← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အပိုင်း (၇၄)

System က မည်သည့် ခေတ်မှ လာသည်ကို မသိသော်လည်း ချူဟွား ပြောသော စကားများကို အမြဲတမ်း နားလည်လေသည်။ သူမ၏ ယခင်ဘဝမှ ဖရဲသီးများ စားဖူးသည်လား၊ သို့မဟုတ် မူလကတည်းက ခေတ်သစ်မှ လာသူလား ဆိုသည်ကိုတော့ မသိရပေ။

ယခုလည်း အခြားသူများ ကြောင်အမ်းနေစဉ် systemသည် ချက်ချင်း နားလည်သွားသည်။

System: [ဟေး... မမကြီးဟွား၊ နင် မပြောရင် ငါလည်း ဆက်စပ်မိမှာ မဟုတ်ဘူး]

[ကျင်ရွှိုက်ရဲ့ မြင်းလှည်းက ငှားထားတာ၊ ဇိမ်ခံအိမ်ကလည်း ငှားထားတာ၊ ပြီးတော့ ဝတ်စားဆင်ယင်မှု၊ ပြောဆိုပြုပုံတွေကနေတစ်ဆင့် အရာရှိမျိုးနွယ်က သားတစ်ယောက်ရဲ့ ပုံရိပ်ကို ဖန်တီးထားတာ၊ အရာရှိမျိုးနွယ်ထဲက ဖြစ်တဲ့ ချူရှူးတောင် သူ့ကို ယုံကြည်သွားတယ်]

[ချူရှူးသာ လူလွှတ်ပြီး နင့်အဖေ ဒါမှမဟုတ် နင့်အစ်ကိုကို မေးလိုက်ရင်၊ ဟုတ်ပြီ၊ နင့်အစ်ကို မရှိရင်တောင် နင့်အမေကို မေးလိုက်ရင်၊ မေးလိုက်တာနဲ့ ကျင်ရွှိုက်ရဲ့ နောက်ခံ အတုအယောင်ကို သိနိုင်မှာပဲ၊ ဒီလောက်ထိ နစ်မွန်းသွားမှာ မဟုတ်ဘူး]

ချူဟွားက ချက်ချင်း ပြန်ပြောလိုက်သည်။ [အဲဒါ မဖြစ်နိုင်ဘူး]

[သူ့မျက်လုံးထဲမှာ ငါ့အမေက စေတနာဆိုး ရှိတယ်၊ အပေါ်ယံ ကြည့်ကောင်းပြီး အတွင်းပိုင်း ပုပ်သိုးနေတဲ့ မိသားစုကိုပဲ သူ့အတွက် ရှာပေးမှာ၊ ကောင်းကျိုး တစ်ခုခု ရှိရင် သူ့အတွက် ဘယ်တော့မှ ချန်ထားပေးမှာ မဟုတ်ဘူး၊ ငါ့အဖေကလည်း ငါ့အမေရဲ့ အိပ်ရာထဲမှာ လေပြေသွေးခံနေရတာ၊ သူ့အပေါ် ကောင်းမှာ မဟုတ်ဘူးလို့ ထင်နေတာ]

[သူသာ လူလွှတ်မေးလိုက်ရင် မြက်ကိုရိုက်ပြီး မြွေကို လန့်စေသလို ဖြစ်သွားမှာ၊ ဒီလောက်ကောင်းတဲ့ ခင်ပွန်းလောင်းကို ငါ့မိဘတွေက ကြားဖြတ်ပြီး ငါ့အတွက် ယူလိုက်မှာ၊ သူ့အတွက် ဘယ်ကျန်ပါ့မလဲ၊ သူ ပင်ပန်းခံ ရှာဖွေထားသမျှ ငါ့အတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးသလို ဖြစ်သွားမှာကို လုံးဝ မလိုလားဘူးလေ]

ချူရှူးသာ ချူဖျင်နဲ့ ဝမ်သခင်မကို ယုံကြည်လိုစိတ် ရှိရင် သူမရဲ့မင်္ဂလာကိစ္စကို လျိုယွဲ့လို မယားငယ်တစ်ယောက်က စီစဉ်ပါ့မလား။

သခင်မကြီးက မင်္ဂလာကိစ္စကို ကြပ်မတ်ပေးမယ် ဆိုတာ ပြောလို့ကောင်းရုံပဲ ရှိတာ၊ တကယ်တမ်း ဆုံးဖြတ်ချက်ချသူက လျိုယွဲ့နဲ့ ချူရှူး၊ မယားငယ်နဲ့ တရားမဝင်သမီးရဲ့ အဆက်အသွယ် အသိုင်းအဝိုင်းက ဘယ်လောက် ရှိမှာလဲ၊ ဒီလို အခြေအနေ ရောက်လာတာ မဆန်းပါဘူး။

Systemမှာ ပြောစရာ စကား မရှိတော့ပေ။ [ကျင်ရွှိုက်လို နေရာတကာ လိုက်ရှုပ်ပြီး လှေနံနှစ်ဖက်နင်းတဲ့ သခွားသီးပုပ်ကို ထားလိုက်ပါဦး၊ နင်က သူ့ကို မျက်လုံးထဲတောင် ထည့်မှာ မဟုတ်ဘူး]

[နှစ်သစ်ကူးပြီးရင် နင်က ၁၄ နှစ်ပဲ ရှိဦးမှာ၊ အရွယ်ရောက်ဖို့တောင် ၂ နှစ် လိုသေးတယ်၊ နင့်မိဘတွေက နင့်ကို ဒီလောက်စောစော အိမ်ထောင်ပြုပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး]

သူ၏ မမကြီးဟွား မျှော်မှန်းထားသည်မှာ ရှန်လု အဆင့်ရှိသော ရုပ်ရည်ချောမော၊ အရည်အချင်းရှိ၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယောက်ျားကောင်း ကျင့်ဝတ် ပြည့်ဝသော အလှလေးများ ဖြစ်သည် မဟုတ်ပါလား။ ကျင်ရွှိုက်လို သခွားသီးပုပ်ကတော့ ကျေးဇူးပြုပြီး ဝေးဝေးကို လစ်ပါတော့။

ဝမ်သခင်မက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဟုတ်တယ် ဟုတ်တယ်။

အရင်တုန်းက သမီးဖြစ်သူ လျှောက်ပြောနေလို့ အိမ်ထောင်မပြုနိုင်မှာ စိုးရိမ်ခဲ့ပေမဲ့ အခုတော့ သမီးက မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးတို့ရဲ့ တပည့် ဖြစ်နေပြီ၊ ပဉ္စမမင်းသားရဲ့ စာဖတ်ဖော်လည်း ဖြစ်နေပြီ ဆိုတော့ ဒီလို ဂုဏ်ပုဒ်နဲ့ ဘာကို ကြောက်နေရဦးမှာလဲ။

ချူဟွားက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ [ထုံအာ၊ သားကောင်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်တဲ့ ရောဂါသည်တွေရဲ့ မျက်လုံးထဲမှာ ငါတို့ ပြောသမျှ စကားတွေက ဆင်ခြေတွေပဲ၊ ငါတို့ လုပ်သမျှ အရာတွေက သူ့ကို ဒုက္ခပေးနေတာတွေပဲ]

သားကောင်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်တဲ့ ရောဂါ ဟုတ်လား။ လူတိုင်း ဤဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း အလွန် သင့်လျော်သည်ဟု ခံစားလိုက်ရသည်။

ချူရှူး၏ မျက်လုံးထဲတွင် လူတိုင်းက သူ့ကို ဒုက္ခပေးချင်နေကြသည် မဟုတ်ပါလား။

အကယ်၍ ချူရှူးသည် မိသားစုကို အကူအညီ တောင်းခံခဲ့လျှင် သို့မဟုတ် သခင်မကြီးကို မေးမြန်းခဲ့လျှင် ကျင်ရွှိုက်၏ လှည့်စားမှုကို ခံရပြီး ခေါင်းမဖော်နိုင်အောင် ဖြစ်သွားလိမ့်မည် မဟုတ်ပေ။

ယခု တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချူရှူး အလွန်အကျွံ လှည့်စားမခံရသေးဘဲ အချိန်မီ ရုန်းထွက်နိုင်ရန်ပင်။

ချူဟွားလည်း ထိုအချက်ကို စိုးရိမ်နေသည်။ [ဘယ်အဆင့် ရောက်နေပြီလဲ]

ညီအစ်မ နှစ်ယောက် ဆက်ဆံရေး မပြေလည်သော်လည်း သွေးသားတော်စပ်သူများ ဖြစ်ကြရာ ချူရှူးကို ပြင်ပလူများ အနိုင်ကျင့်ခံရအောင် ထား၍ မရပေ။

ချူရှူး တစ်ခုခု ဖြစ်သွားလျှင် ချူဖျင် ဝမ်းနည်းရမည်။ သခင်မကြီး မူးမေ့သွားမည်။ ဝမ်သခင်မလည်း အနေရခက်မည် ဖြစ်ရာ ယခု ရရှိနေသော ငြိမ်းချမ်းပြီး အေးဆေးသော နေ့ရက်များသည် ပြန်မလာတော့ဘဲ ပျောက်ကွယ်သွားပေလိမ့်မည်။

Systemသည် သခင်ဖြစ်သူကို ကောင်းစွာ နားလည်သဖြင့် အလျင်အမြန် ပြောလိုက်သည်။ [မမကြီးဟွား မပူပါနဲ့၊ နင့်ရဲ့ အစ်မက တော်တော် ပါးနပ်ပါတယ်]

[ကဏ္ဍပေါင်းစုံကနေ ကျင်ရွှိုက်က မဆိုးဘူး ဆိုတာ သက်သေပြနေပေမဲ့ နင့်အစ်မက သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ပိုကောင်းတဲ့သူကို ရှာတွေ့နိုင်မယ်လို့ ထင်နေတယ်၊ ဒါကြောင့် အခုလောလောဆယ် ကျင်ရွှိုက်ကို မျှားထားပြီး တခြား ရွေးချယ်စရာတွေကို ရှာဖွေနေတယ်၊ သူ့ကို အပိုဘီး အဖြစ် ထားထားတာပေါ့]

ချူဟွား: "..." ပြောရရင်တော့ တော်တော် မိုက်တယ်။

သူမသည် အခြား ဘက်လိုက်မှုများ မထားဘဲ အမှန်အတိုင်း ပြောလိုက်သည်။ [မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ၊ သတိထားတာ၊ ယောက်ျားတွေကို များများ ရွေးချယ်တာက အကျိုးရှိပါတယ်]

ကိုယ့်ကိုယ်ကိုယ် အားငယ်တာ၊ ပေါ့ဆတာ၊ အချစ်ရူးဦးနှောက် ဖြစ်နေတာ၊ ဟန်ဆောင်ကောင်းတဲ့ ယောက်ျားတစ်ယောက် တွေ့တာနဲ့ ခေါင်းမဖော်နိုင်အောင် ဖြစ်သွားတာ၊ ပြီးတော့ စိတ်ထိခိုက် ငွေကုန် မိသားစုပါ သေဆုံးရတဲ့ အချစ်ရေးမျိုး ဖြစ်သွားတာထက် စာရင် ပိုကောင်းပါတယ်။

System: [ဟုတ်တယ်၊ သာမန် မိန်းကလေး တစ်ယောက်ဆိုရင် ကျရှုံးသွားပြီး ယောက်ျားရဲ့ လှည့်စားမှုကို ခံရပြီး မြောက်ဘက်ကိုတောင် ရှာမတွေ့တော့တဲ့ အခြေအနေ ဖြစ်သွားလောက်ပြီ]

လူတိုင်း: ???

နေပါဦး၊ ချူရှူးရဲ့ အပြုအမူက သူတို့နှစ်ယောက်ရဲ့ ပါးစပ်ထဲမှာ ဘယ်လိုလုပ်ပြီး ကောင်းသွားရတာလဲ။

သာမန် မိန်းကလေးများ ခင်ပွန်းလောင်း ရှာဖွေရာတွင် လူကြီးမိဘများက တစ်ဖက် မိသားစု၏ ဂုဏ်သတင်း၊ မိဘညီအစ်ကို မောင်နှမများ အခြေအနေ၊ အိမ်ထောင်ကျသွားသော အမျိုးသမီးများ၏ အခြေအနေ၊ ထို့နောက်မှ ခင်ပွန်းလောင်း ကိုယ်တိုင်၏ အခြေအနေကို စုံစမ်းကြသည် မဟုတ်ပါလား။ မည်သည့် မိန်းကလေးကမှ ဘာမှ မစုံစမ်းဘဲ လူတစ်ယောက်နှင့် တိုက်ရိုက် ဆက်ဆံကြသည် မဟုတ်ပေ။

ချူရှူးလို လူများစွာနှင့် တစ်ပြိုင်နက် အဆက်အသွယ်လုပ်ပြီး တစ်ယောက်ကို မျှားထားကာ နောက်တစ်ယောက်နှင့် ဆက်ဆံသော အပြုအမူသည် သဘောတူ ထောက်ခံသင့်သော အရာ ဖြစ်ပါရဲ့လား။

ချူဟွား၏ ခင်ပွန်းလောင်း မွေးမြူခြင်း စသည့် ရဲတင်းသော စကားများကို ပြန်လည် စဉ်းစားလိုက်သောအခါ ချူမိသားစု အမျိုးသမီးများသည် ဤကဲ့သို့ ဖြစ်နေခြင်းများလားဟု တွေးမိသွားကြလေသည်။

ရဲတင်းလှသည့် ချူဟွားသည် ပိုမို ရဲတင်းသော ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။ [ကျင်ရွှိုက်ရဲ့ ကျွမ်းကျင်မှုကို ကြည့်ရရင် ချူရှူးက ပထမဆုံး အလိမ်ခံရသူ မဟုတ်ဘူးလို့ ငါ သံသယရှိတယ်]

System၏ အတင်းအဖျင်း ရေဒါသည် ရုတ်တရက် ထောင်မတ်သွားသည်။ [အဓိပ္ပာယ် ရှိတယ်]

ယခင်က ချူဟွား၏ တောင်းဆိုမှုကြောင့် ချူရှူး၏ မင်္ဂလာကိစ္စ ဖရဲသီးကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ရာ ကျင်ရွှိုက်ဘက်တွင် ဖရဲသီး ရှိနေသည်ကို ကြားလိုက်ရသဖြင့် systemသည် ကျင်ရွှိုက် နာမည်ဖြင့် ထပ်မံ ရှာဖွေလိုက်လေသည်။

ဟုတ်တာပေါ့!

System: [သူက မိန်းကလေး အတော်များများကို လိမ်ညာခဲ့ပြီးပြီ၊ ချိုသာတဲ့ စကားတွေနဲ့ မိန်းကလေးတွေကို ခေါင်းမဖော်နိုင်အောင် လှည့်စားတာ၊ ဒါမှမဟုတ် သနားစရာကောင်းအောင် ပြောပြီး မိန်းကလေးတွေရဲ့ ကိုယ်ချင်းစာစိတ်ကို နှိုးဆွကာ မိန်းကလေးတွေရဲ့ စုဆောင်းငွေနဲ့ သူ့အတွက် ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ ဝယ်ခိုင်းတာ]

[သူက မိန်းကလေးတွေရဲ့ စုဆောင်းငွေတွေကို လိမ်ယူပြီးပြီ၊ တခြား တန်ဖိုးရှိတာ ဘာမှ မရှိတော့ဘူး ဆိုတာနဲ့ ချက်ချင်း ကန်ထုတ်ပစ်လိုက်တာ။ မိန်းကလေးတွေက မျက်နှာပူတတ်ကြတော့ ယောက်ျားတစ်ယောက်ရဲ့ လိမ်ညာမှုကို ခံလိုက်ရပြီး ငွေတွေ အများကြီး ပါသွားတာကို ထုတ်မပြောရဲကြဘူး။ မဟုတ်ရင် လိုက်စုံစမ်းရင် ကိုယ့်နာမည်ဂုဏ်သတင်း ပိုထိခိုက်မှာ စိုးလို့ အခါးသီးကို တိတ်တဆိတ် မျိုချလိုက်ရတာ]

ချူဟွား၏ နှလုံးသားသည် ရုတ်တရက် မြင့်တက်သွားသည်။ [ကိုယ်ရော စိတ်ရော၊ ငွေရော လူပါ အကုန် အလိမ်ခံလိုက်ရတာမျိုးတော့ မဟုတ်ပါဘူးနော်]

System: [အဲဒါတော့ မရှိပါဘူး။ ကျင်ရွှိုက်က မိန်းကလေးတွေရဲ့ ငွေကြေးကိုပဲ လိမ်တာ၊ ကိုယ်ခန္ဓာကို မလိမ်ဘူး]

[သူ ကောင်းကောင်း သိတယ်။ ငွေကြေး နည်းနည်းပါးပါး လိမ်ညာရင် တချို့ မိသားစုတွေက အရှက်ကွဲမှာ စိုးလို့ ငွေကြေး ဆုံးရှုံးတာကို လက်ခံလိုက်ကြပေမဲ့ မိန်းကလေးရဲ့ ကိုယ်ခန္ဓာကိုပါ လိမ်ညာပြီး မတော်တဆ ကိုယ်ဝန်ရသွားရင် ကိစ္စက ရှင်းရ ခက်သွားပြီ ဆိုတာကိုလေ]

ချူဟွားသည် ထိုမိန်းကလေးများ အဆိုးရွားဆုံး အခြေအနေသို့ မရောက်ရှိသေးသည့်အတွက် ဝမ်းသာသွားသည်။ ယောက်ျားတစ်ယောက်၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကို ဖော်ထုတ်နိုင်ခဲ့ပြီး လိမ်ညာခံလိုက်ရသော ငွေကြေးများကို သင်တန်းကြေးအဖြစ် သဘောထားလိုက်ရုံသာ။ အနာဂတ်တွင် တစ်ခုသင်ယူ တစ်ခုတတ်မြောက်ပြီး လူယုတ်မာ၏ တွင်းထဲသို့ ထပ်မကျရောက်ပါစေနှင့်ဟု မျှော်လင့်ရသည်။

Systemနှင့် စကားပြောရင်း ပြောရင်းဖြင့် ချူဟွားသည် သူမ၏ ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့ပြီး အနည်းငယ် ပြင်ဆင်ကာ ဘေးချင်းကပ်လျက် ပဉ္စမမင်းသား၏ ခြံဝင်းသို့ သွားရောက်ခဲ့သည်။

ပဉ္စမမင်းသားသည် သိုင်းကွက် တစ်ကွက် လေ့ကျင့်ပြီးနောက် တစ်ကိုယ်လုံး ချွေးထွက်နေသဖြင့် အခန်းထဲတွင် ဆေးကြောပြီး အဝတ်အစား လဲလှယ်နေလေသည်။

ချူဟွားနှင့် system၏ အသံများ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် သူတို့နှစ်ဦး စာကြည့်ခန်းသို့ လာနေကြောင်း သိလိုက်ပြီး အလျင်အမြန် လုပ်ဆောင်လိုက်လေသည်။

ယခုအချိန်တွင် ချူဟွားသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း သူမ၏ အတင်းအဖျင်း စိတ်ဆန္ဒသည် မရပ်တန့်သေးပေ။ [အလိမ်ခံရတဲ့ သူတွေက မြို့တော်က မိန်းကလေးတွေလား]

မေးသာ မေးလိုက်ရသော်လည်း သူမကတော့ စဉ်းစားလိုက်၏။ ကျင်ရွှိုက်ရဲ့ သတိကြီးပုံနဲ့ဆို အနီးအနားက လူတွေကို စားမှာ မဟုတ်လောက်ဘူး။ မဟုတ်ရင် အလွယ်တကူ ပေါ်သွားနိုင်တယ်။

System: [မဟုတ်ဘူး။ သူက ဆယ်ကျော်သက် အရွယ်ကတည်းက ဒီအလုပ်ကို လုပ်လာတာ။ အဲဒီတုန်းက မိန်းကလေးတွေရဲ့ ပိုက်ဆံကို လိမ်တာက ကိုယ့်ပုံရိပ်ကို အလှဆင်ဖို့၊ ပြီးတော့ အပေါ်ယံ ကြွားဝါချင်စိတ်နဲ့ ယှဉ်ပြိုင်ချင်စိတ် ရှိလို့]

[နောက်ပိုင်းမှာ ချမ်းသာတဲ့ မုဆိုးမတွေနဲ့ ချိတ်ဆက်မိသွားတော့ သူက ခန္ဓာကိုယ် အရောင်းအဝယ် လုပ်တာက ခံစားချက် လိမ်ညာပြီးမှ ပိုက်ဆံလိမ်တာထက် ပိုမြန်တယ်၊ နှစ်ဦးသဘောတူ ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာ မရှိဘူး ဆိုပြီး ဒီအလုပ်ကို ပိုလုပ်လာတာ]

[သူက တော်တော် ဉာဏ်ကောင်းပါတယ်။ နေရာတစ်ခုမှာ အကြိမ်အနည်းငယ် လိမ်ညာပြီးတာနဲ့ နေရာပြောင်းတယ်၊ အရင်းအနှီးနဲ့ နည်းပညာကို တဖြည်းဖြည်း စုဆောင်းပြီး မြို့ငယ်လေးကနေ မြို့တော်အထိ ရောက်လာတာ]

ချူဟွားမှာ ဘာပြောရမှန်း မသိတော့ဘဲ ခြောက်ကပ်ကပ် ပြောလိုက်တော့သည်။ [သူ လုပ်တာသာ လိမ်ညာမှု မဟုတ်ရင် တော်တော်လေး စံပြုလောက်စရာပဲ]

Systemက ပေါင်ကို ရိုက်ချင်စိတ် ပေါက်သွားတော့သည်။ [ဟား... ဘယ်ပြောကောင်းမလဲ]

[ရုပ်ရည်သန့်ပြန့်တဲ့ လူငယ်လေး တစ်ယောက်၊ ရုပ်ရည်လည်း ရှိ၊ ခန္ဓာကိုယ် စွမ်းဆောင်ရည်နဲ့ နည်းပညာလည်း ရှိနေတာ၊ မကောင်းတဲ့ အကြံ မထုတ်ဘဲ သူဌေးမ တစ်ယောက်ကို မှီခိုပြီး အကုန်အလကားရ သမက်တစ်ယောက် လုပ်မယ်ဆိုရင် ကောင်းနေမှာပဲ မဟုတ်လား]

[မုဆိုးမ တစ်အုပ်ကို မှီခိုတာလည်း မှီခိုတာပဲ၊ မိန်းကလေး တစ်ယောက်ကို မှီခိုတာလည်း မှီခိုတာပဲ မဟုတ်လား။ ပထမ တစ်ခုက လူအများကြီးကို သတိထားပြီး ပြုစုရတယ်။ အချိန်မရွေး မျက်နှာလွှဲခံရပြီး အလုပ်ပြုတ်သွားမှာ ကြောက်ရတယ်။ ဒုတိယ တစ်ခုက ဇနီးသည် တစ်ယောက်တည်းကိုပဲ သေသေချာချာ ပြုစုရင် ရပြီလေ]

ချူဟွား သဘောမတူဘဲ မနေနိုင်တော့ပေ။ ဒါပေမဲ့...

[ဖြစ်နိုင်တာက ငယ်တုန်းကတော့ ရည်မှန်းချက် ကြီးမားပြီး လက်ရှိ အခြေအနေကို မနှစ်သက်ဘဲ ပိုချမ်းသာတဲ့ သူဌေးမကို ရှာချင်ခဲ့တာ။ အခု အသက်ကြီးလာတော့ ကိုယ့်မှာ အဲဒီ အရည်အချင်း မရှိမှန်း သိလာပြီး ပိုမို တည်ငြိမ်တဲ့ လမ်းကြောင်းကို ရှာဖွေလာတာ ဖြစ်မယ်]

[အစပိုင်းမှာ လိမ်ညာခဲ့တဲ့ မိန်းကလေးက သူ့အတွက် လက်ဝတ်ရတနာ အနည်းငယ်လောက်ပဲ ဝယ်ပေးနိုင်ခဲ့ပေမဲ့ အခု ချိတ်ဆက်နေတဲ့ သူဌေးမတွေက လျန်ငွေ ဆယ်ချီ ရာချီ အလွယ်တကူ ထုတ်ပေးနိုင်တယ်။ နှစ်ခုရဲ့ စုဆောင်းငွေ ပမာဏက နှိုင်းယှဉ်လို့ မရသလို ရလဒ်ကလည်း မိုးနဲ့မြေလို ကွာခြားတယ်လေ]

Systemသည် အသေးစိတ် အချက်အလက်များကို ပြန်ကြည့်ရာ ချူဟွား ပြောသည်နှင့် ကိုက်ညီနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ခံစားမှု ရှုပ်ထွေးသွားသည်။

[ဒါက လူတွေက မြင့်ရာကို သွားတယ် ဆိုတဲ့သဘောလား]

ချူဟွား: [ဒီစကားက များသောအားဖြင့် လူဆိုးဇာတ်ကောင် မသေခင် ပြောလေ့ရှိတဲ့ စကားလေ။ ထုံအာ၊ နင် မသုံးနဲ့]

[ဟုတ်ကဲ့ မမကြီးဟွား။ ငါ မှတ်ထားပါ့မယ် မမကြီးဟွား] Systemက ထိုအချက်ကို အလျင်အမြန် မှတ်တမ်းတင်ပြီး အလေးပေး မှတ်သားလိုက်သည်။

လူတိုင်း: "..."

ဒီအတိုင်းသာ ဆက်သွားလျှင်တော့ ရိုးသားလှသည့် systemက ချူဟွားကြောင့် လုံးဝ လမ်းလွဲသွားတော့မည်ဟု ခံစားနေရလေသည်။

မင်းဆရာကြီး မရောက်လာသေးသဖြင့် ချူဟွားသည် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး လှန်ကြည့်လိုက်သည်။ [ချူရှူးက အခု ဘယ်သူ့ကို သဘောကျနေပြန်ပြီလဲ]

ပြောပြီးသည်နှင့် ပဉ္စမမင်းသားက တံခါးဖွင့် ဝင်လာသည်။ "မမကြီး ရောက်လာပြီလား"

ချူဟွား အမုန်းဆုံး ဖြစ်သော လက်ဖက်စိမ်းဆန်ဆန် လေသံဖြင့် "မမကြီး" ဟု ခေါ်ခြင်းပင်။ တစ်ချိန်ထဲတွင် တံခါးဖွင့်လိုက်စဉ် ဝင်ရောက်လာသော လေအေးများနှင့် ရောနှောသွားပြီး ချူဟွား တစ်ကိုယ်လုံး တုန်တက်သွားကာ လက်ထဲမှ စာအုပ် ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

ပဉ္စမမင်းသားသည် ခေါင်းကွဲမည့် ဘေးမှ လွတ်မြောက်သွားသည်ကို လုံးဝ မသိရှိဘဲ ချူဟွားအား အိမ်နီးချင်း မောင်လေး ပုံစံဖြင့် ရိုးသားပြီး လိမ္မာသော အပြုံးလေး ပြုံးပြလိုက်သည်။

ချူဟွားက မျက်နှာသေဖြင့် ပြောလိုက်၏။ "....အင်း"

[ထုံအာ၊ ပဉ္စမမင်းသားက ဝမ်းတွင်းမည်းလို့ ပြောထားတာ မဟုတ်လား၊ ငါ ကြည့်ရတာ သူက လက်ဖက်စိမ်းနဲ့ ပိုတူနေသလိုပဲ]

ပဉ္စမမင်းသားသည် ထိုင်ခုံတွင် ထိုင်မည့် လှုပ်ရှားမှု ရပ်တန့်သွားပြီး ဘာမှမဖြစ်ခဲ့သလို သူ့အင်္ကျီအနားစကို ဖုန်ခါလိုက်လေသည်။

ဘာ လက်ဖက်လဲ။ သူ မသိပါဘူး။

Systemလည်း သိချင်နေသည်။ [ငါ့ဆီက အချက်အလက်တွေက မှားစရာ အကြောင်း မရှိပါဘူး]

[ဒီနေ့ လက်ဖက်စိမ်း၊ မနက်ဖြန် ကြာပွင့်ဖြူ၊ သန်ဘက်ခါ ဝမ်းတွင်းမည်းဆိုပြီး တစ်နေ့ တစ်မျိုး စရိုက်ပြောင်းပြီး သရုပ်ဆောင်နေတာများလား]

[ဒါမှမဟုတ် တခြားလူတွေ သူ့ရဲ့ လှည့်စားမှုကို ခံရပြီး ခေါင်းမဖော်နိုင် ဖြစ်နေတာကို ကြည့်ရတာ ကြိုက်နှစ်သက်တာက သူ့ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ စရိုက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာများလား]

ချူဟွားမှာ ပြန်ပြောရန် အားမရှိတော့ပေ။ [ဘာပဲဖြစ်ဖြစ်ပါ]

[သူ့ကို ဂရုမစိုက်နဲ့၊ ဖရဲသီး ဆက်စားရအောင်]

မင်းဆရာကြီးသည် မီတာ ၅၀ အကွာအဝေးသို့ ရောက်သည်နှင့် ချူဟွား၏ အသံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ ပိုပြီး မြန်ဆန်လာတော့သည်။

နန်းစောင့်တပ်သားများက အစအဆုံး မှတ်တမ်းတင်ထားမည် ဖြစ်ပြီး နာရီအနည်းငယ် ကြာလျှင် အရှင်မင်းကြီးထံတွင် ပြည့်စုံသော ဖရဲသီးကို စားနိုင်မည် ဖြစ်သော်လည်း လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ဖရဲသီးကို စားရခြင်းကို ဘယ်သူက မကြိုက်ဘဲ ရှိပါမည်နည်း။

ဆောင်းရာသီ မနက်ခင်း အေးအေးမှာ ပူပူနွေးနွေး ဖရဲသီးကြီး စားရရင် ခြေထောက်အေးတဲ့ ရောဂါတောင် ပျောက်သွားနိုင်တယ်။ လေအေးထဲမှာ လက်ဖက်ရည်တစ်ပွဲစာလောက် ပိုလမ်းလျှောက်နိုင်သေးတယ်!

ထိုအချိန်မှာပင် systemက သတင်းကြီးတစ်ခုကို ဖောက်ခွဲလိုက်တော့သည်။ [ချူရှူးက ဒီတစ်ခါတော့ မဟုတ်သေးဘူး၊ သူက ပဉ္စမမင်းသားကို သဘောကျနေတာ!]

ပဉ္စမမင်းသား: ???

မင်းဆရာကြီး: ???

လူတိုင်း: ???

တိရစ္ဆာန်ပဲ။

ပဉ္စမမင်းသားက ဒီနှစ် ၉ နှစ်ပဲ ရှိသေးတာ။ အမွေးတောင် မစုံသေးတဲ့ ကလေးလေးလေ!

ချူမိသားစု အိမ်တစ်ခုလုံး။ system၏ အသံကို ကြားရသူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။ ချူရှူးက ဘယ်လိုလုပ်ပြီး ဒီလောက်ရဲတင်းရတာလဲ?!

နန်းစောင့်တပ်ဘက်က လူတစ်ယောက်ဆိုလျှင် ကိုယ့်မျက်နှာ ကိုယ် ပြန်ရိုက်လိုက်ပြီး ဤသို့စဉ်းစားမိတော့သည်။ ဒီနေ့ မနက် စောစောထလို့ ခေါင်းမူးပြီး ဒီလောက် ယုတ္တိမရှိတဲ့ သတင်းကို ကြားလိုက်ရတာများလား။

ပဉ္စမမင်းသား ကိုယ်တိုင်ကတော့ ဦးခေါင်းခွံ ထုံကျင်သွားသည်အထိ တုန်လှုပ်သွားပြီး မျက်နှာငယ်လေး ဖြူဖျော့သွားတော့သည်။ ဒီအရွယ်နဲ့ မခံစားသင့်တဲ့ နာကျင်မှုကို ခံစားလိုက်ရတာပဲ!

ချူဟွားမှာ အံ့ဩလွန်းသဖြင့် "ဟုတ်လှချည်လား”ဟု အော်မိမတတ် ဖြစ်သွားတော့သည်။

[မဟုတ်သေးပါဘူး၊ ဘယ်သူက သူ့ကို သတ္တိတွေ ပေးလိုက်တာလဲ]

Systemက အချိန်အကြာကြီး အောင့်ထားပြီးမှ တစ်ခွန်းသာ ပြောနိုင်တော့သည်။ [ငါ့ကို မမေးနဲ့၊ ငါ မသိဘူး]

ချူဟွား: [ဘာဖြစ်သွားတာလဲ၊ သူက ကျင်ရွှိုက်ကို အပိုဘီး လုပ်ထားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး တော်ဝင်မိသားစုဆီ ရောက်သွားတာလဲ]

Systemကလည်း အသေးစိတ် အကြောင်းရင်းကို ရှာဖွေကြည့်လိုက်သည်။ [ဪ... အဲဒါကြောင့်ကိုး]

[နင့်အဖေက ရာထူးမတိုးပေမဲ့ နင့်အစ်ကိုက ရာထူးတိုးပြီး အထူးသံတမန် ဖြစ်သွားတယ်လေ၊ အရှင်မင်းကြီးရဲ့ အရေးပေးမှုကို ခံရတော့ ကြီးပွားတိုးတက်ဖို့ မဝေးတော့ဘူး။ နင်ကလည်း နင့်အစ်ကို အစား ညီလာခံတက်ရင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယမင်းသား ကြင်ရာတော် စတဲ့လူတွေနဲ့ ရင်းနှီးလာတော့ သူက သူ့ရဲ့ တန်ဖိုးလည်း လိုက်တက်လာတယ်လို့ ထင်သွားတာ။ တတိယအဆင့် အရာရှိကြီးတွေရဲ့ သားသမီးတွေကို မှန်းလို့ ရပြီပေါ့]

[ပဉ္စမမင်းသားက နင့်အိမ်မှာ နေတာ နှစ်လကျော်နေပြီ။ နင် သူ့ရဲ့ စာဖတ်ဖော် ဖြစ်တဲ့ သတင်းကလည်း ပျံ့နေတာ ကြာပြီ။ မင်းသားကိုတောင် နင် မျှားခေါ်ထားနိုင်ရင် ချူရှူးက သူ့ရဲ့ တန်ဖိုးက ပိုမြင့်သွားပြီလို့ ထင်နေတာ။ မင်းဆရာကြီး၊ မင်းဆရာအိုကြီးတို့ရဲ့ မြေးတွေကိုလည်း မှန်းလို့ ရပြီပေါ့]

လူတိုင်းမှာ နားထောင်ရင်း ထုံကျင်လာပြီး ရင်ထဲတွင် အော်ဟစ်နေကြတော့သည်။ ချူရှူး၊ နင် တော်တော် လွန်လွန်းနေပြီ!

မင်းဆရာကြီးသည် ချူရှူးက ပဉ္စမမင်းသားအပြင် သူ့မြေးကိုပါ ပစ်မှတ်ထားနေသည်ကို လုံးဝ ထင်မှတ်မထားသဖြင့် မတော်တဆ နှင်းပြင်ပေါ်တွင် ချော်လဲသွားတော့သည်။

အန္တရာယ်ရှိသော အချိန်တွင် ချူမိသားစု အစေခံအဖြစ် ဟန်ဆောင်ထားသော နန်းစောင့်တပ်သား အစစ်က ဖမ်းထိန်းပေးလိုက်သည်။

မင်းဆရာကြီးက ကျေးဇူးတင်စကား ပြောမည် ပြင်လိုက်ချိန်မှာပင် နန်းစောင့်တပ်သားများ၏ သနားစရာ အကြည့်များကို မြင်လိုက်ရ၏။ ဆရာကြီး စိတ်လျှော့ပါဟု ပြောနေသလိုပင်။

မင်းဆရာကြီး: "..." စိတ်လျှော့လို့ မရဘူး။

ချူဟွားလည်း ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ် ဖြစ်သွားတော့သည်။ [ပုံမှန် အချိန်ဆိုရင် ငါတို့ကို ရေလွှမ်းမိုးမဲ့ သားရဲတွေလို သဘောထားပြီး အကူအညီ လိုတဲ့အခါကျမှ ငါတို့ကို လက်ကမ်းခိုင်းတယ်။ ဒီ စိတ်ကူးယဉ် အိမ်မက်က ငါ့မျက်နှာပေါ်တောင် လွင့်စဉ်လာပြီ]

[အဟား။ သူနဲ့ ငါ့ရဲ့ ဆက်ဆံရေးနဲ့များ ငါက သူ့ရဲ့ မင်္ဂလာကိစ္စကို ကူညီမယ်လို့ သူ ဘာကြောင့် ထင်နေရတာလဲ]

Systemလည်း နည်းနည်းတော့ နားမလည်နိုင် ဖြစ်သွားလေသည်။ [နင်တို့က ရင်းနှီးတဲ့ သူစိမ်းတွေပဲ မဟုတ်ဘူးလား၊ နောက်ထပ် ရန်ငြိုးတွေ ရှိနေသေးလို့လား]

ငါ မစားရသေးတဲ့ ဖရဲသီး ကျန်နေသေးတာလား။ အရမ်း ပေါ့ဆသွားတာပဲ။

ချူဟွားက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ [လျိုယွဲ့က အားနည်းပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တဲ့ ကြာပန်းဖြူ ပုံစံ အမြဲတမ်း ဖမ်းထားတာ။ အဲဒီ အချက်နဲ့ပဲ ငါ့အဖေနဲ့ သခင်မကြီးရှေ့မှာ အဆင်ပြေနေပြီး ငါ့အမေကို အကြိမ်ကြိမ် နစ်နာအောင် လုပ်ခဲ့တာ။ ချူရှူးက အပြာရောင်ထက် ကောင်းတဲ့ အပြာရောင် (ဆရာထက် တော်တဲ့ တပည့်) ဖြစ်ပြီး ငယ်ငယ်လေးနဲ့ လက်ဖက်ရည် ပြုလုပ်နည်း (ဟန်ဆောင်နည်း) ကို တတ်မြောက်နေပြီ]

[ပြီးတော့... ငါ့အကျင့်ကို နင် သိတဲ့အတိုင်းပဲ။ တစ်ခုခုဆို တိုက်ရိုက် လုပ်လိုက်တာ။ လူတွေနဲ့ သွယ်ဝိုက်ပြောဆိုနေရတာ မကြိုက်ဘူး]

မင်းဆရာကြီး: ???

တခြားလူများ: ???

နင်က သွယ်ဝိုက်တာ မလုပ်ဘူး ဟုတ်လား။ နင်က ခြင်ဆေးခွေ ဖြစ်လုနီးပါး ဖြစ်နေပြီ!

ချူမိသားစု တစ်ခုလုံးတွင် ဝမ်သခင်မ၊ ချင်းကျူနှင့် system တို့သာ ဒီစကားကို သဘောတူကြလေသည်။

ဟုတ်တယ်။ သခင်မလေးဟွား၊ ဟွားအာက ကိစ္စရှိရင် တိုက်ရိုက် ရှင်းလင်းတတ်တဲ့ ပုံစံမျိုးပါ။ ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သုံးရတာ မကြိုက်ဘူး။

ချူဟွား: [အစတုန်းက လက်ဖက်စိမ်းတွေကို ကိုင်တွယ်တဲ့ အတွေ့အကြုံ မရှိတော့ သခင်မကြီးက မျက်နှာလိုက်တယ်။ လျိုယွဲ့က ဟန်ဆောင် ငိုတယ်။ ငါ့အဖေက စိတ်တွေ ထွေပြားသွားတယ်။ ငါ အကြိမ်ကြိမ် နစ်နာခဲ့ရတယ်။ လက်ဝတ်ရတနာတွေ၊ အဝတ်အစားတွေ အများကြီး အလုခံခဲ့ရတယ်]

[နောက်ပိုင်း ငါ ဒီဘက် ပြောင်းလာတော့ တံခါးဝမှာ "ခွေးနဲ့ လျိုယွဲ့၊ ချူချီ၊ ချူရှူး ဝင်ခွင့်မပြု" ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားလိုက်တယ်။ သူတို့ ဒေါသထွက်လွန်းလို့ သခင်မကြီးရှေ့မှာ သွားငိုပြကြတာ]

Systemက တရားမျှတမှုကို လိုလားသော လေသံဖြင့် ပြောလိုက်၏။ [မမကြီးဟွား၊ နင် ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်တာလဲ]

အားလုံးကလည်း အနည်းငယ် ကြောင်အသွားကြသည်။ Systemက အမြဲတမ်း ချူဟွားဘက်က မဟုတ်ဘူးလား။ ဒီတစ်ခါ ဘာလို့ သူများဘက်က ပြောပေးနေတာလဲ။

Systemက ရင်နာစွာ ပြောလိုက်၏။ [နင် ဒီလိုလုပ်တာ ခွေးကို စော်ကားရာ မရောက်ဘူးလား]

လူတိုင်း: "..." Systemက ချူဟွားအပေါ် ဘက်လိုက်မှုကို ဘယ်တော့မှ သံသယ မဝင်သင့်ဘူး။

ချူဟွားက ချက်ချင်း ပြန်ပြောလိုက်လေသည်။ [သခင်မကြီးရဲ့ စွပ်စွဲမှုကို ရင်ဆိုင်ရတုန်းကလည်း ငါ ဒီလိုပဲ ပြောခဲ့တာ။ ခွေးကို ဖယ်လိုက်တယ်]

[သခင်မကြီး ပြောလည်း မရဘူး။ ငါ့မိဘတွေ လာလည်း မရဘူး။ သူတို့က မြင်တာနဲ့ ဒေါသထွက်ကြတော့ ငါ့ဘက်ကို မလာကြတော့ဘူး။ ငါ့အတွက် ငြိမ်းချမ်းမှု ရသွားတာပေါ့]

[နောက်ပိုင်း ငါ ဆပ်ပြာလုပ်ငန်း လုပ်တာ အောင်မြင်လာတော့ ချူရှူးက ငါ့ခြံဝင်းထဲက လူကို ဝယ်ပြီး ငါ့နည်းပညာကို ခိုးတယ်။ သက်သေလူ သက်သေပစ္စည်း အကုန်ရှိတာတောင် ဝန်မခံဘဲ ငါက ညီအစ်မ သံယောဇဉ် မထောက်ထားဘူး၊ သူ့ကို တမင် စွပ်စွဲတယ် ဆိုပြီး ပြန်ကိုက်တယ်။ အဲဒီနေရာမှာတင် တိုင်နဲ့ ခေါင်းဆောင့်ပြီး အပြစ်ကင်းကြောင်း သက်သေပြမလို့ လုပ်သေးတာ]

မင်းဆရာကြီး: ?

ဒီလုပ်ရပ်ကို ကြည့်နေရင်းနဲ့ နည်းနည်းလေးဆို တိုင်နဲ့ ခေါင်းဆောင့်တတ်တဲ့ အမတ်ချုပ်ရုံးက အမတ်ချုပ်တွေနဲ့ ဘာလို့ တူနေရတာလဲ။

Systemကတော့ ဒေါသထွက်လွန်းလို့ သေလုမတတ်ပင်။ [သူက ဘယ်လိုလုပ်ပြီး ဒီလောက် မျက်နှာပြောင်တိုက်နိုင်ရတာလဲ]

ချူဟွား: [အဲဒီ အိမ်က လူတွေက ကြာပန်းဖြူ မဟုတ်ရင် လက်ဖက်စိမ်းတွေချည်းပဲ။ နည်းနည်းလေးဆို "အစ်မကြီးက ကျွန်မကို စွပ်စွဲတယ်"၊ "အစ်မကြီး ကျွန်မကို အထင်လွဲနေပြီ" ဆိုတာချည်းပဲ။ အခုဆို ငါက ကြာပန်းဖြူနဲ့ လက်ဖက်စိမ်း ဆိုရင် အတော်လေး ဓာတ်မတည့် ဖြစ်နေပြီ]

ပဉ္စမမင်းသားက နှာခေါင်းကို ပွတ်လိုက်လေသည်။ ဒါကြောင့်မို့လို့ ချူဟွားက တခြားလူတွေ သူ့ကို အစ်မကြီး လို့ ခေါ်တာ မကြိုက်တာကိုး။

ချူဟွား: [ဆယ်နှစ်သား ကျော်လာတော့ အမေက ငါတို့ကို ပွဲလမ်းသဘင်တွေ ခေါ်သွားတယ်။ သူက ပလတ်စတစ် ညီအစ်မတွေပေါင်းပြီး ငါ့ခေါင်းပေါ် နေ့တိုင်း ရေပုပ်တွေ လောင်းချတယ်။ ငါ့ရွယ်တူ မိန်းကလေးတွေက ငါနဲ့ မကစားကြတော့တဲ့အထိပဲ]

[ငါက သိပ် ဂရုမစိုက်ပေမဲ့ သူ့လုပ်ရပ်က ရွံစရာ ကောင်းတယ်လေ။ ဒါကြောင့် ငါ့အမေကို သူ့ကို ခေါ်မသွားဖို့ ပြောလိုက်တယ်။ သူ့ကိုလည်း ပြန်ပြီး ရွံအောင် လုပ်လိုက်တယ်။ အပြန်အလှန် ဖြစ်နေတာ ကြာပြီ]

[နောက်ပိုင်း ပွဲတစ်ခုမှာ လှေပေါ် ရောက်နေတုန်း သူ ငါ့ကို ရေထဲ တွန်းချလိုက်တယ်။ ဆောင်းဦး ရာသီ ရေက အရမ်းအေးတော့ ငါ ရက်ဆက် အဖျားကြီးပြီး အိမ်မှာ တစ်လကျော်လောက် နားလိုက်ရတယ်။ အဲဒီနောက်ပိုင်း ငါ့အမေက သူတို့ အိမ်ကို လုံးဝ ဂရုမစိုက်တော့ဘူး]

သို့မဟုတ်လျှင် ဝမ်သခင်မ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည့် မိခင်ကောင်း၊ ဇနီးမယားကောင်း ပညာအရဆိုလျှင် တရားမဝင်သမီး၏ မင်္ဂလာကိစ္စကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။ တရားမဝင်သမီး အိမ်ထောင်ရေး မကောင်းရင် အပြင်လူတွေက အိမ်ရှင်မကို အပြစ်ပြောကြမှာလေ။

Systemက အချိန်အကြာကြီး ရှိုက်ငိုပြီးမှ တိုးတိုးလေး ပြောလိုက်တော့သည်။ [ညီအစ်မချင်း ရန်ဖြစ်တာ ထားလိုက်ပါတော့။ ချူရှူးက ဘယ်လိုလုပ်ပြီး နင့်ကို ရေထဲ တမင် တွန်းချရက်တာလဲ]

[အဲဒီအချိန်တုန်းက မမကြီးဟွား နင်က ပင်နီစလင် မလုပ်ရသေးဘူးနော်။ အဆုတ် ဘက်တီးရီးယား ဝင်သွားရင် ရှေးခေတ်မှာ ပဋိဇီဝဆေး မရှိတော့ ပြန်ကယ်ဖို့ အရမ်း ခက်ခဲတာ။ အဖျားကြီးပြီး ဦးနှောက်ပျက်သွားတာ၊ သေဆုံးသွားတာတွေ အများကြီး ရှိတယ်]

[နင် ဘာလို့ ဒီလောက် အအေးကြောက်တာလဲလို့ ငါ တွေးနေတာ၊ ဆောင်းဝင်တာနဲ့ မီးသွေးအိုးတွေ၊ ရေနွေးအိတ်တွေ သုံးနေရတာ။ တကယ်တော့ ဆောင်းတွင်းကြီး ရေထဲ တွန်းချခံရလို့ ရောဂါ အမြစ်တွယ်ကျန်ခဲ့တာကိုး]

[နင် ရာသီလာတိုင်း ဒီလောက် ခံစားနေရတာ၊ ဒီကိစ္စနဲ့များ သက်ဆိုင်နေမလား]

ပဉ္စမမင်းသားနှင့် မင်းဆရာကြီးတို့မှာ မျက်မှောင်ကြုတ်သွားကြလေသည်။ ညီအစ်မ နှစ်ယောက်ကြားမှာ လူသတ်လုနီးပါး ဖြစ်ခဲ့တဲ့ ရန်ငြိုး ရှိနေမှန်း သူတို့ တကယ် မသိခဲ့ကြတာပါ။

ချူဟွား: [အဲဒီနေ့က လှေပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ လူအများကြီး ရေထဲ ပြုတ်ကျသွားတယ်။ မျက်မြင်သက်သေ မရှိတော့ သူ တမင် တွန်းချတာ ဟုတ်မဟုတ် ဆိုတာ ငါလည်း မသေချာဘူး]

System: [ဘာ ရုတ်ရုတ်သဲသဲ ဖြစ်တာလဲ]

ချူဟွား: [လူသေသွားလို့]

...

All Chapters