← Chapters

အခန်း ၃၉

Vol. 3 Ch. 39

အခန်း ၃၉

Vol. 3 Ch. 39

အပိုင်း (၃၉)

ယီနင်ခရိုင်မှ သတင်းကောင်းသည် ဆောင်းဦးအမဲလိုက်ပွဲ မတိုင်မီတွင် မြို့တော်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေသည်။

အရှင်မင်းကြီး၊ မှူးမတ်များနှင့် အမျိုးသမီး မိသားစုဝင်အများစုသည် system မှတစ်ဆင့် ထိုအကြောင်းကို သိရှိထားပြီးဖြစ်သော်လည်း ချူဟွားနှင့် system တို့၏ စကားဝိုင်းကို ကြားရကြောင်း အမှန်တရားကို ဖွင့်ပြောရန် ကြောက်ရွံ့ကြသဖြင့် အတော်လေး သည်းခံထားခဲ့ကြရသည်။

သတင်း ရောက်လာသည်နှင့်တစ်ပြိုင်နက် ဆောင်းဦးအမဲလိုက်ပွဲသို့ သွားရာလမ်းတစ်လျှောက်လုံး လူများက ထိုအကြောင်းကို ပြောဆိုနေကြတော့သည်။

"နန်းစောင့်တပ်က ယီနင်ခရိုင်ကို လျှပ်စီးလိုအရှိန်နဲ့ အရောက်သွားခဲ့တယ်။ လူနည်းနည်းလေးနဲ့ အမှုမှာ ပါဝင်ပတ်သက်တဲ့လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်။ တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ကြတယ်"

"လီဟယ်က ထောင်ချခံရပြီး တစ်နေ့ကို သုံးကြိမ် အရိုက်ခံရတယ်။ သူ့ကို ကယ်ထုတ်လာတုန်းက သူ့ခန္ဓာကိုယ်ပေါ်မှာ အကောင်းအတိုင်း ကျန်တဲ့ အသားတစ်စတောင် မရှိလောက်အောင် အရိုက်ခံခဲ့ရတာ။ ကံကောင်းလို့ အရှင်မင်းကြီးက တော်ဝင်သမားတော်ကို စေလွှတ်ပေးခဲ့လို့သာပေါ့။ ငရဲတံခါးဝကနေ ပြန်ဆွဲခေါ်ဖို့ ပင်နီဆီလင်ဆိုတဲ့ ဆေးစွမ်းကောင်းကို သုံးခဲ့ရတယ်လို့ ကြားတယ်"

"တကယ်လို့ နန်းစောင့်တပ်သာ အချိန်မီ မရောက်လာဘဲ နည်းနည်းလေး နောက်ကျခဲ့ရင် သနားစရာကောင်းတဲ့ သားအဖနှစ်ယောက် ကွဲကွာသွားရပြီး လီမိသားစုမှာ လီချန်တစ်ယောက်တည်း ကျန်ခဲ့တော့မှာ။ သူတို့တွေအားလုံး အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေကြောင့် ဒုက္ခရောက်ခဲ့ကြရတာ။ ဒါက အရမ်းကို ဝမ်းနည်းစရာကောင်းလွန်းတယ်"

"ဒီရှုထောင့်ကနေ ကြည့်ရင် နန်းစောင့်တပ်က အဲဒီလောက်ကြီး မကြောက်စရာကောင်းပါဘူး"

ထိုနေရာမှ ဖြတ်သွားသော ချူဟွား: "..."

သွားလေရာ လီဟယ်နှင့် သူ့သားအကြောင်း၊ အစိုးရနှင့် ပြည်သူကို တုန်လှုပ်သွားစေသည့် အကျင့်ပျက်ခြစားမှုအမှုအကြောင်းကို ပြောဆိုနေကြသည်မှာ အမှန်ပင် ဖြစ်၏။

ပြောဆိုနေကြသည့် အကြောင်းအရာများကို လူအများက ချဲ့ကားပြောဆိုထားကြပြီး မူလအမှန်တရားနှင့် အတော်လေး ကွာခြားနေသည်မှာ တိုက်ဆိုင်လွန်းနေသည်။ သူမသည် ဝင်ရောက် ပြင်ဆင်ပေးချင်သည့် စိတ်ကို အတော်လေး ကြိုးစားပြီး ထိန်းချုပ်ထားရသည်။

Systemကတော့ သီးသန့် စကားပြောခန်းထဲတွင် ရယ်မောရင်း လူးလိမ့်နေပြီ ဖြစ်သည်။ [ဟားဟားဟား၊ ဘယ်သူကများ ဒီကောလာဟလကို ဖြန့်လိုက်တာလဲ]

[လီဟယ်က အစတုန်းက ထောင်ချခံရပြီး အကြီးအကျယ် အရိုက်ခံခဲ့ရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေက သူ့ကို ကိုယ်စားတရားခံအဖြစ် သုံးချင်နေကြတုန်းလေ။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက လူသတ်မှုအပြီး ဇာတ်ကွက်ဆင်ထားတာဆိုတာ လူတိုင်းကို ပြောပြနေသလို ဖြစ်နေမှာစိုးလို့ သူတို့က သူ့ကို တကယ် အသေမခံရဲကြပါဘူး]

[အရာရှိတစ်ယောက်က အရင်တုန်းက ဒီလို လုပ်ဖူးတယ်။ သူက ကိုယ်စားတရားခံကို သေလုမျောပါး ရိုက်နှက်ပြီး လက်မှတ်ထိုးခိုင်းပြီးတော့ တံဆိပ်တုံးထုခိုင်းလိုက်တယ်။ ပြီးတော့ အဲဒီလူကို လည်ပင်းညှစ်သတ်ပြီး ကြိုးဆွဲချ သတ်သေသယောင် ဟန်ဆောင်ခဲ့တယ်။ နောက်ပိုင်း အရှင်မင်းကြီးက စုံစမ်းစစ်ဆေးဖို့ နန်းစောင့်တပ်ကို စေလွှတ်လိုက်တော့ အမှန်တရားကို တွေ့ရှိသွားပြီး သူတို့အိမ် ဝင်စီးခံလိုက်ရတယ်လေ]

[အဲဒီလူတွေက လီဟယ်က ဝါးရခက်တဲ့ အရိုးတစ်ချောင်း ဖြစ်နေတာကို မြင်တော့ သူတို့ရဲ့ ပစ်မှတ်ကို လီချန်ဆီ ပြောင်းလိုက်ကြတယ်။ သူတို့က သူ့ကို လမ်းတစ်လျှောက်လုံး အကြာကြီး လိုက်ဖမ်းခဲ့ကြပြီး လီချန်ကို သတ်လို့ရခါနီးလေးပဲ]

[ဒါကြောင့်ပဲ လီချန်က မြစ်ထဲကို အတင်းခုန်ချခဲ့ရပြီး နင့်အစ်ကိုက ကယ်တင်နိုင်ခဲ့တာလေ။ ပြီးတော့ နင့်ကို ရှာဖို့ မြို့တော်ကို လာခဲ့ပြီး မတရားမှုတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တာပေါ့။ မှောင်မိုက်နေတဲ့အချိန်မှာ ကံတရားက တကယ်ပဲ အလုပ်လုပ်နေတယ်လို့ပဲ ငါ ပြောနိုင်တော့မယ်]

ချူဟွား: [ဖြစ်နိုင်တာပဲ]

ယခင်ဘဝတုန်းက သူမသည် ကံတရား သီအိုရီကို မယုံကြည်ခဲ့သော်လည်း ကူးပြောင်းလာခဲ့ရသည်။ မယုံကြည်ဘူးဆိုလျှင် အနည်းငယ် ရိုင်းပျရာ ကျပေလိမ့်မည်။

မြို့တော်သည် ဆောင်းဦးအမဲလိုက်ပွဲ ကျင်းပမည့် နေရာနှင့် ၈ ရက်၊ ၉ ရက်လောက် သွားရသည့် ခရီးအကွာအဝေး ရှိလေသည်။ သည်ခရီးစဉ်တွင် လူနှင့် ခရီးဆောင်အိတ်များ အလွန်များပြားသဖြင့် ခရီးက အနည်းငယ် ပိုကြာလေသည်။ ထိုနေရာသို့ ရောက်ရန် ၁၀ ရက်ကျော် ကြာမြင့်ပေလိမ့်မည်။

မိုးချုပ်စပြုလာပြီဖြစ်ရာ လူအုပ်ကြီးသည် ယနေ့အတွက် တဲထိုးပြီး အပြင်ဘက်တွင် စခန်းချလိုက်ကြသည်။

ချူဟွားသည် တစ်နေ့လုံး မြင်းရထားပေါ်တွင် ထိုင်နေခဲ့ရသဖြင့် တစ်ကိုယ်လုံး နေရထိုင်ရ ခက်နေတော့သည်။ သူမသည် လေကောင်းလေသန့် ရှူရှိုက်ရန် ဤအခွင့်အရေးကို အသုံးချကာ ထွက်လာခဲ့လေ၏။ လမ်းလျှောက်ရင်း system နှင့် အပြစ်တင် စကားပြောဆိုကာ အတင်းပြောနေကြသည်။ လမ်းလျှောက်ရသည်မှာ ပျော်စရာကောင်းပုံ ရလေသည်။

System သည် မျှဝေခြင်း လုပ်ဆောင်ချက်ကို ပိတ်လိုက်ကတည်းက အသင့်အနေအထားအတွက် လိုအပ်သော ဖရဲသီးစွမ်းအင်သည် ၈၀ ရာခိုင်နှုန်း လျော့ကျသွားသည်။ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားလုပ်ဆောင်ရင်း စုဆောင်းထားသော ဖရဲသီးစွမ်းအင် အရန်သင့် ရှိနေပြီဖြစ်ရာ နေ့စဉ် အသင့်အနေအထားအတွက် အသုံးပြုသည့် ဖရဲသီးစွမ်းအင်ကို ဂရုမစိုက်တော့ဘဲ ချူဟွား အလုပ်မရှိသည့်အခါတိုင်း မကြာခဏ စကားစမြည် ပြောလေ့ရှိသည်။

ချူဟွားသည်လည်း အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးခြင်းဖြင့် လူများစွာကို ပြစ်မှားမိခဲ့ပြီး သူမ၏ အသက်ကို လိုချင်နေသူများစွာ ရှိကြောင်း သိထားသည်။ သူမသည် လူမရှိသော ဝေးလံခေါင်သီသည့် နေရာသို့ တစ်ယောက်တည်း လမ်းလျှောက်သွားမည် မဟုတ်ပေ။ အကြောင်းမှာ အလွယ်တကူ တိုက်ခိုက်ခံရနိုင်သောကြောင့်ပင်။

သူမ၏ နောက်ဘက် သုံးလှမ်းအကွာတွင် ကျားယီနှင့် ချိုင်ကန်းတို့ လိုက်ပါလာကြသည်။ သူတို့နှစ်ဦးသည် သူတို့၏ ဓားများကို လက်မှ ဘယ်တော့မှ မလွှတ်ကြပေ။ အရေးပေါ် အခြေအနေ ကြုံလာလျှင် အဆင်သင့်ဖြစ်စေရန် အရပ်ဘက် အရာရှိများ၊ စစ်ဘက် စစ်သူကြီးများ၊ အမျိုးသမီး မိသားစုဝင်များနှင့် အစေခံများ အပါအဝင် လူတစ်ဒါဇင်ခန့်သည် မီတာ ၅၀ အကွာအဝေး အတွင်း၌ ရှိနေကြသည်။

"ချူလူကြီးမင်း" ဒုတိယမင်းသား၏ ဝူချဲ့ဖေးသည် သူမ၏ ညီမများနှင့်အတူ အလျင်အမြန် ရောက်လာပြီး "ရှင် ဒီမှာ ရှိနေတာပဲ။ ကျွန်မ ရှင့်ကို ရှာနေတာ ကြာလှပြီ"

အပြင်ဘက်တွင် လူတိုင်းက ချူဟွား၏ ယောက်ျားလေးအဖြစ် ရုပ်ဖျက်ထားမှုကို လေးစားကြဆဲဖြစ်ပြီး သူမကို ညီမလေးဟု မခေါ်ကြပေ။

ချူဟွားက ဦးညွှတ်လိုက်ပြီး "မယ်မယ်၊ မိန့်ကြားစရာ ရှိလို့လား"

ဝူချဲ့ဖေးက ပြုံးပြီး လက်ကာပြလိုက်သည်။ "မိန့်ကြားတယ်ဆိုတာက အရမ်း လေးနက်လွန်းပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ကြားထားလို့ ရှင်နဲ့ လာမျှဝေတာပါ"

Systemက စိတ်လှုပ်ရှားသွားတော့သည်။ [ဘာသာပြန်ချက် - ငါ နင့်ဆီ ဖရဲသီး လာစားတာ]

ချူဟွားက ပြုံးလိုက်၏။ [ဟုတ်တယ်။ နင့်ဆီ ဖရဲသီး လာစားတာ]

System: [ဟီးဟီးဟီး... ငါ အခုပဲ စမျှဝေပေးတော့မယ်]

ချူဟွားက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လဲကျနေသော သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ပင်စည်က သန့်ရှင်းပြီး ထိုင်ခုံလုပ်ရန် သင့်တော်သည်။

"မယ်မယ် မငြိုငြင်ဘူးဆိုရင် ကျွန်တော်တို့ ထိုင်ပြီး ပြောကြမလား"

"မငြိုငြင်ပါဘူး" ဝူချဲ့ဖေးသည် ဖရဲသီးစားရန် စိတ်အားထက်သန်နေလေပြီ။ အစေခံမလေးက လက်ကိုင်ပုဝါ ခင်းပေးလိုက်သည်နှင့် သူမက ဝင်ထိုင်လိုက်ပြီး "လာ၊ စကြရအောင်"

တစ်ချိန်တည်းမှာပင် ကျားယီနှင့် ချိုင်ကန်းတို့က တိတ်တဆိတ် ရှေ့တိုးလာကြသည်။ အဝေးမှ လျှောက်လာနေကြသော အရပ်ဘက် စစ်ဘက် မှူးမတ်များသည် ဖြည်းဖြည်းချင်း နီးကပ်လာကြပြီး ရေခပ်နေကြ၊ အလုပ်လုပ်နေကြသော အစေခံများကလည်း နားစွင့်ထားကြလေသည်။

လူတိုင်းက system ဖရဲသီးခွဲပြီး မျှဝေပေးမည်ကို စောင့်ဆိုင်းရန် အဆင်သင့် ဖြစ်နေကြပြီ။

ဝူချဲ့ဖေး: "ဒါက လွန်ခဲ့တဲ့ လအနည်းငယ်က ယွမ်ကျိုးမှာ ဖြစ်ခဲ့တာပါ"

"ယွမ်ကျိုး အုပ်ချုပ်ရေးမှူးမှာ သမီးနှစ်ယောက် ရှိတယ်။ အကြီးက ပထမမိန်းမက မွေးတာဖြစ်ပြီး အငယ်က ဒုတိယမိန်းမက မွေးတာဖြစ်လို့ တစ်နှစ်လောက် ငယ်တယ်။ အကြီးက နယ်စားမင်းရဲ့ဆက်ခံသူနဲ့ စေ့စပ်ထားပြီး အငယ်ကတော့ ဆင်းရဲတဲ့မိသားစုက ရှို့ချိုင်တစ်ယောက်နဲ့ စေ့စပ်ထားတယ်။ သမီးနှစ်ယောက်လုံးက တစ်နေ့ထဲ အတူတူ မင်္ဂလာဆောင်ကြတယ်"

"သူ့သမီးတွေကို ချစ်ကြောင်း ပြသဖို့အတွက် အုပ်ချုပ်ရေးမှူးက ဘက်မလိုက်ခဲ့ဘူး။ သမီးနှစ်ယောက်ရဲ့ ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာဝတ်စုံတွေက အတူတူလောက်ပဲ ဖြစ်ပြီး မဆိုစလောက် ကွာခြားချက်လေးတွေပဲ ရှိတယ်"

ချူဟွားက ဗြောင်ကျကျပင် ဝင်ရောက် ဝေဖန်လေတော့သည်။ "နယ်စားဆက်ခံသူရဲ့ ဇနီးနဲ့ ရှို့ချိုင်ရဲ့ ဇနီးတို့ရဲ့ ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာဝတ်စုံတွေက အတူတူလောက်ပဲ ဖြစ်နေတာ။ ဒါကို ဘယ်လိုလုပ်ပြီး ဘက်မလိုက်ဘူးလို့ ပြောလို့ရမှာလဲ။ ဒါက ညီမငယ်ဘက်ကို ဘက်လိုက်ထားတာ သိသာနေတာပဲ"

အမျိုးသမီး အဖွဲ့ဝင်များသည် ဝေဖန်ချင်နေသည်မှာ ကြာလှပြီဖြစ်သည်။ ဤအကြောင်းကို ကြားလိုက်ရသောအခါ သူတို့အားလုံး ဝင်ပြောကြတော့သည်။

"ဟုတ်တယ်လေ။ ဆင်းရဲတဲ့ ရှို့ချိုင်တစ်ယောက်နဲ့ လက်ထပ်တာကို ဘယ်သူကများ ဒီလောက် ခမ်းနားတဲ့ ခန်းဝင်ပစ္စည်းတွေ ပြင်ဆင်ပေးမှာလဲ"

"ခင်ပွန်းသည်ရဲ့ မျက်နှာကို ထောက်ထားပြီး သတ်မှတ်ချက်အတွင်းက ပစ္စည်းတချို့ကို ပြင်ဆင်ပေးသင့်တာ။ မင်္ဂလာဆောင်ပြီးမှ ဖြည်းဖြည်းချင်း ထပ်ဖြည့်ပေးလို့ ရတာပဲ"

"ညီမငယ်က သူ့ရဲ့ ခန်းဝင်ပစ္စည်းတွေကို ထုတ်ကြွားတဲ့အချိန်တုန်းက အရှေ့မြောက် ပုလဲနှစ်လုံးကို တွေ့ခဲ့ရတယ်လို့ ကြားတယ်"

"ဒုတိယမယားမှာ ဘယ်လိုလုပ်ပြီး အရှေ့မြောက် ပုလဲ ရှိနိုင်မှာလဲ"

"ဒါက မယားကြီးရဲ့ ခန်းဝင်ပစ္စည်းထဲက ယူထားတာ ဖြစ်ရမယ်။ မယားကြီးရဲ့ အဘိုးက မြို့တော်အရာရှိဟောင်း ဖြစ်ဖူးတယ်လေ"

ချူဟွားသည် မိန်းကလေးများ ဖော်ထုတ်နေသည်ကို လက်လွတ်မခံဘဲ system ကို ကွန်ပလိန်းတက်ရန် အာရုံစိုက်လိုက်သေးသည်။ ချိန်ခွင်လျှာက အတော်လေး မျှတနေလေသည်။

[နေ့ချင်းတူတူ လက်ထပ်ကြတယ်၊ မင်္ဂလာဝတ်စုံတွေကလဲ တူနေတယ် ဟုတ်လား။ ဝေါယာဉ်မှားစီးမိတဲ့ ကိစ္စမျိုး ဖြစ်လာနိုင်မလား။ လိုနေတာက မိုးကြီးကြီး ရွာဖို့ပဲ ရှိတော့တယ်]

Systemက ပျော်ရွှင်နေလေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ အတင်းအသစ် ရှိနေမှန်း သိလိုက်ပြီး စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။

ချူဟွား: [သတို့သမီးနှစ်ယောက်က သတို့သား မှားပြီး လက်ထပ်မိကြတာ ဖြစ်ရမယ်]

မင်္ဂလာပွဲသာ ချောမွေ့ခဲ့လျှင် ဝူချဲ့ဖေးက ထိုအကြောင်းကို ထည့်ပြောစရာ အကြောင်းမရှိပေ။

ဝူချဲ့ဖေး၏ မျက်ခုံးများ လှုပ်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။ ရှင်က တကယ် အံ့ဩစရာပဲ။

သူမသည် မကြားလိုက်သယောင် ဟန်ဆောင်ပြီး ဆက်ပြောလိုက်သည်။ "ရှုပ်ထွေးနေတဲ့ကြားထဲမှာ ဘာတွေ လွဲချော်သွားလဲ မသိပေမဲ့ အစ်မကြီးက ရှို့ချိုင်နဲ့ လက်ထပ်လိုက်ရပြီး ညီမငယ်က နယ်စားမင်းအိမ်တော်ကို ရောက်သွားတယ်"

Systemက အတင်းအဖျင်း ရှာမနေခဲ့ပေ။ ထိုစကားကို ကြားလိုက်ရသောအခါ အလွန် အံ့အားသင့်သွားလေသည်။ [မမကြီးဟွား၊ နင် ပြောတာ မှန်တယ်]

ချူဟွား: "တစ်နှစ်မှာ မင်္ဂလာဆောင်ဖို့ သင့်တော်တဲ့ ရက်တွေက အများကြီး ရှိတာပဲ။ လူကြီးတွေကို စော်ကားမိမှာ စိုးရိမ်တဲ့အတွက် ဒါကို ရှောင်၊ ဟိုဟာကို ရှောင် လုပ်ရမှာလေ။ ခုနှစ်တူ၊ လတူ၊ ရက်တူ မွေးတဲ့ ညီအစ်မတွေက တစ်နေ့တည်း မင်္ဂလာမဆောင်နိုင်ကြဘူး"

"အစ်မကြီးနဲ့ ညီမငယ်က မွေးတဲ့ရက် မတူကြဘူး။ ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာဝတ်စုံက စည်းမျဉ်းတွေကို ချိုးဖောက်ထားရင်တောင် အသုံးပြုတဲ့ ဝေါယာဉ်က အမျိုးသားဘက်က ပြင်ဆင်ပေးရတာလေ။ မိသားစုနှစ်စုက မတူကွဲပြားနေမှာ သေချာတယ်။ မိသားစုတစ်ခုက သမီးနှစ်ယောက်ကို တစ်နေ့တည်း မင်္ဂလာဆောင်ပေးတာ။ သူတို့က အမှားအယွင်း ဖြစ်မှာကို မကြောက်ကြဘူးလား"

[မဖြစ်မနေ တစ်နေ့တည်း မင်္ဂလာဆောင်ရမယ်ဆိုတော့ မရိုးသားတာ တစ်ခုခု ရှိကို ရှိရမယ်။ ထုံအာ ကြည့်လိုက်ပါဦး]

System: [ဟုတ်ပြီ]

ဝူချဲ့ဖေးသည် ဝမ်းသာသွားလေသည်။ ဖရဲသီးစားဖို့ဆိုရင် ချူဟွားကို ရှာရမယ်ဆိုတာ သူမ သိတယ်လေ။

"အဲဒါ ပြောတာပေါ့။ လာ၊ ခဏလောက် ထိုင်ပြီး အနားယူကြရအောင်" သူမသည် လူတိုင်း နောက်ကျ တိတ်တဆိတ် ဖရဲသီးစားနိုင်မည့် အကောင်းဆုံး အကြောင်းပြချက်ကို ရှာတွေ့သွားလေသည်။ သူမ ပီသပါပေသည်။ ဟားဟားဟား။

"ကောင်းပါပြီ" ချူဟွားလည်း ထိုင်စရာနေရာတစ်ခု ရှာတွေ့သွား၏။

System: [မမကြီးဟွား၊ ငါ တွေ့ပြီ။ ဒီလို ဖြစ်ခဲ့တာ]

[အစ်မကြီးရဲ့ အမေနဲ့ နယ်စားမင်းကတော်က သူငယ်ချင်းအရင်းတွေလေ။ သူတို့က အသက်အရွယ်ချင်းလည်း တူပြီး ဆက်ဆံရေးလည်း ကောင်းမွန်ကြတယ်။ သူတို့က ရှေ့ဆင့်နောက်ဆင့် လက်ထပ်ခဲ့ကြပြီး သမီးတစ်ယောက်နဲ့ သားတစ်ယောက် မွေးခဲ့ကြတယ်။ ဒါကြောင့် သူတို့က ကလေးနှစ်ယောက်အတွက် လက်ထပ်ဖို့ စီစဉ်ခဲ့ကြတာ]

[နောက်ပိုင်း အစ်မကြီး နှစ်နှစ်သမီးအရွယ်မှာ သူ့အမေက ရောဂါနဲ့ ဆုံးသွားခဲ့တယ်။ အုပ်ချုပ်ရေးမှူးက ပြင်ပက အမျိုးသမီးတစ်ယောက်နဲ့ တစ်နှစ်အရွယ် သမီးတစ်ယောက်ကို ပြန်ခေါ်လာပြီး အဲဒီ အမြှောင်မယားကို သူ့ရဲ့ တရားဝင်မယားကြီးအဖြစ် တင်မြှောက်လိုက်တယ်]

ချူဟွားသည် ဆွံ့အသွားတော့သည်။ [ဒါက ဘယ်လို အကျင့်မျိုးလဲ] အနံ့ဆိုးထွက်နေတဲ့ လူကြီး။ ပုပ်သိုးနေတဲ့ ဂေါ်ဖီထုပ်။

ကြားလိုက်ရသူတိုင်း ဆွံ့အသွားကြသည်။ ဒါက ဘယ်လို ဦးနှောက်မျိုးပါလိမ့်။

သာမန်မိသားစုများမှ အမျိုးသမီးများသည် ကိုယ်လုပ်တော် ဖြစ်ခဲလှသည်။ အကြောင်းမှာ ကိုယ်လုပ်တော်များသည် နိမ့်ကျပြီး ရောင်းချခွင့်စာချုပ်သည် မယားကြီး၏ လက်ထဲတွင် ရှိနေသောကြောင့်ပင်။ သူတို့သည် မိသားစုထဲက အစေခံများနှင့် သိပ်မကွာခြားလှဘဲ အချိန်မရွေး ရောင်းချခံရနိုင်သည်။

သာ့ရှန်းတွင် မည်သည့်မိသားစုကမှ ကိုယ်လုပ်တော်များကို အာဏာရလာအောင် ကူညီပေးမည် မဟုတ်ပေ။ ကိုယ်လုပ်တော်ထက် နိမ့်ကျသော အဆင့်အတန်းမရှိ ပြင်ပက မယားငယ်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ကောလာဟလများနှင့် ပြင်ပလူများ၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ဘဲ အမြှောင်မယားကို တရားဝင် မယားကြီးအဖြစ် တင်မြှောက်ရန် သူက အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။ ယွမ်ကျိုး အုပ်ချုပ်ရေးမှူးသည် သည်အမြှောင်မယားကို တကယ် သဘောကျနေပုံရသည်။

ဒါပေမဲ့... အဲဒီမတိုင်ခင် သူက အဲဒီမိန်းမကို ကိုယ်လုပ်တော်အဖြစ် မယူနိုင်လို့လား။ ကိုယ်လုပ်တော်ရဲ့ ရောင်းချခွင့်စာချုပ်က မယားကြီး လက်ထဲ ရောက်သွားပြီး နှိပ်စက်ခံရမှာကို စိုးရိမ်လို့တော့ မဟုတ်ပါဘူးနော်။

စဉ်းစားကြည့်လိုက်တော့ တကယ်ပဲ အဲဒီလို ဖြစ်နိုင်တာပဲ။

System: [ဒုတိယမယားက မယားကြီး ချန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျနေခဲ့တာ။ အစ်မကြီးက ငယ်ရွယ်ပြီး မသိနားမလည်တာကို အခွင့်ကောင်းယူပြီး သူက မယားကြီး ချန်ထားခဲ့တဲ့ အစေခံတွေအားလုံးကို မောင်းထုတ်ပစ်လိုက်တယ်။ ပြီးတော့ အိမ်က အသက်ကြီးတဲ့ အစေခံတွေနဲ့ အစားထိုးလိုက်ပြီး မယားကြီးရဲ့ ခန်းဝင်ပစ္စည်းတွေကို သူ့လက်ထဲမှာ ထိန်းချုပ်ထားလိုက်တယ်။ မသိနားမလည်တဲ့ အစ်မကြီးကို သူ့ကိုယ်သူ ဒုတိယမယားရဲ့ သမီးလို့ ထင်အောင် လုပ်ခဲ့တယ်]

[ဒုတိယမယားက အစ်မကြီးကို ဆေးခတ်ပြီး အမြဲတမ်း နေမကောင်းဖြစ်အောင်၊ အားနည်းအောင် လုပ်ထားခဲ့တယ်။ သူမက အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်ကို ပေးမထွက်ဘူး။ အစ်မကြီးက ဒုတိယမယားက သူ့အကျိုးအတွက် လုပ်ပေးနေတာလို့ ထင်ပြီး တကယ်ပဲ စကားနားထောင်ပြီး အိမ်မှာပဲ ဆယ်နှစ်ကျော်ကြာအောင် ဆေးကုသမှု ခံယူနေခဲ့တယ်၊ အပြင်ကို လုံးဝနီးပါး မထွက်ခဲ့ရဘူး]

[လက်ထပ်ရမဲ့အချိန် ရောက်လာတော့ ဒုတိယမယားက အစ်မကြီး အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတို့သမီးကို လဲလှယ်ချင်ခဲ့တယ်။ နယ်စားမင်းကတော်က သူ့သူငယ်ချင်းအရင်းရဲ့ သမီးကို သဘောကျတာလေ၊ အမြှောင်မယားရဲ့ သမီးကို ချွေးမအဖြစ် ဘယ်လိုလုပ် လိုချင်မှာလဲ။ သူက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်]

[လက်ထပ်ပွဲက တစ်နှစ်လောက် ကြန့်ကြာနေခဲ့ပြီး အခုထိ မအောင်မြင်သေးဘူး။ သူတို့က လူပျိုကြီး အပျိုကြီး လုပ်နေလို့မှ မရတာ။ တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှာ ညီမငယ်ကလည်း လက်ထပ်ရတော့မယ်လေ။ ဒါနဲ့ အဲဒီ သားအမိက ဒီအကြံကို ထုတ်လိုက်ကြတာ]

ချူဟွား: [မင်္ဂလာဆောင်ရက်ကို တစ်ရက်တည်း သတ်မှတ်လိုက်တယ်။ ခန်းဝင်ပစ္စည်းနဲ့ မင်္ဂလာဝတ်စုံတွေကို ဆင်တူ လုပ်ထားလိုက်တော့ အလွယ်တကူ ဖော်ထုတ်မခံရတော့ဘူးပေါ့။ အချိန်တန်လို့ လက်ထပ်ပြီးသွားရင် နယ်စားမင်းအိမ်တော်က လက်ခံရတော့မှာပဲလေ။ သူတို့က တရားဝင်သမီးနှစ်ယောက်လုံးကို လက်ထပ်ယူလို့မှ မရတာ။ ဒါဆို ဘယ်သူက မယားကြီးဖြစ်ပြီး ဘယ်သူက ကိုယ်လုပ်တော် ဖြစ်မလဲ။ နယ်စားမင်းအိမ်တော်က အဲဒီလောက်ထိ မရိုင်းစိုင်းလောက်ပါဘူးနော်]

ဟုတ်တာပေါ့။ ဝူချဲ့ဖေးသည် စိတ်ထဲတွင် ခေါင်းညိတ်လိုက်လေသည်။ ဒါက သူမ တွေးနေတာနဲ့ အတူတူပဲ။

တခြားသူများက ဒီနည်းလမ်းသည် အနည်းငယ် အန္တရာယ်များကြောင်း ခံစားရသော်လည်း နယ်စားမင်းအိမ်တော်သည် သည်အရှုံးကို တိတ်တဆိတ် လက်ခံလိုက်ရပေလိမ့်မည်။

သူတို့က ကိစ္စကို ကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်ပြီး မိသားစုနှစ်ဖက်စလုံး အရှက်ကွဲစေဖို့ ဆန္ဒမရှိရင်ပေါ့လေ - သူကောင်းမျိုးရိုး မိသားစုများသည် မျက်နှာကို တန်ဖိုးထားကြပြီး သမီးပျိုအများအပြား ရှိနေသဖြင့် အရှုံးခံဖို့ကို ပိုလိုလားတတ်ကြသည်။ ဆက်ဆံရေး ပျက်ပြားသွားလျှင် ပြန်လည်တည်ဆောက်ရန် ခက်ခဲလေသည်။

သို့သော်... system က ရယ်မောလိုက်လေသည်။ [အခြေအနေတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ နင် စိတ်ကူးကြည့်လို့ ရမှာ မဟုတ်ဘူး]

ဟင်။ လူတိုင်း၏ စိတ်ဝင်စားမှု မြင့်တက်သွားကြ၏။ မမျှော်လင့်ထားသော အလှည့်အပြောင်းများ ရှိနေပုံရသည်။

ချူဟွား: [မြန်မြန် ပြော]

Systemက ဝမ်းသာအားရ လေသံဖြင့် ပြောလာသည်။ [မင်္ဂလာဆောင်ရက် နီးလာတော့ ညီမငယ်က ရုတ်တရက် ငိုယိုပြီး သူက နယ်စားဆက်ခံသူနဲ့ လက်မထပ်ချင်ဘူး၊ ဆင်းရဲသားမိသားစုက ရှို့ချိုင်နဲ့ပဲ လက်ထပ်ချင်တယ်လို့ အော်ဟစ်လာတယ်။ သူက ဒုတိယမယားကို ပြဿနာရှာတော့တာပဲ]

လူတိုင်း မှင်တက်သွားကြသည်။ ဒီအပြောင်းအလဲကိုတော့ အမှန်ပင် မမျှော်လင့်ထားခဲ့ပေ။

...

All Chapters