← Chapters

အခန်း ၂၇

Vol. 2 Ch. 27

အခန်း ၂၇

Vol. 2 Ch. 27

အပိုင်း (၂၇)

ချူဟွား၏ ခန့်မှန်းချက်ကလည်း ယုတ္တိရှိပေသည်။

ဖခင်ရင်းဟုတ်မဟုတ် စစ်ဆေးသည့်နည်းပညာ မရှိသေးသော ရှေးခေတ်ကာလတွင် လူတို့သည် ဇီဝဗေဒအရ ဆွေမျိုးတော်စပ်ခြင်း ရှိမရှိ ကြည့်ရှုရန် နည်းလမ်းက လက်ချိုးရေလို့ ရနိုင်သည်။

သုံးနေကျနည်းလမ်းမှာ သွေးစစ်ဆေးခြင်း ဖြစ်၏။

တတိယမင်းသားသည် အရှင်မင်းကြီး ချန်ထားခဲ့သော ကျောက်စိမ်းဆွဲပြားနှင့် သွေးစစ်ဆေးမှုတို့ဖြင့် တော်ဝင်ကျောက်စိမ်းစာအုပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ဟုတ်ပါသည်။ ယခုတော့ ဒါက အတုဖြစ်မှန်း သိနေကြပြီ။

အသုံးနည်းသည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ မျက်နှာဖတ်ခြင်း ဖြစ်သည်။

မျိုးရိုးဗီဇများ၏ လွှမ်းမိုးမှုကြောင့် ကလေးအချို့သည် သူတို့၏မိဘများနှင့် အလွန်တူကြပြီး မည်သူ့ကလေးဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

သို့သော် ကမ္ဘာကြီးသည် အလွန်ကျယ်ပြန့်ရာ ရုပ်ချင်းတူသူ နှစ်ယောက် မရှိနိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။

ချူဟွားကတော့ ဆက်ပြီး ခန့်မှန်းနေဆဲ။ [တကယ်လို့ လူငယ်လေးက သာ့ရှန်းမင်းကြီးနဲ့ တွေ့ပြီး သူ့ရုပ်ရည်သွင်ပြင်အရ သာ့ရှန်းမင်းကြီးရဲ့ သားတော်လို့ ဆုံးဖြတ်လိုက်ပြီးနောက် ရှီးရုံဧကရာဇ်ကို ပြန်လှည့်တိုက်ခိုက်မယ်ဆိုရင် ဒါက တကယ် စိတ်ဝင်စားစရာပဲ ဟားဟား!]

ဘဏ္ဍာရေးဝန်ကြီးဌာနမှူးမတ်များနှင့် နန်းစောင့်တပ်မှူး: ဟင်

ဒီအခြေအနေက လုံးဝကို ပွင့်လင်းသွားတော့မှာ မဟုတ်ဘူးလား။

ဒါက ရှီးရုံဧကရာဇ်၏ ဦးထုပ်စိမ်း ၁၀ လုံး ကောလာဟလများထက်တောင် ပိုပြီး အရှက်ရစရာ ကောင်းလှသည်။

နန်းစောင့်တပ်မှူးသည် တစ်စိတ်တစ်ပိုင်းသာ ပြီးစီးသေးသော အစီရင်ခံစာကို အလျင်အမြန် တင်သွင်းလိုက်ရ၏။

အရှင်မင်းကြီး၊ မင်းဆရာအိုကြီး၊ မင်းဆရာကြီးနှင့် အခြားသူများ မြင်တွေ့လိုက်ရသောအခါ သူတို့သည်လည်း ရုတ်တရက် အသိဉာဏ်ပွင့်လင်းသွားသလို ခံစားလိုက်ရလေသည်။

အကယ်၍ ရှီးရုံဧကရာဇ်သာ နှစ် ၂၀ ကြာအောင် ဂရုတစိုက် စီစဉ်ပြင်ဆင်ခဲ့ပြီး အဆုံးသတ်တွင် ရှီးရုံမင်းသားက သာ့ရှန်းဧကရာဇ်၏ မျက်နှာကြောင့် သူ့ကို ပြန်လှည့်တိုက်ခိုက်သွားမှန်း သိသွားပါက ထိုမြင်ကွင်းသည် အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းနေလိမ့်မည်။

ဟားဟားဟား။ ဒါက တကယ်ကို ရယ်စရာကောင်းမှာပဲ။ အမှန်တရားကို သိသွားပြီးနောက် ရှီးရုံဧကရာဇ်၏ မျက်နှာ ပျက်ယွင်းသွားပုံကို အနီးကပ် မြင်တွေ့နိုင်လျှင် ပိုလို့ပင် ကောင်းဦးမည်။

မကြာမီပင် သူတို့သည် နောက်ဆက်တွဲ အစီရင်ခံစာ အကြောင်းအရာကို လက်ခံရရှိခဲ့ပြီး သူတို့၏ စိတ်ခံစားချက်မှာ ကောင်းကင်မှ ချောက်နက်ကြီးအထိ ကွာဟသွားသည်ကို ချက်ချင်း ခံစားလိုက်ကြရသည်။

Systemက လူတိုင်း၏ မျှော်လင့်ချက်များကို ဝါကျတစ်ကြောင်းတည်းဖြင့် ရိုက်ချိုးလိုက်လေသည်။

[ဒါပေမဲ့ အဲ့ဒီလူငယ်လေးက သိတယ်လေ]

[သူ သာ့ရှန်းကို မထွက်ခွာခင်မှာ ရှီးရုံဧကရာဇ်က သူနဲ့တွေ့ပြီး သူ့ရဲ့ဘဝနောက်ခံနဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့တယ်။ ဒီအစီအစဉ်သာ အောင်မြင်ရင် ရှီးရုံက သာ့ရှန်းကို သွေးမြေမကျဘဲ သိမ်းပိုက်နိုင်မှာဖြစ်ပြီး သူပြန်လာတဲ့အခါ ရှီးရုံရဲ့ အိမ်ရှေ့စံ ဖြစ်လာလိမ့်မယ်လို့လည်း ပြောခဲ့သေးတယ်]

အရှင်မင်းကြီး: "..."

မင်းဆရာကြီးနှင့် အခြားသူများ: "..."

မျှော်လင့်ထားသည့်အတိုင်းပင်။ ရှီးရုံဧကရာဇ်သည် သည်လောက် ယုတ်မာလှသော နည်းလမ်းများစွာကို ကြံစည်နိုင်ပြီး သည်ကိစ္စတွင်တော့ သည်အတိုင်း ရှုံးနိမ့်သွားမည် မဟုတ်ပေ။

ချူဟွားက ရှီးရုံ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို သိနှင့်နေပြီးသား ဖြစ်၏။ [ရှီးရုံဧကရာဇ်က ဘယ်လို ယုတ်မာတဲ့ အစီအစဉ်မျိုးကို ကြံစည်ထားပြန်တာလဲ]

System: [ဒီအစီအစဉ်က ယုတ်မာပေမဲ့ အောင်မြင်သွားခဲ့ရင်တော့ သွေးမြေမကျတဲ့ အောင်ပွဲတစ်ခု ဖြစ်လာမှာပဲ]

[ရှီးရုံဧကရာဇ်က သာ့ရှန်းဧကရာဇ်နဲ့ မိဖုရားကြီးတို့ရဲ့ ဆက်ဆံရေး မကောင်းမှန်း သိထားတယ်လေ။ ဒီတော့ သူက သာ့ရှန်းဧကရာဇ်နဲ့ ရုပ်အဆင်ဆုံးသားကို မိဖုရားကြီးကို ဖြားယောင်းဖို့ ပြောခဲ့တယ်။ မိဖုရားကြီးက ကလေးမွေးဖွားနိုင်ခဲ့ရင် ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်]

ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် အရှင်မင်းကြီးသည် ချက်ချင်း မတ်တတ်ထရပ်လိုက်၏။ သူ၏မျက်နှာတော်သည် ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။ "ရိုင်းစိုင်းလှချည်လား၊ ဒီကောင်!"

အရှင်မင်းကြီး၏ တော်ဝင်ပျိုးထောင်မှုအရ သူ့ထက် ၂ နှစ်သာ ငယ်သော တိုင်းတပါးသား ဧကရာဇ်တစ်ပါးကို "ဒီကောင်" ဟု ခေါ်ဆိုခြင်းသည် သူ စဉ်းစားနိုင်သမျှထဲတွင် အကြီးမားဆုံး ဆဲဆိုသည့် စကားလုံး ဖြစ်နေသည်။

"ဒီကောင်! တကယ့်ကောင်ပဲ!" အရှင်မင်းကြီးသည် အလွန်တရာ ဒေါသထွက်နေသဖြင့် အစာရှာထွက်သွားသော်လည်း အိမ်ကို အခိုးခံလိုက်ရကြောင်း တွေ့ရှိသွားသော ခွေးတစ်ကောင်ကဲ့သို့ ရှေ့နောက် လှည့်ပတ်သွားလာနေ၏။ သူသည် စိုးရိမ်ပူပန်နေပြီး မငြိမ်မသက်ဖြစ်ကာ ဒေါသဖြေစရာ နေရာလည်း မရှိခဲ့ပေ။

သူသည် နဂါးပလ္လင်ပေါ်မှနေ၍ လက်ဖက်ရည်ခွက်တစ်ခွက်ကို မြင်လိုက်ပြီး ကောက်ယူလိုက်ပြီး ရိုက်ခွဲမည်အပြုတွင် တော်ဝင်စာကြည့်ဆောင်ထဲမှ မင်းဆရာအိုကြီး၊ မင်းဆရာကြီးနှင့် အခြားသူများကို မြင်တွေ့သွားသဖြင့် ရပ်တန့်လိုက်လေသည်။

သူသည် မင်းဆရာအိုကြီးကို မြင်တွေ့လိုက်ပြီး ဆရာသမား၏ လေးနက်သော သင်ကြားမှုများကို သတိရလိုက်သည်။ - ဘုရင်တစ်ပါးသည် သူ၏ ပျော်ရွှင်မှု၊ စိတ်နှင့် ဒေါသကို မပြသသင့်။

သူသည် ထိုစကားကို စိတ်ထဲတွင် ထပ်ခါထပ်ခါ ရွတ်ဆိုနေလိုက်၏။ ၁၀ ကြိမ်မြောက် ရွတ်ဆိုပြီးသောအခါ အရှင်မင်းကြီးသည် တည်ငြိမ်သွားတော့သည်။

ကလစ်ခနဲ အသံနှင့်အတူ လက်ဖက်ရည်ခွက်သည် တစ်စက်မှ မစင်ထွက်ဘဲ တည်ငြိမ်စွာ ပြန်ကျသွားသည်။

အရှင်မင်းကြီးသည် နဂါးပလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး မျက်နှာတော်က အေးစက်နေဆဲ ဖြစ်သော်လည်း အစီရင်ခံစာကိုပင် မဖတ်နိုင်လောက်အောင် ဖြစ်ခဲ့သည့် ယခင် ဒေါသနှင့် နှိုင်းယှဉ်ပါက များစွာ ကောင်းမွန်သွားသည်။

မင်းဆရာအိုကြီးနှင့် အခြားသူများသည် အရှင်မင်းကြီး မဖတ်ခင်ကတည်းက မှတ်တမ်းကို မြင်တွေ့ထားပြီးဖြစ်ရာ အရှင်မင်းကြီးတွင် ဒေါသထွက်စရာများ ကျန်ရှိနေသေးသည်ကို သိသဖြင့် သူ့ကို မဖျောင်းဖျခဲ့ကြပေ။

System: [ပထမတစ်ခုက မိဖုရားကြီးက သားတော်တစ်ပါး မွေးဖွားခဲ့တယ် ဆိုပါစို့။ သူက သာ့ရှန်းဧကရာဇ်နဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက်ပဲ တူနေရင်တောင် မိဖုရားကြီးရဲ့ သားတော်သွေးသားနဲ့ ပတ်သက်ပြီး ဘယ်သူမှ သံသယရှိမှာ မဟုတ်ဘူး။ မင်းသားလေး ကြီးလာတဲ့အခါ သာ့ရှန်းဧကရာဇ်က အသက် ၆၀ လောက် ရှိနေမှာဖြစ်ပြီး သေဆုံးရမဲ့အချိန် ရောက်ပြီလေ]

[ရှီးရုံရဲ့ တော်ဝင်သွေးပါတဲ့ ဒီမင်းသားသာ သာ့ရှန်းရဲ့ လေ့ကျင့်ပေးမှုအောက်မှာ ထီးနန်းကို ချောချောမွေ့မွေ့ ဆက်ခံနိုင်ခဲ့ရင် ဒါက အကောင်းဆုံး ရလဒ်ပဲ။ မဟုတ်ခဲ့ရင်တောင် ရှီးရုံက သူ့အတွက် စစ်ရေးအရ ဂုဏ်ပုဒ်တွေ စုဆောင်းပေးဖို့ အောင်ပွဲတချို့ ဖန်တီးပေးပြီး ပေတိက သူလျှိုတချို့ကို ဖမ်းခိုင်းပြီး အရှိန်မြှင့်ကာ သူ့ကို ထီးနန်းပေါ် တွန်းတင်ပေးမှာပဲ]

[အချိန်တန်တဲ့အခါ သူ့ရဲ့ ဘဝနောက်ခံနဲ့ ထီးနန်းဆက်ခံရတဲ့ အကြောင်းရင်းကို သိခွင့်ပေးလိုက်ပြီး သာ့ရှန်းကို သူ့လက်ထဲမှာ ထိန်းချုပ်ထားနိုင်ပြီလေ]

အရှင်မင်းကြီး၏ မျက်ခုံးတော်များသည် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သူ၏နဖူးပေါ်မှ သွေးကြောများသည်လည်း တဒုတ်ဒုတ် ခုန်နေတော့သည်။

ဒီကောင်! သူက သူ့အပေါ်၊ မိဖုရားကြီးအပေါ်၊ မင်းသားနဲ့ တော်ဝင်မြေးတော်အပေါ်မှာပါ ကြံစည်ခဲ့သည်။ သူက သာ့ရှန်းတစ်ခုလုံးကို သူ့လက်ထဲမှာ ကစားဖို့ ကြိုးစားနေတာပဲ!

သူသည် ပိုပြီး စိတ်လှုပ်ရှားလေ၊ ပိုပြီး တည်ငြိမ်လေဖြစ်ပြီး ဆက်လက်ဖတ်ရှုရန် မိမိကိုယ်ကို တွန်းအားပေးလိုက်၏။

System: [ဒုတိယအချက်က မိဖုရားကြီးက သမီးတော် ဒါမှမဟုတ် ရုပ်မတူတဲ့ သားတော်တစ်ပါး မွေးဖွားခဲ့ရင် ဘယ်သူမှ သံသယမဝင်သရွေ့တော့ အပေါ်ကအတိုင်းပဲ ဆက်ဖြစ်သွားနိုင်တယ်။ တကယ်လို့ သံသယရှိခဲ့ရင်တောင် မိဖုရားကြီးနဲ့ မင်းသမီး ဒါမှမဟုတ် မင်းသားကို ဖောက်ပြန်မှုနဲ့ ဖောက်ပြန်မှုကနေ မွေးဖွားလာတဲ့ ကလေးတွေဆိုတဲ့ အကြောင်းပြချက်နဲ့ ရှီးရုံအတွက် အလုပ်လုပ်ပေးဖို့ ခြိမ်းခြောက်နိုင်သေးတယ်]

[အရှင်မင်းကြီးကို အဆိပ်ခတ်တာ၊ တခြားမင်းသားတွေနဲ့ မြေးတော်တွေကို လုပ်ကြံသတ်ဖြတ်တာ၊ သာ့ရှန်းရဲ့ သတင်းအချက်အလက်တွေကို ရှီးရုံကို ပေးပို့တာ၊ သာ့ရှန်းရဲ့ စစ်ရေးကာကွယ်ရေး မြေပုံတွေကို ခိုးယူတာ စသဖြင့်ပေါ့]

[ဖြားယောင်းမှု မအောင်မြင်ခဲ့ရင်တောင် မိဖုရားကြီး အိပ်ပျော်နေသရွေ့ စကားလုံးတွေထဲမှာ အရိပ်အမြွက်ပြပြီး မိဖုရားကြီးကို ကလေးရဲ့ ဖခင်ရင်းနဲ့ပတ်သက်ပြီး သံသယဝင်စေပြီးနောက် ရှီးရုံအတွက် အလုပ်လုပ်ပေးဖို့ အားနည်းချက်တစ်ခုကို ဖမ်းဆုပ်ထားနိုင်မှာပဲ]

ချူဟွားသည် အံကြိတ်လိုက်သည်။ [သိပ်ကို အဆိပ်ပြင်းတာပဲ၊ ဒီမြည်းသူခိုး!]

ဖရဲသီးစားတာက မူလက သူ့စိတ်ကို ဖြေလျှော့ဖို့ပဲလေ။ ဒါပေမဲ့ ဖရဲသီးစားရင်း ရင်သားထဲ အကျိတ်ဖြစ်မတတ်တောင် ခံစားရတယ်။ သောက်ကျိုးနည်း!

Systemကလည်း အပြည့်အဝ ထောက်ခံလိုက်သည်။ [ဟုတ်တယ်!]

အရှင်မင်းကြီးသည် အလွန်တရာ ဒေါသထွက်လွန်းသဖြင့် မူးဝေသွားသလိုပင် ခံစားလိုက်ရသည်။ သူ့မျက်စိရှေ့မှ စကားလုံးများသည် တစ်လုံးမှ နှစ်လုံး ဖြစ်သွားပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

ချူဟွား၏ 'မြည်းသူခိုး' ဟူသော စကားကို မြင်သောအခါ သူ၏မျက်လုံးတော်များသည် ချက်ချင်း အရောင်တောက်သွားသည်။ မှန်တာပေါ့။ မြေးလည်းဟုတ်သလို သူခိုးလည်း ဟုတ်တယ်။ ချူဟွားက ဘယ်လိုတောင် ကောင်းကောင်း ဆဲဆိုနိုင်ရတာလဲ။

သူ့မှာ ဧကရာဇ်တစ်ပါး၏ ပုံရိပ်ကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး အခြားသူများ ရှိနေချိန်တွင် မိမိကိုယ်ကို ထိန်းချုပ်ရမည် ဖြစ်သော်လည်း ချူဟွားကတော့ မလိုအပ်ပေ။ ဆဲလိုက်ဦး။ ထပ်ဆဲလိုက်ဦး!

အရှင်မင်းကြီး၏ မျက်နှာတော်သည် မိုးအုံ့နေရာမှ နေသာသွားတော့သည်။ မင်းဆရာအိုကြီးနှင့် အခြားသူများသည် ချူဟွား၏ ဆဲဆိုမှုကို သူ မြင်တွေ့သွားသည် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ပြီး သက်ပြင်းချလိုက်ကြသည်။

အရှင်မင်းကြီး ပျော်ရွှင်သွားသည်က ကောင်းပါသည်။ 'မြည်းသူခိုး' ဆိုသည်မှာ တကယ်တော့ 'မြေး' ဟူသော အသံထွက်ကို ကစားထားခြင်း ဖြစ်သည်ကိုတော့...

အင်း။ မြို့တော်ထဲက လူတိုင်း သိကြပြီး အရှင်မင်းကြီးလည်း ချွင်းချက် မဟုတ်ပါဘူး။ သူ့ကို ခဏလောက် ပျော်ရွှင်ခွင့် ပေးလိုက်ကြတာပေါ့။

မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် မပျော်ရွှင်စရာ ကိစ္စများ ပိုမို ရှိလာဦးမည်။

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် ကောင်းကင်ကို တိတ်တိတ်လေး မော့ကြည့်လိုက်ကြ၏။ ဒီနေ့ ရာသီဥတုက တကယ် ကောင်းတာပဲ။

Systemက ဆက်ပြောလာ၏။ [အဆိုးဆုံးကတော့ အစီအစဉ် မအောင်မြင်ခဲ့ရင်တောင် ရှီးရုံဧကရာဇ်က သားတစ်ယောက်ပဲ ဆုံးရှုံးမှာ။ သူ့မှာ သားတွေ အများကြီး မလိုအပ်ဘူး၊ တစ်ယောက် နှစ်ယောက်လောက် သေသွားလည်း သူ စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး။ မောင်းမတော် အများအပြား ရှိပေမဲ့ အပြင်မှာ လှည့်လည်သွားလာနေတဲ့ မင်းသမီးအစစ်ကို ချန်လှပ်ထားရင်တောင် သားတော် ၅ ယောက်နဲ့ သမီးတော် ၃ ယောက်ပဲ ရှိတဲ့ အရှင်မင်းကြီးအတွက်တော့ ဒါက လုံးဝ ကွဲပြားခြားနားတယ်]

အရှင်မင်းကြီး: "..."

ရှီးရုံဧကရာဇ်အကြောင်း ပြောနေချိန်မှာ ကောင်းကောင်းမွန်မွန်သာ ပြောပါလေ။ ဘာလို့ သူ့ကိုပါ ထည့်ပြောရသလဲ!

သားတော် ၅ ယောက်နှင့် သမီးတော် ၃ ယောက် အကြောင်းကို မှူးမတ်အားလုံးက နေ့တိုင်း ပြောဆိုနေကြတာပဲလေ။ သူက စိတ်မတိုရလို့လား။

သူ အသည်းအသန် ကြိုးစားခဲ့သော်လည်း သူ၏မောင်းမတော်များက ကိုယ်ဝန်မဆောင်နိုင်ခဲ့ကြပေ။ သူ ဘာလုပ်နိုင်ပါမည်နည်း။ သူလည်း စိတ်ဓာတ်ကျနေရသည်ပင်။

သားသမီး ရှားပါးခြင်းသည် အရှင်မင်းကြီးအတွက် တကယ့်ကို နာကျင်စရာပင်။ အမှန်တရားကို သိရှိပြီးနောက် သူသည် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီး ဝမ်ကျဲယွီမှ ဆောင်ကြာမြိုင်တွင် စွန့်ပစ်ခဲ့သော မင်းသမီးကို ရှာဖွေရန် နန်းစောင့်တပ်မှူးကို သီးသန့် စေလွှတ်ခဲ့သည်။

သည်လို နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုကလေးမလေးသာ အခြားအခွင့်အရေးများ မရခဲ့လျှင် ဆောင်ကြာမြိုင်တွင် ဧည့်သည်များကို ဧည့်ခံနေရလောက်ပြီ။

တတိယမင်းသားသည် ယခင်မင်းဆက်၏ အကြွင်းအကျန်တစ်ဦး ဖြစ်သည်ကို လူသိရှင်ကြား မကြေညာခဲ့သဖြင့် မင်းသမီးကိုလည်း လူသိရှင်ကြား အသိအမှတ်ပြု၍ မရနိုင်ဘဲ သူမ၏ မူလရာထူးသို့ ပြန်သွားနိုင်မည် မဟုတ်ပေ။ 'အရှင်မင်းကြီးက တောင်ပိုင်းကို သွားခဲ့တုန်းက အလှလေးတစ်ဦးကို မျက်နှာသာပေးခဲ့ပြီး ကလေးတစ်ယောက် ရခဲ့တာ' ဟူသော ဆင်ခြေကိုလည်း အသုံးပြုလို့ မရနိုင်ပေ။

--တော်ဝင်သွေးသားသည် အပြင်ဘက်တွင် ပြန့်ကျဲနေသည်ဟူသော သတင်းများ ပျံ့နှံ့သွားပါကလဲ မကောင်းတတ်ပေ။

သို့သော် သူ့အနေဖြင့် သူမကို မရှာဘဲ မနေနိုင်။

သူမသည် သူ၏သွေးသား ဖြစ်နေသည့်အတွက် တော်ဝင်မိသားစုသို့ ပွင့်ပွင့်လင်းလင်း ပြန်မလာနိုင်လျှင်ပင် အနည်းဆုံးတော့ အခြားနေရာတွင် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို နေထိုင်နိုင်ရမည်။

အရှင်မင်းကြီးသည် နောက်ဆုံးစာမျက်နှာသို့ လှန်လိုက်စဉ် တော်ဝင်စာကြည့်ဆောင်အတွင်းမှ လေထုသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

မင်းဆရာအိုကြီးက ညင်သာစွာ ပြောလိုက်၏။ "ဒါတွေအားလုံးက အကောင်အထည် မဖော်ရသေးသလို မအောင်မြင်သေးတဲ့ ဗျူဟာတွေပါပဲ"

မင်းဆရာကြီးက ပြင်းထန်စွာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး၊ ရှီးရုံက ကျွန်တော်တို့ သာ့ရှန်းကို ကြံစည်ဖို့ သတ္တိရှိမှတော့ မအောင်မြင်ခဲ့ရင်တောင်မှ သူတို့ကို သင်ခန်းစာတစ်ခု ပေးရပါလိမ့်မယ်။ ဒါမှ သူတို့က သာ့ရှန်းဆိုတာ ဘယ်လို ကြောင်တွေ ခွေးတွေကမှ ကြံစည်လို့ရတဲ့အရာ မဟုတ်မှန်း သိသွားမှာပါ"

"ဟုတ်တာပေါ့" အရှင်မင်းကြီးသည် ရှီးရုံဧကရာဇ်၏ ဆိုးရွားလှသော အကြံအစည်များဖြင့် ပြည့်နှက်နေသည့် အစီရင်ခံစာများကို ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်လေသည်။ "တုံ့ပြန်မှု မပေးရင် ယဉ်ကျေးရာ မရောက်ဘူးလေ။ သူ့ကို သစ္စာဖောက်အောင် လှုံ့ဆော်လိုက်"

ဤ 'သူ' ဆိုသည်မှာ ရှီးရုံဧကရာဇ် စေလွှတ်လိုက်သော သားကို အလိုလို ရည်ညွှန်းလိုက်ခြင်းပင်။

မင်းဆရာအိုကြီး: "..."

မင်းဆရာကြီး: "..."

ရန်သူနှစ်ဦးမှာ ကြက်သေသေသွားကြ၏။ ဒါက အဆင်ပြေပါ့မလား။

သူက မိုက်မဲသူ မဟုတ်။ သူသည် သာ့ရှန်းဧကရာဇ်နှင့် ရုပ်ချင်းဆင်တူခြင်းကြောင့် ရှီးရုံဧကရာဇ်၏ သားရင်းဟုတ်မဟုတ် သံသယရှိလျှင်ပင် ရှီးရုံက သူ့ကို အိမ်ရှေ့စံရာထူးကို ပေးနိုင်သေးသည်။ သူတို့က ဘာပေးနိုင်မည်တဲ့လဲ။

သည်လောက်ကြီးမားသော အကျိုးစီးပွား ကွာဟချက်နှင့်အတူ သူတို့က တစ်ဖက်သားကို သစ္စာဖောက်ရန် မည်သို့ လှုံ့ဆော်နိုင်ပါမည်နည်း။

သို့သော် အရှင်မင်းကြီးက အမိန့်ပေးခဲ့ပြီးဖြစ်ရာ မှူးမတ်များအနေဖြင့် အကောင်အထည်ဖော်ရန်သာ တတ်နိုင်တော့သည်။

မင်းဆရာအိုကြီးသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒါဆိုရင်တော့ ကျွန်တော်တို့က သူ့ရဲ့ နောက်ခံနဲ့ အရှင်မင်းကြီးနဲ့ ဆင်တူတဲ့ သူ့မျက်နှာကနေ စလိုက်လို့ ရပါတယ်။ ရှီးရုံဧကရာဇ် ဝမ်ယန်ဟုန်က လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တာဆိုတော့ အဲ့ဒီလူက ဒါကို သိလောက်ပါတယ်။ ဒီတော့ ဒီအချက်ကနေ စလိုက်ကြတာပေါ့"

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် ဆယ်စုနှစ်ပေါင်းများစွာကြာ ရန်သူများ ဖြစ်ခဲ့ကြသဖြင့် တစ်ဖက်လူ ဘာတွေးနေသည်ကို ရှင်းရှင်းလင်းလင်း သိနေကြသည်။ သူက ဆက်ပြောလိုက်၏။ "သူက အပြင်မှာ ပျောက်ဆုံးနေခဲ့တဲ့ အရှင်မင်းကြီးရဲ့ သွေးသားဖြစ်ပြီး ဝမ်ယန်ဟုန်က တော်ဝင်သားအဖနှစ်ယောက် အချင်းချင်း သတ်ဖြတ်ကြအောင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့ကို ခိုးယူသွားခဲ့တယ်လို့သာ ပြောလိုက်ပါ"

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ထိုလူသည် မည်သူ့သားဖြစ်သည်ကို ဘယ်သူမှ သက်သေမပြနိုင်ပေ။

အရှင်မင်းကြီးသည်လည်း ခဏလောက် စဉ်းစားပြီးနောက် မိန့်လိုက်သည်။ "ဖြစ်နိုင်တာပဲ"

လူအများအပြားသည် ထိုကိစ္စကို ထပ်မံ ဆွေးနွေးကြပြီး ရှုထောင့်တိုင်းကို လုံခြုံမှုရှိစေရန် ကြိုးစားကြ၏။

သူတို့ ဆွေးနွေးမှု ပြီးဆုံးလုနီးပါး ဖြစ်နေပြီး လည်ချောင်းစိုစေရန် လက်ဖက်ရည် သောက်နေစဉ်မှာပင် နန်းစောင့်တပ်မှူး ပေးပို့သော တတိယမြောက် အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။

အရှင်မင်းကြီးသည် လက်ဖက်ရည်တစ်ငုံကာ သီးလုနီးပါး ဖြစ်သွားပြီး ကြက်သေသေသွားခဲ့သည်။

"ဘာ"

မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် ငုံ့ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြပြန်သည်။

ရုတ်တရက် အပြောင်းအလဲဆိုတာ ဘာကိုခေါ်တာလဲ။ ဒါပဲလေ!

Systemက ဖော်ထုတ်လိုက်၏။ [ဒီ့အပြင် သူက ရှီးရုံဧကရာဇ်ရဲ့ သားအရင်း မဟုတ်ဘူးလေ။ တင်း တင်း တင်း၊ ပထမဆုံး ဦးထုပ်စိမ်းကြီး ရောက်လာပါပြီ!]

ဤအံ့ဖွယ်ကောင်းသော ပြောင်းပြန်လှန်မှုကြီးကြောင့် ချူဟွားသည် အံ့အားတသင့် အော်မိလိုက်သည်။

[အိုး ဝိုး!]

System: [ရှီးရုံလူမျိုးတွေရဲ့ မျက်နှာသွင်ပြင်က ပိုပြီး ထင်းရှားပြီး သာ့ရှန်းလူမျိုးတွေနဲ့ ရှင်းလင်းတဲ့ ကွာခြားမှု ရှိတယ်။ ဒါကို ကြည့်ရတာ လွယ်တော့ ရှီးရုံဧကရာဇ်က နိုင်ငံနှစ်ခုရဲ့ နယ်စပ်မှာ သာ့ရှန်းဧကရာဇ်နဲ့ ရုပ်ချင်းတူတဲ့ သာ့ရှန်းအမျိုးသမီးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်လေ]

[အမျိုးသမီးက အိမ်ထောင်ကျပြီးသား၊ ကလေးတွေလည်း ရှိပြီး သူ့ဘဝက တော်တော်လေး ပျော်စရာကောင်းတယ်။ ရလဒ်အနေနဲ့ ရှီးရုံဧကရာဇ်က သူ့ကို ပြန်ပေးဆွဲဖို့ လူတွေလွှတ်လိုက်ပြီး သူ့ခင်ပွန်းနဲ့ ကလေးတွေကိုလည်း သတ်ပစ်ခဲ့တယ်။ အမျိုးသမီးက သူ့ကို အရိုးထဲစွဲအောင် မုန်းနေတာ၊ ဒီတော့ ဘယ်လိုလုပ်ပြီး သူ့ကလေးကို မွေးပေးဖို့ ဆန္ဒရှိမှာလဲ]

[ဒါပေမဲ့ သူက ဒီအတိုင်း မသေချင်ခဲ့ဘူး။ သူက ရှီးရုံဧကရာဇ်အပေါ် ကောင်းချင်ယောင်ဆောင်ပြီး သူ့ကို ချစ်ခင်ဟန်နဲ့ သူ့အမိန့်တွေကို နာခံဟန်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ တကယ်တော့ သူက လက်စားချေဖို့ အခွင့်အရေးကို တိတ်တဆိတ် ရှာဖွေနေခဲ့တာ]

ချူဟွားက တအံ့တဩ ပြောလိုက်တော့သည်။ [တကယ့် လက်တွေ့ဘဝက အမျိုးသမီးတစ်ယောက်ရဲ့ လက်စားချေခြင်း ဇာတ်လမ်းပဲ! အစ်မကြီးက အရမ်း သန်မာတာပဲ!]

System: [နောက်ပိုင်းမှာ သူက ရှီးရုံဧကရာဇ်က သာ့ရှန်းဧကရာဇ်ရဲ့ ပုံတူပန်းချီရှေ့မှာ သူ့ဘာသာသူ စကားပြောနေတာကို မတော်တဆ တွေ့သွားပြီး သူက သာ့ရှန်းဧကရာဇ်နဲ့ ရုပ်ချင်းတူမှန်း သိသွားတော့ ချက်ချင်း နားလည်သွားခဲ့တယ်!]

ချူဟွားလည်း နားလည်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ [ဒါက အစားထိုးခံရတာပဲ! ငါ မင်းကို ချစ်တယ်၊ မင်းက ငါ့ကို မချစ်ဘူး၊ ငါတို့မှာ နိုင်ငံအပေါ်ထားတဲ့ အမုန်းတရားနဲ့ မိသားစုရန်ငြိုးတွေ၊ ကျားမ ကွဲပြားမှုတွေ၊ လောကရဲ့ ဘက်လိုက်မှုတွေ ရှိနေတုန်းပဲ။ ငါ့ကိုယ်ငါ နှစ်သိမ့်ဖို့ မင်းနဲ့တူတဲ့ အမျိုးသမီးတစ်ယောက်ကို အစားထိုးအနေနဲ့ပဲ ရှာတွေ့နိုင်တော့တယ်]

အရှင်မင်းကြီး၊ မင်းဆရာအိုကြီးနှင့် အခြားသူများ၏ မျက်ဝန်းများသည် ကျုံ့သွားပြီး နှလုံးခုန်သံများကလည်း မြန်ဆန်သွားတော့သည်။

အာ၊ ဒါ၊ ဒါ၊ ဒါက——

ချူဟွား၏ လေသံသည် ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် အေးစက်သွားသည်။ [အင်း၊ ပုံပြင်စာအုပ်တွေထဲမှာတော့ ဒီလိုပဲ ရေးထားတာပဲလေ]

အရှင်မင်းကြီး: "..."

မင်းဆရာအိုကြီးနှင့် အခြားသူများ: "..."

အသက်ရှူတောင် မဝတော့ဘူး။

ထူးဆန်းတဲ့ ပုံပြင်တွေ လျှော့ဖတ်စမ်းပါ! အရမ်း ကြောက်စရာကောင်းတာပဲ!

အရှင်မင်းကြီးသည် သူ၏နှုတ်ခမ်းတော်မှ ပန်းထွက်သွားသော လက်ဖက်ရည်များကို ကြမ်းတမ်းစွာ သုတ်လိုက်၏။ ဒါက ဘာမှ မဟုတ်သော်လည်း သူသည် ညစ်ပတ်သွားသလို ခံစားလိုက်ရလေသည်။

...

All Chapters