← Chapters

အခန်း ၅၇

Vol. 4 Ch. 57

အခန်း ၅၇

Vol. 4 Ch. 57

အပိုင်း (၅၇)

လတ်တလောတွင် မြို့တော်ရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းကြားများတွင် ကောလာဟလတစ်ခု ပျံ့နှံ့နေလေသည်။

"ကြားပြီးကြပြီလား။ ယန်ကျီလမ်းက အောင်သွယ်တော်ဝမ်က ဗေဒင်ဆရာတစ်ယောက်နဲ့ ညားသွားပြီတဲ့"

"ကြားပြီးပြီ။ အောင်သွယ်တော်ဝမ် စီးပွားရေး ဒီလောက်ကောင်းနေတာက သူ့ရည်းစားက လူတွေကို မိတ်ဆက်ပေးနေလို့ဆိုတာလည်း ငါ သိတယ်"

"ဒါဆို ခင်ဗျားစားနေတဲ့ ဖရဲသီးက ဟောင်းနေပြီ။ ကျုပ်ကြားတာကတော့ အောင်သွယ်တော်ဝမ်က အကျင့်စာရိတ္တ မကောင်းတဲ့သူတွေကို သီးသန့်ရွေးပြီး နေရာချပေးတတ်တယ်၊ အဲဒီအခွင့်အရေးကို သုံးပြီး ပိုက်ဆံရှာနေတာတဲ့"

"အဲဒီလို ကိစ္စမျိုး ရှိတယ်လား။ ပြောပြပါဦး"

ဗေဒင်ဆရာနှင့် အောင်သွယ်တော်ဝမ်တို့သည် မိသားစုနှစ်ဖက်စလုံးမှ ငွေအမြောက်အမြား ရရှိစေရန် သတို့သားဘက်နှင့် သတို့သမီးဘက်ကို လှည့်ဖြားရာတွင် မည်သို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့နောက် ချွေးမအသစ်ကို သတ်ပစ်ရန်အတွက် 'ကလေးမွေးဖွားချိန်ကို တွက်ချက်လိုက်တာ ဝင်ချူရှင်း (ပညာရေးနတ်ဘုရား) ဝင်စားမဲ့အချိန် ဖြစ်နေတယ်' ဟူသော ဆင်ခြေဖြင့် မည်သို့ ပူးပေါင်းခဲ့ကြကြောင်း စသည်တို့ ဖြစ်လေသည်။ သည်လိုသော ယုတ်မာသည့် နည်းလမ်းများသည် လူများကို ကြက်သီးထစေလေသည်။

ဘယ်သူ့မိသားစုမှာ အိမ်ထောင်ပြုဖို့ စောင့်နေတဲ့ သမီးပျို မရှိဘဲ နေမှာလဲ။

ဘယ်သူ့မိသားစုမှာ အိမ်ထောင်ပြုခါနီး သားတစ်ယောက် မရှိဘဲ နေမှာလဲ။

ကလေးတိုင်း ကြီးပြင်းလာအောင် မနည်း ပျိုးထောင်ထားရတာ မဟုတ်ဘူးလား။

သည်လူနှစ်ယောက်က ယုတ်မာလွန်းသည်။ ပိုက်ဆံရှာဖို့အတွက် သူတို့က တခြားသူတွေကို လူလို့ပင် သဘောမထားကြပေ။ တကယ့်ကို မုန်းစရာကောင်းလှသည်။

ချက်ချင်းပင် သိုင်းပညာ အနည်းငယ် တတ်ကျွမ်းသူအချို့က ထိုနှစ်ယောက်ကို အိတ်များဖြင့် စွပ်ကာ ရိုက်နှက်ကြပြီး လိမ်လည်မှုဖြင့် ပြစ်ဒဏ်ချမှတ်ရန် ရွှန်ထျန်းမြို့ဝန်ထံ ပစ်ပေးလိုက်ကြတော့သည်။

အချို့လူများသည် သည်သတင်းကို ကြားပြီးနောက် 'ဝင်ချူရှင်း ဝင်စားခြင်း' ဆိုသည့် အရာကို တိတ်တဆိတ် စိတ်ဝင်စားသွားကြသည်။ ထိုဗေဒင်ဆရာက လိမ်လည်သူဖြစ်ပြီး ယုံကြည်၍ မရနိုင်ကြောင်း၊ ပိုင်ယွင်ကျောင်းတော်နှင့် ချုံးကွမ်ကျောင်းတော်မှ ကျောင်းထိုင်ဆရာတော်များကဲ့သို့ တာအိုစွမ်းအား ပိုမိုမြင့်မားသော ဗေဒင်ဆရာကို ရှာဖွေနိုင်ကြောင်း တွေးတောမိကြသည်။

သည်ပုဂ္ဂိုလ်နှစ်ဦးသည် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏ မျက်နှာသွင်ပြင်ကို ဖတ်ရှုပေးခဲ့ဖူးပြီး အလွန် လေးစားခံရကာ ကျွမ်းကျင်မှု မြင့်မားကြသည်။ သူတို့က သေချာပေါက် လိမ်လည်သူများ ဖြစ်မည် မဟုတ်ပေ။

ယခုလေးတင် ပေါ်ပေါက်လာသော ဤမိုက်မဲပြီး ရယ်စရာကောင်းသည့် အကြံအစည်သည် မပြန့်ပွားခင်မှာပင် အခြားသူများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

ကောင်းကင်ဘုံတွင် ဝင်ချူရှင်း တစ်ပါးတည်းသာ ရှိသည်။ မွေးဖွားချိန်ကို မှန်ကန်စွာ တွက်ချက်နိုင်ပါက ၎င်းသည် ဝင်ချူရှင်း ဖြစ်ပေလိမ့်မည်။ သို့သော် မြို့တော်တစ်ခုလုံးရှိ ထိုအချိန်၌ မွေးဖွားသော မိသားစုများစွာထဲကမှ သင့်မိသားစုတွင် မွေးဖွားလာမည့် ကလေး ဖြစ်ကြောင်း မည်သူ အာမခံနိုင်မည်နည်း။

မြို့တော်တစ်ခုတည်း မဟုတ်ဘဲ သာ့ရှန်း တစ်ပြည်လုံးဆိုလျှင်ရော။ ရှီးရုံ၊ တုန်းယီ၊ နန်မန်နှင့် ပေတိ တို့ဆိုလျှင်ရော။

အကယ်၍သာ ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့လျှင် ဗေဒင်ဆရာ၏ မိသားစုတွင် ဝင်ချူရှင်းနှင့် ဝူချူရှင်း (စစ်နတ်ဘုရား) တို့ မွေးဖွားပြီးနေလောက်ပြီ ဖြစ်ရာ သူတို့အလှည့် အဘယ်မှာ ရောက်လာပါမည်နည်း။

ဒါကြောင့် စိတ်ကူးမယဉ်ကြပါမဲ့။ ဒါတွေအားလုံးက ပိုက်ဆံရှာဖို့ ဗေဒင်ဆရာတွေရဲ့ လှည့်ကွက်တွေပါပဲ။

ယုံတဲ့သူတွေက တကယ့်အရူးကြီးတွေပဲ။

လူအများအပြားသည် ဝင်ချူရှင်းကို မမွေးဖွားနိုင်သည့်အတွက် တိတ်တဆိတ် နောင်တရနေကြသော်လည်း ဖရဲသီးအကြီးကြီးများကို ဆက်တိုက် စားသုံးနေကြရလေသည်။

ဘယ်သူက ဘယ်သူနဲ့ လမ်းခွဲလိုက်ပြီ၊ ဘယ်သူက ဘယ်သူ့ကို ကွဲကွာစေခဲ့ပြီ စသဖြင့်ပေါ့။ နှစ်ရက်အတွင်းမှာပင် ဖြစ်ရပ်ပေါင်း တစ်ဒါဇင်ကျော် ရှိခဲ့လေသည်။

လိုက်လံ မေးမြန်းကြည့်လိုက်တော့ ထိုသူများသည် ရွှန်ထျန်းစီရင်စုသို့ ပို့ဆောင်ခံလိုက်ရသော လိမ်လည်သူ ဗေဒင်ဆရာဖြင့် ကံကြမ္မာ တွက်ခိုင်းပြီး ဇာတာ တိုက်ဆိုင်စစ်ဆေးထားသူများ သို့မဟုတ် အောင်သွယ်တော်ဝမ် စီစဉ်ပေးထားသော အိမ်ထောင်ရေးများ ဖြစ်နေကြသည်ကို တွေ့ရှိလိုက်ရသည်။

အံ့ဩစရာ မရှိတော့ပါဘူး။

အကြောင်းမှာ သူတို့သည် လှည့်စားခံရမှန်း သိလိုက်ကြပြီး အချိန်မီ အရှုံးခံရပ်တန့်လိုက်ကြခြင်း ကြောင့်ပင်။

နှစ်အနည်းငယ်ကြာအောင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခဲ့သော စုံတွဲအချို့လည်း ရှိသော်လည်း ထိုအရေအတွက်မှာ အလွန် နည်းပါးလှသည်။ မကြာမီတွင် အိမ်ထောင်ရေး ဖျက်သိမ်းခြင်းနှင့် လမ်းခွဲခြင်း ဆိုသည့် ဖရဲသီးများကြားတွင် နစ်မြုပ်သွားကြတော့၏။

နှစ်ဖက်စလုံး၏ ဂုဏ်သိက္ခာအတွက် လက်ထပ်ပွဲ ဖျက်သိမ်းရသည့် အကြောင်းပြချက်မှာ မကြာခဏဆိုသလို 'ဇာတာ မကိုက်ညီခြင်း' ဖြစ်လေ့ရှိသော်လည်း ဇာတာများ အမှန်တကယ် မကိုက်ညီပါက လက်ထပ်ပွဲကို အစကတည်းက စီစဉ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ဖရဲသီးများ ရှိနေသည်မှာ သေချာနေသည်။

မြို့တော်ရှိ ပြည်သူများသည် သတင်းများကို အသည်းအသန် စုံစမ်းနေကြပြီး ဖရဲသီးခင်းထဲမှ ဖြူကောင်လေးများသည် မိုးရွာပြီးနောက် မျှစ်များ ပေါက်လာသကဲ့သို့ ပေါ်ထွက်လာကြသည်။

ဤကာလအတွင်း ယဲ့မိသားစုက ဆယ်စုနှစ်များစွာ ဖွင့်လှစ်ထားသော ပရဟိတဂေဟာကို ပိတ်လိုက်ရသည်။ ယဲ့မိသားစု၏ အိမ်ကို နန်းစောင့်တပ်သားများက ဝိုင်းရံထားပြီး သခင်မှစ၍ အစေခံများအထိ ယဲ့မိသားစု တစ်ခုလုံးကို ဖမ်းဆီးကာ ငြိမ်ဝပ်ပိပြားရေးဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖရဲသီးစားရန် စိတ်အားထက်သန်နေကြသော ပြည်သူများ: ? ? ?

သူတို့သည် ဖရဲသီး အကြီးကြီးတစ်လုံးကို စားရတော့မည်ဟု အာရုံရနေကြ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြလေသည်။

အကျင့်ပျက်ခြစားသော မှူးမတ်များကို ဝင်ရောက်စီးနင်းခြင်းက ကောင်းမွန်ပြီး သူတို့သည် သာမန်ပြည်သူများ၏ သွေးကို စုပ်ယူနေကြသူများ ဖြစ်သည်။ လောင်းကစားရုံများကို ဝင်ရောက်စီးနင်းခြင်းကလည်း ကောင်းမွန်သည်။ မိသားစုဝင်များသည် နေ့တိုင်း လောင်းကစားရုံသို့ သွားပြီး တစ်နေ့တွင် အရာအားလုံး ဆုံးရှုံးကာ ကလေးများကို ရောင်းစားမည့် အဖြစ်ဆိုးမျိုး ရှိတော့မည် မဟုတ်ပေ။

သို့သော် ယဲ့မိသားစုသည် မြို့တော်တွင် လူသိများသော ပရဟိတ မိသားစုကြီး ဖြစ်နေသည်။ အကယ်၍ သူတို့လို လူမျိုးကပင် ဝင်ရောက်စီးနင်းခံရပါက နန်းစောင့်တပ်သားများ စိတ်ဆိုးသည့်အခါ သူတို့၏ မိသားစုများကိုလည်း ဝင်ရောက်စီးနင်းကြလေမလား။

ချမ်းသာသော မိသားစုအများအပြားသည် နှုတ်ခမ်းနှင့် သွားများ အေးစက်သွားသလို ခံစားလိုက်ရသည်။ ဘဏ္ဍာတိုက်က ငွေလိုပြန်ပြီလား။ အရှင်မင်းကြီးက သူတို့ကို မကျေနပ်ပြန်ဘူးလား။ ယဲ့မိသားစုလို ဇာတ်သိမ်းမျိုး မကြုံရအောင် လုံခြုံရေးအတွက် ငွေအနည်းငယ် ပေးဆောင်ရတော့မည်လား။

နာရီဝက် မပြည့်မီတွင် ယဲ့မိသားစုကို ဝင်ရောက်စီးနင်းရသည့် အသေးစိတ် အကြောင်းရင်းများကို ရွှန်ထျန်းစီရင်စုနှင့် မြို့တံခါးဝရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားလိုက်သည်။ စာမဖတ်တတ်သူများအတွက် ရှင်းပြပေးရန် အနီးနားတွင် လူများ စောင့်နေကြရသည်။

——အရာရှိတွေက ဖရဲသီး လာပို့တယ်။ မှည့်ဖို့ အာမခံတယ်။

မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ လူတိုင်းသည် သည်ဖရဲသီးအကြီးကြီးကြောင့် ထိတ်လန့်သွားကြတော့သည်။

"ပရဟိတသမားကြီး ယဲ့မိသားစုက တကယ်တော့ လူကုန်ကူးသူတွေရဲ့ အသိုက်အမြုံ ဖြစ်နေတာလား"

"ယဲ့မိသားစုထဲက အထက်ကနေ အောက်အထိ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းကြံစည်နေကြတာပဲ"

"ယဲ့ကျီဝမ် ရဲ့ ဇနီး ၃ ယောက်က ဒီလိုနဲ့ သေသွားတာလား"

"ငါ ကြားတာတော့ ယဲ့ကျီဝမ်က သူ့ ဇနီးတွေ သေဆုံးမှုကို သံသယရှိလို့ ငြိမ်ဝပ်ပိပြားရေးဌာနကို သွားခဲ့တာ၊ ပြီးတော့ နန်းစောင့်တပ်သားတွေက တူးဖော်တွေ့ရှိခဲ့တာတဲ့"

"ယဲ့မိသားစုက ဝါးပုပ်တောထဲက ဝါးကောင်းတစ်ပင် ထွက်လာတာပဲ"

"ယဲ့အဖေက တစ်သက်လုံး မကောင်းမှုတွေ လုပ်ခဲ့ပြီး သူ့ရဲ့ တစ်ဦးတည်းသော သားလက်ချက်နဲ့ ကျဆုံးသွားရတာ။ ဒါက ဝဋ်လည်တာပဲ"

"ငါ့သားကလည်း ပြောတယ်။ သူသိတဲ့ ပရဟိတဂေဟာထဲက ကလေးတွေက သူနဲ့ လာမကစားကြတော့ဘူးတဲ့။ တကယ်တော့ အဲဒီကလေးတွေက ရောင်းစားခံလိုက်ရတာကိုး"

"ဒါ ငါ့အမှားပဲ။ ငါ ဘာလို့ စောစော မသိခဲ့ရတာလဲ။ ငါသာ စောစော သိခဲ့ရင် ကလေးတွေ အများကြီး ဒုက္ခရောက်မှာ မဟုတ်ဘူး"

ဤအဖြစ်အပျက်သည် မြို့တော်ရှိ ပြည်သူများကို ထိတ်လန့်စေရုံသာမက အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးကိုလည်း သတိပေး ခေါင်းလောင်းသံ မြည်စေခဲ့လေသည်။

သူတို့အများစုသည် ပရဟိတသမားကြီး ယဲ့မိသားစု အကြောင်း ကြားဖူးကြပြီး အချို့မှာ ယဲ့အဖေနှင့် အနည်းနှင့်အများ အဆက်အဆံ ရှိကြသော်လည်း သူတို့ သိထားသော လူများသည် လူယောင်ဆောင်ထားသော တိရစ္ဆာန်များ ဖြစ်နေကြသည်ကို လုံးဝ မသိခဲ့ကြပေ။

လိမ်လည်သူများနှင့် လူကုန်ကူးသူများ၏ လှည့်ကွက်များသည် အဆုံးမရှိသောကြောင့် ကာကွယ်ရန် ခက်ခဲလှသည်။

သူတို့ လုပ်နိုင်သည်မှာ လိမ်လည်သူများနှင့် လူကုန်ကူးသူများ အသုံးပြုသော လှည့်ကွက်များကို လူအများ သိရှိစေရန် နည်းလမ်းရှာဖွေခြင်းသာ ဖြစ်ပြီး သို့မှသာ လူတိုင်း ပိုမို သတိရှိနိုင်ကြပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သတင်းအချက်အလက် ရရှိမှုသည် အလွန် နောက်ကျနေခဲ့သည်။

လူများ လိမ်လည်ခံရကြောင်းနှင့် ကလေးများ ပြန်ပေးဆွဲခံရကြောင်း သတင်းများကို အစိုးရထံ တိုင်ကြားမှသာ သူတို့ သိရှိကြရသည်။ ထိုအချိန်ရောက်လျှင် လူဘယ်နှစ်ယောက်လောက်များ ထိခိုက်နစ်နာခဲ့ရသည်ကို မသိနိုင်တော့ပေ။

Systemသည်လည်း သည်ကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ပေ။

ဖရဲသီးစားသည့် systemသည် ဖြစ်ပျက်ပြီးသား အကြောင်းအရာများ၏ ဖရဲသီးများကိုသာ စားနိုင်ပြီး ရာဇဝတ်ကောင်များကို အမြန်ဆုံး ဖမ်းဆီးနိုင်စေရန်နှင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန် ခွင့်ပြုနိုင်သော်လည်း ကြိုတင် ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။

ထို့အပြင် သည်ကိစ္စအတွက် systemကို အသုံးပြုရန် လိုအပ်ချက်မှာ ချူဟွားသည် တရားရေးဝန်ကြီးဌာန သို့မဟုတ် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်တွင် ရှိနေမှသာ အမှုကို စုံစမ်းစစ်ဆေးရန် အဆင်ပြေပေလိမ့်မည်။ သို့မဟုတ်ပါက ချူဟွားကို ညစာစားရန်နှင့် အတင်းပြောရန် မကြာခဏ ဖိတ်ခေါ်လေ့ရှိသော သခင်မကျန်းနှင့် အခြားသူများသည် အနှေးနှင့်အမြန် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားကြပေလိမ့်မည်။

တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်မှ ဝန်ကြီးချုပ်တို့သည် ချူဟွားကို ပြောင်းရွှေ့ပေးရန် အသနားခံစာ ထပ်မံ တင်သွင်းလိုက်ကြတော့သည်။

သည်အချိန်တွင် ရွှန်ထျန်းမြို့ဝန်ကလည်း ဝင်ရောက်စွက်ဖက်လာပြန်သည်။ ဒါက သုံးပွင့်ဆိုင် ပြိုင်ဆိုင်မှု ဖြစ်လာတော့၏။

ပြီးခဲ့သော တစ်ခေါက်က ရုတ်တရက် ပေါ်လာသော အလုပ်သမားဝန်ကြီးက ချူဟွားကို ပြန်ပေးဆွဲသွားခဲ့သည်။ တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့သည် ဒေါသထွက်လွန်းသဖြင့် သူ့ကျောကို ဓားဖြင့် ထိုးလုနီးပါး ဖြစ်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ရွှန်ထျန်းမြို့ဝန်က ရုတ်တရက် ဝင်ပါလာသည်။ မြင်ကွင်းက ရင်းနှီးလွန်းနေပြီး မကောင်းသော နိမိတ်ခံစားချက်က ပြင်းထန်လွန်းနေ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

တရားရေးဝန်ကြီး: "ခင်ဗျားက ဘာလို့ လာပြီး အပျော်ဝင်ရှာနေတာလဲ။ ကျုပ် အသနားခံစာတွေ အများကြီး တင်ထားတာတောင် ခင်ဗျားက တစ်စောင်မှ မတင်ထားဘဲနဲ့"

တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: "ဟုတ်တယ်။ အရာအားလုံးက ဦးသူယူ စနစ်အတိုင်း ဖြစ်ရမှာပေါ့။ ဘယ်လိုလုပ်ပြီး လူလည်ကျ ခဏခဏ ဖြတ်ဝင်လို့ ရမှာလဲ" သူက အလုပ်သမားဝန်ကြီးကို တိတ်တဆိတ် ရည်ညွှန်းနေခြင်း ဖြစ်သည်။

ရွှန်ထျန်းမြို့ဝန်တွင်လည်း သူ့အကြောင်းပြချက်နှင့်သူ ရှိနေလေသည်။ "အရာအားလုံးက ဦးစားပေးအလိုက် ဖြစ်ရမယ်။ ကျုပ်ဆီမှာက ပို အရေးကြီးတယ်"

ဖွီး။ ခင်ဗျားက ကျုပ်လောက် အရေးကြီးနိုင်လို့လား။

တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်တို့သည် နေရာမှာတင် ဆူပူကြိမ်းမောင်းရန် လက်မောင်းများကို ပင့်တင်လိုက်ကြသည်။ သူတို့သည် ရွှန်ထျန်းမြို့ဝန်ကို နေရာမှာတင် စိတ်ဓာတ်ကျသွားအောင် လုပ်ရပေမည်။

သို့သော် ထိုသုံးယောက် ရန်ဖြစ်တော့မည့်အချိန်တွင် အရှင်မင်းကြီးက ပေါ့ပါးစွာ ပြောလိုက်တော့သည်။

"ချူချင်းက မနက်ဖြန် ရောက်လာလိမ့်မယ်"

ဒီတော့ ပြောင်းရွှေ့ပေးမလား၊ မပြောင်းရွှေ့ပေးဘူးလား ဆိုတာနဲ့ ဘယ်သူ့ဆီ ပြောင်းရွှေ့ပေးမလဲ ဆိုတာကို မေ့လိုက်ကြတော့။ ချူချင်း ပြန်ရောက်လာတာနဲ့ ချူဟွားက ပစ္စည်းတွေ သိမ်းဆည်းပြီး ချက်ချင်း အိမ်ပြန်ရတော့မယ်။ ခင်ဗျားတို့ ရန်ဖြစ်နေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ။

သုံးယောက်သား: !!!

သူတို့ ဒီကိစ္စကို တကယ် မေ့နေခဲ့ကြသည်ပဲ။

လတ်တလောတွင် ဖြစ်ပျက်ခဲ့သော အရာများ များပြားလွန်းလှသည်။ ချူဟွားနှင့် systemတို့က ပွဲကြည့်ခြင်းနှင့် အလုပ်များနေပြီး လူဖမ်းခြင်း၊ အိမ်များကို ရှာဖွေခြင်း၊ စစ်ဆေးမေးမြန်းခြင်းနှင့် သက်သေရှာဖွေခြင်း အပါအဝင် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်ကိုတော့ သူတို့က နောက်မှ လိုက်လုပ်နေရသည်။ သူတို့သည် အလုပ်ရှုပ်လွန်းသဖြင့် သည်လို အရေးကြီးသော ကိစ္စကို မေ့လျော့နေခဲ့ကြလေသည်။

သူတို့ ဘာလုပ်နိုင်မည်နည်း။ သူတို့ သုံးယောက်သည် ရန်လိုမှုမှ မိတ်ဆွေဖွဲ့ခြင်းသို့ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

ဘဏ္ဍာရေးဝန်ကြီးကတော့ ယခုအခါ အလွန် အေးဆေးတည်ငြိမ်သော စိတ်အခြေအနေတွင် ရှိနေသည်။ ချူဟွားသည် မည်သည့်ဌာနတွင် ရှိနေသည်ဖြစ်စေ အိမ်များကို ဝင်ရောက်စီးနင်းနိုင်သဖြင့် သူမ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြန်လာခြင်း ရှိမရှိက သိပ်အရေးမကြီးတော့ပေ။ ထို့အပြင် တရားရေးဝန်ကြီးဌာန၊ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်နှင့် ရွှန်ထျန်းစီရင်စုတို့က သူ့ထက် ပိုပြီး စိတ်ပူနေကြသည်။

သူသည် အနီးနားရှိ အလုပ်သမားဝန်ကြီးနှင့် စကားစမြည် ပြောရန်ပင် အားလပ်နေလိုက်သေးသည်။ "သူ ခင်ဗျားရဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ဘယ်လိုလဲ"

"အရမ်းကောင်းတယ်" အလုပ်သမားဝန်ကြီးက အမှန်အတိုင်း ပြောပြလာသည်။ "သူက ဆောက်လုပ်ရေးအပိုင်းမှာ မကျွမ်းကျင်ဘူး၊ ဒါပေမဲ့ သူက အဆင့်ဆင့် ထုတ်လုပ်မှုစနစ် အကြောင်း ကျွန်တော့်ကို ပြောပြတယ်။ စမ်းသပ်ကြည့်တဲ့ ကာလပြီးတော့ အလုပ်သမားဝန်ကြီးဌာန တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်က တိုးတက်လာတယ်"

ဘဏ္ဍာရေးဝန်ကြီးသည် အဆင့်ဆင့် ထုတ်လုပ်မှုစနစ်နှင့် ရင်းနှီးပြီးသားဖြစ်ရာ သူသည် အလုပ်သမားဝန်ကြီးနှင့် အတွေ့အကြုံများကို တိတ်တဆိတ် ဖလှယ်လိုက်သည်။

တရားရေးဝန်ကြီး: "..."

တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: "..."

ရွှန်ထျန်းမြို့ဝန်: "..."

ကောင်းပြီလေ၊ ချူဟွားက ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနကို ရောက်ခဲ့ပြီးပြီ ဆိုတော့ ခင်ဗျားတို့နှစ်ယောက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။

သူတို့ စိတ်မပူတော့ရော ဘာဖြစ်သလဲ၊ သူတို့ဘာသာ နည်းလမ်းရှာလို့ ရတာပဲ။

"ချူချင်းက ဒီတစ်ခေါက် အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်" တရားရေးဝန်ကြီးက လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ "လူငယ်တွေက အပြင်ထွက်ပြီး အတွေ့အကြုံတွေ ပိုယူသင့်တယ်။ သာ့ရှန်းရဲ့ ခမ်းနားထည်ဝါတဲ့ တောင်တန်းတွေ မြစ်တွေကို ကြည့်ရှုပြီး အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ ဘယ်လို နေထိုင်ကြလဲ ဆိုတာကို ကြည့်ရှုသင့်တယ်"

တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: "..."

ရွှန်ထျန်းမြို့ဝန်: "..."

တော်လိုက်တဲ့ ခင်ဗျား။ အကြံပေးရင်းနဲ့ အရှင်မင်းကြီးကို တစ်ဆက်တည်း မြှောက်ပင့်နိုင်ပါပေတယ်။ ဖားလိုက်တဲ့လူ။

သူတို့နှစ်ယောက်သည် စိတ်ထဲတွင် မကျေမနပ် ညည်းညူပြီးသည်နှင့် ချက်ချင်းပင် လိုက်ပါ ပြောဆိုကြသည်။

"ကျန်းနန်က အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးပြီးပြီ ဆိုပေမဲ့ ကျန်းနန်က မြစ်အောက်ပိုင်းပဲ ရှိသေးတယ်။ အလယ်ပိုင်းနဲ့ အထက်ပိုင်းက အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေက ချူချင်း လာစစ်ဆေးမှာကို စောင့်နေကြတုန်းပဲ"

"သူက တစ်ခေါက် စုံစမ်းစစ်ဆေးပြီးသွားပြီ ဆိုတော့ အတွေ့အကြုံ ရှိနေပြီလေ။ နောက်တစ်ခေါက် သွားဖို့က ပြဿနာ မရှိပါဘူး"

ဘဏ္ဍာရေးဝန်ကြီးက ဒါကို ကြားလိုက်သောအခါ သူ့နားထဲတွင် ငွေသံများ ကြားလိုက်ရလေသလား။

"ကျွန်တော် ထောက်ခံပါတယ်"

"ကျွန်တော်မျိုး ထောက်ခံပါတယ်" မှူးမတ်အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

အရှင်မင်းကြီး: "..." ဒါဆို ခင်ဗျားတို့က ချူဟွားကို သူ့ရဲ့ ကိုယ်ပိုင်အမည်နဲ့ ညီလာခံတက်ဖို့ ဘယ်တော့မှ မစဉ်းစားကြဘူးပေါ့လေ။

ဒီမှူးမတ်တွေက ဦးနှောက် အလုပ်မလုပ်တော့လို့ပဲ ဒီအချက်ကို မစဉ်းစားမိကြတာလား၊ သို့မဟုတ် သူတို့က အမျိုးသမီးများကို ညီလာခံသို့ လုံးဝ ပေးမတက်ချင်ဘဲ ချူဟွားကို အချိန်မရွေး အိမ်ပြန်ပြီး အိမ်ထောင်ပြုစေချင်နေကြတာလား။ သူ့မှာ ဝေခွဲမရ ဖြစ်နေတော့သည်။

ဆောင်းဦး အမဲလိုက်ပွဲတုန်းက တတိယရတဲ့သူက အမျိုးသားအဖြစ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း မသိခဲ့သည့်အတွက် အရှင်မင်းကြီးသည် သူမကို အရာရှိအဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့ပြီး သူမကလည်း ရာထူးကို တကယ် ရယူခဲ့သည်။

ကံမကောင်းစွာဖြင့် အရှင်မင်းကြီး ရရှိသော သတင်းများအရ အမျိုးသမီးများသည် စစ်ဘက်ဆိုင်ရာ အရာရှိများအဖြစ် အဆင်မပြေမှုများစွာ ရှိနေသည်။ ထို့အပြင် သူမသည် မနာလိုသော လုပ်ဖော်ကိုင်ဖက်များ၏ ဖယ်ကြဉ်ခြင်းကို ခံရပြီး အခြေအနေမှာ သိပ်မကောင်းလှပေ။

သူသည် ချူဟွားကို ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ရစေလိုခြင်း မရှိသဖြင့် သူတို့၏ အဆိုပြုချက်ကို သဘောတူလိုက်တော့သည်။ Systemသည် ရလဒ်ကို ချူဟွားအား ချက်ချင်း ပြောပြလိုက်ပြီး ဒေါသတကြီး ဖြစ်နေလေသည်။ [မမကြီးဟွား၊ စိတ်ဓာတ်မကျပါနဲ့။ အနှေးနဲ့အမြန် သူတို့အားလုံး နင့်ခြေရင်းမှာ ဒူးထောက်လာစေရမယ်]

ချူဟွားမှာ ရယ်ရမလို ငိုရမလို ဖြစ်နေသည်။ [ထုံအာ၊ နင်က ငါ့ကို ဘုရင်မ ဖြစ်စေချင်နေတုန်းပဲလား]

System: [ဒါပေါ့]

[နင်က ကူးပြောင်းလာတဲ့သူ ဖြစ်ပြီး ငါက ထူးချွန်တဲ့ လှည့်ကွက် တစ်ခုလေ။ ကြီးကြီးမားမား တစ်ခုခု မလုပ်တာက သင့်တော်ပါ့မလား]

အဓိပ္ပာယ်ရှိလွန်းသဖြင့် ချူဟွားသည် ပြောစရာ စကားမရှိ ဖြစ်သွားတော့သည်။

သို့သော် လက်ရှိ အခြေအနေများ မည်မျှပင် ကောင်းမွန်နေပါစေ၊ သူမသည် ဆူးခလုတ်များနှင့် အရိုးများ ပြည့်နှက်နေသော ထိုလမ်းကို မလျှောက်လိုပေ။

ချူဟွား: [ထုံအာ၊ ငါက တော်ဝင်သွေး မဟုတ်သလို ထီးနန်းဆက်ခံဖို့ အခွင့်အရေးလည်း မရှိဘူး]

System: [နင်က ဘုရင်မလိုပဲ တော်ဝင်မိသားစုထဲ လက်ထပ်ဝင်ရောက်ပြီး အာဏာသိမ်းလို့ ရတာပဲ]

ချူဟွား: [ထုံအာ၊ ငါ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ ပညာရေးက နာခံခြင်း သုံးပါးနဲ့ ကိုယ်ကျင့်တရား လေးပါး၊ စီးပွားရေး လုပ်တာနဲ့ တွက်ချက်တာတွေပဲ။ ဧကရာဇ်မင်းရဲ့ နက်နဲတဲ့ ပညာရပ်တွေ မဟုတ်ဘူး]

System: [ဘုရင်မက နန်းတော်ထဲ မဝင်ခင်တုန်းက သာမန် အမျိုးသမီးတစ်ယောက်ပဲလေ။ နင် သင်ယူလို့ ရပါတယ်။ စာဖတ်လို့ မသေနိုင်မှတော့ အသေအလဲ ဖတ်လိုက်ပေါ့။ နင်က အလယ်တန်း စာမေးပွဲ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဘွဲ့လွန် စာမေးပွဲတွေကို ဖြေဆိုအောင်မြင်ခဲ့ပြီး စီမံကိန်းတွေ လုပ်၊ ပါမောက္ခတောင် ဖြစ်ခဲ့သေးတာပဲ။ နင် အဲဒါတွေ အကုန်လုံးကို ဖြတ်ကျော်ခဲ့တာ မဟုတ်ဘူးလား]

ချူဟွား: "..." ဘုရားရေ။ နင်က ငါ့ရဲ့ အရင်ဘဝက ဖရဲသီးတွေကိုပါ တိတ်တဆိတ် စားထားသေးတာလား။

နင်က ငါ့ကို စာကြမ်းပိုး ဘုရင်တစ်ပါးနဲ့ အဆုံးစွန်သော အလုပ်စက်ရုပ် ဖြစ်စေချင်နေတာပဲ။ ဒါဆို ငါ နှလုံးသားတွေကို ဓားနဲ့ထိုးရင် အပြစ်မတင်နဲ့နော်။

[ထုံအာ၊ နင်က ဖရဲသီးစားတဲ့ system ပဲ။ နင်က အတင်းအဖျင်းတွေပဲ ဖတ်လို့ရတာ။ နင်က သိပ္ပံနဲ့ ပညာရေးကတစ်ဆင့် နိုင်ငံတော်ကို ပြန်လည် ဆန်းသစ်စေတဲ့ system မဟုတ်သလို နင့်မှာ system ဈေးဆိုင်လည်း မရှိဘူး]

[နင်က သိပ္ပံ၊ ပညာရေး၊ စစ်ရေးနဲ့ တခြားကဏ္ဍတွေမှာ ငါ့ကို အကူအညီ မပေးနိုင်သလို လက်ရှိ ကုန်ထုတ်လုပ်မှု စွမ်းအားနဲ့ မထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကိုလည်း လဲလှယ်ပေးနိုင်ခြင်း မရှိဘူး]

[နင်က ငါ့ကို ဖရဲသီးစားတဲ့ system ကိုပဲ အားကိုးပြီး ဘုရင်မ ဖြစ်စေချင်နေတာ။ နင် ငါ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား]

Systemသည် မနှစ်သက်သော အရိပ်အယောင် အနည်းငယ်ကို ခံစားမိပြီး မရေမရာ မေးလိုက်လေသည်။

[မမကြီးဟွား၊ ငါက လုံလောက်အောင် အသုံးမဝင်ဘူးလို့ နင် ထင်နေတာလား]

ချူဟွားသည် ဒီSystem အတုံးလေးကို အတော် သဘောကျနေမိတော့သည်။ [အဲဒီလို မဟုတ်ပါဘူး]

[ငါ ဆိုလိုချင်တာက နင်ရော ငါရောမှာ အခြေအနေတွေ မရှိဘူး၊ ဒါကြောင့် မိုးပေါ်ကို မျှော်မကြည့်နဲ့]

System: [နင်က ဓာတ်မြေဩဇာ၊ ဘိလပ်မြေနဲ့ သံမဏိတွေကို မသိဘူးလား။ ပစ္စည်းနည်းနည်းလောက် ထုတ်လိုက်ပါလား]

ချူဟွားက ရယ်မောလိုက်၏။ [နင်ကတော့လေ] တကယ့် system အတုံးလေးပါလား။

[ငါ့ရဲ့ လက်ရှိ ဝိသေသနဲ့ အဆင့်အတန်းအရ ဒီပစ္စည်းတွေကို ထုတ်ပြလိုက်ရင် အရမ်း ထင်ရှားလွန်းတယ်]

System: [နင် ဆပ်ပြာမွှေးနဲ့ ပေါင်းခံအရက်ကို ထုတ်ထားပြီးပြီ မဟုတ်ဘူးလား]

ချူဟွား: [ဆပ်ပြာမွှေးက ဆပ်ပြာရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းလို့ ပြောလို့ရပြီး ပေါင်းခံအရက်က မူလအရက်ရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းပဲ။ နှစ်ခုလုံးမှာ ရှေ့ပြေးပုံစံတွေ ရှိတယ်]

[ဓာတ်မြေဩဇာ၊ ဘိလပ်မြေနဲ့ သံမဏိရဲ့ ထုတ်လုပ်မှု ပုံစံက အရမ်း ခေတ်ဆန်လွန်းတယ်။ အခြေခံသဘောတရားတွေနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေက နားလည်ဖို့ ခက်ခဲတယ်။ အဲဒါတွေကို ထုတ်လိုက်တာနဲ့ အသိပညာ ရင်းမြစ်အတွက် သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခု ရှာရလိမ့်မယ်]

System: [ဒါပေမဲ့ မျှဝေတဲ့ လုပ်ဆောင်ချက် ဖွင့်ထားတာကို ငါ မသိခင်ကတည်းက သူတို့က ငါတို့ စကားပြောတာကို ကြားပြီးပြီလေ။ နင့်ရဲ့ မူလဇာစ်မြစ်က မတူညီဘူး ဆိုတာကို သူတို့ သိနေကြပြီ]

ချူဟွား: [အခုက လူတိုင်း သိပေမဲ့ ထုတ်မပြောကြဘူး။ ငါ ဒီဟန်ချက်ညီမှုကို မပျက်စီးစေချင်ဘူး]

[ငါ့မှာ သာ့ရှန်းတစ်ခုလုံးရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားကို ငါတစ်ယောက်တည်း မောင်းနှင်ဖို့ ဆုံးဖြတ်ချက် ဒါမှမဟုတ် နေရာလွတ် မရှိဘူး။ တူညီတဲ့အလုပ်ကို လုပ်ရာမှာ အမျိုးသားနဲ့ အမျိုးသမီးကြား၊ သာမန် မှူးမတ်နဲ့ တော်ဝင် မိသားစုဝင်တွေကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်]

[ထုံအာ၊ အရှင်မင်းကြီးက အခု ငါ့အပေါ် ဘယ်လောက် ကောင်းတယ်၊ မှူးမတ်တွေအားလုံးက ငါ့ကို အားကိုးနေပုံရတယ် ဆိုပေမဲ့ သူတို့ လိုအပ်နေတာက နင်ပဲ။ သူတို့က ငါ့ကို ချူချင်းရဲ့ အမည်နဲ့ သုံးလလောက် အလုပ်လုပ်ခိုင်းခဲ့ပြီး ဒီအတိုင်း ဆက်သွားဖို့ စီစဉ်နေကြတာ]

[တတိယအဆင့် ရခဲ့တဲ့ ချိုးရှန်း အခု ဘယ်လောက် ခက်ခဲနေလဲ ဆိုတာ နင် မြင်ပါတယ်]

ဒါကြောင့်လည်း ချူဟွားသည် သူမ၏ အစ်ကိုဖြစ်သူ၏ ဝိသေသအောက်တွင် အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

သူမတွင် စာပေပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာ မရှိသလို နှစ်တစ်ရာတိုင်တိုင် ပြည်နှင်ဒဏ်ပေးခံရမည်ကိုလည်း ဂရုမစိုက်ပေ။ ဂုဏ်သတင်းနှင့် အောင်မြင်မှုများ သူမအပေါ် ကျရောက်လာမလား ဆိုသည်ကိုလည်း ဂရုမစိုက်ပေ။ သူမ၏ အမျိုးသမီးသားချင်းများနှင့် သာ့ရှန်းမှ ပြည်သူများအတွက် လက်တွေ့ကျသော အလုပ်တစ်ခုခု လုပ်ပေးနိုင်သမျှ ကာလပတ်လုံး အဆင်ပြေပါသည်။

အမျိုးသမီးတစ်ဦးရဲ့ သရုပ်သကန်က အတားအဆီး ဖြစ်စေတယ် ဆိုရင်ရော ဘာဖြစ်သလဲ။ သူက ခဏတာ ယောက်ျားလေး ဖြစ်နေရုံနဲ့ တစ်ဘဝလုံး ယောက်ျားလေး ဖြစ်သွားမှာမှ မဟုတ်တာ။

Systemသည် သူ့အတွေးက ရိုးရှင်းလွန်းနေသေးသည်ကို သဘောပေါက်လိုက်သည်။

ဘုရင်မက လမ်းကို တစ်ခေါက် လျှောက်ခဲ့ဖူးပြီး ချူဟွားမှာ လှည့်ကွက် တွေ အများကြီး ရှိနေတဲ့အတွက် နောက်တစ်ခေါက် ထပ်လုပ်ဖို့ မခက်ခဲဘူးလို့ သူ ထင်ခဲ့သည်။ သို့သော် ဤအကြောင်းကြောင့်ပင် မိမိတို့၏ အကျိုးစီးပွားများကို လက်လွှတ်ရန် ဝန်လေးသော အမျိုးသားများသည် ပိုမို သတိထားကြလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

System: [မမကြီးဟွား၊ သူတို့ ငါတို့ကို ပိုလေးစားအောင် လုပ်ကြစို့]

ဖရဲသီးစားတဲ့ system ဖြစ်နေတော့ရော ဘာဖြစ်သလဲ။

သူက သူ့ရဲ့ လုပ်ဆောင်ချက် အားလုံးကို အသုံးပြုပြီး အဲဒီ အနံ့အသက်ဆိုးတဲ့ ယောက်ျားတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် လုပ်ပစ်မယ်။

ချူဟွားက ဂရုမစိုက်ပေ။ [အိုး... နင် ဘာလုပ်ချင်လို့လဲ]

System: [ငါ့ရဲ့ အဓိက လုပ်ဆောင်ချက်က ဖရဲသီးစားတာ ဆိုပေမဲ့ တွဲဖက် ထည့်သွင်းထားတဲ့ အရာလေးတချို့ ရှိတယ်]

[အဲဒီထဲက တစ်ခုက မိုဘိုင်းဖုန်းထဲက လုပ်ဆောင်ချက်နဲ့ တူတဲ့ မိုးလေဝသ ခန့်မှန်းချက်ပဲ။ နောက်ထပ် လဝက်အတွက် မိုးလေဝသ၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်ခတ်ရာ လမ်းကြောင်း၊ ခရမ်းလွန်ရောင်ခြည်၊ မြင်နိုင်စွမ်းနဲ့ လေဖိအားတွေကို စစ်ဆေးနိုင်တယ်။]

[အချိန် ပိုနီးကပ်လေ၊ ဒေတာတွေက ပိုတိကျလေပဲ။ ကြည့်ရတာ... အသုံးမဝင်ဘူး ထင်ပါရဲ့]

ချူဟွားက ပြုံးလိုက်၏။ [ဘယ်လိုလုပ်ပြီး အသုံးမဝင်ဘဲ နေမှာလဲ]

[ထုံအာ၊ မိုဘိုင်းဖုန်းထဲက မိုးလေဝသ ခန့်မှန်းချက်နဲ့ တူတယ်လို့ နင် ပြောမှတော့ ဘူမိဗေဒ ဘေးအန္တရာယ်တွေ၊ မိုးကြိုးမုန်တိုင်းတွေနဲ့ မိုးလေဝသ ဘေးအန္တရာယ်တွေအတွက် သတိပေးချက်တွေလည်း ရှိသင့်တယ် မဟုတ်လား]

System: [ဟုတ်တယ်၊ ရှိတယ်]

ချူဟွားက ပြုံးလိုက်သည်။ [ထုံအာ၊ ငါတို့ ဒါကို နောက်မှ လုပ်ကြမယ်]

လူတစ်ယောက်နှင့် system တစ်ခုသည် သီးသန့်စကားပြောခန်းတွင် အချိန်အကြာကြီး စကားပြောခဲ့ကြပြီးနောက် မျှဝေသည့် လုပ်ဆောင်ချက်ကို ဖွင့်လိုက်ကြသည်။

Systemက အလွန် ပျော်ရွှင်သော အသံဖြင့် ပြောလိုက်သည်။ [မမကြီးဟွား၊ မမကြီးဟွား]

ချူဟွား: [ငါ ဒီမှာ ရှိတယ်]

System: [နင့် အစ်ကိုက မနက်ဖြန် ရောက်လာလိမ့်မယ်။ အံ့ဖွယ်ခုံးခုံးက သန်ဘက်ခါ ရောက်လာလိမ့်မယ်]

ချူဟွား: [အိုး]

System: [မမကြီးဟွား၊ နင် ဘာလုပ်နေတာလဲ]

ချူဟွား: [ငါက အလုပ်သမားဝန်ကြီးဌာန အကြောင်း သိပ်မသိဘူး။ ကြယ်တာရာကြည့် မျှော်စင်ရဲ့ ပုံကြမ်းတွေကို ငှားပြီး ကြည့်နေတာ]

Systemက ရိုးသားသော မေးခွန်းတစ်ခုကို မေးလိုက်၏။ [ပြောရရင်၊ ငါ အမြဲတမ်း သိချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ နိုင်ငံ့ဘဏ္ဍာတိုက်က ငွေ အရမ်းလိုနေတာ၊ ကြယ်တာရာကြည့် မျှော်စင်ကို ဆောက်ဖို့ ဘာလို့ ငွေ ၁၀,၀၀၀ တောင် သုံးရတာလဲ]

ချူဟွား: [လွန်ခဲ့တဲ့ လေးနှစ်က ငါတို့ နေရာတိုင်းမှာ သဘာဝဘေးအန္တရာယ်တွေ ခံစားခဲ့ရတယ်။ ဒီတစ်ခါ တောင်ပိုင်းမှာ ရေလွှမ်းမိုးမှု ထပ်ဖြစ်ပြီး ဘေးအန္တရာယ်က ပြင်းထန်တယ်။ မိုးလေဝသ ဖတ်ရှုရာမှာ အထူး ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို တစ်နေရာရာကနေ ဖိတ်ခေါ်ထားတယ်လို့ ငါ ကြားတယ်။ အဲဒါ သူ့အတွက် ဆောက်ပေးနေတာလေ]

System: [အိုး၊ အဲဒါ မိုးလေဝသ ခန့်မှန်းချက်ပဲ]

[ဒီလူသား မိုးလေဝသ ခန့်မှန်းချက်က ဈေးကြီးလွန်းတယ်။ ငါနဲ့ မတူဘူး။ ငါက ဖရဲသီးစွမ်းအင် နည်းနည်းလောက် သုံးလိုက်ရင် နောက်တစ်ပတ်အတွက် တိကျတဲ့ မိုးလေဝသကို ရှာဖွေနိုင်တယ်။ အရမ်း တွက်ခြေကိုက်တာပဲ]

ချူမိသားစုမှ လူများ: ဟမ်? ?

နန်းစောင့်တပ်မှူး: ဒါက အလုပ်ဖြစ်တယ်လား။

System: [ဥပမာ၊ ငါ ကြည့်လိုက်ဦးမယ်။ မနက်ဖြန်နဲ့ သန်ဘက်ခါ ရာသီဥတု ကောင်းပြီး နေ့ဘက်မှာ စောင်တွေ လှမ်းလို့ ရလိမ့်မယ်။ အဲဒီနောက်ရက်ကျရင် မိုးရွာလိမ့်မယ်။ အပြင်သွားရင် ထီးယူသွားရမယ်။ မိုးမတိတ်ခင် သုံးရက်ဆက်တိုက် မိုးရွာလိမ့်မယ်]

ချူဟွား: [ဒီလုပ်ဆောင်ချက်က နည်းနည်း အသုံးမဝင်သလိုပဲ]

Systemသည် ဤစကားများကြောင့် စိတ်ဓာတ်ကျသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် သူက ခုန်ထွက်လာပြီး ကြေညာလိုက်သည်။ [ငါ တည်နေရာ ပြောင်းလို့ ရတယ်။ နင့်အစ်ကို ရောက်နေတဲ့ ကျန်းနန်ကို ငါ အခုလေးတင် ပြောင်းကြည့်လိုက်တာ လေဆင်နှာမောင်းမုန်တိုင်းကြီး တစ်ခု လာနေတာ တွေ့တယ်။ အိုး၊ ရှေးခေတ်မှာ အဲဒါကို မုန်တိုင်းကြီးလို့ ခေါ်တာပဲ]

ချူဟွား: [အသုံးမဝင်ပါဘူး၊ ပိတ်လိုက်ပါတော့]

Systemက ဝမ်းနည်းပက်လက် ပြန်ဖြေသည်။ [ဟုတ်]

နန်းစောင့်တပ်မှူးသည်လည်း ဤ နောက်တစ်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်သည် တော်ဝင်မိုးလေဝသဌာနနှင့် ဆင်တူပြီး အနည်းငယ် အသုံးမဝင်ဘူးဟု ခံစားလိုက်ရသည်။

သို့သော် သူတို့၏ အစီရင်ခံစာကို တင်ပြလိုက်သောအခါ အရှင်မင်းကြီးနှင့် မှူးမတ်များ၏ မျက်လုံးများသည် မီးသီးများကဲ့သို့ တောက်ပသွားကြသည်။

"ငါတို့က ရာသီဥတုကို ခုနစ်ရက် ကြိုသိနိုင်ပြီး လေဆင်နှာမောင်းတွေကို ခန့်မှန်းနိုင်တယ်"

"သတင်းပို့ဖို့က နောက်ကျလွန်းနေပြီ၊ ဒါပေမဲ့ ငါတို့ ဘာဖြစ်နေလဲ ဆိုတာ သိပြီး ကယ်ဆယ်ရေးအတွက် ကြိုတင် ပြင်ဆင်နိုင်တယ်"

"လေဆင်နှာမောင်းတွေကို ခန့်မှန်းနိုင်မှတော့ ငလျင်တွေကိုရော ခန့်မှန်းနိုင်မလား"

"ငလျင်တွေကိုသာ ခန့်မှန်းနိုင်ရင်..."

အရှင်မင်းကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ခေါင်းမူးသွားမတတ်ပင်။ "ဆုံးရှုံးမှုတွေကို အများကြီး လျှော့ချနိုင်မှာပဲ"

မင်းဆရာအိုကြီးက အဓိကအချက်ကို တည်ငြိမ်စွာ ထောက်ပြလိုက်သည်။ "သူ မသိဘူး"

အရှင်မင်းကြီးနှင့် မှူးမတ်များ: "..."

မင်းဆရာအိုကြီးက နောက်ထပ် ထိုးနှက်ချက် တစ်ခု ပေးလိုက်ပြန်သည်။ "သူက အဲဒါကို အသုံးမဝင်တဲ့ နံရိုးတစ်ချောင်းလို သဘောထားပြီး မနှစ်သက်ဘူး"

အရှင်မင်းကြီးနှင့် မှူးမတ်များ: "..."

မင်းဆရာအိုကြီးက တတိယအကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ "သူက အဲဒါကို ပိတ်ခိုင်းလိုက်သေးတယ်"

အရှင်မင်းကြီးနှင့် မှူးမတ်များ: "..."

သည်အခိုက်အတန့်တွင် အရှင်မင်းကြီးနှင့် သူ၏ မှူးမတ်များသည် လေးနက်သော မေးခွန်းတစ်ခုကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ချူဟွားကို သင်ခန်းစာ ပေးသင့်သလား။ သို့မဟုတ်လျှင် သူမသည် system၏ အချို့သော လုပ်ဆောင်ချက်များ၏ အရေးပါမှုကို သဘောပေါက်လိမ့်မည် မဟုတ်ပေ။

"အဟမ်း..." မင်းဆရာအိုကြီးသည် သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ဟန်ဆောင်ကာ သူ့ရှိနေမှုကို အသည်းအသန် ပြသနေလေသည်။ ငါ့ကို ကြည့်ကြစမ်း။ ငါ့ကို ကြည့်ကြစမ်း။

အရှင်မင်းကြီးနှင့် သူ၏ မှူးမတ်များသည် သူ့ကို ဂရုမစိုက်ချင်ကြသော်လည်း မင်းဆရာအိုကြီး၏ အဆိုပြုချက်ကို အလေးအနက် မစဉ်းစားဘဲ မနေနိုင်ကြတော့ပေ။

…

တကယ်ပဲ မင်းဆရာကြီးကို ချူဟွားအား သူ့တပည့်အဖြစ် လက်ခံခိုင်းရတော့မှာလား။

...

All Chapters