← Chapters

အခန်း ၆၁

Vol. 5 Ch. 61

အခန်း ၆၁

Vol. 5 Ch. 61

အပိုင်း (၆၁)

ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ပြည်နယ်တစ်ခု၏ ခေါင်းဆောင် ဖြစ်လေသည်။ ကြားထဲတွင် ခရိုင်၏ အုပ်ချုပ်ရေးအခွဲကလည်း ရှိနေသေးသည်။ လီဟယ် အနေဖြင့် ထိပ်ဆုံးသို့ ခုန်တက်ရန် ခက်ခဲလှ၏။

ချူဟွားက အလျင်စလို ငြင်းဆိုခြင်း မပြုပေ။ [လီဟယ် ကို ဓားစာခံအဖြစ် အသုံးချတဲ့အထဲမှာ သူ ပါဝင်ပတ်သက်နေသလား]

Systemသည် နောက်ဆုံးစာရင်းထဲတွင် သည်လူကို မမှတ်မိသဖြင့် စိတ်မချရဘဲ ထပ်မံ အတည်ပြုလိုက်လေသည်။ [မပါပါဘူး၊ အဲဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးက ဖယ်ရှားခံလိုက်ရလို့ ဒီကောင်က ရာထူးတိုးလာတာ]

ချူဟွား: "..."

သူမသည် လီဟယ်၏ ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော အကျင့်ပျက် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖယ်ရှားခဲ့သည်။ သို့သော် သည်အခွင့်အရေးကြောင့် နိုင်ငံရေး အောင်မြင်မှုများကို ပြသရန် ပိုမို စိတ်အားထက်သန်သော ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အစားထိုးလိုက်မိသလို ဖြစ်သွားခဲ့သည်။ ဘာများ ကွာခြားသွားပါသနည်း။

ကျွမ်းကျိုးမှ ပြည်သူများသည် သည်နိုင်ငံရေး အောင်မြင်မှု လိုလားသော ပြည်နယ်အုပ်ချုပ်ရေးမှူးကြောင့် ထိခိုက်နစ်နာမှု ရှိမရှိ ဆိုသည်ကိုတော့ မသိရသေးပေ။

အကယ်၍ ကြယ်တာရာကြည့်မျှော်စင် ကဲ့သို့ နောက်ထပ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လျှင် အနည်းဆုံးတော့ အပြစ်၏ အစိတ်အပိုင်း အနည်းငယ်က သူမအပေါ်တွင် ရှိနေပေလိမ့်မည်။

ချူဟွား: [System၊ ဒီလူအကြောင်း တူးဆွလိုက်စမ်း။ သူ့ဆီမှာ သေစေနိုင်လောက်တဲ့ ဖရဲသီး ရှိမရှိ ငါ သိချင်တယ်]

သို့မှသာ သူမသည် သည်လူကို လုံးဝ ဖယ်ရှားပစ်နိုင်လိမ့်မည်။

Systemသည်လည်း သည်လူကို မကြိုက်ဘဲ လီဟယ်နှင့် အစားထိုးစေချင်နေသဖြင့် အလွန် ပျော်ရွှင်စွာ သဘောတူလိုက်လေသည်။ [ကောင်းပြီ]

လူတိုင်းသည် ကြိတ်ပြီး လက်ဆစ်ချိုး နေလိုက်ကြ၏။

ကြယ်တာရာကြည့်မျှော်စင်၏ တရားခံနှင့် နစ်နာသူများ သေဆုံးသွားကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးသာ ကျန်ရစ်ခဲ့သည်။ လုံလောက်သော သက်သေအထောက်အထားနှင့် ရုပ်ပိုင်းဆိုင်ရာ သက်သေများ မရှိဘဲ နန်းစောင့်တပ်မှူးသည် မည်သူ့ကိုမျှ အလွယ်တကူ ဖမ်းဆီး၍ မရနိုင်ပေ။ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်နှင့် တရားရေးဝန်ကြီးဌာနတို့ကလည်း စီရင်ချက် မချနိုင်ကြချေ။ သက်သေ မရှိခြင်းကြောင့် သူတို့မှာ ဆုံးရှုံးနစ်နာခဲ့ရသည်။

ကြယ်တာရာကြည့်မျှော်စင် ကိစ္စကို လူတစ်ယောက်အား ဖြုတ်ချရန် အသုံးပြုလို့ မရနိုင်တော့သဖြင့် ပိုပြီး သေစေနိုင်လောက်သော အရာတစ်ခုသို့ ပြောင်းလဲလိုက်ရမည်။

Systemသည် အတင်းအဖျင်းများကို အလုပ်ရှုပ်ခံ ရှာဖွေနေစဉ် ချူဟွားက ပြုံးလိုက်ပြီး အားလုံးကို ညနေခင်း လက်ဖက်ရည် အတူသောက်ရန် လက်ယပ်ခေါ်လိုက်ကာ အခြား အတင်းအဖျင်းများအကြောင်း ပြောဆိုလိုက်လေသည်။ လူတိုင်းကလည်း ပူးပေါင်းဆောင်ရွက်ကြသည်။

System ပြန်ရောက်လာသည်အထိ နှစ်ဖက်စလုံးက ထိုအကြောင်းကို တိတ်တဆိတ် နှုတ်ဆိတ်နေခဲ့ကြပြီး နို့လက်ဖက်ရည် သောက်သုံးရန် အာရုံစိုက်နေပုံရသော်လည်း အမှန်တကယ်တွင်တော့ အတင်းအဖျင်း ဖရဲသီးစားရန် အလုပ်ရှုပ်နေကြခြင်းပင်။

System: [ဘုရားရေ။ ငါ တကယ် ဘုရားပဲ တ,မိတော့တယ်]

ချူဟွား: [သူ ဘာတွေများ လုပ်ခဲ့လို့ ကောင်းကင်ကြီးနဲ့ လူတွေကို ဒေါသထွက်စေရတာလဲ]

လူတိုင်း: ? ? ?

သူတို့ မကြာသေးမီက စားခဲ့ရသော ဖရဲသီးများသည် ထူးဆန်းသော အမျိုးအစားများ အပါအဝင် အသေးအဖွဲလေးများ မဟုတ်ချေ။ ကြယ်တာရာကြည့်မျှော်စင် ကိစ္စသည် လူများ၏ သည်းခံနိုင်စွမ်းကို ချိုးဖျက်ရန် လုံလောက်ခဲ့ပြီး သူတို့သည် အချိန်တိုအတွင်း ပိုပြီး ပေါက်ကွဲစေနိုင်သော အတင်းအဖျင်းများကို စဉ်းစားလို့ မရနိုင်တော့ပေ။

လူများ၏ သည်းခံနိုင်စွမ်းသည် နိမ့်ကျရုံသာမက အနိမ့်ဆုံး မဟုတ်သေးကြောင်း အမှန်တရားက သက်သေပြနေလေသည်။

System: [ဒီလူမှာ အရည်အချင်း မရှိဘဲ အကြိမ်ကြိမ် ကျရှုံးခဲ့တယ်။ နောက်ပိုင်းမှာ သူ့မိသားစုက သူ အရာရှိဖြစ်ဖို့ ပိုက်ဆံ ပေးခဲ့ရတယ်]

[ရာထူးနဲ့ အာဏာကို လိမ်လည်မှုကနေ ရနိုင်တယ်ဆိုတာကို သူ ဒီလောက် နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားတာ ဒါ ပထမဆုံးအကြိမ်ပဲ]

[အရာရှိ ရာထူးတွေကို ဝယ်ယူပြီး ရောင်းချလို့ ရတယ်ဆိုတာ ငါ ပထမဆုံး သိဖူးတာပဲ။ တစ်ဝက်လောက် စာကြိုးစားခဲ့ပေမဲ့ စာမေးပွဲ မအောင်မြင်ခဲ့တဲ့ သူတွေအတွက် ဒီနည်းလမ်းက နည်းနည်း မတရားဘူးလို့ ငါ အမြဲ ခံစားနေရတယ်]

System၏ ကလေးဆန်သော အသံသည် အောင့်သက်သက် ဖြစ်နေလေသည်။ ငယ်စဉ်ကတည်းက အိုမင်းသည်အထိ စာလေ့လာခဲ့သော်လည်း စာမေးပွဲ မအောင်မြင်ခဲ့သူများအတွက် သူ အမှန်တကယ် ပြောဆိုပေးနေခြင်းပင်။ အရာရှိ ရာထူးများကို ဝယ်ယူရောင်းချခြင်းသည် အနည်းငယ် လွန်သည်ဟု ခံစားမိနေသည်။

[ပိုက်ဆံ သုံးရုံနဲ့ အရာရှိ ရာထူးကို ဝယ်လို့ရမယ်ဆိုရင် လူတိုင်းက စာလေ့လာဖို့ ဘာ လိုအပ်တော့မှာလဲ။ မိသားစုက ငွေ ပိုစုဆောင်းနိုင်သမျှ ကာလပတ်လုံး စာတစ်လုံးမှ မဖတ်တတ်ရင်တောင် အရာရှိ ဖြစ်နိုင်တယ်။ လုပ်ရမှာက ပိုက်ဆံရှာပြီး အရာရှိ ရာထူး ဝယ်ရုံပဲ]

[ခန်းမဆောင်တိုင်းမှာ စာတစ်လုံးမှ မဖတ်တတ်ဘဲ သောက်စားပျော်ပါးဖို့လောက်သာ သိတဲ့ ငတုံးတွေနဲ့ ပြည့်နှက်နေပြီး အစစ်အမှန် အရည်အချင်းနဲ့ ဗဟုသုတရှိတဲ့ လူနည်းစုလောက်ပဲ ရှိမယ်ဆိုရင် တိုင်းပြည်က ပျက်စီးသွားမှာ မဟုတ်ဘူးလား]

လူတိုင်း: "..." သူတို့ မကြားရလို့သာ နင်က ဒီလောက် ရဲရဲတင်းတင်း ပြောရဲတာပေါ့ :)

ကံကောင်းထောက်မစွာပင် ထိုနေရာ၌ အခြား ညီလာခံမှူးမတ်များ မရှိကြပေ။ မဟုတ်လျှင် ထိုလူများသည် ဤစကားကို ကြားလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် မျက်နှာများ နီရဲကာ လည်ပင်းများ ထူလာကြပြီး systemကို အသိပညာပေးရန် ပြေးလာကြပေလိမ့်မည်။

ချူဟွားမှာ system၏ ပိုမို လျင်မြန်ပြီး စိတ်လှုပ်ရှားနေသော အသံမှ ဒေါသကို သိရှိလိုက်ရသဖြင့် အလျင်အမြန် နှစ်သိမ့်လိုက်ရ၏။ [ထုံအာရေ၊ အရေအတွက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသမျှ ကာလပတ်လုံး နင် ထင်သလောက် မဆိုးရွားပါဘူး]

Systemသည် ခေတ္တမျှ ကြောင်အမ်းသွားလေသည်။ [ပမာဏကို ထည့်မတွက်ဘဲ အဆိပ်အတောက်အကြောင်း ပြောလို့ မရဘူးလား]

ချူဟွားသည် ခေတ္တ ရပ်တန့်လိုက်ပြီး [နင် အဲဒီလိုလည်း နားလည်လို့ ရပါတယ်]

[မင်းဆက်တိုင်းမှာ အလှူခံ အရာရှိတွေ ရှိခဲ့ဖူးတယ်။ ဒီစနစ်ကို အစပိုင်းမှာ တည်ထောင်ခဲ့တာက ဘဏ္ဍာတိုက်က မကြွယ်ဝလို့လေ]

Systemသည် ချက်ချင်း နားလည်သွားတော့သည်။ [နင် အရင်က ပြောခဲ့ဖူးတဲ့ ဆားနဲ့ လက်ဖက် လုပ်ပိုင်ခွင့်တွေလိုမျိုးပေါ့။ အများအပြား ထပ်မံ ထုတ်ဝေခြင်းအားဖြင့် နေရာတိုင်းမှာ ကပ်ဘေးကယ်ဆယ်ရေးအတွက် ငွေကြေးတွေ ကောက်ခံခဲ့တာ]

ချူဟွား: [ဟုတ်တယ်၊ နင် ကြည့်လေ၊ လွန်ခဲ့တဲ့ လေးနှစ်က အရမ်း ခက်ခဲခဲ့တယ်၊ သာ့ရှန်းက အရာရှိ အများအပြားကို ရောင်းချတာထက် ဆားလုပ်ပိုင်ခွင့်တွေ တိုးမြှင့် ထုတ်ဝေဖို့ ပိုလိုလားခဲ့တယ် မဟုတ်လား။ နည်းနည်းတော့ ရှိနေသေးတယ်၊ တကယ်တမ်းကျတော့ ဘဏ္ဍာရေးက တကယ် ခက်ခဲပြီး ပြည်သူတွေကို မကယ်တင်နိုင်ခဲ့ဘူးလေ]

[ဒါကြောင့် ငွေလှူပြီး ရာထူးယူတဲ့ စနစ်နဲ့ ပတ်သက်ပြီး ပထမဆုံး အကောင်အထည်ဖော်ရမှာက အရေအတွက်ကို ထိန်းချုပ်ဖို့နဲ့ ဒုတိယက အရည်အသွေးကို ထိန်းချုပ်ဖို့ပဲ။ အခြေခံအားဖြင့် ညီလာခံက ဝယ်ယူ ရောင်းချတဲ့ အရာရှိ ရာထူးတွေက လက်တွေ့ အာဏာ မရှိတဲ့၊ ခေါင်းစဉ်ပဲ ရှိတဲ့ ရာထူးတွေ၊ ဆိုလိုတာက ဂုဏ်သတင်းကို ဝယ်ယူဖို့ ငွေသုံးကြတာ]

ဗဟုသုတ နည်းပါးသော system 188လေးသည် အံ့ဩသွားလေသည်။ [ဒီလို လုပ်လို့ ရတာလား]

ချူဟွားက တိုးတိုးလေး ရယ်မောလိုက်၏။ [ဘာလို့ မရရမှာလဲ။ အရင်မင်းဆက်ရဲ့ အရှင်မင်းကြီးက အရာရှိ ရာထူးတွေ အများကြီး ရောင်းချခဲ့ပြီး ရာထူးတစ်ခုချင်းစီရဲ့ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခဲ့တယ်။ ရာထူး ပိုမြင့်လေ ပိုဈေးကြီးလေပဲ။ နောက်ပိုင်းကာလမှာ ခေါင်းဖြတ်ခံရလေ့ရှိတဲ့ ဝန်ကြီးချုပ် ရာထူးကိုတောင် ရှင်းလင်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့တာ]

Systemမှာ ရွံရှာသွားတော့သည်။ [ဒီလို စားတာက နည်းနည်း ရုပ်ဆိုးလွန်းတယ်]

ထို့နောက် သူသည် လုံးဝကို နားမလည်နိုင် ဖြစ်သွားရသည်။ [အရှင်မင်းကြီးက မပျော်ရွှင်တဲ့အခါ ဝန်ကြီးချုပ်ရဲ့ ခေါင်းကို ဖြတ်နိုင်ပါလျက်နဲ့ အဲဒါကို ဝယ်ဖို့ ငွေသုံးတဲ့ ငတုံးက တကယ် ရှိနေတာလား]

အသင့်စားသုံးနိုင်သော ဖရဲသီး ရှိနေသဖြင့် သူသည် ထပ်မံ ရှာဖွေရန် ဖရဲသီးစွမ်းအင် မသုံးလိုတော့ဘဲ သခင်ကို တိုက်ရိုက် မေးမြန်းခြင်းက ပိုမြန်ဆန်ပေလိမ့်မည်။

ချူဟွားကလည်း ဖြေကြားပေးရန် တွန့်ဆုတ်မနေခဲ့ပေ။ [ဒါပေါ့၊ အရှင်မင်းကြီးကို အမြင့်ဆုံးမှာ ထားပြီး သူ လုပ်ချင်တာ အကုန်လုံးကို လုပ်ခွင့်ပေး၊ သူ့အလို လိုက်နေသမျှ ကာလပတ်လုံး ဝန်ကြီးချုပ် ဖြစ်ဖို့က ထင်သလောက် မခက်ခဲပါဘူး]

ခေါင်းဖြတ်ခံရသော ဝန်ကြီးချုပ်များသည် ညီလာခံအတွက် မျှော်လင့်ချက် ရောင်ခြည်အချို့ ရှိနေကြပြီး အရည်အချင်းမရှိသော ဘုရင်ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန် စိတ်အားထက်သန်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် အရှင်မင်းကြီး မနှစ်သက်သော်လည်း ထပ်ခါတလဲလဲ အကြံပြုခဲ့ကြပြီး သူတို့၏ အသက်ကို စွန့်စားခဲ့ကြခြင်း ဖြစ်သည်။

Systemသည် ငွေလှူပြီး ရာထူးယူသည့် ဖရဲသီးကို စားရန် စိတ်အားထက်သန်နေပြီး သည်အကြောင်းကို မကြားလိုတော့ပေ။ [အဓိက အကြောင်းအရာကို ပြန်သွားရအောင်]

ချူဟွား: [အဓိက အကြောင်းအရာက ငွေအများကြီး ရှာဖို့အတွက် အရင်မင်းဆက်ရဲ့ အရှင်မင်းကြီးက မရေမတွက်နိုင်တဲ့ လစ်လပ် ရာထူးတွေ၊ ဆိုလိုတာက အရာရှိ ခေါင်းစဉ်သာ ရှိပြီး တကယ်တမ်း ဘာမှ မလုပ်ရတဲ့ ရာထူးတွေကို သတ်မှတ်ခဲ့တာ]

[ဒီလူတွေက နေ့တိုင်း အလုပ်ဆင်းဖို့ သတင်းပို့စရာ မလိုဘူး၊ ရာထူးနဲ့ ကိုက်ညီတဲ့ အရာရှိ ဦးထုပ်တွေ၊ အရာရှိ ဝတ်ရုံတွေနဲ့ အရာရှိ ဘွတ်ဖိနပ်တွေကို ရရှိနိုင်တယ်။ အဲဒါတွေကို ဝတ်ဆင်ပြီး လမ်းလျှောက်သွားရင် လူကြီးမင်းလို့ လေးလေးစားစား ခေါ်ဝေါ်ကြလိမ့်မယ်။ အဲဒါကလွဲရင် သူတို့မှာ တခြား အခွင့်အရေး မရှိဘူး]

[တစ်နည်းအားဖြင့် ပြောရရင် ဒါက တကယ်တော့ ငွေရှာတဲ့ နည်းလမ်းတစ်မျိုးပဲ]

Systemသည် အံ့အားသင့်သွားလေသည်။ [အရင်မင်းဆက်ရဲ့ အရှင်မင်းကြီးက ပိုက်ဆံရှာဖို့ တကယ် ကြိုးစားခဲ့တာပဲ]

[ပိုက်ဆံသုံးပြီး အဝတ်အစား ဝယ်တာနဲ့ ဘာကွာခြားမှု ရှိလို့လဲ] Systemသည် တွန့်ဆုတ်စွာ ပြောလိုက်၏။ [အလွန်ဆုံး အရာရှိဖြစ်ဖို့ ငွေလှူလိုက်လို့ ရတာပေါ့၊ ဒါဆိုရင် ဥပဒေကို ချိုးဖောက်စရာ မလိုတော့ဘဲ နန်းစောင့်တပ်သားတွေရဲ့ ဖမ်းဆီးတာ မခံရတော့ဘူးပေါ့။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ငွေနည်းနည်း သုံးလိုက်လို့ ရတာပေါ့]

ချူဟွား: [ခွီး ——]

လူတိုင်း: ခွီး၊ ဟားဟားဟား။

ချူဟွား: [အရင်မင်းဆက်ရဲ့ နောက်ဆုံး အရှင်မင်းကြီးက တကယ်ကို ငတုံးဆန်ပြီး ဆိုးရွားတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တာ။ သာ့ရှန်း တိုင်းပြည် ထူထောင်ပြီးနောက်မှာ သူက အရင်မင်းဆက် ကျဆုံးရတဲ့ အကြောင်းရင်းတွေကို အနှစ်ချုပ်ဖို့တင် သုံးရက်နဲ့ သုံးညလောက် အချိန်ယူခဲ့ရတယ်လို့ ပြောကြတယ်]

[ဒါပေါ့၊ ငါက အမှန် ဟုတ်မဟုတ်တော့ မသိဘူး။ တခြားသူတွေဆီက ကြားဖူးတာပဲ]

Systemသည် ကြားလိုက်ရသည်နှင့် ချက်ချင်း တက်ကြွလာခဲ့သည်။ [ဒီမှာ ငါ မရှိဘူးလား။ ငါ ရှိနေလျက်နဲ့ နင် ဘယ်လိုလုပ်ပြီး ဖရဲသီးအတုတွေ စားမိမှာလဲ။ ခဏလေး]

ချူဟွားသည် ကြိတ်ပြီး ပြုံးလိုက်လေသည်။ သူမသည် စိတ်ကို အသုံးပြုနေသော်လည်း ရေငတ်သလို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကာ နို့လက်ဖက်ရည် တစ်ခွက် သောက်လိုက်လေသည်။

နို့လက်ဖက်ရည်က အနည်းငယ် ချိုနေသည်။ အချိုရည်အနေဖြင့် သောက်သုံးရန် အဆင်ပြေသော်လည်း ရေငတ်ပြေစေရန်တော့ မလုံလောက်ပေ။

"ချင်းကျူ၊ ရေ"

ချင်းကျူသည် ချူဟွား၏ လိုအပ်ချက်ကို သိသဖြင့် သောက်သုံးရန် အနေတော် ဖြစ်သော ရေနွေးတစ်အိုးကို ယူဆောင်လာခဲ့သည်။

ရလဒ်အနေဖြင့် ချူဟွားက လိုချင်သောအခါ ဝမ်သခင်မကလည်း လိုချင်ပြီး ဒုတိယမင်းသား ကြင်ရာတော်ကလည်း လိုချင်ကြသည်။ ခွက်အနည်းငယ် သောက်ပြီးနောက် မလုံလောက်တော့ပေ။

အမျိုးသမီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် ရှက်ရွံ့နေကြသည်။ ဖရဲသီး အကြောင်း နားထောင်ရင်း ရေငတ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ချင်းကျူနှင့် ဟုန်မေတို့သည် ပြန်လာတာ နောက်ကျပြီး ဖရဲသီး မစားရတော့မည်ကို စိုးရိမ်သဖြင့် ရေသွားယူရန် အလျင်အမြန် ပြေးထွက်သွားကြသည်။

ကံမကောင်းစွာဖြင့် system သည် သည်အချိန်တွင် ပြန်ရောက်လာခဲ့၏။ [သုံးရက်နဲ့ သုံးည မဟုတ်ဘူး]

[သာ့ရှန်းရဲ့ တည်ထောင်သူ တချို့အရှင်မင်းကြီးက အရင်မင်းဆက်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့က အဲဒီလို မိုက်မဲတဲ့ အရှင်မင်းကြီးကို သည်းမခံနိုင်တော့လို့ အမှောင်ကို စွန့်ခွာပြီး အလင်းနဲ့ ပူးပေါင်းခဲ့ကြတာ။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူတွေအနေနဲ့ သူတို့မှာ ရင်ဖွင့်စရာ အခက်အခဲတွေ အများကြီး ရှိခဲ့တာပေါ့]

[အရင်မင်းဆက်ရဲ့ နောက်ဆုံး အရှင်မင်းကြီးအကြောင်း တိုင်ကြားတာတွေကို နားထောင်ရုံနဲ့တင် လူတစ်စုက တစ်ရက်နဲ့ တစ်ညလုံးလုံး နားထောင်ခဲ့ကြတယ်။ ဖရဲသီးစားတဲ့သူတွေရဲ့ စိတ်ဓာတ်ကို နင် သိသားပဲ။ ဖရဲသီးတွေက အများကြီး တန်းစီနေတော့ တစ်လုံးပြီး တစ်လုံးပေါ့။ လူအများကြီးက ရှူးပေါက်ချင်ပေမဲ့ မသွားချင်ကြဘူး၊ ဒါဆို သူတို့ အိပ်ပါ့မလား။ သူတို့ မအိပ်နိုင်ကြဘူးလေ]

ဒါ အမှန်ပဲ။ လူတိုင်းသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် ဖရဲသီး မစားရသည့် အချိန်တွင် ရေနှင့် အစားအစာများကို စားသောက်ကြသည်။ မတော်တဆ ပေါက်ကွဲအား ပြင်းထန်လွန်းသော ဖရဲသီးများကို ကြားလိုက်ရပြီး ထိတ်လန့်ကာ သီးသွားမည် သို့မဟုတ် ချောင်းဆိုးမိမည်ကို စိုးရိမ်သောကြောင့်ပင်။ အကယ်၍ သူတို့ အကြိမ်များစွာ လုပ်မိပါက ခြေရာလက်ရာ ပျောက်ပျက်သွားရန် လွယ်ကူပေလိမ့်မည်။

သူတို့ထဲမှ တချို့သည် အိမ်သာ သွားချင်ကြသော်လည်း ဖရဲသီးများက အလွန် စိတ်လှုပ်ရှားစရာ ကောင်းနေသဖြင့် မသွားချင်ကြဘဲ အောင့်ထားကြလေသည်။

သူတို့ ထိုလူများကို ကောင်းကောင်း နားလည်ကြလေသည်။

System: [နောက်ပိုင်းမှာ လူတိုင်းက မအောင့်နိုင်တော့ဘဲ ပြန်အိပ်ကြတော့မှ နှစ်ရက်နဲ့ တစ်ညပဲ ကြာတော့တာ]

လူတိုင်းသည် စိတ်ထဲတွင် အော်ဟစ်လိုက်ကြသည်။ သူတို့ တကယ်ပဲ နှစ်ရက်နဲ့ တစ်ညလုံးလုံး ဖရဲသီး စားနိုင်ခဲ့ကြတယ်ပေါ့။ တကယ့်ကို အားကျစရာပဲ။

သူတို့သည်လည်း ချူဟွားနှင့် system နောက်လိုက်ပြီး နေ့တိုင်း ဖရဲသီး စားချင်ကြသည်။ သုံးရက်နဲ့ သုံးည အဆုံးမရှိသော ဖရဲသီးများ ရှိလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ချူဟွားက မနာလို မဖြစ်ဘဲ အနည်းငယ် သတိထားလိုက်သည်။ [ဒါက အတင်းအကျပ် OT ဆင်းခိုင်းတာ မဟုတ်ဘူးလား]

လူတိုင်း: ? ? ?

အတင်းအကျပ် OT ဆင်းခိုင်းတာက ဘာလဲ။ ဒါက ဘယ်လို စကားလုံးအသစ်လဲ။

ချူဟွားက ထိုစကားကို ပြောလိုက်သောအခါ system သည်လည်း တုံ့ပြန်လိုက်လေသည်။ [အိုး၊ ဟုတ်တယ်၊ ဖရဲသီး စားရတာ ပျော်စရာ ကောင်းပေမဲ့ နှစ်ရက်နဲ့ တစ်ညလုံး စားရတာကတော့ မပျော်စရာ မကောင်းဘူး]

[ပြီးတော့ ဖရဲသီးကို အကြာကြီး စားပြီးတဲ့နောက် အစပိုင်းမှာ နင် အံ့ဩပြီး ထိတ်လန့်ကောင်း ထိတ်လန့်နိုင်တယ်။ အရမ်း ကြားပြီးသွားတဲ့အခါ နင့်ရဲ့ ခံနိုင်ရည်က ပိုမြင့်လာပြီး နောက်ပိုင်းအပိုင်းတွေကို ကြားရတဲ့အခါ ပျင်းရိငြီးငွေ့လာပြီး သိပ် ပျော်ရွှင်တော့မှာ မဟုတ်ဘူး]

ချူဟွားက သတိပေးလိုက်၏။ [အရှင်မင်းကြီး မထွက်သွားမချင်း နင် ထွက်သွားလို့ မရတဲ့ ဖရဲသီးစားပွဲပဲ။ ပျော်ရွှင်နေရင် ထူးဆန်းနေမှာပေါ့]

Systemသည် ကိုယ်ချင်းစာကြည့်လိုက်သည်။ အကယ်၍ သူ့ကို ပင်မ system ၏ ရှေ့မှောက်သို့ ဆွဲခေါ်သွားပြီး နှစ်ရက်နှင့် တစ်ညလုံးလုံး ဖရဲသီးစားခိုင်းလျှင်... system၏ စိတ်ခံစားချက်သည် ချက်ချင်း ဆိုးရွားသွားတော့သည်။

[မဖြစ်ဘူး၊ မဖြစ်ဘူး၊ တခြားအကြောင်း ပြောကြရအောင်] သူသည် အတင်းအကျပ် အချိန်ပိုဆင်းရခြင်းနှင့် အတင်းအကျပ် ဖရဲသီးစားရခြင်းကို ကြောက်ရွံ့နေသည်။

Systemက ဘာတွေ စဉ်းစားမိသွားမှန်း ချူဟွား မသိပေ။ ကလေးဆန်သော အသံလေးသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ငိုသံစွက်နေသည်။

သူမက ဆက်ပြောလျှင် system အတုံးလေး ငိုမိသွားမည်ကို စိုးရိမ်သဖြင့် မူရင်းအကြောင်းအရာကို အလျင်အမြန် ဆက်ပြောလိုက်လေသည်။ [ငွေလှူပြီး ရာထူးယူတဲ့ စနစ်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ရှိတယ်။ မိသားစု ပိုင်ဆိုင်မှု မလုံလောက်တဲ့ သူတွေအတွက်တော့ တကယ်ပဲ နည်းနည်း မတရားဘူးပေါ့]

[ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်ရင်လည်း နန်းတွင်းစာမေးပွဲက သိသာထင်ရှားတဲ့ အရည်အချင်း ရှိပေမဲ့ စာမေးပွဲဖြေဖို့ အရည်အချင်း မရှိတဲ့ သူတွေအတွက်လည်း နည်းနည်း မတရားဘူး မဟုတ်လား]

သည်ရှုထောင့်က အနည်းငယ် ထူးဆန်းနေပြီး system တစ်ခါမှ မကြားဖူးပေ။ [နန်းတွင်းစာမေးပွဲက တရားမျှတတဲ့ စာမေးပွဲတစ်ခု ဖြစ်နေပြီလို့ ပြောကြတယ် မဟုတ်လား။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနဲ့ တူတူလောက်ပါပဲ]

ချူဟွား: [နန်းတွင်းစာမေးပွဲအတွက် ကန့်သတ်ချက် မရှိလို့ နင်က တရားမျှတတယ်လို့ ပြောတာပေါ့။ မျိုးရိုးမြင့် မိသားစုက တပည့်တွေ၊ ဆင်းရဲတဲ့ မိသားစုက ကလေးတွေ၊ လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အားလုံးက နန်းတွင်းစာမေးပွဲကနေတဆင့် အရာရှိလောကထဲ ဝင်ရောက်နိုင်ကြတယ်]

[ဒါပေမဲ့ လုံးဝ တရားမျှတတယ်လို့ ပြောလို့ရမလား။ မျိုးရိုးမြင့် မိသားစုက ကလေးတွေက စာလေ့လာဖို့ မိသားစု တစ်ခုလုံးရဲ့ အင်အားကို သုံးစရာ မလိုသလို ငွေရှာဖို့ စာအုပ်တွေ ကူးရေးစရာလည်း မလိုဘူး။ သူတို့ကို သင်ကြားပေးဖို့ နာမည်ကြီး ဆရာတွေ ရှိတယ်၊ ထူးချွန်တဲ့ အတန်းဖော်တွေနဲ့ ဆွေးနွေးနိုင်တယ်၊ စစ်ဆေးသူတွေရဲ့ နှစ်သက်မှုတွေကို ကြိုတင် သိရှိနိုင်ပြီး မှန်ကန်တဲ့ ဆေးကို ညွှန်းနိုင်ကြတယ်]

[မျိုးရိုးမြင့် မိသားစုက တပည့်တွေနဲ့ ဆင်းရဲတဲ့ မိသားစုက ကလေးတွေက အစကတည်းက စမှတ်တူကနေ ရပ်နေကြတာ မဟုတ်ဘူး] သည်မူဝါဒသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနှင့်လည်း သက်ဆိုင်သည်။

ခဏလောက် ရပ်တန့်လိုက်ပြီးနေ,က် ချူဟွားက ထပ်ပြောလိုက်၏။ [နန်းတွင်းစာမေးပွဲက အမျိုးသမီးတွေကို စာမေးပွဲဖြေခွင့် မပေးဘူး၊ ဒါက အကြီးမားဆုံး မတရားမှုပဲ]

Systemသည် သက်ပြင်းချလိုက်လေသည်။ [နန်းတွင်းစာမေးပွဲက ကျားမ ခွဲခြားမှု မရှိဖို့ ငါ တကယ် မျှော်လင့်ပါတယ်]

ချက်ချင်းပင် ချန်ဟွားကျွီ နှင့် ချူမိသားစု တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

သူတို့အထဲတွင် နှစ်ပေါင်းများစွာ အရာရှိ ဖြစ်ခဲ့ကြသော ချူဖျင်နှင့် ဖေ့မင်ချန်၊ အရာရှိလောကထဲသို့ ယခုမှ ဝင်ရောက်လာသော ချူချင်းနှင့် စုန့်ကျစ်၊ အနောက်ဆောင်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော အမျိုးသမီး အဖွဲ့ဝင်များစွာ ပါဝင်သော်လည်း သူတို့ သည်အချက်ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးကြပေ။

အမျိုးသမီးတွေကို နန်းတွင်းစာမေးပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုခြင်းက မတရားဘူးလား။

သူတို့၏ မွေးရာပါ အသိထဲတွင် စာဖတ်ခြင်းနှင့် နန်းတွင်းစာမေးပွဲများသည် ယောက်ျားများ၏ ကိစ္စဖြစ်ပြီး အမျိုးသမီးများသည် 'အမျိုးသမီး ကျင့်ဝတ်များ'၊ 'အမျိုးသမီး လေ့ကျင့်ရေး' နှင့် 'အမျိုးသမီး စည်းမျဉ်းများ' ကိုသာ ဖတ်ရှုကြကာ ယောက္ခမများကို ရိုသေခြင်း၊ ခင်ပွန်းကို ထောက်ပံ့ခြင်းနှင့် ကလေးများကို ပြုစုပျိုးထောင်ခြင်း တို့အတွက်သာ တာဝန်ရှိကြသည်။

မူလက ဒါသည် ဘာမှ မဟုတ်သော်လည်း ချူဟွားက ဆားလုပ်ပိုင်ခွင့်များနှင့် ငွေလှူပြီး ရာထူးယူခြင်း အကြောင်း systemကို ရှင်းပြခဲ့ပြီးပြီဖြစ်ကာ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပင်နီစလင်တို့ကို ပြုလုပ်ခဲ့ပြီး လူတိုင်းကို အထင်ကြီးစေခဲ့သည်။ သူမ၏ အမြင်နှင့် အရည်အချင်းသည် ယောက်ျားများစွာ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်နေသည်။

ချူဖျင်နှင့် အခြားသူများသည် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ကြ၏။ ချူဟွားလို အမျိုးသမီး တစ်ယောက်ထဲ ရှိတာလား။

မဟုတ်ဘူးလေ။ ဆောင်းဦးရာသီ အမဲလိုက်ပွဲမှာတုန်းက ယောက်ျားအများကြီးကို အနိုင်ယူပြီး တတိယဆု ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့တယ်မလား။

ယောက်ျားများထက် တော်သော အမျိုးသမီးများစွာ ရှိကောင်းရှိနိုင်သော်လည်း သူတို့ မသိခဲ့ကြခြင်းသာ ဖြစ်လေသည်။

အမျိုးသမီးများ နန်းတွင်းစာမေးပွဲ ဖြေဆိုရန် မည်မျှ ခက်ခဲကြောင်း ချူဟွား သိရှိသဖြင့် အတိုချုံးသာ ပြောပြခဲ့ပြီး လူတိုင်း၏ စိတ်နှလုံးထဲတွင် မျိုးစေ့အချို့ ချပေးကာ ထားလိုက်တော့သည်။

[ဒါဆို ပြည်နယ်အုပ်ချုပ်ရေးမှူးက ဘာလုပ်ခဲ့တာလဲ]

Systemသည် မူရင်းအကြောင်းအရာ ဖရဲသီးကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့၏။ [သူ အရာရှိဖြစ်လာပြီးနောက်မှာ အထက်လူကြီးတွေကို ငွေပေးတာ၊ မြှောက်ပင့်တာ၊ မျက်နှာလိုမျက်နှာရ လုပ်တာတွေ စလုပ်ခဲ့ပြီး သူ့ဆီကနေ တစ်ခုခုတော့ တကယ် သင်ယူခဲ့တယ်]

[သူ ကြယ်တာရာကြည့်မျှော်စင်ကို တည်ဆောက်တုန်းက သူ့ရဲ့ နည်းလမ်းတွေက အရမ်း ညစ်ပတ်ပြီး လူ့အသက်တွေကို ဂရုမစိုက်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သူ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကြယ်တာရာကြည့်မျှော်စင်က တကယ်ပဲ ထာကျိုးကို ဂုဏ်သတင်းနဲ့ ငွေကြေးအမြောက်အမြား ယူဆောင်လာပေးခဲ့တယ်၊ ဒါကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုလို့ သတ်မှတ်လို့ ရတာပေါ့]

[နှစ်အနည်းငယ်လောက် လုပ်ပြီးတဲ့နောက်မှာ နိုင်ငံရေး အောင်မြင်မှုတွေက အချိန်၊ ငွေနဲ့ ခွန်အား လိုအပ်ပြီး လုပ်ရတာ အရမ်း ဒုက္ခများတယ်ဆိုတာကို သူ တွေ့ရှိခဲ့တယ်။ ဒါကြောင့် သူက သူ့ရဲ့ အောင်မြင်မှုတွေကို အတုအယောင် လုပ်ဖို့ စတင်ခဲ့တယ်။ အလွယ်ကူဆုံး အတုလုပ်လို့ရတဲ့အရာက ဘာလဲ။ သီးနှံ အထွက်နှုန်းပဲ]

ချူဟွား၏ မျက်လုံးအိမ်များ တုန်လှုပ်သွားလေသည်။ [စိုက်ပျိုးရေး ထွက်ကုန်တွေကို လိမ်လည် တင်ပြတာလား]

ထိုနေရာရှိ လူအများအပြားသည် ချူဟွား ဘာကြောင့် ဒီလောက် ထိတ်လန့်သွားသည်ကို မသိကြဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒါက ဘာများ မှားနေလို့လဲ။

စာရင်းစာအုပ်ထဲက ဂဏန်းတစ်ခုကို ပြောင်းလိုက်ရုံပဲ မဟုတ်ဘူးလား။

ဂဏန်းက အရမ်းလွန်ကဲမနေဘဲ ဗဟိုအစိုးရရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လောက်အောင် မြင့်မားနေသမျှ ကာလပတ်လုံး အထက်လူကြီးတွေက စုံစမ်းစစ်ဆေးဖို့ လူလွှတ်မှာ မဟုတ်ဘူးလေ။

ချူဟွား: [သူ ဘယ်လို လုပ်ခဲ့တာလဲ]

System: [ဂဏန်းကို နည်းနည်းလေး ပြောင်းလိုက်ရုံပဲ။ အစပိုင်းမှာ အပြောင်းအလဲက သေးငယ်ပြီး ဘယ်သူမှ သတိမထားမိကြဘူး။ နောက်ပိုင်းကျတော့ သူ ပိုရဲတင်းလာပြီး ပိုပြီး လိမ်လည် တင်ပြခဲ့တယ်]

ချူဟွား: [ဖော်ထုတ်မခံရဘူးလား]

System: [ဒါက အရမ်း ခက်ခဲလိမ့်မယ်။ သူက စိုက်ပျိုးရေး ထွက်ကုန်တွေကို တင်ပြပြီး ဒေသခံ အဆက်အသွယ်တွေကို အသုံးပြုခဲ့တယ်။ လူတိုင်းက နိုင်ငံရေး အောင်မြင်မှုတွေကို လိုချင်ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့တွေ ဖော်ထုတ်မခံရတော့ ရဲတင်းလာကြတယ်။ သူတို့က ပင်လယ်ဓားပြ သင်္ဘောပေါ် ရောက်နေကြပြီလေ၊ ဒါဆို ဘယ်သူက လမ်းခုလတ်မှာ ဆင်းနိုင်မှာလဲ။ သူတို့ အံကို ကြိတ်ပြီး ဆက်လုပ်ခဲ့ကြရတာပေါ့]

[လူတိုင်းက အထက်နဲ့အောက်ကို ဖုံးကွယ်ထားကြပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြတယ်။ ဘယ်သူက သူတို့ကို တိုင်ကြားမှာလဲ။ ခေါင်းဆောင်တွေက ဒီနေရာမှာ အထွက်နှုန်း ကောင်းတယ်လို့ ကြားတဲ့အခါ တစ်ချက်ကြည့်ဖို့ လူလွှတ်လိုက်ရုံပဲ။ အဲဒီအချိန်မှာ သီးနှံတွေ အကုန်လုံးက ဂိုဒေါင်ထဲ ရောက်နေပြီ၊ အများဆုံးတော့ နမူနာတချို့ကို စစ်ဆေးရုံပဲ]

[နမူနာတွေကို ပြုပြင်ဖို့က လွယ်တယ် မဟုတ်လား။ မိုင်ပေါင်းများစွာ ဒါမှမဟုတ် ရာပေါင်းများစွာ အချင်းဝက်အတွင်း အထွက်နှုန်း အမြင့်ဆုံး အပင်တွေကို ရှာပြီး စစ်ဆေးရေးမှူးတွေကို ကြည့်ခိုင်းလိုက်ရုံပဲ မဟုတ်လား]

နောက်ဆက်တွဲ ဘာဖြစ်မည်ကို ချူဟွား အနည်းနှင့်အများ ခန့်မှန်းနိုင်သည်။ [စစ်ဆေးရေးမှူးတွေက ပိုပြီး ကြည့်ချင်တယ်ဆိုရင် သူတို့ကို ငွေ၊ အလှအပ၊ စတာတွေနဲ့ လာဘ်ထိုးမယ်။ ဒါမှမဟုတ် အထွက်နှုန်းကောင်းတဲ့ အပင်တွေကို အပေါ်ယံမှာ ထားပြီး သူတို့ကို လှည့်စားဖို့ မျက်နှာပြင်ကိုပဲ ပြသလိမ့်မယ်]

[တကယ်လို့ ဒီကိစ္စကို အလေးအနက်ထားတဲ့ ဒါမှမဟုတ် သံသယရှိတဲ့ အရာရှိတွေ ပိုများလာရင် သူတို့ အသတ်ခံရလိမ့်မယ် မဟုတ်လား]

System: [ဟုတ်တယ်၊ အရက်မူးပြီးနောက် မြစ်ထဲ ပြုတ်ကျသွားတာ၊ ဒါမှမဟုတ် အပြန်လမ်းမှာ ဓားပြတွေ သတ်တာ ခံလိုက်ရတာမျိုးပေါ့။ သေဆုံးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်]

ချူဟွား: [အရာရှိ အများအပြားက အရက်နည်းနည်း သောက်ပြီး ကဗျာ ရေးရတာကို နှစ်သက်ကြတယ်။ သူတို့ မူးနေတဲ့အချိန် ခြေထောက်ကျိုးပြီး မြစ်ထဲ ကျသွားတာက မဆန်းပါဘူး]

[ကုန်သည်အဖွဲ့ကို ဓားပြတိုက်တာက ငွေအများကြီး ရနိုင်တယ်။ အကျိုးအမြတ်များတဲ့ စီးပွားရေးကောင်းတစ်ခုပဲ။ ဒါကလည်း နေရာအများအပြားမှာ ဓားပြတွေ အများကြီး ရှိနေပြီး ဘယ်တော့မှ ရှင်းလင်းလို့ မရနိုင်တဲ့ အကြောင်းရင်းပဲ။ နှစ်တိုင်း ဒီနည်းနဲ့ လူအများကြီး သေဆုံးကြတယ်]

[ဒါကြောင့် သူတို့က စစ်ဆေးရေး အရာရှိတွေကို အချိန်တိုအတွင်း မကြာခဏ မသတ်ဘဲ ဒီသေဆုံးနည်း နှစ်ခုကို မကြာခဏ အသုံးပြုနေသမျှ ကာလပတ်လုံး တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ဟား၊ တကယ့် အကြံအစည်ကောင်းပဲ]

Systemသည် သက်ပြင်းချလိုက်လေသည်။ [သူက စိုက်ပျိုးရေး ထွက်ကုန်တွေကို လိမ်လည် တင်ပြတဲ့ နည်းလမ်းကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ညီလာခံက ဘယ်သူမှ ဘာမှားယွင်းနေမှန်း မတွေ့ရှိခဲ့ကြဘူး]

နန်းစောင့်တပ်မှူး: "..." ဒါက သူတို့ အရည်အချင်း မရှိဘူးလို့ ဆိုလိုနေတာလား။ သူတို့က အရှင်မင်းကြီး၏ မျက်စိနှင့် နားများ ဖြစ်ကြသည်မှာ သိသာထင်ရှားသော်ငြား ဒီလို ကိစ္စမျိုးကိုတောင် မသိခဲ့ကြပေ။ သူတို့သည် ညီလာခံ၏ သိမ်းငှက်များဟူသော ဘွဲ့ထူးနှင့် မထိုက်တန်ကြပေ။ ဖေ့မင်ချန်၏ ဓားသည် လှုပ်ရှားရန် ယားယံနေလေပြီ။ ယခု ကိစ္စအတွက် ကျွမ်းကျိုးသို့ စေလွှတ်မည့် နန်းစောင့်တပ်သား စာရင်းကို သူ စဉ်းစားထားပြီးပြီ ဖြစ်သည်။

ထိုအချိန်တွင် သူသည် system၏ အလွန် လှောင်ပြောင်သော အသံကို ကြားလိုက်ရလေသည်။ [ပြီးတော့ ဖေ့မင်ချန်က နန်းစောင့်တပ်သား တစ်ယောက် ဖြစ်ပြီး ကြောက်စရာကောင်းတဲ့ နန်းစောင့်တပ် ဒုတိယတပ်မှူးလို့ ခေါ်ကြတယ်]

[နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူ့ရဲ့ ဦးလေးက စိုက်ပျိုးရေး ထွက်ကုန်တွေကို စစ်ဆေးဖို့ စေလွှတ်ခံရပြီး ထူးဆန်းတာ တစ်ခုခု တွေ့ရှိခဲ့တယ်ဆိုတာ သူ မသိခဲ့ဘူး။ သူ့ကို ကျွမ်းကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး ပေါင်ချီကျစ် က ဓားပြတွေနဲ့ ပူးပေါင်းပြီး သတ်ပစ်ခဲ့တာ။ လမ်းမှာ ဓားပြတွေ သတ်သွားတယ် ဆိုပြီးတော့လေ]

[သူက ဓားပြတချို့ကို သတ်လိုက်ရင် သူ့ဦးလေးအတွက် လက်စားချေရာ ရောက်ပြီလို့ ထင်ခဲ့ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ သံသယ မဝင်ခဲ့ဘူး။ တကယ့် ရန်သူ ပေါင်ချီကျစ်က ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်နေပြီဆိုတာ သူ မသိခဲ့ဘူး]

ဖေ့မင်ချန်: ? ? ?

ဖေ့မင်ချန်: ! ! !

သူ ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ ဘာ စေလွှတ်တာလဲ။ သူ ကိုယ်တိုင် သွားမယ်။

…

All Chapters