← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အပိုင်း (၂၀)

ကာလသားရောဂါသည် ပြင်းထန်လာပါက လူကို သေစေနိုင်လေသည်။ အကယ်၍ ညီလာခံမှ မှူးမတ်အများစုသာ သည်ရောဂါကို အမှန်တကယ် ကူးစက်သွားလျှင်ဖြင့် ညီလာခံအတွင်းမှ သစ္စာစောင့်သိသော မှူးမတ်များ၏ ထက်ဝက်ခန့်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် ညီမျှလေသည်။

သည်လောက် ကြီးမားလှသည့် ကိစ္စရပ်ကြီး ဖြစ်ပွားခဲ့ရာ နန်းစောင့်တပ်သားသည် မပြီးဆုံးသေးသော အစီရင်ခံစာကို အလျင်အမြန် တင်သွင်းလိုက်ပြီး ထိုအစီရင်ခံစာကို အရေးကြီး ဟူသော စကားလုံးဖြင့် မှတ်သားထားလိုက်လေသည်။

လင်ယိုသည် အရေးကြီး ဟူသော စကားလုံးကို မြင်တွေ့လိုက်ရပြီး တစ်ချက်ကြည့်လျှင် စာ ၁၀ ကြောင်းလောက်သာ ဖတ်ရှုလိုက်ကာ ချက်ချင်းပင် အရှင်မင်းကြီးကို တွေ့ဆုံရန် နန်းတော်သို့ သွားရောက်ခဲ့လေသည်။ ထို စိုးရိမ်ပူပန်မှုနှင့် အရှိန်အဟုန်တို့သည် နေ့စဉ် ဓားလှံများဖြင့် လေ့ကျင့်နေသော စစ်သည်တော်တစ်ဦးကိုပင် ချွေးများ စို့လာစေခဲ့၏။

အရှင်မင်းကြီးသည် ရုတ်တရက်ကြီး ဦးခေါင်းတစ်ခုလုံး ချွေးများရွှဲနေပြီး စိုးရိမ်ပူပန်နေသော လင်ယို၏ ပုံစံကို တွေ့လိုက်ရသောအခါ ချူဟွားထံတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်ဟု ထင်မှတ်သွားပြီး အစီရင်ခံစာကို အလျင်အမြန် ဖွင့်ဖတ်လိုက်လေသည်။

Systemသည် လျိုယွဲ့၏ ကိုယ်ပေါ်မှ ဖရဲသီးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နန်းစောင့်တပ်မှူးကို သတိမပြုမိလိုက်ကြောင်း တွေ့လိုက်ရသောအခါ အရှင်မင်းကြီး၏ မျက်လုံးတော်များမှာ အနည်းငယ် အရောင်တောက်သွား၏။

ဒါက အနာဂတ်အတွက် သတင်းကောင်းပဲ။ system က ငါတို့ရဲ့လှည့်ကွက်တွေကို သတိမထားမိအောင် ဖရဲသီးကြီးနဲ့ ဖရဲသီးသေးကို ဖုံးထားလို့ရပြီ။

လျိုယွဲ့က ချူဖျင်ကို သည်လောက် အကြိမ်များစွာ သစ္စာဖောက်ခဲ့သည်ကို တွေ့လိုက်ရသောအခါ အရှင်မင်းကြီးသည် ထိုကိစ္စက မှားယွင်းမှန်း သိသော်လည်း ကျယ်လောင်စွာ ရယ်မောလိုက်မိသေးသည်။

"ဒီ ချူဖျင်ကတော့ တော်တော် ကံဆိုးတာပဲ”

လင်ယိုသည် စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းကို တိတ်တဆိတ် ငုံ့ထားလိုက်လေသည်။ ဘယ်သူက ကံအဆိုးဆုံးလဲဆိုတာ နောက်ကျရင် သိလာပါလိမ့်မယ်။

အမှန်ပင်...။ အရှင်မင်းကြီးသည် အောက်သို့ ဆက်လက် ကြည့်လိုက်၏။ သူ့ အပြုံးတော်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိုနေရာတွင် တဟုန်ထိုး တက်လာသော ဒေါသတို့က အစားထိုး ဝင်ရောက်လာလေသည်။

ချူဖျင်က ကံမကောင်းသူ ဟုတ်ပါလေစ။ သူသာလျှင် ကံမကောင်းသူ ဖြစ်နေသည်ပင်။ ညီလာခံမှ မှူးမတ်များ၏ ထက်ဝက်ခန့်မှာ ကာလသားရောဂါ ခံစားနေရပြီး ညီလာခံကို အပြောင်းအလဲကြီးတစ်ခု ပြုလုပ်ရန် တွန်းအားပေးခံရတော့မည်မှာ သူ... အရှင်မင်းကြီး... ဖြစ်နေလေသည်။

အစီရင်ခံစာသည် သည်နေရာတွင် အဆုံးသတ်သွား၏။ အရှင်မင်းကြီး မည်မျှပင် လှန်လှော စိုက်ကြည့်နေစေကာမူ နောက်ထပ် စကားတစ်လုံးကို ပေါင်းထည့်လာခြင်း မရှိတော့ပေ။ အဆုံးတွင် သူသည် အစီရင်ခံစာ အထက်မှ အရေးကြီး ဟူသော စကားလုံးကိုသာ မုန်းတီးစွာ စိုက်ကြည့်နေနိုင်တော့သည်။

အရေးမကြီးလို့လား။ သာ့ရှန်းညီလာခံ တစ်ခုလုံး ဖြစ်တော့မှာလေ။

"လင်ယို သွားပြီး မြန်မြန် လောဆော်လိုက်။ နန်းစောင့်တပ်မှူးရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း နှေးကွေးလာပြီ” အရှင်မင်းကြီးသည် အလွန်တရာ ဒေါသထွက်နေသဖြင့် လက်ဖက်ရည်ကို ၂ ခွက် ဆက်တိုက် သောက်သုံးလိုက်လေသည်။ ဒေါသက မပြေသေးသဖြင့် သူ့ ဒေါသကို ဖြေလျှော့ရန်မှာ သဘာဝကျလှပေသည်။

"ကျွန်တော်မျိုး အမိန့် နာခံပါတယ်” လင်ယိုသည် အလွန် လျင်မြန်စွာ ပြေးထွက်သွားတော့၏။

နောက်နေတာလား။ မပြေးလို့ရှိရင် အရှင်မင်းကြီး ဒေါသထွက်ပြီး တော်ဝင်စာကြည့်ဆောင်ထဲမှာ ဂုဏ်သိက္ခာ မရှိတော့ဘဲ ဆဲဆိုကြိမ်းမောင်းတော့မှာကို ကြောက်ရသေးတာ။

ဒါက သူ နားထောင်သင့်တဲ့ စကားလား။

သူက အရှင်မင်းကြီးရဲ့ အားကိုးရတဲ့လူ။ ဒါပေမဲ့ တစ်ဦးတည်းသော အားကိုးရတဲ့လူမှ မဟုတ်တာ။ အရှင်မင်းကြီး နေ့တိုင်း ဦးချိုပေါက်နေဖို့ မျှော်လင့်နေတဲ့ ချူဟွားလိုမျိုး အရည်အချင်းမှ သူ့မှာမှ မရှိတာ။ ချူဟွားက အဲဒီလို မျှော်လင့်နေတာတောင် ပေါ်တင်ရော လျှို့ဝှက်ပြီးတော့ပါ နန်းစောင့်တပ်မှူးရဲ့ အကာအကွယ်ကို ရနေသေးတယ်လေ။

လင်ယိုသည် ငြိမ်ဝပ်ပိပြားရေးရုံးသို့ မြင်းစီးကာ ပြန်လာခဲ့လေသည်။ တံခါးဝသို့ ရောက်သည်နှင့် နန်းစောင့်တပ်သားတစ်ဦးက သူ့ မြင်းကို လာရောက် ထိန်းပေးပြီး နောက်ဆုံးရ အစီရင်ခံစာကို ဆက်သလိုက်သည်။

တတိယအဆင့်ရှိသော နန်းစောင့်တပ်မှူးသည် ထိုစာရွက်များကို အခက်ခဲဆုံး ရာဇဝတ်သားများကို ကြည့်နေသကဲ့သို့ ကြည့်လိုက်၏။ သူသည် အသက်ရှူချိန် အနည်းငယ်ခန့် တွေဝေနေပြီးမှ လက်လှမ်းကာ ယူလိုက်ရသည်။

အစောကြီး သေတာနဲ့ နောက်ကျမှ သေတာ၊ သေတာချင်းအတူတူပါပဲဟ။။ ညီလာခံက အရပ်ဘက် စစ်ဘက် မှူးမတ်တွေထဲမှာ ဘယ်လောက်တောင် ကံဆိုးတဲ့ကောင်တွေ ရှိနေမလဲ ကြည့်ပါရစေတော့။

ရလဒ်အနေဖြင့် သူ ဖွင့်ဖတ်လိုက်သောအခါ "ဟင်”

လင်ယိုသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ လူများကို ခေါ်ကာ ညွှန်ကြားချက် အနည်းငယ် ပေးလိုက်တော့သည်။ ထို့နောက် ချက်ချင်းပင် နန်းတော်သို့ ပြန်လှည့်လာခဲ့လိုက်၏။

အသွားအပြန် အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။ အရှင်မင်းကြီးသည် သူ့ ဥများ အခိုးခံလိုက်ရသော ဒေါသထွက်နေသည့် ငှက်တစ်ကောင်လို ရှိနေဆဲဖြစ်ပြီး အရှိန်အဝါက နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပေ။

လင်ယိုသည် ချန်ကျို့ကို တိတ်တဆိတ် ခိုးကြည့်လိုက်ရာ ချန်ကျို့က ညင်သာစွာ ခေါင်းခါပြလိုက်၏။ အရှင်မင်းကြီးကို ချော့မော့ခြင်း မအောင်မြင်သေးကြောင်း ညွှန်ပြခြင်းပင်။

လင်ယိုလည်း အစီရင်ခံစာကို တင်သွင်းလိုက်၏။ "အရှင်မင်းကြီး အဲဒီလောက် မများပါဘူး”

အရှင်မင်းကြီး: ?

ဒေါသသည် အနည်းငယ် တန့်သွားပြီး လောလောဆယ် ဆိုင်းငံ့အနေအထား ရောက်သွားတော့သည်။ ဖတ်ကြည့်ပြီးမှ ခန္ဓာကိုယ် အောက်ပိုင်းကို မထိန်းချုပ်နိုင်သော ထိုမှူးမတ်များကို မည်သို့ အရေးယူရမည်ကို ဆုံးဖြတ်တော်မူရမည်။

System: [ဘာကို ဆိုလိုချင်တာလဲ။ ဌာနတွေထဲက အရေအတွက်ချည်းပဲ ကြည့်ရုံနဲ့တော့ ဘာမှ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ဒီဌာနတွေထဲက လူတိုင်းက ကူးစက်ခံထားရတာမှ မဟုတ်တာ။ ဒီ့အပြင် တချို့က လိင်ဆက်ဆံတာကနေ ကူးစက်တာ မဟုတ်ဘူးလေ]

System၏ တလေးတနက် ရှင်းလင်းချက်ကို ကြားရသောအခါ ချူဟွားသည် အနည်းငယ် အံ့အားသင့်သွားလေသည်။ [ငါ သိပါတယ်]

[ကာလသားရောဂါဆိုတာ ကူးစက်တတ်တယ်။ လိင်ဆက်ဆံမှုအပြင် တခြား ကူးစက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိသေးတယ်။ လူတိုင်းက ကိုယ်ခံစွမ်းအား မတူကြဘူး။ တစ်ခါ နှစ်ခါလောက်နဲ့ ကူးစက်ဖို့ မသေချာဘူး။ ဒီ့အပြင် ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူး။ ၉၀ ရာခိုင်နှုန်းကျော်တဲ့ မိန်းမတွေက အနောက်ဘက်ခြံဝင်းထဲမှာ ချည်နှောင်ခံထားရတာ။ မှူးမတ်တွေရဲ့ ဇနီးတွေ မယားငယ်တွေရဲ့ ပတ်ပတ်လည်မှာ လူတွေ ဝိုင်းနေတာ ဒီတော့ သူတို့မှာ ဖောက်ပြန်ဖို့ အခွင့်အရေး အရမ်းနည်းလွန်းတယ်]

[လျိုယွဲ့ရဲ့အဆင့်နဲ့ဆို သူက ဒီလောက်များတဲ့ မှူးမတ်တွေနဲ့ ထိတွေ့ခွင့်ရမှာ မဟုတ်ဘူး။ နင်က သူ ယောက်ျားတချို့နဲ့ ဖောက်ပြန်ခဲ့တယ်လို့ ပြောပေမဲ့ ဖောက်ပြန်မှုမှာ ပါဝင်တဲ့လူက ၁၀ ယောက်ထက် မကျော်တာ ထင်ရှားတယ်။ ဒီတော့ လိင်ဆက်ဆံမှု တစ်ခုတည်းနဲ့တော့ ဒီအခြေအနေအထိ ပျံ့နှံ့နိုင်မှာ မဟုတ်ဘူး]

[ဒါက အဲဒီလူတွေ အတူတူ ရေချိုးတာ။ ကိုယ်ပိုင်ပစ္စည်းတွေ မျှဝေသုံးစွဲတာ။ ခန္ဓာကိုယ်ပေါ်မှာ မကျက်သေးတဲ့ ဒဏ်ရာတွေ ရှိနေတာ။ ပိုးသတ်ဖို့ အသိပညာ နည်းပါးတာ။ ပိုးသတ်နည်းလမ်းတွေ မရှိတာလိုမျိုး အကြောင်းအရာတွေ စုပေါင်းပြီး ဖြစ်ရတာ ဖြစ်သင့်တယ်]

အကြောင်းနှင့်အကျိုး ယုတ္တိတန်သော ကွင်းဆက်တို့သည် အတော်ပင် ပြီးပြည့်စုံလှပြီး system၏ နှုတ်မှ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့လေသည်။ ထိုအချင်းအရာကို မြင်သောအခါ အရှင်မင်းကြီးသည် သက်ပြင်း အကြီးကြီး ချလိုက်မိသည်။ စစ်တပ်တစ်ခုလုံး ပြုတ်မသွားသ၍တော့ တော်ပါသေးရဲ့။

မဟုတ်လျှင် သူ့ ညီလာခံသည် ဆောင်ကြာမြိုင် အားပေးသူတို့ စုဝေးရာ နေရာကြီးဟု ထင်မှတ်သွားရတော့မည်ဖြစ်ပြီး အင်မတန် ရွံရှာဖွယ် ကောင်းလှပေသည်။

အချက်အလက်များက သက်သေပြနေသည်မှာ စိတ်သက်သာရာ ရရန် အလွန် စောလွန်းနေသေးသည် ဟူ၍ပင်။

ချူဟွား: [ကာလသားရောဂါဆိုတာ ခေတ်သစ်မှာတောင် အလွယ်တကူ ကုလို့မရဘူး။ ဘယ်အမျိုးအစားလဲ ဆိုတာပေါ်လည်း မူတည်သေးတယ်။ ရှေးခေတ်မှာဆို ပိုတောင် ကုသဖို့ ခက်ခဲဦးမယ်]

System: [ဟုတ်တယ်]

အရှင်မင်းကြီး၏ နှလုံးသားမှာ အေးစက်သွားတော့၏။

ခိုင်လုံသော သက်သေအထောက်အထား မရှိသော်လည်း system ၏ နည်းလမ်းများသည် သာ့ရှန်းမင်းဆက်၏ လက်လှမ်းမီနိုင်သော နည်းပညာထက် ကျော်လွန်နေသည်မှာ ထင်ရှားလှသည်။

သူတို့သည် systemက မည်သည့်နေရာမှ လာသည်ကို မခန့်မှန်းနိုင်သလို ချူဟွား မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိသော ခေတ်သစ် ဆိုသည်ကိုလည်း သံသယ ဖြစ်မိသည်။ လက်ရှိ အတည်ပြုနိုင်သော အချက်တစ်ချက်မှာ ခေတ်သစ်မှ အရာများသည် သာ့ရှန်းထက် ပိုကောင်းသည် ဟူ၍ပင်။

ခေတ်သစ်မှာတောင် ကာလသားရောဂါကို မကုသနိုင်ဘူးဆိုရင် ငါ့ရဲ့ မှူးမတ်တွေ ဘယ်လိုလုပ်ကြမလဲ။ ညီလာခံရဲ့ လူအများစုကို တကယ် လဲလှယ်ပစ်ရတော့မှာလား။

ဒီတစ်ခေါက် နန်းတွင်းစာမေးပွဲက အရည်အချင်းရှိတဲ့သူတွေ အများကြီး ရွေးချယ်နိုင်ခဲ့ပေမဲ့ အဲဒီ အရည်အချင်းရှိတဲ့သူတွေက စာရွက်ပေါ်က စကားလုံးတွေပဲ ရှိသေးတာလေ။ မှူးမတ်ဖြစ်ဖို့ အတွေ့အကြုံလည်း မရှိသေးတော့ အဲဒီလောက် အသုံးဝင်ဦးမှာ မဟုတ်ဘူး။

Systemရေ တခြားနည်းလမ်းတစ်ခုခု စဉ်းစားပါဦးဟ။ အရှင်မင်းကြီးသည် တိတ်တဆိတ် ဆုတောင်းနေမိသည်။

သို့သော် သူ့ ဆုတောင်းများက အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

System: [စကားမစပ်။ မမကြီးဟွား။ လျိုယွဲ့ရဲ့ ကိုယ်ပေါ်မှာ နောက်ထပ် ဖရဲသီးကြီးတစ်လုံး ရှိသေးတယ်။ နင် နားထောင်ချင်သေးလား]

ချူဟွားမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။: [ဒီအတိုင်း ကြည့်လိုက်ပါတော့လား]

Systemက ရှက်ရွံ့စွာ ဆိုလေသည်။ [ဖရဲသီးစွမ်းအင် မလုံလောက်လို့လေ။ ဟီးဟီး]

[ယေဘုယျအားဖြင့် ဖရဲသီးသေးသေးလေးတွေက ဂဏန်းတစ်လုံး နှစ်လုံးလောက်ပဲ ဖရဲသီးစွမ်းအင် လိုတယ်။ ဖရဲသီးကြီးတွေကတော့ အကြောင်းအရာ ပါဝင်တဲ့ လူအရေအတွက် ပြင်းထန်မှုတွေပေါ် မူတည်ပြီး ၃ လုံးကနေ ၄ လုံးအထိ လိုတယ်။ လျိုယွဲ့ရဲ့ STD ဖရဲသီးက ၁,၃၀၀ တောင် ကုန်ကျသွားပြီ။ ဒီဖရဲသီးက ၁,၈၀၀ တောင် လိုတယ်။ မြေရှင်ကြီးရဲ့ မိသားစုမှာတောင် စားစရာ ပိုမရှိတော့ဘူး...]

ချူဟွား: "..."

[နင်က ငါ့ကို ဖရဲသီးတချို့ ပြောခိုင်းချင်နေတာ ဖရဲသီးစွမ်းအင်တွေ ဖြည့်ပြီးသွားမှ ဖရဲသီးအသစ်တွေ ဖွင့်လို့ရအောင်လို့လား]

System: [ဟုတ်တယ် ဟုတ်တယ်]

ချူဟွား: "..." ၁,၈၀၀ ဖရဲသီးစွမ်းအင်အတွက်ဆို သူ ဘယ်လောက်ကြာအောင် ပြောရမှာလဲ။

[system မေးခွန်းတချို့ သွားဖြေကြည့်လိုက်ပါလား]

System က ချက်ချင်း ပြန်ဖြေလေသည်။ [Good night ပါ မမကြီးဟွား။ လက်ချောင်းအသဲလေး ပေးလိုက်ပါတယ်~]

မေးခွန်းတွေ ဖြေရမှာတော့ ဘယ်ဖြစ်မလဲ။ မေးခွန်းပင်လယ်ကြီးထဲက ခါးသီးမှုတွေကို အလုံအလောက် မြည်းစမ်းခဲ့ပြီးပြီလေ။ ဟင့်။ ဟင့်။

အရှင်မင်းကြီးသည် ထိတ်လန့်သွားတော့သည်။ "လင်ယို လျိုယွဲ့က နေမကောင်းဟန်ဆောင်တဲ့ ကိစ္စမှာ လူဘယ်နှယောက် ပါဝင်ပတ်သက်နေလဲ။ ညီလာခံထဲက ကာလသားရောဂါ ခံစားနေရတဲ့ လူအရေအတွက်နဲ့ ဘယ်လောက် ကွာခြားမှု ရှိလဲ”

လင်ယို: "ဘယ်သူတွေ နေမကောင်းဖြစ်တယ်ဆိုတာကို အတိအကျ ဖော်ပြမထားပါဘူး။ ကျွန်တော် နန်းစောင့်တပ်သားကို လျိုယွဲ့နဲ့ ပတ်သက်တဲ့ လူတွေကို တစ်ညလုံး စစ်ဆေးဖို့ သမားတော်တွေ ခေါ်သွားခိုင်းလိုက်ပါပြီ”

အပြင်ဘက်က ကိစ္စတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်တာပဲ ဖြစ်ဖြစ် သွယ်ဝိုက်ပြီး အဲဒီလို လူတွေနဲ့ ထိတွေ့မိတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုမစိုက်မိလို့ အများသုံးပစ္စည်းတွေကနေ ကူးစက်တာပဲ ဖြစ်ဖြစ် အမြန်ဆုံး ရှာဖွေတွေ့ရှိပြီး ကုသမှု ပေးရမယ်။

တကယ်လို့ တချို့က ရောဂါပြင်းထန်နေတာကို တွေ့ရှိခဲ့ရင် အရှင်မင်းကြီးက ကြိုတင်ပြီး မှူးမတ်နေရာတွေကို လွှဲပြောင်းယူဖို့ လူတွေ လွှတ်ထားလို့ ရတယ်။ လူတွေကို စောစော လေ့ကျင့်ပေးထားလို့ ရတယ်။ တကယ်တမ်း တစ်ခုခု ဖြစ်လာတဲ့အခါမှ ကတုန်ကယင် ဖြစ်ပြီး သာ့ရှန်းညီလာခံ တစ်ခုလုံးရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်မသွားအောင်လို့ပေါ့။

"အမြန်ဆုံး ဖြစ်ရမယ်” အရှင်မင်းကြီးသည် စိတ်မလုံမခြုံ ဖြစ်နေလေသည်။ "ဒါက မဖြစ်မနေ အမြန်ဆုံး ဖြစ်ရမယ်”

သူသည် systemကို စမ်းသပ်မိခဲ့ခြင်းအတွက် အနည်းငယ် နောင်တရသွားတော့သည်။

Systemပြောတဲ့ ဖရဲသီးကြီးက ငါ ထင်နေသလို တကယ် ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ တစ်နေ့နေ့မှာ systemက ဖရဲသီးတွေ အလုံအလောက် စုဆောင်းနိုင်သွားပြီး ချူဟွားက ဒီဖရဲသီးကို သိချင်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါဆို ဇာတ်လမ်း ပြီးသွားပြီ။

အရှင်မင်းကြီးသည် ထိုင်မနေနိုင်တော့ပေ။ "မဟုတ်သေးဘူး။ တတိယအဆင့် မဟုတ်ဘူး။ စတုတ္ထအဆင့်နဲ့ အထက် မှူးမတ်တွေကို နန်းတော်ထဲ ခေါ်ပြီး ကိစ္စ ဆွေးနွေးမယ်”

ပဉ္စမအဆင့် ချူဖျင်ကိုတော့ တားထားရမယ်။ မဟုတ်ရင် ချူဟွားက သူ့အဖေ ဘာလို့ ညဘက်ကြီး နန်းတော်ထဲ ဝင်ချင်ရတာလဲ ဆိုပြီး စပ်စုနေလိမ့်ဦးမယ်။ အဲဒီအခါကျရင် ပေါ်သွားနိုင်တယ်။

နန်းတော်တံခါးများသည် ပိတ်ချိန်သို့ ရောက်ရှိနေလေပြီ။ အရှင်မင်းကြီးက အမိန့်တစ်ခု ချလိုက်သည်နှင့် ငြိမ်ဝပ်ပိပြားရေးဌာန တစ်ခုလုံး လှုပ်ရှားသွားကြလေသည်။ နန်းစောင့်တပ်သားများသည် တစ်အိမ်တက်ဆင်း လူများကို သွားရောက် ခေါ်ဆောင်ကြပြီး စတုတ္ထအဆင့်နှင့် အထက် မှူးမတ်များသည် အိပ်ရာမှ အလျင်အမြန် ထကာ အဝတ်အစားများ လဲလှယ်ပြီး နန်းတော်သို့ ဝင်ရောက်ကြရတော့သည်။

ညသန်းခေါင်တွင် နန်းတော်သို့ လူများကို ခေါ်ယူခြင်းသည် အလွန်တရာ ရှားပါးလှ၏။ နောက်ဆုံးတစ်ကြိမ်မှာ လွန်ခဲ့သော ၄ နှစ်ခန့်က သာ့ရှန်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်စဉ်က ဖြစ်သည်။ မှူးမတ်များသည် စိတ်မလုံမခြုံ ဖြစ်နေကြပြီး အချင်းချင်း သတင်းများ မေးမြန်းနေကြသည်။

"ပေတိ(မြောက်ပိုင်းသား)က ဝင်တိုက်တာလား”

"ရေလွှမ်းမိုးမှု ဖြစ်လို့လား”

"ဒါမှမဟုတ် တစ်နေရာရာမှာ ငလျင်လှုပ်လို့လား”

"မိုင် ၈၀၀ အမြန် သတင်းပို့စရာ ရှိလို့လား”

မည်သည့် အရေးကြီးကိစ္စ ဖြစ်ပွားခဲ့သည်ကို မည်သူမျှ မသိရှိကြဘဲ အားလုံး စိုးရိမ်ပူပန်နေကြသည်။

အရှင်မင်းကြီး၏ မြည်းထက်ပင် ရှည်လျားမည်းမှောင်နေသော မျက်နှာတော်ကို မြင်တွေ့လိုက်ရသောအခါ သူတို့သည် ပိုလို့ပင် ထိတ်လန့်သွားကြပြီး မည်သို့ လုပ်ဆောင်ရမည်ကို မသိတော့ပေ။

မင်းဆရာကြီး: "အရှင်မင်းကြီး ဘာများ ဖြစ်ပွားခဲ့လို့ပါလဲ”

အသက် ၇၀ နီးပါး ရှိနေပြီဖြစ်သော ဆရာသမား၏ စိုးရိမ်ပူပန်နေပုံကို မြင်တွေ့ရသောအခါ အရှင်မင်းကြီး၏ အမူအရာသည် အနည်းငယ် လျော့ကျသွားပြီး ချူမိသားစုထံမှ အစီရင်ခံစာကို ဖြန့်ဝေပေးလိုက်တော့သည်။

"ဖတ်ပြီးရင် ဘေးနားက နန်းဆောင်ကို သွားကြ။ ပြီးရင် တော်ဝင်သမားတော်ကို ခင်ဗျားတို့ကို တစ်ချက် ကြည့်ခိုင်းလိုက်”

မှူးမတ်များ: ? ? ?

သူတို့သည် အမှတ်တမဲ့ တွေးလိုက်မိလေသည်။ ပေတိတွေက သာ့ရှန်းရဲ့ မှူးမတ်တွေကို စုပေါင်းပြီး အဆိပ်ခတ်ဖို့ လူတွေ လွှတ်လိုက်တာများလား။

အစီရင်ခံစာကို ဖတ်ပြီးနောက် မှူးမတ်များ: "..."

ဒါက စုပေါင်း အဆိပ်ခတ်ခံရတာနဲ့ ဘာများ ကွာခြားလို့လဲ။

အသက် ၇၀ နီးပါး ရှိနေပြီဖြစ်သော မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် အစီရင်ခံစာကို ချထားလိုက်ပြီး ဘေးနားရှိ နန်းဆောင်သို့ အတူတကွ လှည့်ထွက်သွားကြတော့သည်။

အရှင်မင်းကြီးက အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ရာ တစ်ယောက်ယောက်ကတော့ ဦးဆောင်ရလိမ့်မည်။ သူတို့သည် အဆင့်အမြင့်ဆုံး မှူးမတ်များထဲမှ နှစ်ဦးဖြစ်ပြီး စံပြအဖြစ် ဦးဆောင်ရပေမည်။

သို့သော် သူတို့ကတော့ ပြောကို ပြောရဦးမည်။: လျိုယွဲ့။ သူက တကယ်ကို အံ့ဩစရာကောင်းတာပဲ။

သူမ တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ သာ့ရှန်းရဲ့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေကို လှုပ်ခတ်သွားစေခဲ့တယ်။

မှူးမတ်တွေရဲ့ မိသားစုတွေကသာ ဒီအကြောင်းကို သိသွားကြရင် မှူးမတ်မိသားစု အမြောက်အမြားက ကာလသားရောဂါ ကုသဖို့ သမားတော်တွေ ခေါ်ကြလိမ့်မယ်။ မြို့တော်တစ်ခုလုံးလည်း မတည်မငြိမ် ဖြစ်သွားလိမ့်မယ်။

တော်တော် ခေါင်းကိုက်ရတဲ့ ကိစ္စပဲ။

သူတို့နှစ်ယောက်လုံးက ခေါင်းတစ်ခြမ်းက ခေါင်းတလားထဲ ရောက်နေပြီးသား။ ဘာလို့ ဒီ မျိုးဆက်သစ်တွေရဲ့ အရှုပ်အထွေးတွေကို ရှင်းလင်းပေးနေရသေးတာလဲ။

တကယ် အလုပ်ထွက်ချင်နေပါပြီ။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် ဘဝတစ်လျှောက်လုံး ရန်သူများ ဖြစ်ခဲ့ကြပြီး နိုင်ငံရေးအမြင်များအပေါ် တစ်ခါမှ သဘောတူညီခဲ့ခြင်း မရှိပေ။ သည်အခိုက်အတန့်တွင်တော့ သူတို့နှစ်ဦးသည် အလုပ်မှ နုတ်ထွက်လိုသော ဆန္ဒကို တိတ်တဆိတ် သဘောတူညီမှု ရသွားကြလေ၏။

မဖြစ်ဘူး။ အဲဒီ အဘိုးကြီးရဲ့ အထင်သေးတာကို ခံလို့မဖြစ်ဘူး။ မင်းဆရာအိုကြီးသည် စစ်ဆေးမှုအတွက် သူ့ အဝတ်အစားများကို ချွတ်လိုက်သည်။

မဖြစ်ဘူး။ အဲဒီ အဘိုးကြီးကောင်က ငါ့ကို အနိုင်ယူသွားတာမျိုး အဖြစ်မခံနိုင်ဘူး။ မင်းဆရာကြီးသည် သူ့ထက်ပင် လျင်မြန်စွာ အဝတ်အစားများကို ချွတ်လိုက်သည်။

တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး: "..." ဒီလောက်အများကြီး ချွတ်ဖို့ မလိုအပ်ပါဘူး။

ဒါပေမဲ့ အဆင့်အမြင့်ဆုံး မှူးမတ် ၃ ယောက်ထဲက ၂ ယောက်က ကိုယ်တုံးလုံးနီးပါး ဖြစ်နေပြီဆိုတော့ တခြားလူတွေက သူတို့ထက် လျှော့ပြီး ချွတ်လို့ ဘယ်ဖြစ်တော့မလဲ။

ဒီလိုနဲ့ပဲ ဒီလူတွေမှာ တခြား ပြဿနာတွေ ရှိမရှိ စစ်ဆေးလိုက်လို့ ရတယ်။ ဆေးကျမ်းထဲက ရောဂါဖြစ်စဉ်တွေကို တိုးချဲ့လိုက်သလိုပဲပေါ့။ ဒါက သူတို့အတွက်လည်း ကောင်းတယ်။ သာ့ရှန်းရဲ့ ပြည်သူတွေအတွက်လည်း အကျိုးပြုရာ ရောက်ပါတယ်လေ။

တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် စိတ်ထဲတွင် ကြိတ်ပြီး ခေါင်းညိတ်လိုက်လေသည်။ အရပ်ဘက် မှူးမတ်တွေနဲ့ စစ်ဘက် စစ်သူကြီးတွေက လောကကြီးမှာ သူတို့ရဲ့ အပြစ်ကင်းစင်မှုကို ချန်ထားခဲ့ရမှာ မဟုတ်ဘူးလား။ အနာဂတ်က လူတွေက သူတို့ရဲ့ အကျိုးပြုမှုတွေကို အမြဲတမ်း သတိရနေကြမှာပဲ။

ကိုယ်တုံးလုံး ချွတ်ခိုင်းခံရသော မှူးမတ်များ: "..." သူတို့က တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးက အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတယ်လို့ သံသယရှိတယ်နော်။ သူတို့မှာ သက်သေလည်း ရှိတယ်။

ထိုညတွင် ညသန်းခေါင်ယံ နန်းတော်သို့ ဝင်ရောက်ခဲ့သော မှူးမတ်များသည် ပြန်မသွားကြတော့ဘဲ နောက်တစ်နေ့ နံနက် သတ်မှတ်ထားသော အချိန်တွင် ညီလာခံ တက်ရောက်ခဲ့ကြသည်။

အရှင်မင်းကြီးသည်လည်း သူတို့နှင့်အတူ တစ်ညလုံး မအိပ်ဘဲ နေခဲ့ရသည်။ မှူးမတ်တစ်ဦး အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တိုင်း သူသည် သက်ပြင်းချနိုင်ပြီး မဟုတ်လျှင် သူ့ မျက်နှာသည် မည်းမှောင်သွားလေသည်။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် အရှင်မင်းကြီးနှင့် မှူးမတ်များသည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေကြတော့သည်။ သူတို့သည် တရားခံကို ဆွဲထုတ်ကာ ခုတ်ထစ်ပစ်ချင်ကြသော်လည်း မြက်ကိုရိုက်မိပြီး မြွေကို လန့်သွားစေရန် မဝံ့ရဲကြပေ။ အဝတ်အစားများ ချွတ်ကာ စစ်ဆေးခံရခြင်းအတွက် ဒေါသသည်လည်း ကျန်ရှိနေဆဲဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်း အလွန်တရာ စိတ်ပျက်လက်ပျက် ဖြစ်နေကြတော့သည်။

သူတို့သည် ပင်ပန်းနွမ်းနယ်စွာ ညီလာခံသို့ သွားရောက်နေစဉ် ခွင့်ယူရာမှ ပြန်လာသော ချူဟွားသည် ဖရဲသီးများ စားရန် စွမ်းအင်များ ပြည့်ဝနေလေပြီ။

မနေ့က systemသည် ဖရဲသီးများ စားသုံးစဉ်ကတည်းက စာရင်းအတိအကျကို ရရှိထားပြီး ဖြစ်သော်လည်း ပြောဆိုရန် သင့်တော်သော အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။ ချူဟွားသည် ယနေ့ ညီလာခံသို့ ရောက်လာသည်နှင့် system သည် လက်ညှိုးများ ထိုးကာ စတင် ပြောဆိုတော့သည်။

[မမကြီးဟွား ဒီလူကို မာရွှီလို့ ခေါ်တယ်။ ဒီနှစ် ၄၅ နှစ် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ခေါင်းမာတဲ့ ရှေးရိုးစွဲသမားပဲ။ သူက အမြဲတမ်း စည်းမျဉ်းဟောင်းတွေကို လိုက်နာဖို့ အော်ဟစ်နေတယ်လို့ မထင်နဲ့။ တကယ်တမ်းတော့ သူက ဘယ်သူ့ထက်မဆို ပိုပြီး ရမ်းကား ကစားတတ်သေးတယ်။ အသစ်အဆန်းတွေကိုလည်း ဘယ်သူ့ထက်မဆို ပိုပြီး လက်ခံတတ်တယ်]

[သူ့ကို မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ မတူညီတာကို စမ်းကြည့်ချင်ဇောနဲ့ သူက တီး—— ကို ရွေးချယ်ခဲ့တယ်။ အဆုံးသတ်မှာတော့ တီး—— ဖြစ်သွားတာပဲ]

ချူဟွား၏ မျက်နှာတွင် ဘာအမူအရာမှ မရှိချေ။ [အရွယ်မရောက်သေးသူတွေကို အကာအကွယ်ပေးတဲ့အတွက် system ကို ကျေးဇူးတင်ပါတယ်]

မဟုတ်ရင် သူ ခုလေးတင် စားခဲ့တဲ့ မနက်စာတွေကို အန်ထွက်မိတော့မှာ။

Systemက ပျော်ရွှင်စွာ ဆိုလေသည်။ [ရပါတယ်~]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ဒါဆို လပေါင်း ရာဂဏန်းလောက်ပဲ ကြီးတဲ့ ငါတို့လို အရွယ်မရောက်သေးတဲ့သူတွေကိုရော ဘယ်လိုလုပ်မလဲ။ ချူဟွားက ညစ်ညမ်းတဲ့အကြောင်းအရာတွေကို မခံနိုင်ဘူးဆိုရင် ငါတို့ရော ခံနိုင်လို့လား။ အတူတူပဲကို ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ဘူး။

သူတို့မှာ ခံပြင်းကြသော်လည်း ဖွင့်ပြောလို့လဲ မရနိုင်ကြချေ။

...

All Chapters