← Chapters

အခန်း ၆၆

Vol. 5 Ch. 66

အခန်း ၆၆

Vol. 5 Ch. 66

အပိုင်း (၆၆)

Systemသည် မျှဝေခြင်းကို စတင်လိုက်သည်။ သူ့အသံမှာ ကျယ်လောင်လွန်းသဖြင့် ချူမိသားစုမှ လူအများစု ကြားနိုင်ကြသည်။

[မမကြီးဟွား၊ မြန်မြန် ယူလိုက်! အရှင်မင်းကြီးကို အားနာမနေနဲ့]

[ငါတို့က မင်းသမီးအန်းလဲ့ရဲ့ အုတ်ဂူကို ရှာတွေ့ခဲ့ပြီး ဘဏ္ဍာတိုက် လေးခုစာ ရတနာတွေကို တူးဖော်ခဲ့ပေမဲ့ သူက နင့်ကို တစ်ပြားမှ မပေးခဲ့ဘူး။ အခုမှ ဒါလေးပဲ ပေးတယ်။ တော်တော် ကပ်စေးနှဲတာပဲ]

ချူမိသားစုမှ လူများ: "..."

နန်းစောင့်တပ်သားများ: "..."

System၏ လေသံထဲတွင် အထင်သေးမှုမှာ အလွန် ပြင်းထန်လွန်းသဖြင့် မင်းသား၅အနေနှင့် မကြားချင်ယောင်ဆောင်ရန် ခက်ခဲလှသည်။

တိုက်တိုက်ဆိုင်ဆိုင် သူက မျှစ်ကြော် ဟင်းတစ်ပွဲ (အရိုက်ခံရခြင်း) စားထားရသဖြင့် တင်ပါးနာနေသည်။ သူသည် သူတစ်ပါး မကောင်းကြံသည့်အပေါ် ဝမ်းသာအားရ ဖြစ်သွားပြီး ဘာမှ မကြောက်တော့ဘဲ တွေးလိုက်တော့သည်။ ကောင်းတယ် ထုံအာ။ နောက်ထပ် သန်းတစ်ရာလောက် ထပ်ပေးလိုက်။

Systemသည် မျှော်လင့်ချက်အတိုင်း ဒေါသများ ဆက်လက် ဖွင့်ထုတ်လိုက်ညေသည်။ [လုကျန်းရီက ဘဏ္ဍာတိုက်ကို ခိုးယူသွားတာ နင် တွေ့ရှိခဲ့လို့ သူက ဒီအခွင့်အရေးကို သုံးပြီး လုမိသားစုကို ဝင်စီးခဲ့တာလေ။ လုမိသားစုရဲ့ ရာစုနှစ်ချီ စီးပွားရေး ဝင်ငွေ တစ်ဝက်က သူ့ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲ ရောက်သွားပြီး ကျန်တစ်ဝက်က ဘဏ္ဍာတိုက်ထဲ ရောက်သွားတယ်]

[နင်က သူနဲ့ ဘဏ္ဍာတိုက်ကို အများကြီး ကူညီပေးခဲ့ပေမဲ့ ရာထူးတိုး မခံရဘူး၊ ပိုက်ဆံ မရဘူး၊ ချီးကျူးစကားတောင် မကြားရဘူး။ ကမ္ဘာပေါ်မှာ ဒီလို ကပ်စေးနှဲတဲ့ အရှင်မင်းကြီး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ Grandet တောင် သူ့ကို ဦးညွှတ်ရလောက်တယ်]

ကလေးသံလေးသည် မယုံကြည်နိုင်မှုကြောင့် မြင့်တက်သွားသည်။ အသံမှာ စူးရှလွန်းသဖြင့် ကြားရသူတိုင်း နားကို ပိတ်မထားဘဲ မနေနိုင်ကြတော့ပေ။

ချူဟွားသည် ဒီအသံမြင့်လှိုင်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ခေါင်းကိုက်နေသည့်ကြားမှ မင်းသား၅ကို ပြန်ပြောရန် မမေ့ခဲ့ပေ။ "ဆုတော်အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား။ ကျွန်မနဲ့ မထိုက်တန်ပါဘူး”

မင်းသား၅သည် သူ့အဖေအတွက် ရှက်ရွံ့သွားတော့သည်။

ဒါက ဘယ်လိုလုပ် ဆုလာဘ် ဖြစ်နိုင်မှာလဲ။ ဒါက သူ့အဖေ ကပ်စေးမနှဲကြောင်း သက်သေပြဖို့နဲ့ ဖုံးကွယ်ဖို့ သူ့နာမည်ကို သုံးပြီး ပေးလိုက်တာ သေချာနေတာပဲ။ သေးသိမ်လိုက်တာ။ ကပ်စေးနှဲလိုက်တာ။

"လက်ခံလိုက်ပါ” ဒီကိစ္စကြောင့် မင်းသား၅ ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားပြီး ချူဟွား နေရခက်စေမည့် 'အစ်မ' ဟု တမင်တကာ မခေါ်တော့သလို ဆက်ပြောရန်လည်း မနေတော့ပေ။

"ဆရာက အိမ်စာ ပေးထားလို့ ကျွန်တော် အရင် သွားနှင့်တော့မယ်”

ချူဟွားက သူ့ကို လမ်းတစ်ဝက်လောက်အထိ လိုက်ပို့ပေးလိုက်သည်။ မင်းသား၅က သူ့ရဲ့ မူမမှန်သေးသော လမ်းလျှောက်ပုံကို အကောင်းဆုံး ဖုံးကွယ်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရတော့ သူမလည်း စိတ်ထဲတွင် သိလိုက်သည်။ သူ အရိုက်ခံလိုက်ရတာလား။

အကြောင်းရင်းကို မသိရသလို မျှဝေပြောဆိုချိန်တွင် ဖရဲသီးစားရန် အဆင်မပြေသဖြင့် သူမလည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။

[ထုံအာ၊ အံ့ဖွယ်ခုံးခုံး လှုပ်ရှားတော့မှာလား]

System: [မလှုပ်ရှားသေးဘူး၊ သူက မြို့တော် ပတ်ဝန်းကျင်မှာ ကစားရင်း ထောက်လှမ်းနေတုန်းပဲ]

ဒါက နန်းစောင့်တပ်သားများကို စိတ်ဒုက္ခရောက်စေသည်။ သူတို့က အံ့ဖွယ်ခုံးခုံး၏ ရုပ်ရည်ပုံသဏ္ဌာန်ကို မသိသလို အံ့ဖွယ်ခုံးခုံး သွားခဲ့သည့် နေရာအတိအကျကိုလဲ မသိကြပေ။ ထို့ကြောင့် သူတို့မှာ နောက်ယောင်ခံလိုက်လို့ မရဘဲ တစ်ဖက်လူက စတင် လှုပ်ရှားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရလေသည်။ အခြေအနေက အနည်းငယ် ခံစစ်ဆန်နေ၏။

အချိန်မတန်သေးမှန်း သိသဖြင့် ချူဟွားလည်း ဆက်မမေးတော့ဘဲ ဆရာနှစ်ယောက် ပေးထားသော အိမ်စာများကိုသာ အာရုံစိုက်လိုက်သည်။ ဒီဆရာကြီးနှစ်ယောက်က သူမကို သင်ကြားပေးနိုင်မည့် အချိန်ကာလကို မသိရသဖြင့် သူမ ရနိုင်သလောက် အချိန်အတွင်း တတ်နိုင်သမျှ များများ သင်ယူရပေမည်။ ဆရာတိုင်းက ဝီရိယရှိပြီး စာကြိုးစားသော ကျောင်းသားများကို နှစ်သက်ကြရာ သူမအနေဖြင့် သူတို့၏ သဘောကျမှုကို ဒီနည်းဖြင့် တိုးမြှင့်ရလိမ့်မည်။

သူမ မသိလိုက်သည်မှာ သူမတွင် အပိုအကူတစ်ယောက် ရှိနေခြင်းပင်။

မင်းဆရာကြီးက သူ အနည်းငယ် သာသည်ဟု ထင်ပြီး မင်းဆရာအိုကြီးဆီ တမင်တကာ သွားကြွားလေသည်။

"ငါ့ရဲ့ ဒီကျောင်းသားက ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်သမျှကို မှတ်မိနိုင်တဲ့ စွမ်းရည်ရှိတယ်။ သူက စာအုပ်ကြီးလေးအုပ်နဲ့ ကျမ်းငါးစောင်၊ နန်းတွင်းစာမေးပွဲတွေနဲ့ မူဝါဒဆိုင်ရာ မေးခွန်းတွေကို လေ့လာဖူးတယ်။ ကံမကောင်းတာက သူက မိန်းကလေး ဖြစ်နေတာပဲ။ အရင်တုန်းက ဆရာကောင်း မရှိခဲ့လို့ ကိုယ့်ဘာသာကိုယ်ပဲ လေ့လာခဲ့ရတာ။ မဟုတ်ရင် သူ့အရည်အချင်းနဲ့ဆို သားအဖတွေနဲ့ ညီအစ်ကိုနှစ်ယောက် ညီလာခံမှာ အတူတူ အမှုထမ်းတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာမှာ”

မင်းဆရာအိုကြီး: "..." အဘိုးကြီးက သူ့မျက်နှာကို လာကြွားနေတာ၊ သူ ဘယ်လို သည်းခံနိုင်မှာလဲ။

ချက်ချင်းပင် သူက အင်္ကျီလက်စကို ဆွဲဆန့်လိုက်ပြီး သေစေနိုင်သော ထိုးနှက်ချက်တစ်ခုကို တည်ငြိမ်စွာ ပေးလိုက်လေသည်။ "သူက ငါ့ကို ဆရာအဖြစ် အရင် အသိအမှတ်ပြုခဲ့တာ”

မင်းဆရာကြီး: !!!

တစ်ကြိမ် ဆရာ တော်လိုက်ပြီး တစ်သက်လုံး အဖေပဲလေ။

သူတို့နှစ်ယောက်စလုံးက ချူဟွား၏ ဆရာများ ဖြစ်ကြသော်လည်း အစီအစဉ်တကျတော့ ရှိနေသည်။

မင်းဆရာကြီးက မနက်ပိုင်းမှာ ကိစ္စရှိနေပြီး အခွင့်အရေးကို မင်းဆရာအိုကြီးက လုယူသွားသည့်အတွက် ကြိတ်ပြီး နောင်တရနေမိသည်။ သို့ပေသိ သူသည် လုံးဝ ရှုံးနိမ့်သွားခြင်းတော့ မဟုတ်။

"ငါက မင်းထက် စာပိုသင်ပေးတယ်၊ မင်းထက် ပိုကြာကြာ သင်ပေးတယ်၊ ပြီးတော့ မင်းထက် အိမ်စာ ပိုပေးခဲ့တယ်”

ဒီဘက်မှာတော့ သူ နိုင်ပြီ! မင်းဆရာကြီး၏ မျက်ခုံးများတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။ စိတ်ဓာတ်တက်ကြွလွန်းသဖြင့် ရုတ်တရက် နှစ်အနည်းငယ် ငယ်သွားသလိုပင်။

မင်းဆရာအိုကြီး: "..." မင်းက ကလေးလား။ ဒီလိုကိစ္စမျိုးမှာတောင် ပြိုင်ချင်နေသေးတာလား!

"ဟက်၊ ငါ မင်းနဲ့ မငြင်းတော့ဘူး”

မင်းဆရာအိုကြီးက အပေါ်ယံတွင် ဂရုမစိုက်သလို ဟန်ဆောင်လိုက်သော်လည်း အမှန်တကယ်တော့ သူသည် အိမ်ပြန်ရောက်သည်နှင့် မနက်ဖြန် အတန်းအတွက် ပြင်ဆင်လေတော့သည်။

မင်းဆရာကြီးက သူ့ထက် ဘယ်လောက် ပိုသင်ပေးခဲ့လဲ ဆိုတာ သူ မသိသလို ချူမိသားစုဆီ လူလွှတ်ပြီး မေးဖို့လည်း မလွယ်ကူပေ။ ထို့ကြောင့် သူ တတ်နိုင်သမျှ ပြင်ဆင်ရုံသာ တတ်နိုင်တော့သည်။

ချူဟွား ဒီလောက်အများကြီး သင်ယူနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီးတော့ကော။

သူမမှာ အခြေခံ အသင့်အတင့် ရှိပြီးသား၊ ပြီးတော့ ဓာတ်ပုံရိုက်သလို မှတ်မိတဲ့ ဉာဏ်လဲ ရှိတော့ သေချာပေါက် လုပ်နိုင်မှာပါ။

နောက်တစ်နေ့တွင် မင်းဆရာအိုကြီး၏ စာသင်နှုန်း ပိုမြန်လာကြောင်း၊ သင်ခန်းစာ အကြောင်းအရာ ပိုများလာကြောင်းနှင့် အိမ်စာ ပိုများလာကြောင်း ချူဟွားနှင့် မင်းသား၅တို့ တွေ့ရှိလိုက်ရသည်။

မနေ့တုန်းကတော အစမ်းသင်ကြားရေး ဖြစ်မယ်။ ကျောင်းသားတွေရဲ့ လက်ခံနိုင်စွမ်းကို နားလည်ပြီးနောက် ဒီနေ့မှ နည်းနည်း မြန်လာတာ ပုံမှန်ပါပဲ။

ချူဟွားနှင့် မင်းသား၅တို့ ကိုယ့်ကိုယ်ကိုယ် ဒီလို နှစ်သိမ့်လိုက်ကြသည်။

သို့သော် သင်ကြားပေးနေသူများနှင့် သူတို့၏ဆက်ဆံရေးကို စဉ်းစားမိလိုက်သည်တွင် မကောင်းသည့် နိမိတ်တစ်ခုကို ခံစားလိုက်ရလေသည်။

မွန်းလွဲပိုင်းတွင်တော့ ထိုနိမိတ် မှန်ကန်ကြောင်း ပေါ်လာတော့သည်။ - မင်းဆရာကြီးလည်း ထိုနည်းအတိုင်း လုပ်ဆောင်လေသည်။

ချူဟွား: "..."

မင်းသား၅: "..."

မင်းဆရာကြီး ထွက်သွားသည်နှင့် ချူဟွား systemကို အလျင်အမြန် လှမ်းတို့လိုက်သည်။ [ထုံအာ?]

Systemတစ်ယောက်တော့ တိတ်တိတ်လေး ဖရဲသီးစားပြီးဖြစ်သည်။ ဒီကိစ္စကို သီးသန့် စကားပြောစရာ မလိုမှန်း သိသဖြင့် အဖွဲ့လိုက် စကားပြော မုဒ်ဖြင့် ပြောလိုက်လေသည်။

[မနေ့က မင်းဆရာကြီးက နင့်ကို သင်ခန်းစာ ပေးပြီးတော့ မင်းဆရာအိုကြီးဆီ သွားပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကြွားခဲ့တာလေ။ မင်းဆရာအိုကြီးက ဘယ်လောက် ခေါင်းမာလိုက်လဲ။ ပြန်လာတာနဲ့ သူက နင့်ကို အပိုသင်ခန်းစာ နှစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်]

[မင်းဆရာကြီးက မကြွားခင်ကတည်းက ဒါကို ကြိုတွေးထားပြီးသား။ ပြီးတော့ မင်းဆရာအိုကြီး ထပ်ထည့်နိုင်မဲ့ သင်ခန်းစာတွေအပေါ် မူတည်ပြီး သူက အတန်းတွေ ထပ်ထည့်လိုက်တာ။ ဒါကြောင့် နင်တို့နှစ်ယောက် အပိုအတန်းတွေ တက်ရတော့မှာ]

ချူဟွား: "..."

မင်းသား၅: "..."

တခြားသူများ: "..."

Systemက ဆက်ပြောလိုက်သည်။ [ဒီနှစ်ယောက်က ငယ်ငယ်တုန်းကတည်းက စာကြမ်းပိုးအဖြစ် နာမည်ကြီးတာလေ။ အခု သူတို့မှာ ကျောင်းသား နှစ်ယောက် ထပ်ရလာပြီး အချင်းချင်းတောင် စပြီး ပြိုင်ဆိုင်နေကြပြီ]

[ဒီနေ့ကို မနေ့ကနဲ့ ယှဉ်မယ်၊ မနက်ဖြန်ကို ဒီနေ့နဲ့ ယှဉ်မယ်၊ နင့်ကို သူနဲ့ ယှဉ်မယ်၊ ဆရာနှစ်ယောက် အချင်းချင်း ယှဉ်မယ်။ ယှဉ်ပြိုင်မှုရဲ့ အဆုံးက ဘယ်မှာလဲ။ ပိုကြမ်းတာပဲ ရှိတယ်၊ အကြမ်းဆုံး ဆိုတာ မရှိဘူး]

[ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက် မလိုချင်ရင်တောင် ကြမ်းရမှာပဲ။ အဲဒီဒဏ်နဲ့ မသေရင်တောင် စာကြမ်းပိုးဒဏ်နဲ့ သေလိမ့်မယ်]

ချူဟွား: "..."

မင်းသား၅: "..."

အတင်းအကျပ် စာကြမ်းပိုး ဘုရင် ဖြစ်ခိုင်းခံရတာ အဆင်ပြေရဲ့လား။

သူ ငြင်းချင်ပေမဲ့ ဆရာနှစ်ယောက်က အသက် ၇၀ နီးပါး ရှိနေတာတောင် စာသင်ဖို့ ပြင်ဆင်နေကြတုန်းပဲ။ သူတို့မှာ ငြင်းဖို့ အခြေအနေတကယ် မရှိတာပဲ။

ထိုနေ့ကစပြီး သူတို့နှစ်ယောက်ခမျာ ခက်ခဲကြမ်းတမ်းသော သင်ယူမှု လောကထဲ ကျရောက်သွားတော့သည်။

ချူဟွားမှာ ဖရဲသီးစားဖို့ စိတ်ကူး မရှိတော့ပေ။ အံ့ဖွယ်ခုံးခုံး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်ပြီလားဟု systemကို တစ်နေ့ သုံးကြိမ် မေးရသည်။ သူက ထောက်လှမ်းနေတုန်း ဆိုလျှင်တော့ သူမကလည်း ဆက်လက်ပြီး ကြိုးစားလေ့လာနေလိုက်သည်။

မင်းသား၅မှာလည်း Drama Queen လုပ်ရန်၊ ဝမ်းတွင်းမည်းလုပ်ရန်၊ တခြားသူများက သူ့လှည့်စားတာ ခံရတာကို ကြည့်ဖို့ရန် စိတ်ကူး မရှိတော့ပေ။ သူ့စိတ်ထဲတွင် ဆရာနှစ်ယောက်၏ အတန်းများဖြင့်သာ ပြည့်နှက်နေသည်။

စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ သူက ၉ နှစ်အရွယ် ကောင်လေးစစ်စစ် ဖြစ်သည်။ သူ့တိုးတက်မှုက ချူဟွားထက် နှေးကွေးလေသည်။

ရံဖန်ရံခါ သူ မသိ၊ နားလည်ရန် ခက်ခဲသော အကြောင်းအရာများကို တွေ့သောအခါ ချူဟွားကို ရှာရန် ချန်ဟွားကျွီသို့ ခြေလှမ်းအနည်းငယ် လမ်းလျှောက်သွားတတ်သည်။ အလွန် အဆင်ပြေသလို တစ်စုံတစ်ယောက်နှင့် အတူတူ လေ့လာပြီး အပြန်အလှန် ပြောဆိုဆွေးနွေးရသည့် အကျိုးကျေးဇူးများကိုလည်း သူ သဘောပေါက်လာသည်။

မင်းသား၅က စကားပြောရ လွယ်ကူပြီး သူမနှင့် ဟန်ဆောင်မှု မရှိသည်ကို တွေ့ရသဖြင့် ချူဟွားကလည်း သူ့ကို မေးခွန်းတချို့ မေးတတ်သည်။

ဒီကာလအတွင်း ချူချင်းသည် နန်းတွင်း သံတမန်အဖြစ် တောင်ပိုင်းသို့ သွားရောက်ခဲ့သည်။

ချူဟွားသည် သူမ၏ အစ်ကိုအဖြစ် ဟန်ဆောင်ပြီး မနက်စောစော လေအေးထဲတွင် ညီလာခံ တက်စရာ မလိုတော့ပေ။ နေ့ဘက်တွင် အိမ်၌ စာသင်ပြီး ညဘက်တွင် system၏ ဖွင့်ဟချက်များအရ အံ့ဖွယ်ခုံးခုံး၏ ဝင်ရောက်လာမည့်လမ်းနှင့် ထွက်ပြေးမည့် လမ်းကြောင်းများကို မြေပုံဆွဲသည်။

အရှင်မင်းကြီးနှင့် လင်ယိုတို့က နန်းစောင့်တပ်သားများ ဆွဲပေးသော ပုံများအတိုင်း ဘဏ္ဍာတိုက်နှင့် မြို့တော်တွင် ထောင်ချောက်များနှင့် တပ်ဖွဲ့များကို ချထားလိုက်သည်။ ချူဟွား ကျရှုံးခဲ့ပါက အံ့ဖွယ်ခုံးခုံးကို တစ်ချက်တည်း ဖမ်းဆီးနိုင်ရန်နှင့် ယခင်က အရှက်ကွဲခဲ့ရခြင်းအတွက် လက်စားချေရန် သေချာအောင် ပြင်ဆင်ထားလေသည်။

နှစ်ဖက်စလုံး ကောင်းစွာ သိရှိထားသော လျှို့ဝှက် သတင်းရင်းမြစ်အတွက် ချူဟွားသည် ဘဏ္ဍာတိုက်ထဲသို့ ကြိုတင် ဝင်ရောက်ပြီး သုံးညဆက်တိုက် စောင့်ကြပ်နေဟန်ဆောင်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးတို့သည် မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့ ထပ်မံ ကြိုးစားပမ်းစား သင်ပေးနေကြသည်ကို သိရှိထားကြလေသည်။ သူမ၏ ကျောင်းစာများ အလွန် လေးလံနေသည်ကို သိသဖြင့် သူမအတွက် စာကြည့်စားပွဲ၊ ဖယောင်းတိုင်များ၊ ရေနှင့် အစားအစာများကို သေသေချာချာလေး ထည့်တွေးကာ ပြင်ဆင်ပေးထားကြသည်။

ထို့ကြောင့် လှုပ်ရှားမည့်ညတွင် အံ့ဖွယ်ခုံးခုံးသည် စစ်ဆေးရေးကို ရှောင်ရှားရန် နံရံများကို ကျော်တက်ပြီး အမိုးစွန်းများကို ကျော်ဖြတ်နေစဉ် ချူဟွားသည် ဖယောင်းတိုင်များနှင့် ညပုလဲများ၏ အလင်းရောင်အောက်တွင် စာဖတ်ပြီး အိမ်စာ လုပ်နေလေသည်။

အံ့ဖွယ်ခုံးခုံးသည် အလုပ်သမားဝန်ကြီးဌာနက စီစဉ်ထားသော ယန္တရားများကြောင့် ဆန်ခါပေါက် ဖြစ်လုနီးပါး ဖြစ်နေချိန်တွင် ချူဟွားသည် စာဖတ်ရတာ ပင်ပန်းလာသဖြင့် အားလပ်ချိန်တွင် သစ်သီးတစ်လုံးကို အေးဆေးစွာ စားနေလေသည်။

အံ့ဖွယ်ခုံးခုံးသည် ထောင်ချောက်အားလုံးကို ကျော်ဖြတ်ပြီး မောဟိုက်နေစဉ် သာ့ရှန်း ဘဏ္ဍာတိုက်သည် သူ့ရှေ့လူများ ပြောသလောက် ဝင်ရ လွယ်ကူခြင်း မရှိကြောင်း တိတ်တဆိတ် ညည်းတွားလိုက်မိသည်။ သူသည် ဘဏ္ဍာတိုက် အစစ်ထဲသို့ တစ်ချက်တည်း ဝင်ရောက်သွားသည်။ ရတနာများစွာကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်မှုထဲ နစ်မြောနေစဉ် ရတနာများစွာ ဝန်းရံထားသော ချူဟွားကိုလည်း တွေ့လိုက်ရလေသည်။

ဘဏ္ဍာတိုက်ထဲမှာ ဘယ်လိုလုပ် လူရှိနေတာလဲ။

...

All Chapters