အခန်း ၂၂
Vol. 2 Ch. 22
အပိုင်း (၂၂)
ချူဖျင်သည် အရှင်မင်းကြီး၏ သူ အကျင့်ပျက်ခြစားခဲ့ခြင်း ရှိမရှိ မေးခွန်းထုတ်မှုကြောင့် ထိတ်လန့်သွားခြင်း မဟုတ်ဘဲ သူ၏ သမီးဖြစ်သူ၏ အဓိပ္ပာယ်မဲ့သော စကားများကြောင့် ထိတ်လန့်ကာ သေမတတ် ဖြစ်သွားတော့သည်။
သူသည် ညီလာခံတွင် ပြန်လည် ချေပရန် မဝံ့ရဲသော်လည်း သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ဆန္ဒပြနေမိလေသည်။ သူမက သူ့ဦးနှောက်က အလုပ်မလုပ်ဘူးလို့ ပြောတယ်။ သူ့အမြင်မှာတော့ သူမရဲ့ ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်တာပဲ။
အရှင်မင်းကြီးသည် မိမိကိုယ်ကို နှစ်သိမ့်ရန် အသက်ကို အကြိမ်ကြိမ် ပြင်းပြင်း ရှူသွင်းလိုက်ရလေသည်။ တော်ပါပြီ။ ကလေးတစ်ယောက်နဲ့ အသေးအမွှား ကိစ္စတွေမှာ သွားပြီး အာရုံမစိုက်တော့ပါဘူး။
"ချူဖျင်။ ကျန်းတောင်မှ အေးခဲတဲ့ ဆောင်းရာသီမှာ အစေခံအားလုံးကို ရေချိုးခိုင်းနိုင်လောက်အောင် မချမ်းသာဘူး”
ယောက်ျားများသည် သန့်ရှင်းမှုကို နှစ်သက်ခြင်း ရှိမရှိဟူသည့် အကြောင်းအရာကို ပြန်လည် လှည့်သွားခြင်းသည် ဧကရာဇ်တစ်ပါး အနေဖြင့် သူ၏ နောက်ဆုံးသော ခေါင်းမာနေမှုကြီးပင်။
တကယ်လို့ ချူဟွားကသာ သူ့ကို "အာဏာရှင် ဧကရာဇ်" လို့ ထပ်ခေါ်ရဲခေါ်ကြည့်။ သူ ချဲပစ်လိုက်မယ်။
ချူဖျင်သည် ထိုစကားကို တုံ့ပြန်ရန် သတ္တိ အဘယ်မှာ ရှိမည်နည်း။ သူသည် အရှင်မင်းကြီးထက် ပိုမို ချမ်းသာရန် သတ္တိ အဘယ်မှာ ရှိမည်နည်း။
"အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ မိသားစုက လူဦးရေ နည်းပါတယ်။ ဒီ့အပြင် ကျွန်တော်မျိုးရဲ့ သမီးက သန့်ရှင်းသပ်ရပ်မှုကို အလွန် အလေးထားပြီး အသန့်ကြိုက်ရောဂါ ရှိပါတယ်။ သူက မသန့်ရှင်းတဲ့ လူတွေ သူ့မျက်စိရှေ့မှာ ပေါ်လာတာကို မခံစားနိုင်ပါဘူး”
ချူဟွားသည် နန်းတော် အပြင်ဘက်တွင် ရှိနေပြီး အရှင်မင်းကြီးနှင့် အခြားသူများ၏ တုံ့ပြန်မှုများကို မမြင်နိုင်ခဲ့ပေ။ သူမသည် လျိုကျန်းနှင့် သူမဘေးမှ အခြား ဟန်လင်းမှူးမတ်များ၏ တုန်လှုပ်သွားသော အမူအရာကိုသာ တွေ့လိုက်ရသည်။ ဒါက အသန့်ကြိုက်ရောဂါ ရှိတာလေးပါ။ အဲဒီလောက်တောင် တုန်လှုပ်စရာ ကောင်းနေလို့လား။
လျိုကျန်းသည် ချူဟွားက တစ်စုံတစ်ခု မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် မေးလိုက်သည်။ "မင်းတို့ မိသားစုက တကယ် အဲဒီလောက် ချမ်းသာတာလား”
ချူဟွား: "..."
သူမ၏ မိုက်မဲသော အဖေ၏ ကျေးဇူးကြောင့် ညီလာခံတစ်ခုလုံးက ချူမိသားစု ချမ်းသာကြောင်း သိရှိသွားကြပြီ ဖြစ်သည်။ သူမသည်လည်း နောင်အနာဂတ်တွင် ပစ်မှတ်ထား မခံရစေရန် သူတို့ကို အနည်းငယ် ကယ်တင်ပေးလိုသေး၏။
"မိသားစုထဲမှာ လူဦးရေ နည်းပြီး အိမ်ကလည်း မကြီးပါဘူး။ ဒါကြောင့် လူ အများကြီး ငှားဖို့ မလိုပါဘူး။ အစားအသောက်နဲ့ နေ့စဉ်သုံး ပစ္စည်း အများစုက အိမ်တော်ဝင်းကနေ ထုတ်လုပ်တာပါ။ ကျွန်တော်တို့က အဝတ်အစား တချို့လောက်ပဲ ဝယ်ရတယ်။ အဝတ်အစားတွေက တာရှည်ခံပြီး နေ့တိုင်း ဝယ်စရာ မလိုတော့။ ပုံမှန်ဆိုရင် သိပ် မသုံးဖြစ်ပါဘူး”
လျိုကျန်း၏ မျက်လုံးများထဲတွင် ငါ မယုံဘူး ဟူသော အကြည့်များဖြင့် ပြည့်နှက်နေ၏။
ချူဟွား: "..."
ချူမိသားစု၏ အသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးအတွက် သူမသည် သူမ၏ အဖေကို သစ္စာဖောက်ရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော့်အဖေက အဆင့်နိမ့် မှူးမတ်တစ်ယောက်ပါ။ လူမှုရေးကိစ္စတွေလည်း သိပ် မရှိပါဘူး။ အမေက သူ့အတွက် အစားအသောက် အဝတ်အစားနဲ့ လက်ဆောင်ပဏ္ဏာတွေ ပြင်ဆင်ပေးပါတယ်။ တစ်လကို ငွေ ၆၀ တောင် ပေးထားရင်တောင် သူက အနည်းဆုံး တစ်ဝက်လောက်ကို စုမိဦးမှာပဲ။ ဒီလိုဆိုရင်တော့ ဘယ်လိုလုပ် ကုန်အောင် သုံးနိုင်မှာလဲ”
လျိုကျန်းသည် ကျစ်ခနဲ့ စုပ်သပ်လိုက်ပြီး အလွန်တရာ သိလိုစိတ် ပြင်းပြစွာဖြင့်: "မှူးမတ်ချူက တစ်လကို ငွေ ၃၀ တောင် မသုံးဘူးလား။ ဒါက အရမ်း နည်းလွန်းတာပဲ။ သူက မသောက်တတ်ဘူးလား”
ချူဟွား: "ကျွန်တော့်ညီမလေးက သေရည်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ ပန်းအရက်။ သစ်သီးအရက်။ ပြောင်းအရက်။ သူ ကြိုက်တဲ့ အရက်မျိုးစုံ အဲဒီမှာ ရှိတယ်။ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေအားလုံးက သူ့ကို သိကြတယ်။ သူသာ ပေါ်လာရင် ပိုက်ဆံ တစ်ပြားမှ မသုံးဘဲ ကျွန်တော့်ညီမလေး နာမည်နဲ့ စာရင်း တင်ထားလို့ ရတယ်”
လျိုကျန်းသည် မနာလိုသော အသံကို ပြုလိုက်သည်။ "ငါလည်း ပိုက်ဆံ မသုံးဘဲ အရက်ဝယ်ချင်လိုက်တာ”
သူ့တွင် အခြား ဝါသနာများ မရှိသော်လည်း သောက်စားခြင်းကို နှစ်သက်လေသည်။ အထူးသဖြင့် ချိုမြိန်ပြီး မူးယစ်စေခြင်း မရှိသော သစ်သီးအရက်ပင်။ အနည်းငယ် မူးဝေဝေ ဖြစ်နေသော ခံစားချက်သည် ကဗျာရေးသားရန် အလွန် သင့်တော်လှ၏။
ချူဟွားက စိတ်ရင်းမှန်ဖြင့် အကြံပြုလိုက်၏။ "ဒါဆို ခင်ဗျားလည်း သေရည်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ပေါ့”
လျိုကျန်း: "..." သူငယ်ချင်းခန်း ပြတ်ပြီ။
ခဏလေး။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့၏။ "မင်း ညီမလေး ဖွင့်ထားတဲ့ သေရည်ဆိုင်က မျိုးပေါင်းတစ်ရာသေရည်ဂေဟာ လား”
ချူဟွားက ခေါင်းညိတ်လိုက်သည်။ " အရာရှိလျိုက ကြားဖူးလို့လား”
လျိုကျန်းသည် လက်သီးများကို ကြိတ်ပြီး ဆုပ်ထားလိုက်တော့သည်။ ကြားဖူးရုံမျှမက သူသည် ထိုနေရာ၏ ပုံမှန် ဖောက်သည်တစ်ဦးလည်း ဖြစ်လေသည်။ သူသည် မျိုးပေါင်းတစ်ရာ သေရည်ဂေဟာကို ချူချင်း၏ ရှေ့မှောက်တွင် အကြိမ်ပေါင်းများစွာ ချီးကျူးခဲ့ပြီး သူ၏ လစာ ထက်ဝက်ခန့်မှာ ထိုနေရာတွင် လစဉ် ကုန်ဆုံးခဲ့ရသည်။ ချူချင်းက အဲဒီသေရည်ဆိုင်က သူ့ညီမ ဖွင့်ထားတာဆိုတာ တစ်ခါမှ မဖွင့်ဟခဲ့ဘူး။ သူက နောက်ပေါက်ကနေ ကန့်သတ်ထားတဲ့ အရက်တချို့ ဝယ်လို့ရအောင်လို့လေ။ ဒါက ညီအစ်ကို ဟုတ်သေးရဲ့လား။ ရွှံ့နဲ့လုပ်ထားတဲ့ ညီအစ်ကိုတွေလား။
ဤနေရာမှ စကားဝိုင်းသည် နန်းစောင့်တပ်မှူးမှ တစ်ဆင့် လျင်မြန်စွာ အပေါ်သို့ ရောက်ရှိသွားသည်။
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
သူတို့လည်း ပိုက်ဆံ မသုံးဘဲ အရက် ဝယ်ချင်လိုက်တာနော်။
ချူဖျင်ကဲ့သို့ ဦးနှောက်မရှိ အရည်အချင်းမရှိသော ပဉ္စမအဆင့် မှူးမတ်တစ်ဦးသည် သူ၏ ယခင်ဘဝက မည်မျှသော ကောင်းချီးများကို စုဆောင်းခဲ့၍ သည်ဘဝတွင် သည်လို သမီးကောင်းတစ်ဦးကို ရရှိခဲ့ပါသနည်း။
အရှင်မင်းကြီးသည် မနာလိုလွန်းသဖြင့် သူ၏ အမူအရာသည် မမှတ်မိနိုင်လောက်အောင် ဖြစ်သွားသည်။
“မင်း သောက်စားတာကို ချစ်တယ်။ မင်း အရက်ကို အလွဲသုံးစား လုပ်တယ်”
ချူဟွားက သေရည်ဆိုင် ဖွင့်ထားသည်ကို သိရှိထားသဖြင့် ချူဖျင်က အရက်ကို အလွဲသုံးစား လုပ်ရန် ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။ ထို့ကြောင့်... မှူးမတ်အားလုံး ရှင်းလင်းစွာ သိရှိကြလေသည်။ အရှင်မင်းကြီးက တခြားအရာတစ်ခုကို သိချင်နေတာ။ ချူဟွားကို မေးဖို့မလွယ်လို့ ချူဖျင်ကနေ စဖို့ပဲ တတ်နိုင်တော့တာ။
ထင်သည့်အတိုင်းပင် ချူဖျင်သည် လူတိုင်း၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုက်၏။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ အပြင်က အရက်က ကျွန်တော့်သမီး ချက်တဲ့ အရက်လောက် ဘယ်လိုလုပ် အရသာရှိနိုင်မှာလဲ”
အရှင်မင်းကြီး၏ အကြည့်သည် မှောင်မှိုင်းသွားတော့၏။ “ဟေ။ ဥပမာ”
ချူဖျင်: “ဥပမာ။ ကျွန်တော့်သမီးက ကျွန်တော့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ချက်ပေးတဲ့ အရက်...”
သူ ဆက်လက် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် သူ၏ အဖိုးတန် သမီးလေး၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသည်။ [သွားပြီ။ ငါ့အဖေက ဘာလို့ ဒီလောက်တောင် မိုက်ရတာလဲ။ သူသာ ပြောပြီးသွားလို့ အရှင်မင်းကြီးက ငါ့ကို မြည်းစမ်းခိုင်းစမ်း လို့ ပြောလိုက်ရင် သူက မပေးဘဲ နေနိုင်မှာလား]
ချူဖျင်သည် ချက်ချင်း သတိပြန်ဝင်လာသည်။ ဒါ ဟုတ်သားပဲ။
ကနဦးတွင် အရှင်မင်းကြီးသည် သောက်သုံးရန် ဆန္ဒ မရှိခဲ့ပေ။ သို့သော် ချူဟွား ထိုသို့ ပြောလိုက်ပြီးနောက်တွင်တော့ သူသည် မြည်းစမ်းကြည့်ချင်လာသည်။ အဓိက အကြောင်းအရာကတော့ လူလတ်ပိုင်း ပုန်ကန်မှုပဲ။
"ချူဖျင်။ ကျန်း..."
ကံမကောင်းစွာဖြင့် ချူဖျင်သည် ဤတစ်ကြိမ်တွင် ပါးနပ်သွားလေသည်။ သူသည် အရှင်မင်းကြီးကို အနိုင်မတိုက်နိုင်မှန်း သိသဖြင့် ချက်ချင်း လက်နက်ချလိုက်သည်။ “အရှင်မင်းကြီး။ ကျွန်တော် နန်းစောင့်တပ်မှူးရဲ့ စစ်ဆေးမှုကို လက်ခံနိုင်ပြီး ဘယ်တုန်းကမှ အလွဲသုံးစား မလုပ်ခဲ့ဘူးဆိုတာကို အာမခံပါတယ်”
မည်သို့ပင်ဖြစ်စေ နန်းစောင့်တပ်သားများသည် ချူမိသားစုထဲသို့ ပြောင်းရွှေ့ နေထိုင်ပြီး ဖြစ်သဖြင့် ထပ်ပြီး စိုးရိမ်စရာ မလိုအပ်တော့ပေ။
ထို့အပြင် အရှင်မင်းကြီးသည် နန်းစောင့်တပ်သားများကို စေလွှတ်ရဲလိမ့်မည် မဟုတ်ဟု သူ ယုံကြည်လေသည်။ တကယ်လို့ ချူဟွားရဲ့ အာရုံစိုက်မှုကို နှိုးဆွမိပြီး အိမ်မှာ နန်းစောင့်တပ်မှူးတွေ အများကြီး တွေ့သွားလို့ system ကို ဘာတွေ ဖြစ်နေတာလဲလို့ မေးလိုက်ရင် အဲဒီအခါကျရင် ပွဲပြီးပြီပဲ။
ချူဖျင်တစ်ယောက် ကြိတ်ပြီး ကျေနပ်သွားတော့၏။ ဟွားအာက သူ့ဦးနှောက် မကောင်းတာကို အမြဲတမ်း မထီမဲ့မြင် လုပ်တယ်ပေါ့လေ။ ဒါပေမဲ့ တကယ်တမ်းတော့ သူက အရမ်း ပါးနပ်တာ။
အရှင်မင်းကြီး: “...”
မှူးမတ်များ: “...”
ပြောရမည်ဆိုလျှင် ဤလှည့်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် သူ့ကို ဘာမှ လုပ်၍ မရတော့သည်မှာ အမှန်ပင်။ ချူဖျင်သည် အလွဲသုံးစား လုပ်ရန် မလိုအပ်လောက်အောင် ချမ်းသာနေပြီး သူတို့ကလည်း နန်းစောင့်တပ်မှူးများကို ပေါ်ပေါ်တင်တင် စေလွှတ်ရန် မဝံ့ရဲကြသည်ကို မည်သူက ပြုလုပ်နိုင်မည်နည်း။
အရှင်မင်းကြီးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ချူဖျင်သည် ချက်ချင်း တန်းစီနေရာသို့ ပြန်သွားတော့သည်။ ထို့နောက် သူသည် လုပ်ဖော်ကိုင်ဖက်များထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိသည်။
“ညီအစ်ကိုချူ။ တာဝန်ချိန်ပြီးရင် အတူတူ သွားသောက်ကြရအောင်”
ချူဖျင်သည် သဘောတူရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားပြီး သတိကြီးစွာ ပြလိုက်၏။
“သောက်လို့တော့ ရတယ်။ ဒါပေမဲ့ မင်းတို့ ငါ့ရဲ့ စုဆောင်းထားတာတွေကို လောဘတက်ခွင့် မရှိဘူး”
လုပ်ဖော်ကိုင်ဖက်များ: “...” ချူဖျင်က ပါးနပ်လာပြီ။ ကတောက်။
သူမ၏ အဖေသည် ဤအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်သွားသည်ကို မြင်တွေ့ရသဖြင့် ချူဟွားသည် အနည်းငယ် သက်ပြင်းချမိသည်။
system: [ဒါဆို ငါတို့ ဆက်ကြမလား]
ချူဟွား: [အိုကေ]
Systemသည် တစ်ဝက်တစ်ပျက် ဖော်ထုတ်ထားသော သတင်းအချက်အလက်ကို တူးဆွလိုက်၏။
[ကာလသားရောဂါက ညီလာခံရဲ့ လူအများစုဆီကို ပျံ့နှံ့သွားဖို့ဆိုရင် လူအများကြီးက ပိုးသတ်ခြင်း မရှိဘဲ မျှဝေသုံးစွဲကြလို့ ဖြစ်ရမယ်]
မာရွှီ: ? ! !
ဟောင်ယွိချိုင်: ? ! !
သူက ဘာပြောလိုက်တာလဲ။ ဘာ ကာလသားရောဂါလဲ။
ချူဟွားက ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူး ဟု အစောက ပြောခဲ့စဉ်က ထိုနှစ်ဦးသည် မိမိတို့ကိုယ်ကို ထည့်သွင်း စဉ်းစားမိခြင်း မရှိခဲ့ပေ။ ယခု ညီလာခံ၏ လူအများစုထံ ပျံ့နှံ့သွားသည် ဟု ထည့်သွင်း ပြောဆိုလိုက်သောအခါ သူတို့သည် ရုတ်တရက် ကြောက်လန့်သွားကြလေသည်။
မဖြစ်နိုင်ပါဘူး။ သူတို့က လျိုယွဲ့နဲ့ အကြိမ်များများ လိင်ဆက်ဆံခဲ့တာမှ မဟုတ်တာ ပြီးတော့ သူတို့ကိုယ်ပေါ်မှာ ဘာမှ ထူးထူးခြားခြား... မရှိပါဘူး။
system: [ငါ နောက်တစ်ခု ပြောပြမယ်။ ဒါက ပိုပြီး ပေါက်ကွဲစေနိုင်တယ်]
အရှင်မင်းကြီး: ? ? ?
မှူးမတ်များ: ? ? ?
ပထမ နှစ်ခုက လုံလောက်အောင် မပေါက်ကွဲသေးလို့လား။ ပို ပြင်းထန်သော အရာများ ရှိနေသေးတာလား။
နွေဦးမြင်ကွင်း (တိုက်ရိုက် လိင်ဆက်ဆံသည့် မြင်ကွင်း) ဖြစ်နေသော ဒုတိယမင်းသားပင်လျှင် သည်ကိစ္စတွင် သည်ထက် ပိုပြီး ပေါက်ကွဲစေနိုင်သော ဇာတ်လမ်းကို စဉ်းစားလို့ မရတော့ချေ။
ကာလသားရောဂါ သံသယရှိနေသော မာရွှီနှင့် ဟောင်ယွိချိုင်တို့ပင်လျှင် ဤအကြောင်းအရာကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ သူတို့ထက် ပို ရမ်းကား ကစားတတ်တဲ့ အရည်အချင်းရှိသူတွေ ရှိနေသေးတာလား။
system: [ဒီလူက ကွပ်ကဲရေး အမတ်တစ်ယောက်ပဲ]
ချူဟွား: [ဝိုး——]
အရှင်မင်းကြီးနှင့် မှူးမတ်များသည် သူတို့၏ ပေါက်ကွဲစေနိုင်သော မျက်လုံးများကို ကွပ်ကဲရေးရုံးမှ ကွပ်ကဲရေးအမတ်များစွာထံသို့ တိတ်တဆိတ် ပစ်လွှတ်လိုက်ကြသည်။
ကွပ်ကဲရေး အမတ်များ: "..."
ကွပ်ကဲရေးအမတ်များသည် မှူးမတ်အားလုံးကို ကြီးကြပ်ပိုင်ခွင့် အာဏာ ရှိကြပြီး ညီလာခံတွင် မှူးမတ်တစ်ဦးသည် အပြစ်ရှိမရှိကို ခိုင်မာသော သက်သေအထောက်အထား မရှိဘဲ ဆွေးနွေးနိုင်သော တစ်ခုတည်းသော ရာထူး ဖြစ်သည်။
သူတို့သည် မှူးမတ်များကို အသေးအဖွဲ ကိစ္စများအတွက် တိုင်ကြားခြင်းနှင့် မှူးမတ်များ ဒေါသထွက်သည်ကို မြင်တွေ့ရခြင်းတို့နှင့် အသားကျနေခဲ့ကြသည်။ အရှင်မင်းကြီးနှင့် လုပ်ဖော်ကိုင်ဖက်များစွာတို့က "ဒါကိုတော့ မမျှော်လင့်ထားဘူး" "ဘယ်သူက ဒီလောက် ပေါက်ကွဲစေနိုင်တာလဲ ကြည့်လိုက်ဦးမယ်" ဟူသော စနောက်သည့် မျက်လုံးများဖြင့် သူတို့ကို ကြည့်ရှုခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူတို့ကို အနေရခက်သွားကြတော့၏။
သို့သော် ရိုးရိုးသားသား ပြောရလျှင် မိမိကိုယ်ကို တင်းကြပ်ပြီး သူတပါးအပေါ် ရက်စက်သူများ ဖြစ်သော သူတို့ထဲတွင် ကြွက်ချေးတစ်တုံး မည်သည့်အချိန်က ရောနှောသွားခဲ့သည်ကို သူတို့ကိုယ်တိုင်လည်း အလွန် သိချင်နေကြသည်။
ကွပ်ကဲရေးရုံး တွင် အကြီးအကဲ နှစ်ဦး ရှိပြီး လက်ဝဲနှင့် လက်ယာ ကွပ်ကဲရေးချုပ်တို့ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် အသက် ၆၀ ကျော်အရွယ် ဆံပင်ဖြူဖြူနှင့် အဘိုးကြီးများ ဖြစ်ကြ၏။
ပုံမှန်အားဖြင့် သူတို့၏ အသက်အရွယ်ကြီးရင့်မှုကို အားကိုး၍ သူတို့သည် မတော်တဆမှုတစ်ခုကို အလိုရှိတိုင်း လုပ်ကြံဖန်တီးနိုင်ပြီး အရှင်မင်းကြီးနှင့် မှူးမတ်များသည် သူတို့ကို ထိပါးရန် မဝံ့ရဲကြပေ။ အကြောင်းမှာ သူတို့သည် ညီလာခံမှ တိုင်များကို ဝင်တိုက်ပြီး သွေး ၃ပေ ထွက်သည်အထိ ဖြစ်သွားမည်ကို ကြောက်ရွံ့သောကြောင့်ပင်။
ဤအခိုက်အတန့်တွင် အဘိုးကြီး နှစ်ဦး၏ မျက်နှာများသည် အိုးအောက်ခြေထက်ပင် ပိုမည်းမှောင်နေပြီး သူတို့၏ တောက်ပနေသော မျက်လုံး ၄ လုံးသည် ကွပ်ကဲရေးရုံး မှ မှူးမတ်များကို စူးစိုက် ကြည့်နေလေသည်။
လက်ဝဲကွပ်ကဲရေးချုပ်: ဘယ်သူက အဆူခံရမှာ မကြောက်တာလဲ။ ငါ ကြည့်လိုက်ဦးမယ်။
လက်ယာကွပ်ကဲရေးချုပ်: အိုး။ ဒီလောက် ကြောက်ရွံ့ခြင်းကင်းတဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး လာစမ်းပါ။
ကွပ်ကဲရေး အမတ်များ: "..."
အချို့သည် မျက်နှာပြင်ပေါ်တွင် ပြုံးနေသလိုလို တည်ငြိမ်နေဟန်တူသော်လည်း စိတ်ထဲတွင် အရူးအမူး ကျိန်ဆဲနေကြသည်။ မင်း.. သေချင်နေတာနဲ့ ငါတို့ကို ဆွဲမထည့်နဲ့။
Systemကလဲ ထိုအရာကို လျှို့ဝှက်ထားပြီး နာမည်ကို တိုက်ရိုက် မပြောခဲ့ပေ။ [သူက လက်ထပ်ပြီးသား မိန်းမတွေကို သဘောကျတာ]
ဤစကားလုံး နှစ်လုံး ထွက်ပေါ်လာသောအခါ ညီလာခံမှ မှူးမတ်များစွာတို့၏ နှလုံးသားများသည် တင်းကျပ်သွားကြတော့သည်။
လက်မထပ်ရသေးသော လူငယ်တစ်ချို့ကလွဲရင် ဘယ်သူက ဇနီးမရှိလို့လဲ။ သူတို့ ဇနီးတွေက... မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး သူတို့က အဲဒီလို လုပ်မှာ မဟုတ်ဘူး။
တကယ်လို့သာ ဒီလို ဖြစ်ခဲ့တယ်ဆိုရင် ဒါက ဦးထုပ်စိမ်း နဲ့ ဂုဏ်သိက္ခာ ပြဿနာတင် မကတော့ဘူး။ဒါက လူပါသတ်နိုင်တဲ့ ကာလသားရောဂါလည်း ပါလာနိုင်တယ်။
ချူဟွား: [ဖောက်ပြန်ရတာကို သဘောကျတဲ့ အကျင့်က ဘာကြီးလဲ။ ဒီ့အပြင် နှစ်ဖက်လုံး ဖောက်ပြန်တာလား]
ဖောက်ပြန်တာတဲ့လား။ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ထိုကိစ္စကို တရားမဝင်မေထုန်ပြုခြင်း အဖြစ် လျင်မြန်စွာ သတ်မှတ်လိုက်ကြလေသည်။
System: [ယောက်ျားတွေမှာ အမြဲတမ်း ဒီလို ဟိုလို ဝါသနာ သေးသေးလေးတွေ ရှိတတ်ကြတာပဲ]
[ဥပမာ။ စစ်ဘက်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး စုန့်လင်ဆိုရင် စုဆောင်းတဲ့ ဝါသနာ ရှိတယ်။ တခြားလူတွေက တံဆိပ်ခေါင်းတွေ ဒင်္ဂါးပြားတွေ ပုလင်းခွံတွေ စုကြတယ်။ ဒါပေမဲ့ သူကတော့ သုံးပြီးသား နံစော်နေတဲ့ခြေအိတ်တွေကို စုတယ်။ သူက နံစော်နေတဲ့ခြေအိတ် တစ်ခုချင်းစီကိုတောင် နံပါတ်တပ်ပြီး သေတ္တာတစ်လုံးထဲမှာ သေသေချာချာ ထုပ်ပိုးထားသေးတယ်]
ချူဟွားတစ်ယောက် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။ [နံစော်နေတဲ့ခြေအိတ်တွေကို ဘာလို့ စုရတာလဲ]
System: [မအိပ်ခင် အနံ့ခံလိုက် တစ်ညလုံး ကောင်းကောင်း အိပ်ပျော်သွားရော။ အဲဒီအချိန်ကစပြီး အိပ်မပျော်တာက ငါ့ကို ဒုက္ခမပေးနိုင်တော့ဘူး~]
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
အိုး။ သူ့လို လူကြမ်းကြီးမှာ ဒီလို ထူးဆန်းတဲ့ဝါသနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။
စစ်ဘက်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး စုန့်လင်: "..."
အရှင်မင်းကြီးနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ၏ အံ့ဩဖွယ်ရာ အရာတစ်ခုကို ကြည့်နေသကဲ့သို့သော အကြည့်များကို ခံစားမိသောအခါ သူ၏ ကြမ်းတမ်းသော လေးထောင့်ကျကျ မျက်နှာသည် ပြိုကျလုနီးပါး ဖြစ်သွားသည်။
သူက ဆောင်ကြာမြိုင်လည်း မသွားဘူး။ အလွဲသုံးစားလည်း မလုပ်ဘူး။ တရားမဝင်မေထုန်လည်း မပြုဘူး။ နံစော်နေတဲ့ခြေအိတ်တွေ စုတာလေးပဲ မဟုတ်ဘူးလား။
သူက ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘူးလေ။ အလွန်ဆုံး ထိခိုက်ခဲ့ရင်တောင် နံစော်နေတဲ့ခြေအိတ်တွေ ထည့်ထားတဲ့ သေတ္တာကိုပဲ။ ဒါလေးတောင် မရဘူးလား။ သူ မအိပ်ခင် နံစော်နေတဲ့ခြေအိတ်တွေ အနံ့ခံတဲ့အခါတောင် သူ့ဇနီးတွေ မယားငယ်တွေကို ရှောင်ခဲ့သေးတယ်။ ဒါတောင် မရဘူးလား။
စုန့်လင်သည် နစ်နာသည်ဟု ခံစားလိုက်ရသည်။ အိပ်မပျော်ခြင်းသည် အမှန်တကယ် နာကျင်ခံစားရခက်လှ၏။
ချူဟွားသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ: [ငါ နားမလည်ဘူး။ ဒါပေမဲ့ ငါ လေးစားပါတယ်]
ဟုတ်တယ်လေ။ စုန့်လင်သည် အရူးအမူး ခေါင်းညိတ်လိုက်လေသည်။ သူတို့ နားမလည်နိုင်ပေမဲ့ သူ့ကိုတော့ လေးစားရမယ်။
ညီလာခံမှာ လုပ်ဖော်ကိုင်ဖက်တွေ ဒီလောက် အများကြီး ရှိတာ ချူဟွားက သူ့ကို လေးစားဖို့ သဘောတူတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။ ဒီအချက်ကြောင့် နောင်အနာဂတ်မှာ ချူဟွားက စစ်ဘက်ဝန်ကြီးဌာနကို လာခဲ့ရင် သူ ပိုပြီး ကူညီပေးရမယ်။
System: [ကိစ္စကို ပြန်ဆက်ရအောင်]
ချူဟွား: [အင်း]
Systemသည် ဖရဲသီးကြီးကို ဖော်ထုတ်လိုက်လေသည်။ [သူ့ညီအစ်ကိုတွေနဲ့ မိတ်ဆွေတွေရဲ့ ဇနီးတွေ မယားငယ်တွေက မွေးတဲ့ သားသမီးတွေရဲ့ ၈၀ ရာခိုင်နှုန်းက သူ့သားသမီးတွေပဲ။ သူ့မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မက်မွန်ပန်းတွေ ရှိနေပြီး မြို့တော်တစ်ခုလုံးမှာ ကလေးတွေ ပြည့်နေတယ်]
ချူဟွား: [ဒီကွပ်ကဲရေးအမတ်ကတော့ တကယ် အံ့ဩစရာပဲ]
သား ၅ ယောက်နှင့် သမီး ၃ ယောက် ရှိသော အရှင်မင်းကြီး: “...”
သားသမီး နည်းပါးသော မှူးမတ်များ: “...”
အဲဒီကွပ်ကဲရေးမှူး တကယ် အံ့ဩစရာပါလား။
ဂုဏ်သိက္ခာ ထိခိုက်သွားသော ကွပ်ကဲရေး အမတ်များ: “...”
...