← Chapters

အခန်း ၈၃

Vol. 6 Ch. 83

အခန်း ၈၃

Vol. 6 Ch. 83

အပိုင်း (၈၃)

အမျိုးသမီးများအချင်းချင်း ကူညီကြသော ဇာတ်လမ်းများကို ကြားရတိုင်း ချူဟွားသည် သည်အုပ်စု၏ ချစ်စရာကောင်းမှုကို ပိုမို နက်ရှိုင်းစွာ ခံစားမိပြီး အမျိုးသမီး အဖော်အပေါင်းများအတွက် တစ်ခုခု လုပ်ပေးလိုသော ဆန္ဒ ပိုမို ပြင်းပြလာခဲ့သည်။

——သူတို့က ပိုကောင်းတဲ့ ဆက်ဆံရေးနဲ့ ထိုက်တန်တယ်လေ။

ချူဟွား: [ငါ့အစ်ကို ဘယ်လို ပြောလဲ]

System: [ငါကတော့ ဖရဲသီး စားရင်း ဒီမိန်းကလေး ပြောတာ အမှန်ပဲ ဆိုတာ သိနိုင်ပေမဲ့ နင့်အစ်ကိုက မသိနိုင်ဘူးလေ။ ဒါကြောင့် သူက ဒီကိစ္စ မှန်ကန်မှု ရှိမရှိ အရင် စုံစမ်းဖို့ လူလွှတ်ရဦးမယ်]

[တကယ်လို့ ယန်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ တပ်မှူးတို့ ပူးပေါင်းကြံစည်နေတာ အမှန်သာဆိုရင် နင့်အစ်ကိုဘေးမှာ အရှင်မင်းကြီး လွှတ်လိုက်တဲ့ ကိုယ်ရံတော် နည်းနည်းပဲ ရှိတာ။ ကျင်းယန်ခရိုင်က အမှုထမ်းတွေကိုလည်း ခေါ်သွားလို့ မရဘူး။ ဒေသခံ အမှုထမ်းတွေ၊ စစ်သားတွေ အများကြီးကို ဘယ်လို ယှဉ်မလဲ။ အရမ်း အန္တရာယ် များတယ်]

[နင့်အစ်ကိုက တော်တော် သတိထားတယ်။ အဲ့ဒီ မိန်းကလေးကို နှစ်သိမ့်ပြီး အသေးစိတ် အချက်အလက်တွေ မေးမြန်းထားတယ်။ သူ့ကို တည်းခိုခန်းမှာ ခဏ နေခိုင်းထားတယ်။ ဒီညက နှစ်သစ်ကူးည ဆိုတော့ အိမ်တိုင်း မိသားစု ပြန်လည် ဆုံစည်းကြတဲ့ အချိန်၊ ဘာလုပ်လုပ် အဆင်မပြေဘူး။ ပြီးတော့ နင့်အစ်ကိုက ကျင်းယန်ခရိုင်မှာ လုပ်စရာ မပြီးသေးဘူး။ အုပ်ချုပ်ရေးမှူး၊ ဆောင်ကြာမြိုင်တွေဆီ သွားပြီး မိန်းကလေးရဲ့ နောက်ခံ၊ အတွေ့အကြုံတွေကို စုံစမ်းရင်တောင် အချိန် တစ်ခုလောက် ကြာမှ လှုပ်ရှားလို့ ရမယ်]

ချူချင်သည် တော်ဝင်ကိုယ်စားလှယ် အမည်ခံထားရသဖြင့် ကိစ္စ မပြီးဘဲ ထွက်သွားပါက "ခင်ဗျားမှာ ပြဿနာ ရှိမှန်း ငါ သိနေတယ်" ဟု တစ်ဖက်လူကို ပြောလိုက်သကဲ့သို့ ဖြစ်နေပေမည်။

ချူဟွားသည် ဆက်ပြီး အချိန်ဆွဲနေလျှင် ကိစ္စရပ် ပိုမို ကြီးထွားလာပြီး ဖြေရှင်းရန် ခက်ခဲလာမည်ကို စိုးရိမ်လေသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ အမှန်တရားကို သိနေသော သူမသည် လက်လှမ်းမမီ ဖြစ်နေပြီး အမှန်တရားကို မသိသော ချူချင်သည် မြက်ကိုရိုက်ပြီး မြွေကို လန့်စေမည်ကို စိုးရိမ်နေရသည်။

ဖုန်း ၂ လုံးသာ ရှိပါက ဖုန်းဆက်လိုက်ရုံနှင့် ပြီးသွားမည့် ကိစ္စပင်။

ကံမကောင်းစွာဖြင့် systemသည် ဖရဲသီးသာ စားတတ်ပြီး system ဈေးဝယ်စင်တာ ဆိုသည်မှာ မရှိပေ။

ချူဟွား: [ဒီလိုကိစ္စမျိုးက တိတ်တဆိတ် စုံစမ်းရမှာ။ လူမသိ၊ သူမသိ သွားပြီး စုံစမ်းရမှာ။ ဘာမှ မတွေ့ရင် တော်သေးတယ်။ တကယ်လို့ တစ်ခုခု တွေ့သွားရင် သူတို့ သေချာပေါက် နှုတ်ပိတ်ဖို့ လူသတ်ကြလိမ့်မယ်]

Systemတစ်ယောက် မယုံနိုင်အောင် ဖြစ်နေလေသည်။ [နင့်အစ်ကိုက တော်ဝင်ကိုယ်စားလှယ်လေ။ ကောင်းကင်ဘုံ ကိုယ်စား လှည့်လည် ကြည့်ရှုသူ၊ အရှင်မင်းကြီးကို ကိုယ်စားပြုတဲ့သူ။ တော်ဝင်ကိုယ်စားလှယ် သေဆုံးသွားရင် အရှင်မင်းကြီး ဒေါသထွက်ပြီး သေချာပေါက် စုံစမ်းစစ်ဆေးဖို့ လူလွှတ်မှာပဲ။ သူတို့ ဒီလောက်ထိ မိုက်ရူးရဲ ဆန်ပါ့မလား]

ချူဟွား: [မိုက်ရူးရဲ ဆန်တာ၊ မဆန်တာနဲ့ မဆိုင်ဘူး။ တော်ဝင်ကိုယ်စားလှယ် တစ်ယောက် သေဆုံးသွားရင် သူတို့က တခြား အကြောင်းပြချက်နဲ့ ဖုံးကွယ်ဖို့ နည်းလမ်း ရှာလို့ ရတယ်။ ဒါမှမဟုတ် အရင်က တော်ဝင်ကိုယ်စားလှယ် အရေးယူခဲ့တဲ့ အရာရှိတွေက လူသတ်သမား ငှားပြီး လုပ်ကြံတာလို့ ပြောလို့ ရတယ်။ ဒါပေမဲ့ တော်ဝင်ကိုယ်စားလှယ် မသေရင် သူတို့ သေရမှာလေ]

[အသက်ရှင်လိုစိတ်ရဲ့ တွန်းအားကြောင့် လူတွေ ဘာမဆို လုပ်ရဲကြတာ မဆန်းပါဘူး။ နင် ယုံလား၊ ဒီတစ်ခါ ယန်ခရိုင် ကို သွားတာက မင်းသားပဲ ဖြစ်ဖြစ်၊ ချင်းဝမ်ပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီး ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူတို့ အန္တရာယ် ရှိတယ်လို့ ခံစားမိတာနဲ့ သေချာပေါက် သတ်ကြမှာ]

[အိုက်ယိုး——] Systemမှာ အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်တော့ဘဲ လေအေးများသာ ရှူရှိုက်နေမိတော့သည်။

လူအများသည် systemက ထိုလူများ၏ ရဲတင်းမှုကြောင့် တုန်လှုပ်သွားသည်ဟု ထင်ကြသော်လည်း system အမှန်တကယ် တုန်လှုပ်သွားရသည်မှာ...

ချူဟွားသည် သူတို့နှစ်ဦး၏ စကားဝိုင်းကို အရှင်မင်းကြီးနှင့် မှူးမတ်များ သေချာပေါက် ကြားသိမည်ကို သိလျက်နှင့် ဤကဲ့သို့ ရဲရင့်သော ယူဆချက်ကို ပြုလုပ်ခဲ့သောကြောင့်ပင်။

ဒါက မီးလောင်ရာ လေပင့်တာ မဟုတ်ဘူးလား။

ချူချင် သေဆုံးသွားခြင်းက အရှင်မင်းကြီးအတွက် ထိခိုက်မှု သိပ်မရှိနိုင်သော်လည်း မင်းသား၊ ချင်းဝမ် တစ်ပါး သေဆုံးသွားခြင်း၊ သို့မဟုတ် ကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းမျိုး ဆိုလျှင် အရှင်မင်းကြီး ဒေါသထွက်ပြီး သေလောက်အောင် စိတ်ဆိုးမည်မှာ သေချာသည်။

Systemသည် ခဏလောက် သီးသန့် စကားပြောမုဒ်သို့ ပြောင်းလိုက်သည်။ [မမကြီးဟွား၊ နင် စောစောက ပြောလိုက်တဲ့ နောက်ဆုံး စကားက တမင် ပြောလိုက်တာ မဟုတ်လား]

ချူဟွား ပြုံးနေသော်လည်း စကားမပြောပေ။ အရွယ်ရောက်ပြီးသူများ ဖြစ်ကြရာ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမည်မှာ အခြေခံ အကျဆုံးပင်။

သူတို့ ပြန်လမ်းမဲ့လမ်းကို စတင် လျှောက်လှမ်းခဲ့သည့် နေ့ကစပြီး နောက်ပြန်လှည့်ရန် အခွင့်အရေး မရှိတော့ပေ။

၁၂ နာရီ ကျော်သည်နှင့် အိမ်တိုင်း ဗျောက်အိုးဖောက်ပြီး နှစ်ဟောင်းကို နှင်ထုတ်ကြသည်။ ချူအိမ်တော်လည်း ခြွင်းချက် မဟုတ်ပေ။

ချူဟွားသည် ချူဖျင်နှင့် ဝမ်သခင်မတို့ကို "နှစ်သစ်ကူး မင်္ဂလာပါ" ဟု နှုတ်ဆက်ပြီး အိပ်ရာဝင်ရန် အမြန် ပြန်သွားတော့သည်။ တခြားသူများကတော့ လုံးဝ အိပ်မပျော်ကြတော့ပေ။

ဒါက ကြေးပြားပိုက်ဆံ တိတ်တဆိတ် သွန်းလုပ်တာနော်။

ဒါက ကြေးပြားပိုက်ဆံ ၅ သန်းကျော်နော်။

ကြီးမားပြီး ဆိုးရွားသော ပိုက်ဆံအတု သွန်းလုပ်မှု၏ နောက်ကွယ်တွင် လူမည်မျှ ခေါင်းပြတ်ရမည်၊ မိသားစု မည်မျှ ပါဝင်ပတ်သက်ရမည်ကို တွေးလိုက်ရုံနှင့် လူအများအပြားမှာ တစ်ကိုယ်လုံး အေးစက်သွားကြသည်။

တခြားတစ်ဖက်တွင်...

ယန်ခရိုင် အုပ်ချုပ်ရေးမှူး၊ တပ်စွဲထားသော စစ်တပ်၊ တပ်မှူး၊ စစ်သူကြီး အစရှိသူ အားလုံး ပူးပေါင်းပြီး မိုင်းတွင်းကို ဝိုင်းရံခြင်း၊ မိုင်းကြော တိတ်တဆိတ် တူးဖော်ခြင်း၊ လူငယ်များကို ဖမ်းဆီး ချုပ်နှောင်ခြင်း၊ လူများကို ဆောင်ကြာမြိုင်သို့ ရောင်းစားခြင်း၊ နှုတ်ပိတ်ရန် လူသတ်ခြင်း၊ ကြေးပြားပိုက်ဆံ တိတ်တဆိတ် သွန်းလုပ်ခြင်း စသော ကိစ္စရပ် တစ်ခုချင်းစီကို ကြားလိုက်ရသောအခါ အရှင်မင်းကြီးနှင့် မှူးမတ်များ၏ သွေးပေါင်ကျ ရောဂါသည် ဆေးမသောက်ဘဲ ပျောက်ကင်းသွားကြတော့သည်။

နှစ်သစ်ကူး ပထမရက်တွင် မှူးမတ်များသည် ညီလာခံ တက်ရောက်ရန် မလိုအပ်သော်လည်း အရှင်မင်းကြီးနှင့်အတူ ဘိုးဘွားပိုင် ဘုရားကျောင်းသို့ သွားရောက် ပူဇော်ပသရမည် ဖြစ်သဖြင့် စောစောထပြီး နန်းတော်သို့ ဝင်ရောက်ကြရလေသည်။

အချိန် နောက်ကျနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အရာရှိ ဝတ်စုံများ၊ ဦးထုပ်များကို အမြန် လဲလှယ်ပြီး နန်းတော်သို့ ဝင်ရောက်ကြသည်။ အရှင်မင်းကြီး၏ ဒေါသကို ရင်ဆိုင်ရမည် ဖြစ်စေ၊ ယန်ခရိုင်မှ လူမိုက်များ၏ အရှုပ်အထွေးများကို ရှင်းလင်းပေးရမည် ဖြစ်စေ၊ အမြန်ဆုံး လုပ်ဆောင်ကြရမည်။

မှူးမတ်များသည် ချွေးသံတရွှဲရွှဲဖြင့် တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိလာကြပြီး အရှင်မင်းကြီး လက်ဖက်ရည် ကျိုနေသည်ကို တွေ့လိုက်ရသည်။ မျက်ခုံးနှင့် မျက်လုံးများ တွဲကျနေသော်လည်း ဒေါသ မထွက်ဘဲ ဩဇာအာဏာ ရှိနေသည်။

ကြည့်ရတာ သိပ်ဒေါသထွက်နေပုံ မရဘူးနော်။

ချန်ကျို့က လူအများကို မျက်စိဖြင့် အချက်ပြလိုက်သည်။ အရှင်မင်းကြီး ဒေါသထွက်ပြီးသွားပြီ။ လူကြီးမင်းတို့ စကားပြောရင် သတိထားကြပါ။

မှူးမတ်များ: သိပါပြီ။

ယန်ခရိုင် တပ်စွဲထားသော စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပူးပေါင်းပြီး စစ်ဘက်နှင့် အုပ်ချုပ်ရေး ပေါင်းစပ်ကာ ဒေသတွင်းမှ အထက်သို့ တက်သော သတင်းလမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

ရှာဖွေတွေ့ရှိသော မိုင်းကြောသစ်ကို ဖုံးကွယ်ထားခြင်း၊ ဒေသတွင်း အစီရင်ခံစာကို တားဆီးခြင်း၊ မိုင်းတွင်းကို စောင့်ကြပ်ရန် စစ်သားများ စေလွှတ်ခြင်း၊ လူငယ်များကို မိုင်းတူးရန် လိမ်လည် ခေါ်ဆောင်ခြင်း၊ ပိုက်ဆံအတု ပုံစံခွက် ပြုပြင်ရန် လူအမျိုးမျိုးကို စုဆောင်းခြင်း၊ ပိုက်ဆံအတု ၂ သန်းကျော် ဈေးကွက်ထဲ ဝင်ရောက်ခြင်း...

ဤမျှ များပြားသော ကြီးငယ်မဟူ လှုပ်ရှားမှုများကို ဒေသခံများက အစီရင်ခံခြင်း မရှိ၊ တော်ဝင်ရုံးတော်ကလည်း မသိရှိပေ။

တကယ်လို့များ ဒီနေ့သာ ချူဟွားက စိတ်ကူးပေါက်ပြီး systemကို သူ့အစ်ကို ဘာလုပ်နေလဲ ဆိုတာ မမေးခဲ့ရင် နောက်နှစ် သာ့ရှန်းမှာ ပိုက်ဆံအတု သန်းပေါင်းများစွာ ပိုထွက်လာတဲ့ အချိန်ကျမှ သူတို့ သိကြရမှာ။

အဲ့ဒီအချိန်ကျရင် အခြေအနေကို ထိန်းချုပ်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်။

လွန်ခဲ့သော ၄ နှစ်က သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့စဉ် သာ့ရှန်းသည် အရှေ့ဘက် တံတိုင်းကို ဖြိုပြီး အနောက်ဘက် တံတိုင်းကို ပြင်ဆင်ရသကဲ့သို့ ဆားလက်မှတ်၊ လက်ဖက်ခြောက်လက်မှတ်များ အများအပြား ထုတ်ဝေခဲ့ရပြီး ယခုအချိန်ထိ အရှုပ်အထွေးများကို ရှင်းလင်းနေရဆဲပင်။ ကြေးပြားပိုက်ဆံ အပိုထုတ်ဝေရန် စိတ်ကူးပင် မရှိခဲ့ပေ။ ယခင်မင်းဆက် နောက်ဆုံးအချိန်က ကြက်ဥ တစ်လုံး ၁၂ ဝမ် ဖြစ်ခဲ့သော ကိစ္စမျိုး ထပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။

ကုန်ဈေးနှုန်းသည် ထိုအဆင့်ထိ တက်သွားပါက ပြန်ကျရန် အလွန် ခက်ခဲလေသည်။

အရှင်မင်းကြီးသည် ဒေါသထွက်လွန်းသဖြင့် ခေါင်းကိုက်နေပြီး အပူကျ လက်ဖက်ရည် တစ်ခွက်ပြီး တစ်ခွက် သောက်သော်လည်း ဒေါသကို လျှော့ချရန် ခက်ခဲနေသည်။

ဒီအခြေအနေကို ကြည့်ပြီး မှူးမတ်များသည် "အရှင်မင်းကြီး ဒေါသ ဖြေပါ" ဟုပင် ပြောရန် မဝံ့ရဲကြပေ။ ပြောလိုက်သည်နှင့် နောက်တစ်ခဏတွင် အရှင်မင်းကြီး လက်ထဲမှ လက်ဖက်ရည်ခွက်က ပျံလာပြီး "မင်းတို့က ကျန်းကို ဘယ်လို ဒေါသ ဖြေခိုင်းနေတာလဲ" ဟု မေးလာလျှင် သူတို့ ဘာပြန်ပြောရမည်နည်း။

လူတိုင်းက အချင်းချင်း မျက်စိဖြင့် အချက်ပြနေကြပြီး ဘယ်သူမှ ရှေ့ထွက်ပြီး ခေါင်းခံမည့်သူ မလုပ်ချင်ကြပေ။

ခဏအကြာတွင်တော့ ပုံမှန်အတိုင်း မင်းဆရာကြီးအိုက ရှေ့ထွက်ပြီး မီးသတ်သမား လုပ်ရလေသည်။

"အရှင်မင်းကြီး..."

အရင် မင်းဆက်တုန်းက အလားတူ ပြဿနာမျိုး ဖြစ်ခဲ့ဖူးသည်။ သာ့ရှန်း နိုင်ငံ တည်ထောင်စက အတွေ့အကြုံများကို အကျဉ်းချုံးခဲ့ပြီး နန်းတွင်း စာမေးပွဲ မေးခွန်းများတွင်လည်း သက်ဆိုင်ရာ မေးခွန်းများ ပါဝင်ခဲ့ဖူးသည်။ မည်သို့ ဖြေရှင်းရမည်ကို လူတိုင်း စိတ်ထဲတွင် သိရှိထားကြသဖြင့် မင်းဆရာကြီးအိုက တစ်ခါတည်း အကုန် ပြောလိုက်တော့သည်။

"အရေးအကြီးဆုံးက မိုင်းတွင်းကို ပိတ်သိမ်းဖို့၊ ပိုက်ဆံအတုနဲ့ ပုံစံခွက်တွေကို သိမ်းဆည်းဖို့၊ ပါဝင်ပတ်သက်သူ အားလုံးကို ဖမ်းဆီးပြီး ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့၊ ဈေးကွက်ထဲ ရောက်နေတဲ့ ပိုက်ဆံအတု ၂ သန်းကျော်ကို အမြန်ဆုံး ပြန်လည် သိမ်းဆည်းဖို့ပါပဲ"

ယာယီ ဖွဲ့စည်းထားသော အဖွဲ့အစည်းက ထုတ်လုပ်လိုက်သော ပိုက်ဆံအတုများသည် အချိန်တိုအတွင်း အစစ်နှင့် ခွဲခြားမရအောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။ သို့သော် ဉာဏ်ကောင်းသူများ၏ မျက်လုံးကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

ပိုက်ဆံအတု ဈေးကွက်ထဲ လည်ပတ်မှု များလေ၊ ကြာလေ၊ မူမမှန်မှုကို ရှာဖွေတွေ့ရှိရန် လွယ်ကူလေ ဖြစ်သည်။

ကြေးပြားပိုက်ဆံသည် သံချေးတက်တတ်သော်လည်း သည်လောက်အများကြီး သံချေးတက်မည် မဟုတ်သလို သံချေးတက်သော နေရာနှင့် အရေအတွက် တူညီနေမည် မဟုတ်ပေ။

ဒီလူတွေက အကျိုးအမြတ်ကို မက်မောပြီး လူမမိသေးတာ တွေ့ရတော့ သေချာပေါက် သွန်းလုပ်မှု အရှိန်နဲ့ ဈေးကွက် ဖြန့်ဖြူးမှု အရှိန်ကို မြှင့်တင်ကြမှာပဲ။

"တပ်စွဲထားတဲ့ စစ်သားတွေ ပိုက်ဆံအတု သွန်းလုပ်တယ်" ဆိုတဲ့ သတင်း ပျံ့နှံ့သွားရင်... သာ့ရှန်း နယ်မြေထဲမှာ ရှီးရုံနဲ့ ပေတိ သူလျှိုတွေ ဘယ်လောက် ပုန်းအောင်းနေလဲ မသိဘူး။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို သူတို့ လက်လွှတ်ခံမှာ မဟုတ်ဘူး။

သာ့ရှန်း တော်ဝင်ရုံးတော်က စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ စစ်သည် ရိက္ခာ ဖြတ်တောက်တယ် ဆိုတာက သေးသေးလေးပဲ ရှိသေးတယ်။ တော်ဝင်ရုံးတော်က အကျင့်ပျက် ခြစားတယ်၊ တော်ဝင်ရုံးတော်က ဦးဆောင်ပြီး ပိုက်ဆံအတု သွန်းလုပ်တယ် ဆိုပြီး ပြောလာရင် နောက်ပိုင်း တရားခံ အစစ်ကို ဖမ်းမိတယ် ပြောရင်တောင် ရှီးရုံနဲ့ ပေတိက ငါတို့ကို "စစ်ရှုံးလို့ ရထားကို စွန့်တယ်"၊ တမင်တကာ တရားခံ အစားထိုးတယ် လို့ ပြောကြဦးမှာ။

ဒီလိုဆိုရင် အရှင်မင်းကြီးကစပြီး မှူးမတ်တွေ အားလုံး ဆေးကြောလို့ မရနိုင်တဲ့ အမည်းစက်တွေ စွန်းထင်းကုန်ကြမှာ။

ဒါကြောင့်လည်း အရှင်မင်းကြီး ဒေါသထွက်ပြီး ရူးလုနီးပါး ဖြစ်နေရတာ။ သူ ဘာမှ မလုပ်ရဘဲနဲ့ ရေပုပ်နဲ့ အပက်ခံရတော့မယ်။ ဆေးလို့ မစင်တဲ့ ရေပုပ်နော်။

"ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ရမယ်။ တစ်လ၊ အလွန်ဆုံး တစ်လပဲ"

အချိန်တစ်လက နည်းလွန်းနေသည်။ မှူးမတ်များ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

စစ်သူကြီးရွှမ်ဝေ: "မြို့တော်နဲ့ ယန်ခရိုင်က ၂ လကျော် ခရီး ရှိတယ်။ မြင်းစီးပြီး အမြန်သွားရင်တောင် တစ်လ ကြာမယ်။ မိုင် ၈၀၀ အမြန်ချောပို့နဲ့ အမိန့် ပို့ရင် မြန်တော့ မြန်တယ်၊ ဒါပေမဲ့ မြက်ကိုရိုက်ပြီး မြွေကို လန့်စေလိမ့်မယ်"

အမြန်ဆုံး နည်းလမ်းကတော့ ချူချင်က ကျင်းယန်ခရိုင် တပ်စွဲထားတဲ့ စစ်သားတွေကို အသုံးပြုပြီး တော်ဝင်ကိုယ်စားလှယ် အာဏာနဲ့ ဆောင်ရွက်ဖို့ပဲ။ ကျင်းယန်ခရိုင်ကနေ ယန်ခရိုင်ကို သွားရင် ၃ ရက်ပဲ ကြာမယ်။ မြန်ရင် ၂ ရက်နဲ့ ရောက်မယ်။

အရှင်မင်းကြီးသည် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။ "လင်ယို၊ ဖေ့မင်ချန် ဘယ်ရောက်နေပြီလဲ"

ဖေ့မင်ချန် မြို့တော်မှ ထွက်ခွာပြီး "ဆောင်ကြာမြိုင် မှတ်တမ်း" နှင့် ဖေ့မင်ချန် ဦးလေး အသတ်ခံရမှု အမှုကို စုံစမ်းစစ်ဆေးနေသည်မှာ ၃ လ ရှိပြီ။ ဒီအမှုတွေက သက်သေ ခိုင်လုံပြီးသား။ လမ်းခရီး ကြာမြင့်တာပဲ ရှိတာ။ သိပ်မဝေးရင် ဖေ့မင်ချန်ကို တစ်ခေါက်လောက် သွားခိုင်းလို့ ရတယ်။

ချူချင်က ဒီနှစ်မှ အရာရှိ ဖြစ်တာ။ နန်းတွင်းကိုယ်ရံတော် ဒုတိယတပ်မှူး ဖြစ်တဲ့ ဖေ့မင်ချန်လောက် အတွေ့အကြုံ မရင့်ကျက်သေးဘူး၊ ရက်စက်မှု မရှိသေးဘူး။ နောက်ဆက်တွဲ ရှင်းလင်းရေးတွေ သိပ်မသန့်ရှင်းရင်လည်း ဒုက္ခရောက်နိုင်တယ်။

မှူးမတ်များသည် အရှင်မင်းကြီး၏ အကြံအစည်ကို ချက်ချင်း နားလည်သွားကြလေသည်။ ဒီကိစ္စကို ဖေ့မင်ချန် လက်ထဲ အပ်လိုက်တာ ပိုစိတ်ချရတယ်။

လင်ယိုက ပြောလိုက်သည်။

"ခရီးစဉ်အရ တွက်ချက်ကြည့်ရင် သူ တိန့်ကျိုးကို ရောက်နေလောက်ပြီ။ ဖေ့မင်ချန်ရဲ့ ဒုတိယဦးလေးက တိန့်ကျိုး အုပ်ချုပ်ရေးမှူးလေ။ ပြီးခဲ့တဲ့တစ်ခေါက် သူ စာပို့လာပြီး အဲ့ဒီမှာ နှစ်သစ်ကူးပြီးမှ မြို့တော် ပြန်လာဖို့ ခွင့်တောင်းထားတယ်"

အရှင်မင်းကြီးက ဒါကိုလည်း သတိရသွားသည်။ ဖေ့မင်ချန်ရဲ့ နှစ်ပေါင်းများစွာ အကျိုးဆောင်မှုတွေကို ထောက်ထားပြီး အပြင်မှာ နှစ်သစ်ကူးပြီးမှ ပြန်လာဖို့ သူ ခွင့်ပြုခဲ့တာပဲ။ ခွင့်ပြုလိုက်တာ ကောင်းလိုက်တာ။ မဟုတ်ရင် ဒီလောက် နီးပြီး အသုံးဝင်တဲ့ လက်အောက်ငယ်သား ရှိမှာ မဟုတ်တော့ဘူး။

သူ ပြင်ဆင်ထားဖို့လိုတယ်။

အရှင်မင်းကြီးက အလျင်အမြန် ပြောလေသည်။ "လင်ယို၊ တိန့်ကျိုးကို အမြန်ဆုံး လူလွှတ်ပြီး ဖေ့မင်ချန်ကို ယန်ခရိုင်ကို အမြန်ဆုံး သွားဖို့၊ လိုအပ်ရင် အရင်သတ်ပြီးမှ လျှောက်တင်ဖို့ အမိန့်ပေးလိုက်"

နန်းတွင်းကိုယ်ရံတော်မှာ အဲဒီ အာဏာ မရှိပေမဲ့ ချူချင်က အဲ့ဒီမှာ ရှိနေတာပဲ။ အရှင်မင်းကြီးက ချူချင်ကို အရင်သတ်ပြီးမှ လျှောက်တင်ခွင့် ပေးထားတယ်လို့ ပြောပြီးသား။ နန်းတွင်းကိုယ်ရံတော်က တော်ဝင်အမိန့်နဲ့ လုပ်ဆောင်တာလို့ ပြောရင် မှူးမတ်တွေက အရှင်မင်းကြီး လိမ်တယ်လို့ ပြောရဲမှာလား။

သူတို့ အခု နန်းတွင်းကိုယ်ရံတော်ကို အတောင်ပံ တပ်ပေးပြီး ယန်ခရိုင်ကို ပျံသန်းသွားစေချင်နေတာ။ အဲ့ဒီ လူတစ်စုရဲ့ ခေါင်းတွေကို ဖြတ်ပစ်ပြီး သူတို့နဲ့ တော်ဝင်ရုံးတော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးစေချင်နေတာ။

လင်ယိုက ပြောလိုက်သည်။

"ကျွန်တော်မျိုး အမိန့် နာခံပါတယ်"

နန်းတွင်းကိုယ်ရံတော် တစ်သုတ်သည် အရှင်မင်းကြီး၏ တော်ဝင်အမိန့်နှင့် လျှို့ဝှက်အမိန့်၊ မင်းနှင့် မှူးမတ်တို့၏ ပြင်းပြသော မျှော်လင့်ချက်များကို သယ်ဆောင်ကာ နှစ်သစ်ကူး ညကြီး နှင်းမုန်တိုင်းကြားမှ တိန့်ကျိုးသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။

တစ်ချိန်တည်းမှာပင် မျက်နှာဖုံးစွပ် အနက်ရောင်ဝတ်လူတစ်သုတ်သည် ချူအိမ်တော် ခြံစည်းရိုးကို ကျော်ပြီး တိတ်တဆိတ် ဝင်ရောက်လာကြသည်။

ဒီည ဖရဲသီးအကြီးကြီး စားလိုက်ရသဖြင့် ချူမိသားစုဝင် အများအပြား အိပ်မပျော်ဘဲ လူးလှိမ့်နေကြပြီး အတော် ညဉ့်နက်မှ အိပ်ပျော်သွားကြသည်။ ယခု အချိန်သည် အိပ်မောကျနေချိန် ဖြစ်သဖြင့် လုပ်ကြံရန် အကောင်းဆုံး အချိန် ဖြစ်သည်။

မြန်မြန်။

ချူဟွားက ဒီဘက်မှာ နေတာ။

လူမရှိဘူး။ မြန်မြန်။

အနက်ရောင်ဝတ်လူများသည် ရိုးရှင်းသော လက်ဟန်ခြေဟန်များ ပြုလုပ်ကာ ချူအိမ်တော် အပြင်ဘက်မှ ချန်ဟွားကျွီသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။

သူတို့သည် နှစ်သစ်ကူး ကာလ လူဝင်လူထွက် များပြားရှုပ်ထွေးသော အချိန်ကို အခွင့်ကောင်းယူကာ လမ်းကြောင်း ကြိုတင် စူးစမ်းထားပြီး ဖြစ်သည်။ ချူဟွား ဘေးတွင် ကျားယီနှင့် ချိုက်ကန်း နန်းတွင်းကိုယ်ရံတော် နှစ်ဦးသာ ကာကွယ်ရန် ရှိကြောင်းလည်း သိထားသည်။

ကျားယီနှင့် ချိုက်ကန်းတို့သည် ယောက်ျားလေးများ ဖြစ်ကြသဖြင့် ချူဟွား၏ အိပ်ခန်းထဲတွင် အမြဲ နေရန် အဆင်မပြေပေ။ ထို့ကြောင့် သူတို့သည် အများအားဖြင့် တံခါးအပြင်ဘက်တွင် စောင့်နေပြီး လှုပ်ရှားမှု ကြားမှ ဝင်ရောက်လေ့ရှိသည်။

ဒီလူ နှစ်ယောက်ကို မျှားခေါ်သွားနိုင်ရင် သိုင်းပညာ မတတ်ဘဲ အိပ်ပျော်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဖြေရှင်းဖို့ လွယ်ကူတာပေါ့။

ခေါင်းဆောင်က လက်ဟန် ပြလိုက်သည်။ သွား။

အနက်ရောင်ဝတ် လူနှစ်ယောက်က ချက်ချင်း ချန်ဟွားကျွီ ခြံစည်းရိုးကို ကျော်ဝင်သွားလေသည်။ သူတို့ ပေါ်လာသည်နှင့် တံခါးဝတွင် စောင့်နေသော ချိုက်ကန်းက ရှိုချွန်းဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်လေသည်။ အနက်ရောင်ဝတ်လူများသည် တိုက်ခိုက်ရင်း နောက်ဆုတ်သွားကြ၏။

ထိုအချိန်တွင် ခေါင်းဆောင်က နောက်ထပ် လက်ဟန် ပြလိုက်သည်။ သွား။

အနက်ရောင်ဝတ် လူနှစ်ယောက်သည် ခြံစည်းရိုးပေါ် တက်သွားပြီး လေးနှင့် မြားကို ဆွဲကာ ကျားယီကို ချိန်ရွယ်လိုက်သည်။

ကျားယီနှင့် ချိုက်ကန်းတို့ နှစ်ဦးစလုံး အာရုံလွဲနေချိန် ခေါင်းဆောင်က တတိယမြောက် လက်ဟန် ပြရန် ပြင်ဆင်နေစဉ် ညမှောင်မိုက်ထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး သူ့ လည်ပင်းတွင် သွေးကြောင်းတစ်ကြောင်း ပေါ်လာကာ ဖြူဖွေးသော နှင်းပြင်ပေါ်သို့ သွေးများ ပန်းထွက်သွားပြီး နှင်းဆီပွင့်များ ပွင့်လန်းလာသကဲ့သို့ ဖြစ်သွားသည်။

Systemသည် ညသန်းခေါင်ကြီး မအိပ်ဘဲ လုပ်ကြံခြင်းနှင့် ပြန်လည် လုပ်ကြံခြင်းကို ကြည့်ရှုနေပြီး ဘေးမှ မှတ်ချက် ပေးနေသည်။

[ဝိုး—— ချိုက်ကန်းရဲ့ ရှိုချွန်းဓားက တကယ် လှပတာပဲ။ လေတိုးသံတွေ ထွက်နေတာ။ ဒါနဲ့ ခေါင်းဖြတ်ရင် တရားခံက နည်းနည်းလေးမှ နာကျင်မှု မရှိဘဲ သေသွားမှာပဲ]

ချိုက်ကန်း လူသတ်နေသော လှုပ်ရှားမှု တန့်သွားပြီး မျက်ခုံး ပင့်လိုက်ကာ ပိုမို ပြတ်သားစွာ သတ်ဖြတ်လိုက်သည်။ သူက ခေါင်းဖြတ်သမားမှ မဟုတ်တာ။

System: [ဝိုး—— ကျားယီ သုံးနေတာ ဒဏ္ဍာရီထဲက ထန်မျိုးနွယ်စုရဲ့ လျှို့ဝှက်လက်နက် -င်စိုက် သစ်တော်ပွင့်အပ် လား]

ကျားယီ၏ မျက်နှာမှာ စိမ်းသွားလေသည်။ သူ သုံးနေတာ သာမန် ငွေအပ်ပါ။

သူ ပစ်ချင်တဲ့ အနက်ရောင်ဝတ်လူက လျှို့ဝှက်လက်နက်ကို မြင်ပြီး ရှောင်လိုက်လို့ တခြား အနက်ရောင်ဝတ်လူ တစ်ယောက်ရဲ့ တင်ပါးကို မတော်တဆ ထိသွားတာပါ။ လူ့-င် ဖောက်ဖို့ သီးသန့် လေ့ကျင့်ထားတဲ့ အပ်ပညာ လုံးဝ မဟုတ်ပါဘူးလို့ သူ ကျိန်ဆိုရဲပါတယ်။

System: [ဟေး—— ဒီလူက လူသတ်တာ တော်တော် သပ်ရပ်တာပဲ]

[လည်ပင်းကို ဖွဖွလေး တစ်ချက် ဖြတ်လိုက်ရုံနဲ့ သေသွားပြီ။ ဒီလက်ရာနဲ့ ဝက်သင်းရင် ဝက်က သူ သင်းကွပ်ခံလိုက်ရမှန်းတောင် မသိလိုက်ဘဲ ဖြစ်သွားမှာ။ ဒီလက်ရာကို ဆုချသင့်တယ်။ ဖြောင်း ဖြောင်း ဖြောင်း၊ ငါ လက်ခုပ်တီးပြီး အားပေးလိုက်မယ်]

အရှင်မင်းကြီး၏ လျှို့ဝှက် အစောင့်: "..." အဲ့လောက်တော့ မလိုပါဘူး။

...

All Chapters