← Chapters

အခန်း ၈၀

Vol. 6 Ch. 80

အခန်း ၈၀

Vol. 6 Ch. 80

အပိုင်း (၈၀)

အရှင်မင်းကြီးသည် မိဖုရားကြီး၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မှူးမတ်များအား မသိစေလိုသကဲ့သို့ ဖူရွေ့ချင်းဝမ်သည်လည်း သူ၏ဝမ်ဖေးနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို လူသိမခံလိုပေ။ ထို့ကြောင့်လည်း အရှင်မင်းကြီးသည် ဖူရွေ့ချင်းဝမ်အား ဦးစွာ နန်းတော်တွင်းသို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အစီရင်ခံစာကို ဖတ်ရှုပြီးနောက် ဖူရွေ့ချင်းဝမ်သည် ဝမ်ဖေးနှင့် ရှီဇီ၏ ကြင်ရာတော်တို့၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်သည့် အပိုင်းများကို ဖယ်ထုတ်ကာ သူကိုယ်တိုင် ရှီးရုံနှင့် ပေတိတို့ကို ဓားပြတိုက်ခဲ့သည့် အပိုင်းများကို ချန်ထားရန် ရွေးချယ်ခဲ့လေသည်။

သူ ငယ်ရွယ်စဉ်က ပြုမူခဲ့သော ထိုကိစ္စများကို လူကြီးပိုင်းများ အားလုံး သိရှိထားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရန်သူသာ အရှက်ကွဲရပြီး သူ အရှက်ကွဲရခြင်း မဟုတ်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်ပေ။

ထို့ပြင် ချူဟွား ပြောသည်မှာလည်း အလွန် မှန်ကန်လှ၏။

ရန်သူ့ပစ္စည်းကို ယူတာ ဓားပြတိုက်တယ် ခေါ်လို့ ရမှာတဲ့လား။ ကောက်ရတယ်လို့ ခေါ်ရမှာပေါ့။

မှူးမတ်များကို စကားပြောဆိုမှု အတတ်ပညာ အစစ်အမှန်အား နားလည်သဘောပေါက်စေရမည့် အချိန် ရောက်လာပြီ။

စာပေကျမ်းဂန်တွေကို ဆယ်စုနှစ်တွေကြာအောင် ဖတ်ရှုခဲ့ကြတဲ့ လူကြီးမင်းတွေက ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးလောက် စကားပြော မတတ်ကြဘူး။ ဒီလောက်နဲ့များ ကိုယ့်ကိုယ်ကိုယ် နှလုံးသား မည်းနက်တယ်လို့ ပြောရဲကြသေးတယ်။

အကယ်၍ အတင်းပြောစနစ် ၁၈၈ တွင် နှစ်သက်မှုပြသသော မီတာတစ်ခု ပါရှိပါက ထိုအချိန်တွင် ဖူရွေ့ချင်းဝမ်၏ ချူဟွားအပေါ် နှစ်သက်မှုသည် တရိပ်ရိပ် တက်နေပေလိမ့်မည်။

သို့သော် ဝမ်ဖေးနှင့် ရှီဇီကြင်ရာတော်တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဖယ်ရှားလိုက်ပြီးနောက် အစီရင်ခံစာ တစ်ခုလုံးသည် ဟိုတစ်ပေါက် ဒီတစ်ပေါက် ဖြစ်နေကာ တစ်စုံတစ်ယောက်က များစွာသော အရာများကို ဖျက်ပစ်လိုက်ကြောင်း ကြည့်လိုက်သည်နှင့် သိသာနေလေသည်။

ဖုံးကွယ်ရန် ကြိုးစားလွန်းအားကြီးပါက လူများကို ပိုမို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေတတ်သည်။

ထို့အပြင် ချူဟွားနှင့် systemတို့ ဖရဲသီး စားနေစဉ်တွင် ချူမိသားစုမှ လူအများအပြား ကြားသိခဲ့ကြရပြီး ၎င်းသည် လျှို့ဝှက်ချက် မဟုတ်သောကြောင့် ပေါက်ကြားနိုင်ခြေ အလွန် များပြားလှသည်။

ဖူရွေ့ချင်းဝမ်သည် အကြမ်းဖျင်း အားလုံး ဖျက်ပစ်ခြင်းမှာ အဆင်မပြေကြောင်း တွေ့ရှိရသဖြင့် အသေးစိတ် ပြန်လည် ပြင်ဆင် ဖျက်ပစ်ခြင်းသို့ ပြောင်းလဲခဲ့ပြီး မူမမှန်မှုကို လူများ မတွေ့ရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့လေသည်။

အရှင်မင်းကြီးသည် အစီရင်ခံစာ အများအပြားကို ဖတ်ရှုပြီးနောက် သူ၏ ဦးရီးတော်မှာ ခေါင်းငုံ့ကာ အလုပ်လုပ်နေဆဲ ဖြစ်သည်ကို တွေ့ရှိရသဖြင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်၏။

အကြောင်းအရာနှင့် ယုတ္တိဗေဒတို့မှာ အလွန် ချောမွေ့နေသော်လည်း တစ်နေရာရာတွင် ပြဿနာ ရှိနေသလို ခံစားရသည်။

အရှင်မင်းကြီးသည် တစ်ခေါက် ဖတ်ရှုကြည့်သော်လည်း ပြဿနာကို ရှာမတွေ့သဖြင့် ဆက်လက် ဂရုမစိုက်တော့ဘဲ ဤဗားရှင်းကို တိုက်ရိုက် ဖြန့်ဝေလိုက်လေသည်။

ပြန်လည် ပြင်ဆင်ထားသော အစီရင်ခံစာ မင်းဆရာကြီးအို၏ လက်ထဲသို့ ရောက်ရှိလာသောအခါ သူသည် တစ်ချက်ကြည့်ရုံဖြင့် လက်စလက်နများကို တွေ့ရှိလိုက်၏။

အစီရင်ခံစာ တစ်ခုလုံးတွင် ဖျက်ပစ်လိုက်သော အကြောင်းအရာ များများစားစား မရှိဘဲ အစဉ်လိုက် ပြောင်းလဲကာ အနည်းငယ် မွမ်းမံထားခြင်းသာ ဖြစ်လေသည်။ ၎င်းက ချူဟွားသည် ဖူရွေ့ချင်းဝမ် တစ်ဦးတည်းကိုသာ စိတ်ဝင်စားပြီး ကြင်ရာတော်နှင့် ရှီဇီ စသည်တို့ကို စကားကြုံ အနေဖြင့်သာ ပြောဆိုခဲ့သည်ဟု ထင်မှတ်စေသည်။

ချူဟွားက ဖူရွေ့ချင်းဝမ်၊ ဝမ်ဖေးနှင့် ရှီဇီတို့ကို ချီးကျူးခဲ့သော အကြောင်းအရာများကိုမူ မူရင်းအတိုင်း တစ်လုံးမျှ မပြင်ဘဲ ထားရှိခဲ့သည်။

မင်းဆရာကြီးအိုသည် ထိုသို့ ပြုလုပ်ရခြင်း၏ အကြောင်းရင်းကို နားမလည်နိုင်ခြင်း မဟုတ်ဘဲ မလိုအပ်ဘူးဟု ခံစားရခြင်းသာ။

အခု ပြင်လိုက်တော့ရော ဘာထူးမှာလဲ။ ချူဟွားက ဖရဲသီး တစ်ခါပဲ စားပြီး နောက်ပိုင်း systemက ထပ်မပြောတော့ဘူးလို့ သူတို့ ထင်နေကြတာလား။

အရှင်မင်းကြီးသည် အရင်တုန်းက မိဖုရားကြီးနှင့် အစားထိုးခံ လင်ငယ်လေးတို့၏ ဖရဲသီးများကို ဖျက်ပစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပေါက်ကြားခဲ့သည် မဟုတ်ပါလား။ မှူးမတ်များသည် နောက်ထပ် ဖရဲသီး တစ်လုံးကို ပိုစားရပြီးနောက် အရှင်မင်းကြီးက အလကား အလုပ်ရှုပ်ခံသည်ဟု တိတ်တဆိတ် လှောင်ပြောင်ခဲ့ကြသေးသည်။

သို့သော် ဤကိစ္စများကို ဖူရွေ့ချင်းဝမ် ကိုယ်တိုင်က လိုလားနေသမျှ ကာလပတ်လုံး သူတို့ ဝင်ရောက် စွက်ဖက်ခွင့် မရှိပေ။

မှူးမတ်များ တော်ဝင်စာကြည့်ဆောင်တွင် စုဝေးနေကြခြင်းမှာ ချူဟွားနှင့် systemတို့၏ စကားပြောဆိုမှုများထဲမှ ပြောကြားချက် အမျိုးမျိုးကြောင့် ဖြစ်သည်။

ရှီးရုံတို့ လွန်ခဲ့သော နှစ်များက အသုံးပြုခဲ့သော စစ်ရေး မဟာဗျူဟာများကို ပြန်လည် ရေတွက်ကြည့်လျှင် သူတို့သည် "စစ်တိုက်ရင်း စစ်တပ်ကို ကျွေးမွေးခြင်း" နှင့် "ပဋိပက္ခ လွှဲပြောင်းခြင်း" တို့ကို နားလည်နိုင်သော်လည်း "သာ့ရှန်းက ပေတိလောက် မကောင်းဘူး" ဆိုသော စကားသည် အရှင်မင်းကြီးနှင့် ညီလာခံ တစ်ခုလုံးကို တိုက်ရိုက် ထိခိုက်စေခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးက ပထမဆုံး မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ "ပေတိက ငါတို့ သာ့ရှန်းလောက် ချမ်းသာလို့လား"

မှူးမတ်များ: "..." ဒီနှစ်မှ ချမ်းသာလာတဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်က မင်းကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလား။

ဘဏ္ဍာရေးဝန်ကြီးက မောက်မာစွာ ပြုံးလိုက်၏။ တခြားအရာများကို သူ ပြောရဲမည် မဟုတ်သော်လည်း အံ့ဖွယ်ခုံးခုံးကတော့ လူများကို ခေါ်ဆောင်ကာ ရှီးရုံသို့ သွားရောက်နေပြီ ဖြစ်သည်။ မကြာမီ ရှီးရုံ ဘုရင်မင်းမြတ် အဆက်ဆက်၏ သင်္ချိုင်းဂူမှ မြှုပ်နှံပစ္စည်းများကို သိမ်းပိုက်နိုင်တော့မည် ဖြစ်ပြီး ရှီးရုံ၏ နိုင်ငံတော် ဘဏ္ဍာတိုက်ကို ခိုးယူရန်မှာလည်း လက်တစ်ကမ်း အလိုသာ ဖြစ်တော့သည်။

လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သာ့ရှန်း၏ တိုင်းပြည်ဘဏ္ဍာတိုက်သည် နိုင်ငံ ၃ နိုင်ငံအနက် အချမ်းသာဆုံး ဖြစ်လာမည်မှာ သေချာသည်။

တရားရေးဝန်ကြီးကလည်း မကျေနပ်ပေ။ "ပေတိက အကျင့်ပျက် မှူးမတ်တွေကို သတ်တာ၊ အိမ်တွေကို သိမ်းတာ ငါတို့လောက် များလို့လား"

မှူးမတ်များ: "..." အိမ်တွေ မသိမ်းခင် အကျင့်ပျက် မှူးမတ် အရေအတွက်ကို အရင် ကြည့်ပါဦးလား။ မင်း စိတ်လုံရဲ့လား။

ယဉ်ကျေးမှုဝန်ကြီးက အေးစက်စွာ ရယ်မောလိုက်၏။ "ငါတို့ သာ့ရှန်းက ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ တိုင်းပြည်၊ ပေတိ လူရိုင်းတွေက ဘာကောင်တွေမို့လို့လဲ"

မှူးမတ်များ: "..." သောက်ကျိုးနည်း၊ ယဉ်ကျေးမှု စည်းမျဉ်းတွေကို အလေးအထားဆုံး ယဉ်ကျေးမှုဝန်ကြီးတောင် ဆဲဆိုနေပြီဟေ့။

သူတို့ ဘယ်လောက်ပဲ မကျေနပ် ဖြစ်နေပါစေ မင်းဆရာကြီးအို၏ စကားတစ်ခွန်းတည်းက မှူးမတ်အားလုံး၏ မောက်မာမှုနှင့် မကျေနပ်မှုများကို ရိုက်ချလိုက်သည်။ "ပေတိက ပြည်သူအားလုံး သိုင်းပညာ သင်ကြတယ်"

သာ့ရှန်းသည် ကွယ်လွန်သူ ယခင်မင်းကြီး လက်ထက်ကတည်းက သိုင်းပညာကို အထူး အလေးထားခဲ့ပြီး ဆောင်းဦးရာသီ အမဲလိုက်ပွဲများ ကျင်းပခြင်း၊ စစ်သည်များ လစာ တိုးမြှင့်ခြင်း၊ မင်းသားများ စစ်မှုထမ်းခြင်း၊ ကုသိုလ်ရှိသော မှူးမတ်များကို ဆုချီးမြှင့်ခြင်း စသည်ဖြင့် ဆယ်စုနှစ်များစွာကြာအောင် စီမံချက်များစွာ ထုတ်ပြန်ခဲ့သည်။ အကျိုးသက်ရောက်မှု ရှိသော်လည်း သိပ်မများလှပေ။

အရပ်ဘက် မှူးမတ်များသည် ခေါင်းငုံ့ထားကြပြီး စစ်ဘက် မှူးမတ်များသည် တိတ်ဆိတ်နေကြသည်။ သည်အချက်တွင် သူတို့သည် ပေတိကို အမှန်တကယ် မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။

မင်းဆရာကြီးအိုက ထပ်ပြောသည်။ "ပေတိမှာ အမျိုးသမီး စစ်သူကြီးတွေ ရှိတယ်"

အရပ်ဘက် မှူးမတ်များသည် ပြောချင်သော်လည်း ရပ်တန့်လိုက်ကြပြီး စစ်ဘက် မှူးမတ်များသည် ရပ်တန့်လိုက်သော်လည်း ပြောချင်နေကြသည်။ သူတို့က ပေတိသည် လူရိုင်းများ ဖြစ်ပြီး ယဉ်ကျေးမှုကို အလေးထားသော သာ့ရှန်းနှင့် မတူကြောင်း ပြောချင်ကြသော်လည်း သူတို့ကပင် အမျိုးသမီးများ စစ်မြေပြင် ဝင်ရောက်ခြင်းကို လက်ခံနိုင်ကြသည်တွင် မိမိတို့ကရော။

သာ့ရှန်းတွင် အမျိုးသားများစွာထက် ထူးချွန်သော အမျိုးသမီး စစ်ဘက်အရာရှိ တစ်ဦး ပေါ်ထွက်လာရန် မလွယ်ကူသော်လည်း သူတို့သည် သူမကို အဆက်မပြတ် ဖယ်ကျဉ်နေကြပြီး သူမက မနေနိုင်တော့ဘဲ ကိုယ်တိုင် နုတ်ထွက်သွားအောင် ဖိအားပေးရန် ကြိုးစားနေကြသည်။

စစ်ဘက် မှူးမတ်များထဲမှ လူအများအပြားသည် ရှက်ရွံ့မှုကြောင့် မျက်နှာများ နီရဲလာကြလေသည်။

စစ်သူကြီးရွှမ်ဝေသည် ချူဟွား၏ ပြောဆိုချက် တချို့ကို ထပ်ခါတလဲလဲ စစ်ဆေးကြည့်ပြီးနောက် အရှင်မင်းကြီးက သူ့ကို ချူဟွားအား သင်ကြားပေးရန် စေခိုင်းစဉ်က အခိုင်အမာ မတောင်းဆိုခဲ့မိသည့်အတွက် ရုတ်တရက် နောင်တရသွားတော့သည်။

အကယ်၍ သူသာ ထိုစဉ်က အခိုင်အမာ တောင်းဆိုခဲ့ပြီး ချူဟွားအား နောက်ထပ် သင်တန်းတစ်ခု ပို့ချပေးနိုင်ရန် ကြိုးစားခဲ့ပါက သူမထံမှ မှန်ပြောင်းထက် ပိုကောင်းသော ပစ္စည်းများကို ရယူနိုင်ရုံသာမက မျှော်လင့်မထားသော စစ်ရေး မဟာဗျူဟာ တချို့ကိုပါ ရယူနိုင်မည် မဟုတ်ပါလား။

သူသည် ချူဟွားတွင် မည်သို့သော ထူးခြားမှုများ ရှိနေသည်ကို မသိသော်လည်း ချူဟွားက systemနှင့် အတားအဆီးမရှိ ဆက်သွယ်နိုင်ခြင်း၊ ရှေးခေတ်နှင့် ခေတ်သစ် အကြောင်းများကို မကြာခဏ ပြောဆိုတတ်ခြင်းတို့ကို ကြည့်ခြင်းဖြင့် သူတို့နှစ်ဦးသည် နေရာတစ်ခုတည်းမှ လာခြင်း ဖြစ်မည်ဟု ဝိုးတဝါး ခန့်မှန်းမိနေသည်။

ချူဟွားသည် စာပေနတ်ဘုရား ဝင်စားခြင်းလား သို့မဟုတ် အခြား တစ်စုံတစ်ယောက် ဝင်စားခြင်းလား ဆိုသည်ကိုတော့ လူတိုင်းက ထုတ်မပြောဘဲ အလိုလိုနားလည်ကြလေသည်။ သူမ ဘယ်ကလာလာ ဂရုမစိုက်ဘူး။ သာ့ရှန်းအတွက် အကျိုးရှိရင် ပြီးတာပဲ။

တော်ဝင်စာကြည့်ဆောင်သည် ရှက်ရွံ့ဖွယ် တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားတော့သည်။

စစ်သူကြီးရွှမ်ဝေက အခြားသူများ ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ ရှေ့သို့ တိုးကာ လျှောက်တင်လိုက်တော့၏။ "အရှင်မင်းကြီး၊ လူကြီးမင်းချူကို နောက်ထပ် သင်တန်း နှစ်ခုလောက် ထပ်ထည့်သင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်"

အရှင်မင်းကြီး: ???

မှူးမတ်များ: ???

မင်းက မကောင်းဆိုးဝါးလား။ သူမက အခု မနက်ကနေ ညအထိ နားချိန် မရှိသလောက် ဖြစ်နေပြီလေ။

စစ်သူကြီးရွှမ်ဝေသည် အခြားသူများ၏ ပြစ်တင်ဝေဖန်သော အကြည့်များကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ "လူကြီးမင်းချူက ခန္ဓာကိုယ် အားနည်းတော့ သိုင်းပညာ သင်ယူဖို့ သင့်တော်ပါတယ်။ သိုင်းပညာ သင်ယူပြီးမှတော့ စစ်မဟာဗျူဟာကိုပါ တခါတည်း သင်ယူလိုက်လို့ ရပါတယ်"

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

အိုက်ယိုး—— မင်းကို တကယ် လျှော့တွက်မိတာပဲ။ မျက်လုံးဖွင့်ပြီး လိမ်ညာပြောဆိုနိုင်စွမ်းက မသေးဘူးပဲ။

စစ်သူကြီးမင်ဝေက ကွဲပြားသော အမြင်ကို တင်ပြလေသည်။ "လူကြီးမင်းချူရဲ့ သင်တန်းချိန်တွေက ပြည့်နေပြီ။ မင်း မင်းဆရာကြီးအိုနဲ့ မင်းဆရာတို့ရဲ့ အချိန်ကို ယူချင်လို့လား"

မင်းဆရာကြီးအိုနှင့် မင်းဆရာတို့သည် စစ်သူကြီးရွှမ်ဝေအား ကြင်နာသောအကြည့်များ ပေးလိုက်ကြသည်။ ဘာလဲ။ မင်းက ငါတို့ အဘိုးကြီးနှစ်ယောက်ကို အလှည့်ကျ နေမကောင်းဖြစ်စေပြီး မင်းအတွက် အချိန်ပေးစေချင်တာလား။

စစ်သူကြီးရွှမ်ဝေက ဘယ်လိုလုပ်ပြီး သည်လို စိတ်ကူးမျိုး ရှိရဲမှာလဲ။

"သိုင်းပညာ သင်ယူတာက ဆောင်းရာသီမှာ အအေးဒဏ်၊ နွေရာသီမှာ အပူဒဏ်ကို ခံနိုင်ရည် ရှိအောင် လေ့ကျင့်ရတာ။ သူက နေ့တိုင်း မနက် တစ်နာရီလောက် စောထလို့ ရတယ်။ သိုင်းပညာ သင်ယူမှုရဲ့ အစက မြင်းစီးဟန် ပြုလုပ်ခြင်းပဲ။ သူက မြင်းစီးဟန် ပြုလုပ်ရင်း ကျွန်တော်မျိုးရဲ့ စစ်မဟာဗျူဟာ သင်ခန်းစာကို နားထောင်လို့ ရပါတယ်။ နှစ်ခုစလုံး မထိခိုက်ပါဘူး"

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

သောက်ကျိုးနည်း။ ဒါက ချူဟွားရဲ့ အနားယူချိန်ကို ရှင်းရှင်းလင်းလင်း စီစဉ်လိုက်တာပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်အတွက် ဆရာနေရာကိုပါ ရှာဖွေလိုက်သေးတယ်။

ဒီနေ့ကစပြီး တစ်ယောက်ယောက်က ငါတို့ အရပ်ဘက် မှူးမတ်တွေရဲ့ နှလုံးသား မည်းနက်တယ်၊ စစ်ဘက် မှူးမတ်တွေကို မယှဉ်နိုင်ဘူးလို့ ငါတို့ရှေ့မှာ ပြောရဲရင် သူတို့ကို တံတွေးနဲ့ ဝိုင်းထွေးပြီး ရေနစ်သေအောင် လုပ်ပစ်မယ်။

အရှင်မင်းကြီးလည်း သူက စစ်သူကြီးရွှမ်ဝေကို ချူဟွားအား သင်ကြားပေးရန် ပြောဆိုစဉ်က စစ်သူကြီးရွှမ်ဝေ ငြင်းဆန်ခဲ့ပြီး ယခုအခါ ကိုယ်တိုင် တောင်းဆိုလာလိမ့်မည်ဟု မထင်မှတ်ထားပေ။

"၁၄ နှစ်မှ သိုင်းပညာ စသင်တာ နည်းနည်း နောက်ကျမနေဘူးလား" သူ့ သားတော်များသည် ၅ နှစ်သား အရွယ်ကတည်းက သိုင်းပညာ စတင် သင်ယူခဲ့ကြသည်။

စစ်သူကြီးမင်ဝေက ရိုးသားစွာ ပြောလေသည်။ "အရမ်း နောက်ကျနေပါပြီ" နောက်ထပ် ၂ နှစ်ဆို အိမ်ထောင်ပြုလို့ ရနေပြီ။

စစ်သူကြီးရွှမ်ဝေက မျက်နှာ အရောင်မပြောင်းဘဲ ပြောလိုက်၏။ "အသက်ကြီးတဲ့အထိ ရှင်သန်ပြီး အသက်ကြီးတဲ့အထိ သင်ယူရမယ်။ ကျွန်တော်မျိုး ဖူရွေ့ချင်းဝမ်ရဲ့ စကားကို အပြည့်အဝ ထောက်ခံပါတယ်"

ထောင့်တွင် ပုန်းနေသော ဖူရွေ့ချင်းဝမ်: ???

သူ့ကိစ္စ ဘာပါလို့လဲ။ သူ ဒီလိုစကားမျိုး တစ်ခါမှ မပြောဖူးပါဘူး။

သူက တာဝန် လွှဲချချင်သေးသော်လည်း မှူးမတ်များသည် ယခုတလော တစ်ယောက်ထက် တစ်ယောက် ပိုပြီး အလုပ်ကြိုးစားနေကြသည်။ နန်းတွင်း စာမေးပွဲ မေးခွန်းများကို အပြိုင်အဆိုင် ဖြေဆိုနေကြသလို အကျိုးဆောင်မှု အမျိုးမျိုးကိုလည်း အပြိုင်အဆိုင် ပြုလုပ်နေကြကာ "အသက်ကြီးတဲ့အထိ ရှင်သန်ပြီး အသက်ကြီးတဲ့အထိ အလုပ်ကြိုးစားမယ်" ဆိုသော ရည်မှန်းချက်ကို သစ္စာရှိစွာ ကျင့်သုံးနေကြသဖြင့် မည်သူမျှ သူ့ကို အာရုံမစိုက်ကြပေ။ သူ တကယ် ပြောခဲ့ခြင်း ရှိမရှိကို မည်သူမျှ ဂရုမစိုက်ကြတော့။

ဖူရွေ့ချင်းဝမ်က သဘာဝကျကျ တာဝန် လွှဲချလိုက်သည်။ "ချူဟွားက ဘယ်လောက်ပဲ သင်ယူပါစေ၊ လူနှစ်ယောက်အဖြစ် ခွဲလို့ မရဘူး။ အရပ်ဘက် မှူးမတ်လည်း ဖြစ်၊ စစ်ဘက် မှူးမတ်လည်း ဖြစ်နေတာ။ ချူဟွားကို သိုင်းပညာ သင်ခိုင်းတာထက် ခင်ဗျားတို့ အခု လုပ်သင့်တာက နျဲရွှေကို စစ်ဘက်အရာရှိ တစ်ယောက် ရသင့်တဲ့ အကျိုးခံစားခွင့် ရရှိအောင် လုပ်ပေးဖို့ပဲ"

နျဲရွှေ ဆိုသည်မှာ ဆောင်းဦးရာသီ အမဲလိုက်ပွဲတွင် ယောက်ျားလေးလို ဝတ်ဆင်ပြီး တတိယဆု ရရှိခဲ့သော အမျိုးသမီး စစ်ဘက်အရာရှိ ဖြစ်သည်။

ဖူရွေ့ချင်းဝမ်သည် စုန်းလင့် ဖြစ်သောကြောင့် သာမန်အားဖြင့် တော်ဝင်မိသားစုကိုသာ အာရုံစိုက်သင့်ပြီး ဤကိစ္စတွင် တိတ်ဆိတ်စွာ နေသင့်သည်။

သို့သော် သူသည် ညီလာခံမှ လူတချို့ ပိုမို ဆိုးရွားလာသည်ကို တွေ့မြင်နေရသဖြင့် မင်းဆရာကြီးအိုက မှူးမတ်များကို သတိပေးခြင်း၊ "သာ့ရှန်းက ပေတိလောက် မကောင်းဘူး" ဆိုသော စကားကြောင့် မှူးမတ်များ စိတ်မွန်းကျပ်နေခြင်း၊ စစ်သူကြီးရွှမ်ဝေက ချူဟွားအား သိုင်းပညာ သင်ယူရန် အကြံပြုခြင်း စသည့် အချိန်အခါကောင်းကို အခွင့်ကောင်းယူကာ တင်ပြလိုက်ခြင်း ဖြစ်သည်။

သူက ယခုထက် ပိုကောင်းသော အခွင့်အရေး မရှိတော့ဟု ခံစားမိသည်။

ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ ညီလာခံတွင် သူနှင့် တူညီသော သဘောထား ရှိသူများ မနည်းမနော ရှိကြောင်း အချက်အလက်များက သက်သေပြနေသည်။

မင်းဆရာကြီးအို: "ကျွန်တော်မျိုး ထောက်ခံပါတယ်"

မင်းဆရာ: "ကျွန်တော်မျိုး ထောက်ခံပါတယ်"

စစ်သူကြီးရွှမ်ဝေ: "ကျွန်တော်မျိုး ထောက်ခံပါတယ်"

မင်းဆရာ နှစ်ဦးသည် အရပ်ဘက် မှူးမတ်များ၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ဖူရွေ့ချင်းဝမ်နှင့် စစ်သူကြီးရွှမ်ဝေတို့သည် စစ်ဘက် မှူးမတ်များကြားတွင် ဂုဏ်သတင်း ကြီးမားသူများ ဖြစ်ကြသည်။ သူတို့ ၄ ဦးက ဦးဆောင်ပြီး သဘောထား ဖော်ပြလိုက်ရာ လူအများအပြားကလည်း လိုက်လံ သဘောထား ဖော်ပြကြပြီး မလိုလားသူ တချို့ကလည်း ဆန့်ကျင်ရန် မလွယ်ကူတော့ပေ။

အရှင်မင်းကြီးသည် ဤကဲ့သို့သော မမျှော်လင့်ထားသည့် အံ့အားသင့်စရာ ရှိလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် တက်နေသော နှုတ်ခမ်းထောင့်များကို အတင်း ဖိနှိပ်ထားလိုက်သည်။

"ခွင့်ပြုတယ်"

တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော နျဲရွှေ၏ အဖေ: ???

ကောင်းကင်ပေါ်ကနေ မုန့်ကျတယ် ဆိုတာ ဘာလဲ။ ဒါပါပဲ။ ကြီးမားလွန်းလို့ သူ့ကိုတောင် မူးလဲသွားစေတော့မလို့။

တစ်နာရီ ကြာပြီးနောက် စစ်ရေးလေ့ကျင့်ကွင်းတွင် တစ်ယောက်တည်း သိုင်းကျင့်နေသော နျဲရွှေသည် စစ်ဘက်ဝန်ကြီးဌာနမှ ပေးပို့လာသော စာရွက်စာတမ်းကို လက်ခံရရှိခဲ့သည်။ သူမသည် အဆင့် ၇ (အငယ်) ဒုတပ်ခွဲမှူး ရာထူးမှ အဆင့် ၇ (အကြီး) တပ်ခွဲမှူး ရာထူးသို့ တိုးမြှင့်ခံလိုက်ရသည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ အဲ့ဒီလူတွေ ငါ့ကို ဒုက္ခပေးဖို့ ဘာနည်းလမ်းသစ်တွေ စဉ်းစားလိုက်ကြပြန်ပြီလဲ။

ဘာနည်းလမ်းပဲ ဖြစ်ဖြစ် သူမကို ရာထူးတိုးပေးပြီးမှ ဒုက္ခပေးတာက နည်းနည်း များလွန်းနေပြီ မဟုတ်ဘူးလား။ စစ်ဘက်ဝန်ကြီးဌာနကိုတောင် လာဘ်ထိုးထားကြတာဟ။

သူမကို ပိုပြီး အံ့ဩစေတာက အရင်တုန်းက သူမကို လေလို သဘောထားခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များသည် သူမကို မြင်သည်နှင့် နှုတ်ဆက်လာကြခြင်း ဖြစ်သည်။

"တပ်ခွဲမှူးနျဲ"

"တပ်ခွဲမှူးနျဲ ဘယ်သွားမလို့လဲ"

"တပ်ခွဲမှူးနျဲ လေ့ကျင့်ရေး လာဆင်းတာလား"

နျဲရွှေ: "..." သူမမှာ ပြဿနာ ရှိနေတာ ဒါမှမဟုတ် ဒီလုပ်ဖော်ကိုင်ဖက်တွေမှာ ရောဂါ ရှိနေတာပဲ ဖြစ်ရမယ်။

ဒီတစ်ခါ လုပ်ဖော်ကိုင်ဖက်တွေ သုံးတဲ့ နည်းလမ်းက တော်တော် ဆန်းသစ်တယ်။ အနည်းဆုံးတော့ သူမကို အလုပ်မလုပ်ခိုင်းတာ၊ လေလို သဘောထားတာတွေထက် ပိုဆန်းသစ်တယ်။ သူမတောင် ကိုယ့်မျက်လုံးနဲ့ နားတွေများ ပြဿနာ ရှိနေပြီလားလို့ သံသယ ဖြစ်မိလာပြီ။

မဖြစ်ဘူး။ သူမ သမားတော် သွားပြရမယ်။

သမီးဖြစ်သူ မုန့်ထိပြီး မူးကြောင်ကြောင် ဖြစ်နေမည်ကို မျှော်လင့်ထားသော အဖေနျဲသည် စစ်ရေးလေ့ကျင့်ကွင်းသို့ အလျင်အမြန် ရောက်ရှိလာသော်လည်း သမီးနှင့် လွဲသွားခဲ့သည်။

ညနေရောက်မှ သားအဖ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အိမ်ပြန်ရောက်ကြပြီး အဖေနျဲက သမီးဖြစ်သူ ရာထူးတိုးရခြင်း အကြောင်းရင်းကို ပြောပြလိုက်မှ နျဲရွှေ၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

"ဒီလိုဆိုတော့ သမီးက ဖူရွေ့ချင်းဝမ်ရဲ့ ကျေးဇူးကို ခံလိုက်ရတာပေါ့"

အဖေနျဲသည် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူ ဖြစ်သဖြင့် သမီးထက် ပိုမို နက်ရှိုင်းစွာ မြင်တတ်လေသည်။

"ဖူရွေ့ချင်းဝမ်ရဲ့ အကြံပြုချက်ကြောင့် သမီး ရသင့်ရထိုက်တဲ့ ဆက်ဆံရေးကို ရရှိခဲ့တာ မှန်တယ်။ ဒီကျေးဇူးကို မှတ်ထားရမယ်။ ဒါပေမဲ့ မင်းဆရာကြီးအို၊ မင်းဆရာ၊ စစ်သူကြီးရွှမ်ဝေတို့ သဘောတူလိုက်တာက ချူဟွားကြောင့် ပိုများတယ်"

"အထက်ကို ပြန်ကြည့်လိုက်ရင် ဒီကိစ္စရဲ့ အစက ချူဟွားက သာ့ရှန်းမှာ အမျိုးသမီး စစ်သူကြီး မရှိတာကို မနှစ်သက်လို့ ဖြစ်ရတာ။ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက သာ့ရှန်းကို ပေတိရှေ့မှာ အရှုံးမပေးချင်ကြဘူး။ ပြီးတော့ ဒါက သာ့ရှန်းမှာ အမျိုးသမီး အရာရှိ မရှိတာနဲ့ ပတ်သက်ပြီး သူ မေးခွန်းထုတ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး"

အဖေနျဲ နောက်ထပ် ဆက်မပြောလျှင်ပင် နျဲရွှေ ကိုယ်တိုင် စဉ်းစားလို့ ရသည်။

ချူဟွားသည် ယောက်ျားလေးလို ဝတ်ဆင်ပြီး ညီလာခံ တက်ရောက်ကာ အရာရှိ လုပ်နေကြောင်း၊ အမျိုးသမီး အဖော်အပေါင်းများကို ခေါ်ဆောင်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သွားရောက်ခဲ့ကြောင်း၊ ညီလာခံတွင် အမျိုးသမီးများ ပါဝင်လာစေကြောင်း သိရှိခဲ့ရသောကြောင့်သာ သူမသည် ယောက်ျားလေးလို ဝတ်ဆင်ပြီး ဆောင်းဦးရာသီ အမဲလိုက်ပွဲတွင် မိမိ၏ အရည်အချင်းကို စမ်းသပ်ရန် သတ္တိမွေးခဲ့ခြင်းပင်။ သူမသည် ယောက်ျားများထက် မည်သည့်နေရာတွင် ညံ့ဖျင်းနေသနည်းဟု သိချင်ခဲ့လေသည်။

ရလဒ်ကတော့ ယောက်ျားတွေလည်း ဒီလောက်ပါပဲ။

ရာထူးတိုးတာက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ ဖြစ်ပေမဲ့ သူမ ဒီလို ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့တာက တကယ်ပဲ ချူဟွားရဲ့ ကျေးဇူးကြောင့်ပဲ။

ယခုအခါ ရာထူးတိုးခြင်းနှင့် ဆက်ဆံရေး ကောင်းမွန်လာခြင်းသည်လည်း ချူဟွားကြောင့်ပင် ဖြစ်ပြန်သည်။

နျဲရွှေ၏ ချူဟွားအပေါ် နှစ်သက်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ပါးပြင်များ နီရဲလာကာ ချစ်သူနှင့် တွေ့ဆုံရန် ပြင်ဆင်နေသော မိန်းကလေးတစ်ဦးနှင့် တူနေတော့သည်။ "အဖေ၊ သမီး ချူဟွားနဲ့ သွားတွေ့လို့ ရမလား"

အဖေနျဲသည် အံ့အားသင့်ပြီး နောက်သို့ ဆုတ်သွားမိသည်။ ပုံမှန်အားဖြင့် လက်သီးတစ်ချက်တည်းနှင့် ဆရာသမား အိုကြီးကို သတ်နိုင်လောက်အောင် အားကြီးသော သူ့သမီးသည်လည်း ဤကဲ့သို့ ရှက်သွေးဖြာတတ်ပါသည်တဲ့လား။

သမီးဖြစ်သူ ဘာပြောလိုက်သည်ကို သတိထားမိလိုက်သောအခါ အဖေနျဲသည် လက်ကာပြလိုက်ကာ "မဖြစ်ဘူး။ အရှင်မင်းကြီး ခွင့်ပြုမှာ မဟုတ်ဘူး။ သမီး ရှုပ်ရှုပ်ယှက်ယှက် မလုပ်နဲ့။ မဟုတ်ရင် မနည်း ရထားတဲ့ ရာထူး ပြန်ပြုတ်သွားဦးမယ်"

"ဟုတ်" နျဲရွှေခမျာ အလွန် နှမြောတသ ဖြစ်သွားတော့သည်။

ထားလိုက်ပါတော့လေ။ တစ်နေ့ ချူဟွားက သူ့ ကိုယ်ပိုင် အမှတ်အသားနဲ့ ညီလာခံ တက်ရောက်နိုင်တဲ့ အချိန်ကျမှ သူတို့နှစ်ယောက် တွေ့ကြတာပေါ့။

ရှန်အိမ်တော်။

ချူဟွားသည် ရှန်လုအတွက် ပစ္စည်းကောင်းတစ်ခု ယူဆောင်လာခဲ့သည်။ ကန်စွန်းဥ ဖုတ်ထားသော အမွှေးအနံ့သည် စာကြည့်ခန်း တစ်ခုလုံး ပြည့်နှက်နေပြီး ဤ စိမ်းသက်သော ဆွဲဆောင်မှုရှိသည့် အမွှေးအနံ့သည် ရှန်လုအား အာရုံမစိုက်မိဘဲ မနေနိုင်အောင် ဖြစ်ရစေလေသည်။

"ဒါက ဘာလဲ" ရှန်လုသည် ဤ သီးနှံကို မသိကြောင်း တွေ့ရှိလိုက်ရ၏။

"ကန်စွန်းဥ" ချူဟွားသည် တုတ်ချောင်းဖြင့် ကန်စွန်းဥဖုတ်ကို လှန်လိုက်ပြီး အနေတော် ဖြစ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ရှန်လုကို တစ်လုံး ခွဲပေးလိုက်ကာ "ကုန်သည်အဖွဲ့ ယူလာတဲ့ ပစ္စည်းကောင်းပဲ။ မြန်မြန် မြည်းကြည့်"

ကန်စွန်းဥ။ ရှန်လုသည် တစ်ခါမှ မကြားဖူးကြောင်း သေချာသည်။ ချူဟွား လုပ်သလို မည်းတူးနေသော အခွံကို ခွာလိုက်ပြီး အတွင်းမှ အသားကို မြည်းစမ်းကြည့်လိုက်၏။

ပါးစပ်ထဲတွင် ပျော့အိနေပြီး မွှေးကြိုင် ချိုမြိန်ကာ ဗိုက်ပြည့်စေသော ခံစားမှု ပေးသည်။ တကယ်ကို သီးနှံအသစ် တစ်မျိုးပင်။

ရှန်လု: "အထွက်နှုန်း ဘယ်လောက်လဲ ဆိုတာ သိလား"

ချူဟွားက ခေတ်သစ်တွင် ကန်စွန်းဥ အထွက်နှုန်း အလွန် မြင့်မားကြောင်းသာ သိထားသည်။ ရှေးခေတ်မှာတော့... ကုန်သည်အဖွဲ့က ပစ္စည်း ယူလာပေးရုံသာ တာဝန်ယူပြီး စုံစမ်းရေး မလုပ်ပေးပေ။

[ထုံအာရေ~]

Systemက ခေါ်တာနဲ့ ရောက်လာသည်။ [ကန်စွန်းဥ မျိုးစိတ်တွေ အများကြီး ရှိတယ်။ နင့်လက်ထဲက ဟာက သေချာ ဂရုမစိုက်ထားတဲ့ ဟာဆိုတော့ တစ်ဧက အထွက်နှုန်းက ပိဿာ ၂၀၀ (ပေါင် ၇၀၀ ခန့်) လောက် ရှိတယ်]

ရှန်လုမှာ အသက်ရှူ ရပ်တန့်သွားတော့၏။ ကျားယီနှင့် ချိုက်ကန်းတို့လည်း ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။ တစ်ဧက အထွက်နှုန်း ပိဿာ ၂၀၀။ ဒါက ဘယ်လို နတ်ဘုရား သီးနှံမျိုးလဲ။

သာ့ရှန်း၏ ဂျုံ အထွက်နှုန်းသည် စိုက်ပျိုးသော ဒေသအလိုက် ကွာခြားမှု ရှိပြီး နည်းလျှင် ပိဿာ ၂၀၊ ၃၀ လောက်သာ ရှိကာ မြေဆီလွှာ အကောင်းဆုံး ဒေသတွင် ပိဿာ ၂၀၀ ကျော် ရှိသည်။ ပျမ်းမျှ အဆင့်အတန်းမှာ ပိဿာ ၁၀၀ ဝန်းကျင်သာ ရှိသည်ကို သိထားရမည်။

သေချာ ဂရုမစိုက်ထားသော ကန်စွန်းဥကတောင် တစ်ဧက အထွက်နှုန်း ပိဿာ ၂၀၀ ရှိသည် ဆိုလျှင် သေချာ ဂရုစိုက် စိုက်ပျိုးပါက ပိဿာ ၃၀၀ ကျော် ထွက်ရှိရန် ပြဿနာ မရှိပေ။

ကန်စွန်းဥသာ ဂျုံ၊ စပါး၊ ပဲပိစပ်တို့ကို အစားထိုးနိုင်ပါက သာ့ရှန်း တစ်နိုင်ငံလုံးတွင် လူမည်မျှ အသက်ဆက်နိုင်မည်ကို မသိနိုင်ပေ။

ပုံမှန် အေးဆေး တည်ငြိမ်သော ရှန်လုပင်လျှင် ဤ ကြောက်မက်ဖွယ် ကောင်းသော ခန့်မှန်းချက်ကြောင့် တုန်လှုပ်သွားတော့သည်။

နောက်တစ်ခဏတွင် ချူဟွားက ပြောသည်ကို ကြားလိုက်ရ၏။ "ကန်စွန်းဥက တစ်ဧက အထွက်နှုန်း ပိဿာ ၂၀၀၊ ၃၀၀ လောက် ရှိနိုင်တယ်။ မြေအောက်မှာ ကြီးထွားတာမို့လို့ ကျိုင်းကောင် ကပ်ဘေး ကျရောက်လည်း ကိစ္စ မရှိဘူး။ ဒါပေမဲ့ သီးနှံ လှည့်စိုက်ဖို့ လိုတယ်"

"ဘယ်လို လှည့်စိုက်ရမှာလဲ" ရှန်လုက ထပ်မေးသည်။

ချူဟွားက တောင်းပန်သော အပြုံးဖြင့် ပြောသည်။ "တောင်းပန်ပါတယ်။ ဒါကို သိပ်မသိဘူး"

ရှန်လု: "..."

ကျားယီနှင့် ချိုက်ကန်း: "..."

ဤသတင်း အစိတ်အပိုင်းသည် ကုန်သည်အဖွဲ့က ချူမိသားစုထံ ပေးပို့သော ကန်စွန်းဥများနှင့်အတူ နန်းတော်ထဲသို့ ရောက်ရှိသွားတော့သည်။ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ကန်စွန်းဥ၏ မြင့်မားသော အထွက်နှုန်းကြောင့် တုန်လှုပ်သွားကြသကဲ့သို့ ချူဟွား၏ တစ်ဝက်တစ်ပျက် ပြောပြီး ရပ်သွားသော စကားကြောင့်လည်း အသက်ရှူ ကျပ်သွားကြသည်။

အရှင်မင်းကြီးမှာ မျက်လုံးများ ပြာဝေသွားတော့သည်။ "သူ့ကို လယ်စိုက်နည်းပါ ထပ်သင်ခိုင်းလို့တော့ မဖြစ်ဘူး မဟုတ်လား"

အရှင်မင်းကြီးနှင့် မှူးမတ်များသည် တစ်ဧက အထွက်နှုန်း ပိဿာ ၂၀၀၊ ၃၀၀ ကို တွေ့လိုက်ရစဉ်က ပျော်ရွှင်ခဲ့ရသလောက် ယခုတော့ ထိုနည်းတူ စိတ်ဓာတ်ကျနေကြတော့သည်။

ကန်စွန်းဥသည် သာ့ရှန်းနှင့် မရင်းနှီးသော သီးနှံ ဖြစ်ပြီး ဘယ်လို စိုက်ရမလဲ မသိ၊ ဘာတွေ သတိထားရမလဲ မသိပေ။ ဒါက ရတနာများ အပြည့် ပါဝင်သော သေတ္တာတစ်လုံး ကိုယ့်ရှေ့တွင် ရှိနေသော်လည်း ဖွင့်မည့် သော့ မရှိသကဲ့သို့ပင်။ စိတ်ပူလွန်းလို့ သေတော့မည်။

ကန်စွန်းဥက မြေအောက်မှာ ပေါက်မှန်း သိတယ်၊ ကျိုင်းကောင် ကပ်ဘေး ကာကွယ်နိုင်မှန်း သိတယ်၊ သီးနှံ လှည့်စိုက်ရမှန်းလည်း သိတယ်၊ ဘယ်လို စိုက်ရမလဲ ဆိုတာကိုကျ ဘာလို့ မသိရတာလဲ။

...

All Chapters