← Chapters

အခန်း ၄၀

Vol. 3 Ch. 40

အခန်း ၄၀

Vol. 3 Ch. 40

အပိုင်း (၄၀)

နယ်စားဆက်ခံသူက အရုပ်ဆိုးပြီး ဆင်းရဲတဲ့ မိသားစုက ရှို့ချိုင်က ချောမောနေလို့များလား။ ဒါမှမဟုတ် နယ်စားဆက်ခံသူက ကိုယ်ကျင့်တရား မကောင်းဘဲ ဆင်းရဲတဲ့ မိသားစုက ရှို့ချိုင်က ရိုးသားဖြောင့်မတ်လို့လား။ မဟုတ်ရင် မင်္ဂလာမဆောင်ခင် ဘာလို့ ဒီလို ပြဿနာ ဖြစ်ရတာလဲ။

ချူဟွားက ခန့်မှန်းလိုက်သည်။ [ညီမငယ်က တစ်ခုခု ကြားလိုက်လို့လား]

[မဟုတ်ဘူး] Systemက လျှို့ဝှက်မထားတော့ဘဲ တစ်ဆက်တည်း ပြောလိုက်သည်။ [ညီမငယ်က ညတစ်ညမှာ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ နယ်စားဆက်ခံသူက ပုန်ကန်ပြီး တစ်မိသားစုလုံး အသတ်ခံလိုက်ရတယ်။ ပြီးတော့ သူမက အဆိပ်ခတ် အသတ်ခံလိုက်ရတယ်။ ဆင်းရဲတဲ့မိသားစုက ရှို့ချိုင်ကတော့ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီး ကျွီရန်၊ ကုန်းရှီ၊ ကျွမ့်ယွမ် ဖြစ်လာပြီး လမ်းတစ်လျှောက်လုံး ရာထူးတက်ပြီး အမတ်ချုပ်ကြီး ဖြစ်လာခဲ့တယ်။ ပြီးတော့ သူ့အစ်မက အမတ်ချုပ်ကတော် ဖြစ်လာတယ်တဲ့]

ချူဟွား: "..."

တခြားသူများ: "..."

ဝေဖန်စရာ အချက်တွေက များလွန်းနေလို့ သူတို့ကို အရင် စီစဉ်ပြီးမှ ဖြည်းဖြည်းချင်း ဝေဖန်ခွင့်ပေးပါအုံး။

အရင်ဆုံး တခြားအရာတွေကို မပြောဘဲ ထားလိုက်ဦး။ သာ့ရှန်းရဲ့ အမတ်ချုပ်က ဘယ်ကနေ ထွက်လာတာလဲ။

အရင်မင်းဆက်တုန်းက တစ်ယောက်ရှိခဲ့ဖူးတယ်။ အမတ်ချုပ်က အရှင်မင်းကြီးကို ဒါ မလုပ်နဲ့၊ ဟိုဟာ မလုပ်နဲ့လို့ မကြာခဏ အကြံပေးလွန်းလို့ အရင်မင်းဆက်ရဲ့ နောက်ဆုံးမင်းကြီးက သူ့ကို ဆွဲထုတ်ပြီး သတ်ပစ်လိုက်တယ်။ အဲဒီနောက်ပိုင်း ဘယ်သူကမှ အမတ်ချုပ် လုပ်ဖို့ သူတို့အသက်ကို မစွန့်စားရဲကြတော့ဘူး။ သာ့ရှန်းက တိုင်းပြည်ထူထောင်ပြီးကတည်းက အမတ်ချုပ် ရာထူး မထားခဲ့ဘူးလေ။

ညီမငယ်က ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သမီး ဆိုတော့ ညီလာခံမှာ အမတ်ချုပ် မရှိဘူးဆိုတာ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။

ဒါ့အပြင် အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာ အကုန်လုံးကို ယုံကြည်ပြီး ပြဿနာရှာနေတာက အရမ်း ရယ်စရာ မကောင်းလွန်းဘူးလား။

ရှုထောင့်ပြောင်း ကြည့်မယ်ဆိုရင် ညီမငယ်က တစ်နှစ်သားအရွယ်မှာ အိမ်တော်ထဲ ရောက်လာပြီး တရားဝင်သမီးလို ကြီးပြင်းလာခဲ့တာ။ ဆယ်နှစ်ကျော်ကြာအောင် သူ့အဖေနဲ့ အမေက သူ့ကို အလိုလိုက်ထားခဲ့တယ်။ ဆင်းရဲတဲ့ ရှို့ချိုင်နဲ့ လက်ထပ်ရပေမဲ့ ခန်းဝင်ပစ္စည်းက အရမ်း ပြည့်စုံတယ်။ မရှိနိုင်တဲ့ အရှေ့မြောက် ပုလဲတောင် ပြင်ဆင်ထားပေးသေးတယ်။ သူက အိမ်မှာ အရမ်း အလိုလိုက်ခံထားရမှာ သေချာတယ်။

သူမ အလိုလိုက်ခံထားရလို့ ပျက်စီးနေတာ ဖြစ်နိုင်မလား။

အရမ်း အလိုလိုက်ခံထားရလို့ သူက စာသင်ရတဲ့ ဒုက္ခကို မခံနိုင်ဘူး။ အရမ်း အလိုလိုက်ခံထားရလို့ သူ မရတာ ရှိရင် ငိုယိုပြီး ပြဿနာရှာတတ်တယ်။

ညီမငယ်က သူ့မိဘတွေ သူ့ကို ပစ္စည်းကောင်းတွေ ပေးတာ ကျင့်သားရနေပြီး ပစ္စည်းကောင်းတွေ လိုချင်ရင် ငိုယို ပြဿနာရှာတတ်တဲ့ အကျင့် ရနေတာ။ သူက အကျင့်ပါနေပြီး သူ့အတိုင်းအတာကို မသိတော့ဘူး။

System: [ညီမငယ်က လက်ထပ်ဖို့ အတင်းအကျပ် တောင်းဆိုတယ်။ ငိုတယ်၊ ပြဿနာရှာတယ်၊ ကြိုးဆွဲချ သေမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ ဒုတိယမယားက ပင်ပန်းလွန်းလို့ သူ့ကို နှုတ်ကတိ ပေးလိုက်ရတယ်။ ပြီးတော့ ဒုတိယမယားက သတို့သမီး ထွက်ရမဲ့နေ့မှာ ညီမငယ်ကို နယ်စားမင်းအိမ်တော်ဆီ ထည့်ပေးလိုက်ဖို့ လှုပ်ရှားမှုအသေးစားလေးတွေ လုပ်လိုက်တယ်]

ဒါက ဝူချဲ့ဖေး အရင်က ပြောခဲ့တာနဲ့ ကိုက်ညီနေသည်။

System: [ပြီးပြီလို့ ထင်နေလား။ မဟုတ်ဘူးနော်။ မင်္ဂလာဦးခန်းထဲမှာ ဆက်ခံသူက ခေါင်းဆောင်းနီကို မလိုက်တဲ့အခါ ညီမငယ်က နယ်စားဆက်ခံသူနဲ့ လက်ထပ်မိမှန်း သိသွားတယ်။ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ဆက်ခံသူကို ရှို့ချိုင်ရဲ့ အိမ်ဆီ အတင်းဆွဲခေါ်သွားတော့တာပဲ]

[နယ်စားမင်းဘက်မှာ ဧည့်သည်တွေ အများကြီး ရှိပေမဲ့ ရှို့ချိုင်ဘက်မှာတော့ ဧည့်သည် နည်းတယ်။ မိသားစုနှစ်စုက အရှေ့နဲ့ အနောက်မှာ တည်ရှိပြီး ခရီးက ဝေးကွာတယ်။ သူတို့ အဲဒီကို ရောက်သွားတဲ့အချိန်မှာ မင်္ဂလာဦးခန်းကိစ္စက ပြီးဆုံးသွားပြီ]

ချူဟွား: [အစ်မကြီးက မင်္ဂလာမဆောင်ခင် နယ်စားဆက်ခံသူကို မတွေ့ဖူးဘူးလား]

System: [ဒုတိယမယားက သတို့သမီးကို လဲလှယ်ဖို့ စီစဉ်နေတာလေ၊ အစ်မကြီးကို သူ လက်ထပ်ရမဲ့ ခင်ပွန်းလောင်းနဲ့ တွေ့ခွင့်ပေးပါ့မလား။ အစ်မကြီးက ဘာမှ မသိဘူး၊ ဒုတိယမယားရဲ့ လူတွေ ဝိုင်းရံထားတာကို ခံနေရတာ။ သူက လုံးဝ ထိန်းချုပ်ခံထားရပြီး ရှုပ်ရှုပ်ထွေးထွေးနဲ့ပဲ လက်ထပ်လိုက်ရတာ]

[ဆက်ခံသူနဲ့ ညီမငယ်က လူတွေနဲ့အတူ ရောက်လာမှ တစ်ခုခု မှားနေမှန်း သူ သိလိုက်ရတယ်။ ဒါပေမဲ့ ညီမငယ်ရဲ့ အဖေ သေသွားသလို ဝမ်းနည်းပူဆွေးနေတဲ့ မျက်နှာကို မြင်တော့ အစ်မကြီးက မတော်တဆမှုတစ်ခုလို့ ထင်သွားတယ်။ သူက ပြောလိုက်တယ် "ဒီအခြေအနေအထိ ရောက်လာမှတော့ အကောင်းဆုံး ဖြစ်အောင် နေကြတာပေါ့"တဲ့]

ချူဟွား: "..." ညီမငယ်က ဘယ်လိုလုပ်ပြီး ဝမ်းနည်းပူဆွေး မနေဘဲ နေမှာလဲ။ သူ ရတော့မဲ့ အမတ်ချုပ်ကတော် နေရာ ပျောက်သွားပြီလေ။

[ညီမငယ်က လက်မလျှော့ဘူးမလား]

System: [ဟုတ်တာပေါ့။ ရှို့ချိုင်နဲ့ အစ်မကြီးက မင်္ဂလာဦးညကို ဖြတ်သန်းပြီး လင်မယားအရာ မြောက်သွားကြပြီလေ။ ဒါပေမဲ့ လက်ထပ်စာချုပ် ရှိနေသေးတယ်၊ ရှို့ချိုင်နဲ့ လက်ထပ်ခဲ့တာက သူပါလို့ ပြောပြီး လူချင်း ပြန်လဲဖို့၊ အရာအားလုံးကို နေရာတကျ ပြန်ထားဖို့ သူက အတင်းအကျပ် တောင်းဆိုနေတာ]

[ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ခံသူ၊ ရှို့ချိုင်နဲ့ အစ်မကြီး သုံးယောက်လုံးက သဘောမတူကြဘူး]

လူတိုင်း: "..." သူတို့ သဘောတူနိုင်ရင် ထူးဆန်းနေမှာပေါ့။

သာ့ရှန်းက အပြစ်ကင်းစင်မှုကို သိပ်အလေးမထားဘဲ မုဆိုးမတွေ နောက်အိမ်ထောင်ပြုတာကို ကြိုဆိုတယ်၊ အထူးသဖြင့် ကလေးမွေးဖူးပြီး ရပ်တည်ချက်ရှိတဲ့ မုဆိုးမတွေပေါ့။ ဒါပေမဲ့ ဒါက သူတို့ကိုယ်တိုင် ဦးထုပ်စိမ်း ဆောင်းခံရတာကို ခွင့်ပြုမယ်လို့ မဆိုလိုပါဘူး။

ရှို့ချိုင်နဲ့ အစ်မကြီးက မင်္ဂလာဦးညကို ဖြတ်သန်းပြီးသွားပြီ။ တကယ်လို့ ဆက်ခံသူက အစ်မကြီးနဲ့ လက်ထပ်ပွဲကို ဆက်လုပ်မယ်ဆိုရင် အစ်မကြီးကို မြင်လိုက်တိုင်း သူက ဦးထုပ်စိမ်း ဆောင်းထားရသလို ခံစားရလိမ့်မယ်။ ရှို့ချိုင်ကလည်း သူ့ဇနီးကို တခြားယောက်ျားနဲ့ အိပ်ထားတယ်လို့ ခံစားရပြီး သူ့ခေါင်းက စိမ်းနေတယ်လို့ ခံစားရလိမ့်မယ်။ အစ်မကြီးက ခင်ပွန်းသည် နှစ်ယောက်ကို ပိုပြီးတော့တောင် ပြုစုချင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့ထဲက တစ်ယောက်က သူ့ယောက်ဖလေ။ ကိုယ်ကျင့်တရားတွေ ရှုပ်ထွေးကုန်မှာပေါ့။

လောလောဆယ် ဆက်ခံသူနဲ့ ညီမငယ်အကြောင်း မပြောနဲ့ဦး။ ရှို့ချိုင်နဲ့ အစ်မကြီးတို့ရဲ့ လွဲမှားနေတဲ့ လက်ထပ်ပွဲအတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ အကောင်းဆုံး ဖြစ်အောင် နေလိုက်ကြတာပါပဲ။

ဒါပေမဲ့ အရာရာက သူတို့ စိတ်ကူးထားတာနဲ့ နည်းနည်း ကွဲပြားနေတာပဲ။

System: [ဆက်ခံသူက သဘောမတူဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အပျိုစင်မှ လိုချင်တဲ့ စိတ်အစွဲ ရှိနေပြီး တခြားသူနဲ့ အိပ်ပြီးသား မိန်းမကို မလိုချင်ဘူးလေ။ သူ့မှာ ကြိုက်နေတဲ့ ကောင်မလေး ရှိပြီးသား၊ အစကတည်းက ဒီလက်ထပ်ပွဲကို သဘောမတူခဲ့ဘူး။ နယ်စားမင်းက အတင်းအကျပ် စီစဉ်ခဲ့တာ။ အခုတော့ ဆက်ခံသူက ဒီလက်ထပ်ပွဲကို ဖျက်သိမ်းပြီး သူ ချစ်တဲ့ ကောင်မလေးကိုပဲ လက်ထပ်တော့မယ်]

[ရှို့ချိုင်က သဘောမတူဘူး။ ဘာလို့လဲဆိုတော့ အစ်မကြီးက ညီမငယ်ထက် ပိုလှပြီး ပိုပညာတတ်တယ်လို့ သူ ထင်လို့လေ။ ဒုတိယမယားရဲ့ စီစဉ်မှုအောက်မှာ ရှို့ချိုင်က အစ်မကြီးကို တိတ်တဆိတ် တွေ့ခဲ့ဖူးတယ်။ သူက မူလကတည်းက အစ်မကြီးကို သဘောကျနေတာ၊ ညီမငယ်ကို မလိုချင်ဘူး]

[အစ်မကြီးက သဘောမတူဘူး။ ဘာလို့လဲဆိုတော့ နယ်စားမင်းအိမ်တော်က အရမ်း ရှုပ်ထွေးလွန်းတယ်လို့ သူ ခံစားရတယ်။ သူက မကြာခဏ အပြင်မထွက်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းပြီး အရမ်း ရိုးအတာကြောင့် နယ်စားမင်းအိမ်တော်ထဲက ဉာဏ်များတဲ့ လူတွေကို မကိုင်တွယ်နိုင်ဘူးလေ။ အဲဒီအစား သေးငယ်ပြီး ဆင်းရဲတဲ့ မိသားစုက ရှို့ချိုင် ခင်ပွန်းသည်က သူ့အတွက် ပိုသင့်တော်တယ်လို့ပေါ့]

[တခြားသူတွေအတွက် အရေးကြီးချင်မှ အရေးကြီးမဲ့ အပြစ်ကင်းစင်မှု ဂုဏ်သတင်းက သူ့အတွက် သိပ်အရေးမကြီးဘူး။ ဘာလို့လဲဆိုတော့ သူ့အမေအရင်းလို့ ယူဆရတဲ့ ဒုတိယမယားက သူ့ဖခင်အရင်း ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ မလက်ထပ်ခင်က တခြားသူရဲ့ အမြှောင်မယား ဖြစ်ခဲ့ဖူးတယ်လေ။ သူ့အဆင့်အတန်းက သူ့ရဲ့ မိခင်အရင်း လိုပဲ သတ်မှတ်ခံထားရတာ]

လူတိုင်း: "..." လောကကြီးမှာ ညီမငယ် တစ်ယောက်တည်းပဲ နာကျင်ရတာပေါ့။

ဒါဆို ညီမငယ်နဲ့ ဒုတိယမယားက ဘာမှ မရလိုက်ဘူးပေါ့။

အဲဒီလိုလည်း မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ သားအမိနှစ်ယောက်က မယားကြီး သေဆုံးပြီးနောက် ချန်ထားခဲ့တဲ့ ခန်းဝင်ပစ္စည်းတွေကို ခွဲဝေယူထားကြတယ်လေ။

ချူဟွားက ဒါက မှားမှန်းသိပေမဲ့ မရယ်ဘဲ မနေနိုင်တော့ပေ။

ဒုတိယမယားက မယားကြီးရဲ့ သမီးကို လမ်းမှားရောက်အောင် တမင်တကာ ပြုစုပျိုးထောင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ အဆိုးထဲက အကောင်း ဖြစ်သွားတာပေါ့။ အစ်မကြီးက အားနည်းပြီး သူရဲဘောကြောင်ပုံ ပေါက်နေပေမဲ့ တကယ်တမ်းကျတော့ သူက စိတ်ထားဖြူစင်တယ်၊ အာဏာနဲ့ စည်းစိမ်ဥစ္စာကို မမက်မောဘူး၊ သူ့စိတ်နဲ့ ကိုက်ညီတဲ့ ခင်ပွန်းသည်နဲ့ လက်ထပ်နိုင်ခဲ့တယ်။

ဒုတိယမယားက သူ့ဂုဏ်သတင်းကို ဂရုစိုက်ပြီး ညီမငယ်ရဲ့ ခန်းဝင်ပစ္စည်း ထုတ်ကြွားချိန်မှာ ပေါ်သွားမှာ စိုးရိမ်တာကြောင့် အစ်မကြီးရဲ့ ခန်းဝင်ပစ္စည်းက ညီမငယ်ရဲ့ ခန်းဝင်ပစ္စည်းနဲ့ သိပ်မကွာခြားခဲ့ဘူး။

နောက်ပိုင်းမှာ ဒုတိယမယားက သူ့မိခင်အရင်း မဟုတ်မှန်းနဲ့ သူ့မိခင်အရင်း ချန်ထားခဲ့တဲ့ ခန်းဝင်ပစ္စည်းတွေ ခွဲဝေယူထားခံရမှန်း အစ်မကြီး သိသွားရင် သူက ပြန်ယူဖို့ ကြိုးစားပြီး ဒုတိယမယားရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာဖုံးကို ခွာချမဲ့ ဇာတ်ကွက်က သေချာပေါက် ကျေနပ်စရာ ကောင်းနေတော့မှာပဲ။

မမျှော်လင့်ထားသည့် ဤအလှည့်အပြောင်းများသည် ချူဟွား၏ စူးစမ်းလိုစိတ်ကို လုံးဝ နှိုးဆွလိုက်လေသည်။

[နောက်ဆက်တွဲ ဘာဖြစ်သွားလဲ]

System: [ညီမငယ်က လက်မခံဘူးပေါ့။ သူက အမတ်ချုပ်ကတော် ဖြစ်လာဖို့ စောင့်နေတုန်းပဲလေ]

ချူဟွား: [နေပါဦး။ ငါ ဖြတ်ပြောလိုက်ဦးမယ်။ သူက ဘာမှ လုပ်စရာ မလိုဘဲ လက်ထပ်လိုက်ရုံနဲ့ အမတ်ချုပ်ကတော် ဖြစ်လာနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်

Systemက ပြုံးပြီး ပြန်မေးလိုက်သည်။ [တခြား ဘာရှိဦးမှာလဲ]

ချူဟွား: "..."

တခြားသူများ: "..."

ကိုယ့်ဘဝကို ဘယ်လို ဖြတ်သန်းမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရတာလေ။ ဘာမှ မလုပ်ဘဲ အရာအားလုံး လိုချင်နေရင် မိုးပေါ်က မုန့်ကျလာမယ်လို့များ တကယ် မျှော်လင့်နေတာလား။

တကယ်လို့ အဲဒီလို မုန့် ကျလာခဲ့ရင်တောင် အဲဒါက အဆိပ်ပါနေမှာ။

ဒီကောင်မလေးက အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီးရဲ့ အလိုလိုက်တာကို တကယ် ခံထားရတာပဲ။ သူက သူများလုပ်ထားတဲ့ အသီးအပွင့်ကို ထိုင်စားဖို့ပဲ သိတယ်။

တကယ်လို့ ညီမငယ်က သူတို့ရဲ့ သမီးအရင်းဖြစ်ကြောင်း system က မပြောခဲ့ရင် အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီးက သူများသားသမီးကို မြှောက်ပင့်ပေးပြီး ဖျက်ဆီးတဲ့ ကစားပွဲတစ်ခုကို ကစားနေကြတယ်လို့ သူတို့ သံသယဝင်မိကြမှာပဲ။

Systemက ဆက်ပြောလိုက်သည်။ [အုပ်ချုပ်ရေးမှူးက သမီးနှစ်ယောက် လဲလှယ်မိတာ ဟုတ် မဟုတ် ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်က ဆက်ခံသူနဲ့ လက်ထပ်ပြီး နောက်တစ်ယောက်က ရှို့ချိုင်နဲ့ လက်ထပ်သရွေ့ အဆင်ပြေတယ်လေ]

[အစ်မကြီးနဲ့ ရှို့ချိုင်ရဲ့ လက်ထပ်ပွဲက အောင်မြင်သွားပြီး နောက်ပြန်လှည့်လို့ မရတော့တာကို မြင်တော့ ဒုတိယမယားက သူ့သမီး ပြဿနာ ထပ်ရှာမှာကို စိုးရိမ်ပြီး လက်ထပ်စာချုပ်ပေါ်က နာမည်ပြောင်းဖို့ အုပ်ချုပ်ရေးမှူးကို အမြန် တိုက်တွန်းလိုက်တယ်။ ရှို့ချိုင်က အမှန်တရားကို ခန့်မှန်းမိပေမဲ့ အစ်မကြီးကို သဘောကျနေတယ်လေ။ သူ့ဇနီးကို သနားတာကြောင့် သူက အလျင်အမြန် ပူးပေါင်းဆောင်ရွက်ပြီး ပြောင်းလဲပေးလိုက်တယ်]

[ဒီဘက်မှာ ကိစ္စတွေ ပြေလည်သွားတဲ့အချိန်မှာ ဆက်ခံသူက စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ တခမ်းတနားကြီး ရောက်လာခဲ့တယ်။ ကိစ္စတွေ ပြီးပြတ်သွားတာကို မြင်တော့ နယ်စားမင်းကတော်က ဆက်ခံသူကို သူ ချစ်တဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရတော့တယ်။ ဒုတိယမယားက သူ့ကို ကြံစည်ခဲ့တာကို ဒေါသထွက်သွားပြီး စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး ကိစ္စကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင် လုပ်ဖို့ ဆက်ခံသူကို အချက်ပြလိုက်တယ်]

[ဆက်ခံသူကလည်း မွှေတတ်တဲ့လူပဲ။ သူက စေ့စပ်ပွဲ ဖျက်သိမ်းတာကို အခွင့်ကောင်းယူပြီး အဖြစ်အပျက်တစ်ခုလုံးကို ဖွင့်ချလိုက်တယ်။ ဒုတိယမယားက အမြှောင်မယား နေရာကနေ ရာထူးတက်လာခဲ့တာ၊ မယားကြီးရဲ့ ခန်းဝင်ပစ္စည်းတွေကို ခိုးယူခဲ့တာ၊ မယားကြီးရဲ့ သမီးကို လမ်းမှားရောက်အောင် တမင်တကာ ဆေးခတ်ပြီး ကြံစည်ခဲ့တာ စတာတွေကို ထောက်ပြခဲ့တယ်။ ဒါက ယွမ်ကျိုးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်]

ချူဟွားက အသက်ရှူ မှားသွားတော့သည်။ [ဝိုး]

တခြားသူများ: ဝိုး! အရမ်း ကျေနပ်စရာကောင်းတာပဲ!!

ဆက်ခံသူက သူ့အတွက် သူ လုပ်ခဲ့တာ ဖြစ်ပေမဲ့ မတော်တဆ အစ်မကြီးအတွက် ဒေါသ ဖြေပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

ရှို့ချိုင်နဲ့ အစ်မကြီးရဲ့ နားထဲ ဒီသတင်း ရောက်သွားတဲ့အခါ နောက်ထပ် ကျေနပ်စရာကောင်းတဲ့ ဇာတ်လမ်းက သိပ်မဝေးတော့ဘူးလို့ ခန့်မှန်းရတာပဲ။

System: [အုပ်ချုပ်ရေးမှူးက ဒီဒုတိယမယားကို ဘယ်လောက်ပဲ သဘောကျပါစေ၊ အပြင်ထွက်လိုက်တာနဲ့ လူတိုင်းက လက်ညှိုးထိုးတာကိုတော့ သည်းမခံနိုင်ဘူး။ လူတိုင်းက သူ့ကို မျက်ကန်းပဲ၊ မယားကြီးရဲ့ သမီးကို ရက်စက်ကြမ်းကြုတ်တယ်၊ မယားကြီးရဲ့ ခန်းဝင်ပစ္စည်းတွေကို မက်မောတယ်ဆိုပြီး ဆဲဆိုနေကြတာ]

[အုပ်ချုပ်ရေးမှူးက ဒုတိယမယားနဲ့ ညီမငယ်ကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ သီလရှင်ကျောင်းကိုဒေါသတကြီးနဲ့ ပို့လိုက်တယ်။ ဘယ်တော့ ပြန်ခေါ်လာမလဲဆိုတာ မသိရတော့ဘူး]

[အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က မယားကြီး ဘယ်လောက်များတဲ့ ခန်းဝင်ပစ္စည်းတွေ ချန်ထားခဲ့လဲဆိုတာ မသိဘူး။ ခန်းဝင်ပစ္စည်း စာရင်းကိုလည်း ဒုတိယမယားက မီးရှို့ပစ်လိုက်ပြီ။ ဒါကြောင့် သူက ညီမငယ်ရဲ့ ခန်းဝင်ပစ္စည်းအားလုံးကို အစ်မကြီးဆီ ပေးလိုက်တယ်။ ဒါက မယားကြီး ချန်ထားခဲ့တဲ့ ခန်းဝင်ပစ္စည်းထက် အများကြီး ပိုများနေတယ်လေ။ ပိုနေတဲ့အရာတွေက သူ့သမီးကို ထောက်ပံ့ဖို့ ဒုတိယမယားက နှစ်တွေအကြာကြီး အတိုးနဲ့ ချေးငှားပြီး ရှာဖွေထားတဲ့အရာတွေပဲ]

[ရှို့ချိုင်က အစ်မကြီးကို ကုသပေးဖို့ ဆေးပညာ ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ အစ်မကြီးက အချိန်အကြာကြီး နာတာရှည် အဆိပ်မိနေခဲ့တာကို သူ တွေ့ခဲ့ရတယ်။ ကံကောင်းတာက သူက အားနည်းရုံပဲ ရှိသေးပြီး အဆိပ်က အရမ်း မပြင်းထန်ဘူး။ တစ်နှစ်၊ နှစ်နှစ်လောက် အနားယူပြီးရင် ပြန်ကောင်းလာနိုင်တယ်။ ကလေးယူဖို့ မလောရဘူး ဆိုတာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် သူက ငယ်သေးတယ်လေ။ သူ ပြန်ကောင်းလာပြီးမှ နောက်ထပ် ကလေးယူတာက ပိုစိတ်ချရမှာပေါ့]

ချူဟွား: [ကျေနပ်စရာကြီး]

သူမသည် ရှေးခေတ် ပြန်လည်မွေးဖွားခြင်းပုံစံ ဇာတ်လမ်း၏ လက်တွေ့ဘဝ ဗားရှင်းကို စားသုံးလိုက်ရခြင်း ဖြစ်သည်။ သိပ်ကျေနပ်စရာကောင်းတာပဲ။

တခြားသူများ: သိပ်ကျေနပ်စရာကောင်းတာပဲ!!!

မျှော်လင့်ထားသည့်အတိုင်း ချူဟွားနှင့် system နောက် လိုက်နေလျှင် စားစရာ စိတ်ဝင်စားစရာကောင်းသည့် ဖရဲသီးများစွာ ရှိနေသည်ပဲ။ အရသာ ရှိလိုက်တာ၊ နောက်တစ်ခါ ထပ်ကျွေးပါဦး။

နန်းစောင့်တပ်သားက မှတ်တမ်းတင် ကူးယူထားသည့် သတင်းကို အခင်းဖြစ်ပွားရာ နေရာကို အချိန်မီ မရောက်လာသည့် အရှင်မင်းကြီးနှင့် ရောက်လာရန် အကြောင်းမရှိကြသည့် မှူးမတ်များထံ ပေးပို့ရန် နောက်ထပ် နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။

ယွမ်ကျိုးမြို့သူမြို့သားတို့ စားသုံးလိုက်ရသည်မှာ လတ်ဆတ်မွှေးကြိုင်ကာ အရသာရှိလှသည့် အသီးဦးများ ဖြစ်ကြ၏။ ချူဟွားတို့အဖွဲ့ စားလိုက်ရသည်ကတော့ အတော်အသင့် ချိုမြိန်သေးသည့် ဒုတိယသီးများ ဖြစ်ကြသည်။ သို့သော် ဇာတ်လမ်းအစအဆုံး ပြည့်စုံနေသဖြင့် တစ်ခါတည်းနှင့် ပွဲပြီးအောင် သိလိုက်ရသည်ကပင် ကျေနပ်အားရဖွယ် ကောင်းလှပေသေးသည်။ သူတို့(ဘုရင်နဲ့ သူ့မှူးမတ်) စားလိုက်ရသည်မှာတော့ မကောင်းတကောင်း အခြေအနေရှိသည့် တတိယသီးများသာ ဖြစ်ချေတော့သည်။

အရှင်မင်းကြီးနှင့် သူ့မှူးမတ်များ: "..." သူတို့ ခံစားချက်ကတော့ ရောထွေးနေရုံပါပဲ။

…

All Chapters