← Chapters

အခန်း ၂၄

Vol. 2 Ch. 24

အခန်း ၂၄

Vol. 2 Ch. 24

အပိုင်း (၂၄)

သတင်းကို ဆက်သလာချိန်တွင်တော့ အရှင်မင်းကြီးနှင့် မင်းဆရာအိုကြီး အပါအဝင် အခြားသူများအားလုံး စိုးရိမ်ပူပန်သွားကြတော့၏။

တစ်မနက်ခင်းတည်းမှာပင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မှူးမတ်များ၏ ထက်ဝက်ကို ချူဟွား သင်ပေးလိုက်သော နည်းလမ်းအား အသုံးပြုကာ စာရင်းစာအုပ် သေတ္တာ အလုံး ၂၀ ကို စစ်ဆေးစေခဲ့လေသည်။ သူတို့သည် အရွယ်အစား အမျိုးမျိုးရှိသော ဟာကွက်ပေါင်း ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။

အစကတော့ ထိုဟာကွက်များ၏ အခြေအနေ အတိအကျကို စုံစမ်းစစ်ဆေးရန် လူအင်အားနှင့် အရင်းအမြစ်များစွာ လိုအပ်ပေမည်။ ဖရဲသီးစား system က စစ်ဆေးပြီးသည့်နောက်တွင်တော့ မကောင်းဆိုးဝါး၊ တစ္ဆေ သရဲများအားလုံး ပေါ်ထွက်လာခဲ့တော့သည်။ အဆင်ပြေ၊ တိကျပြီး ကုန်ကျစရိတ်လည်း သက်သာလှသည်။ နန်းစောင့်တပ်သား ဒါဇင်ပေါင်းများစွာထက်ပင် ပိုကောင်းနေသေး၏။

အကယ်၍ ချူဟွား သေဆုံးသွားပါက သည်လို အသုံးဝင်သော အလကားရသည့် လုပ်အားစုသည် ပျောက်ကွယ်သွားလိမ့်မည်။

မင်းဆရာအိုကြီးက အကြံပြုလိုက်၏။ "အရှင်မင်းကြီး၊ ကိုယ်ရံတော်တစ်ယောက် စေလွှတ်လိုက်တာကကော ဘယ်လိုလဲ"

မင်းဆရာကြီးက ပြောလိုက်၏။ "ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းစစ်တာက လူတော်တော်များများကို ထိခိုက်စေပြီး သူ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာ အကြောင်းရှိတယ်ဆိုတာကို အကြောင်းပြချက်အနေနဲ့ သုံးလို့ရနိုင်ပါတယ်"

အရှင်မင်းကြီးသည်လည်း ထိုသို့ပင် တွေးထင်တော်မူ၏။ system က စုဆောင်းနိုင်သော သတင်းအချက်အလက်များတွင် အကန့်အသတ် အချို့ ရှိသော်လည်း ၎င်း၏ အားသာချက်မှာ လျင်မြန်၊ တိကျ၊ ရက်စက်ပြီး ရှုထောင့်တစ်ခုတွင် မျက်ကွယ်နေရာများ မရှိခြင်းပင်။ သူတို့ လျစ်လျူရှုမိသော အပိုင်းကို ဖမ်းမိရန် လွယ်ကူလှသည်။ ဒါသည် ကောင်းကင်ဘုံက သာ့ရှန်းကို ပေးသနားလိုက်သည့် အဖိုးတန်ရတနာတစ်ပါး ဖြစ်၏။

"၂ ယောက် လွှတ်လိုက်။ ဆေးပညာ ကျွမ်းကျင်တဲ့ တစ်ယောက်ကို ရှာ"

ဒါကလဲ တစ်စုံတစ်ယောက်က ချူဟွားကို တိတ်တဆိတ် အဆိပ်ခတ်ပြီး တိတ်တဆိတ် သေဆုံးသွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် ဤအချက်ကို အလေးအနက် သဘောတူညီကြသည်။ တစ်ခုတည်းသော စိုးရိမ်မှုမှာ "သူက မလိုချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

အရှင်မင်းကြီးက ရက်စက်စွာ တွေးလိုက်သည်။ သူ မလိုချင်ဘူး ဆိုရင်တောင် လက်ခံရမှာပဲ!

လူတစ်ယောက်နဲ့ system တစ်ခုရဲ့ စကားပြောဆိုမှုကို သူတို့ ကြားနိုင်တယ်ဆိုတာ ပေါ်သွားရင်တောင် အနာဂတ်မှာ သူတို့ စားရမဲ့ ဖရဲသီး အရေအတွက်က နည်းသွားပြီး အကြောင်းအရာတွေက ကန့်သတ်ခံရလိမ့်မယ်။ ဒါက system ကို ဆုံးရှုံးလိုက်ရတာထက် ပိုကောင်းသေးတယ်!

ဟုတ်ပါသည်။ ဒါကလဲ နောက်ဆုံး နည်းလမ်း ဖြစ်၏။ မပေါ်ပေါက်စေဘဲ တိတ်တဆိတ် ဖရဲသီး စားခြင်းဖြင့်သာ အကျိုးစီးပွားကို အမြင့်ဆုံး ဖြစ်စေနိုင်မည်။

Systemက ဖရဲသီး စားခြင်းဖြင့် လူတိုင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်မိမည့် ကိစ္စအတွက်တော့...

တိုင်းပြည် အကျိုးစီးပွားအတွက် ကျန်းကိုယ်တိုင်တောင်မှ စတေးခံထားရတာ၊ တခြားသူတွေက ဘာလို့ သူတို့ကိုယ်သူတို့ မစတေးနိုင်ရမှာလဲ။! ဘာလို့လဲ။!

အရှင်မင်းကြီးနှင့် အခြားသူများ တော်ဝင်စာကြည့်ဆောင်ထဲတွင် ဦးနှောက်ခြောက်အောင် စဉ်းစားနေကြစဉ် ချူဟွားတစ်ယောက်တော့ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် သက်သောင့်သက်သာ နေပူစာလှုံလို့နေသည်။

[System၊ ဖရဲသီး စားရအောင်]

Systemကလဲ အသင့်ပင်။ [ဟုတ်ပြီ! မနေ့က ဇနီးနဲ့ ဝက် အကြောင်း ဖရဲသီးက မပြီးသေးဘူး၊ ဒီတော့ ငါ အခုပဲ ဆက်ပြောတော့မယ်]

[ဝူရူက ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားခဲ့ပြီး သူ့မိသားစုက အစွမ်းကုန် ကြိုးစားပမ်းစား ပြုစုပျိုးထောင်ခဲ့ရတာ။ ဒီအတွက်ကြောင့် သူ့မိသားစုက ဆင်းရဲခဲ့တယ်။ လူတွေက များပြီး နေစရာနေရာက သိပ်မရှိတော့ ဒီလိုကိစ္စမျိုးကို သူ မြင်ဖို့ လွယ်ကူခဲ့တယ်။ သူက သူ့အစ်ကိုကြီး မရှိတုန်း သူ့အစ်ကိုကြီးရဲ့ မိန်းမက ဖောက်ပြန်နေတာကို မျက်မြင်တွေ့ခဲ့ဖူးတယ်လေ]

[သူ ငယ်ငယ်တုန်းကတော့ ဒါက ဘာလဲဆိုတာ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒါက သူ့ရဲ့ နုနယ်တဲ့ စိတ်ထဲမှာ အမှတ်အသားတစ်ခု ကျန်ရစ်စေခဲ့ပြီး မယားနဲ့ ကိုယ်လုပ်တော်တွေ ယူတဲ့ ကိစ္စမှာ သူ့ကို မမြင်နိုင်တဲ့ ပုံစံနဲ့ လွှမ်းမိုးခဲ့တယ်။ ပြီးတော့ သူ့ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေရဲ့ မယားတွေ၊ ကိုယ်လုပ်တော်တွေအပေါ်မှာ လှုပ်ရှားမှုတွေ လုပ်ဆောင်စေခဲ့တယ်]

ချူဟွား: [သူ့ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေက ဘယ်တုန်းကမှ မသိခဲ့ကြဘူးလား]

System: [သူက အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ ဆရာကြီးတစ်ယောက်ပဲ။ သူက သူ့အချိန်နဲ့ စွမ်းအင်ကို သူ့ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေရဲ့ မယားတွေ၊ ကိုယ်လုပ်တော်တွေ တစ်ယောက်ချင်းစီအတွက် အဆင်ပြေအောင် ခွဲဝေပေးထားတယ်။ သူတို့တွေ ခွဲနေတဲ့အခါ သိဖို့ ခက်ခဲတာပေါ့]

[အရက်က သူ့အဝတ်အစားတွေပေါ် ဖိတ်သွားတယ်၊ သူက အဝတ်အစားလဲဖို့ ဘေးအခန်းကို သွားတယ်။ ဒါက ပုံမှန်ပဲ မဟုတ်လား။ သူ ပြန်လာပြီးမှ အဝတ်အစား လဲတာကလည်း ပုံမှန်ပဲ မဟုတ်ဘူးလား။ သူက အိမ်သာသွားတယ်၊ ပြီးတော့ အရက်နံ့ ပျောက်အောင် ဥယျာဉ်ထဲမှာ လမ်းလျှောက်ထွက်တယ်။ ဒါက ပုံမှန် မဟုတ်ဘူးလား။ ဘယ်သူက အဲ့ဒီဘက်ကို တွေးမိမှာလဲ]

ချူဟွား: "..."

[ဒီလူက တော်တော် တွေးခေါ်တတ်တာပဲ။ သူက မပေါ်လွယ်တဲ့ နည်းလမ်းတွေကို ရှာနေတာ]

စာပေပညာရှင် အများစုသည် အရက်သောက်ခြင်း၊ ကဗျာစပ်ခြင်း၊ သီချင်းဆိုရင်း သောက်ခြင်းနှင့် အရက်သောက် ပွဲများတွင် စကားစမြည် ပြောခြင်း အလေ့အထ ရှိကြလေသည်။ အရက်ဝိုင်း ယဉ်ကျေးမှုနှင့် လူမှုရေး ယဉ်ကျေးမှုတို့မှာ မရှားပါးလှပေ။

ဒါကလဲ ချူဟွား၏ အရက်ဆိုင် လုပ်ငန်း အလွန် ကောင်းမွန်ရခြင်း၏ အကြောင်းရင်းပင်— ချမ်းသာပြီး အရက်သောက်ကြိုက်သော ဖောက်သည်များစွာ ရှိနေသောကြောင့်ပင်။

အရက်မူးခြင်း၊ ယစ်မူးခြင်းနှင့် အဝတ်အစား လဲလှယ်ခြင်းတို့သည် နေ့စဉ်ဘဝတွင် မိုးရွာသည့်အခါ ထီးဆောင်းခြင်း၊ ခေါင်မိုးအောက်တွင် မိုးခိုခြင်းတို့နှင့် တူညီလှ၏။ ဒါကလဲ လုံးဝကို ပုံမှန်ပင်။

Systemက အံ့ဩတကြီး ပြောလိုက်သည်။ [တကယ့် အရည်အချင်းပဲ!]

ချူဟွား: [သူက ညီအစ်ကို ဘယ်နှယောက်ကို ဦးထုပ်စိမ်း ဆောင်းပေးခဲ့ပြီး ကလေး ဘယ်နှယောက် ရခဲ့လဲ]

System သည် စကားပြောရ အလွန် လွယ်ကူသူတစ်ယောက်ပင်။ သူက စာရင်းကို စတင် တင်ပြတော့၏။

ကွပ်ကဲရေးမှူးများသည် မှူးမတ်များကို ကြီးကြပ်ပြီး မှူးမတ်များနှင့် အကွာအဝေးတစ်ခု ထားကာ ကြားနေ သဘောထားမျိုး ထားရှိရန် ကြိုးစားကြရသည်။ ထို့ကြောင့် ဦးထုပ်စိမ်း ဆောင်းခံရသူ အများစုမှာ ကွပ်ကဲရေးမှူးများ ဖြစ်နေကြ၏။

နာမည်များ၏ ရှည်လျားသော စာရင်းကို တင်ပြလိုက်ရာ ဖရဲသီး စားစရာ ရှိသည်ဟု ကြားလိုက်ချိန်တွင် လာနားထောင်ကြသည့် ချူဟွားနှင့် မှူးမတ်များကို အံ့အားသင့်စေတော့သည်။

ချူဟွားသည် စာပိုဒ် တစ်ပိုဒ်စီကို နားထောင်ရင်း [အိုး] ဟု အသံထွက်လိုက်သည်။ [အိုး] ဟု အသံထွက်ခြင်း များလာသောအခါ သူမသည် ခိုးနားထောင်နေသော မှူးမတ်များနှင့် နန်းစောင့်တပ်သားများကို တိတ်တဆိတ် အိုး... ခိုင်းနေသလို ဖြစ်သွားတော့သည်။

ဘုရားရေ!

ကွပ်ကဲရေးဌာနရှိ ရာထူးအဆင့် ရှိ/မရှိ မှူးမတ် စုစုပေါင်း အရေအတွက်မှာ ၁၀၀ ကျော်သာ ရှိသော်လည်း ဝူရူသည် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ လေးပုံတစ်ပုံကို ဦးထုပ်စိမ်း ဆောင်းပေးခဲ့ပြီး ဖြစ်နေသည်။

သတင်းသည် ကွပ်ကဲရေးဌာနသို့ ရောက်ရှိသွားသောအခါ ထို ကွပ်ကဲရေးမှူးများ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေမလားတော့ မသိတော့ချေ။

ထို့နောက် system သည် စစ်ဘက်ဆိုင်ရာ တပ်မှူးများ၊ စစ်သူကြီးများ၊ ဒု-ဗိုလ်များ၊ ရှင်းဝူ စစ်သူကြီးများ... စသည်တို့၏ စာရင်းကို စတင် တင်ပြလေသည်။

မှူးမတ်များနှင့် နန်းစောင့်တပ်မှူးများ: အိုး! ဝူရူက တကယ် အံ့မခန်းပဲ!

သူတို့သည် ချူဟွားကြောင့် လုံးဝ လမ်းလွဲသွားတော့သည်။

သည်အချိန်မှာပင် ချူဟွားသည် တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်၏။ [သူ ဘယ်လောက်ပဲ ချောမောနေပါစေ၊ ကိုယ့်ခင်ပွန်းတွေကို သစ္စာဖောက်ပြီး သူနဲ့ ဖောက်ပြန်ချင်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေ ဒီလောက် မများနိုင်ဘူး]

[လျိုယွဲ့ရဲ့ ဖောက်ပြန်မှုက လူအများကြီးနဲ့ ပတ်သက်နေတာကို ငါက နည်းနည်း ထူးဆန်းနေပြီ။ ဝူရူရဲ့ အပြုအမူက ဒီအတိုင်းကို လက်တွေ့နဲ့ ဆန့်ကျင်နေတာပဲ။ သာ့ရှန်းက သီလစောင့်ထိန်းမှုကို တန်ဖိုးမထားပေမဲ့ သစ္စာရှိမှုကို ဘာမှမဟုတ်သလို သဘောမထားဘူးလေ။ သူက ဘယ်လိုလုပ် ဒီလောက် များနေရတာလဲ]

System: [သူ့မှာ ဆေး ရှိတယ်]

ချူဟွား: [ဘာဆေးလဲ]

System: [သက်ရှည်ဆေးအနှစ်၊ ဘိန်း၊ မူးယစ်ဆေး၊ အားလုံးက အတူတူပဲ]

ချူဟွားသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ မတော်တဆ အမြန် ထရပ်လိုက်မိသဖြင့် သူမ အနည်းငယ် မူးဝေသွားတော့သည်။

ဤအခိုက်အတန့်ပြီးနောက် သူမသည် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကို ဖိနှိပ်လိုက်ပြီး မြန်မြန် မေးလိုက်လေသည်။ [သူက ဒီပစ္စည်းကို ဘယ်က ရတာလဲ]

Systemလဲရှာဖွေလိုက်ရာ တွေ့ရှိသွားသည်။

[ဒါကို ရှီးရုံကနေ ရခဲ့တာ]

ချူဟွား၏ မျက်လုံးများသည် ရုတ်တရက် နက်ရှိုင်းသွားသည်။ ထိုအကြည့်ထဲတွင် အတိုင်းအတာတစ်ခုအထိ နားလည်မှု ပါဝင်နေ၏။ [သူက ရန်သူနဲ့ ပူးပေါင်းခဲ့တာလား]

System က အံ့ဩသွားသည်။ [ဟင်။ မမကြီးဟွား၊ နင် ဘယ်လို သိသွားတာလဲ]

ချူဟွားက မည်သို့ သိနေခဲ့ပါသနည်း။ ဟုတ်ပါသည်။ ထိုအရာကလည်း သူမသည် အလွန် ဆိုးရွားလှသော သမိုင်းတစ်ခုကို မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။ [ဒီပစ္စည်းက စွဲလမ်းစေတယ်။ တစ်ယောက်ယောက်က စွဲသွားပြီဆိုတာနဲ့ ရှီးရုံက လိုချင်တာ မှန်သမျှကို ပေးလိမ့်မယ်။ သူက ရုပ်သေးရုပ်တစ်ရုပ်ထက်တောင် ပိုပြီး နာခံတတ်လာလိမ့်မယ်]

[ကွပ်ကဲရေးမှူးက မှူးမတ်အားလုံးကို စွပ်စွဲပြစ်တင်နိုင်တယ်၊ စစ်သူကြီးတွေမှာကျတော့ စစ်အင်အား ရှိတယ်။ သူတို့ဆီကနေ မြို့တော် ဒါမှမဟုတ် နေရာအနှံ့အပြားရဲ့ ကာကွယ်ရေး မြေပုံကို ရယူတာပဲ ဖြစ်ဖြစ်၊ မယားတွေနဲ့ ကိုယ်လုပ်တော်တွေက စစ်သူကြီးတွေကို သက်ရှည်ဆေးအနှစ် သုံးစွဲအောင် ဦးဆောင်ခိုင်းတာပဲ ဖြစ်ဖြစ်၊ သူတို့က သာ့ရှန်း ညီလာခံကို တိတ်တဆိတ် ပြိုကွဲသွားအောင် လုပ်နိုင်တယ်]

[နောက်ဆုံးတော့...] ချူဟွားသည် ဒေါသထွက်လွန်းသဖြင့် သူမ၏ လက်များ တုန်ယင်လာလေသည်။

[အဲ့ဒီအရာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ချည့်နဲ့သွားစေပြီး လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ပြိုကွဲစေလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လက်နက်က မတည်ငြိမ်တော့ဘဲ အသက်သွေးကြောက ပြိုင်ဘက်ရဲ့ လက်ထဲမှာ ရောက်နေလိမ့်မယ်။ အဲ့ဒီအခါကျရင် သာ့ရှန်းက ရှီးရုံကို တိုက်ခိုက်ဖို့ ဘာကို သုံးနိုင်တော့မှာလဲ]

Systemသည် ဖော်ပြလိုက်သော ပုံရိပ်ကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။ [ငါတို့ ဘာလုပ်သင့်လဲ။ ဝူရူရဲ့ လျှို့ဝှက်အခန်းထဲမှာ ဒီလို ပစ္စည်းတွေ အများကြီး ရှိတယ်]

ချူဟွား: [ငါ စဉ်းစားပါရစေဦး...]

ခိုးနားထောင်နေသော မှူးမတ်များနှင့် နန်းစောင့်တပ်မှူးများသည် သက်ရှည်ဆေးအနှစ်၏ အကျိုးဆက်များကို မသိရှိကြဘဲ ချူဟွားက ချဲ့ကားပြောဆိုပြီး လှန့်လုံးထုတ်နေခြင်း ရှိ၊ မရှိ အနည်းငယ် သံသယ ဝင်နေမိကြသည်။

သို့သော် ချူဟွားသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ သူမ၏ အသံပင် တုန်ရီနေ၏။ သူမသည် အလွန် ဒေါသထွက်ပြီး ကြောက်လန့်နေသည်မှာ ထင်ရှားသည်။

သက်ရှည်ဆေးအနှစ်က တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာ ကောင်းတာလား။

ခိုးနားထောင်နေသည့် မှူးမတ်တစ်ဦးသည် စက္ကူကဲ့သို့ ဖြူဖျော့သွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်၊ ကျွန်တော် အဲ့ဒါကို နှစ်အနည်းငယ်လောက် စားဖူးတယ်"

လုပ်ဖော်ကိုင်ဖက်က ချက်ချင်း ခေါင်းလှည့်လိုက်သည်။ "ခင်ဗျား စားဖူးတယ် ဟုတ်လား"

ထိုမှူးမတ်သည် ကြောက်လွန်းသဖြင့် ပါးစပ်ပင် ရွဲ့သွားကာ "အောက်က လူတွေက ကျွန်တော့်ကို လက်ဆောင်အဖြစ် ပေးတာပါ၊ ကျွန်တော်၊ ကျွန်တော်..."

ဒါက... မှူးမတ်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သက်ရှည်ဆေးအနှစ်သည် အမှန်တကယ် သူတို့၏ လက်ထဲတွင် ရှိနေခဲ့လေသည်။

ချူဟွားက အကြောင်းရင်းကို ရှာမတွေ့မီတွင် သည်အစီရင်ခံစာ အပိုင်းကို အရှင်မင်းကြီး၊ မင်းဆရာအိုကြီး၊ မင်းဆရာကြီးနှင့် အခြားသူများထံ တင်ပြခဲ့ပြီး ဖြစ်၏။

"သက်ရှည်ဆေးအနှစ် ဟုတ်လား" အရှင်မင်းကြီးသည် တစ်နေရာရာတွင် ကြားဖူးသလို အမြဲ ခံစားနေရသော်လည်း သူ၏ မှတ်ဉာဏ်မှာ အနည်းငယ် ဝေဝါးလို့နေသည်။

မင်းဆရာအိုကြီး၏ အသက်အရွယ်ကြောင့် အစက်အပြောက်များ ဖုံးလွှမ်းနေသော လက်များက တုန်ယင်သွားတော့၏။ "မနှစ်က ရှီးရုံက ကုန်သည်တစ်စုက သက်ရှည်ဆေးအနှစ်ကို လက်ဆောင်အဖြစ် ဆက်သခဲ့တယ်။ တော်ဝင်သမားတော်က အဆိပ်မရှိဘူးလို့ ပြောခဲ့ပါတယ်"

တော်ဝင်သမားတော်က အဆိပ်မရှိဟု ပြောခဲ့သည်။ system က ထိုဆေးကို မူးယစ်ဆေးဟု ခေါ်ပြီး ချူဟွားက ၎င်းကို စွဲလမ်းစေသည်ဟု ပြောခဲ့သည်။

မင်းဆရာကြီး: "ဒါက စွဲလမ်းစေတယ်ဆိုရင် ဝူရှီစန်းနဲ့ ဆင်တူတယ်"

ဝူရှီစန်းသည် မင်းဆက် အသီးသီးမှ သုံးစွဲသူများမှတစ်ဆင့် အချက်တစ်ချက်ကို သက်သေပြခဲ့သည်။ ဝူရှီစန်းကို ရေရှည် သုံးစွဲခြင်းသည် အဆိပ်သင့်စေပြီး ထိုပစ္စည်းသည် နာတာရှည် အဆိပ်တစ်မျိုး ဖြစ်သည်။

အရှင်မင်းကြီးသည်လည်း နောက်ဆုံးတော့ သတိရသွားတော့၏။ "ကျန်း မှတ်မိပြီ! ဒါက အိုးသေးသေးလေးထဲမှာ ထည့်ထားတာ၊ ပြီးတော့ အရမ်း ရှားပါးပြီး အဖိုးတန်တဲ့ အရာတစ်ခုလို့ ပြောကြတယ်။ ကျန်းက အနံ့က ထူးဆန်းတယ်လို့ ထင်ခဲ့ပြီး ဘယ်ထောင့်ကို ပစ်ထားမိမှန်း မသိတော့ဘူး"

"ဒီပစ္စည်းက ဝူရှီစန်းနဲ့ ဆင်တူတယ်ဆိုရင် ဒါကလည်း နာတာရှည် အဆိပ်တစ်မျိုးပဲ။ အဆိပ်က ခြေရာခံဖို့ ခက်ခဲပြီး နေ့စဉ် သောက်သုံးမှသာ ရှာဖွေတွေ့ရှိနိုင်တာမျိုး ဖြစ်နိုင်တယ်။ တော်ဝင်သမားတော်က ဒါကို မမြင်နိုင်တာ ဖြစ်နိုင်တယ်"

ပစ္စည်းက အစကတည်းက အများကြီး မရှိခဲ့ပေ။ တော်ဝင်သမားတော်သည် အဆိပ် ရှိ၊ မရှိ စစ်ဆေးရန် အနည်းငယ်သာ ယူခဲ့ပြီး နေ့စဉ် စမ်းသပ်နိုင်ခဲ့ခြင်း မရှိချေ။

ထို့အပြင် ထိုပစ္စည်းသည် ရှီးရုံ မှ လာခြင်း ဖြစ်ပြီး တော်ဝင်သမားတော်များကတော့ သာ့ရှန်းတွင် မွေးဖွား ကြီးပြင်းလာကြသူများ ဖြစ်သည်။ ရှီးရုံကပစ္စည်းများကို မြင်တွေ့ရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ သူတို့ မမှတ်မိနိုင်ခြင်းမှာ ပုံမှန်ပင်။

ဤသို့ဖြင့် ရှီးရုံက မည်သို့ ကြံစည်နေသည်ကို သိရှိသွားကြတော့သည်။- သာ့ရှန်း မှူးမတ်များကို သက်ရှည်ဆေးအနှစ်ဖြင့် တိတ်တဆိတ် အဆိပ်ခတ်ပြီး စစ်သား တစ်ယောက်မျှ မသုံးဘဲ သာ့ရှန်းကို သိမ်းပိုက်မည့်အကြံပင်။

ဤခန့်မှန်းချက်ကို သူတို့ကို ပိုမို သေချာစေသည့်အရာမှာ မကြာမီပင် နောက်ထပ် အစီရင်ခံစာတစ်ခု ရောက်ရှိလာခြင်းပင်။

Systemသည် ဖရဲသီးများကို ထပ်မံ ရှာဖွေနေခဲ့ခြင်း ဖြစ်နေသည်။ [မမကြီးဟွား၊ နင့်မိသားစုရဲ့ ယိညန် လျိုယွဲ့ကလည်း သက်ရှည်ဆေးအနှစ် စားနေတယ်]

[သူ့ရဲ့ သက်ရှည်ဆေးအနှစ်ကို တခြားတစ်ယောက်က ပေးတာ။ အင်း၊ ဒီမှာ နောက်ထပ် ဖရဲသီးတစ်လုံး ရှိသေးတယ်။ သူ့ကို သက်ရှည်ဆေးအနှစ် ပေးတဲ့လူက တကယ်တော့ ရှီးရုံကပဲ။ သူက ဝူရူကို သက်ရှည်ဆေးအနှစ် ပေးတဲ့လူနဲ့ အဖွဲ့တူတူပဲ!]

[နေဦး၊ လျိုယွဲ့ တောထဲမှာ ပထမဆုံး တွေ့ခဲ့တဲ့ ယောက်ျားက ရှီးရုံကပဲ။ သူက လျိုယွဲ့ကို သက်ရှည်ဆေးအနှစ် ပေးခဲ့ပြီး ဒါက ကာမအားတိုးဆေးလို့ ပြောခဲ့တယ်၊ ပြီးတော့ ဒါက တကယ်ပဲ ကာမအားတိုးစေတဲ့ အာနိသင် ရှိခဲ့တယ်။ လျိုယွဲ့က အကြိမ်အနည်းငယ် စားပြီးတဲ့နောက်မှာ စွဲလမ်းသွားခဲ့ပြီး တခြားသူက ဘာပဲ ပြောပြော အကုန် လိုက်လျောတော့တာပဲ]

ချူဟွား: ? ? ?

အံ့ဩစရာမရှိဘူး! နူးညံ့သိမ်မွေ့ပြီး အားနည်းတဲ့ လျိုယိညန်က ဘာလို့ ဒီလောက် အရှက်မရှိတဲ့ အလုပ်မျိုး လုပ်ခဲ့လဲ ဆိုတာ အံ့ဩစရာမရှိတော့ဘူး။ တကယ်တော့ သူက သက်ရှည်ဆေးအနှစ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာကိုး!

[နင် ဘာလို့ အရင်က မပြောခဲ့တာလဲ]

System: [ဖရဲသီးစား system က ဒီအကြောင်းအရာ နှစ်မျိုးကို သီးခြားစီ ရောင်းတာ။ နင်က သူ နေမကောင်းဘူးလား ဆိုတာကို အရင် သိချင်ခဲ့တာလေ၊ ဒါကြောင့် ငါက နေမကောင်းတဲ့ ဖရဲသီးကိုပဲ ဝယ်ခဲ့တာ]

[အင်း၊ ငါ နင့်ကို ပြလိုက်တာ ပိုကောင်းမယ်]

အသံဆုံးသည်နှင့် ချူဟွား၏ ရှေ့တွင် အီလက်ထရွန်နစ် ပုံရိပ်ယောင်စခရင် သေးသေးလေးတစ်ခု ပေါ်လာလေသည်။

ထိုအရာက Taobao ရှာဖွေမှု ရလဒ်လို စာမျက်နှာတစ်ခုပင်။ "လျိုယွဲ့" ဟူသော စကားလုံး နှစ်လုံးကို ရှာဖွေရေးဘားတွင် ထည့်သွင်းထားလေသည်။ အောက်တွင် အကန့်လေးများ ပါရှိပြီး တစ်ခုချင်းစီတွင် လျိုယွဲ့၏ ဓာတ်ပုံတစ်ပုံ ပါရှိသည်။ ၎င်းတို့ထဲမှ တစ်ခုဖြစ်သည့် [နေမကောင်းသော ဖရဲသီး] မှာ ဖတ်ရှုပြီး ဖြစ်နေသည်။

အခြား ကြီးမားသော၊ သေးငယ်သော ဖရဲသီးများလည်း ရှိသေးသည်။ အောက်ဘက် ဘယ်ဘက်ထောင့်တွင် ဝယ်ယူရန် လိုအပ်သော ဖရဲသီး စွမ်းအင်ကို အမှတ်အသား ပြုထား၏။ အများဆုံးမှာ ဖရဲသီး ထောင်ပေါင်းများစွာ ဖြစ်ပြီး အနည်းဆုံးကတော့ တစ်လုံးတည်းသာ ဖြစ်သည်။

၂ စက္ကန့်ကြာ ကြည့်ရှုပြီးနောက် system သည် ရှိုက်သံတစ်ခုနှင့်အတူ ပိတ်သွားတော့၏။

တစ်ချိန်တည်းမှာပင် အနီးအနား မီတာ ၅၀ အတွင်းရှိ မှူးမတ်များနှင့် နန်းစောင့်တပ်မှူးများ၏ ရှေ့တွင် ကွန်နက်ရှင် မကောင်းသကဲ့သို့ ပုံရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ဝေဝါးသော ပုံတစ်ပုံကိုသာ မြင်တွေ့လိုက်ရပြီး ထိုအရာက ပျောက်ကွယ်သွား၏။

System သည် နာကျင်စွာဖြင့် အသက်ဖမ်းရှူလိုက်ကာ [ငါက host နဲ့ screen မျှဝေတာက ဖရဲသီး စွမ်းအင် အများကြီး ကုန်ကျမှန်း သိပါတယ်၊ ဒါပေမဲ့ ၂ စက္ကန့်လေး အတွက်နဲ့ ဖရဲသီး စွမ်းအင် ၄,၀၀၀ ကျော် နှုတ်ယူဖို့ လိုအပ်လို့လား။ မတရားတဲ့ စီးပွားရေးသမား... ငါ နောက်ဆုံးတော့ တော်ဝင်စာမေးပွဲ မေးခွန်းတွေကိုပြီးအောင် ညဉ့်နက်ခံ လုပ်ခဲ့ရပြီး ဖရဲသီး စွမ်းအင် စုဆောင်းဖို့ အကျင့်ပျက်ခြစားမှုတွေကို လုံ့လဝီရိယနဲ့ စုံစမ်းခဲ့ရတာ ဝါး ဝါး ဝါး...]

မှူးမတ်များနှင့် နန်းစောင့်တပ်မှူးများ: "..." အပြစ်ရှိသလိုပဲ။

သူတို့ အကြောင်းရင်းကို သိခဲ့ကြလေသည်။ ချူဟွား တစ်ယောက်တည်းအတွက် ထိုမျှလောက် ကုန်ကျမည် မဟုတ်သော်လည်း သူတို့အားလုံး မြင်တွေ့လိုက်ကြသည် မဟုတ်ပါလား။ ခဏတာမျှသာ ဖြစ်ခဲ့လျှင်ပင် ထိုအရာကို မြင်တွေ့ခဲ့ရသေးသည်။

ချူဟွားသည် system သေးသေးလေးကို မသနားဘဲ မနေနိုင်တော့ပေ။ [System၊ ဝမ်းမနည်းပါနဲ့။ ဖရဲသီး စွမ်းအင်တွေ ကုန်သွားရင် ပြန်ရှာလို့ ရတာပဲ။ မျက်လုံးတွေ ကျွတ်ထွက်မတတ် ငိုနေတာ မကောင်းဘူးလေ]

System: [ဒါပေမဲ့ ငါ့မှာ မျက်လုံး မရှိဘူး၊ ဝူး ဝူး ဝူး၊ ငါ အရမ်း သနားစရာ ကောင်းတာပဲ!]

ချူဟွား: [ဒါဆို နင်က ဘယ်လို မြင်ရတာလဲ]

System သည် ချက်ချင်း အာရုံ ပြောင်းသွားတော့သည်။ [ဟင်။ ဟုတ်သားပဲ၊ တိကျတဲ့ ပုံစံ မရှိပေမဲ့ ငါ့မှာ မျက်လုံး ရှိသင့်တယ်၊ မဟုတ်ရင် ငါ ဖရဲသီး စားလို့ ရမှာ မဟုတ်ဘူး]

ချူဟွားက ဆက်ပြောလိုက်၏။ [နင်က ပုံမှန်ဆိုရင် ဖရဲသီး ဘယ်လို စားတာလဲ]

အရေးကြီးသော ကိစ္စသို့ ရောက်သောအခါ system သည် ငိုကြွေးနေခြင်းကို ရပ်တန့်လိုက်လေသည်။

[လူတစ်ယောက်မှာ ဖရဲသီး ရှိ၊ မရှိ ကြည့်ဖို့ နာမည်ကို ထည့်လိုက်ရုံပဲ။ ဒါပေမဲ့ လူတစ်ယောက်ပေါ်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဖရဲသီးတွေ အများကြီး ရှိပြီး နင်က အားလုံးကို ဆွဲထုတ်လို့ မရဘူး။ ဘယ်လို ဖရဲသီး အမျိုးအစားကို ကြည့်ချင်လဲ ဆိုရင်တော့ ရှာဖွေမှု အခြေအနေတစ်ခု ထပ်ထည့်ရတယ်၊ ဒါက ဖရဲသီး စွမ်းအင်တွေ လိုအပ်တယ်]

ချူဟွားက ကျိန်ဆဲလိုက်သည်။ [မတရားတဲ့ စီးပွားရေးသမား!]

Systemသည် သဘောတူပြီး တူလေတော့သည်။ [မတရားတဲ့ စီးပွားရေးသမား!]

ချူဟွား: [ကမ္ဘာပေါ်မှာ နာမည်နဲ့ မျိုးရိုးနာမည် တူတဲ့ လူတွေ အများကြီး ရှိတာကို။ နင်က အဲ့ဒီလူ ဟုတ်၊ မဟုတ် ဘယ်လို သေချာနိုင်မှာလဲ]

System: [ဘာလို့လဲဆိုတော့ ငါက နင်နဲ့ ချိတ်ဆက်ပြီးတဲ့နောက်မှာ ဖရဲသီး စွမ်းအင် ကွန်ရက်က နင့်ကို ဗဟိုပြုပြီး တည်ဆောက်သွားမှာ၊ ပြီးတော့ နင် သိတဲ့ လူတွေကို ဦးစားပေး ရှာဖွေလိမ့်မယ်။ ပြီးတော့ အတည်ပြုဖို့ မျက်နှာဖုံးပုံတွေလည်း ရှိတယ်]

[ဆက်ဆံရေး ပိုနီးကပ်လေလေ၊ နင် သုံးရတဲ့ ဖရဲသီး စွမ်းအင်က ပိုနည်းလေလေပဲ။ ဥပမာ၊ ဒီနေ့ နင်က ဘဏ္ဍာရေးဝန်ကြီးဌာနကို လာတယ်၊ ပြီးတော့ နင် စစ်ဆေးခဲ့တဲ့ ဖရဲသီးက လျှော့စျေး ရခဲ့တယ်။ သူတို့ထဲက အများစုက ငါ အရင် ဘဏ္ဍာရေး ဒုတိယဝန်ကြီးရဲ့ စုတ်ပြဲနေတဲ့ အတွင်းခံဘောင်းဘီ ဝတ်တဲ့အကြောင်း စစ်ဆေးခဲ့တဲ့ အတင်းအဖျင်း သေးသေးလေးတွေထက်တောင် နည်းသေးတယ်]

အရင် ဘဏ္ဍာရေး ဒုတိယဝန်ကြီး: "..." ဟေ့! ငါ နားထောင်နေတယ်နော်!

ပြီးတော့... ဒီလို ဖြစ်နေတာကိုး!

ဒါကလဲ တူညီသော ဖရဲသီး စွမ်းအင် ပမာဏကို သုံးစွဲခြင်းနှင့် ညီမျှနေသည်။ ချူဟွားသည် ဌာနတစ်ခုတွင် အမှန်တကယ် အလုပ်လုပ်ခြင်းဖြင့် ထိုဌာနရှိ ဖရဲသီး စွမ်းအင် ပိုမို ရှာဖွေနိုင်ပေသည်။

သတင်းကောင်းပဲ!

ချူဟွားက ခဏလောက် စဉ်းစားလိုက်၏။ [ငါက နင့်ကို ရှီးရုံ ဧကရာဇ်ရဲ့ ကိစ္စကို စစ်ဆေးခိုင်းချင်ရင်ကော]

Systemလည်း ထိုကိစ္စကို ကြိုးစားကြည့်လိုက်ပြီး ဒေါသတကြီး ပြန်လာခဲ့၏။ [ဦးထုပ်စိမ်း ဖရဲသီးက တစ်လုံးကို တစ်ထောင် ကုန်ကျတယ်၊ စုစုပေါင်း ဆယ်လုံး၊ ပြီးတော့ အတွဲလိုက် ရောင်းတာက ၉၈၈၈ ကျတယ်။ ငါ မဝယ်ဘူး! မတရားတဲ့ စီးပွားရေး! ငါ ဘယ်တော့မှ ဝယ်မှာ မဟုတ်ဘူး! နင် ငါ့ကို သတ်ရင်တောင် ငါ ဝယ်မှာ မဟုတ်ဘူး!]

ချူဟွားသည်လည်း ရုတ်တရက် စိတ်အလိုလိုက်မိတော့၏။ [ရိုးရိုးသားသား ပြောရရင် ငါ နည်းနည်းလောက် သိချင်မိတယ်]

Systemတစ်ယောက် ငိုယိုကာ အော်ဟစ်လိုက်တော့သည်။ [ငါလည်း သိချင်တယ်၊ ဒါပေမဲ့ ငါ့မှာ ဖရဲသီး ၃၀၀ တောင် မပြည့်ဘူး။ ငါ့ကိုယ်ငါ ရောင်းစားရင်တောင် မတတ်နိုင်ဘူး!]

ထိုအခြင်းအရာကို မြင်လိုက်သည်တွင် အရှင်မင်းကြီး၏ မျက်လုံးများက အရောင်တောက်သွားတော့၏။

ရှီးရုံ ဧကရာဇ်ရဲ့ ဦးထုပ်စိမ်း၊ ပြီးတော့ ဆယ်လုံးတောင် ဟုတ်လား။ ဝယ်ရမယ်! ဒါကို မဖြစ်မနေ ဝယ်ရမယ်!

သူသည် ဦးထုပ်စိမ်း၏ အကြောင်းအရာကို သိချင်စိတ် ပြင်းပြနေခြင်း မဟုတ်ဘဲ ရန်သူကို အရှက်ရစေလိုခြင်းသာ ဖြစ်တော့၏။

...

All Chapters