← Chapters

အခန်း ၅၆

Vol. 4 Ch. 56

အခန်း ၅၆

Vol. 4 Ch. 56

အပိုင်း (၅၆)

ယဲ့မိသားစုက ဗေဒင်ဆရာ၏ လိမ်ညာမှုကို ခံခဲ့ရသည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း ယဲ့မိသားစုကပါ လိမ်ညာသူ အသိုက်အမြုံ ဖြစ်နေပါက လိမ်ညာသူချင်း လိမ်ညာနေကြသည် မဟုတ်ပါလား။

ဟင်—— ဇာတ်လမ်းက ပိုရှုပ်ထွေးလာပြီ။

ချူဟွား: [ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ]

System: [နှစ်ဖက်စလုံး အပြန်အလှန် အကျိုးပြုနေတာလေ]

ထိုစကားလုံးကို ကြားလိုက်ရသောအခါ ချူဟွားနှင့် တခြားသူများလည်း ခေါင်းရှုပ်သွားကြသည်။ လိမ်ညာသူနှင့် အလိမ်ခံရသူက ဘယ်လိုလုပ် အပြန်အလှန် အကျိုးပြုလို့ ရမှာလဲ။

Systemက ဒီဖရဲသီးသည် အနည်းငယ် ရှုပ်ထွေးကြောင်း သိသဖြင့် နှစ်သိမ့်လိုက်သည်။ [မလောပါနဲ့၊ ငါ ဖြည်းဖြည်းချင်း ရှင်းပြမယ်]

[ဗေဒင်ဆရာမှာ အောင်သွယ်တော် အလုပ်လုပ်တဲ့ ချစ်သူ ရှိတယ်၊ ဒါကြောင့် မြို့တော်က လက်မထပ်ရသေးတဲ့ မိန်းကလေးတွေနဲ့ မုဆိုးမတွေရဲ့ အကြောင်းကို သူ ကောင်းကောင်း သိတယ်၊ နည်းလမ်းရှာလိုက်ရင် အဲဒီလူတွေရဲ့ မွေးနေ့သက္ကရာဇ်တွေကို ရနိုင်တာပေါ့]

ချူဟွားက ကြားဖြတ်မေးလိုက်သည်။ [မွေးနေ့သက္ကရာဇ်တွေက လျှို့ဝှက်ချက်လေ၊ ဘယ်လို ရနိုင်မှာလဲ]

System: [သားဖွားလက်သည် ဒါမှမဟုတ် အစေခံတွေကို လာဘ်ထိုးလိုက်ရင် ရတာပေါ့၊ အတိအကျ မသိရရင်တောင် သူတို့ မွေးနေ့ပွဲ လုပ်ကြမှာပဲလေ၊ စုံစမ်းလိုက်ရင် နေ့၊ လ၊ နှစ်ကို သိနိုင်တာပေါ့၊ တကယ်လို့ အတိအကျ မရရင်တောင် ဗေဒင်ဆရာက ဝါးတားတား ပြောပြီး အိမ်ရှင်ကို ကိုယ်တိုင် သွားစုံစမ်းခိုင်းလို့ ရတာပဲ]

ချူဟွားက ထိုနည်းလမ်းနှစ်ခုကို မစဉ်းစားမိခြင်း မဟုတ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန် အလွန် ခက်ခဲလေသည်။

နယ်ပယ်တိုင်းတွင် စည်းမျဉ်းစည်းကမ်းများ ရှိကြသည်။ စည်းကမ်းမလိုက်နာသူ များလာလျှင် နယ်ပယ်တစ်ခုလုံး ယုံကြည်မှု ပျက်ပြားပြီး အားလုံး ထမင်းအိုးကွဲသွားနိုင်သည်။

ထို့ကြောင့် စည်းကမ်းဖောက်ဖျက်သူများသည် သေးငယ်သည့်အပြစ်ဆိုလျှင် အလုပ်ပြုတ်နိုင်ပြီး အဆိုးဆုံးဆိုလျှင် အသက်ပါ ဆုံးရှုံးနိုင်သည်။

သားဖွားလက်သည်က အိမ်ရှင်၏ ငွေကို ယူထားပြီးဖြစ်ရာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမည် ဖြစ်သည်။ ပါးစပ် မလုံလျှင် အလုပ်ပြုတ်နိုင်သည်။

အိမ်တွင် အလုပ်လုပ်သော အစေခံက သခင်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားသွားအောင် လုပ်မိသွားလျှင် ဆွံ့အဆေး တိုက်ခံရပြီး တစ်သက်လုံး စကားမပြောနိုင်တော့ပေ။

သခင်မလေးတစ်ယောက်က မွေးနေ့ပွဲ ကျင်းပလျှင်လည်း ဆွေမျိုးမိတ်သင်္ဂဟများကိုသာ ဖိတ်ကြားပြီး အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးသာ ကျင်းပကြသည်။ သာမန် အမျိုးသမီးများဆိုလျှင် အိမ်နီးနားချင်းများသာ သိကြသည်။ အဲဒီအကြောင်းတွေကို သိဖို့ လူဘယ်နှယောက်ကို မေးရမလဲ၊ ငွေဘယ်လောက် သုံးရမလဲ။

ဒီလောက်ထိ အားစိုက်ထုတ်ရတာ လက်ထပ်ပွဲ အနည်းငယ် ဖြစ်မြောက်ဖို့ အတွက်လား။

ချူဟွား: [ဒီလောက်ထိ သတင်းအချက်အလက် စုဆောင်းနိုင်တာ နန်းစောင့်တပ်တောင် မမီဘူး ထင်တယ်]

ကျားယီနှင့် ချိုက်ကန်း: "..."

System: [မြို့တော် တစ်ခုလုံးက လက်မထပ်ရသေးတဲ့ မိန်းကလေးတွေနဲ့ မုဆိုးမတွေ အကုန်လုံးရဲ့ သတင်းအချက်အလက်ကို သိစရာ မလိုပါဘူး၊ တစ်စိတ်တစ်ပိုင်း သိရင် ရပြီလေ]

[ဗေဒင်ဆရာက နှစ်ဖက်စလုံးရဲ့ ဇာတာ ကိုက်ညီတယ်၊ နတ်ဖက်တဲ့ စုံတွဲပဲလို့ ပြောလိုက်ရင် ဘယ်သူကများ မျက်စိကန်းပြီး မလိုက်ဖက်ပါဘူးလို့ ထွက်ပြောရဲမှာလဲ]

ဗေဒင်ဆရာနှင့် အောင်သွယ်တော် ပူးပေါင်းပြီး နန်းစောင့်တပ်ကဲ့သို့ သတင်းကွန်ရက်တစ်ခု တည်ထောင်ထားသည်ဟု ချူဟွား ထင်မှတ်ထားသော်လည်း ယခု ကြားလိုက်ရသည်တွင် အနည်းငယ် စိတ်ပျက်မိသွားသည်။

ထားလိုက်ပါတော့၊ သတင်းကွန်ရက် နောက်ကွယ်မှာ ဘာမှ ထူးခြားတာ မရှိလောက်ပါဘူး။

System: [သူတို့က နေရာစုံက ပိုက်ဆံ ယူကြတာ၊ ယောက်ျားလေးဘက်၊ မိန်းကလေးဘက်က အောင်သွယ်ခ၊ ဗေဒင်ဆရာရဲ့ ဇာတာတိုက်ခ၊ ပြီးတော့ ကျေးဇူးတင်ကြေးတွေ အများကြီးပဲ]

ချူဟွား: [ကျေးဇူးတင်ကြေးက ဘယ်လိုမျိုးလဲ]

System: [အိမ်ထောင်ပြုဖို့ ခက်ခဲတဲ့ လူတချို့ ရှိတယ်၊ တချို့က စိတ်သဘောထား ကြမ်းတမ်းပြီး ပေါင်းသင်းရ ခက်တယ်၊ တချို့က ခန္ဓာကိုယ် ချို့ယွင်းချက် ရှိတယ်၊ တချို့က ကိုယ်ကျင့်တရား မကောင်းဘူး၊ အဲဒီလို လူတွေအတွက် အိမ်ထောင်ဘက် ရှာရ ခက်တယ်]

[အများအားဖြင့် အမှန်တရားကို ဖုံးကွယ်ထားတယ်၊ အားနည်းချက်တွေကို လျှော့ချတယ် ဒါမှမဟုတ် ဖုံးကွယ်တယ်၊ အားသာချက်တွေကို ပုံကြီးချဲ့ ပြောတယ်၊ ပြီးတော့ ဇာတာ ကိုက်ညီတယ်၊ နတ်ဖက်တဲ့ စုံတွဲ ဖြစ်တယ် ဆိုပြီး ပြောဆို စည်းရုံးကြတယ်]

[တကယ်လို့ ယောက်ျားလေးဘက်က ရှုပ်ပွေတယ်၊ လောင်းကစားရုံ၊ ပြည့်တန်ဆာအိမ် သွားတတ်တယ်၊ မိန်းကလေးဘက်က လက်မထပ်ခင် တခြားယောက်ျားနဲ့ ဖောက်ပြန်ဖူးတယ် ဆိုရင် ဝေးလံတဲ့ နေရာက လူတွေနဲ့ လက်ထပ်ပေးလိုက်တယ်၊ ဒီခေတ်ကြီးမှာ ခရီးသွားလာရ ခက်ခဲတော့ သွားစုံစမ်းမဲ့လူ သိပ်မရှိဘူး]

[တစ်ဖက်က အိမ်ထောင်ကျသွားပြီ၊ နောက်တစ်ဖက်ကလည်း အိမ်ထောင်ဘက်ကောင်း ရပြီ ဆိုပြီး နှစ်ဖက်စလုံးက ကျေးဇူးတင်ကြေးတွေ အများကြီး ပေးကြတာပေါ့]

ချူဟွားမှာ ကြက်သီးမွှေးညင်း ထသွားတော့သည်။ [ဒါက ရည်ရွယ်ချက်ရှိရှိ လိမ်ညာ လက်ထပ်တာပဲ]

ခေတ်သစ်က လူလွတ်တွေတောင် ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင်ကို ပြုပြင်ပြီး အကောင်းဆုံး ပုံစံကို ပြသကြပေမဲ့ ခေတ်သစ်မှာ အဆင်မပြေရင် လမ်းခွဲလို့ ရတယ်၊ ရှေးခေတ်မှာတော့ တန်းပြီး လက်ထပ်ကြတာ။

စိတ်သဘောထား ကြမ်းတမ်းတဲ့ လူတစ်ယောက်ကို လိမ္မာယဉ်ကျေးတယ်လို့ လိမ်ပြောပြီး လက်ထပ်လိုက်တယ်၊ လက်ထပ်ပြီးမှ ပြဿနာကို သိလိုက်ရရင် ချက်ချင်း ကွာရှင်းလို့ ရမလား။ မရဘူးလေ။

ခေတ်သစ်မှာတောင် ကွာရှင်းဖို့ စောင့်ဆိုင်းရတဲ့ ကာလ ရှိသေးတယ်၊ လူကြီးတွေက ဝိုင်းဖျောင်းဖျကြသေးတယ်၊ ရှေးခေတ်မှာဆို ပိုခက်ခဲတာပေါ့။

ယောက်ျားက မကြိုက်တဲ့ မိန်းမကို ယူမိရင် မယားငယ် ထပ်ယူလို့ ရပေမဲ့ မိန်းမက ကွာရှင်းချင်ရင် ယောက္ခမနဲ့ မိဘတွေရဲ့ သဘောတူညီချက် လိုတယ်၊ မိသားစု အများစုက ဂုဏ်သိက္ခာအတွက် လူသေရင်သေပါစေ ကွာရှင်းခွင့် မပေးကြဘူး။

သည်လို လုပ်ရပ်ကြောင့် ထိခိုက်နစ်နာရသူ အများစုမှာ ရွေးချယ်ခွင့်မရှိသော အမျိုးသမီးများ ဖြစ်ကြသည်။

ချူဟွား: [ဒီလုပ်ရပ်က အရမ်း ယုတ်မာလွန်းတယ်၊ ဘယ်သူမှ မဖော်ထုတ်ကြဘူးလား]

Systemက မကျေမနပ် ပြောလေသည်။ [ခေတ်သစ်မှာ ယောက်ျား အများစုက ချစ်သူ ဘဝတုန်းက အရမ်းကောင်းပေမဲ့ လက်ထပ်ပြီးတာနဲ့ ဇာတိရုပ် ပေါ်လာတာပဲ၊ အဲဒီအခါကျရင် အောင်သွယ်ကို အပြစ်တင်ကြလို့လား]

ဟုတ်သားပဲ။

ခေတ်သစ်မှာ ကျား၊ မ တန်းတူညီမျှရေး ပြဿနာ ကြီးထွားနေပြီး ဆန့်ကျင်ဘက် လိင်အပေါ် အမြင်မကြည်ကြဘူး၊ ပြဿနာ ဖြစ်လာရင် လက်မထပ်ခင် ဟန်ဆောင်ကောင်းခဲ့လို့ပါ ဆိုပြီး တစ်ဖက်လူကို အပြစ်တင်ကြတယ်၊ ကြားလူကို အပြစ်မတင်ကြဘူး။

ရှေးခေတ်မှာလည်း အတူတူပဲ။

အောင်သွယ်တော်က ကြားကနေ ဆက်သွယ်ပေးရုံပဲ၊ သတို့သား၊ သတို့သမီးနဲ့ ဆယ်နှစ်လောက် အတူတူ မနေဖူးဘဲ သူတို့ ဘာတွေ ဖုံးကွယ်ထားလဲ ဆိုတာ ဘယ်လို သိမလဲ။

အိမ်ထောင်ရေး အဆင်မပြေတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ဟန်ဆောင်ကောင်းတယ် ဆိုပြီး အပြစ်တင်ကြမှာပဲ၊ ကြားလူကို အပြစ်မတင်ကြဘူး။

ဒီလိုနဲ့ ဗေဒင်ဆရာနဲ့ အောင်သွယ်တော်က အခွင့်ကောင်း ယူသွားကြတာပေါ့။

ချူဟွားမှာ သက်ပြင်းချမိတော့သည်။ [ဘယ်ကမ္ဘာ၊ ဘယ်ခေတ်မှာမဆို ဥပဒေရဲ့ ဟာကွက်ကို ရှာတတ်တဲ့ လူတွေ ရှိစမြဲပဲ]

[ထားလိုက်တော့၊ ခဏနေရင် ကျားယီကို သူတို့ကို ထပ်ရိုက်ခိုင်းလိုက်မယ်၊ ပြီးရင် သူတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ နည်းလမ်း ရှာရမယ်၊ တစ်ယောက် ကယ်နိုင်ရင် တစ်ယောက်ပေါ့]

ကျားယီသည် လူရိုက်ရန် ကိရိယာများကို မျက်စိဖြင့် ရှာဖွေနေပြီဖြစ်ပြီး ချိုက်ကန်းက နောက်ဆက်တွဲ ကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေလေသည်။

ကျန်းရှီ၊ ဒုတိယမင်းသား ကြင်ရာတော် အစရှိသော အမျိုးသမီးများသည် ကြောက်လန့်တကြား ဖြစ်နေကြသည်။

သူတို့က အိမ်ထောင်ကျပြီးသားမို့ ဗေဒင်ဆရာနဲ့ အောင်သွယ်တော်ရဲ့ ဒုက္ခပေးတာကို မခံရတော့ပေမဲ့ အိမ်မှာ လက်မထပ်ရသေးတဲ့ ညီမလေးတွေ အများကြီး ရှိသေးတယ်၊ သူတို့သာ အလိမ်ခံရရင် တစ်ဘဝလုံး ပျက်စီးသွားမှာ။

အမျိုးသမီးများသည် တူများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြပြီး ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေကြတော့သည်။

ပြန်ရောက်ရင် ခင်ပွန်းသည်တွေ၊ ဖခင်တွေကို ငြိမ်ဝပ်ပိပြားရေးဌာနရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းရမယ်၊ အဲဒီ ဗေဒင်ဆရာနဲ့ အောင်သွယ်တော်က ဘယ်သူလဲ ဆိုတာ သိတာနဲ့ သူတို့ ဆက်သွယ်ပေးထားတဲ့ လက်ထပ်ပွဲတွေကို အမြန်ဆုံး ဖျက်သိမ်းခိုင်းရမယ်။

System: [ဗေဒင်ဆရာ အကြောင်း ပြီးပြီဆိုတော့ ယဲ့မိသားစု အကြောင်း ပြောကြမယ်]

[ယဲ့မိသားစုရဲ့ ကုသိုလ်ကောင်းမှု လုပ်တယ် ဆိုတဲ့ နာမည်က ယဲ့ဇီဝမ်ရဲ့ အဘိုးလက်ထက်က စတာ၊ အဲဒီအချိန်တုန်းက ယဲ့မိသားစုက တကယ် လူကောင်းတွေ၊ အဖေလက်ထက် ရောက်တော့ ဘိုးဘွားပိုင် ပစ္စည်းတွေက ကုသိုလ်ကောင်းမှု လုပ်ရင်း ကုန်သလောက် ဖြစ်နေပြီ]

[ယဲ့ဇီဝမ်ရဲ့ အဖေက နည်းလမ်းတစ်ခု စဉ်းစားမိတယ်၊ တစ်ဖက်မှာ ကုသိုလ်ကောင်းမှု အကြီးအကျယ် လုပ်တယ်၊ ပရဟိတဂေဟာ ဖွင့်တယ်၊ သူ့အဖေ၊ အဘိုးထက်တောင် ပိုလုပ်ပြတယ်၊ သူတော်ကောင်းကြီး ပုံစံ ဖမ်းတယ်၊ နောက်တစ်ဖက်မှာတော့ ကုသိုလ်ကောင်းမှု လုပ်တယ် ဆိုတဲ့ နာမည်ကြားလို့ ရောက်လာတဲ့ ကလေးတွေကို ပြန်ရောင်းစားတယ်၊ ဟုတ်တယ်၊ လူကုန်ကူးတာ]

ချူဟွား: [ဟင်——]

အားလုံး: ဟင်——

မြို့တော်မှာ နာမည်ကြီးတဲ့ သူတော်ကောင်းကြီးက ကွယ်ရာမှာ လူကုန်ကူးတဲ့ လုပ်ငန်း လုပ်နေတာလား၊ ဒါက လူစိတ် မရှိတော့တာပဲ၊ ကိုယ်ကျင့်တရား ပျက်ပြားနေတာပဲ။

Systemက ဆက်ပြီး ဖော်ထုတ်နေလေသည်။ [သူက ကလေးတွေကို အဆင့်ခွဲတယ်၊ ရုပ်ချောတဲ့၊ ဉာဏ်ကောင်းတဲ့၊ အသက်ငယ်တဲ့ ကလေးတွေကို အကောင်းဆုံး အဆင့် သတ်မှတ်ပြီး သူဌေးအိမ်တွေကို ရောင်းတယ်၊ အဲဒီလို အိမ်တွေက ပိုက်ဆံ နှမြောလေ့ မရှိဘူး၊ ငယ်လေ မှတ်ဉာဏ် နည်းလေ မွေးစားလို့ ကောင်းလေပဲ]

[ဒါပေမဲ့ သူဌေးအိမ် အများစုက ယောက်ျားလေးပဲ လိုချင်ကြတာ၊ မိန်းကလေး လိုချင်တာ နည်းတယ်၊ ဒါကြောင့် ရုပ်ချောတဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာအိမ် ရောင်းလိုက်တယ်၊ ဟိုဘက်ကလည်း ဈေးကောင်း ပေးတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ အရင်းပြန်ရမဲ့ နည်းလမ်းတွေ အများကြီး ရှိတာကိုး]

[နောက်တစ်မျိုးက ထူးဆန်းတဲ့ ဝါသနာ ရှိတဲ့ လူတွေ၊ သူတို့က လျှို့ဝှက်ချင်တော့ ဈေးပိုပေးတယ်၊ ယဲ့မိသားစု လက်ထဲမှာ စာရင်း ရှိတယ်၊ မကြာခဏ ရုပ်ချောတဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ ပို့ပေးလေ့ ရှိတယ်]

[ရုပ်ရည် သာမန်၊ အသက်ကြီးတဲ့ မိန်းကလေးတွေကိုတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို ရောင်းတယ်၊ အဲဒီ နေရာတွေက မိန်းမ ရှားပါးတော့ ကလေးသတို့သမီး ဖြစ်ဖြစ်၊ အသင့်စား မိန်းကလေး ဖြစ်ဖြစ် ဈေးကောင်း ရတယ်...]

Systemက ဥပမာ အနည်းငယ် ပေးပြီး ရှင်းပြလိုက်သည်။ အားလုံးက ချူဟွားနှင့် အမျိုးသမီးများ တစ်ခါမှ မကြားဖူးသော နည်းလမ်းများနှင့် နေရာများ ဖြစ်နေသည်။

ယဲ့မိသားစု၏ ဘေးမဲ့ဂေဟာသို့ ရောက်လာပြီးနောက် အဝတ်အစားနှင့် အစားအသောက် ရပြီဟု ထင်မှတ်ထားသော ကလေးများသည် သူတို့ စိတ်ကူးထဲက သူတော်ကောင်းကြီးက သူတို့ကို ထိုနေရာမျိုးသို့ ရောင်းလိုက်ကြောင်း သိသွားချိန်တွင် မျှော်လင့်ချက်မဲ့ကာ မည်မျှ စိတ်ပျက်သွားကြမည်ကို စဉ်းစားကြည့်လိုက်လေသည်။

ကလေးတွေ တွေးမိကြလိမ့်မယ်။ ဘာလို့ လူကောင်းတွေက မကောင်းတာလဲ။ ဘာလို့ အသက်ရှင်ဖို့ ဒီလောက် ခက်ခဲတာလဲဆိုပြီးတော့ပေါ့။

သူတို့က ထွက်ပြေးရင်း အသက်ဆုံးရှုံးသွားတာမျိုး၊ အနိုင်ကျင့်ခံရပြီး ကြောက်လန့်သွားတာမျိုး၊ ဒါမှမဟုတ် အံကြိတ်ပြီး သည်းခံရင်း တစ်ယောက်ယောက် လာကယ်မဲ့ အချိန်ကို စောင့်နေတာမျိုး ဖြစ်နိုင်တယ်။

ချူဟွားသည် အေးစက်သွားသော အသီးဖျော်ရည် တစ်ခွက်လုံးကို မော့သောက်လိုက်မှ ရင်ထဲက မီးတောက် အနည်းငယ် လျော့ကျသွားသလို ခံစားလိုက်ရသည်။

သူမက အံကြိတ်ပြီး ပြောလိုက်သည်။ [လူယုတ်မာတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဒုက္ခပေးတဲ့ လူယုတ်မာတွေကို ငါ အမုန်းဆုံးပဲ]

[System ရေ၊ ပြန်ရောက်ရင် စာရင်း အတိအကျ ငါ့ကို ပေး၊ တရားရေးဝန်ကြီး ဒါမှမဟုတ် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ် လက်ထဲ ဘယ်လို ထည့်ပေးရမလဲ ဆိုတာ ငါ စဉ်းစားရမယ်၊ သောက်ကျိုးနည်း၊ 'အံ့ဖွယ်ခုံးခုံး' က ဘာလို့ မလာသေးတာလဲ၊ သူသာ ရောက်လာရင် ဒီပစ္စည်း ပေးဖို့ လွယ်သွားပြီ]

System: [ဟုတ်တယ် ဟုတ်တယ်]

အားလုံး: ???

အားလုံး: !!!

ကမ္ဘာသစ် တံခါး ပွင့်သွားသလို မျက်နှာထားတွေနဲ့၊ တစ်ကမ္ဘာလုံး ကျော်ကြားတဲ့ သူခိုးကြီး 'အံ့ဖွယ်ခုံးခုံး' က နင့်အတွက်တော့ အမှုတွဲ ပို့ပေးတဲ့ လူပဲလား။

ဒါပေမဲ့ အဲဒီဘက်ကို ဆက်တွေးကြည့်လိုက်တော့ တော်တော် အသုံးဝင်မှန်း တွေ့ရတယ်။

နှစ်ဖက်စလုံးက သတင်းရင်းမြစ်ကို system လို့ မပြောချင်ကြတဲ့ အချိန်မှာ 'အံ့ဖွယ်ခုံးခုံး' က အကောင်းဆုံး ကြားခံလူနဲ့ ဆင်ခြေပဲ။

အခုတော့ သူတို့တွေ စတင် မျှော်လင့်လာကြပြီ၊ 'အံ့ဖွယ်ခုံးခုံး' ရေ မြန်မြန် လာပါတော့၊ မင်း လွှဲပြောင်းပေးဖို့ စောင့်နေတဲ့ အမှုတွဲတွေနဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေပြီ။

ထိုအချိန်တွင် မြို့တော်သို့ လာနေသော 'အံ့ဖွယ်ခုံးခုံး' သည် ရုတ်တရက် နှာချေလိုက်သည်။

"ဘယ်သူ ငါ့ကို သတိရနေတာလဲ"

ချူဟွားက လမ်းမှာ ရောက်နေသေးသော စာပို့သမားကို ညည်းညူလိုက်ပြီး [System ရေ ဆက်ပြော]

System: [ယဲ့ဇီဝမ်ရဲ့ အဖေက ယုတ်မာတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့လို့ ဝဋ်လည်တာ ဖြစ်မယ်၊ အသက် ၄၀ ကျော်မှ မယားငယ် ၈ ယောက် ယူပေမဲ့ ကိုယ်ဝန်ပျက်တာနဲ့ သေဆုံးတာတွေပဲ ဖြစ်ပြီး ကလေး တစ်ယောက်မှ အဖတ်မတင်ဘူး၊ ယဲ့ဇီဝမ်ရဲ့ အဖေ ကြောက်သွားပြီး တဖြည်းဖြည်း လက်လျှော့လိုက်တယ်၊ အဲဒီအချိန်မှာ ယဲ့ဇီဝမ် မွေးလာတာပဲ]

[ယဲ့ဇီဝမ်ရဲ့ အဖေက ဝဋ်လည်တာကို နည်းနည်း ယုံကြည်သွားလို့ ယဲ့ဇီဝမ်ကို အားလုံး ဖုံးကွယ်ထားတယ်၊ ကိစ္စ ရှိရင်လည်း အိမ်ပြင်မှာပဲ ဖြေရှင်းတယ်၊ တစ်ဦးတည်းသော သားကို သန့်ရှင်းအောင် ထားတယ်၊ ယဲ့ဇီဝမ်က ဘာမှ မသိရှာဘူး]

[ယဲ့ဇီဝမ်ရဲ့ ပထမ ဇနီးသည်က ခန္ဓာကိုယ် အားနည်းပေမဲ့ စိတ်သဘောထား နူးညံ့တယ်၊ ယဲ့မိသားစုရဲ့ မူမမှန်တာတွေကို သတိထားမိတယ်၊ ယဲ့ဇီဝမ်ရဲ့ မိဘတွေ ရန်ဖြစ်တာကို မတော်တဆ ကြားဖူးတယ်၊ ဒါပေမဲ့ သူ့မှာ သက်သေ မရှိဘူး၊ မွေးစားမိဘတွေကိုလည်း ပြန်မဖော်ထုတ်ရက်ဘူး]

[အကြိမ်ကြိမ် တွေးတောပြီးနောက် စိတ်ဆင်းရဲပြီး အိပ်ရာထဲ လဲသွားတယ်၊ ခန္ဓာကိုယ် ပိုဆိုးလာတယ်၊ ဒါကြောင့် အသေခံပြီး ကလေးမွေးဖို့ ဆုံးဖြတ်လိုက်တာ၊ ယဲ့မိသားစုရဲ့ ကျေးဇူးကိုလည်း ဆပ်ရာ ရောက်မယ်၊ ဒီစိတ်ပျက်စရာ ကောင်းတဲ့ လောကကြီးကနေလည်း ထွက်သွားနိုင်မယ် ဆိုပြီးတော့လေ]

ချူဟွားမှာ ဘာပြောရမှန်း မသိတော့ပေ။

ငယ်စဉ်ကတည်းက သူများအိမ်မှာ နေရပြီး မွေးရာပါ ရောဂါကြောင့် ယဲ့မိသားစုရဲ့ ဆေးဖိုးတွေ အများကြီး ကုန်ကျခဲ့တဲ့ မိဘမဲ့ မိန်းကလေး တစ်ယောက်အတွက် ဒါက သူ စဉ်းစားလို့ရတဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ရောက်ရှိနေသော အမျိုးသမီး အများစုက ရောဂါထူပြောသော်ငြား ဉာဏ်ကောင်းသော ဝမ်းကွဲညီမလေးကို သနားမိကြသည်။

တကယ်လို့ သူတို့သာ အဲဒီ နေရာမှာ ရောက်နေရင် တူညီတဲ့ ရွေးချယ်မှုမျိုး လုပ်မိမလား ဆိုတာ ပြောဖို့ ခက်တယ်။ ထွက်ပြေးတာက ရှက်စရာ ကောင်းပေမဲ့ တော်တော် အသုံးဝင်တယ်။

System: [ဒုတိယ ဇနီးသည်က ကံမကောင်းဘူး၊ ယဲ့အိမ်တော်ထိန်းက ထူးဆန်းတဲ့ ဝါသနာ ရှိတဲ့ လူတွေကို ရုပ်ချောတဲ့ ယောက်ျားလေးတွေ ပို့ပေးတာ မတော်တဆ တွေ့သွားတယ်၊ ယဲ့မိသားစုက သူ အပြင်မှာ လျှောက်ပြောမှာ စိုးရိမ်လို့ ဗေဒင်ဆရာကို အရိပ်အမြွက် ပြပြီး အိမ်ထောင်ချပေးလိုက်တာ]

[သူတို့က ကိုယ့်လူ ဖြစ်သွားရင် အတူတူပဲ၊ ယဲ့ဇီဝမ်ရဲ့ အမေလိုပဲ လျှောက်ပြောတော့မှာ မဟုတ်ဘူးလို့ တွေးလိုက်တာ၊ ယဲ့ဇီဝမ်ရဲ့အမေက ယဲ့အိမ်တော်ရဲ့ လုပ်ရပ်တွေကို သိသွားတော့ အရမ်း ရွံရှာပြီး ထွက်သွားချင်ခဲ့တယ်၊ နောက်ပိုင်း အခန်းထဲ အောင်းနေပြီး ကိုယ်ဝန်ရလာတော့ ချမ်းသာတဲ့ ဘဝမှာ နေသားကျသွားပြီး သူတို့နဲ့ ပူးပေါင်းသွားရော]

ချူဟွားက သက်ပြင်းချလိုက်သည်။ ဒီလို ကိစ္စမျိုး ခေတ်သစ်မှာလည်း အများကြီး ကြားဖူးတယ်။

[ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေက ကလေး ရပြီးတာနဲ့ မပြန်ချင်ကြတော့ဘူး၊ နောက်ပိုင်း ရွာထဲက လူတွေကို ကူညီပြီး တခြား အမျိုးသမီးတွေကို ရောင်းစားကြတယ်၊ ဒုက္ခသည် ဘဝကနေ ဒုက္ခပေးသူ ဘဝ ရောက်သွားကြတယ်]

Systemက ချူဟွား စိတ်မကောင်း ဖြစ်နေသည်ကို သတိထားမိပြီး စိုးရိမ်တကြီး မေးလေသည်။

[မမကြီးဟွား၊ နင် အဆင်ပြေရဲ့လား]

အမျိုးသမီးများကလည်း စိုးရိမ်သော အကြည့်များဖြင့် ကြည့်နေကြသည်။

"လူကြီးမင်းချူ၊ အသီးဖျော်ရည်လေး သောက်လိုက်ပါဦး"

"လူကြီးမင်းချူ၊ ဟင်းလေး စားလိုက်ပါဦး"

"လူကြီးမင်းချူ အရက် နည်းနည်း သောက်မလား"

ချူဟွားက ညီအစ်မများ၏ ဂရုစိုက်မှုကို ကျေးဇူးတင်ကြောင်း ပြောပြီး ဟင်း နည်းနည်း စားလိုက်မှ ရင်ထဲက မွန်းကျပ်မှု အနည်းငယ် လျော့ပါးသွားတော့သည်။

[system ငါ အဆင်ပြေပါတယ်၊ ဆက်ပြော]

Systemလည်း သူ တကယ် အဆင်ပြေမပြေ မသိသော်လည်း ဖရဲသီး မြန်မြန် ပြီးအောင် ပြောရတော့သည်။

[ဒုတိယ ဇနီးသည်က ယဲ့ဇီဝမ်ရဲ့ အမေနဲ့ မတူဘူး၊ သူက စိတ်ထား ကောင်းတယ်၊ ယဲ့မိသားစုကို ဖော်ထုတ်ချင်တယ်၊ ဒါပေမဲ့ ယဲ့မိသားစု တစ်ခုလုံးမှာ လူကောင်း သိပ်မရှိဘူး၊ သူ့ စာကို မိသွားတယ်၊ ယဲ့ဇီဝမ်ရဲ့ မိဘတွေက ဗေဒင်ဆရာကို အကြောင်းပြပြီး သူ့ကို အားဆေးတွေ ဆက်တိုက် တိုက်တယ်၊ တမင် မွေးဖွားရခက်ပြီး သေအောင် လုပ်တာ]

[သူလည်း ယဲ့မိသားစုကနေ ထွက်ပြေးဖို့ စဉ်းစားဖူးတယ်၊ ဒါပေမဲ့ ဗိုက်ကြီးလာလေ သွားလာရ ခက်လေပဲ၊ နောက်ဆုံး မွေးခါနီး တစ်လမှာ အခန်းထဲ ပိတ်လှောင်ခံရပြီး အပြင်ပေးမထွက်ဘူး၊ အချိန်တိုင်း စောင့်ကြည့်ခံရပြီး အကျဉ်းသားလို ဘဝမျိုး ဖြတ်သန်းခဲ့ရတယ်]

[သူက မွေးခါနီး ဗိုက်ကြီးနဲ့ တခြား အကူအညီလည်း မရှိတော့ ဒီငရဲခန်းကနေ မလွတ်မြောက်နိုင်တော့ဘူး၊ ယဲ့မိသားစု ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း သေဆုံးပေးလိုက်ရတာပဲ၊ မသေခင် ယဲ့ဇီဝမ်ကို ပြောခဲ့တဲ့ နောက်ဆုံး စကားက 'ကလေးကို ဂရုစိုက်ပါ' တဲ့]

သဘောကောင်းသော ထိုမိန်းကလေးသည် ဘဝ၏ နောက်ဆုံး အချိန်တွင် နောင်တရခဲ့သလား ဆိုတာ မည်သူမျှ မသိနိုင်ပေ။

ယဲ့ဇီဝမ်၏ အမေလို ဒုက္ခပေးသူ ဖြစ်သွားခဲ့ရင် သူ ကလေးကို အေးအေးဆေးဆေး မွေးနိုင်ပြီး ကလေး ကြီးပြင်းတာ၊ လက်ထပ်တာကို မြင်တွေ့ရမှာ၊ အကျဉ်းသားလို လချီ ပိတ်လှောင်ခံရပြီး ကလေးကို တစ်ချက်လေးပဲ ကြည့်ခွင့်ရတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။

ချူဟွားက တွေးမိလိုက်သည်။ နောင်တ မရလောက်ပါဘူး။

မဟုတ်ရင် လောကကြီးမှာ ထားခဲ့တဲ့ နောက်ဆုံး စကားက ခင်ပွန်းသည်ကို မှာကြားတဲ့ စကား ဖြစ်လာမှာ မဟုတ်ဘူး။

အဲဒီမိန်းကလေး သိတယ်လေ။ ယဲ့မိသားစုက အမည်းရောင် ဆိုးဆေးကန်ကြီး၊ အထဲက လူတိုင်းက အမည်းရောင်တွေ၊ ခင်ပွန်းသည် ယဲ့ဇီဝမ် တစ်ယောက်တည်းပဲ အမှောင်ချခံထားရပြီး အမည်းရောင် မဖြစ်သေးတာ။

အသက်ထွက်ခါနီး အချိန်မှာ ယဲ့ဇီဝမ် ရှေ့မှာ ယဲ့မိသားစုရဲ့ ညစ်ပတ်တာတွေကို ဖော်ထုတ်လို့ ရပေမဲ့ အဲဒါက အသုံးမဝင်ဘူး ဆိုတာ သူ သေချာ သိနေတယ်။ ယဲ့ဇီဝမ်က နှစ်ပေါင်းများစွာ အလိမ်ခံထားရတာ၊ အတူတူ နေလာတဲ့ မိဘတွေထက် သူ့စွပ်စွဲချက်ကို ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။

သူသာ နာကျည်းတဲ့ စိတ် နည်းနည်းလေး ပြလိုက်ရင် ယဲ့ဇီဝမ် သူ့ကို နောက်ဆုံး လာကြည့်တာကို စောင့်နိုင်မှာ မဟုတ်ဘူး၊ သူ့ ကလေးလည်း အန္တရာယ် ရှိသွားနိုင်တယ်။

ချူဟွားသည် ပြောပြရခက်သော အန္တရာယ်နှင့် အရေးပေါ် အခြေအနေကို ခံစားလိုက်ရသည်။

ရှေးခေတ်က အမျိုးသမီးတွေ အရမ်း သနားဖို့ ကောင်းတယ်။

အမျိုးသမီး တစ်ယောက်ကို ကူညီရုံနဲ့ မလုံလောက်ဘူး၊ သူ မမြင်နိုင်တဲ့ နေရာမှာ ကိုယ့်ကံကြမ္မာ ကိုယ်မပိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိသေးတယ်။

သူမ တစ်ခုခု လုပ်ရမယ်၊ အခုထက် ပိုမြန်ပြီး ပိုထိရောက်အောင် လုပ်ရမယ်။

System: [တတိယ ဇနီးသည် မွေးဖွားရခက်တာက ဆေးမှားသောက်လို့]

[ပထမ ဇနီးသည်က ရောဂါသည် သားလေး မွေးတယ်၊ ဒုတိယ ဇနီးသည်က ကျန်းမာတဲ့ သမီးလေး မွေးတယ်၊ သူက ကျန်းမာတဲ့ သားလေး မွေးပြီး ယဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုကို ဆက်ခံချင်တယ်]

[သူ ပထမ ကိုယ်ဝန်ဆောင်တုန်းက ဗိုက်က ဝိုင်းဝိုင်းလေး၊ ဘယ်သူကြည့်ကြည့် မိန်းကလေးလို့ ပြောကြတယ်၊ နောက်တော့ သူ့အမေက တစ်ယောက်ယောက်ဆီက ဆေးနည်း တောင်းလာတယ်၊ စားလိုက်ရင် မိန်းကလေးကနေ ယောက်ျားလေး ပြောင်းသွားမယ်တဲ့၊ သူ စားလိုက်တယ်]

ချူဟွား: "..."

ခေတ်သစ်မှာတောင် မိန်းကလေးကနေ ယောက်ျားလေး ပြောင်းတဲ့ ဆေးနည်း ရှိတယ်လို့ ယုံတဲ့လူတွေ ရှိသေးတာပဲ၊ ရှေးခေတ်မှာ ယုံတဲ့လူ၊ စားတဲ့လူ ရှိတာ မဆန်းပါဘူး။

[သန္ဓေတည်တဲ့ အချိန်မှာ ကလေးရဲ့ လိင်က ဆုံးဖြတ်ပြီးသားပဲ၊ နောက်ပိုင်း ဆေးစားလို့ ဘာထူးမှာလဲ၊ ဒီလိမ်ညာမှုက ရှေးယခင်ကတည်းက အခုထိ လူတွေ ယုံနေကြတုန်းပဲ]

Systemက ပြောလိုက်၏။ [ဘယ်လိုလုပ်ပြီး မထူးခြားဘဲ နေမှာလဲ]

အမျိုးသမီးများ: ???

အမျိုးသမီးများ: !!!

တကယ်လား၊ အဲဒီလို ဆေးမျိုး ရှိသေးတာလား၊ တကယ် အစွမ်းထက်တာလား။

တကယ် စိတ်ဝင်စားသွားကြပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာကာ systemက သားယောက်ျားလေး ရစေမည့် ဆေးနည်းကို ပြောပြလာမည်ကို မျှော်လင့်နေကြသည်။ ပြန်ရောက်ရင် စမ်းကြည့်လို့ ရတာပေါ့။

သို့သော် နောက်ဆက်တွဲ system၏ အသံက သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးပစ်လိုက်သည်။

Systemက ပြောလာသည်။ [ကလေး ဒုက္ခရောက်သွားတာပေါ့]

ချူဟွားက မျက်မှောင်ကြုတ်လိုက်သည်။ [ဘာဆေးလဲ]

System: [ဆေးနည်းထဲမှာ ကျူးရှား ပါတယ်၊ ကျူးရှားက ဆေးဖက်ဝင်တယ်၊ စိတ်ငြိမ်စေတယ်၊ ဒါပေမဲ့ အဲဒီအထဲမှာ ပြဒါး ပါတယ်၊ အဲဒါက မာကျူရီလေ၊ အဆိပ် ရှိတယ်]

[ပြဒါး အနည်းငယ် အဆိပ်သင့်ရင်တောင် သန္ဓေသားကို အများကြီး ထိခိုက်စေတယ်၊ တချို့က တန်းပြီး ပျက်ကျတယ်၊ ကလေး အသေမွေးတယ်၊ တချို့က လောလောဆယ် လက္ခဏာ မပြပေမဲ့ အဆိပ်တွေက သန္ဓေသားရဲ့ ဦးနှောက်ထဲ စုပုံနေပြီး အာရုံကြော စနစ်ကို ထိခိုက်စေတယ်၊ ဉာဏ်ရည်နဲ့ လှုပ်ရှားမှုကို ထိခိုက်စေတယ်]

ချူဟွားလည်း သဘောပေါက်သွားတော့သည်။ [ဒါကြောင့် တတိယ ဇနီးသည်ရဲ့ ပထမ ကလေးက နည်းနည်း အ,နေတာပေါ့]

Systemက အ,တယ် လို့ ပြောတာ တော်တော် ယဉ်ကျေးနေသေးတာပဲ။

ပြဒါး အဆိပ်သင့်တာ၊ ဒီလူ တကယ်... ကလေးကို ဒုက္ခပေးတာပဲ။

System: [ဒီတစ်ခါ ဗိုက်က ဝိုင်းနေပြန်ရော၊ သူက အဲဒီဆေး မိန်းကလေးကနေ ယောက်ျားလေး ပြောင်းပေးနိုင်တယ် ထင်ပြီး ဆေးထပ်သောက်ချင်ပြန်ရော]

[အရင် ဇနီးသည်ရဲ့ ကိစ္စ ဖြစ်ပြီးတဲ့နောက် ယဲ့ဇီဝမ်ရဲ့ မိဘတွေက သတိထားနေကြတယ်၊ ချွေးမကို မသိတဲ့ ဆေးတွေ ဘယ်ပေးသောက်မလဲ]

[တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ ကြားက သူ ဆေးသောက်ခွင့် မရပေမဲ့ လက်မလျှော့ခဲ့ဘူး၊ မွေးခါနီး အချိန်ကျမှ သူ့အမေကို လာစောင့်ခိုင်းပြီး အမေက ဆေးခိုးယူလာပေးတယ်]

[အဲဒီ ဆေးနည်းက တစ်ခါသောက်ရုံနဲ့ မရဘူး၊ ဒါပေမဲ့ သူ့မှာ အချိန် မရှိတော့ဘူး၊ ဒါနဲ့ ဆေးပမာဏ တိုးသောက်လိုက်တာ သေသွားရော]

ဒါကြောင့် မွေးဖွားရခက်တာလို့ ပြောတာထက် ပြဒါး အဆိပ်သင့်ပြီး သေတာလို့ ပြောရင် ပိုမှန်လိမ့်မယ်။

သည်အထိ ယဲ့ဇီဝမ်၏ ဇနီးသည် ၃ ဦး မွေးဖွားရခက်ခြင်း အမှန်တရား အားလုံး ပေါ်ပေါက်သွားပြီ ဖြစ်AVသည်။

ဒါက အပြန်အလှန် အကျိုးပြုတယ် ဆိုတာပါလား။

တကယ်ပဲ အပြန်အလှန် အကျိုးပြုတာပဲ၊ ဗေဒင်ဆရာနဲ့ အောင်သွယ်တော်က ယဲ့မိသားစုအတွက် ချွေးမ ရှာပေးတယ်၊ ချွေးမကို မွေးဖွားရခက်ပြီး သေဆုံးစေတယ်၊ ငွေတွေ အများကြီး ရတယ်၊ ယဲ့မိသားစုရဲ့ လျှို့ဝှက်ချက်လည်း မပေါက်ကြားတော့ဘူး။

ပူးပေါင်း ကြံစည်ကြတာပဲ၊ လူယုတ်မာ တစ်သိုက်။ အားလုံး အံကြိတ်နေကြသည်။

ချူဟွား: [ဒါဆို ယဲ့ဇီဝမ်ရဲ့ သူငယ်ချင်းမှာ ဇနီးသည် ၂ ဦး မွေးဖွားရခက်တာက ဘယ်လိုလဲ]

[အဲဒါကတော့...] System၏ လေသံက ပြောရခက်နေသည်။ [ဒီလူရဲ့ အကြိုက်က ခေတ်ရေစီးကြောင်းနဲ့ မတူဘူး၊ ခေတ်သစ်နဲ့ နည်းနည်း တူတယ်၊ သူက ဖြူဖြူ ပိန်ပိန် ငယ်ငယ်လေးတွေကို ကြိုက်တာ]

[ခေတ်သစ်မှာ ဖြူဖြူ ပိန်ပိန် ငယ်ငယ် ဆိုတာ မျက်နှာနုတာ၊ မိတ်ကပ် လိမ်းတာ၊ ဝတ်စားဆင်ယင်တာတွေနဲ့ တူအောင် လုပ်လို့ ရပေမဲ့ ရှေးခေတ်က ဖြူဖြူ ပိန်ပိန် ငယ်ငယ် ဆိုတာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေလေ]

[၁၅ နှစ်၊ ၁၆ နှစ် အရွယ် မိန်းကလေးတွေ၊ ခန္ဓာကိုယ် မဖွံ့ဖြိုးသေးဘူး၊ ကလေးမွေးခိုင်းတယ်၊ သူတို့ လူကြီးတွေက များများစားခိုင်းတယ်၊ သားယောက်ျားလေး မွေးဖို့လေ၊ မမွေးနိုင်ရင် ကလေးကို ယူပြီး အမေကို သတ်ခိုင်းတယ်၊ မွေးဖွားရခက်ပြီး သေဆုံးနှုန်းက မမြင့်ဘဲ နေမလား]

ချူဟွား: "..." ဒီနေ့ ဖရဲသီး စားရတာ နည်းနည်း နေလို့မကောင်းဘူး။

နေလို့မကောင်းလွန်းသဖြင့် စားပွဲပြီးသည်နှင့် အိမ်ပြန်ကာ system ပြောသော စာရင်းနှင့် အသေးစိတ် အချက်အလက်များကို မှတ်တမ်းတင်ပြီး ညဉ့်နက်သည်အထိ အလုပ်ရှုပ်နေတော့သည်။

နန်းစောင့်တပ်သားများလည်း ညဉ့်နက်သည်အထိ အလုပ်ရှုပ်နေကြAVသည်။

လူတစ်ယောက်နှင့် system တစ်ခု၏ စကားများကို မှတ်တမ်းတင်ရုံသာမက ချူဟွား၏ တောင်းဆိုချက်အရ ဗေဒင်ဆရာနှင့် အောင်သွယ်တော်ကိုပါ ရိုက်နှက်ရသေးသည်။

ယဲ့မိသားစု ကိစ္စက ယဲ့ဇီဝမ် ငြိမ်ဝပ်ပိပြားရေးဌာနသို့ ရောက်လာပြီး နန်းစောင့်တပ်က စုံစမ်းတွေ့ရှိခဲ့သည်ဟု ပြောလို့ရသော်လည်း ဗေဒင်ဆရာဘက်ကတော့ စီစဉ်ရဦးမည်၊ မဟုတ်လျှင် ဖုံးကွယ်ရ ခက်လိမ့်မည်။

ဒီနေ့ သတင်းတွေ အထက်ရောက်သွားပြီးနောက် အရှင်မင်းကြီးက ဒုတိယအကြိမ် စမ်းသပ်မှု အောင်မြင်ကြောင်း အတည်ပြုလိုက်ပြီး စိတ်အခြေအနေ ကောင်းမွန်နေတော့သည်။

ထို့နောက် သူသည် တော်ဝင်ဆေးတိုက်မှ သမားတော် အများအပြားကို ခေါ်လိုက်လေသည်။

"အမျိုးသမီးတွေ ကလေးမွေးတာ ဒီလောက် အန္တရာယ်များလား"

သမားတော်များက အမှန်အတိုင်း ပြန်ဖြေကြသည်။ "ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုတစိုက် နေထိုင်ရင်၊ အစားအသောက် မဆင်မခြင် မစားရင်၊ သမားတော် မှာကြားချက်ကို နားထောင်ရင်၊ အတွေ့အကြုံရှိတဲ့ သားဖွားလက်သည် အနည်းငယ် ရှာထားရင် မွေးဖွားရတာ အဆင်ပြေနိုင်ပါတယ်"

"ဒါပေမဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ မွေးဖွားရခက်တာ၊ ကလေး ကြီးလွန်းလို့ မွေးမရတာ၊ မွေးပြီး သွေးလွန်ပြီး ကယ်မရတာတွေ အများကြီး ရှိပါတယ်၊ ဒါတွေက ပြောမရပါဘူး"

အရှင်မင်းကြီး၏ မျက်နှာ မည်းမှောင်သွားတော့သည်။ "တကယ်လို့ မင်းတို့ကို ချူဟွားကို ပျိုးထောင်ခိုင်းရင် အဆင်ပြေပြေ မွေးဖွားနိုင်ဖို့ ဘယ်လောက် အာမခံနိုင်မလဲ"

ဒါက... သမားတော်များ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလေသည်။

ချူဟွားက သာ့ရှန်းအတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သူတို့ သိကြတယ်၊ ဘယ်သူမှ အာမခံ မပေးရဲဘူး၊ ၃၀ ရာခိုင်နှုန်းတောင် မပြောရဲဘူး။

ဒီလောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်အတွက် ၉၀ ရာခိုင်နှုန်း မသေချာရင် မသေချာတာနဲ့ ဘာကွာခြားလို့လဲ။

မသေချာရင် အရှင်မင်းကြီးကို ဘယ်လို ပြန်ဖြေရဲမှာလဲ။

အရှင်မင်းကြီးက သူတို့ နှုတ်ဆိတ်နေသည်ကို ကြည့်ပြီး ရလဒ် မကောင်းမှန်း သိလိုက်သော်လည်း တိကျသော အဖြေကို လိုချင်နေ၏။

ဘုရင်၏ အရှိန်အဝါ ပါသော အကြည့်တစ်ချက် ရောက်လာသည်တွင် တော်ဝင်သမားတော်ချုပ်သည် နန်းစောင့်တပ်၏ အစီရင်ခံစာကို ချထားပြီး ရှေ့ထွက် ဖြေကြားရတော့သည်။

"အရှင်မင်းကြီး၊ အစီရင်ခံစာထဲမှာ ပါတဲ့ အခြေအနေတွေက တကယ် ရှိပါတယ်"

"လောလောဆယ် သာ့ရှန်းမှာ တိကျတဲ့ စာရင်းအင်း မရှိပေမဲ့ ကျွန်တော်မျိုးရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အသက်ငယ်တဲ့၊ ခန္ဓာကိုယ် အားနည်းတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေက ကလေးမွေးရ ခက်ပါတယ်"

"လူကြီးမင်းချူ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ဖို့ဆိုရင် နောက်ကျမှ လက်ထပ်ခိုင်းရမယ်၊ နောက်ကျမှ ကလေးမွေးခိုင်းရမယ်၊ အကောင်းဆုံးကတော့..." တော်ဝင်သမားတော်ချုပ်က မျက်လုံး မှိတ်လိုက်ပြီး နောက်ဆုံးတွင် ထိုစကားလုံး ၂ လုံးကို ထုတ်ပြောလိုက်သည်။ "ကလေးမမွေးခိုင်းတာပါ"

ထိုစကား ပြောလိုက်ချိန်တွင် တော်ဝင်သမားတော်ချုပ်၏ ကိုယ်ကိုကိုယ်သိစိတ် နာကျင်သွားသည်။

လောကကြီးမှာ ဘယ်အမျိုးသမီးက အမေ မဖြစ်ချင်ဘဲ နေမလဲ၊ မိသားစု ဘဝကို မလိုချင်ဘဲ နေမလဲ၊ သူကတော့ သာ့ရှန်းအတွက် အရှင်မင်းကြီးကို လူ့ကျင့်ဝတ်နဲ့ မညီတဲ့ အကြံဉာဏ် ပေးနေရတယ်လို့။

"သွားကြတော့"

အရှင်မင်းကြီးသည် သမားတော်များကို ပြန်လွှတ်လိုက်ပြီး တော်ဝင်စာကြည့်ဆောင်ထဲတွင် တစ်ယောက်တည်း အကြာကြီး ထိုင်ကာ တော်ဝင်သမားတော်ချုပ်၏ အကြံပြုချက်ကို ထပ်ခါထပ်ခါ စဉ်းစား သုံးသပ်လို့နေသည်။

ချူဟွားနှင့် system တို့၏ သာ့ရှန်းအပေါ် ပေးဆပ်မှု ရှေ့တွင် သူမ မွေးမဲ့ ကလေးက ဘယ်လောက် ဉာဏ်ကောင်းကောင်း ဘာလုပ်ရမှာလဲ၊ အန္တရာယ်က ရနိုင်တဲ့ အကျိုးအမြတ်ထက် အများကြီး ပိုများနေတယ်။

ဒါဆို လုံးဝ မမွေးခိုင်းတော့ဘူးလား။

...

All Chapters