါဘူး”

လက်ဖက်ရည်တစ်ခွက် သောက်ချိန်အကြာတွင် သူသည် သူ့လုပ်ဖော်ကိုင်ဖက်များကို ထိုအကြောင့် ချဲ့ကားပြောဆိုပြီး အသေးစိတ် အချက်အလက်များစွာကိုပါ ထည့်သွင်းပြောပြလိုက်သေးသည်။

နှစ်နာရီမပြည့်မီမှာပင် ယနေ့နံနက်ညီလာခံမှ သတင်းကြီးသည် နေရာအနှံ့သို့ ပျံ့နှံ့သွားတော့၏။

မှူးမတ်များသည် တာဝန်ပြီးဆုံး၍ အိမ်ပြန်ရောက်သောအခါ သူတို့၏ဇနီးများနှင့် ကိုယ်လုပ်တော်များ၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်တွေ့လိုက်ရ၏။ သူတို့သည် နှုတ်လေး နည်းနည်း ဖွာလိုက်သည်တွင် သတင်းသည် နောက်တစ်ကြိမ် ပျံ့နှံ့သွားပြန်သည်။

ချူဖျင်သည်လည်း ခြွင်းချက် မဟုတ်ပေ။

သူသည် အရင်ဆုံး ဝမ်သခင်မထံတွင် ညည်းညူလိုက်သည်။ "ဒုတိယမင်းသားက ညီလာခံမှာ ငါ့ကို ဆောင်ကြာမြိုင်သွားတယ်လို့ တိုင်ကြားခဲ့တယ်လေ။ ငါ့မှာ လန့်လို့ သေတော့မယ်။ ကံကောင်းလို့ ဟွားအာနဲ့ system က ငါ့အတွက် သက်သေထွက်ဆိုပေးပြီး ချူအန်းလုပ်တာလို့ ပြောပေးခဲ့တယ်”

ထို့နောက် သူသည် ဒုတိယမင်းသား ဇနီးမောင်နှံအကြောင်းကို ဝမ်းသာအားရစွာဖြင့် ဆက်ပြောလေသည်။

ဝမ်သခင်မကလည်း မေးချင်နေသည်။ "ဆောင်ကြာမြိုင်သွားဖို့ လျန်၁,၀၀၀ကို ရှင့်မှာ ဘယ်ကရခဲ့တာလဲ”

သို့သော် ချူအန်း လုပ်ခဲ့သည်ဟု ကြားသောအခါ သူမက ပြုံးလိုက်တော့သည်။ မတ်ဖြစ်သူနှင့် ယောက်မကိစ္စများတွင် အလွန်အကျွံ မပြောခြင်းက ပိုကောင်းပေသည်။

သူမသည် အစက ဘာမှမပြောဘဲ နားထောင်သူသာ လုပ်မည်ဟု စဉ်းစားထားသော်လည်း ချူဟွားက ဒုတိယမင်းသား၏ အိမ်တော်သို့ ဝင်လိုသည်ဟု ကြားသောအခါ ဘာမှမပြောဘဲ မနေနိုင်တော့ပေ။

"ဟွားအာက တကယ်ပဲ ဒုတိယမင်းသားရဲ့ အိမ်တော်ထဲကို ဝင်ချင်နေတာလား”

ချူဖျင်သည် သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "သူ့လေသံက နောက်နေတဲ့ပုံ မပေါ်ဘူး”

ဝမ်သခင်မသည် ထိုနေရာတွင် တိုက်ရိုက် မကြားခဲ့ရသောကြောင့် ပေါ့ပေါ့ဆဆ မဆုံးဖြတ်ရဲပေ။

"အဲ့ဒီတုန်းက အရှင်မင်းကြီးနဲ့ ဒုတိယမင်းသားရဲ့ တုံ့ပြန်မှုကို ရှင် မြင်လိုက်လား”

ချူဖျင်သည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဒုတိယမင်းသားက ငါ့ကို ကျောပေးထားတော့ မမြင်လိုက်ရဘူး။ အရှင်မင်းကြီးကတော့... ‘အမလေး။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ။ ငါကြည့်ချင်လိုက်တာ’ ဆိုတဲ့ တုံ့ပြန်မှုမျိုးပဲ ရှိခဲ့တယ်”

ဝမ်သခင်မ: "..." သူတို့အရှင်မင်းကြီးက ပျော်ရွှင်စရာကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်နေပါလား။

"ဟွားအာက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ အိမ်ထောင်ရေးအကြောင်း ပြောဖို့ စောလွန်းသေးပေမဲ့ ငါတို့က မျက်ခြေမပြတ် စောင့်ကြည့်နေရမယ်။ သူက ငယ်ငယ်ကတည်းက အရမ်းကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တတ်တာ။ သူကြိုက်တဲ့သူကိုပဲ အနာဂတ်ခင်ပွန်းအဖြစ် လက်ထပ်မှာ သေချာတယ်။ တော်ဝင်မိသားစုက အရမ်းရှုပ်ထွေးလွန်းမနေဘူးလား”

အရှင်မင်းကြီးက ပျော်ရွှင်တတ်သူဆိုပေမဲ့ မိဖုရားခေါင်ကရော။

ဒုတိယမင်းသားသည် တရားဝင်မင်းသားတစ်ပါးဖြစ်ပြီး ထီးနန်းအတွက် အားကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ သာမန်ယောက္ခမတစ်ယောက်နှင့် ဆက်ဆံရသည်မှာပင် ခက်ခဲလှရာ ယောက္ခမက မိဖုရားခေါင် ဖြစ်နေလျှင်... ဝမ်သခင်မသည် ထိုအကြောင်းကို တွေးမိသည်နှင့် ဖိစီးလာတော့သည်။

ချူဖျင်: "တော်ဝင်မိသားစုက ရှုပ်ထွေးပေမဲ့ ဟွားအာမှာ system ရှိတယ်လေ”

Systemသည် ဇနီးမောင်နှံများ မည်သည့်အနေအထားကို အသုံးပြုသည်ကိုပင် သိနိုင်ရာ နန်းတော်တွင်းနှင့် နန်းတော်ပြင်ပရှိ လူတိုင်း၏ ရုန်းကန်မှုများနှင့် တွက်ချက်မှုများသည် ချူဟွားအတွက် ပွင့်လင်းမြင်သာနေပေလိမ့်မည်။

ချူဟွား ဒုတိယမင်းသား၏ အိမ်တော်သို့ ဝင်ရောက်ခြင်းသည် သုံးရက်အစာငတ်နေသည့် တောဝက်ဝံပုက ဖရဲခင်းကြီးထဲသို့ ဝင်ရောက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ အဆုံးမရှိသော ဖရဲသီးများကို စားသုံးနိုင်ပေလိမ့်မည်။ ထို့အပြင် တွယ်ကပ်နေမည့် မမလှလှ များစွာလည်း ရှိနေသေးရာ သူမသည် မည်မျှ သက်သောင့်သက်သာရှိမည်ကို ပြောရန်ပင် မလိုပေ။

ချူဟွားကို ဝမ်သခင်မက မွေးထားသည်ဖြစ်ရာ သူမထပ် ပိုရင်းနှီးသူ မရှိတော့ချေ။ နောက်ဆုံးတော့...

သမီးဖြစ်သူကို ထိန်းချုပ်ဖို့ သူ့ဘေးမှာ အစေခံမလှလှလေးတွေ ရှာပေးထားပြီး သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားလိုက်မယ်ဆိုရင်ကော..။

ဝမ်သခင်မသည် သူမ၏မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ ထားလိုက်တော့။ သူသွားချင်တဲ့နေရာကို သွားပါစေ။ သူမလည်း သူ့ကို မထိန်းချုပ်နိုင်ပါဘူး။

နန်းတော်။ ခွန်းနင်နန်းတော်။

အရှင်မင်းကြီးသည် သူ့သားတော်၏ ရှက်ဖွယ်ကောင်းသော ကိစ္စများကို သိရှိခွင့်ရသည်မှာ ရှားပါးလှသဖြင့် မိခင်ဖြစ်သူကို ဝေမျှသည်ကလဲ သဘာဝကျပေသည်။

သူသည် အခါအားလျော်စွာ လွတ်လွတ်လပ်လပ် ရယ်မောပြောဆိုနေသည်တွင် မိဖုရားခေါင်မှာ ဒုတိယမင်းသမီး ကြင်ယာတော်၏ အပြုအမူကို ကြားသောအခါ သူမ၏တုန်လှုပ်နေမှုကြီးကို သတိမထားမိသလို ချူဟွား၏ [ဒုတိယမင်းသမီး ကြင်ယာတော်က တကယ်ပဲ ငါတို့ခေတ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ] ဟူသော စကားကို ပြောလိုက်ချိန်တွင် မိဖုရားခေါင်က မသိမသာ ခေါင်းညိတ်လိုက်သည်ကိုလဲ သတိမထားမိခဲ့ပေ။

အရှင်မင်းကြီးက ချူဟွားသည် ဒုတိယမင်းသမီး ကြင်ယာတော်နှင့် မတော်တဆ တွေ့ဆုံရန် ကြံရွယ်နေကြောင်း ပြောလာသည်တွင် မိဖုရားခေါင်၏ အေးစက်လှသည့် ဇာမဏီမျက်လုံးများထဲတွင် အလင်းရောင် အနည်းငယ် ပေါ်လာခဲ့သည်။

"သူ တကယ်သွားမှာလား”

ယခင်အကြိမ်အနည်းငယ်က အရှင်မင်းကြီးသည် မိဖုရားခေါင်ထံ အတင်းအဖျင်းများ ဝေမျှရန် လာရောက်သောအခါ မိဖုရားခေါင်သည် သစ္စာရှိ နားထောင်သူတစ်ဦးသာ လုပ်ခဲ့လေသည်။ သူ့သားတော်သည် သာ့ရှန်းတွင် အသန့်စင်ဆုံးသော ယောက်ျားဖြစ်ကြောင်း ကြားရသည့်အခါ၌ပင် သူမသည် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

ဤတစ်ကြိမ်တွင်တော့ မိဖုရားခေါင်သည် ရှားရှားပါးပါး တုံ့ပြန်မှုပေးခဲ့သည်။ အရှင်မင်းကြီးကလည်း မြန်မြန် ပြန်ဖြေလိုက်၏။ "သူ သေချာပေါက် သွားမှာပဲ”

ချူဟွား မသွားရင်တောင် သူက သူမနဲ့ ဒုတိယမင်းသား ကြင်ယာတော်ကို မတော်တဆ တွေ့ဆုံအောင် နည်းလမ်းရှာပေးရမယ်။ အဲ့ဒီအခါကျရင် သူက ခွန်းနင်နန်းတော်ကို မိဖုရားခေါင်ဆီ လာရှာဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခု ရမှာပဲ။

အရှင်မင်းကြီးသည် မှောင်မိုက်နေသည့် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး မိဖုရားခေါင်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်၏။ "ညဉ့်နက်နေပြီ။ အနားယူရအောင်”

မိဖုရားခေါင်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်မ အရှင်မင်းကြီးကို ရိုသေစွာ ပို့ဆောင်ပါတယ်”

အရှင်မင်းကြီး: "..."

နောက်တစ်နေ့နံနက်တွင် နန်းစောင့်တပ်မှူး လင်ယိုသည် အရပ်ဘက်နှင့် စစ်ဘက်မှူးမတ်အားလုံး၏ ရှေ့တွင် အစီရင်ခံ တင်ပြလေသည်။ "နန်းစောင့်တပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးမှုအရ လွန်ခဲ့တဲ့တစ်လက ချွန်းဖုန်းဂေဟာမှာ ငွေအမြောက်အမြားသုံးစွဲခဲ့သူမှာ တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချူဖျင်၏ ညီငယ် ချူအန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ချူအန်းက ချွန်းဖုန်းဂေဟာရဲ့ ထိပ်တန်းအမျိုးသမီး ဟုန်ရှို့နဲ့ ရင်းနှီးလာတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အခုမှ ပျော်စအချိန်ပဲ ရှိသေးတာဆိုတော့ သူကလဲ လက်မလွှတ်ချင်ခဲ့ပါဘူး။ ဟုန်ရှို့မှာ ဧည့်သည်ရှိနေတယ်လို့ သိလိုက်ရတဲ့အချိန်မှာပဲ အဲဒီလူတွေက ဒုတိယမင်းသားနဲ့ ကြင်ရာတော်မင်းသမီးတို့ ဖြစ်နေတာပါ”

"တာဝန်ခံသခင်မကက ဒုတိယမင်းသားကြင်ယာတော်ရဲ့ သရုပ်မှန်းကို သိပေမဲ့ အများသိအောင် မလုပ်နိုင်ဘဲ ဧည့်သည်တစ်ဦးက ဟုန်ရှို့ကို မှာထားတယ်လို့ပဲ ပြောပြီး တခြားတစ်ယောက်ကို ပြောင်းခိုင်းခဲ့တယ်။ ချူအန်းက ငြင်းဆန်ပြီး ဒေါသတကြီးနဲ့ ငွေ ၁၀၀၊ ၂၀၀၊ နောက်ဆုံးမှာ ၁,၀၀၀ တန် ပစ်ပေါက်ခဲ့တယ်။ ဒုတိယမင်းသားက ကိစ္စကြီးဖြစ်အောင် မလုပ်ချင်လို့ အလျှော့ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူက သခင်ကြီးချူနဲ့ ရုပ်ဆင်တဲ့ ချူအန်းကို မြင်ပြီး နားလည်မှုလွဲသွားတာ ဖြစ်နိုင်ပါတယ်”

ဒုတိယမင်းသား: "..." ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ စုံစမ်းစစ်ဆေးဖို့ တကယ် မလိုအပ်ပါဘူးလေ။

အရှင်မင်းကြီးသည် လက်ဝှေ့ယမ်းလိုက်ရာ ချူဖျင်၏ ဆောင်ကြာမြိုင်သွားသည့်ကိစ္စသည် ပြီးဆုံးသွားလေသည်။

မှူးမတ်များသည် ဆက်လက်ဆွေးနွေးကြပြီး စကားပြောဆိုနေစဉ်အတွင်း အရှင်မင်းကြီးသည် စိတ်မကြည်မလင် ဖြစ်နေသည်ကို သတိပြုမိကြသည်။ သူတို့အားလုံးသည် ရိုးရိုးသားသားနှင့် ပြဿနာမရှာဝံ့ကြချေ။

ဘဏ္ဍာရေးဝန်ကြီးသည် တောင်ပိုင်းရှိ ရေလွှမ်းမိုးမှုအပြီး တာတမံများ ပြန်လည်တည်ဆောက်ရေးသည် ချောမွေ့မှု မရှိကြောင်း ပြောကြားလိုသော်လည်း သည်မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ခြေလှမ်းများကို ပြန်ရုပ်သိမ်းလိုက်သည်။

ဘဏ္ဍာရေးဒုတိယဝန်ကြီးသည်လည်း သူ့ပါးစပ်မှ ထွက်တော့မည့် တိုင်တန်းစကားကို မျိုချလိုက်သည်။

ဘဏ္ဍာတိုက်သည် ငွေနှစ်သန်းတန် လက်ခံရရှိခါစဖြစ်ပြီး ဌာနအားလုံးက သူ့ထံမှ ငွေ၊ ငွေ၊ ငွေကိုသာ တောင်းဆိုနေကြသည်။ သို့သော်ငြား သူသည် ဒုတိယဝန်ကြီးတစ်ဦးသာဖြစ်ပြီး ကိစ္စများစွာသည် ဘဏ္ဍာရေးဝန်ကြီးသစ် ရာထူးတက်လာသည်အထိ စောင့်ဆိုင်းရပေမည်။

ထားလိုက်ပါလေ။ ချူဟွားက ဖရဲသီးကြီးကြီးမားမားတချို့ စားပြီး အရှင်မင်းကြီး စိတ်ကြည်လင်လာတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ်။

သူတို့က စောင့်ဆိုင်းနေကြသလို အခြားသူများလည်း စောင့်ဆိုင်းနေကြလေသည်။ အားလုံးက အရှင်မင်းကြီးကို ဒေါသထွက်မထွက်စေမည့် အသေးအဖွဲ ကိစ္စများကိုသာ ပြောဆိုနေကြသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသွားသော်လည်း ချူဟွားသည် ဖရဲသီးကို မစားခဲ့ပေ။

လုပ်ငန်းဝန်ကြီးသည် သူမကို ဘေးမှနေ၍ တစ်ချက်ကြည့်လိုက်၏။ ဒီကောင်မလေးက ဒီနေ့ ဒီလောက် စိတ်ရှည်နေတာလား။

နာရီဝက်ကြာသွားသော်လည်း ချူဟွားသည် ဖရဲသီးကို မစားသေးပြန်ပေ။

ဘဏ္ဍာရေးဒုတိယဝန်ကြီးသည် တိတ်တဆိတ် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့နေရာမှ ခန်းမအပြင်ဘက်မှ အခြေအနေကို မမြင်နိုင်ပေ။ ရာထူးငယ်တွေရဲ့နေရာက လုံးဝကို အဆင်မပြေတာပဲ။

တစ်နာရီကြာသွားသော်လည်း ချူဟွားနှင့် system တို့သည် တိတ်ဆိတ်နေဆဲပင်။

ယခုတော့ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ငြိမ်ငြိမ် မနေနိုင်တော့ပေ။

ချူဟွား မပေါ်လာမီက သူတို့သည် အရှင်မင်းကြီး စိတ်မကြည်မလင်ဖြစ်ပြီး လျှောက်လွှာများ မတင်ပြနိုင်သည့် အကြိမ်များစွာကို တွေ့ကြုံခဲ့ရသည်။ သို့သော် ချူဟွား ရောက်လာပြီးနောက်တွင် အရှင်မင်းကြီးနှင့် သူ့မှူးမတ်များသည် ဖရဲသီးများ စားသုံးပြီးနောက် စိတ်ကြည်လင်ကာ ပူးပေါင်းဆောင်ရွက်မှုသည် ချောမွေ့ခဲ့သည်။

ဇိမ်ခံခြင်းမှ ခြိုးခြံခြင်းသို့ ပြောင်းလဲရန် ခက်ခဲလှပါလား။

တရားရေးဝန်ကြီးသည် တရားရေးဒုတိယဝန်ကြီးကို မျက်ရိပ်ပြလိုက်ရာ တရားရေးဒုတိယဝန်ကြီးသည် တရားရေးညွှန်ကြားရေးမှူးထံ သတင်းငယ်တစ်ခု ပေးပို့လိုက်သည်။ သတင်းသည် ဆက်လက်ပေးပို့ရာမှ ချူဖျင်၏နားသို့ ရောက်ရှိသွားသည်။ "နောက်ကလူတွေကို ချူချင်း အိပ်ပျော်နေသလား ကြည့်ခိုင်းလိုက်”

ချူဖျင်: "..."

သူသည် ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ "သူ မလာဘူး”

နောက်ထပ် တရားရေးညွှန်ကြားရေးမှူးတစ်ဦးသည် အလွန် အံ့ဩသွားသည်။ "သူ နေမကောင်းဘူးလား”

ချူဖျင်သည် တိုးညင်းသောအသံဖြင့် အတည်ပြုလိုက်သည်။

သတင်းသည် အပေါ်သို့ ရောက်ရှိသွားသည်နှင့် ဌာနခြောက်ခုမှ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် ခဏလောက် တိတ်ဆိတ်သွားပြီး ပြင်ဆင်ထားသော လျှောက်လွှာများကို သူတို့၏အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်ကြတော့သည်။

ယနေ့သည် လျှောက်လွှာတင်ရန် မသင့်တော်သောနေ့ဖြစ်ပုံရသည်။ မနက်ဖြန် ချူဟွား ပြန်လာသည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။ ကံကောင်းချင်တော့ အရှင်မင်းကြီးနှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် မနေ့က စိတ်ကြည်လင်နေခဲ့ပြီး အရေးကြီးသော ကိစ္စအားလုံးကို ဖြေရှင်းခဲ့ပြီးဖြစ်လေသည်။

ပလ္လင်မြင့်ပေါ်က အရှင်မင်းကြီးသည် အသေးအဖွဲ ကိစ္စတချို့ကို နားထောင်နေလေသည်။ သူသည် သမ်းဝေချင်သော်လည်း အရှင်မင်းကြီး၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရပေမည်။ သူသည် သူတို့ကို အရေးကြီးကိစ္စများ ပြောဆိုစေချင်သော်လည်း လူများကို တုန်လှုပ်စေမည်ကို စိုးရိမ်နေသည်။

နံနက်ညီလာခံ ပြီးဆုံးသွားပြီး နန်းတွင်းစာကြည့်တိုက်သို့ ပြန်ရောက်သည်အထိ သူသည် သည်နေ့ တစ်ခုခု ကွဲပြားနေသည်ကို သတိရမိသည်။

"ဒီကောင်မလေး ဒီနေ့ လိမ္မာနေပါလား”

ချန်ကျို့သည် လူတစ်ယောက်ကို စုံစမ်းမေးမြန်းရန် လွှတ်ထားပြီးဖြစ်ရာ အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ချူချင်းက ဒီနေ့ နေမကောင်းလို့ ခွင့်တိုင်ထားပါတယ်”

"နေမကောင်းဘူး” အရှင်မင်းကြီးသည် ဖရဲသီးမရှိသော နံနက်ညီလာခံသည် အလွန်ပျင်းစရာကောင်းကြောင်း ပထမဆုံးအကြိမ် သိရှိလိုက်ရပြီး သက်ပြင်းချလိုက်သည်။

"ဘာရောဂါလဲ။ မနက်ဖြန် ညီလာခံတက်နိုင်မလား”

ချန်ကျို့: "အအေးမိတယ်လို့ ပြောပါတယ်”

အရှင်မင်းကြီး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ "နန်းတွင်းသမားတော်ကို သွားကြည့်ခိုင်းလိုက်”

အအေးမိခြင်းသည် ပြင်းထန်နိုင်သကဲ့သို့ အသေးအဖွဲလည်း ဖြစ်နိုင်သည်။ တချို့သူများသည် နှစ်ရက်၊ သုံးရက်အတွင်း သက်သာသွားသော်လည်း တချို့ကတော့ ဆယ်ရက်ခန့် ကြာမြင့်တတ်သည်။ တချို့မှာ ဘယ်တော့မှ မသက်သာတော့ပေ။

လက်ရှိတွင် ချူဟွားနှင့် system တို့သည် သာ့ရှန်းအတွက် အလွန်အသုံးဝင်နေသေးသည်။ သူမကို ဘာမှမဖြစ်စေရ။

အရှင်မင်းကြီးသည် နန်းတွင်းသမားတော်ကို ဖိတ်ခေါ်ရန် အကြောင်းပြချက်တစ်ခုကိုပင် တွေးတောမိလေသည်။ သူသည် သူ့လက်အောက်ငယ်သားများကို ဂရုစိုက်ကြောင်း ပြောဆိုခြင်းအားဖြင့် ပြည်သူကို သူ့သားသမီးများကဲ့သို့ ချစ်မြတ်နိုးသော နာမည်ကောင်းတစ်ခုကိုလည်း ရရှိနိုင်ပေလိမ့်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါလား။

သူသည် ပါးနပ်လိုက်လေခြင်း။

သည်ကြွားဝါမှုသည် တော်ဝင်စာကြည့်ဆောင်သို့ ပြန်ရောက်ပြီး တော်ဝင်အစောင့်မှ တင်ပြသော အစီရင်ခံစာကို မြင်ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ချူဟွားသည် သူမ၏ ပထမဆုံး ရာသီသွေး ဆင်းနေပြီး အလွန်နာကျင်သောကြောင့် အိပ်ရာမှ မထနိုင်ခြင်း။

အရှင်မင်းကြီးသည် မိန်းကလေးများ ရာသီလာသောအခါ နာကျင်တတ်သည်ကို အမှန်တကယ် မသိခဲ့ပေ။ အခိုက်တန့်အတွင်း သူသည် သူမအတွက် နန်းတွင်းသမားတော်ကို စေလွှတ်ပြီး သွားရောက် ကြည့်ရှုခိုင်းရကောင်းနိုးနိုး မသိနိုင်အောင် ဖြစ်သွားတော့သည်။

ခဏလောက် တုံ့ဆိုင်းပြီးနောက်တွင် သူသည် တော်ဝင်အစောင့်၏ အစီရင်ခံစာမှ ကျန်ရှိသော အပိုင်းကို မြင်တွေ့လိုက်ရသည်။

ချူဟွား: [System ရေ။ ငါ အရမ်းနာနေတယ်။ ငါ့ကို စိတ်ပျော်အောင် တစ်ခုခုပြောပြပါဦး]

System: [အင်း။ ငါ ကြည့်လိုက်ဦးမယ်။ စိတ်ဝင်စားစရာ ကောင်းတာတစ်ခု ရွေးလိုက်မယ်]

[တွေ့ပြီ။ ငါ နင့်ကို အရှင်မင်းကြီးနဲ့ မိဖုရားခေါင်အကြောင်း ဖရဲသီးတစ်ခု ပြောပြမယ်။]

အရှင်မင်းကြီး: ? ? ?

သူသည် မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်ပြီး ဆက်လက်ဖတ်ရှုရန် အလျင်အမြန် ကြိုးစားလိုက်သည်။

System: [မနေ့ညက အရှင်မင်းကြီးကို မိဖုရားခေါင်က ခွန်းနင်နန်းတော်ကနေ ထပ်မောင်းထုတ်လိုက်တယ်။ ဒါက ဒီနှစ်ထဲမှာ သူ ညအိပ်တည်းခိုဖို့ ကြိုးစားပေမဲ့ ခွန်းနင်နန်းတော်ကနေ မောင်းထုတ်ခံရတာ ၁၈ ကြိမ်မြောက်ပဲ။ သူက တိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခဲ့ပေမဲ့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တယ်]

ချူဟွား: [ဒါက လင်မယားချင်း ရန်ဖြစ်တာပဲလေ။ ပျင်းစရာကြီး]

Systemသည် အသေးစိတ် ရှင်းပြလိုသော်လည်း သူမ မကြိုက်ကြောင်း ကြားသောအခါ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ [ဒါဆိုရင် ငါ နင့်ကို မိဖုရားခေါင်အကြောင်း ပြောပြမယ်]

[သူက ဒုတိယမင်းသား ကြင်ယာတော် လုပ်ခဲ့တာကို သိပြီးတဲ့နောက်မှာ အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ အရှင်မင်းကြီးက လှပတဲ့ကောင်မလေးတွေကို ဆက်ရှာနေနိုင်ပြီး သူ့မိန်းမကို ခွန်းနင်နန်းတော်မှာ တစ်ယောက်တည်း ထားခဲ့နိုင်ရင် သူမက ဘာလို့မလုပ်နိုင်ရမှာလဲလို့ တွေးခဲ့တယ်။ ဒါကြောင့် သူက နန်းတော်ထဲကနေ ချွန်းဖုန်းဂေဟာကို သွားပြီး ချောမောတဲ့ကောင်လေးတွေကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့]

ချူဟွား: [ဝိုး။ လုပ်ထား မိဖုရားခေါင်ကြီး။ ဒါက ရှားပါးတဲ့အခွင့်အရေးပဲ။ သူက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်ဖို့ ကောင်လေး ၈ယောက် ၁၀ယောက်လောက်ကို မဖုံးကွယ်ထားရင် နှစ်ပေါင်းများစွာ အခန်းအလွတ်ထဲမှာ တစ်ယောက်တည်းနေရင်း ကျခဲ့တဲ့ မျက်ရည်တွေအတွက် မတရားဘူးလေ]

အရှင်မင်းကြီး: ? ? ?

အရှင်မင်းကြီး: ! ! !

သူသည် ထိတ်လန့်တကြားဖြင့် အပြင်သို့ အလျင်အမြန် ထွက်လာကာ "ခွန်းနင်နန်းတော်ကို သွားမယ်!!!"

...

All Chapters