← Chapters

အခန်း ၇၁

Vol. 5 Ch. 71

အခန်း ၇၁

Vol. 5 Ch. 71

အပိုင်း (၇၁)

ချူဟွားကို စာသင်ကြားပေးရန်မှာ ပြဿနာ မရှိသော်လည်း ယခုအချိန်တွင် သူမ၏ သင်ကြားရေးအချိန်ဇယားသည် အလွန် ကြပ်တည်းနေလေသည်။ နံနက်ပိုင်းတွင် မင်းဆရာကြီး၊ မွန်းလွဲပိုင်းတွင် မင်းဆရာအိုကြီး၊ ညပိုင်းတွင် ရှန်လု ဖြစ်ရာ အားလပ်ချိန် မည်သည့်နေရာတွင် ရှိပါတော့မည်နည်း။

အရှင်မင်းကြီးသည် ချူဟွားထံမှ ကောင်းမွန်သော အရာများကို မည်မျှပင် ရယူလိုပါစေ၊ အခြား သင်ခန်းစာများကို ထပ်မံ စီစဉ်ပေးရန် မဖြစ်နိုင်တော့ပေ။

စဉ်းစားပြီးရင်း စဉ်းစားပြီးနောက် ဝမ်းနည်းစွာ လက်လျှော့လိုက်ရလေသည်။

သူ့ထက် ပိုပြီး ဝမ်းနည်းရသူမှာ စစ်သူကြီးရွှမ်ဝေ ဖြစ်လေသည်။

ရှန်လုသည် ကြယ်များကို ကြည့်ရှုနည်း သင်ကြားပေးရုံဖြင့် မှန်ပြောင်းကို လက်ဆောင်ရရှိခဲ့ရာ အကယ်၍ သူသာ အခြားအရာများကို သင်ကြားပေးခဲ့ပါက စစ်တိုက်ရာတွင် ပိုမို အသုံးဝင်သော ပစ္စည်းများကို ရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မည်ဟု တွေးတောနေမိသည်။

သို့သော် ကံမကောင်းစွာဖြင့် လက်ဦးမှု ရယူရန် နောက်ကျခဲ့လေပြီ။

မင်းဆရာကြီးနှင့် အခြား အရပ်ဘက် မှူးမတ်များသည် ချူဟွား၏ ဆရာဖြစ်ရန် လုယက်နေကြစဉ်ကတည်းက စစ်ဘက်မှူးမတ်များသည်လည်း ဝင်ရောက် ယှဉ်ပြိုင်သင့် မသင့် စဉ်းစားခဲ့ကြသော်လည်း ချူဟွားကို ဘာသင်ပေးရမှန်း မသိသဖြင့် လက်လျှော့ခဲ့ကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော အကျိုးကျေးဇူးများ ရှိမည်မှန်းသာ စောစီးစွာ သိရှိခဲ့လျှင် မြင်းစီးခြင်းနှင့် မြားပစ်ခြင်းမှစ၍ ကိုယ်ခံပညာအထိ သူတို့သည် အလှည့်ကျ စီစဉ်ပြီး သင်ကြားပေးခဲ့ကြပေလိမ့်မည်။

ဟေ။ ချူဟွား၏ ဆရာများ ဖြစ်ကြပြီး အချိန်အကြာပြီး သင်ကြားပေးခဲ့သော်လည်း မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် မည်သည့် လက်ဆောင်မှ မရရှိခဲ့သည်ကို စစ်သူကြီးရွှမ်ဝေသည် ရုတ်တရက် သတိရသွားလေသည်။

သူ လှည့်ကြည့်လိုက်သောအခါ ဆရာအိုကြီး နှစ်ဦး၏ မျက်နှာထား မကောင်းသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် ကျေနပ်သွားတော့၏။

ချူဟွားသည် အမည်ခံအားဖြင့် ပဉ္စမမင်းသား၏ စာဖတ်ဖော်သာ ဖြစ်ပြီး အတန်းကို ကပ်လိုက်ရသူ ဖြစ်သဖြင့် ဆရာအိုကြီး နှစ်ဦး၏ တရားဝင် တပည့်ရင်း မဟုတ်သော်လည်း ယဉ်ကျေးမှုကို မပစ်ပယ်ဘဲ ဆရာကန်တော့ပွဲကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

သို့သော် စည်းမျဉ်းများနှင့် ကိုက်ညီသော ဆရာကန်တော့ပွဲ လက်ဆောင်သည် မှန်ပြောင်းကဲ့သို့သော အရာများနှင့် နှိုင်းယှဉ်နိုင်ပါမည်တဲ့လား။

နှိုင်းယှဉ်စရာ မရှိစဉ်က ဘာမှ မဖြစ်သော်လည်း နှိုင်းယှဉ်လိုက်သည်နှင့် သူတို့သည် မြေကြီးအောက် ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဆရာအိုကြီး နှစ်ဦး၏ စိတ်နှလုံးသည် အချဉ်ပေါက်နေကြပြီး စာဖတ်ဖော် ဖြစ်နေခြင်းကြောင့်လား သို့တည်းမဟုတ် သူတို့သည် ရှန်လုလောက် ရုပ်ရည် မချောမောသောကြောင့်လားဟု သံသယ ဝင်နေကြလေတော့သည်။

ကြယ်တာရာကြည့် မျှော်စင်ထက်တွင် ဖြစ်ပျက်ခဲ့သော ရယ်စရာ အကြောင်းအရာများစွာကို systemက ချူဟွားအား အစအဆုံး ပြန်လည် ပြောပြခဲ့ပြီး အထူးသဖြင့် အရှင်မင်းကြီးက စစ်သူကြီးရွှမ်ဝေကို သူမအား သင်ကြားပေးစေလိုသော အတွေးကိုပါ ထည့်သွင်း ပြောပြခဲ့သည်။

ဤအရာသည် ချူဟွား၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့သည်။

မှန်ပြောင်းကို လက်ဆောင်အဖြစ် ရွေးချယ်ခြင်းမှာ ရှန်လုက ကြယ်ကြည့်ခြင်းကို နှစ်သက်သောကြောင့် ဖြစ်ပြီး အကယ်၍ သူသာ လက်မခံခဲ့လျှင် နက္ခတ္တဗေဒဆိုင်ရာ မှန်ပြောင်းကို ငါးစာအဖြစ် အသုံးပြုနိုင်သည့်အပြင် စစ်ဘက်ဆိုင်ရာ တံခါးပေါက်ကို ခေါက်ရန် ရည်ရွယ်ချက် အနည်းငယ်လည်း ပါဝင်လေသည်။

ထင်ထားသည့်အတိုင်းပင်။ ရလဒ်က မဆိုးလှပေ။

မိုင်တစ်ထောင်အကွာအဝေးမှ ရန်သူကို လှမ်းမျှော်ကြည့်ရှုနိုင်သော မှန်ပြောင်းသည် ဤခေတ်၏ စစ်ပွဲဆိုင်ရာ လက်နက်များထဲမှ တစ်ခု ဖြစ်လေသည်။

သူတပါးလက်ထဲသို့ ရောက်ရှိသွားပြီး လျင်မြန်စွာ တုပခံရကာ သာ့ရှန်းကို ပြန်လည် တိုက်ခိုက်လာမည်ကို စိုးရိမ်ခြင်း မရှိပါက သူမနှင့် မုန့်ဟန်သည် လက်ရှိ နည်းပညာဖြင့် ပြုလုပ်နိုင်သော အမြင့်ဆုံး စံချိန်မီ မှန်ပြောင်းအဖြစ် အဆင့်မြှင့်တင်ရန် နှစ်ရက်တာ အချိန်ပေးခဲ့မည် မဟုတ်ပေ။

မမျှော်လင့်သော အခြေအနေများကို ကာကွယ်ရန်အတွက် မုန့်ဟန်သည် ၎င်း၏ အတွင်းပိုင်းတွင် ကိုယ်တိုင် ဖျက်ဆီးနိုင်သော စက်ကိရိယာ အနည်းငယ်ကို ထည့်သွင်းထားသည်။ မှန်ကန်သော အဆင့်ဆင့်ဖြင့် ဖြုတ်ယူခြင်း မပြုလုပ်ပါက အတွင်းပိုင်း အစိတ်အပိုင်းများကို ပျက်စီးသွားလိမ့်မည်။

သို့သော် အဆုံးစွန်ထိ ပြောရလျှင် မှန်ပြောင်းသည် ထိုမျှသာ ဖြစ်လေသည်။ ၎င်း၏ သဘောတရားကို နားလည်သွားသည်နှင့် လျင်မြန်စွာ တုပနိုင်မည် ဖြစ်ပြီး အဝေးကြီး မကြည့်နိုင်ခြင်းမျိုးသာ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

အရေးအကြီးဆုံးမှာ နေရာအနှံ့ ပျံ့နှံ့မသွားစေရန်နှင့် လျှို့ဝှက်ထားရန်ပင်။

Systemသည် မျှော်လင့်တကြီးဖြင့် လက်များကို ပွတ်သပ်လိုက်သည်။ [သံပူတုန်း ထုလိုက်ကြမလား]

ချူဟွား: [မလုပ်တော့ဘူး၊ သင်ခန်းစာ အချိန်ဇယားက မဆံ့တော့ဘူး]

System: [ဟုတ်သားပဲ၊ ခေတ်သစ်မှာတောင် ၅ ရက်တက် ၂ ရက်နားရသေးတာ၊ နင့်မှာကျတော့ အခု နားရက်တောင် လုံးဝ မရှိရှာဘူး]

ချူဟွား: [ငါ မတတ်တဲ့အရာတွေက များလွန်းအားကြီးတယ်၊ တခြားသူတွေ ဆယ်စုနှစ်နဲ့ချီပြီး သင်ယူခဲ့တဲ့ အရှိန်ကို မီချင်ရင် ပိုပြီး ကြိုးစားမှ ရမှာ]

လေးစောင်တွဲကျမ်းနှင့် ငါးစောင်တွဲကျမ်းသည် နိုင်ငံဝန်ထမ်း စာမေးပွဲ ဖြေဆိုမည့် မှူးမတ်များအတွက် အခြေခံအကျဆုံး လိုအပ်ချက်များသာ ဖြစ်သည်။ ချူဟွားသည် ထိုအရာကို မကျွမ်းကျင်ခြင်းကြောင့် တစ်နေ့နေ့တွင် အမျိုးသမီးများသည် စာပေလေ့လာရန်နှင့် အရာရှိဖြစ်ရန် မသင့်တော်ကြောင်း တိုက်ခိုက် ပြောဆိုခံရပြီး အမျိုးသမီးထုကြီး တစ်ရပ်လုံးကို ဆွဲချမိမည်ကို မလိုလားပေ။

လောကတွင် ထူးချွန်သော အရည်အချင်း တစ်ခုကြောင့် ကင်းလွတ်ခွင့်ရပြီး အရာရှိ ဖြစ်လာသူများ မရှားပါးသော်လည်း သူမသည် systemကို အပ်နှံလိုက်ပြီး ညွှန်ကြားချက်များကို နာခံကာ လုံးဝ အနားယူလိုက်သော ပိုမို လွယ်ကူသည့် လမ်းကြောင်းကို ရွေးချယ်နိုင်သည်။

သို့သော် ထိုသို့ လုပ်ဆောင်လိုက်ပါက အကျိုးကျေးဇူး ခံစားရသူမှာ သူမ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

အမျိုးသမီးထုကြီး ကောင်းစားရေးအတွက် တစ်စုံတစ်ရာ မလုပ်ဆောင်ပေးပါက ကူးပြောင်းလာသူနှင့် system ဟူသော အထူးအခွင့်အရေး နှစ်ရပ်ကို ပိုင်ဆိုင်ထားသည့် အခြေအနေနှင့် ထိုက်တန်တော့မည် မဟုတ်ပေ။

Systemကလည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက ချူဟွား၏ အခြေခံသည် အလွန် အားနည်းလွန်းပြီး ကျားမ ကွာခြားချက်၏ အားနည်းချက်များလည်း ရှိနေသည်ကို သိရှိထားရာ မည်မျှပင် စိတ်မကောင်း ဖြစ်စေကာမူ အားပေးရုံသာ တတ်နိုင်လေသည်။

[မမကြီးဟွား လုပ်ထား၊ ငါ နင့်ကို အားပေးနေတယ်]

ချူဟွား: [ကျေးဇူးပဲ ထုံအာရေ]

မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် အရှင်မင်းကြီး၏ ခေါ်ယူခြင်း ခံရသဖြင့် နန်းတော်သို့ ရောက်ရှိနေကြရာ ယခုအချိန်တွင် ချူဟွားနှင့် ပဉ္စမမင်းသားတို့သည် စာကြည့်ခန်းထဲ၌ ကိုယ်တိုင် စာဖတ်နေကြသည်။

Systemသည် စကားအနည်းငယ် ပြောပြီးနောက် ဖရဲသီးခင်းထဲသို့ ဝင်ရောက်သွားပြီး ချူဟွား၏ လေ့လာမှုကို အနှောင့်အယှက် မပေးတော့ပေ။

ချူဟွားသည် အစီအစဉ်အတိုင်း လေ့လာလေသည်။ နံနက်ပိုင်းတွင် လေးစောင်တွဲကျမ်း၊ မွန်းလွဲပိုင်းတွင် ငါးစောင်တွဲကျမ်း၊ ညပိုင်းတွင် နက္ခတ္တဗေဒကို သင်ယူသည်။

လေးစောင်တွဲကျမ်းနှင့် ငါးစောင်တွဲကျမ်း လေ့လာမှုသည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်ပြီး ဆရာနှစ်ဦးနှင့် အံဝင်ခွင်ကျ ဖြစ်မှုသည်လည်း အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သည်။ အခက်ခဲဆုံးမှာ နက္ခတ္တဗေဒပင်။

ယခင်ဘဝက သူငယ်ချင်း၏ ကျေးဇူးကြောင့် သူမသည် ကြယ်အများစုနှင့် ၎င်းတို့၏ ကြယ်စုများကို မှတ်မိသော်လည်း ထို့ထက်ပိုပြီး မသိရှိပေ။

ရှန်လုသည် အံ့ဩခြင်း မရှိဘဲ သုညမှစကာ စိတ်ရှည်လက်ရှည် သင်ကြားပေးလေသည်။

အရပ်ထဲတွင် ဤကဲ့သို့သော အမွေအနှစ်မျိုး မရှိသဖြင့် ချူဟွားသည် စာသင်ချိန် အလွန် များပြားနေသည့်ကြားမှ သုံးရက်အတွင်း ကြယ်ပုံစံကားချပ် တစ်ခုလုံးကို မှတ်သားနိုင်ပြီး ကြယ်များစွာကို တိကျစွာ ခွဲခြား ဆွဲသားနိုင်ခြင်းသည် မဆိုးလှပေ။

ရှန်မိသားစုအိမ်တွင် တစ်လခန့် သင်ကြားပေးပြီးနောက် ရှန်လုသည် ချူဟွားကို ခေါ်ဆောင်ကာ နန်းတော်သို့ ဝင်ရောက်ခဲ့သည်။

နေ၊ လ၊ ကြယ်၊ လေ၊ တိမ်နှင့် တိရစ္ဆာန်များ၏ နိမိတ်များကို ကြည့်ရှုပြီး ရာသီဥတု ပြောင်းလဲမှုကို ဆုံးဖြတ်ခြင်းအပြင် ပိုမို တိကျသော တွက်ချက်မှုများ ပြုလုပ်ရန် ကျွမ်းကျင်သော ကိရိယာများကိုလည်း အသုံးပြုနိုင်သည်။

ချူဟွားသည် ကိရိယာများအပေါ် အလွန်အကျွံ မှီခိုသွားမည်ကို စိုးရိမ်သဖြင့် ရှန်လုသည် သူမအတွက် အခြေခံများကို တစ်လခန့် သင်ကြားပေးပြီးမှ ကိရိယာများကို လေ့လာစေခြင်း ဖြစ်သည်။

နန်းတော်ထဲတွင် အသစ် တည်ဆောက်ထားသော ကြယ်တာရာကြည့် မျှော်စင်ပေါ်တွင် ရှန်လု ပြုပြင်မွမ်းမံထားသော ကိရိယာများစွာကို တပ်ဆင်ထားသည်။ တိုင်းပြည်ဘဏ္ဍာငွေ လျန်ငွေတစ်သောင်းခန့်သည် ဤနေရာတွင် အကုန်အကျ ခံထားရခြင်း ဖြစ်သည်။ လက်မှုပညာ လိုအပ်ချက် အလွန် မြင့်မားပြီး စံချိန်မီရန်အတွက် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သောကြောင့် ဖြစ်သည်။

ဤနေရာတွင် မိုးနှင့် နှင်းများကို တိုင်းတာသည့် သီးသန့် ကိရိယာများ ရှိသလို ငလျင်ကို တိုင်းတာနိုင်သည့် မြေငလျင်တိုင်း ကိရိယာများလည်း ရှိသည်။

ရှန်လုသည် ချူဟွားကို ခေါ်ဆောင်ကာ တစ်ကြိမ် အသုံးပြုပြပြီးနောက် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သောအခါ အတွင်းပိုင်း ဖွဲ့စည်းပုံများကို စတင် သင်ကြားပေးလေသည်။

"ဒီကိရိယာတွေက အခုတော့ သုံးလို့ကောင်းနေပေမဲ့ တစ်သက်လုံး ကောင်းနေမှာ မဟုတ်ဘူး။ ဒီကိရိယာတွေက ဘာကြောင့် သုံးလို့ရလဲ၊ ပျက်သွားရင် ဘယ်လို ပြင်ရမလဲ၊ ထပ်ပြီး ပြုပြင်မွမ်းမံလို့ ရမလား ဆိုတာတွေကို မင်း သိထားရမယ်"

သူက တွေးမိလိုက်သည်။ ချူဟွားက အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတဲ့ မှန်ပြောင်းကို လုပ်နိုင်တာပဲ။ ဒီအခြေခံ သဘောတရားတွေနဲ့ ရင်းနှီးသွားရင် ဒီပစ္စည်းကိရိယာတွေကို သေချာပေါက် အဆင့်မြင့်တင်ပေးနိုင်လိမ့်မယ်။

တစ်နေ့ကျရင် သူ့ကို ကြယ်တာရာတွေကို မြင်စေနိုင်မဲ့ မျက်လှည့်ဆန်ဆန် ပစ္စည်းကိရိယာတစ်ခု လုပ်ပေးနိုင်လောက်တယ်။

အဲဒီနေ့တုန်းကလဲ အဝေးကြည့်မှန်ပြောင်းက ဒီအတိုင်း စရံငွေသက်သက်ပဲလို့ ပြောခဲ့တာပဲလေ။

လဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။

တစ်လခန့် ကုန်ဆုံးသွားခဲ့သည်။

ချူဟွားသည် အလွန် အလေးအနက်ထား သင်ယူခဲ့ပြီး အိပ်ချိန်ကိုပင် လျှော့ချခဲ့သော်လည်း နက္ခတ္တဗေဒနှင့် ဗေဒင်ပညာရပ်တွင် သူမ၏ ပါရမီသည် အကန့်အသတ် ရှိနေသဖြင့် စိတ်လောလေ တွက်ချက်မှု မှားယွင်းလေ ဖြစ်နေပြီး system က သူမအတွက် အမှားများကို လိုက်လံ ဖုံးဖိပေးနေရသည်။

System: [မှားပြီ မှားပြီ၊ မနက်ဖြန် မိုးမရွာဘူး]

System: [မှားပြီ မှားပြီ၊ သဘက်ခါ နှင်းကျမှာ]

ချူဟွား: "..."

ရှန်လု: "..."

ချူဟွားသည် ရှားရှားပါးပါး စိတ်ဓာတ်ကျသွားလေသည်။ မည်သူမဆို နှစ်လခန့် သင်ယူပြီးသော်လည်း ဤပုံစံအတိုင်းသာ ရှိနေသေးလျှင် မိမိကိုယ်ကို သံသယ ဝင်မိကြမည်သာ။

"ငါက ဓာတုဗေဒနဲ့ပဲ သင့်တော်ပြီး၊ နက္ခတ္တဗေဒ၊ ဗေဒင်တို့နဲ့ ဓာတ်မတည့်တာများလား" သူမ မိမိကိုယ်ကို သံသယဝင်မိခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ System အတွက် အပြစ်ခံပေးရန် စဉ်းစားမထားခဲ့လျှင် စောစီးစွာကတည်းက လက်လျှော့ခဲ့ပြီး ဖြစ်သည်။

နှစ်လကျော်ခန့် သိကျွမ်းခဲ့သော်လည်း ရှန်လုသည် ချူဟွားက နက္ခတ္တဗေဒနှင့် ဗေဒင်ပညာသည် ပျင်းစရာကောင်းပြီး သင်ယူရခက်ခဲကြောင်း ညည်းညူသည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

ချူဟွားသည် သူ့ရှေ့တွင် မထုတ်ပြလိုခြင်းလား။ သို့တည်းမဟုတ် တည်ငြိမ်သော စိတ်နေသဘောထား ရှိပြီး သည်းခံနိုင်စွမ်း ကောင်းမွန်ခြင်းလား ဆိုသည်ကို သူမသိသော်လည်း ယခုကြည့်ရသည်မှာ... နှစ်မျိုးစလုံး ဖြစ်နိုင်ပေသည်။

ရှန်လုသည် လက်ဖက်ရည် နှစ်ခွက် ငှဲ့လိုက်၏။ "လက်ဖက်ရည် သောက်လိုက်ဦး"

ချူဟွား: "အင်း"

ယခုအခါ ပထမလသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့တော်ရှိ လူတိုင်းသည် ထူထဲသော ဆောင်းရာသီ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး စာသင်သည့် နေရာကိုလည်း လေဟာပြင် ခြံဝင်းထဲမှ နွေးထွေးသော စာကြည့်ခန်းသို့ ပြောင်းရွှေ့ထားကြသည်။

စာကြည့်ခန်းထဲတွင် မီးသွေးအိုး နှစ်လုံး ချထားပြီး အကောင်းစား ငွေမျှင်မီးသွေးများကို မီးရှို့ထားသဖြင့် မီးခိုးနံ့ လုံးဝ မရှိပေ။

မီးသွေးအိုးပေါ်တွင် သံဇကာကွက် တင်ထားပြီး အပေါ်တွင် နို့လက်ဖက်ရည်တစ်အိုး တည်ထားသည်။ ဘေးနားတွင် ချူဟွား ကြိုက်နှစ်သက်သော သစ်အယ်သီးနှင့် မြေပဲ အနည်းငယ်ကို တင်ထားရာ မွှေးပျံ့သော အနံ့များ ထွက်ပေါ်နေသည်။

ရှန်လုသည် အေးစက်ပြီး ချဉ်းကပ်ရ ခက်ခဲပုံ ပေါက်သော်လည်း အမှန်တကယ်တွင် သူ့စိတ်နေသဘောထားမှာ ရှေးရိုးမစွဲဘဲ အရာအများစုကို ဂရုမစိုက်တတ်ပေ။

အကယ်၍ ချူဟွားသာ မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ ရှေ့မှောက် စာကြည့်ခန်းထဲတွင် နို့လက်ဖက်ရည် တည်ပြီး သစ်အယ်သီးနှင့် မြေပဲများကို ဖုတ်နေပါက ဆရာအိုကြီး နှစ်ဦးသည် နှုတ်ခမ်းမွှေးများ တုန်ရီပြီး မျက်လုံးများ ပြူးကျယ်ကာ ဒေါသထွက်ကြမည် ဖြစ်သော်လည်း ရှန်လုကတော့ ကောင်းမွန်စွာ လက်ခံလေသည်။

ရာသီဥတု အေးလာသည်နှင့် ချူဟွားသည် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန် မီးသွေးအိုး၊ ငွေမျှင်မီးသွေးနှင့် ရေနွေးအိတ်များကို ယူဆောင်လာခဲ့ရာ ရှန်လုသည် ငြင်းဆန်ခြင်း မရှိခဲ့ပေ။ သူမ နို့လက်ဖက်ရည်နှင့် သစ်သီးလက်ဖက်ရည်များ ပြုလုပ်သောအခါတွင်လည်း ရှန်လုသည် အနည်းငယ် ငှဲ့ယူပြီး မြည်းစမ်းကြည့်တတ်သည်။

ယခုအချိန်တွင် နှစ်ဦးသားသည် နို့လက်ဖက်ရည် သောက်သုံးနေကြခြင်း ဖြစ်သည်။

ရှန်လုသည် ယခုနှစ် ၁၈ နှစ် ရှိပြီဖြစ်ပြီး ချူဟွားထက် ၅ နှစ်ခန့် ကြီးလေသည်။ ဆရာတင်သည်ဟု ပြောရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။

သူတို့နှစ်ဦးသည် ဤပြဿနာကို တရားဝင် မဆွေးနွေးခဲ့ကြဘဲ ရည်ညွှန်းခေါ်ဝေါ်မှုများကို တမင်တကာသော်လည်းကောင်း၊ မရည်ရွယ်ဘဲသော်လည်းကောင်း လျစ်လျူရှုထားကြပြီး ရွယ်တူချင်းကဲ့သို့ ဆက်ဆံနေကြရာ လောလောဆယ်တွင် အဆင်မပြေမှု မရှိပေ။

ရှန်လု: "အချိန် မစောတော့ဘူး၊ ဒီလက်ဖက်ရည်တစ်ခွက် သောက်ပြီးရင် ပြန်တော့လေ"

ချူဟွား: "အင်း"

ဤအခွင့်အရေးကို အသုံးချကာ systemသည် သူ့ဖြစ်တည်မှုကို ပြသလေသည်။ [မမကြီးဟွား၊ လက်ဖက်ရည်တစ်အိုးစာ အချိန်အတွင်းမှာ ငါတို့ ဖရဲသီး စားကြမလား]

ချူဟွား: [နင် ဘာဖရဲသီး စားမိလို့လဲ]

System: [နင်က စာတွေပဲ ဖတ်နေတော့ ဝတ္ထုစာအုပ်တွေ မဖတ်မိမှာ သေချာတယ်၊ လတ်တလော မြို့တော်မှာ အရမ်း နာမည်ကြီးနေတဲ့ "ဟုန်ရှန်းကျီ (ခန်းဆောင်နီမှတ်တမ်း)" ဆိုတဲ့ စာအုပ်လေ]

ချူဟွား အနည်းငယ် ကြောင်သွားသည်။ ["ရှီးရှန်းကျီ (အနောက်ဆောင်မှတ်တမ်း)" ကို တုပထားတာလား]

System: [မဟုတ်ဘူး၊ ဒီ "ဟုန်ရှန်းကျီ" က ဓားပြတစ်ယောက်နဲ့ သူ့ရဲ့ အနောက်ဆောင် သုံးထောင်အကြောင်း ပြောပြထားတာ၊ အသုံးအနှုန်းတွေက ရဲတင်းပြီး ဇာတ်ရှိန်တက်စရာတွေချည်းပဲ]

ချူဟွား ကြောင်အမ်းသွားတော့သည်။ [ဒီစာအုပ်က ပိတ်ပင်မခံရဘူးလား]

System: [ပိတ်ပင်ခံထားရတဲ့ စာအုပ်တွေကမှ ရောင်းအား အကောင်းဆုံးလေ]

ထိုအချက်ကို ရှန်လု ကောင်းစွာ နားလည်လေသည်။

လူသားတို့တွင် စူးစမ်းလိုစိတ် ရှိကြရာ ပိတ်ပင်လေလေ ပိုသိချင်လေလေ ဖြစ်သည်။

သူ့တွင် ထိုမျှလောက်ကြီးမားသော စူးစမ်းလိုစိတ် မရှိသော်လည်း သူ ဖတ်ရှုရမည့် စာအုပ်အများအပြားကို ညီလာခံမှ လေ့လာခွင့်၊ ရောင်းချခွင့် မပြုထားသဖြင့် အခြားနည်းလမ်းများမှတစ်ဆင့် ရယူရသည်။ ထိုသို့ ပြုလုပ်ရခြင်းသည် စာအုပ်ဆိုင်များမှ တိုက်ရိုက် ဝယ်ယူခြင်းထက် များစွာ ဈေးကြီးပြီး ပိုမို လက်ဝင်လှသည်။

ချူဟွားသည် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း ထိုကဲ့သို့သော တိုလီမုတ်စ စာအုပ်များကို ဖတ်ရှုရန် အချိန်မရှိသဖြင့် အကြမ်းဖျင်းသာ နားထောင်လိုက်ရသည်။

[ဇာတ်လမ်းက ဘယ်လိုလဲ]

System: [အကြမ်းဖျင်း ပြောရရင် ဇာတ်လိုက် ကျန်းကျီကျန့်က အစက အရာရှိမျိုးနွယ်က ဆင်းသက်လာတာ၊ သူ့အဖေက လူယုတ်မာတွေရဲ့ လုပ်ကြံခံရပြီး တစ်မိသားစုလုံး ထောင်ကျသွားတယ်၊ ပြီးတော့ ကွပ်မျက်ခံရတော့မဲ့ဆဲဆဲမှာ သူတစ်ယောက်တည်း ကံကောင်းလို့ လွတ်မြောက်သွားခဲ့တာ]

[ကျန်းကျီကျန့်က ငယ်ကျွမ်းဆွေဖြစ်တဲ့ စေ့စပ်ထားသူ ကျွမ်းသခင်မလေးကို သွားရှာဖို့ ကြံရွယ်ခဲ့ပြီး ယောက္ခမလောင်းဆီကနေ အကူအညီ တောင်းချင်ခဲ့တာ၊ ဒါပေမဲ့ ကျွမ်းမိသားစုက ကျန်းမိသားစုရဲ့ အဖြစ်အပျက်ကို သိလိုက်တာနဲ့ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး ကျွမ်းသခင်မလေးကို ကျန်းကျီကျန့်ရဲ့ သူငယ်ချင်းနဲ့ စေ့စပ်ပေးလိုက်ကြတယ်]

[ကျန်းကျီကျန့် အံ့ဩသွားတယ်၊ ဒါပေမဲ့ သူက ကျွမ်းသခင်မလေးနဲ့ ယောက္ခမက ဒီလောက် ရက်စက်မယ်လို့ မယုံကြည်နိုင်ဘဲ ကျွမ်းမိသားစုအိမ်ထဲကို တိတ်တဆိတ် ကျော်ဝင်ခဲ့တယ်။ သူက ကျွမ်းသခင်မလေးကို အရင် သွားရှာတဲ့အခါ ကျွမ်းသခင်မလေးနဲ့ သူ့သူငယ်ချင်းတို့ ခုတင်ပေါ်မှာ ဖောက်ပြန်နေကြတာကို မတော်တဆ တွေ့လိုက်ရတယ်၊ သူတို့ ပါးစပ်ကလည်း ညစ်ညမ်းတဲ့ စကားတွေ ပြောနေကြပြီး သူ့ကို အများကြီး ရှုတ်ချ ပြောဆိုနေကြတာ]

[ကျန်းကျီကျန့်က ဒေါသထွက်ပြီး ထွက်ပြေးသွားခဲ့တယ်၊ သူက သစ္စာဖောက်ခံရတဲ့ အရှက်တရားကို သည်းခံပြီး ယောက္ခမကို သွားရှာတဲ့အခါ ယောက္ခမကလည်း ကျန်းမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ရတာ ကံကောင်းတယ်၊ မဟုတ်ရင် သေချာပေါက် ရောပြီး ဒုက္ခရောက်မှာ၊ ကျန်းကျီကျန့်ကို အမြန်ဆုံး ရှာတွေ့ဖို့ မျှော်လင့်တယ်၊ ဒါမှ ပြဿနာတွေ မဖြစ်ပေါ်လာမှာ ဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုနေတာကို ကြားလိုက်ရပြန်တယ်]

ချူဟွား: "..."

သူမသည် ကျွမ်းမိသားစု၏ နိဂုံးကို မြင်ယောင်နေပြီ ဖြစ်၏။ [ဒါက... မသေရင်တောင် မသန်စွမ်း ဖြစ်သွားလောက်တယ်]

System: [ဟုတ်တယ်၊ ကျန်းကျီကျန့်က ဒေါသအလွန်ထွက်ပြီး ယောက္ခမကို အရင်သတ်၊ ပြီးတော့ ကျွမ်းသခင်မလေးနဲ့ သူငယ်ချင်းကို သတ်ပစ်လိုက်တယ်]

[ဒါပေမဲ့ သူက ကူညီနိုင်ခြေရှိတဲ့ နောက်ဆုံးလူတွေကို သတ်ပစ်လိုက်တော့ သူ့မိသားစုက ကယ်မဲ့သူ မရှိတော့ဘဲ သူတစ်ယောက်တည်းကလွဲရင် တစ်မိသားစုလုံး သေကုန်ကြရော၊ ကျန်းကျီကျန့်က နာမည်ဝှက်နဲ့ ပုန်းအောင်းပြီး ဓားပြဖြစ်သွားတယ်၊ ကျွမ်းသခင်မလေးနဲ့ တူတဲ့ မိန်းကလေးတွေကို မြင်တိုင်း သတ်ချင်စိတ် ပေါက်လာတော့တာပဲ]

[ဒါပေမဲ့ ငယ်ကျွမ်းဆွေအဖြစ် နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့တော့ ကျန်းကျီကျန့်က ကျွမ်းသခင်မလေးကို တကယ် ချစ်ခဲ့ဖူးတာ၊ ပြီးတော့ လူကို မရလိုက်ဘဲ သတ်ပစ်လိုက်ရတော့ အစားထိုးလို့ မရနိုင်တဲ့ နောင်တတစ်ခု ဖြစ်ကျန်ရစ်ခဲ့တယ်၊ ဒါကြောင့် သူက ရုပ်ချင်းဆင်တဲ့ မိန်းမတွေကို တောင်ပေါ်ကို ဖမ်းခေါ်လာပြီး အချိန်အတိုင်းအတာတစ်ခုထိ စော်ကား နှိပ်စက်ပြီးမှ သတ်ပစ်လေ့ရှိတယ်]

ချူဟွား၏ ပါးစပ်ထဲမှ သစ်အယ်သီးမီးကင်သည် အရသာ မရှိတော့ပေ။

[ဒါက တကယ်တော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမအများကြီး ပါဝင်တဲ့ အပြာစာအုပ်လား၊ ဒါမှမဟုတ် မှုခင်းစုံစမ်းထောက်လှမ်းရေး စာအုပ်လား]

ရှန်လုတွင်လည်း အလားတူ သံသယ ရှိနေပြီး လက်ဖက်ရည်သောက်နေသည့် လှုပ်ရှားမှုသည် စဉ်းစားခန်း ဝင်သွားသဖြင့် နှေးကွေးသွားလေသည်။

ဈေးကွက်ထဲရှိ ဝတ္ထုစာအုပ်များသည် သူ စိတ်မဝင်စားသော အချစ်အကြောင်းအရာများကိုသာ ဖော်ပြလေ့ရှိသဖြင့် သူသည် စာအုပ်အနည်းငယ်ကိုသာ အကြမ်းဖျင်း ဖတ်ဖူးပြီး သိပ်မရင်းနှီးပေ။ သို့သော် ဤ ဟုန်ရှန်းကျီစာအုပ်၏ အကြောင်းအရာများက အနည်းငယ် များလွန်းနေသည် မဟုတ်ပါလား။

စောစောက system ပြောခဲ့သော "အသုံးအနှုန်းတွေက ရဲတင်းပြီး ဇာတ်ရှိန်တက်စရာတွေချည်းပဲ" ဆိုသည့် ဖော်ပြချက်အရဆိုလျှင် နွေဦးပန်းချီကား၊ အပြာစာအုပ် ကဲ့သို့သော ဝတ္ထုစာအုပ် ဖြစ်သင့်သော်လည်း ဒီဇာတ်လမ်းအကျဉ်းချုပ်ကို နားထောင်ရသည်မှာ အမှုစစ်ဆေးနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

System: [အပြာစာအုပ်လေ၊ ဒါပေမဲ့ နင်က အရွယ်မရောက်သေးတော့ အဲဒီ အကြောင်းအရာတွေကို နားထောင်လို့ မရဘူး၊ ငါက ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြနေတာ]

ချူဟွားမှာ မျက်နှာသေနှင့် ဖြစ်သွားတော့သည်။ [အပြာစာအုပ်ရဲ့ အနှစ်သာရက ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ နွေဦးပန်းချီကား စာသားတွေလေ၊ အဲဒါတွေကို ဖယ်လိုက်ရင် နားထောင်စရာ ဘာကျန်သေးလို့လဲ]

ရှန်လု: "..."

ဖြစ်နိုင်သည်မှာ ဤကာလအတွင်း အလုပ်များလွန်းသဖြင့် ချူဟွားသည် အိပ်ချိန်ပင် မလုံလောက်ဘဲ ဖရဲသီး စားချိန် အကြိမ်အရေအတွက် နည်းပါးခဲ့ကာ နေ့စဉ် သူ့ရှေ့တွင် အလျင်လိုနေသော ပုံစံဖြင့်သာ ပေါ်လာခဲ့ခြင်းကြောင့် နန်းစောင့်တပ်မှူး ပေးပို့သော အစီရင်ခံစာများထဲတွင် ချူဟွားသည် မည်မျှ သက်ဝင်လှုပ်ရှားသော ပုံရိပ် ဖြစ်သည်ကို သူ မေ့လျော့သွားခဲ့ခြင်း ဖြစ်ပေမည်။

ဖရဲသီး စားရတာ ကြိုက်တယ်၊ ပွဲကြည့်ရတာ ကြိုက်တယ်။

ဝတ္ထုစာအုပ် ကြိုက်တယ်၊ လျှောက်လည်ရတာ ကြိုက်တယ်။

ပြီးတော့... တခြားသူတွေ မကြားရဘူးဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး စကားပြောဆိုရာမှာ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ ဆိုတာ။

ရှန်လုသည် ချူဟွားထက် ပိုမို ရဲတင်းသော အမျိုးသမီးကို မမြင်ဖူးခဲ့ပေ။

Systemသည် အတွေ့အကြုံရှိသူ တစ်ယောက်အနေဖြင့် အလွန် နားလည်သော လေသံဖြင့် သက်ပြင်းချလိုက်လေသည်။ [နင်က အပြာရောင် ရုပ်ပြစာအုပ်တွေရဲ့ အဆိပ်သင့်တာ ခံထားရတာကိုး၊ အဲဒါတွေက အချိန်နဲ့ ကုန်ကျစရိတ် အကန့်အသတ် ရှိတော့ ဇာတ်လမ်းနဲ့ ယုတ္တိဗေဒကို ထည့်မပြောကြတာလေ၊ ဒီဟာက မတူဘူး]

ချူဟွား: [ကောင်းပြီလေ၊ ငါ နားထောင်ကြည့်မယ်]

System: [တစ်ခါက ကျန်းကျီကျန့်က ကျွမ်းသခင်မလေးနဲ့ ရုပ်ချင်း အရမ်းတူတဲ့ မိန်းကလေးတစ်ယောက်ကို ဖမ်းမိခဲ့တယ်၊ သူ့ မျိုးရိုးနာမည်က ယန်တဲ့]

[ကျွမ်းသခင်မလေးက ဘာလေးဖြစ်ဖြစ် ငိုတတ်ပြီး နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တဲ့ အမျိုးအစား၊ ယန်မိန်းကလေးကတော့ ထက်မြက်ပြီး ပွင့်လင်းတယ်၊ ထိန်းချုပ်ရ ခက်တယ်၊ သူက အိမ်က စီစဉ်ပေးတဲ့ စေ့စပ်ထားသူကို မကြိုက်လို့ အိမ်ကနေ တိတ်တဆိတ် ထွက်ပြေးလာတာ၊ လမ်းခုလတ်မှာ ကျန်းကျီကျန့် တွေ့သွားပြီး အဲဒီ မျက်နှာကြောင့် အဖမ်းခံလိုက်ရတာ]

[အစပိုင်းမှာ ယန်မိန်းကလေးက လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တယ်၊ ကျန်းကျီကျန့်က အဲဒီ မျက်နှာကို ထောက်ထားပြီး သူ့ကို မရိုက်ခဲ့ဘူး၊ လူတွေကို သူ့ကို ဖမ်းချုပ်ထားခိုင်းပြီး ထမင်းမကျွေး ရေမတိုက် လုပ်ထားခဲ့တယ်၊ အကြိမ်အနည်းငယ် ကြာပြီးနောက် ယန်မိန်းကလေးက ထပ်မပြေးတော့ဘဲ ကျန်းကျီကျန့်နဲ့ လက်ထပ်လိုက်တယ်]

[တစ်နှစ်အကြာမှာ သူက သမီးလေးတစ်ယောက် မွေးခဲ့တယ်၊ သုံးနှစ်အကြာမှာ သားလေးတစ်ယောက် ထပ်မွေးခဲ့တယ်၊ လင်မယားနှစ်ယောက် ချစ်ခင်ကြပြီး သားသမီး နှစ်ယောက်လုံး ပိုင်ဆိုင်ထားကြတယ်]

ချူဟွား: "..."

ရှန်လု: "..."

ဒါက... ဝေဖန်ရ ခက်သွားပြီ။

ဒါက အပြာစာအုပ် ဖြစ်သောကြောင့် ဝတ္ထုစာအုပ်ထဲတွင် စာသားဖြင့် ဖော်ပြထားသော နွေဦးပန်းချီကားများကို အဓိကထား ရေးသားထားမည် ဖြစ်ရာ ယန်မိန်းကလေးက အကြိမ်အနည်းငယ် ခုခံပြီးနောက် ဘာကြောင့် လိုက်လျောသွားသည်ကို သူတို့နှစ်ဦး ခန့်မှန်း၍ ရနိုင်လေသည်။ အားလုံးက ဇာတ်ကွက်များသာ ဖြစ်သည်။

နားထောင်ရတာ... နေလို့ မကောင်းသလို ခံစားရသည်။

System: [နှစ်အနည်းငယ် ကြာပြီးနောက် ကျန်းကျီကျန့်က ကျွမ်းသခင်မလေးနဲ့ တူတဲ့ တခြားမိန်းမတွေကို တောင်ပေါ်ကို ဖမ်းခေါ်လာပြီး တောင်စခန်းမှာ တောဘုရင် လုပ်နေခဲ့တယ်၊ နေ့တိုင်း နာမည်ကတ်ပြား လှန်ပြီး ဘယ်သူ့ကို ရွေးမလဲ ဆိုတာ ဆုံးဖြတ်ပြီး အိပ်ဆောင်သွင်းခိုင်းတယ်]

ချူဟွား သည်းမခံနိုင်တော့ပေ။ [ဒီအချက်ကမှ ဒီစာအုပ် ပိတ်ပင်ခံရတဲ့ အကြောင်းရင်း ဖြစ်မယ်လို့ သံသယရှိစရာ အကြောင်းပြချက် ခိုင်လုံသွားပြီ]

နင်က ထွက်ပြေးနေတဲ့ ရာဇဝတ်သား တစ်ယောက်လေ၊ တစ်နေရာရာမှာ ပုန်းအောင်းပြီး ကြောက်ရွံ့တုန်လှုပ်စွာနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းရမဲ့အစား သတ္တိရှိရှိနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး အရှင်မင်းကြီးနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေသေးတယ်၊ သေချင်တာတောင် ဒီလောက်ကြီး မလုပ်သင့်ဘူးလေ။

Systemက ဟားတိုက် ရယ်မောလိုက်သည်။ [ဟုတ်ပါ့၊ မှန်လိုက်တာ]

[အရှင်မင်းကြီးက မသိပေမဲ့ အခမ်းအနားများ ပြင်ဆင်ရေးဌာနနဲ့ တရားရေးဝန်ကြီးဌာနက ကြားသွားကြတယ်၊ စိတ်ကူးယဉ် ဝတ္ထုစာအုပ် ဖြစ်လို့ အတည်မယူသင့်ပေမဲ့ တော်ဝင်မိသားစုနဲ့ ဥပဒေကို ထိပါးစော်ကားရာ ရောက်လို့ ပိတ်ပင်ဖို့ အမိန့်ထုတ်လိုက်တာ]

မကြာခင် သိရတော့မှာပါဟု ချူဟွားနှင့် ရှန်လုတို့ စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်ကြသည်။

Systemက ဆက်ပြောသည်။ [အဲဒီ လူတွေက ယန်မိန်းကလေးနဲ့ မတူဘူး၊ ကျန်းကျီကျန့်က ကစားလို့ ဝသွားရင် သတ်ပစ်လိုက်တာ]

[ယန်မိန်းကလေးက အဖမ်းခံလာရတဲ့ မိန်းကလေးတွေကို ထွက်ပြေးဖို့ ကူညီပေးခဲ့တယ်၊ တချို့က ပြန်အဖမ်းခံရပြီး အဓမ္မပြုကျင့်ခံရကာ အသတ်ခံလိုက်ရတယ်၊ တချို့က ထွက်ပြေးရင်း လမ်းမှာ သေဆုံးသွားကြတယ်၊ ယန်မိန်းကလေးကို ဖော်ကောင်လုပ်တဲ့ သူတွေလည်း ရှိတယ်]

[အဲဒီ မိန်းကလေးက ပြစ်ဒဏ် လျှော့ပေါ့ပေးခံရမယ်လို့ ထင်ခဲ့ပေမဲ့ ကျန်းကျီကျန့်က တောင်စခန်းက ညီအစ်ကိုတွေဆီ ပစ်ပေးလိုက်ပြီး အဆုံးသတ်မှာ စော်ကားနှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တယ်၊ သေပုံသေနည်းက အရမ်း သနားစရာကောင်းပြီး အလောင်းကိုလည်း နေရာတိုင်းမှာ စွန့်ပစ်ထားခဲ့တယ်၊ ယန်မိန်းကလေးက ကူညီပြီး သိမ်းဆည်းပေးခဲ့ရတာ]

ချူဟွား တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။ [အစပိုင်းတုန်းကတော့ ယန်မိန်းကလေးက ကံတရားကို လက်ခံလိုက်ပြီလို့ ထင်ရပေမဲ့ ဒီနေရာကျမှ သူက ကြိုးစားနေတုန်းပဲလို့ ခံစားရတယ်]

[ဟုတ်တယ်၊ သူ လက်မလျှော့လိုက်ဘူး] system၏ အသံသည် မြင့်တက်လာလေသည်။ [သူက ကျန်းကျီကျန့်နဲ့ ဟန်ဆောင် ပေါင်းသင်းနေတာ၊ သူက ထွက်ပြေးဖို့ အခွင့်အရေးကို အမြဲတမ်း ရှာဖွေနေခဲ့တာ]

[သူ တောင်အောက်ဆင်းတုန်းက သူ့မိသားစုဆီ သတင်းပို့ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျန်းကျီကျန့်က သူ့အိမ်ကို မျက်နှာတူတဲ့ လူသေအလောင်း တစ်လောင်း ပို့ပေးလိုက်ပြီလို့ ပြောခဲ့တယ်၊ မိသားစုက သူ သေသွားပြီလို့ ထင်နေကြတာ၊ ပြီးတော့ သိက္ခာမရှိတဲ့ သေဆုံးနည်းနဲ့ ဆိုတော့ သူ့ကို ထပ်ရှာကြတော့မှာ မဟုတ်ဘူး]

[သူက ဒေသခံ မြို့စားမင်းဆီ သတင်းပို့ပြီး ဓားပြတွေကို ရှင်းလင်းပေးဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျန်းကျီကျန့်က ဒေသခံ မြို့စားမင်းကို နှစ်တိုင်း ဆက်ကြေး ပေးထားတယ်၊ နေရာတိုင်းမှာ လူမွေးထားတယ်၊ တကယ်လို့ ရှင်းလင်းရေး လုပ်မဲ့လူ လာရင် မြို့စားမင်းက ကြိုပြီး သတင်းပို့လိမ့်မယ်လို့ ပြောခဲ့တယ်]

[သူက တခြား မိန်းကလေးတွေကို ကယ်တင်ပြီး သူတို့ကို သတင်းပို့ခိုင်းဖို့လည်း ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျန်းကျီကျန့်က အဲဒီ မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ပြန်ဖမ်းလာပြီး သူ့ရှေ့မှာတင် ရက်စက်တဲ့ နည်းလမ်းမျိုးစုံနဲ့ သတ်ပြခဲ့တယ်]

...

ဤအဖြစ်အပျက် တစ်ခုချင်းစီကို နားထောင်ရင်း ချူဟွားနှင့် ရှန်လုတို့၏ မျက်မှောင်များ ကြုတ်သွားသော်လည်း တစ်ပြိုင်နက်တည်းမှာပင် လေးစားစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ဒီလောက်ကိစ္စတွေ အများကြီး တွေ့ကြုံခဲ့ဖူးပေမဲ့ ယန်မိန်းကလေးကတော့ လုံးဝ လက်မလျှော့ခဲဘူး။ သူ့စိတ်ဝိညာဉ်က အမြဲတမ်း ပြင်းပြတောက်လောင်နေပြီး သူ့ရဲ့လွတ်လပ်သန်မာတဲ့ ကျောရိုးကို ကွေးသွားအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့တာပဲ။

...

All Chapters