← Chapters

အခန်း ၄၅

Vol. 3 Ch. 45

အခန်း ၄၅

Vol. 3 Ch. 45

အပိုင်း (၄၅)

ဆောင်းဦးရာသီ အမဲလိုက်ပွဲတော် ပြီးဆုံးသွားပြီ။

ယခင်နှစ်များက ပထမ သုံးဦးသာ ဆုချီးမြှင့်လေ့ရှိသော်လည်း ယခုနှစ်တွင် ပထမ ငါးဦးစလုံး စွမ်းဆောင်ရည် ကောင်းမွန်ကြသည်။ အရှင်မင်းကြီးသည်လည်း ယခင်မင်းဆက်၏ ရတနာသိုက်ကို တူးဖော်ရရှိခဲ့သဖြင့် စိတ်လက်ကြည်သာနေကာ ထုံးစံကို ဖောက်ဖျက်ကာ ချွင်းချက်တစ်ခုအနေဖြင့် အားလုံးကို ရာထူးများ ပေးသနားခဲ့လေသည်။

ထိုညတွင် မူလက မြင့်မားသော စင်မြင့်နှင့် ကွင်းပြင်ကျယ်ကြီး၌ စားပွဲပု အများအပြားကို ခင်းကျင်းထားပြီး လူများသည် မီးပုံကို ဝိုင်းဖွဲ့ကာ ကြမ်းပြင်ပေါ်တွင် ထိုင်၍ အသားကင်များကို စားသောက်ကြသည်။

အသားကင်များသည် အမဲလိုက်ပွဲတွင် ပါဝင်သူများ ရရှိခဲ့သော သားကောင်များဖြစ်ပြီး တောကြက်၊ ယုန်၊ သမင်နှင့် ကျားတို့ ပါဝင်လေသည်။

ထိုကျားသည် ပထမရရှိသူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောင်နိုင်သူ၏ ဆုလာဘ်သဖွယ် အလယ်ဗဟိုတွင် ပြသထားသည်။ မြင်တွေ့သူတိုင်းသည် သူ့ ခွန်အားနှင့် သတ္တိကို ချီးကျူးကြလေသည်။ လေးတစ်လက်၊ လူတစ်ယောက်တည်းဖြင့် သားရဲတို့၏ ဘုရင်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျား၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား မကျန်ရစ်စေခဲ့သည်မှာ အမှန်တကယ်ပင် ကြွားဝါစရာ ကောင်းလှပေ၏။

ကြိုတင်သတ်မှတ်ချက်မှာ... သည်ကျားကို သူ တစ်ယောက်တည်း အမှန်တကယ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်မှသာလျှင် ဖြစ်သည်။

systemထံမှ ဖရဲသီး စားပြီးသားဖြစ်သော ချူဟွားသည် ထိုအကြောင်းအရာအတွက် ပြုံးရုံသာ ပြုံးနေပြီး စကားမဆိုခဲ့ပေ။

ဒါက အရှိန်အဝါ ယူတာပဲ မဟုတ်လား။ သူမက သိပ်နားမလည်ချင်ယောင် ဆောင်နေလိုက်တာပဲ ကောင်းပါတယ်။ ရန်သူတွေ အများကြီး မဖြစ်လာအောင် မဖော်ထုတ်ဘဲ နေလိုက်ပါတော့မယ်။

အသားကင်ကိုပဲ ငြိမ်ငြိမ်လေး စားနေလိုက်တာ ပိုကောင်းတယ်မလား။

ချူဟွားသည် ကုန်းကုန်းများ လာပို့သော အသားကင်ပန်းကန်ထဲမှ အသားလွှာအချို့ကို ရွေးယူလိုက်ပြီး ငရုတ်သီးမှုန့် အနည်းငယ်တို့ကာ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ပျော်ရွှင်မှုများက တရိပ်ရိပ် တက်လာတော့သည်။

"အသားကင်ဆိုတာ အစပ်စားမှ" ချူဟွားသည် အလွန် ကျေနပ်သွားလေသည်။ အသားလွှာ အနည်းငယ် စားပြီးနောက် အီလာသဖြင့် အသီးအရွက် အနည်းငယ်ကို ထပ်စားလိုက်သည်။

Systemက အချိန်ကိုက် ပေါ်လာ၏။ [ဆလပ်ရွက်နဲ့ ထုပ်စားတာ၊ ဒါမှမဟုတ် ကြက်သွန်ဖြူ တစ်မွှာလောက် ပါရင် ပိုကောင်းမှာ]

ချူဟွားသည် စားရင်း systemနှင့် သီးသန့် စကားပြောလိုက်သည်။ [နင့် စားပုံက နည်းနည်း ရှုပ်ထွေးတာပဲ]

System: [အစားအသောက်က ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှု ရှိတယ်လေ။ နင် မကြိုက်ဘူးလား]

ချူဟွား: [အိမ်မှာ တစ်ယောက်တည်းဆိုရင် ဘယ်လိုစားစား ရပါတယ်။ အပြင်မှာ၊ အထူးသဖြင့် ဧည့်ခံပွဲတွေမှာတော့ သတိထားရမယ်။ ကြက်သွန်ဖြူ အနံ့က နည်းနည်း ပြင်းတယ်]

Systemသည် ကိုယ်တိုင် မကြုံဖူးသလို အနံ့ခံအာရုံလည်း မရှိသဖြင့် စာသားဖော်ပြချက်များမှတစ်ဆင့်သာ စိတ်ကူးကြည့်နိုင်လေသည်။

၎င်းသည် ကြက်သွန်ဖြူ၏ 'ပြင်း' ခြင်းကို ကြိုးစား စိတ်ကူးကြည့်ပြီးနောက် နောက်ဆုံးအနေဖြင့် ရုန်းကန်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ [ဒါပေမဲ့ အသားစားပြီး ကြက်သွန်ဖြူ မစားရင်...]

ချူဟွားက သဘာဝကျကျပင် ဝင်ပြောလိုက်၏။ [အရသာ တစ်ဝက် လျော့သွားတာပေါ့]

ပြောပြီးသည်နှင့် တိတ်ဆိတ်သွားတော့သည်။

မဖြစ်ဘူး။

ဒါက ဧည့်ခံပွဲလေ။ တစ်ယောက်ယောက်က သူမကို လာစကားပြောတဲ့အခါ ပါးစပ်ဖွင့်လိုက်တာနဲ့ ကြက်သွန်ဖြူနံ့ ထွက်လာရင် လူကို အနံ့နဲ့ သတ်သလို ဖြစ်မနေဘူးလား။

ထိုမြင်ကွင်းကို စဉ်းစားမိလိုက်သည်နှင့် ချူဟွား၏ သဘောထားသည် ချက်ချင်း ပြတ်သားသွားတော့သည်။ [ငါ မစားဘူး]

System: [နင် စိတ်လှုပ်ရှားသွားတာ သိသာနေရဲ့သားနဲ့။ နင် ခုနက ကုန်းကုန်းကို ကြက်သွန်ဖြူ တောင်းမလို့ လုပ်နေတာ ငါ မြင်လိုက်တယ်]

ချူဟွား: [ငါ မစားဘူး]

သခင်က အလွန် ပြတ်သားနေသဖြင့် systemသည် နောက်ဆုတ်လိုက်ရသော်လည်း အနည်းငယ်တော့ မကျေမနပ် ဖြစ်နေမိသည်။

ထိုမကျေနပ်မှုလေးက ၎င်းကို ကြီးမားသော အရာတစ်ခု ဖော်ထုတ်ရန် ဆုံးဖြတ်စေခဲ့သည်။

သည်အခွင့်အရေးကလဲ မကြာမီ ရောက်လာတော့သည်။

ဆောင်းဦးရာသီ အမဲလိုက်ပွဲတော်၏ သင်္ကေတ အဓိပ္ပာယ်သည် ပိုမို အရေးကြီးလှသည်။ အကြောင်းမှာ အမဲလိုက်ပွဲတော် ရှိနေသရွေ့ သာ့ရှန်းသည် စစ်ရေးအင်အားကို အလေးထားကြောင်း၊ အရှင်မင်းကြီးသည် စစ်ပညာသင်ကြားခြင်းနှင့် စစ်မှုထမ်းခြင်းကို အားပေးကြောင်း ကိုယ်စားပြုပြီး စစ်ဘက် အရာရှိများအတွက် စိတ်သက်သာရာ ရစေသော ဆေးတစ်လက်ပင်။

မဟုတ်လျှင် သုံးနှစ်မှ တစ်ကြိမ် ကျင်းပပြီး တစ်ကြိမ်လျှင် စစ်ဘက် အရာရှိ သုံးဦးမှ ငါးဦးအထိသာ ရွေးချယ်နိုင်ပါက မည်သည့်အရာကို အသုံးဝင်မည်နည်း။

အမဲလိုက်ပွဲတော်၏ တတိယမြောက်နေ့ ညစာစားပွဲသည် သခင်လေးများနှင့် သခင်မလေးများ ထိတွေ့ ဆက်ဆံနိုင်သော အခွင့်အကောင်း တစ်ခုလည်း ဖြစ်သည်။ စာပေရော စစ်ရေးပါ ကျွမ်းကျင်သော အမျိုးသားကို မည်သည့် အမျိုးသမီးက မနှစ်သက်ဘဲ နေမည်နည်း။

ကျား၊ မ နေရာ ခွဲခြားထားသော်လည်း နှစ်ဖက်ကြား အကွာအဝေးမှာ သိပ်မဝေးလှပေ။ မီးပုံ၏ မှိန်ဖျဖျ အလင်းရောင်အောက်တွင် ထူးခြားသော ခံစားမှုမျိုး ရှိနေလေသည်။

သခင်လေးများသည် မိမိတို့ စိတ်ဝင်စားသော မိန်းကလေးများကို တိတ်တဆိတ် အကဲခတ်နေကြပြီး မိန်းကလေးများသည်လည်း သခင်လေး တစ်ဦးဦးကို တိတ်တဆိတ် အကဲခတ်နေကြကာ ရင်းနှီးကြသည့် မိန်းကလေး အချင်းချင်း စုဝေးကြပြီး စကားစမြည် ပြောဆိုနေကြသည်။

"ငါ့ စေ့စပ်ထားတဲ့သူဆီက မြေခွေးတစ်ကောင် လက်ဆောင်ရတယ်"

"ငါလည်း ရတယ်။ အရှင်ကြီးပဲ"

"ဒီနှစ် ပထမရတဲ့သူက ဘယ်လိုလဲ။ နင်တို့ ဘယ်လိုမြင်လဲ"

"ဒုတိယတစ်ယောက်က ပိုကြည့်ကောင်းတယ်"

အမျိုးသမီး အများစုသည် စေ့စပ်ထားသူ သို့မဟုတ် ခင်ပွန်းသည်များ ပေးပို့သော သားမွှေးများကို လက်ခံရရှိကြပြီး ကြွားဝါ ပြောဆိုနေကြသည်။ စကားဝိုင်းအတွင်း သည်အမဲလိုက်ပွဲတွင် သဘောကျသော သခင်လေးများ ပါဝင်ခြင်း ရှိမရှိကိုလည်း ဆွေးနွေးကြသည်။ မိသားစုမှ လူငယ်များအတွက် ဖြစ်စေ၊ စေ့စပ်ကြောင်းလမ်းခြင်း မရှိသေးသော မိမိတို့အတွက် ဖြစ်စေ ပြောဆို ဆွေးနွေးမှုများသည် အလွန် စည်ကားလှပေသည်။

စာပေသမား သက်သက်ဖြစ်သော ချူဖျင်သည်ပင် တောထဲသို့ ဝင်ရောက်ကာ ယုန်နှစ်ကောင် ပစ်ခတ်နိုင်ခဲ့သည်။ သို့သော် မြားပစ် စွမ်းရည် မကောင်းမွန်သဖြင့် သားမွှေး၏ ပြည့်စုံမှုမှာ ညံ့ဖျင်းနေပြီး လက်အိတ်တစ်စုံစာလောက်သာ ရရှိနိုင်ခဲ့သည်။

ပြုလုပ်လိုက်သော လက်အိတ် အရည်အသွေး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဝမ်သခင်မကတော့ အလွန် ပျော်ရွှင်နေလေသည်။

နှိုင်းယှဉ်ကြည့်လျှင် ချူဟွားတွင် အဖေအရင်းနှင့် အစ်ကိုအရင်းတို့ ပေးသော သားကောင်များ မရှိသလို သူမ၏ မြားပစ် စွမ်းရည်မှာလည်း မကောင်းသဖြင့် ဘာမှ မရရှိခဲ့ပေ။ အနည်းငယ် သနားစရာ ကောင်းနေပုံလေးဖြစ်တော့သည်။

အခြား အိမ်မှ မိန်းကလေးများက သခင်လေး တစ်ဦးဦး ပေးသော သားကောင် သို့မဟုတ် သားမွှေးများ ရရှိကြောင်း မြင်ရ ကြားရတိုင်း ချူဟွားသည် အဖေနှင့် အမေ အပါအဝင် အစေခံမများ၏ ရှုပ်ထွေးသော အကြည့်များကို ခံယူရလေ့ရှိသည်။

ဘာသာပြန်ရမည် ဆိုပါက "သူများတွေတောင် ရနေကြတာ၊ နင်က ဘာလို့ မရတာလဲ" ဟူ၍ ဖြစ်ပုံရသည်။

ချူဟွား: "..."

ညစာစားပွဲ အချိန်တဝက် ရောက်လာသောအခါ လူအများအပြားသည် အရက်ရှိန်ဖြင့် စကားပြောရန် လူလိုက်ရှာနေကြသဖြင့် မူလနေရာတွင် မရှိကြတော့ပေ။

အချို့သော သခင်လေးများနှင့် မိန်းကလေးများသည်လည်း ညအမှောင်ကို အခွင့်ကောင်းယူပြီး အတူတူ လမ်းလျှောက်ကာ နေ့ဘက်တွင် ပြောရန် မသင့်တော်သော စကားများကို ပြောဆိုနေကြလေသည်။

ချူဟွား၊ ချူဖျင်နှင့် ဝမ်သခင်မတို့သည် စားသောက်ပြီးစီးပြီ ဖြစ်သဖြင့် အစာကြေစေရန် မိသားစုလိုက် လမ်းလျှောက်ထွက်လာကြရာ ဘေးတွင် အစေခံမများနှင့် နန်းစောင့်တပ်သား အနည်းငယ် လိုက်ပါလာကြသည်။

ခြေလှမ်း နည်းနည်းလောက် လျှောက်လိုက်သည်နှင့် "ရှင် ပေးတဲ့ မြေခွေးလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ"၊ "ရှင် ပေးတဲ့ ယုန်ကို လက်အိတ် လုပ်ပြီးသွားပြီ" စသည့် စကားများကို ကြားနေရသည်။

ချူဟွားသည် အဖေအရင်းနှင့် အမေအရင်းတို့၏ အကြည့်များ စူးရှလွန်းသဖြင့် နာကျင်လာရပြီး မတတ်သာဘဲ ပြောလိုက်ရသည်။ "သမီးက ယောက်ျားလေးလို ဝတ်ထားတာလေ"

ဘယ်အိမ်က သခင်လေးက တခြား သခင်လေး တစ်ယောက်ကို သားကောင် လာပေးရဲမှာလဲ။

ဒါက ရန်စတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။

ဤခရီးစဉ်တွင် ပါဝင်သူ အများစုသည် ချူဟွားက အမျိုးသမီးမှန်း သိကြသော်လည်း သည်အချိန်မှာတော့ ဘယ်သူမှ လာမပေးကြပေ။

ချူဖျင်က မကျေနပ်ပေ။ "ယောက်ျားလေးလို ဝတ်ထားတော့ ဘာဖြစ်လဲ။ ငါ့ သမီးက ဒီလောက် တော်နေတာကို"

သူ့ သမီး၏ ထူးချွန်မှုနှင့် system၏ ဆန်းကြယ်မှုကြောင့် နောက်နှစ်တွင် ချူမိသားစု၏ တံခါးဘောင်သည် လာရောက် ကမ်းလှမ်းသော အောင်သွယ်တော်များကြောင့် ပါးသွားလောက်သည်။ သူ့ သမီးအတွက် စိတ်တိုင်းကျ ခင်ပွန်းလောင်း တစ်ယောက်ကို မျက်လုံး ပြူးကျယ်အောင် ဖွင့်ပြီး သေချာ ရွေးချယ်ပေးရလိမ့်မည်။

ဝမ်သခင်မက သူ့ကို မျက်စောင်းထိုးလိုက်၏။ ဘယ်သူက သမီး မိန်းကလေးကို တော်တယ်လို့ချည်းပဲ ပြောလို့လဲ။ စကားတတ်သလား။ အနည်းဆုံးတော့ ကြည့်ကောင်းတယ်၊ လှတယ်လို့ ထည့်ပြောသင့်တာ မဟုတ်ဘူးလား။

ချူဖျင်က ဇနီးသည်ကို ဘယ်နေရာမှာ သွားစော်ကားမိမှန်း မသိသေးခင်မှာပင် ဇနီးသည်က ချူဟွား၏ လက်ကို ဆွဲလိုက်သည်ကို တွေ့လိုက်ရသည်။ "ဟွားအာ၊ ဒီနှစ် အမဲလိုက်ပွဲက ပထမရတဲ့သူကို ဘယ်လိုမြင်လဲ"

ချူဖျင်က အလျင်အမြန် ဖြည့်စွက် ပြောကြားလိုက်သည်။ "အဲဒါက မင်ဝေ့စစ်သူကြီးရဲ့ မြေးအရင်းလေ။ ဒီနှစ် ၁၈ နှစ် ရှိပြီ။ စာပေရော စစ်ရေးပါ ကျွမ်းကျင်တယ်။ ဒီ ၃ ရက်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းမွန်တော့ လူအများကြီးရဲ့ အမြင်မှာ သမက်လောင်းအဖြစ် သတ်မှတ်ခံထားရပြီ။ အဖေ သိရသလောက်ဆိုရင် အလုပ်သမားဝန်ကြီးနဲ့ ယဉ်ကျေးမှုဝန်ကြီးတို့က သူ့ကို သဘောကျနေကြတယ်"

ချူဟွား အလွန် အံ့အားသင့်သွားသည်။ "အဖေ၊ အဖေက တရားရေးဝန်ကြီးဌာနက မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အလုပ်သမားဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအထိ စုံစမ်းနိုင်ရတာလဲ"

သူမ အဖေရဲ့ "လစာရသလောက်ပဲ အလုပ်လုပ်မယ်"၊ "တရားရေးကလွဲရင် ငါ့ကို လာမရှာနဲ့"၊ "လုပ်သက်နဲ့ပဲ ဖြည်းဖြည်းချင်း ရာထူးတက်မယ်" ဆိုတဲ့ ပေါ့ပေါ့နေတတ်တဲ့ စရိုက်နဲ့များ တခြားဌာနတွေနဲ့ ဆက်ဆံရေး နယ်ပယ်ချဲ့ထွင်တဲ့ နေ့မျိုး ရှိသေးတာလား။

မမှားဘူးဆိုရင် သူမ အဖေက သူ့ရဲ့ အထက်အရာရှိ ဖြစ်တဲ့ တရားရေးဝန်ကြီးနဲ့တောင် ဆက်ဆံရေးက သာမန်ပဲ ရှိတာ။ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ တခြားဌာနက ဝန်ကြီးတွေနဲ့တောင် အဆက်အသွယ် ရနေပြီပေါ့။

သူမ အဖေ တကယ် သဘောကျတဲ့ ဌာနက အလုပ်သမားဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနများ ဖြစ်နေမလား။

ကိုယ်ကသာ ဒီဘက်မှာ ရှိနေတာ၊ စိတ်က ဟိုဘက် ရောက်နေတာပေါ့။ မဆိုးဘူးပဲ အဖေရေ။

ချူဖျင်၏ မျက်နှာထားက တည်ငြိမ်အေးဆေးနေသည်။ "ဌာန ၆ ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ။ သဘာဝကျကျ လှုပ်ရှားသွားလာဖို့ လိုတာပေါ့"

အမှန်တကယ်တော့ သူ့ ရင်ထဲတွင် မုန်တိုင်းထန်စွာ ငိုကြွေးနေရသည်။ သမီးက အရမ်း ထူးချွန်လွန်းလို့ အဖေက အသုံးမကျတဲ့သူတစ်ယောက်လို ဖြစ်နေပြီး အရှင်မင်းကြီးနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးက တိုးတက်လိုစိတ် မရှိဘူးဆိုပြီး ငြိုငြင်တာ မခံရရင် ငါ ဒီလို လုပ်ပါ့မလား။

သူ ငယ်ရွယ်စဉ်က အပြိုင်အဆိုင် လုပ်ရမဲ့အချိန်တုန်းကတောင် မလုပ်ခဲ့ဘဲ လူလတ်ပိုင်း အရွယ်ရောက်မှ အေးအေးဆေးဆေး နေရမဲ့အစား သမီးကြောင့် အပြိုင်အဆိုင် လိုက်လုပ်နေရတယ်လို့။

အရမ်း ပင်ပန်းတာပဲ။

ချူဟွား: "..." ဒီစကားကို ကိုယ့်ဟာကိုယ်ရော ယုံရဲ့လား။

[systemရေ]

Systemက ကျွမ်းကျင်စွာပင် မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး ဟီးဟီး ရယ်မောလိုက်သည်။

[ဟီးဟီး မမကြီးဟွား၊ ငါ နင့်ကို ဒီ သမက်လောင်း လေးယောက်မှာ ဖရဲသီး ရှိမရှိ ကူကြည့်ပေးမယ်နော်]

ချူဟွား: [စကြစို့]

ခြေမြန်သော နန်းစောင့်တပ်သားများသည် မီတာ ၁၀၀ အပြေးသမားကဲ့သို့ အရှင်မင်းကြီး၊ အသက်အရွယ်ကြီးရင့်မှုကြောင့် စောစီးစွာ ပြန်လည် အနားယူနေကြသော မင်းဆရာအိုကြီး၊ မင်းဆရာကြီး အစရှိသူများကို သွားရောက် အကြောင်းကြားပြီးမှ စကားဝိုင်း၏ အဓိက ဇာတ်ကောင်ဖြစ်သူ၏ အဘိုး မင်ဝေ့စစ်သူကြီးကို အကြောင်းကြားကြလေသည်။

မင်ဝေ့စစ်သူကြီး: "..." ကျေးဇူးပါပဲ။ ငါ့ကို အကြောင်းကြားဖို့ သတိရသေးတယ်နော်။

ယခုတစ်ကြိမ်တွင် လူ ၅ ဦး၏ ဖရဲသီးကို စားရမည်ဖြစ်ရာ အကြောင်းအရာ များပြားသဖြင့် ရှာဖွေခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သောကြောင့် systemသည် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည်။

ထိုအလုပ်များ ပြီးစီး၍ ပြန်ရောက်လာသောအခါ ဖရဲသီးစွမ်းအင် များစွာ ကုန်ဆုံးသွားသည်ကို တွေ့ရှိလိုက်ရသည်။

ထပ်ကြည့်လိုက်သောအခါ..... ဘုရားရေ..... အရှင်မင်းကြီး၊ ဝန်ကြီး ၆ ပါး၊ စစ်သူကြီးများနှင့် အမျိုးသမီး အများအပြား အကုန်လုံး ခိုးပြီး ဖရဲသီး လာစားနေကြသည်။ မျှဝေရမည့် လူဦးရေမှာ ယခင်ကထက် ၃ ဆ ၄ ဆ ခန့် ပိုများနေသဖြင့် ဖရဲသီးစွမ်းအင် ကုန်ကျမှု များပြားသည်မှာ မဆန်းတော့ပေ။

System: "..."

ဒီလူတွေကိုသာ ပင်မ systemဆီ ခေါ်သွားလို့ရရင် အကုန်လုံးက ဖရဲသီးစား systemအဖြစ် လေ့ကျင့်ပေးဖို့ မျိုးစေ့ကောင်းတွေချည်းပဲ။

နှမြောစရာ ကောင်းလိုက်တာ။ ကော်မရှင်ခ မရတော့ဘူး။

Systemသည် နှမြောသတစွာဖြင့် ပြန်လာခဲ့ပြီး မည်သည့် နိဒါန်းမှ မပျိုးတော့ဘဲ အစပိုင်းမှာပင် ဗုံးခွဲလိုက်တော့သည်။

[ပထမရတဲ့ စုန့်ဖုန်းက လူသတ်ဖို့ ပြင်ဆင်နေတယ်]

ချူဟွား: [အိုး ဟိုး]

ချူဖျင်နှင့် ဝမ်သခင်မ: အိုး ဟိုး။

ဖရဲသီး လာစားကြသူများ: အိုး ဟိုး ဟိုး။

မင်ဝေ့စစ်သူကြီးကတော့ လုံးဝ ကြောင်အမ်းသွားတော့သည်။ သူ့ မြေးလိမ္မာလေးက လူသတ်တော့မယ်တဲ့လား။ ဘယ်သူ့ကို သတ်မှာလဲ။

System: [စုန့်ဖုန်းမှာ ငယ်ကျွမ်းဆွေ တစ်ယောက်ရှိတယ်။ မိသားစု စီးပွားရေး ကျဆင်းသွားလို့ သူ့အိမ်မှာ လာနေတာ။ သွေးသား ဆူဖြိုးတဲ့ လူငယ်အရွယ်ဆိုတော့ ငယ်ကျွမ်းဆွေနဲ့ မျက်လုံးချင်း ဆုံပြီး ကြိုက်သွားကြတာပေါ့။ မိုးတွေ သည်းထန်စွာ ရွာပြီး မိုးကြိုးပစ်တဲ့ ညတစ်ညမှာ ငယ်ကျွမ်းဆွေက မိုးခြိမ်းသံ ကြောက်လို့ ဆိုပြီး စုန့်ဖုန်း ရင်ခွင်ထဲ ဝင်ပုန်းရာကနေ နှစ်ယောက်သား စည်းကျော်မိသွားကြတယ်]

[လူငယ်တွေ အချစ်အရသာကို သိသွားတော့ အရှိန်မသတ်နိုင်တော့ဘူးလေ။ နှစ်ယောက်သား အစေခံတွေနဲ့ အပျိုတော်တွေကို ဖယ်ခိုင်းပြီး ကြာကန်ဘေးက အဆောင်ငယ်လေးမှာ မကြာခဏ ချိန်းတွေ့ကြတယ်]

[ဒီတစ်ခေါက် အမဲလိုက်ပွဲတော်က စုန့်ဖုန်းအတွက် ထူးချွန်ပြောင်မြောက်ပြီး အရှင်မင်းကြီး မှတ်မိစေမဲ့ အခွင့်ကောင်းတစ်ခုပဲ။ ငယ်ကျွမ်းဆွေလည်း လိုက်လာခဲ့တယ်]

ချူဟွား: [ဒါဆို သူက ငယ်ကျွမ်းဆွေကို သတ်ဖို့ ပြင်ဆင်နေတာလား]

System: [မဟုတ်ဘူး။ ငယ်ကျွမ်းဆွေ ဗိုက်ထဲက ကလေးကို သတ်မှာ]

ချူဟွား အနည်းငယ် ကြောင်သွားပြီးမှ နားလည်သွားသည်။ [သူ ပထမ ရသွားပြီး ဝန်ကြီးတွေက သဘောကျတာ ခံရတော့ ရာထူး အာဏာရှိတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ ကြံစည်လိုက်တာလား]

System: [မဟုတ်ဘူး။ သူ မြို့တော်မှာ ဗေဒင်ဆရာ တစ်ယောက်နဲ့ တွေ့ခဲ့လို့]

[ဗေဒင်ဆရာက စုန့်ဖုန်းကို ပြောတယ်။ ဒီနှစ် အမဲလိုက်ပွဲမှာ သူ ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ ဒီကနေစပြီး ရာထူးလမ်းကြောင်း ဖြောင့်ဖြူးလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ ပြင်းထန်တဲ့ 'မက်မွန်ပွင့် ကပ်ဘေး' ရှိတယ်။ ကောင်းကောင်း မဖြေရှင်းရင် မိန်းမနှစ်ယောက်ကြောင့် နက်နက်ရှိုင်းရှိုင်း နာကျင်ရလိမ့်မယ်လို့ ပြောလိုက်တယ်]

[အစတုန်းက စုန့်ဖုန်းက မယုံပါဘူး။ ဒါပေမဲ့ အမဲလိုက်ပွဲမှာ ပထမ ရသွားတယ်။ အဲဒီအချိန်မှာပဲ ငယ်ကျွမ်းဆွေက သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ လာပြောတယ်။ ကလေးက ယောက်ျားလေးလား မိန်းကလေးလား ဆိုတာ မသိရသေးပေမဲ့ သူက ယုံသွားပြီ]

ချူဟွား၏ မျက်နှာတွင် ရွံရှာဟန်များ ဖုံးကွယ်မရအောင် ပေါ်လာတော့သည်။ [စည်းကျော်ပြီးတာတောင် ချက်ချင်း လက်မထပ်ဘူး။ ကလေး ရလာတာတောင် ချက်ချင်း လက်မထပ်ဘဲ ကလေးကို ဖျက်ချဖို့ စဉ်းစားနေတာ။ ဒါ ဘယ်လို ငတုံးကောင်လဲ]

Systemက တရားမျှတသော လေသံဖြင့် ပြောလိုက်သည်။ [မင်ဝေ့စစ်သူကြီးအိမ်က ငတုံးကောင်ပါ]

မင်ဝေ့စစ်သူကြီး: "..."

ကျန်လူများ: ဖူး ဟားဟားဟား။

ချူဟွား: [သူ ဘယ်လိုလုပ်ဖို့ ပြင်ဆင်ထားလဲ]

System: [သူက အစေခံကောင်လေးကို မြို့တော်ကို အရင်ပြန်ခိုင်းပြီး အဲဒီ ဗေဒင်ဆရာကို သွားရှာခိုင်းတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ မေးခိုင်းတာ]

[ဒါပေမဲ့ သူက အစေခံကောင်လေးကို မြို့တော်ကို ပြန်တဲ့လမ်းမှာ ဆေးဆိုင်ဝင်ပြီး ကိုယ်ဝန်ဖျက်ဆေး တစ်ဖုံ ဝယ်ခိုင်းလိုက်တယ်။ နှစ်ဖက်စလုံးအတွက် ကြိုတင် ပြင်ဆင်ထားတာပေါ့။ ငယ်ကျွမ်းဆွေကို ကိုယ်ဝန်ဖျက်ချခိုင်းရင်တောင်မှ ငယ်ကျွမ်းဆွေရဲ့ ဂုဏ်သိက္ခာကို သူက ထိန်းသိမ်းပေးဦးမှာတဲ့]

[ပြဿနာက...] Systemသည် အသံကို မြှင့်လိုက်၏။ [အဲဒီ ဗေဒင်ဆရာက ငယ်ကျွမ်းဆွေ ပိုက်ဆံပေးပြီး ငှားထားတာ]

လူအများ အသက်ရှူ မှားသွားကြသည်။ ဒါ.. ဒါ.. ငယ်ကျွမ်းဆွေက ကလေး မလိုချင်လို့များလား။

ထိုအချိန်တွင် systemက အဆက်ကို ပြောပြလေသည်။ [အမဲလိုက်ပွဲ ရက်နီးလာလေ စုန့်ဖုန်းက စိတ်လှုပ်ရှားပြီး ဂဏှာမငြိမ် ဖြစ်လာလေပဲ။ ငယ်ကျွမ်းဆွေက စုန့်ဖုန်းကို စိတ်အေးသွားစေချင်လို့ ဗေဒင်ဆရာကို 'ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာမယ်' လို့ ပြောခိုင်းလိုက်တာ။ ပထမ ရမယ်လို့ မပြောခိုင်းဘူး]

[စုန့်ဖုန်းက ပထမ ရဖို့ မျှော်လင့်နေတာ။ တကယ် ပထမ ရသွားတော့ ဗေဒင်ဆရာ ပြောတာ မှန်တယ်ဆိုပြီး နောက်က ပါလာတဲ့ မက်မွန်ပွင့် ကပ်ဘေး ဆိုတဲ့ စကားတစ်ဝက်ကိုပါ ဆက်စပ် တွေးလိုက်တာ]

ချူဟွား တကယ် နားမလည်နိုင်တော့ပေ။ [အဲဒီစကားကလည်း ငယ်ကျွမ်းဆွေ ပြောခိုင်းတာပဲလား]

System: [ဟုတ်တယ်။ စုန့်ဖုန်းဘေးနားက အစေခံမ နှစ်ယောက်က စုန့်ဖုန်းကို ကြည့်တဲ့ အကြည့်တွေ မရိုးသားတာကို ငယ်ကျွမ်းဆွေက သတိထားမိတယ်။ ပြီးတော့ အဲဒီ အစေခံမ နှစ်ယောက်က မယားငယ် ဖြစ်ချင်တဲ့အကြောင်း တိတ်တဆိတ် တိုင်ပင်နေကြတာကိုလည်း ကြားလိုက်ရတယ်။ ဒါကြောင့် ဗေဒင်ဆရာကို ကုန်းချောခိုင်းပြီး စုန့်ဖုန်းကို မိန်းမကိစ္စ ခဏ ရှောင်ခိုင်းဖို့ ကြံစည်လိုက်တာ]

ချူဟွား: [...ဗေဒင်ဆရာက ဆရာကြီး ဂိုက်ဖမ်းချင်လို့ စကားကို ရှင်းရှင်းလင်းလင်း မပြောဘဲ ဝေ့ဝိုက်ပြောလိုက်တာကနေ စုန့်ဖုန်းကို လွဲချော်ပြီး တွေးမိသွားစေလိမ့်မယ်လို့ ထင်မထားမိဘူး။ ငယ်ကျွမ်းဆွေနဲ့ ဗိုက်ထဲက ကလေးဆီကို ဆက်စပ်သွားတာပဲ]

[ဒီတစ်ခေါက်တော့ တကယ်...] သူမ ဘာပြောရမှန်းပင် မသိတော့ပေ။

လူတိုင်းကလဲ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။ ကြက်ခိုးမလို့ ပြင်ကာမှ ဆန်တစ်ပြည် ကုန်သွားသလိုပါပဲလား။

တကယ်လို့ ယနေ့ systemက ဖရဲသီး မစားခဲ့ရင်၊ မင်ဝေ့စစ်သူကြီးသာ မသိခဲ့ရင် သူ့ မြစ်လေး တိတ်တဆိတ် ပျောက်ကွယ်သွားလောက်တယ်။

မင်ဝေ့စစ်သူကြီး နားမထောင်နိုင်တော့ပေ။ ဒေါသထွက်နေသော သံမဏ နွားသိုးကြီးလို ဒေါသတကြီး ပြေးထွက်သွားတော့သည်။

သူ ရောက်သွားချိန်တွင် စုန့်ဖုန်းနှင့် ငယ်ကျွမ်းဆွေတို့ ဖက်လှဲတကင်း ဖြစ်နေသည်ကို အတိအကျ တွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် အစေခံကောင်လေးနှင့် အစေခံမတို့က ကင်းစောင့်ပေးနေကြသည်။ ကျွမ်းကျင်နေပုံကို ကြည့်ခြင်းအားဖြင့် ဒီလိုကိစ္စမျိုး ဘယ်နှကြိမ် လုပ်ခဲ့မှန်းတောင် မသိနိုင်တော့ပေ။

မင်ဝေ့စစ်သူကြီး ဒေါသထိပ်ဆုံး ရောက်သွားပြီး ဖိနပ်ကို ချွတ်ကာ အသေအလဲ ရိုက်နှက်တော့သည်။

Systemထံမှ ကြားခဲ့ရသော အတင်းအဖျင်းများကို လူကြားထဲ ထုတ်ပြောလို့ မရသဖြင့် သူ ဘာမှ မပြောနိုင်ဘဲ မြေးဖြစ်သူကိုသာ ခေါင်းငုံ့ ရိုက်နှက်နေပြီး "ငါ မင်းကို ရိုက်သတ်မယ်" ဟူ၍သာ အော်ဟစ်နေနိုင်တော့သည်။

စုန့်ဖုန်းသည် အဘိုးကို မည်သို့ ပြန်ခုခံရဲမည်နည်း။ "အဘိုး ဘာဖြစ်လို့လဲ။ အဘိုး မရိုက်ပါနဲ့" ဟုသာ အလျင်အမြန် တောင်းပန်နေရသည်။

ငယ်ကျွမ်းဆွေမှာ ကြောင်အပြီး လန့်ဖျပ်သွားတော့သည်။ သူမ ဗိုက်ထဲတွင် ကလေး ရှိနေသဖြင့် အနားမကပ်ရဲဘဲ ဘေးနားမှသာ တောင်းပန်နေရသည်။

မင်ဝေ့စစ်သူကြီးသည် သည်ကောင်မလေးမှာ သည်လောက် ကြီးမားသော မတရားမှုကို ခံစားနေရတာတောင် မြေးဖြစ်သူဘက်က တောင်းပန်ပေးနေသည်ကို ကြားလိုက်ရသောအခါ ပိုဒေါသထွက်လာပြီး ပိုအားပါပါ ရိုက်နှက်လေရာ စုန့်ဖုန်းမှာ ခေါင်းကို အုပ်ပြီး ကြွက်တစ်ကောင်လို ပြေးလွှားနေရတော့သည်။

ငယ်ကျွမ်းဆွေသည် စိုးရိမ်တကြီးဖြင့် ဘယ်ကြည့်ညာကြည့် လုပ်လိုက်ရာ ဆံထုံးပေါ်မှ ပုလဲဆံထိုး လျော့ကျသွားသည်။ စုန့်ဖုန်းသည် ကိုယ်ကို ကိုင်းပြီး ငယ်ကျွမ်းဆွေဘေးမှ ဖြတ်ပြေးကာ ငယ်ကျွမ်းဆွေကို အကာအကွယ်ယူရန် ကြံရွယ်စဉ် ပြုတ်ကျလာသော ဆံထိုး၏ အမြိတ်အစွန်းများက မတော်တဆ စုန့်ဖုန်း၏ မျက်လုံးထဲသို့ ဝင်တိုက်မိသွားသည်။

"အာားး" စုန့်ဖုန်း နာကျင်လွန်းသဖြင့် မျက်လုံးကို အုပ်ထားလိုက်သည်။

"အားးး" ငယ်ကျွမ်းဆွေလည်း လန့်သွားပြီး မျက်နှာ ဖြူဖျော့သွားသည်။

"အားးး" ငယ်ကျွမ်းဆွေ၏ အစေခံမလည်း လန့်သွားပြီး သခင်မထက်ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

စုန့်ဖုန်း၏ မျက်လုံးက နာကျင်နေပြီး အနီးကပ် အသံဗုံး နှစ်လုံးဆင့် ပေါက်ကွဲမှုကို ခံလိုက်ရသဖြင့် အမှတ်တမဲ့ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရာ တစ်စုံတစ်ခုကို နင်းမိပြီး ချော်လဲသွားတော့သည်။

သူသည် နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ထားသူ ဖြစ်သဖြင့် တုံ့ပြန်မှု လျင်မြန်သည်။ လက်ကို မြေကြီးပေါ် ထောက်လိုက်ပြီး အရှေ့ဘက်သို့ လဲချလိုက်သည်။ သို့သော် ထိုနေရာတွင် မကြီးမငယ် ကျောက်တုံးတစ်တုံး ရှိနေပြီး သူ့ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုနှင့် တည့်တည့်မတ်မတ် ဆုံတွေ့သွားလေသည်။

"အွတ်" တိုပြတ်ပြတ် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် စုန့်ဖုန်းသည် လက်တစ်ဖက်က မျက်လုံးကို အုပ်၊ လက်တစ်ဖက်က အောက်ပိုင်းကို အုပ်ထားလိုက်သည်။

ခဏအကြာတွင် သူသည် အောက်ပိုင်းက ပိုနာကျင်သည်ဟု ခံစားလိုက်ရသဖြင့် လက်နှစ်ဖက်စလုံးဖြင့် အောက်ပိုင်းကို အုပ်ကာ ပုစွန်တစ်ကောင်လို ကွေးသွားပြီး နာကျင်လွန်းသဖြင့် မျက်နှာ ဖြူဖျော့ကာ စကားမပြောနိုင်တော့ပေ။

အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော မင်ဝေ့စစ်သူကြီး: "..."

မိန်းမနှစ်ယောက်ကြောင့် နက်နက်ရှိုင်းရှိုင်း နာကျင်ရလိမ့်မယ် ဆိုတာ ဒါကိုး။ တကယ်ကို နက်ရှိုင်းတာပဲ။

...

All Chapters