← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း (၁၉)

ကလေးအများစုသည် အသက် ၃ နှစ်အရွယ်တွင် ဆီးသွားခြင်းကို ထိန်းချုပ်နိုင်ကြသော်လည်း အသက် ၇ နှစ်အရွယ်အထိ အိပ်ရာထဲတွင် သေးပေါက်နေသေးခြင်းကတော့...

သာ့ရှန်းတွင် ဆီးလမ်းကြောင်းစနစ်နှင့် ဆီးပြွန်ရောင်ရမ်းခြင်းတို့နှင့် ပတ်သက်သော ဆေးဘက်ဆိုင်ရာ အသိပညာနှင့် သဘောတရားများ မရှိခဲ့ပေ။ လူအများက ဤသို့သာ တွေးကြလိမ့်မည်။ ဒီကလေး တစ်ခုခုများ မှားနေတာလား။

ဒါသည် ချူမိသားစုနှင့် နန်းစောင့်တပ်မှူးတို့၏ တုံ့ပြန်မှုပင် ဖြစ်၏။ သခင်မကြီးချူသည်လည်း ထိုသို့ပင် တွေ့ခဲ့မိ၏။

သခင်မကြီးချူသည် ချန်ဟွားကျွီ နှင့် ခြေလှမ်း ၃ လှမ်းအကွာတွင် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်လက် မရွေ့လျားနိုင်တော့ပေ။ သူမ၏ ပတ်ပတ်လည်တွင် သစ်ရွက်ကြွေများ လှဲကျင်းနေသည့်အစေခံ၊ သစ်ကိုင်းများ ညှပ်နေသည့် အစေခံ၊ ပန်းထိုးနေသော အစေခံများ၊ သူမ၏ နောက်လိုက် အစေခံနှင့် သူမကို တွဲကူထားသော မြေးမလေး ချူရှူး အပါအဝင် အားလုံးသည် သူမကို လှောင်ရယ်နေကြသည်ဟု သူမတစ်ယောက်တည်းသာ ခံစားနေရ၏။

အချိန်သည် သူမ အသက် ၇ နှစ်အရွယ်သို့ ပြန်လည် ရောက်ရှိသွားသယောင် ထင်မှတ်ရလေသည်။ သူမသည် ညလယ်ခေါင်တွင် သူမ၏ အိပ်ရာနှင့် စောင်တို့ စိုစွတ်နေသည်ကို တွေ့ရှိခဲ့ရ၏။ စိုစွတ်နေသော ညဝတ်အိပ်စုံနှင့် အိပ်ရာကို ရှက်ရွံ့မှု၊ အားကိုးရာမဲ့မှုတို့ဖြင့် ကြည့်ရှုရင်း ဘာလုပ်ရမည် မသိခဲ့ပေ။ ရံရွှေတော်လေးက သူမ၏ ညဝတ်အိပ်စုံနှင့် စောင်များကို သန့်ရှင်းသော အသစ်များဖြင့် လဲလှယ်ပေးခဲ့သည်။ နောက်တစ်နေ့တွင် ထိုရံရွှေတော်လေးသည် ညစ်ပတ်နေသော စောင်များကို ချွတ်ကာ လျှော်ဖွပ်ရင်း အခြားသူများနှင့် ထိုအကြောင်းကို ပြောဆို လှောင်ရယ်ခဲ့ကြသည်။ အဘိုးအဘွားများမှအစ မြင်းဇောင်းထိန်း အစေခံများအဆုံး၊ မိသားစု တစ်ခုလုံး သိရှိသွားခဲ့ကြ၏။

သူမမှာ အချိန်အတော်ကြာ ရှက်ရွံ့နေခဲ့ရသည်။ သူမ၏ ဖခင်က အိမ်တွင် စာသင်ကြားရန် ဆရာမတစ်ဦးကို ဖိတ်ခေါ်သည့် အချိန်တွင်ပင် သူမသည် အပြင်သို့ မထွက်ရဲခဲ့ပေ။ အကြောင်းမှာ အခြားသူများ၏ ထူးဆန်းသော အကြည့်များနှင့် လှောင်ပြောင်သည့် စကားလုံးများကို ကြားသိရမည်ကို ကြောက်ရွံ့မိခြင်းကြောင့်ပင်။

နောက်ပိုင်းတွင် သူမ၏ ရံရွှေတော်လေးသည် လာဘ်ထိုးခံရပြီး သူမ၏ ဂုဏ်သတင်းကို တမင်တကာ ဖျက်ဆီးခဲ့ကြောင်း သိရှိခဲ့ရသည်။

သို့သော် မယားကြီး၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရသော ကိုယ်လုပ်တော်မွေး သမီးတစ်ဦးက မည်သို့ တတ်နိုင်မည်နည်း။ သူမသည် ဒေါသကို မျိုချကာ မယားကြီးကို မျက်နှာလုပ်ခဲ့ရသည်။ သူမ ရရှိခဲ့သည်မှာ မကောင်းလွန်း မဆိုးလွန်းသော အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့၏။ သူမသည် ခင်ပွန်းကို စာကြိုးစားရန် တွန်းအားပေးခဲ့သည်။ သားကို တိုးတက်အောင် တိုက်တွန်းခဲ့သည်။ မြေးကို စာသင်ရန် စေလွှတ်ခဲ့ပြီး အခြားသူများ အားကျရသော ဘဝတစ်ခုကို နေထိုင်ခဲ့ရသည်။

သူမသည် ကောင်းမွန်သော ဘဝတစ်ခုတွင် နေထိုင်ခဲ့ရသယောင် ထင်ရသော်လည်း ထို မည်းမှောင်သော အတိတ်ဆိုးကိုတော့ ဖျက်ပစ်လို့ မရနိုင်ခဲ့ပေ။

သခင်မကြီးချူ၏ ဦးခေါင်းသည် တစီစီ မြည်သွားတော့၏။ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ချူဟွား သိသွားပြီ။ ချူဟွားက ဒီကိစ္စကို သုံးပြီး ငါ့ကို ခြိမ်းခြောက်တော့မှာပဲ။

System သည်လည်း ထိုသို့ပင် တွေးထင်ခဲ့သည်။ [ဒါဆို နင်က ဘာလို့ ဒီကိစ္စနဲ့ အဘွားကြီးကို မခြိမ်းခြောက်တာလဲ။ သူများတွေ မသိစေချင်တဲ့ ဒီလို သမိုင်းဆိုးမျိုးဆိုတော့ သူက သေချာပေါက် အလျှော့ပေးမှာပဲ]

သခင်မကြီးချူသည် အလျင်အမြန် သတိပြန်ဝင်လာခဲ့ပြီး ချန်ဟွားကျွီတွင် ကလေးတစ်ယောက် ရှိနေသည့် အကြောင်းအရင်းကိုလဲ ဂရုမစိုက်နိုင်တော့ပေ။ ချန်ဟွားကျွီ၏ အပြင်ဘက်တွင် ရပ်နေသော်လည်း ချူဟွား၏ အသံကို ရှင်းလင်းစွာ ကြားနေရသည့် အကြောင်းအရင်းကိုလဲ ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ဤမေးခွန်း၏ အဖြေကိုသာ သိလိုတော့သည်။

ချူမိသားစုနှင့် နန်းစောင့်တပ်မှူးတို့သည်လည်း သိလိုကြ၏။

နှစ်ဖက်စလုံး၏ ဆက်ဆံရေးမှာ ရေနှင့် မီးကဲ့သို့ ဖြစ်နေပါလျက် ဤအားနည်းချက်ကို အသုံးချပြီး သခင်မကြီးကို အဘယ်ကြောင့် မထိန်းချုပ်ရသနည်း။

ချူဟွား: [ငါက လက်ရှိအခြေအနေကို အရမ်း ကျေနပ်နေတယ်၊ အပြောင်းအလဲ ကြီးကြီးမားမားတွေ မလုပ်ချင်ဘူး]

System: [သူက နင့်အဘွား ဖြစ်နေလို့ လွှတ်ပေးလိုက်တာလား]

ဒီမြေးမလေးက သူ့စိတ်ထဲမှာ ငါ့ကို ရှိနေသေးတာပဲ။ သခင်မကြီးချူ၏ မျက်နှာသည် အနည်းငယ် သက်သာရာ ရသွားသည်။

ချူဟွားက ပြုံးလိုက်ကာ [ဘာတွေ တွေးနေတာလဲ။ သူ အခု လုပ်နေတာတွေက ငါ့အတွက်တော့ ကလေး ကစားတာလောက်ပဲ ရှိတယ်။ ငါ့လက်သန်းလေး လှုပ်လိုက်ရုံနဲ့ သူ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နိုင်တယ်။ ဒီလောက် ရက်စက်တဲ့ နည်းလမ်းကို သုံးဖို့ မလိုပါဘူး]

[အဘွားကြီးရဲ့ စိတ်က အရမ်း ပေါက်ကွဲလွယ်တာ။ သူ ပြောသလို တံခါးဝမှာ သွားမကြိုတာလေးနဲ့တင် ရင်သားမှာ အကျိတ်ထွက်အောင် ဒေါသထွက်ဖို့ လုံလောက်နေပြီ။ ငါက ဒီမှာ သက်သောင့်သက်သာ လှဲပြီး ပုံပြင်စာအုပ် ဖတ်နေတယ်။ လှလှပပ ရံရွှေတော်လေးတွေက ငါ့ပခုံးတွေ ခြေထောက်တွေ နှိပ်ပေးနေတယ်။ သစ်သီးတွေ ခွံ့ကျွေးနေတယ် ဆိုတာသာ သူ သိသွားရင် သူ ဒေါသထွက်လွန်းလို့ ရက်အနည်းငယ်ကြာအောင် ထမင်းလည်း ကောင်းကောင်း စားနိုင်မှာ မဟုတ်ဘူး။ ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး။ ညလယ်ခေါင်ကြီးတောင် သူ့ဘာသာ နိုးလာလိမ့်မယ်လို့ ငါ အာမခံတယ်]

သခင်မကြီးချူ၏ မျက်နှာသည် ဖြူတစ်လှည့် စိမ်းတလှည့် ဖြစ်သွားတော့သည်။ ချူဟွား ပြောင်းလဲသွားပြီလို့ သူမက ထင်နေတာ။

ပြီးတော့... ဒီကောင်မလေးက သူမအကြောင်း ဘယ်လိုလုပ် ဒီလောက် သိနေရတာလဲ။ သူက သူမဘေးနားက လူတွေကို လာဘ်ထိုးထားတာလား။

ချူဟွားက ဆက်ပြောလေသည်။ [ဒီလှုပ်ရှားမှုကြီးကိုသာ ထုတ်သုံးလိုက်လို့ သူ့ဦးနှောက်က ပတ်လမ်းရှော့ခ်ဖြစ်သွားပြီး ငါ့ကို ဘာမှ လုပ်လို့မရတဲ့အဆုံး ငါ့အဖေ့အတွက် ကိုယ်လုပ်တော် ရှာပေးပြီး ငါ့အမေကို ရွံရှာအောင် လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ]

[သူက စည်းကျော်တဲ့ တစ်ခုခု လုပ်လာတဲ့အခါကျမှ ငါက ဒါကို သုံးပြီး သူ့ကို ခြိမ်းခြောက်လို့ မရလို့လား။ ဝှက်ဖဲ ဆိုတာ အသုံးပြုရမဲ့အချိန်အထိ ဖွက်ထားရတယ်။ ပေါ့ပေါ့ဆဆ ထုတ်သုံးလိုက်ရင် ဒါက ဝှက်ဖဲ ဖြစ်ပါတော့မလား]

Systemမှာ အံ့ဩသွားပြီး ဆက်တိုက်ဆိုသလို တဝိုးဝိုး ဖြစ်သွားတော့သည်။ [ငါ သင်ယူလိုက်ပြီ၊ ငါ သင်ယူလိုက်ပြီ]

သခင်မကြီးချူ: "..."

ထိုနေရာတွင် ရပ်လျက် သူမသည် အသက်ကို ပြင်းပြင်း ၂ ချက် ရှူသွင်းလိုက်ရလေသည်။ နောက်ဆုံးတွင် သူမသည် စိတ်ကို ငြိမ်သက်အောင် ထားလိုက်ပြီး ဘာမှ မကြားခဲ့သလို ဟန်ဆောင်ကာ ချန်ဟွားကျွီ ထဲသို့ ခြေလှမ်းဝင်လိုက်လေသည်။

ဤအခိုက်အတန့်တွင် အနီးအနားမှ သစ်ရွက်ကြွေများ လှဲကျင်းနေသောအစေခံ၊ သစ်ကိုင်းများ ညှပ်နေသော အစေခံများသည် သူတို့၏ တံမြက်စည်းများနှင့် ကတ်ကြေးများကို ချထားလိုက်ကြပြီး သူတို့ထံ ဝန်းရံလာကာ ချက်ချင်း သူတို့၏ပါးစပ်များကို ပိတ်လိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် သေသေသပ်သပ် ဆွဲခေါ်သွားကြလေသည်။

သခင်မကြီးချူ: !!!

ချူရှူး: !!!

နေ့ခင်းကြောင်တောင်ကြီးမှာ အစေခံတွေက သူတို့ရဲ့ သခင်တွေကို ကြမ်းကြမ်းတမ်းတမ်း ပြုမူရဲကြတယ်ပေါ့လေ။ တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေကြပြီပဲ။

ထိုအုပ်စုသည် အကူအညီရရန် ရုန်းကန်ရန် ကြိုးစားခဲ့ကြသော်လည်း အစေခံ ဝတ်စုံများ ဝတ်ဆင်ထားသော လူများကိုသာ ပိုမို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားသည်။ တချို့မှာ အခြေအနေ ကြည့်နေကြပြီး တချို့မှာ အရှုပ်အရှင်းများကို ရှင်းလင်းနေကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် အလွန် စနစ်တကျ ရှိလှပြီး ချူမိသားစုထဲသို့ ဝင်ရောက်လာသော ဓားပြတစ်စုနှင့်ပင် တူနေတော့သည်။

သခင်မကြီးချူသည် ရင်တုန်သွားပြီး ချူရှူးမှာ ဖြူဖျော့သွားကာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော တခြား အစေခံများမှာလည်း ပိုကောင်းမနေခဲ့ပေ။

မကြာမီ သူတို့သည် သူတို့၏ ပန်းတိုင်သို့ ရောက်ရှိသွားကြသည်။ အနောက်ဘက်ရှိ ခြံဝင်းငယ်တစ်ခု ဖြစ်နေ၏။

ဤနေရာသည် မူလက ချူမိသားစု၏ သခင်ကြီးဟောင်း၏ ကိုယ်လုပ်တော်များ နေထိုင်ရာ နေရာ ဖြစ်ခဲ့သည်။ ထို ကိုယ်လုပ်တော် ၂ ဦးတွင် သားသမီးများ မရှိခဲ့ပေ။ ထို့ကြောင့် သခင်ကြီးဟောင်း ကွယ်လွန်ပြီး မကြာမီမှာပင် သခင်မကြီးသည် လူတိုင်းကို အပြင်သို့ နှင်ထုတ်ခဲ့ပြီး ခြံဝင်းကို နှစ်အတော်ကြာအောင် ချိပ်ပိတ်ထားခဲ့သည်။

ယခုအခါ လူသူကင်းမဲ့နေသော ခြံဝင်းကို ရှင်းလင်းထားခြင်း မရှိပေ။ အရှေ့ဘက် အစွန်ခန်း၏ တံခါးသည် ဟင်းလင်း ပွင့်နေပြီး အတွင်းဘက်တွင် စားပွဲ အနည်းငယ်ကို ခပ်ရေးရေး မြင်တွေ့နိုင်၏။ စားပွဲ တစ်လုံးစီ၏ ရှေ့တွင် အစိမ်းရောင် ပန်းထိုး အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးစီ ထိုင်နေကြသည်။

အနီရောင် ပန်းထိုး အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တံစက်မြိတ်အောက်တွင် ထိုင်နေလေသည်။ သူ့ ဘေးတွင် စားပွဲငယ်တစ်လုံး ရှိပြီး လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနေကာ သူ၏ ကိုယ်ပိုင် ခြံဝင်းထဲတွင် ရှိနေသကဲ့သို့ သက်သောင့်သက်သာပင်။ စားပွဲငယ်ပေါ်ရှိ တောက်ပသော ပန်းထိုး နွေဦးဓားရှည်သည် ထိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ပြသလို့နေ၏။

နန်းစောင့်တပ်မှူး။

နန်းစောင့်တပ်မှူးများသည် ငါးပျံ ဝတ်စုံများကို မဝတ်ဆင်ရန် ရွေးချယ်နိုင်သော်လည်း ပန်းထိုး နွေဦးဓားရှည် မပါဘဲ နေမည် မဟုတ်ပေ။

သခင်မကြီးချူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားတော့သည်။ ချူမိသားစုမှ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ နန်းစောင့်တပ်သားတွေ ရှိနေတာလဲ။

ထိုအမျိုးသားသည် အေးဆေးစွာ ထိုင်နေရင်း "သခင်မကြီး၊ အရှင်မင်းကြီးက ကျွန်တော်တို့ကို သခင်မလေးချူကို အနီးကပ် စောင့်ရှောက်ဖို့ အမိန့်ပေးထားပါတယ်”

"ကျွန်တော် ချူမိသားစုမှာ ရက်ပေါင်းများစွာ နေခဲ့ရတာ တကယ် ပျင်းလာလို့ သခင်မလေးချူကို ကူပြီး မိသားစုထဲမှာ အထက်လူကြီးကို လိမ်ညာလှည့်ဖြားတဲ့ အစေခံတွေ ရှိမရှိ စစ်ဆေးပေးမလို့ တွေးမိတာ။ မမျှော်လင့်ဘဲ စိတ်ဝင်စားစရာ ကိစ္စတချို့ကို မတော်တဆ တွေ့ရှိသွားလိမ့်မယ်လို့ မထင်မိဘူး”

သခင်မကြီးချူသည် အသက်အရွယ် ကြီးရင့်ပြီး အတွေ့အကြုံလည်း ရှိသူဖြစ်ရာ သူမသည် အခြေအနေကို ထိန်းနိုင်သေးသည်။ ချူရှူးကတော့ ငယ်ရွယ်သေး၏။ နန်းစောင့်တပ်သားများ ဖြစ်ကြောင်း ကြားသိရသောအခါ သူမ၏ ချောမောလှပသော မျက်နှာလေးသည် စက္ကူကဲ့သို့ ဖြူဖျော့သွားလေသည်။

"သခင်မလေးချူ ၇ နှစ်အရွယ်တုန်းက ချူချီဆီကနေ ကျောက်စိမ်းဖြူ ယုန်ရုပ်လေးတစ်ရုပ် ရခဲ့တယ်။ သခင်မကြီးက သူ ခိုးခဲ့တာလို့ ပြောခဲ့တယ်တဲ့”

သခင်မကြီးချူသည် ဤအဖြစ်အပျက်ကို မှတ်မိနေသေးသည်။ သူမ၏ နှုတ်ခမ်းများသည် တုန်ရီလာပြီး ချေပရန် မဝံ့ရဲခဲ့ပေ။

"သခင်မလေးချူ ၈ နှစ်အရွယ်တုန်းက ဥယျာဉ်ထဲမှာ ဒန်းစီးနေခဲ့တယ်။ ချူရှူးက သူ့ကို နောက်ကနေ တွန်းချခဲ့လို့ သူ့မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်မလိုတောင် ဖြစ်သွားခဲ့တယ်”

သခင်မကြီးချူသည် တုန်လှုပ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ချူရှူး၏ ဖြူဖျော့နေသော မျက်နှာနှင့် ထိတ်လန့်မှုကို မြင်တွေ့ရသောအခါ၊ သူမ ချက်ချင်း နားလည်သွားသည်။ ရှူးအာ တကယ် လုပ်ခဲ့တာပဲ။

ချူရှူးက ချူဟွားထက် ၂ နှစ် ပိုကြီးတယ်။ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ရုပ်ရည်ရူပကာဟာ အမျိုးသမီးတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ မသိဘူးလား။ သူ အရမ်း ရက်စက်တာပဲ။ အဲ့ဒါ သူ့ရဲ့ ညီမအရင်းလေ။

သခင်မကြီးချူသည် သူမ၏ ကျောပြင်ပေါ်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။

ထိုအမျိုးသားသည် ဆက်ပြီး ဖော်ထုတ်လေသည်။ "သခင်မလေးချူ ၉ နှစ်အရွယ်တုန်းက သူ ဥယျာဉ်ထဲက ဖြတ်သွားရင်း ရွှေလက်ကောက်တစ်ကွင်း ပျောက်သွားခဲ့တယ်။ အဲ့ဒါကို ကိုယ်လုပ်တော်က ကောက်ရသွားပြီး ချူရှူးအတွက် အရည်ကျိုပစ်လိုက်တယ်”

သူသည် ထိုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အားလုံးကို ပြောပြခဲ့ရာ အားလုံးမှာ သခင်မကြီးချူ၊ ယိညန်၊ ချူချီနှင့် ချူရှူးတို့က ချူဟွားအပေါ် ပြုမူခဲ့သည့် အရာများ ဖြစ်ကြ၏။ လူတိုင်း၏ ရှေ့မှောက်တွင် သူတို့၏ မျက်နှာများကို လုံးဝ ဆွဲခွာချလိုက်သည်ဟု ဆိုနိုင်လေသည်။

သခင်မကြီးချူနှင့် ချူရှူးတို့သည် ထိုအမျိုးသားကို ပါးစပ်ပိတ်ရန် မဝံ့ရဲကြဘဲ ခေါင်းငုံ့ကာသာ နားထောင်နေရ၏။

ထိုအမျိုးသားသည် ရေငတ်လာပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ "လာကြ၊ သခင်မကြီးကို ပြန်ပို့လိုက်ကြ”

သခင်မကြီးချူသည် စကားတစ်ခွန်းမှ မဆိုဘဲ နန်းစောင့်တပ်မှူး၏ ခေါ်ဆောင်သွားခြင်းကို နာနာခံခံဖြင့် ခံယူလိုက်တော့သည်။ သူမ မထွက်ခွာမီ သူမသည် လှည့်ကြည့်လိုက်ပြီး သူမကို တွဲကူထားသော ချူရှူး၏ လက်ကို ပုတ်ထုတ်လိုက်ကာ သူမ၏ နောက်လိုက် အစေခံကို သူမအား တွဲကူခိုင်းလိုက်တော့သည်။

ချူရှူး၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည်။ သူမသည် ခဏလောက် ကြောင်ငေးသွားပြီးမှ အလျင်အမြန် နောက်သို့ လိုက်ပါသွား၏။

သူမက မယားကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ အခက်အခဲနဲ့ နေထိုင်ရတဲ့ ကိုယ်လုပ်တော်ရဲ့ သမီးတစ်ယောက်ပဲ။ အဘွားရဲ့ ဘက်လိုက်မှုနဲ့ ဂရုစိုက်မှုသာ မရှိရင် ဝမ်သခင်မက သူမကို ဆင်းရဲသား ပညာတတ်တစ်ယောက်ယောက်နဲ့ ကြုံသလို လက်ထပ်ပေးလိုက်မလား ဘယ်သူသိနိုင်မလဲ။ အဲ့ဒါဆို သူမရဲ့ဘဝကြီး ပျက်စီးသွားတော့မှာ။

ရပါတယ်။ အဘွားက ဒီကိစ္စတွေ အများကြီးကို အချိန်တိုအတွင်း လက်မခံနိုင်သေးလို့ပါ။ သူသာ စကားကောင်းတွေ များများ ပြောပြီး ချူဟွားအကြောင်း မကောင်းတာ နည်းနည်း ပြောလိုက်ရင် သူမ လူတွေရဲ့စိတ်ကို ပြန်ရအောင် သေချာပေါက် ယူနိုင်မှာပါ။

ထိုအုပ်စု ထွက်ခွာသွားပြီးနောက် နန်းစောင့်တပ်သားတစ်ဦးက မေးလိုက်လေသည်။ "လူကြီးမင်း၊ သူတို့ ချူမိသားစုမှာ ဆက်နေရင် တစ်ခုခု ဖြစ်သွားနိုင်မလား”

ထိုလူက အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။ "ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဒီကို အလျင်စလို ရောက်လာပြီး ခဏလေးမှ မနားဘဲ ထွက်သွားတာက ပိုပြီး အာရုံစိုက်ခံရနိုင်တယ်”

"ငါတို့ ချူမိသားစုထဲကို ရောက်နှင့်နေပြီ။ ဘယ်လောက်ပဲ သတိထားပြီး ပုန်းအောင်းနေပါစေ။ သခင်မလေးချူရဲ့ ရှေ့မှာ မပေါ်အောင် နေပါစေ။ လှုပ်ရှားနေနေ ငြိမ်ငြိမ်နေနေ ငါတို့ အမှားအယွင်းတစ်ခု လုပ်မိတာနဲ့ သိသွားနိုင်တယ်”

"သူတို့ကို ပိုပြီး ကျိုးကြောင်းသင့်နဲ့ ထွက်သွားနိုင်မဲ့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားကြည့်လိုက်ဦးမယ်”

ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို အရှင်မင်းကြီးထံသို့ အမြန်ဆုံးနှုန်းဖြင့် ပေးပို့လိုက်ကြသည်။

တတိယမင်းသားသည် ယခင်မင်းဆက်၏ အကြွင်းအကျန် ဖြစ်သည်ဟူသော ကိစ္စ၊ နိုင်ငံတော် အခမ်းအနားများ တရားရုံး၏ ဒုတိယဝန်ကြီးက ဇနီးဖြစ်သူကို သစ္စာဖောက်ကာ ဆောင်ကြာမြိုင်တန်း သွားသည်ဟူသော ကိစ္စ၊ ဒုတိယမင်းသား ဇနီးမောင်နှံက ပြည့်တန်ဆာတန်း သွားလည်သည်ဟူသော ကိစ္စတို့နှင့် နှိုင်းယှဉ်လိုက်လျှင် အသက် ၇ နှစ်အရွယ် အိပ်ရာထဲ သေးပေါက်ခြင်းကိစ္စသည် မည်သို့သော အရာဖြစ်မည်နည်း။

အရှင်မင်းကြီး၏ အရသာခံနိုင်စွမ်းသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ရွံရှာစက်ဆုပ်နေသော်လည်း သူသည် ဆက်လက် ဖတ်ရှုခဲ့ရပြီးနောက် နန်းစောင့်တပ်မှူးက တင်သွင်းသော တောင်းဆိုချက်ကို တွေ့မြင်လိုက်ရလေသည်။

အမှန်တကယ်ပင် သခင်မကြီးချူသည် အလွန်အမင်း ဘက်လိုက်လွန်းပြီး ချူရှူးသည် နူးညံ့သိမ်မွေ့ဟန် ရှိသော်လည်း အမှန်တကယ်တွင် အကြံအစည်များသူ ဖြစ်၏။ နန်းစောင့်တပ်မှူးက နေ့ရောညပါ စောင့်ကြပ်နေသဖြင့် သူတို့ ၂ ဦးသည် ချူဟွားကို အန္တရာယ်ပြုနိုင်မည် မဟုတ်သည်မှာ သေချာသည်။ သို့သော် သူတို့က မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ system ၏ ကိစ္စရပ်များကို ဖော်ထုတ်လိုက်မိပါက အသေးငယ်ဆုံးသော အပြစ်အနာအဆာကပင် သူ၏ အစီအစဉ်ကြီးကို ပျက်စီးသွားစေမှာကို စိုးရိမ်မိတော့၏။

အရှင်မင်းကြီးက အပြီးသတ် ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။ "သူက အဲဒီ ကိုယ်လုပ်တော်ကို ဘက်လိုက်နေတာ မဟုတ်ဘူးလား။ အဲ့ဒီ ကိုယ်လုပ်တော်ကို နေမကောင်း ဖြစ်အောင်လုပ်ပေးလိုက်”

မိခင် နေမကောင်းသောအခါ ချူရှူးသည် သူမ၏ ဘေးတွင် ပြုစုစောင့်ရှောက်ရပေမည်။ သခင်မကြီးချူသည်လည်း ဘက်လိုက်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ထွက်ခွာသွားနိုင်၏။

ဒီထက်ပိုကောင်းတာ မရှိတော့ဘူးလေ။

နန်းစောင့်တပ်မှူးသည် သတင်း ရရှိသည်နှင့် ချက်ချင်း စီစဉ်ဆောင်ရွက်လိုက်ပြီး ကိစ္စတစ်ခုလုံးကို ယုတ္တိရှိရှိ ကွင်းဆက်မိမိ ကြိုးစား ပြုလုပ်ထားလိုက်သည်။ သို့မှသာ ချူဟွားလဲ သံသယဖြစ်မိမည် မဟုတ်ချေ။

အရေးအကြီးဆုံးသော အပိုင်းကိုတော့ ချူဟွား အယုံကြည်ရဆုံးသော သူက လုပ်ဆောင်ရပေမည်။

ထိုညတွင် ဝမ်သခင်မသည် ချန်ဟွားကျွီ သို့ ရောက်ရှိလာခဲ့သည်။ "ဟွားအာ အောက်ကလူတွေဆီက သတင်းရတယ်။ ချူရှူးက အဘွားကြီးနဲ့အတူ ထွက်လာပြီးပြီးချင်းပဲ လျိုယွဲ့ နေမကောင်း ဖြစ်သွားတယ်တဲ့။ ဒါကြောင့် မနက်ဖြန် သူတို့ စံအိမ်ကို ပြန်သွားရတော့မယ်”

သူမ စကားဆုံးသည်နှင့် ချူဟွားက ရယ်မောလိုက်လေသည်။ "သူက အမြဲတမ်း နေမကောင်းဟန်ဆောင်ပြီး နေမကောင်းတာကို အကြောင်းပြပြီး ပိုက်ဆံ လိမ်နေကြ။ ဒီတစ်ခါတော့ တကယ် နေမကောင်း ဖြစ်သွားပြီ”

သူမက ပီတိဖြာနေခြင်းကို ဖုံးကွယ်မထားချေ။

အရှင်မင်းကြီးက သူ့ကို နေမကောင်းစေချင်တာ။ သူက ဘယ်လိုလုပ် နေမကောင်းဘဲ နေရဲမှာလဲ။ ဝမ်သခင်မ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

"သမီး မနက်ဖြန် ညီလာခံ သွားမှာလား”

ဒါကိုတော့ နန်းစောင့်တပ်မှူးက သူမကို မေးခိုင်းလိုက်သော အရာ ဖြစ်သည်။ အကြောင်းမှာ ချူဟွားက မနက်ဖြန်တွင် ခွင့်တိုင်ဦးမည်ကို စိုးရိမ်သောကြောင့်ပင်။

ချူဟွားက ခေါင်းညိတ်လိုက်ကာ "သွားမယ်”

ဝမ်သခင်မသည် အတည်ပြုချက် ရသည်နှင့် ကြာကြာမနေဘဲ ချက်ချင်း ထွက်လာတော့သည်။ သူမ၏ သမီးသည် အလွန် ထက်မြက်လွန်းသဖြင့် ပေါ်ပေါက်သွားမှာ စိုးရိမ်ရသည်။

ဝမ်သခင်မသည် ချန်ဟွားကျွီ မှ ထွက်ခွာလာပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော နန်းစောင့်တပ်မှူးကို ခေါင်းညိတ်ပြလိုက်လေသည်။ သူမ အဝေးသို့ မရောက်သေးမီမှာပင် အတွင်းဘက်မှ ချူဟွား၏ အသံကို ကြားလိုက်ရလေသည်။ [System၊ လျိုယွဲ့ ဘာရောဂါ ဖြစ်နေလဲဆိုတာ ငါ့ကို ရှာပေးစမ်း]

System: [ကောင်းပြီ]

ဝမ်သခင်မ: ? ? !

နန်းစောင့်တပ်မှူး: ? ? !

သူမသည် အလွန် စိတ်လှုပ်ရှားသွားပြီး နန်းစောင့်တပ်မှူး၏ အမိန့်ကြောင့် လျိုယွဲ့က နေမကောင်းဟန်ဆောင်နေသည်ကို system က ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်မိတော့သည်။

သူမသည် အမှန်တကယ် နေမကောင်း ဖြစ်နေနိုင်သော်လည်း အရှင်မင်းကြီးက သည်ကိစ္စဖြင့် system ကို စမ်းသပ်လိုခဲ့သည်။

စုံစမ်းစစ်ဆေးခဲ့လျှင်လဲ ဒါက ဟန်ဆောင်ဖျားနာချင်းသာပင်။

အကယ်၍ လျိုယွဲ့သည် မကြာခဏ နေမကောင်းဟန်ဆောင်တတ်သောကြောင့် သူတို့ ဆက်လက် မစုံစမ်းခဲ့ပါလျှင် သူတို့သည် ဘေးကင်းလုံခြုံကြပေမည်။

အကယ်၍ ထိုကိစ္စက အရှင်မင်းကြီး၏ အကြံအစည် ဖြစ်ပြီး နန်းစောင့်တပ်မှူးထံမှ အမိန့်ဖြစ်ကြောင်း တွေ့ရှိသွားပါက သူတို့သည် ကြိုတင် အကြောင်းပြချက်တစ်ခု ပြင်ဆင်ထားခဲ့သည်။ သူတို့သည် သခင်မကြီးချူနှင့် ချူချီတို့က ချူဟွားသည် သူမ၏ အစ်ကိုအတွက် ညီလာခံသို့ သွားရောက်ခဲ့ကြောင်း သိရှိသွားပြီး အပြင်ဘက်တွင် အဓိပ္ပာယ်မဲ့ စကားများ ပြောဆိုမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ စံအိမ်သို့ ပြန်သွားခြင်းက ပို၍ လုံခြုံစိတ်ချရပေမည်။

အကယ်၍ ထပ်မံ စုံစမ်းစစ်ဆေးပြီး သူတို့က systemအကြောင်း သိရှိနှင့်ပြီး ဖြစ်သည်ကို တွေ့ရှိသွားလျှင်တော့ အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

သို့သော် ချူဟွား၏ လျိုယွဲ့အပေါ် စိတ်ဝင်စားမှု ကင်းမဲ့ခြင်း၊ systemက သူ စစ်ဆေးသမျှ အရာအားလုံးအတွက် ဖရဲသီး စွမ်းအင် လိုအပ်ခြင်း၊ သူ၏ ဖရဲသီး စွမ်းအင် သုံးစွဲမှုမှာ အလွန် နှမြောတွန့်တိုခြင်း တို့ကို ထည့်သွင်းစဉ်းစားကြည့်လျှင်တော့ ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှသည်။

ထို့အပြင် လျိုယွဲ့ထံတွင် ဖရဲသီးကြီးတစ်လုံး ရှိနေခဲ့သည်။

အရှင်မင်းကြီးသည် သည်ဖရဲသီး၏ အရွယ်အစားက သူတို့၏ ကိစ္စငယ်လေးကို ဖုံးလွှမ်းသွားနိုင်ခြင်း ရှိ၊ မရှိကိုသာ သိလိုခဲ့သည်။ သို့မှသာ အနာဂတ် အလုပ်၏ အလွန်ဆုံး ကန့်သတ်ချက်ကို ဆုံးဖြတ်နိုင်လိမ့်မည်။

ဝမ်သခင်မနှင့် နန်းစောင့်တပ်မှူးတို့ စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေချိန်တွင် system သည် ဖရဲသီးနှင့်အတူ ပြန်လည် ရောက်ရှိလာလေသည်။ [လျိုယွဲ့မှာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိနေတယ်တဲ့။ အဲဒါက ကာလသားရောဂါပဲ]

နန်းစောင့်တပ်မှူးသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ တည်ငြိမ်သွားပြီ။

ချူဟွားမှာ အလန့်တကြား ဖြစ်သွားတော့သည်။ [ဘယ်တုန်းက ဖြစ်တာလဲ။ ငါ့အဖေ အဆင်ပြေရဲ့လား။ ပြီးတော့ ငါ့အမေရော။ သူ ကူးစက်မခံရဘူး မဟုတ်လား]

ချူဖျင်နှင့် ဝမ်သခင်မတို့မှာ ကြောင်ငေးသွားကြတော့သည်။

Systemက မြန်မြန် ပြောလိုက်၏။ [သူတို့ အဆင်ပြေပါတယ်။ လျိုယွဲ့က ဒီတစ်ခေါက် စံအိမ်ကို သွားပြီး ယောက်ျားခိုးစားတုန်းက ရလာတာ။ သူ သိသွားပြီးတဲ့နောက် သူက သမားတော်နဲ့ ကုသဖို့ တိတ်တိတ်လေး သွားခဲ့တယ်။ သူက နင့်အဖေ သိသွားမှာ ကြောက်ပြီး အဘွားကြီးနဲ့အတူ ပြန်မလာရဲခဲ့တာ]

ချူဖျင် နားလည်သွားပြီးနောက် "..."

အချိန်ခဏအထိ သူသည် သက်ပြင်းချရမည်လား။ သူ၏ ခေါင်းပေါ်မှ အစိမ်းရောင်ကို ကြည့်ရမည်လား။ သို့တည်းမဟုတ် မနက်ဖြန် ညီလာခံရှိ နိုင်ငံ့အုပ်ချုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်များအားလုံးက သူ ဦးချိုပေါက်သွားကြောင်း သိရှိသွားမည်ကို စိုးရိမ်ပူပန်ရမည်လား မသိတော့ပေ။

အလွန် အလုပ်များသွားတော့သည်။

ဝမ်သခင်မ၏ မျက်နှာအမူအရာသည် ထူးဆန်းနေပြီး သူမ၏ အခန်းသို့ အလျင်အမြန် ပြန်သွားတော့သည်။

ဆူညံသံကို ကြားရသော ချူမိသားစုမှ တခြားလူများသည် တိတ်တဆိတ် စုရုံး ရောက်ရှိလာကြလေသည်။ ဒီလောက် ကြီးမားတဲ့ဖရဲသီးကို မစားလိုက်ရင် နှမြောစရာကြီးလေ။

ခုတင်ပေါ်တွင် လူးလွန့်ရင်း အိပ်မပျော်နိုင် ဖြစ်နေခဲ့သော သခင်မကြီးချူပင်လျှင် ထထိုင်လာတော့သည်။ လျိုယွဲ့က ယောက်ျားခိုးစားတယ် ဟုတ်လား။ ပြီးတော့ ကာလသားရောဂါ ရတယ် ဟုတ်လား။ တကယ်လား။ ဒီလောက် ကောင်းတဲ့ လူတစ်ယောက်က ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။

ချူရှူးတစ်ယောက်ကတော့ အခန်းထဲတွင် သက်ရှည်ခြင်း အထိမ်းအမှတ် စာလုံးတစ်လုံးကို ပန်းထိုးနေခဲ့ပြီး သခင်မကြီးကို နှစ်သက်အောင် ကြိုးစားနေလေသည်။ သည်သတင်းကို ကြားရသောအခါ အပ်မှာ လက်ချောင်းကို စူးမိသွားပြီး သွေးများ ပန်းထွက်လာတော့သည်။

သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့၏။ ယိညန်က ယောက်ျားခိုးစားတယ် ဟုတ်လား။ သူကတော့ အဖေ နှင်ထုတ်တာ သေချာပေါက် ခံရတော့မှာ။ သူမ ဘယ်လိုလုပ်ရမလဲ။

ချူဟွားသည် သူမ၏ မိဘများ အဆင်ပြေကြောင်း ကြားသိရသောအခါမှ စိတ်အေးသွားတော့သည်။

[သူက ဘယ် တောကြောင်ကို ခိုးခဲ့တာလဲ]

Systemသည် အလွန် အခက်တွေ့နေလေသည်။ [သူက တော်တော်များများကို ခိုးစားခဲ့တာ... နင် ငါ့ကို ဖြည်းဖြည်းချင်း ပြောပြခိုင်းရင်ရော]

ချူဟွား: [အဟင့်—— ငါ့အဖေ့အတွက် တစ်စက္ကန့်လောက် သနားသွားတယ်]

[ကောင်းပြီ၊ ငါ အဆင်သင့် ဖြစ်ပြီ၊ နင် ပြောလို့ရပြီ]

ချူဖျင်: "..." ဒါက သမီးအရင်းမှ ဟုတ်ပါလေစ။

System: [လျိုယွဲ့က ကလေးရဖို့ နှစ်အနည်းငယ်လောက် ရုန်းကန်ခဲ့ရတာ မဟုတ်ဘူးလား။ သူက အဲ့ဒီ ရှုပ်ယှက်ခတ်နေတဲ့ တိုင်းရင်းဆေးနည်းတွေ၊ ဆေးလုံးတွေ၊ အဆောင်လက်ဖွဲ့တွေ အများကြီး သုံးစွဲခဲ့ရတယ်။ သတ္တုအဆိပ်သင့်ပြီး သူ့ကိုယ်ပေါ်မှာ အနံ့တစ်ခု ရှိနေတယ်။ သူက ဒါကို ဖုံးကွယ်ဖို့ အမွှေးနံ့သာ ပြင်းပြင်းတွေလည်း သုံးတယ်။ နင့်အဖေက ခွေးနှာခေါင်းလို အနံ့ခံကောင်းတော့ အဲဒါတွေက အနံ့ကို လုံးဝ မပိတ်ဆို့နိုင်ဘူး။ ဒါ့အပြင် မိသားစုထဲက ကလေး ၄ ယောက်လုံးကလည်း ကြီးပြင်းလာကြပြီဆိုတော့ သူက သူ့အခန်းကို မသွားတော့ သလောက်ပဲလေ]

ခွေးနှာခေါင်းလို အနံ့ခံကောင်းသော ချူဖျင်: "..." ဒါက သမီးအရင်းနဲ့ ချိတ်ဆက်ထားတဲ့systemမှ ဟုတ်ပါလေစ။

System: [နင့်အဖေမှာ ကာမဂုဏ် ဆန္ဒ ရှိလာတဲ့အခါ နင့်အမေ ရှိနေတာပဲ။ လျိုယွဲ့က ဝံပုလွေလို၊ ကျားလို ကျန်းမာသန်စွမ်းတဲ့ အရွယ်မှာ ရှိနေတာ။ စံအိမ်မှာ သူ့ကို အုပ်ချုပ်မဲ့သူ မရှိကတည်းက သူက ဒီနေ့ ဒီကို သွားလိုက်၊ မနက်ဖြန် ဟိုကို သွားလိုက် လုပ်နေတာ။ လူတွေ များများ တွေ့လာတော့ သူ့စိတ်က ရုတ်တရက် တက်ကြွလာတာပေါ့]

[ခရီးတစ်ခုမှာ သူက တောထဲမှာ အပေါ့သွားရင်း အပေါ့သွားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့သွားတယ်။ သူတို့ ၂ ယောက်က တစ်ယောက်နဲ့တစ်ယောက် မြင်မြင်ချင်း ကြိုက်သွားပြီး အတွေးထက် လုပ်ဆောင်မှုက ပိုမြန်သွားတယ်။ နေ့ခင်းကြောင်တောင်ကြီး ကိုယ်ကျင့်တရားကို ဆန့်ကျင်ပြီး အပြင်ဘက်မှာ ပျော်ပါးကြတယ်။ အချိန်မရွေး ပေါ်‌ပေါက်သွားနိုင်တာနော်၊ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလဲ။ နောက်တော့ သူတို့တွေ နည်းနည်းလောက် ထပ်တွေ့ဖို့ စီစဉ်ခဲ့ကြတယ်]

[နောက်ပိုင်း လျိုယွဲ့က လူတွေ ပိုများများနဲ့ ထိတွေ့ဆက်ဆံလာတယ်။ ရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်သွားတာ။ အခုဆိုကာလသားရောဂါ ရှိနေတဲ့ လူတွေ အများကြီးပဲ။ ဒါပေမဲ့ ရောဂါ ပျိုးချိန်ကတော့ အမျိုးမျိုး ကွဲပြားနေတယ်။ တချို့လူတွေက အခုထိ မသိရှိကြသေးဘူး]

ချူဟွားသည် တတီတီ အသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။

[…ဒုတိယတစ်ဝက်ကို ပြောဖို့ လိုအပ်လို့လား]

Systemကလည်း လေသံမှန်ဖြင့် ပြောလိုက်လေသည်။ [ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပါဝင်နေလို့ပဲ]

ချူဟွားသည် ချက်ချင်း တက်ကြွလာသည်။ [ဘယ်သူက ဒီလောက် မယဉ်ကျေးတာလဲ]

System: [ဝန်ကြီးဌာန ၆ ခု၊ စစ်ဆေးရေးဌာန ၅ ခု၊ ဌာနအသီးသီး၊ ပြီးတော့ အပြင်ဘက် အကျဉ်းထောင် ၃ ခုက လူတွေပါတယ်]

ချူဟွား၏ အသက်ရှူသံများ ရပ်တန့်သွားတော့သည်။ [အိုက်ယိုး——သာ့ရှန်းမှာ ဌာနတွေ ပေါင်းလိုက်ရင် နည်းနည်းလေးပဲ ရှိတာကို။ သူက ညီလာခံရဲ့ အများစုဆီကို တစ်ယောက်တည်းနဲ့ ဖြန့်ဝေပစ်လိုက်တယ်။ လျိုယွဲ့က တကယ် ဩချလောက်တယ်]

ချူမိသားစုမှ လူများ: "..."

နန်းစောင့်တပ်မှူး: "..."

လျိုယွဲ့က တကယ် ဩချလောက်ပါပေရဲ့။

...

All Chapters