← Chapters

အခန်း ၄၉

Vol. 4 Ch. 49

အခန်း ၄၉

Vol. 4 Ch. 49

အပိုင်း (၄၉)

ပဉ္စမမင်းသား "ကလေးသတို့သား" ထက်အရင် အရှင်မင်းကြီး၏ အမိန့်တော်က ရောက်ရှိလာပြီး ချူချင်းကို အလုပ်သမားဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်၏။

ချူဟွားနှင့် system ခန့်မှန်းထားသည့် အတိုင်းပင်။

ချန်ကျို့သည် အလုပ်သမားဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးကို ခေါ်ဆောင်လာပြီး အမိန့်တော် လာရောက် ဖတ်ကြားလေသည်။ အလုပ်သမားဝန်ကြီး၏ မျက်နှာသည် အပြုံးပန်းများ ဝေဆာနေသော်လည်း ဘဏ္ဍာရေးဝန်ကြီး၏ မျက်နှာမှာတော့ မကျေမနပ် ဖြစ်နေလေသည်။

အလုပ်သမားဝန်ကြီးသည် နူးညံ့သိမ်မွေ့သော အရှိန်အဝါနှင့် ချစ်ခင်ဖွယ် ကောင်းသော အပြုံးကို ပိုင်ဆိုင်ထားပြီး တစ်ခါမှ အော်ဟစ် ဆူပူလေ့ မရှိသော ဖခင်ကောင်း ပုံစံမျိုး ဖြစ်နေသဖြင့် တော်ဝင်စာကြည့်ဆောင်တွင် အရှင်မင်းကြီး၏ ခြေထောက်ကို ဖက်ပြီး ငိုလုနီးပါး ဖြစ်ခဲ့သည်ကို မြင်ယောင်ကြည့်ရန် ခက်ခဲလှပေသည်။

"အရာရှိချူ၊ ကျုပ်နဲ့ လိုက်ခဲ့တော့မလား"

ဘဏ္ဍာရေးဝန်ကြီး: "..."

အံ့ဖွယ်ခုံးခုံး ကိစ္စက အရေးကြီးတယ် ဆိုတာ သိပေမဲ့ အမိန့်တော် ရောက်တာနဲ့ ချက်ချင်း လူလာလုရလောက်အောင် အရေးကြီးနေလို့လား။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများနှင့် အမျိုးသမီးများသည် ဟိုကြည့်သည်ကြည့် လုပ်နေကြသည်။ ဘဏ္ဍာရေးဝန်ကြီး လူလုတာ ရှုံးတဲ့နေ့ ဆိုတာ ရှိသေးတာလား။

သူတို့ကို ပိုပြီး စိတ်ဝင်စားစေတာက တရားရေးဝန်ကြီးနဲ့ တရားစီရင်ရေးဝန်ကြီးချုပ်က ဘဏ္ဍာရေးဝန်ကြီးဆီကနေ လူလုနေတာ လဝက်လောက် ရှိနေပြီ၊ ဘာလို့ နောက်ဆုံးမှာ အလုပ်သမားဝန်ကြီးက အောင်နိုင်သွားရတာလဲ ဆိုတာပါပဲ။

ချူဟွားက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်၏။ "ဝန်ကြီးမင်း ခဏလောက် စောင့်ပေးပါ၊ လက်ရှိ လုပ်လက်စ အလုပ်တွေကို လွှဲပြောင်းပေးပါရစေ"

အလုပ်သမားဝန်ကြီးက "သဘောကောင်းပါတယ်" ဆိုသည့် အမူအရာဖြင့် ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ရပါတယ်"

သူက နေရာကနေ တစ်ဖဝါးမှ မရွေ့ဘဲ ဘဏ္ဍာရေးဝန်ကြီးကို ဆွဲထားပြီး ဟိုအကြောင်း ဒီအကြောင်း ပြောနေတာ၊ ဘဏ္ဍာရေးဝန်ကြီးက ချူဟွားကို ဒီနေ့ မသွားရအောင် တိတ်တဆိတ် တားဆီးမှာ စိုးရိမ်နေသလိုပဲ။

ဘဏ္ဍာရေးဝန်ကြီးလည်း ဒီလူကို လက်မြှောက်လိုက်ရသည်။

ဝန်ကြီးနှစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် ချူဟွားသည် အလုပ်လွှဲပြောင်းမှုကို လျင်မြန်စွာ ပြီးစီးအောင် လုပ်ဆောင်ပြီး အလုပ်သမားဝန်ကြီးနှင့်အတူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထွက်ခွာသွားတော့သည်။

ရင်းနှီးပြီးသား လူနှစ်ယောက် ဖြစ်သော်လည်း ဘဏ္ဍာရေးဝန်ကြီး၏ မျက်လုံးထဲတွင် ချူဟွား၏ ကျောပြင်သည် "မတတ်သာလို့ လိုက်သွားရရှာတယ်၊ သနားစရာလေး" ဟု မြင်နေရပြီး နောက်တစ်ယောက်၏ ကျောပြင်ကိုတော့ "လူယုတ်မာ အောင်ပွဲခံနေတယ်၊ မောက်မာလိုက်တာ" ဟု မြင်နေရသည်။

သူက အံကြိတ်ပြီး ပြောလိုက်၏။ "တစ်နေ့ကျရင် ချူဟွားကို ပြန်လုယူမယ်"

လူအများ: "..."

အခြားတစ်ဖက်တွင်...

အလုပ်သမားဝန်ကြီးဌာနသို့ သွားရာလမ်းတွင် ချူဟွား မေးလာလေသည်။ "ဝန်ကြီးမင်း၊ ကျွန်တော်မျိုး အလုပ်သမားဝန်ကြီးဌာနမှာ ဘာလုပ်ရမှာလဲ ခင်ဗျာ"

အလုပ်သမားဝန်ကြီးက တိုက်ရိုက် မဖြေဘဲ ဘဏ္ဍာရေးဝန်ကြီး လေလုံးမျိုးဖြင့် သနားစရာ ကောင်းအောင် ပြောလိုက်လေသည်။ "အရာရှိချူက အရာရှိ ဖြစ်တာ မကြာသေးတော့ သာ့ရှန်းရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်က ဟိုးအရင်ကတည်းက ဗလာ ဖြစ်နေတာကို မသိလောက်ဘူး"

ချူဟွား: "နည်းနည်းတော့ ကြားဖူးပါတယ်"

"ဒါဆို ပြောရတာ လွယ်တာပေါ့" အလုပ်သမားဝန်ကြီးက ဆက်ပြောလေသည်။ "နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ ယန္တရားတွေကို မပြုပြင်တာ ကြာပြီလေ၊ အခုမှ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေချပေးလို့ အလုပ်သမားဝန်ကြီးဌာန တစ်ခုလုံး ပြုပြင်ရေး လုပ်နေကြတာ၊ လူအင်အား လုံးဝ မလုံလောက်လို့ မင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနကနေ လှမ်းခေါ်လိုက်ရတာ"

ချူဟွား: "ကျွန်တော်မျိုးက ယန္တရားတွေအကြောင်း နားမလည်ပါဘူး"

အလုပ်သမားဝန်ကြီးက မျက်နှာပြောင်တိုက်ပြီး လိမ်ပြောလိုက်၏။

"ဒါပေမဲ့ မင်းက ကံကောင်းတယ်လေ၊ အန်းလဲ့မင်းသမီးရဲ့ သင်္ချိုင်းထဲမှာ ယန္တရားတွေ အများကြီး ရှာတွေ့ခဲ့တာပဲ၊ ဘယ်သူ့ထက်မဆို ကံကောင်းတာပေါ့"

နှစ်ကြိမ်တိုင်တိုင် အလေးထား ပြောဆိုနေပုံကို ကြည့်ခြင်းအားဖြင့် system၏ အကျိုးဆောင်မှု ခေါင်းစဉ်အောက် အတင်း ထည့်သွင်းနေမှန်း သိသာလေသည်။

ချူဟွား: "..."

System ရှိနေတာကို ဖုံးကွယ်ဖို့အတွက် ခင်ဗျားလည်း တော်တော် ကြိုးစားရှာပါပေတယ်။ သူမကို "ကံကောင်းခြင်း နတ်သမီး" ဆိုတဲ့ ခေါင်းစဉ်တောင် တပ်ပေးလိုက်သေးတယ်။

ချူဟွားက မလုပ်ချင်လို့ ဟန်ဆောင်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ "ကံကောင်းခြင်း နတ်သမီး" ဆိုတာ ဟန်ဆောင်ဖို့ မလွယ်ကူလို့ပါ။ နာမည်ကြီးလေ လဲကျဖို့ လွယ်ကူလေပဲ။ ကံစမ်းမဲ နှိုက်တိုင်း "ကျေးဇူးတင်ပါတယ်" ဆိုတာနဲ့ပဲ တိုးနေတဲ့ သူမလို လူမျိုးအတွက် ပိုဆိုးတာပေါ့။

"ကံကောင်းတယ် ဆိုတာက လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ အရာပါ၊ ဝန်ကြီးမင်း သိပ်ပြီး မျှော်လင့်မထားပါနဲ့"

အလုပ်သမားဝန်ကြီးက ပါးနပ်သူ ပီပီ ဒီစကားရဲ့ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်၏။ ချူဟွားက ပူးပေါင်းဆောင်ရွက်ချင်ပေမဲ့ "ကံကောင်းတယ်" ဆိုတဲ့ အကြောင်းပြချက်ကို မသုံးချင်ဘူး ဆိုတာပါပဲ။

ဘယ်လို အကြောင်းပြချက်ပဲ သုံးသုံး၊ လာကူညီရင် ပြီးတာပါပဲ၊ သူက တခြား ဘာမှ မတောင်းဆိုပါဘူး။

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မင်းက ဒီအတိုင်း လိုက်ကြည့်ပေးရုံပါပဲ၊ ယန္တရား ဟာကွက်တွေ တွေ့ရင်တော့ အကောင်းဆုံးပေါ့၊ မတွေ့ရင်လည်း မင်းကို အပြစ်မတင်ပါဘူး၊ မင်းက ဒီအပိုင်း ကျွမ်းကျင်တာမှ မဟုတ်တာ"

ချူဟွား: "နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝန်ကြီးမင်း"

လူကြီးလူကောင်း ဆန်ဆန် ဟန်ဆောင် ပြောဆိုမှုများ ပြီးဆုံးသွားပြီးနောက် အလုပ်သမားဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ အခြေအနေကို အကြမ်းဖျင်း မိတ်ဆက်ပေးသည်။

အလုပ်သမားဝန်ကြီးဌာနသည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေအရင်းအမြစ် စသည်တို့ကို တာဝန်ယူရပြီး လက်အောက်ခံ ဌာနခွဲ ၄ ခု ရှိသည်။

ချူဟွားသည် မြို့ပြ အင်ဂျင်နီယာနှင့် လက်သမား လုပ်ငန်းများကို တာဝန်ယူရသော ဌာနခွဲသို့ ရောက်ရှိသွားသည်။

အလုပ်သမားဝန်ကြီးသည် ချူဟွားကို အလုပ်သမားဝန်ကြီးဌာန တစ်ပတ် လိုက်ပြပြီး လုပ်ငန်းခွင်နှင့် ရင်းနှီးအောင် လုပ်ပေးပြီးနောက် နိုင်ငံတော် ဘဏ္ဍာတိုက်သို့ အလျင်အမြန် ခေါ်ဆောင်သွားသည်။

အလုပ်သမားဝန်ကြီးဌာနမှ လူအများစုကလည်း ဤနေရာတွင် ရောက်ရှိနေကြသည်။ သစ်သားများကို နံရံတစ်ခုစာ ပုံထားပြီး ကြမ်းပြင်ပေါ်တွင် အချောထည်နှင့် မချောသေးသော ပစ္စည်းများ ပြည့်နှက်နေကာ နေရာအနှံ့ ကိရိယာများနှင့် သစ်သားစများ ပြန့်ကျဲနေသဖြင့် လမ်းလျှောက်ရန် နေရာ အနည်းငယ်သာ ကျန်ရှိသည်။

"လုပ်ငန်းခွင်က အရမ်း ရှုပ်ပွနေတယ်၊ သတိထားပါ" လဝက်လောက် နိုင်ငံတော် ဘဏ္ဍာတိုက်မှာ အိပ်ပြီး အလုပ်လုပ်ခဲ့ရတဲ့ အလုပ်သမားဝန်ကြီးက ဒီနေရာက မြေမှုန်၊ သစ်သားစ လေးတွေ အကြောင်းက အစ ရင်းနှီးနေလေပြီ။ "မင်း သဘောရှိ ကြည့်ပါ၊ ငါ အလုပ်သွားလုပ်လိုက်ဦးမယ်"

လူကို စောစော ခေါ်လာချင်လို့သာ ဘဏ္ဍာရေးဝန်ကြီးဌာနအထိ လိုက်သွားခဲ့တာ၊ မဟုတ်ရင် ဘဏ္ဍာရေးဝန်ကြီး ဆိုတဲ့ လူယုတ်မာရဲ့ ရိုက်နှက်တာ ခံရမှာ မဟုတ်ဘူး။ အဟွတ်။

ဘာပဲဖြစ်ဖြစ် လူရော systemရော ရောက်လာပြီ ဆိုတော့ သူ့ရဲ့ ပေးဆပ်မှုတွေက တန်ပါတယ်။

ချူဟွား: "ဟုတ်ကဲ့ပါ"

သူမက လျှောက်ပြောနေတာ မဟုတ်ဘူး။ တကယ်ပဲ သစ်လုပ်ငန်း၊ ယန္တရား ဆိုတာတွေကို နားမလည်တာ။ စာကြည့်ခန်း၊ အိပ်ခန်း လောက်မှာ လျှို့ဝှက်အခန်း ရှိတတ်တယ် ဆိုတာလောက်ပဲ သိတာကို။

လုပ်ဖော်ကိုင်ဖက်တွေက ဒီဇိုင်းပုံစံတွေကို ကြည့်ပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာအတိုင်း အလုပ်လုပ်နေကြတာ၊ သူမကတော့ ဟိုဟာလည်း နားမလည်၊ ဒီဟာလည်း နားမလည်နဲ့ အပြင်လူ တစ်ယောက်လိုပါပဲ။

ချူဟွား: [systemရေ]

System: [လာပြီဗျို့]

အလုပ်သမားဝန်ကြီးဌာန အရာရှိများ အလုပ်လုပ်နေရင်း ရပ်တန့်သွားကြပြီး တိတ်တဆိတ် နားစွင့်လိုက်ကြသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြွားဝါမှုကို ခံခဲ့ရတာ ကြာပြီ၊ အခုတော့ သူတို့လည်း ပူပူနွေးနွေး ဖရဲသီး စားရတော့မယ်လေ။

အံ့ဖွယ်ခုံးခုံး နိုင်ငံတော် ဘဏ္ဍာတိုက်ကို လာခိုးဖို့ မကြံစည်ရင် အလုပ်သမားဝန်ကြီးဌာနက ချူဟွားနဲ့ systemကို ခေါ်လို့ရမှာ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ် အံ့ဖွယ်ခုံးခုံးရေ။

ဟေ၊ ကျေးဇူးတင်ရမှာ ဟုတ်လို့လား။

ချူဟွား: [အကျင့်ပျက်တဲ့လူ ရှိလား]

သူမက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ နေသားကျနေပြီ ဆိုတော့ ပါးစပ်က အလိုလို ထွက်သွားတာ၊ မေးပြီးမှ အပိုစကား ဖြစ်နေမှန်း သိလိုက်တယ်။

တစ်ညီလာခံလုံးက systemရဲ့ စွမ်းဆောင်ရည်ကို သိနေကြတာ၊ ပြီးတော့ အံ့ဖွယ်ခုံးခုံး လာရောက် လည်ပတ်မဲ့ အန္တရာယ်လည်း ရှိနေသေးတာ၊ ဘယ်သူက ဒီအချိန်မှာ ပစ္စည်းခိုးပြီး အလုပ်ခိုကပ်တာ လုပ်ရဲမှာလဲ။ ပြဿနာ ရှာသလို ဖြစ်မနေဘူးလား။

System ကလည်း အဖြေ ရှိမယ် မထင်ပါဘူး။

ဒါပေမဲ့ systemက ရှာဖွေလိုက်တဲ့အခါ အများကြီး ထွက်လာပါရောလား။

System အာမေဍိတ်သံ ထွက်သွား၏။ [ဟာ]

ချူဟွား: [ဘာဖြစ်လို့လဲ]

Systemတစ်ယောက် နားမလည်နိုင်အောင် ဖြစ်လို့နေသည်။ [ငါက နိုင်ငံတော် ဘဏ္ဍာတိုက် နဲ့ ပစ္စည်းခိုးတာ၊ အလုပ်ခိုကပ်တာ ဆိုတဲ့ စကားလုံးတွေ ရိုက်ထည့်လိုက်တာ၊ ရာချီပြီး ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါက အရမ်း... လောဘကြီးလွန်းမနေဘူးလား]

အလုပ်သမားဝန်ကြီးခမျာ ခြေလှမ်း ရပ်တန့်သွားပြီး ရင်တွေ တဒိန်းဒိန်း ခုန်လာတော့သည်။

သူ မခိုးဘူး ဆိုတာ အာမခံနိုင်ပေမဲ့ လက်အောက်ငယ်သားတွေ မခိုးဘူးလို့ အာမမခံနိုင်ဘူး၊ ပြီးတော့ တစ်ယောက်ယောက်က ပါးနပ်တဲ့ နည်းလမ်းတွေ သုံးပြီး ပစ္စည်းခိုး၊ အလုပ်ခိုကပ်တာ လုပ်မထားဘူးလို့လည်း အာမမခံနိုင်ဘူး။

ဝက်လို အသင်းသားတွေ။ အလုပ်သမားဝန်ကြီး အံကြိတ်ထားလိုက်၏။

သူက ချူဟွားနဲ့ systemကို ဟာကွက်တွေ ရှာပြီး အံ့ဖွယ်ခုံးခုံးရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ခေါ်လာတာ၊ ခင်ဗျားတို့ကြောင့် သူတို့ အာရုံက ပစ္စည်းခိုးတာနဲ့ အကျင့်ပျက်တာဘက် ရောက်ကုန်ပြီ၊ နောက်ဆုံးကျ အကျိုးအမြတ်က ဘဏ္ဍာရေးဝန်ကြီးဌာနဆီ ရောက်သွားဦးမယ်။

သူ တော်ဝင်စာကြည့်ဆောင်မှာ ငိုခဲ့ရတာတွေ၊ တရားရေးဝန်ကြီးနဲ့ တရားစီရင်ရေးဝန်ကြီးချုပ်တို့ရဲ့ ရန်ငြိုးထားတာ ခံခဲ့ရတာတွေ အလကား ဖြစ်ကုန်ပြီပေါ့။

ချူဟွား: [အချိန်အလိုက် စီလို့ရမလား၊ လတ်တလော ဘယ်သူ ခိုးနေလဲ သိချင်လို့]

သူမက ဒီလို အန္တရာယ်များတဲ့ အချိန်မှာတောင် ခိုးရဲတဲ့ သတ္တိခဲက ဘယ်သူလဲ ဆိုတာ အရမ်း သိချင်နေတာ။

System: [ရပါတယ်၊ ခဏစောင့်၊ ငါ ကြည့်လိုက်ဦးမယ်]

လူတိုင်း နားစွင့်ထားလိုက်ကြသည်။ သူတို့လည်း သေမထူး နေမထူး သတ္တိခဲ၏ နာမည်ကို သိချင်ကြသည်။

System: [ဟေ၊ ဒီလိုလည်း လုပ်လို့ရတာလား၊ ဗဟုသုတ တိုးသွားပြီ၊ ဪ... ဒါကြောင့်ကိုး]

သူက ကြည့်ရင်းနဲ့ အာမေဍိတ်သံတွေ ပြုနေတော့ ချူဟွားနဲ့ အလုပ်သမားဝန်ကြီးဌာန အရာရှိတွေရဲ့ စပ်စုချင်စိတ်ကို ဆွပေးသလို ဖြစ်နေသည်။

နိုင်ငံတော် ဘဏ္ဍာတိုက် အပြင်ဘက်က အစောင့်တွေတောင် အတွင်းဘက်ကို ခိုးကြည့်နေကြသည်။ မြန်မြန် ပြောစမ်းပါဟ။

System: [သူ့ နာမည်က လွီကျန့်ယဲ့၊ သစ်သား ဝယ်ယူရေး တာဝန်ခံတဲ့သူ]

လွီကျန့်ယဲ့ဟုတ်လား။ အလုပ်သမားဝန်ကြီးက ဒီနာမည်ကို သိပ်မရင်းနှီးချေ။

ဘေးနားက လက်ထောက်ဝန်ကြီးက တိုးတိုးလေး ရှင်းပြလာသည်။ "တယ်ဖေးညန်ညန်ရဲ့ မောင်လေးပါ၊ အိမ်က သစ်လုပ်ငန်း လုပ်တယ်၊ ဈေးနှုန်းလည်း သင့်တယ်လေ"

အလုပ်သမားဝန်ကြီး: "...ပစ္စည်းခိုးပြီး အလုပ်ခိုကပ်တာ လုပ်လိုက်မှတော့ အမြတ်ထွက်ပြီပေါ့"

လက်ထောက်ဝန်ကြီး မျက်နှာအုပ်ထားလိုက်၏။ "ကျွန်တော်မျိုးလည်း ထင်မထားမိပါဘူး"

နှစ်ယောက်သား လွီကျန့်ယဲ့ဆိုတဲ့ လူယုတ်မာကို နောက်မှ ပညာပေးမယ်ဟု တိုင်ပင်နေခိုက်မှာပင် ချူဟွားက ပြောလာလေသည်။ [ဒီလူကို ငါ သိတယ်]

အလုပ်သမားဝန်ကြီး၊ လက်ထောက်ဝန်ကြီး ချက်ချင်း လှည့်ကြည့်လိုက်၏။ မင်း ဘယ်လို သိတာလဲ။

အလုပ်သမားဝန်ကြီးဌာန အရာရှိတွေလည်း စပ်စုလိုစိတ်၊ သံသယစိတ်တွေ ဖြစ်ပေါ်ကုန်ကြသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတောင် လွီကျန့်ယဲ့ကို မသိတဲ့သူတွေ ရှိနေတာ၊ ချူဟွားက ဘယ်လို သိတာလဲ။

System: [နင် ဘယ်လို သိတာလဲ]

ချူဟွား: [လွန်ခဲ့တဲ့ ၄ နှစ်က နေရာတိုင်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်တုန်းက အိမ်တွေ ခြံတွေ အများကြီး ဈေးပေါပေါနဲ့ ရောင်းကြတယ်လေ၊ ငါ အဲဒါတွေ ဝယ်ထားလိုက်တာ]

[အိမ် ပြင်ဆင်တဲ့အခါ တစ်ယောက်ယောက်က လွီမိသားစုကို မိတ်ဆက်ပေးတယ်၊ သူတို့အိမ်က သစ်သား ကောင်းတယ်တဲ့၊ စကားထဲမှာ တယ်ဖေးညန်ညန် အကြောင်း ထည့်ပြောသွားတယ်၊ တယ်ဖေးညန်ညန်နဲ့ ပတ်သက်လို့ ရတယ် ဆိုတဲ့ သဘောပေါ့]

Systemက ကြောင်သွားသည်။ [သစ်သား ဝယ်တာနဲ့ နန်းတွင်းထဲက မိဖုရားနဲ့ ပတ်သက်လို့ ရတယ် ဟုတ်လား၊ တကယ်ကြီးလား]

ချူဟွားက အေးစက်စက် ရယ်မောလိုက်၏။ [အတုကြီးပေါ့]

[မိဖုရား ဖြစ်နေတဲ့ အစ်မ ရှိတာကို အခွင့်ကောင်းယူပြီး အရှင်မင်းကြီးနဲ့ ဆွေမျိုးတော်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စီးပွားရှာချင်တာလေ]

[တယ်ဖေးညန်ညန်နဲ့ ပတ်သက်ဖို့အတွက် ငါ သစ်သား ဘယ်လောက် ဝယ်ရမလဲ သိလား]

System: [ဘယ်လောက်လဲ]

ချူဟွား: [ကြယ်တာရာ ကြည့်တဲ့ မျှော်စင် တစ်ခု ဆောက်လို့ ရတယ်]

"ဟိုက်" အလုပ်သမားဝန်ကြီးဌာနမှ လူအများ ပြိုင်တူ အသက်ရှူ မှားသွားကြသည်။

နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ငွေမရှိတော့ ကြယ်တာရာ ကြည့်တဲ့ မျှော်စင်ကို တတ်နိုင်သမျှ အသေးဆုံး၊ အနည်းဆုံး တည်ဆောက်ထားတာ၊ အထဲက အပြင်အဆင်၊ ပစ္စည်းတွေ အပါအဝင် ၄ ထပ် အဆောက်အအုံအတွက် ငွေသား ၁ သောင်း ကုန်ကျထားတာလေ။

လောဘကြီးလိုက်တာ။

Systemက ကြယ်တာရာ ကြည့် မျှော်စင် တစ်ခု ဆောက်လျှင် ကုန်ကျစားရိတ် မသိသဖြင့် ရှာကြည့်လိုက်တော့ လန့်သွားလေသည်။

[ငွေ ၁ သောင်းတောင်၊ ဈေးကြီးလိုက်တာ၊ အင်း... ဈေးကြီးမှန်း သိပေမဲ့ ဒီလောက် ဈေးကြီးမယ် မထင်ထားဘူး]

ချူဟွား: [သာမန် အိမ်တစ်လုံး ဆောက်ရင် အုတ်အမျိုးအစား ကောင်းတာ သုံးရင်တောင် ငွေ ၅၀ ထက် မပိုဘူး၊ ငွေ ၁ သောင်း ဆိုတာ အိမ် ၂၀၀ စာ ရှိတယ်]

Systemမှာ စွေ့စွေ့ခုန် သွားတော့သည်။ [ဒါက ဓားပြတိုက်တာနဲ့ ဘာကွာလို့လဲ]

[ကွာတာပေါ့] ချူဟွားက ရယ်မောလိုက်၏။ [သူက တိုက်ရိုက် ဓားပြတိုက်လို့ ရပေမဲ့ သစ်သားတွေ အများကြီး ပေးသေးတယ်လေ]

System: [...]

လူအများ: "..."

ခနဲ့တဲ့တဲ့ ပြောလိုက်တာ တော်တယ်။

Systemက ချူဟွားအကြောင်း နားလည်သလောက်ဆိုရင် သူမက ဒီအရှုံးကို လက်ခံမှာ မဟုတ်ဘူး။

[ဒါဆို နင် ဘယ်လို ပြန်ပြောလိုက်လဲ]

ချူဟွားက ကလေးသံ လုပ်ပြီး ပြောလိုက်၏။ [သူတို့က တော်ဝင် ဆွေမျိုးတွေလေ၊ ငါတို့လို သာမန် ပြည်သူတွေက မထိပါးရဲပါဘူး၊ ဝေးဝေး ရှောင်တာ အကောင်းဆုံးပါပဲ၊ တယ်ဖေးညန်ညန်နဲ့ ပတ်သက်ဖို့ ငွေ ၁ သောင်းတော့ မသုံးနိုင်ပါဘူး]

အလုပ်သမားဝန်ကြီးက လက်ဖြင့် ပါးစပ်ကို အုပ်ပြီး ရယ်မောနေသည်။ ဉာဏ်များတဲ့ ကောင်မလေး။

"ခွီး"

"အဟွတ်"

ရှိနေသော အလုပ်သမားဝန်ကြီးဌာန အရာရှိ အများအပြားသည် ရယ်မောမိခြင်း သို့မဟုတ် သီးသွားခြင်းတို့ ဖြစ်ကုန်ကြပြီး ဟန်ဆောင် ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။

ချူဟွားက ကြည့်လိုက်သော်လည်း ဂရုမစိုက်ချေ။ [အရှင်မင်းကြီးမှာ မိဖုရား ၄ ပါး ရှိတယ်၊ ဟွေ့၊ ရုံ၊ ယီ၊ တယ် ဆိုပြီးတော့လေ၊ တယ်ဖေးက နောက်ဆုံးပဲ၊ လွီကျန့်ယဲ့က ငါ့ဆီ လာပြီး ဓားပြမတိုက်လို့ ငါလည်း ဂရုမစိုက်တော့တာ]

Systemက မေးလိုက်၏။ [တကယ်လို့ နင့်ဆီ လာပြီး ဓားပြတိုက်ရင်ကော]

ချူဟွား: [ယီဖေးညန်ညန်က ငါတို့အိမ်က အကန့်အသတ်နဲ့ ရောင်းတဲ့ 'ပန်းတစ်ရာ အရက်' ကို ကြိုက်တယ်လေ၊ သဘောပေါက်လား]

System ခေါင်းညိတ်လိုက်၏။ [သဘောပေါက်ပြီ]

အလုပ်သမားဝန်ကြီးဌာနမှ လူအများလည်း သဘောပေါက်သည်။ အရက်ဆက်သတဲ့ အခွင့်အရေး ယူပြီး ယီဖေးညန်ညန်ကို တယ်ဖေးညန်ညန်ရဲ့ မောင်လေးက အပြင်မှာ ဘာတွေ လုပ်နေလဲ ဆိုတာ ပြောပြလိုက်ရင် ယီဖေးညန်ညန်က အရက်ကောင်းလည်း သောက်ရမယ်၊ တယ်ဖေးညန်ညန်ကိုလည်း နှိပ်ကွပ်ခွင့် ရမယ် ဆိုတော့ ဒီလို အခွင့်ကောင်းကို လက်လွှတ်ပါ့မလား။

ချူဟွား: [မူလ အကြောင်းအရာ ပြန်သွားရအောင်]

Systemက ဖရဲသီး ဆက်စားလိုက်သည်။ [လွီကျန့်ယဲ့က တယ်ဖေးညန်ညန်ရဲ့ ခေါင်းအုံပေါ်မှာ လေပြေသွေးပြီး ရလာတဲ့ ရာထူးလေ၊ ပေးတဲ့ ဈေးနှုန်းက သင့်တော်ပြီး သစ်သား အရည်အသွေးလည်း မဆိုးတော့ အလုပ်သမားဝန်ကြီးဌာနက သုံးလိုက်တာ]

အလုပ်သမားဝန်ကြီးဌာနမှ လူအများ: ဟုတ်တယ်၊ ဟုတ်တယ်။

System: [သူက သစ်သား တချို့ကို အခေါင်းဖောက်ပြီး အထဲမှာ နိုင်ငံတော် ဘဏ္ဍာတိုက်က ပစ္စည်းတွေ ထည့်တယ်၊ ပြီးတော့ သစ်သား အပျက်တွေ ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်ကို သယ်ထုတ်သွားတာ၊ နိုင်ငံတော် ဘဏ္ဍာတိုက်က ပစ္စည်းတွေ အများကြီး ခိုးသွားပြီ]

[ဟိုဘက်မှာ အတုံး ၂၀ လောက် ရှိတယ်၊ မမကြီးဟွား သွားကြည့်မလား၊ အလုပ်သမားဝန်ကြီးကို တိုင်လို့ ရတာပေါ့]

ချူဟွား: [ကောင်းပြီ]

System လမ်းညွှန်မှုနှင့် ချူဟွားက သစ်သား အပျက်ပုံဆီ သွားပြီး ဟန်ဆောင်ပန်ဆောင် လုပ်ပြီးမှ လက်ဝါးလောက် ရှိတဲ့ သစ်သားတုံး တစ်တုံးကို ထုတ်ယူလိုက်၏။

အလုပ်သမားဝန်ကြီးက အချိန်ကိုက် ရောက်လာလေသည်။ "အရာရှိချူ"

ချူဟွားက ဖရဲသီး ခေါက်သလို လက်ချောင်းတွေနဲ့ ခေါက်ကြည့်လိုက်တော့ အသံက မမှန်ဘူး။

"ဝန်ကြီးမင်း၊ ဒီသစ်သားတုံးက နည်းနည်း ထူးဆန်းနေသလိုပဲ"

အလုပ်သမားဝန်ကြီးကလည်း အထဲတွင် ပစ္စည်း ရှိမှန်း သိနေပြီ။ ကိုင်ကြည့်လိုက်တော့ ဘာယန္တရားမှ မတွေ့။ သို့နှင့် လွှ ယူလာခိုင်းပြီး လူအများရှေ့မှာ သစ်သားတုံးကို ဖြတ်ခိုင်းလိုက်၏။

"ဒေါက်" ခနဲ အသံမြည်ပြီး သစ်သားတုံး နှစ်ခြမ်းကွဲသွားရာ အထဲမှာ ဝှက်ထားတဲ့ ရောင်စုံပုလဲများ ထွက်လာလေသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အလုပ်သမားဝန်ကြီး မျက်နှာ တည်သွားသည်။ "ဒီနေရာကို ပိတ်လိုက်"

အံ့ဖွယ်ခုံးခုံး မရောက်သေးဘူး၊ လွီကျန့်ယဲ့က နိုင်ငံတော် ဘဏ္ဍာတိုက်ထဲအထိ လာခိုးနေပြီ၊ အလုပ်သမားဝန်ကြီးဌာနကို လုံးဝ မျက်လုံးထဲ မထည့်တာပဲ။

သတင်း တက်သွားသည်နှင့် အရှင်မင်းကြီးမှာ ဒေါသထွက်ပြီး လင်ယိုကို ခေါ်ကာ အလုပ်သမားဝန်ကြီးဌာနဆီ တန်းလာခဲ့လေသည်။

ယခုတွင်တော့ အလုပ်သမားဝန်ကြီးဌာနက လူအားလုံး လှုပ်ရှားနေကြပြီး သစ်သား အပျက်ပုံထဲက သစ်သားတွေကို လွှနှင့် တိုက်ပြီး ရောင်စုံပုလဲ၊ အရှေ့ပင်လယ်ပုလဲ၊ ကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆွဲပြား... စတာတွေကို ထုတ်ယူနေကြသည်။

စုစုပေါင်း ၇ မျိုး။ အတုံး သေးပေမဲ့ တန်ဖိုးကြီး ပစ္စည်းတွေချည်းပဲ။

အရှင်မင်းကြီးမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်၏။ "သစ်သားတုံးကိုတောင် အကွက်ဆင်ပြီး ကစားတတ်တယ်၊ တော်လိုက်တာ"

System: [ဗဟုသုတ နည်းပါးသေးလို့ပါ]

အရှင်မင်းကြီး အပြုံး ပျောက်သွားသည်။ သူ့ ဗဟုသုတက နည်းသေးတယ် ဟုတ်လား။ ရန်သူက အရမ်း ဉာဏ်များလွန်းတာပါ။

ချူဟွား: [ဟုတ်တယ်၊ ခေတ်သစ်က မူးယစ်ဆေး ရောင်းတဲ့သူတွေ ဘယ်လို သယ်လဲ ဆိုတာသာ သူ မြင်ဖူးရင် ဒီလောက် ရိုးရှင်းတဲ့ နည်းလမ်းနဲ့ အလိမ်ခံရမှာ မဟုတ်ဘူး]

System: [သစ်သား၊ ကျောက်တုံး၊ လက်ဖက်ရည်ထုပ်၊ အချိုရည်၊ စာအုပ်၊ တာယာ... ဘယ်အရာမဆို ဝှက်လို့ ရတယ်]

ချူဟွား: [လူခန္ဓာကိုယ်ထဲ ထည့်သယ်တာက ပိုပြီး ကာကွယ်ရ ခက်တယ်၊ အထုပ်လိုက် မျိုချတာ ရှိတယ်၊ ကိုယ်ဝန်ဆောင်သည်ကို သယ်ခိုင်းတာ ရှိတယ်၊ ဒါတွေနဲ့ ယှဉ်ရင် ဒီနည်းလမ်းက သာမန်ပါပဲ]

အရှင်မင်းကြီး: "..."

လူအများ: "..."

သူတို့ ဗဟုသုတ နည်းပါးတာတော့ ဟုတ်တာပဲ။

ဒီကိစ္စ ဖြစ်ပြီးနောက် အရှင်မင်းကြီးလဲ ဒေါသ အနည်းငယ် လျော့နည်းသွားသည်။ "လင်ယို၊ ငါ မင်းကို ၃ ရက် အချိန်ပေးမယ်၊ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးရမယ်၊ ပါဝင်ပတ်သက်သူက ဘယ်သူ့ ဆွေမျိုး ဖြစ်ဖြစ် မျက်နှာမထောက်ရဘူး"

ဒါက တယ်ဖေးညန်ညန်ကို တောင်းပန်ခွင့် မပေးတော့ဘူး ဆိုတဲ့ သဘောပဲ။

ဟုတ်တာပေါ့၊ အရှင်မင်းကြီးက သူမ မျက်နှာကို ထောက်ပြီး မောင်လေးကို ရာထူး ပေးလိုက်တာ၊ မောင်လေးက အိမ်တွင်း သူခိုး ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ၊ ဒါက အရှင်မင်းကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။

လင်ယို: "အမိန့်တော်အတိုင်းပါ"

အရှင်မင်းကြီးက ချူဟွားဘက် လှည့်လိုက်၏။ "အလုပ်သမားဝန်ကြီးဌာန ရောက်တာ မကြာသေးဘူး၊ အမှုကြီး တစ်ခု ရှာတွေ့ခဲ့ပြီ၊ မင်း တော်တယ်၊ လိုချင်တဲ့ ဆုလာဘ် ရှိလား"

System: [ဟင်၊ ဒါက ပြောလို့ရတဲ့အရာလား]

ချူဟွား: [မရပါဘူး၊ ယူလိုက်ရင် နင်က လောဘကြီးတယ် ဖြစ်သွားမယ်၊ မယူရင် အရှင်မင်းကြီးက နင့်မှာ အားနည်းချက် မရှိဘူး၊ ထိန်းချုပ်ရ ခက်တယ်လို့ ထင်သွားမယ်]

အရှင်မင်းကြီး: "..."

လက်ရှိ နိုင်ငံတော် ဘဏ္ဍာတိုက်က အရင်လို မဟုတ်တော့ဘူး၊ ဒီ ဟာကွက်ကိုသာ မရှာတွေ့ခဲ့ရင် ပစ္စည်းကောင်းတွေ ဘယ်လောက် ပါသွားမလဲ မသိဘူး၊ ပြီးတော့ အန်းလဲ့မင်းသမီးရဲ့ သင်္ချိုင်းထဲက ပစ္စည်းတွေကို ချူဟွားက တစ်ခုမှ မယူခဲ့ဘူး။

ဒါကြောင့် သူက တကယ်ပဲ ဒီအခွင့်အရေး သုံးပြီး ဆုချချင်တာ။

ရလဒ်အနေနဲ့ ချူဟွားနဲ့ systemရဲ့ မကောင်းမြင် ဝေဖန်မှုကို ခံလိုက်ရတယ်တဲ့လေ။

အရှင်မင်းကြီးမှာ စိတ်ပျက်သွားပြီး စကားမပြောနိုင်အောင် ဖြစ်ရတာက ပိုများသည်။

သူ တကယ် သိချင်တာက ချူဟွားက "အရာရှိ လမ်းညွှန်ကျမ်း" ကို ဘယ်ကနေ သင်လာတာလဲ၊ သူ့ စိတ်ကို တစ်ခါမှ မှန်အောင် မခန့်မှန်းနိုင်ပါလား။

ချူဟွားက လက်နှစ်ဖက် ဆုပ်ပြီး အရိုအသေ ပေးလိုက်၏။ "အရှင်မင်းကြီး၊ သီးသန့် စကားပြောခွင့် ပြုပါ"

အရှင်မင်းကြီးက မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ ကျန်လူများ ဖယ်ခွာသွားကြသည်။ "ပြောပါ"

ချူဟွားက ရှေ့နှစ်လှမ်း တိုးပြီး တိုးတိုးလေး ပြောလိုက်၏။ "အံ့ဖွယ်ခုံးခုံး နိုင်ငံတော် ဘဏ္ဍာတိုက်ကို လာမယ်လို့ ကြားပါတယ်၊ ကျွန်တော်မျိုးမှာ အကြံတစ်ခု ရှိပါတယ်"

"အို" အရှင်မင်းကြီး စိတ်ဝင်စားသွားသည်။ "ပြောပြစမ်း"

သူက ဒီကိစ္စအတွက် ခေါင်းကိုက်နေတာ၊ နိုင်ငံတော် ဘဏ္ဍာတိုက်မှာ သစ်သား အပျက်တွေနဲ့ ပစ္စည်းခိုးတဲ့ ကိစ္စ ဖြစ်လာတော့ ပို စိတ်ညစ်နေတာ။

ချူဟွားက သူ့ အစီအစဉ်ကို တိုးတိုးလေး ပြောပြနေလေသည်။ အစီအစဉ်က နည်းနည်း ရှည်နေသဖြင့် ပြောရသည်မှာ အချိန် နည်းနည်းကြာနေသည်။

အရှင်မင်းကြီးကတော့ နားထောင်ရင်းက မျက်လုံးများ အရောင်တောက်လာ၏။ နောက်ဆုံး ချူဟွား၏ ပခုံးကို ပုတ်ပြီး "မင်းက တကယ့် ပြည်သူကောင်းပဲ" ဟု ပြောလိုက်၏။

ဒီ ချီးကျူးစကားကိုတော့ အဝေးရောက်နေသည့် အလုပ်သမားဝန်ကြီးဌာန အရာရှိများနှင့် နန်းစောင့်တပ်သားများကပါ ကြားလိုက်ရသည်။

ခဏကြာတော့ အရှင်မင်းကြီးက မိုးပေါ် မော့ပြီး ရယ်မောလိုက်ပြန်သည်။ "ဟားဟားဟားဟား မင်းက မင်းပါပဲကွာ"

လူအများ: ???

ဒါဆို ချူဟွားက ဘာပြောလိုက်တာလဲ။

System နင်က ဘေးနားမှာ နားထောင်နေတာ ကြာပြီလေ၊ ဘာလို့ နည်းနည်းလောက် မပြောပြတာလဲ။

ဖရဲသီး system ဆို။ ကိုယ့် အလုပ်ကိုယ် မေ့နေတာလား။

သူတို့ရဲ့ စိတ်ထဲက အသံကို ကြားသွားသလိုမျိုး systemက နောက်ဆုံးတော့ စကားပြောလာသည်။

[ဝါး မမကြီးဟွား နင် အရမ်း တော်တာပဲ]

[ဝါး ဒီလို လုပ်လို့ရတာလား]

[ဝါးဟားဟား မမကြီးဟွား နင် အရမ်း မိုက်တယ်]

[ဝါးဟားဟားဟား]

ပိုပြီး သိချင်စိတ် ပြင်းပြလာသော လူအများ: "..."

ထုံအာရေ၊ "မကောင်းဘူး" ဆိုတဲ့ သုံးသပ်ချက်မျိုးရော ကြားဖူးလား။

...

All Chapters