← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁)

နတ်ဆိုးဂိုဏ်းဆယ်ဂိုဏ်းကို ပေါင်းစည်းခြင်း၊ ပန်းပွင့်ပြာ ကျောက်စိမ်းဆံထိုး

“ကြာပန်းဖြူသန့်စင်ဂိုဏ်း ဟုတ်လား... တစ်ခါမှမကြားဖူးဘူး... နတ်ဆိုးဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက ဟုတ်ပုံမရဘူး...”

“ဒါကြောင့်မို့လို့လည်း နတ်ဆိုးအင်အားစုအသစ်လို့ ခေါ်တာပေါ့...”

“အသေးစိတ်လေး ပြောပြပါဦး...”

လူတိုင်း ချက်ချင်းပဲ စိတ်ဝင်တစား ဖြစ်သွားကြသည်။

“ငါလည်း အများကြီးတော့ မသိဘူး... အခြေခံအချက်အလက်လောက်ပဲ သိတာ... အဲဒီအင်အားစုရဲ့ အရှင်သခင်က မိန်းမပျိုလေးတစ်ယောက်လို့ ပြောကြတယ်... ဒါပေမဲ့ သူက အရမ်းသန်မာပြီး ဘေးမှာလည်း အစွမ်းထက် ကာကွယ်စောက်ရှောက်သူတစ်ယောက် ရှိတယ်ဆိုပဲ... ပြီးတော့ သူ့ရည်မှန်းချက်က နတ်ဆိုးဂိုဏ်းဆယ်ဂိုဏ်းကို ပေါင်းစည်းဖို့တဲ့လေ...”

ထိုလူက ပြောလိုက်သည်။

“နတ်ဆိုးဂိုဏ်းတွေကို ပေါင်းစည်းဖို့ ဟုတ်လား... ရည်မှန်းချက်က ကြီးမားလွန်းနေတာပဲ... နတ်ဆိုးဂိုဏ်းတွေက သန့်စင်နယ်မြေတွေရဲ့ နှိမ်နင်းခြင်း ခံထားရတယ်ဆိုပေမဲ့ စွမ်းအားကြီးအင်အားစုတွေပဲဥစ္စာ... အင်အားစုအသစ်လေးတစ်ခုက ဘယ်လိုလုပ် ဒီလောက်အထိ မောက်မာနိုင်ရတာလဲ...”

“ရှေးဟောင်းနတ်ဆိုးဂိုဏ်းတွေ ဖျက်ဆီးခံလိုက်ရကတည်းက ဘယ်သူမှ သူတို့ကို ပြန်ပြီး မစည်းလုံးနိုင်သေးဘူး.. ကြိုးစားမှုအားလုံး ကျရှုံးခဲ့တာပဲ...”

လူတိုင်းက ခေါင်းခါယမ်းလိုက်ကြသည်။

သူတို့သည် ထိုအရာကိုကို ရူးသွပ်သူတစ်ဦး၏ လုပ်ရပ်အဖြစ်သာ သတ်မှတ်လိုက်ကြတော့သည်။

ဥက္ကာပျံတစ်ခုကဲ့သို့ပင် ဤကိစ္စသည် မကြာမီမှာပင် ပျောက်ကွယ်သွားပေလိမ့်မည်။

အဓိကအင်အားစုကြီးများ ဝင်ရောက်စွက်ဖက်ရန်မလိုဘဲ နတ်ဆိုးဂိုဏ်းများပင် ဤပြဿနာရှာသူကို ဖျက်ဆီးပစ်နိုင်ပေသည်။

မုန့်ချန်ချင်း ဝိုင်တစ်ငုံ သောက်လိုက်ပြီး မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။

ကြာပန်းဖြူသန့်စင်ဂိုဏ်း၊ နတ်ဆိုးဂိုဏ်းတွေကို စည်းလုံးဖို့?...

ဒါက ပိုင်စုရှီးရဲ့ လက်ချက်များလား...

အဆုံးမှာတော့ ပိုင်စုရှီးသည် ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ရှေးဟောင်းနတ်ဆိုးနည်းစနစ်ကို ကျင့်ကြံနေတာ မဟုတ်လား။

ဤသို့ တွေးတောရင်း မုန့်ချန်ချင်း ဇာတ်ကောင်ဇယားကို ဖွင့်လိုက်သည်။

မိတ်ဆွေအချက်အလက်ကို ကြည့်ရှုခြင်းဖြင့် အကြောင်းအရာများစွာကို နားလည်နိုင်ပေသည်။

သူသည် ပိုင်စုရှီး၏ ရုပ်ပုံကို နှိပ်လိုက်သည်။

ထိုအခါ ပိုင်စုရှီး၏ ပင်ကိုယ်ပါရမီအချက်အလက်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

[မိတ်ဆွေ - ပိုင်စုရှီး]

[မျိုးနွယ် - လူသား]

[ကျင့်ကြံရေး - နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၃]

[အမြစ်ရိုး - အဆင့် ၂]

[နားလည်နိုင်စွမ်း - သာလွန်]

[သွေးမျိုးဆက် - ဧကရာဇ်နတ်ဆိုး (မပြည့်စုံ)]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - "အတုမဲ့အာဏာစက်စစ်မှန်နတ်ဆိုးနည်းစနစ် - အလယ်အလတ်အပိုင်း" (စဦးအဆင့်) …]

“အလယ်အလတ်အပိုင်းကိုတောင် ကျင့်ကြံနေပြီပဲ...”

မုန့်ချန်ချင်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

စစ်မှန်နတ်ဆိုးနည်းစနစ်၏ စဦးအပိုင်းသည် နတ်ဆိုးများကို ချိတ်ပိတ်ခြင်း၊ ထိန်းချုပ်ခြင်း၊ သန့်စင်ခြင်းနှင့် ဝါးမြိုခြင်းတို့ကိုသာ ခွင့်ပြုထားသည်။

သို့သော် အလယ်အလတ်အပိုင်းတွင်မူ တိုက်ခိုက်ရေးနည်းစနစ်များ ပါဝင်ပုံရ၏။

လက်ရှိ နတ်ဆိုးနည်းစနစ်များသည် နတ်ဆိုးများ၏ ကျင့်ကြံခြင်းနည်းလမ်းများနှင့် ၎င်းတို့၏ ပါရမီစွမ်းရည်များကို အတုယူထားခြင်း ဖြစ်သည်။

သဘာဝအတိုင်း သူတို့သည် စစ်မှန်နတ်ဆိုးနည်းစနစ်၏ ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်သည်။

သူတို့၏ နတ်ဆိုးတာအို အောင်မြင်မှုမှာ အလွန်တရာ မြင့်မားမနေပါက ဤဖိနှိပ်မှုကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

“ပိုင်စုရှီး ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်...”

သူမကို လူကိုယ်တိုင် မတွေ့ရသေးသော်လည်း မုန့်ချန်ချင်း ဤသည်မှာ အလွန် ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။

သူမကို ပထမဆုံး တွေ့ခဲ့စဉ်က အခြေအနေကို သူ မှတ်မိနေသေးသည်။

ငယ်ရွယ်နုပျိုပြီး တက်ကြွကာ ဘေးအိမ်က ညီမလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

သူမက နတ်ဆိုးတာအိုကို ကျင့်ကြံလိမ့်မည်ဟု ထင်ကိုမထားခဲ့ပေ။

ဘဝဆိုတာ တကယ့်ပဲ ခန့်မှန်းရခက်လှ၏။

ဇာတ်ကောင်ဇယားကို ပိတ်လိုက်ရင်း မုန့်ချန်ချင်း ခေါင်းအနည်းငယ် ခါယမ်းလိုက်မိသည်။

လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ် ရှိကြသည်။

ရင်းနှီးသော မိတ်ဆွေတစ်ယောက်အနေဖြင့် ပိုင်စုရှီး အဆင်ပြေပါစေဟုသာ ဆုတောင်းပေးနိုင်သည်။

နတ်ဆိုးဂိုဏ်းဆယ်ဂိုဏ်းကို စည်းလုံးရန်မှာ မလွယ်ကူသော အလုပ် ဖြစ်သည်။

စစ်မှန်နတ်ဆိုးနည်းစနစ် ရှိရုံမျှဖြင့် အောင်မြင်ရန် အာမမခံနိုင်ချေ။

မကြာမီမှာပင် အရက်ဆိုင်က အစားအသောက်များကို ပြင်ဆင်ပြီး အထူးသိုလှောင်လက်စွပ်တစ်ခုထဲသို့ ထည့်ပေးခဲ့သည်။

မုန့်ချန်ချင်း ၎င်းကို ယူပြီး ဝိညာဉ်ကျောက်တုံးမြောက်မြားစွာ ချန်ထားခဲ့ကာ ထွက်ခွာခဲ့တော့သည်။

အပြင်ဘက်တွင်မူ ရှီညီအစ်ကိုများမှာ သားရေကြပြီး စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ရှီဂွမ်းသည် ရှီယောင်ထက် ပိုမိုထက်မြက်သော်လည်း... အတိုင်းအတာတစ်ခုအထိသာ ဖြစ်သည်။

အစားအသောက်နှင့် ပတ်သက်လာလျှင်မူ သူသည်လည်း လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

“အားလုံး အထဲမှာ ရှိတယ်...”

မုန့်ချန်ချင်း သိုလှောင်လက်စွပ်ကို ညီအစ်ကိုနှစ်ဦးထံသို့ ပစ်ပေးလိုက်သည်။

သူတို့ ချက်ချင်း ဖမ်းယူလိုက်ပြီး အစားအသောက်များကို ထုတ်ကာ အားပါးတရ စတင်စားသောက်ကြတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို ဂရုမစိုက်ကြချေ။

မုန့်ချန်ချင်းမူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

သူသည် ကျောက်စိမ်းဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သဖြင့် စိတ်ကူးအချို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။

ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆိုင်အကူတစ်ဦး ချက်ချင်း ချဉ်းကပ်လာခဲ့သည်။

“သခင်လေး... ဘာများ ဝယ်ယူချင်လို့ပါလဲခင်ဗျာ...”

ဆိုင်အကူက နွေးထွေးစွာ ပြုံးပြလိုက်သည်။

သူ၏ခံစားမှုအရ မုန့်ချန်ချင်း၏ ကျင့်ကြံရေးမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ အဆုံးအစမရှိ နက်ရှိုင်းလှသဖြင့် သိုင်းပညာကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

ထို့အပြင် ရုပ်ရည်နှင့် အမူအရာမှာလည်း ထူးခြားထက်မြက်လှသဖြင့် သာမန်လူတစ်ယောက် မဟုတ်ချေ။

ခရီးထွက်လာသော အဓိကအင်အားစုကြီးတစ်ခုမှ တပည့်တစ်ဦး ဖြစ်နိုင်ချေများသည်။

သို့မဟုတ် ထျန်းရွမ်စီရင်စုသို့ ဦးတည်နေသော ပါရမီရှင်တစ်ဦးလည်း ဖြစ်နိုင်သည်။

“မင်းတို့ဆိုင်မှာ ကျောက်စိမ်း ပြင်ပေးလို့ ရမလား...”

မုန့်ချန်ချင်း မေးလိုက်သည်။

“ရပါတယ်ခင်ဗျာ...”

ဆိုင်အကူ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ... ဒါဆို ဒါလေးကို ပြင်ပေးပါအုန်း...”

မုန့်ချန်ချင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျိုးပဲ့နေသော ကျောက်စိမ်းဆံထိုးတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းမှာ သူ ကျင့်ကြံရေးချိုးဖျက်စဉ်အတွင်း ကုန်းလင်းရွယ် သူ့ကို ကာကွယ်ပေးရင်း ကျိုးပဲ့သွားခဲ့သော ဆံထိုး ဖြစ်သည်။

မုန့်ချန်ချင်း ၎င်းကို ပြင်ဆင်ပေးမည်ဟု ကတိပေးခဲ့ဖူးရာ မေ့လျော့မနေခဲ့ချေ။

“ရပါတယ်ခင်ဗျာ...”

ဆိုင်အကူ ၎င်းကို ယူလိုက်သော်လည်း စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဤကျောက်စိမ်းဆံထိုးမှာ တကယ့်ကို သာမန်ဆံထိုးတစ်ခုသာ ဖြစ်သည်။

သူ၏ ကျွမ်းကျင်မှုဖြင့်ဆိုလျှင် မျက်တောင်ခတ်အတွင်း ပြင်ဆင်ပေးနိုင်သည်။

တန်ဖိုးကြီးမားသော အရာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဘာမှတော့ ထုတ်မပြောခဲ့ချေ။

ဘာပဲပြောပြော လူတိုင်း၏ တန်ဖိုးကြီးမားခြင်း သတ်မှတ်ချက်က တူညီကြသည်မှ မဟုတ်ဘဲ။

“ခဏ စောင့်ပေးပါအုန်း... မကြာမီ ပြင်ဆင်ပြီးပါလိမ့်မယ်...”

ဆိုင်အကူက ပြုံးလျက်ပင်...

“ဒါနဲ့... ကျွန်တော်တို့ဆိုင်မှာ အစီရင်တွေ ပါဝင်ပြီး ထူးခြားတဲ့ အာနိသင်တွေ ရှိတဲ့ လက်ရာမြောက် ဆံထိုးတွေ အများကြီး ရှိသေးတယ်... ကြည့်ရှုချင်ပါသလားခင်ဗျာ...”

“ကောင်းပြီလေ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သိုင်းပညာတွင် အောင်မြင်မှုများ ရရှိခဲ့ကတည်းက သူ စီနီယာအမကုန်းကို မတွေ့ဖြစ်ခဲ့ချေ။

၎င်းမှာ အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်နိုင်သလို၊ သူ၏ ခွန်အားနှင့် အဆင့်အတန်း လျင်မြန်စွာ မြင့်တက်လာခြင်းက သူတို့ကြားတွင် ကွာဟချက်တစ်ခုကို ဖန်တီးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ယခင် ဝိညာဉ်တောင်ထိပ်တွင် နေထိုင်စဉ်က စီနီယာအမကုန်းသည် သူ့ထံသို့ အလွယ်တကူ လာရောက်လည်ပတ်နိုင်ခဲ့သည်။

ယခုမူ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ငယ်ကို တွေ့ဆုံရန်မှာ လူတိုင်းအတွက် မဟုတ်သလို၊ စစ်မှန်တပည့်တစ်ဦးအနေဖြင့်လည်း သူ၏ ကျင့်ကြံခြင်းကို လွယ်လွယ်ကူကူ လာရောက်မနှောင့်ယှက်ရဲကြချေ။

“စီနီယာအမကုန်း...”

မုန့်ချန်ချင်းမျက်လုံးများ အရောင်လက်သွားသည်။

သူ အတွင်းစည်းသို့ ဝင်ရောက်စဉ်က စီနီယာအမကုန်းသည် သူ့ကို များစွာ ကူညီပေးခဲ့ဖူးသည်။

သူမက သူမဆရာထံမှ အဆင့် ၃ ဆေးလုံးဖြစ်သော ရွှေကြေးခွံခရမ်းသွေးဆေးလုံးကို အထူးတောင်းခံပေးကာ သူ၏ကျင့်ကြံရေးကို ကူညီပေးခဲ့ပြီး အတွင်းစည်းနယ်မြေအကြောင်းကိုလည်း အသေးစိတ် ပြောပြခဲ့ဖူးသည်။

အခြားအရာများစွာလည်း ရှိသေးသည်။

သူမ၏ ကျေးဇူးကို မေ့လျော့၍မရပေ။

မုန့်ချန်ချင်း သူမ၏ သူ့အပေါ်ထားရှိသော ခံစားချက်ကို နားလည်ပြီး စိတ်ထဲမထားခဲ့ပေ။

အဆုံးမှာတော့ အတွင်းစည်းတွင် ကုန်းလင်းရွယ်သည် ဆေးဘုရင်တောင်ထိပ်နှင့် ဂိုဏ်းတစ်ခုလုံးတွင် အလှပဆုံးသော အမျိုးသမီးတပည့် ဖြစ်သည်။

သို့သော် ထိုအချိန်က သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားခဲ့ပြီး အလိုက်အထိုက်သာနေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့မှာ ပိုမို၍ စိမ်းကားလာခဲ့ကြရသည်။

"သခင်လေး... ဒါလေးကို ကြည့်ကြည့်ပါ... ဒါက ကျွန်တော်တို့ဆိုင်ရဲ့ ရတနာပါပဲ... ပန်းပွင့်ပြာ ကျောက်စိမ်းဆံထိုး လို့ ခေါ်ပါတယ်..."

ဆိုင်အကူ၏ စကားများက မုန့်ချန်ချင်းကို လက်တွေ့ဘဝဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

သူ ရှေ့သို့ ကြည့်လိုက်သည်။

ဆံထိုးတစ်ခုလုံးမှာ စိမ်းလဲ့နေပြီး မျက်နှာပြင်ပေါ်တွင် အပြာရောင်ပန်းပွင့် ပုံသဏ္ဍာန်များစွာကို ထုဆစ်ထားကာ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။

ဆန်းကြယ်သော အလင်းတန်းများနှင့်လည်း တစ်လက်လက်တောက်ပနေခဲ့သည်။

သိသာစွာပင်, ဤသည်မှာ သာမန်အသုံးအဆောင်တစ်ခု မဟုတ်ချေ။

၎င်းမှာ ရှားပါးသော အဆောင်အယောင်ပစ္စည်းတစ်ခု ဖြစ်သည်။

အဆောင်အယောင်ပစ္စည်းများသည် လက်နက်များ မဟုတ်ကြသော်လည်း အဓိကအားဖြင့် အထောက်အကူပြု အခန်းကဏ္ဍများတွင် အသုံးဝင်လှသည်။

“ဒီဆံထိုးမှာ အဆင့်မြင့်အစီရင် ဆယ်ခု ပါဝင်ပြီး စိတ်ကို ကြည်လင်စေတယ်... ပြီးတော့ အမြင်အာရုံကို ထက်မြက်စေပြီး နှလုံးသားကိုလည်း တည်ငြိမ်စေပါတယ်...”

ဆိုင်အကူ အားတက်သရောဖြင့် အင်တိုက်အားတိုက် စတင်မိတ်ဆက်ပေးတော့သည်။

“ငါ ယူမယ်...”

မုန့်ချန်ချင်း အများကြီး နားထောင်မနေတော့ပေ။

သူသည် ဤဆံထိုးကို ကြည့်ရုံဖြင့် လှပသည်ဟု ရိုးရိုးရှင်းရှင်း တွေးလိုက်ခြင်း ဖြစ်သည်။

၎င်းသည် စီနီယာအမကုန်း၏ ဦးခေါင်းပေါ်တွင် ဆင်ယင်ထားပါက အလွန်ကြည့်ကောင်းပေလိမ့်မည်။

အာနိသင်များမှာမူ အပိုဆောင်းဆုလဒ်များသာ ဖြစ်သည်။

“ကောင်းပါပြီခင်ဗျာ... ကျွန်တော် အခုချက်ချင်း သေချာထုတ်ပိုးပေးပါ့မယ်...”

ဆိုင်အကူ အံ့အားသင့်သွားပြီးနောက် ဝမ်းမြောက်သွားခဲ့သည်။

သူ တကယ်ကို အသုံးဖြုန်းကြီးသူတစ်ယောက်နှင့် တွေ့ခဲ့ခြင်းဖြစ်သည်။

အခန်း (၁၇၂)

တွေ့ရှိမှုအသစ်, စွမ်းရည်တည်မြဲခြင်း၊ ပေါင်းစပ်ခြင်းကျမ်း

ရှေးဟောင်းမြို့တော်ထဲတွင် ခေတ္တမျှ လျှောက်လည်ပြီးနောက် မုန့်ချန်ချင်း တိမ်သင်္ဘောပေါ်သို့ ပြန်လာခဲ့သည်။

ရှီညီအစ်ကိုများကမူ အနည်းငယ် ပို၍ လည်ပတ်ချင်ကြသေးသည်။

မုန့်ချန်ချင်းလည်း သူတို့ကို သဘာဝအတိုင်းပင် လွှတ်ထားပေးလိုက်သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ်ကဲ့သို့သော တည်ရှိမှုများအနေဖြင့် ဤရှေးဟောင်းမြို့တော်တွင် ချန်မိသားစု၏ ဘိုးဘေးကိုယ်တိုင် လှုပ်ရှားခြင်းမရှိပါက မည်သူမျှ သူတို့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

အခန်းထဲသို့ရောက်ပြီးနောက် မုန့်ချန်ချင်း ခြေချိတ်ထိုင်လိုက်သည်။

စွမ်းရည်တစ်ခုကို ရွေးချယ်ပြီး ပေါင်းစပ်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

“စနစ်... ရွေးချယ်ထားတဲ့ စွမ်းရည်တွေကို အမြဲတမ်း သိမ်းဆည်းထားလို့ ရမလား...”

မုန့်ချန်ချင်း ရုတ်တရက် မေးလိုက်သည်။

ညီအစ်ကိုနှစ်ဦး၏ နှစ်သက်မှု တိုးပွားလာခဲ့သဖြင့် သူ စွမ်းရည်ရွေးချယ်ခွင့် နှစ်ကြိမ် ရရှိထားသည်။

သို့သော် တိတိကျကျ ပြောရလျှင် လက်ရှိတွင် သူ တစ်ခုသာ လိုအပ်သည်။

၎င်းမှာ “ကြယ်ဘုရင်ကျမ်း - အတွဲ ၁” ဖြစ်သည်။

အတွဲ ၂ အတွက်မူ စဦးအဆင့်တွင်သာ ရှိသေးသဖြင့် ရွေးချယ်ရန် မလောသေးချေ။

အကယ်၍ သိမ်းဆည်းထားနိုင်ပါက သူတို့ ကျွမ်းကျင်လာသည်အထိ စောင့်ဆိုင်းနိုင်သည်။

“ရပါတယ်...”

စနစ် ပြန်လည်ဖြေကြားလာခဲ့သည်။

“ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ သုံးဖို့အတွက် စွမ်းရည်ရွေးချယ်ခွင့်ကတ်တစ်ခုကို သိမ်းဆည်းထားဖို့တော့ လိုအပ်ပါတယ်...”

ဤသည်ကို ကြားရသောအခါ မုန့်ချန်ချင်းမျက်လုံးများ တောက်ပသွားခဲ့သည်။

သူ မေးမြန်းလိုက်တာ မှန်သွားသည်။

မဟုတ်ပါက အလဟဿ ဖြုန်းတီးပစ်မိတော့မည် ဖြစ်သည်။

“စနစ်... ရှီယောင်ရဲ့ ‘ကြယ်ဘုရင်ကျမ်း - အတွဲ ၁ - ကြယ်စင်ပြောင်းလဲခြင်း’ ကို ပေါင်းစပ်မယ်...”

မုန့်ချန်ချင်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

ဒင်!

[စွမ်းရည်ရွေးချယ်ကတ် တစ်ကတ် အသုံးပြုလိုက်ပါပြီ]

[ရရှိသောစွမ်းရည် - ‘ကြယ်ဘုရင်ကျမ်း - အတွဲ ၁ - ကြယ်စင်ပြောင်းလဲခြင်း’ (ပြီးပြည့်စုံခြင်းအဆင့်)]

[ပေါင်းစပ်ခြင်း စတင်ပါပြီ]

ထိုစာသားများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် များပြားလှသော အချက်အလက်များ တဟုန်ထိုး ဝင်ရောက်လာခဲ့သည်။

ဤအတွဲမှာ မြေကမ္ဘာအဆင့်မြင့်အဆင့်သာ ဖြစ်သော်လည်း ၎င်း၏ နက်ရှိုင်းမှုမှာ ကောင်းကင်အဆင့်စဦးအဆင့်နှင့် ယှဥ်နိုင်လုနီးပါးဖြစ်၏။

တစ်ချိန်တည်းမှာပင် မုန့်ချန်ချင်းခန္ဓာကိုယ်မှာ စတင်တုန်ခါလာခဲ့သည်။

သူ၏အရေပြားပေါ်တွင် ကြယ်အလင်းတန်းများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်၌လည်း မထင်မရှား ကြယ်ရိပ်ကြယ်ယောင်များ ဝန်းရံလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

အခန်း၏ အစီရင်သာ မရှိပါက ဤထူးခြားဆန်းပြားသော ဖြစ်စဉ်ကို အပြင်ဘက်မှ လှမ်းမြင်နိုင်မည်ဖြစ်သည်။

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ပေါင်းစပ်ခြင်း ပြီးဆုံးသွားခဲ့သည်။

မုန့်ချန်ချင်း သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မျက်လုံးများထဲတွင် အဆုံးမဲ့သော ဂလက်ဆီတစ်ခု ပါဝင်နေသကဲ့သို့ ကျယ်ပြောနက်ရှိုင်းလှသည်။

အနည်းငယ် တွေးတောလိုက်ရုံဖြင့် သူ၏ အရေပြားမှာ သလင်းကျောက်ကဲ့သို့ ဖြစ်သွားပြီး တောက်ပသော ကြယ်အလင်းတန်းများကို ထုတ်လွှတ်ကာ ဖျက်ဆီး၍မရနိုင်သော အငွေ့အသက်များကို ထုတ်ဖော်နေခဲ့သည်။

၎င်းကို မည်သည့်စွမ်းအားကမျှ မချိုးဖျက်နိုင်ပုံရ၏။

“အရမ်းသန်မာတာပဲ...”

မုန့်ချန်ချင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။

သူက ကောင်းကင်မှ ကြယ်တစ်ပွင့်သကဲ့သို့ အလွန်တရာ လေးလံမာကျောလာကြောင်း ခံစားလိုက်ရသည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင်လည်း စွမ်းအားများ ပြည့်နှက်နေသည်။

လက်သီးတစ်ချက်ချင်းစီတိုင်းက ကြယ်ကြွေကျလာသကဲ့သို့ ခံစားရစေသည်။

ထိပ်တန်း ခန္ဓာကိုယ်နည်းစနစ်တစ်ခုအနေဖြင့် ဤကျမ်းသည် ကာကွယ်ရေးအတွက်တင် မဟုတ်ဘဲ အဘက်ဘက်မှ ထူးချွန်လှပေသည်။

“ကြယ်စင်စွမ်းအား...”

မုန့်ချန်ချင်း သူ၏ သွေးကြောများကို စစ်ဆေးလိုက်သည်။

နည်းစနစ်ကို အသက်သွင်းလိုက်ပြီးနောက် စီးဆင်းလာသည်မှာ စစ်မှန်သော ကြယ်စင်အနှစ်သာရ ဖြစ်သည်။

ကြယ်စင်စွမ်းအားနှင့်ဆိုလျှင် ဓားကျမ်း၏ ထက်ရှမှု မရှိသော်လည်း ကြီးမားသည့်နတ်ဘုရားစွမ်းအားရှိ၏။

“ဒီလက်သီးနဲ့ဆိုရင် ခံစစ်အားနည်းတဲ့ သေခြင်းရှင်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်တောင် ပြာကျသွားလိမ့်မယ်... ပြန်လည်နာလန်ထူဖို့ အချိန်တောင် ရမှာမဟုတ်ဘဲ ချက်ချင်းသေဆုံးသွားလိမ့်မယ်...”

မုန့်ချန်ချင်း အနည်းငယ် ပြုံးလိုက်ပြီး ပို၍ စိတ်အေးသွားခဲ့သည်။

ဤနည်းဖြင့် သူ၏ ခံစစ်အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။

ချုံခိုတိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများကို စိုးရိမ်နေရန် မလိုတော့ချေ။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤကျမ်းသည် မြေကမ္ဘာအဆင့်မြင့် ဖြစ်သော်လည်း ကောင်းကင်အဆင့်နှင့် နီးစပ်လှပြီး ထိပ်တန်း ခန္ဓာကိုယ်သွေးမျိုးဆက်နှင့် ပေါင်းစပ်လိုက်သောအခါ ထိရောက်သည့်လေ့ကျင့်မှုရှိပြီး အာနိသင်မှာ သာမန်လူများထက် များစွာ သာလွန်လှပေသည်။

ထို့ကြောင့် သူ့လက်ထဲရှိ ကြယ်စင်ပြောင်းလဲခြင်းမှာ ကောင်းကင်အဆင့်စဦးအဆင့်နှင့် ညီမျှနေပြီ ဖြစ်သည်။

“အခုတော့ ညီအစ်ကိုနှစ်ယောက် ဒုတိယအတွဲကို ကျွမ်းကျင်လာဖို့ပဲ လိုတော့တယ်...”

မုန့်ချန်ချင်း ပြုံးလိုက်သည်။

ပိုင်စုရှီးလည်း ရှိသေးသည်။

သူသည် စစ်မှန်နတ်ဆိုးနည်းစနစ်၏ အလယ်အလတ်အပိုင်းကိုလည်း စိတ်အားထက်သန်စွာ မျှော်လင့်နေမိသည်။

အသေအချာ စဉ်းစားကြည့်လျှင် ဤမျှအထိ ကြိုးစားအားထုတ်ကြသော မိတ်ဆွေမြောက်မြားစွာ ရှိနေခြင်းမှာ ဘဝတွင် တကယ့်ကို ကံကောင်းပြီး ပျော်ရွှင်စရာကောင်းသော အရာတစ်ခု ဖြစ်ပေသည်။

ဤကဲ့သို့သော မိတ်ဆွေများ ရှိနေမှတော့ သူက ဘာကိုပိုပြီး တောင်းဆိုနေစရာ လိုဦးမည်နည်း။

....

မကြာမီ ရက်အနည်းငယ် ကုန်ဆုံးသွားပြီး နားနေချိန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အကြီးအကဲသည် လူနှစ်ဦးကို ခေါ်ဆောင်ကာ တိမ်သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တစ်ဦးမှာ သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး အခြားတစ်ဦးမှာ ငယ်ရွယ်သည်။

နှစ်ဦးစလုံးမှာ နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် ရှိကြသည်။

သို့သော် ရှေ့ကလူမှာ အဆင့် ၈ တွင် ရှိနေပြီး နောက်ကလူမှာမူ အဆင့် ၁ တွင်သာ ရှိကာ အငွေ့အသက်များမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသဖြင့် မကြာသေးခင်ကမှ ချိုးဖျက်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

အကြီးအကဲ၏ အသံလွှင့်ချက်ကို ကြားသည့်အခါ မုန့်ချန်ချင်း သူ၏လေ့ကျင့်မှုကို အဆုံးသတ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

“ချန်ချင်း... ဒီကို လာဦး...”

အကြီးအကဲ ပြုံးလျက်ပြောလိုက်သည်။

“စီနီယာအကို...”

မုန့်ချန်ချင်း လျှောက်လှမ်းသွားလိုက်ပြီး သူ၏ အကြည့်က ထိုလူနှစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။

“ဒါက ဖုန်းလင်းရှေးဟောင်းမြို့တော်က ချန်မိသားစုရဲ့ အကြီးအကဲ ချန်ရှောက်ယန်နဲ့ သူ့သမီးဖြစ်သူ ချန်ဝမ်ရု တဲ့...”

အကြီးအကဲက မိတ်ဆက်ပေးလိုက်သည်။သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက သူတို့က ငါတို့ရဲ့ ထိုက်ရွမ်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်...”

ဤသည်ကို ကြားသည့်အခါ မုန့်ချန်ချင်း နားလည်သွားခဲ့သည်။

အကြီးအကဲ ဤနေရာတွင် နားခိုရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။

မဟာမိတ်အင်အားစုတစ်ခု ရှိနေ၍ ဖြစ်ပေသည်။

“တကယ်ပဲ သေခြင်းရှင်ခြင်းနယ်ပယ် ပါလား...”

ချန်ရှောက်ယန် အံ့အားသင့်သွားခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းက အကြီးအကဲ ၎င်းကို ပြောပြခဲ့သော်လည်း သူ မယုံကြည်ခဲ့ချေ။

အသက် ၃၅ နှစ်အောက်နှင့် သေခြင်းရှင်ခြင်းနယ်ပယ်?...

ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးသာ ၎င်းကို အောင်မြင်နိုင်ပေလိမ့်မည်။

ထိုက်ရွမ်ဂိုဏ်းမှာ နှစ်ပေါင်းနှစ်ရာနီးပါး ဆုတ်ယုတ်နေခဲ့သည် ဖြစ်ရာ ဤကဲ့သို့သော တပည့်မျိုး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

ထို့ကြောင့် သူ ကိုယ်တိုင်လာရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ၎င်းက အမှန်ဖြစ်နေခဲ့သည်။

ဤလူငယ်လေး၏ ပတ်ပတ်လည်ရှိ သေခြင်းရှင်ခြင်း အငွေ့အသက်များမှာ သူတို့၏ ဘိုးဘေးနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။

ထို့ပြင် ရုပ်ရည်ကို ကြည့်ရသလောက် အသက် နှစ်ဆယ်အစောပိုင်းလောက်ပဲ ရှိဦးမည်ပင်။

ဤသို့ တွေးတောမိသည့်အခါ ချန်ရှောက်ယန် အသက်ပြင်းပြင်းတစ်ချက် မရှူဘဲ မနေနိုင်တော့ချေ။

သူက ထိုစဉ်ကရှီယင်ချင်းထက်ပင် ပါရမီ ပိုမိုမြင့်မားနေသေးသည်။

သူ့ဘေးရှိ ချန်ဝမ်ရုလည်း တံတွေးမျိုချလိုက်မိသည်။

သူမသည် အသက် သုံးဆယ်နီးပါးရှိနေပြီး မကြာသေးခင်ကမှ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ထားနိုင်ခဲ့ရာ ၎င်းကကို အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

သူမက ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။

သို့သော် သူမရှေ့မှ ဤမကောင်းဆိုးဝါးကောင်နှင့် နှိုင်းယှဉ်လိုက်သောအခါ သူမ၏ တောက်ပမှုအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

“ငါတို့ မိသားစုတွေ ရင်းနှီးလာတာ နှစ်ပေါင်းသုံးရာကျော်ပြီပဲ... ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ...”

အကြီးအကဲ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားသော အကြည့်များ ပေါ်ထွက်နေသည်။

“အကြီးအကဲ...”

မလှမ်းမကမ်းမှ ရှီညီအစ်ကိုများ၊ မိုရှောင်ယု၊ ဟန်လျိုယုနှင့် အခြားသူများလည်း လျှောက်လာခဲ့ကြသည်။

သူတို့သည် ငယ်ရွယ်ပြီး အစွမ်းထက်ကာ အသက်ဓာတ်များ ပြည့်နှက်နေကြသဖြင့် ချန်ရှောက်ယန်ကို အံ့အားသင့်သွားစေခဲ့သည်။

သတိပြန်ဝင်လာရန် အချိန်ခဏ ကြာမြင့်သွားခဲ့သည်။

“အစ်ကိုလင်း... မင်းတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက ခမ်းနားမှုကို ပြန်ယူဖို့ ရည်ရွယ်နေတာလား...”

ချန်ရှောက်ယန် မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်...”

အကြီးအကဲ ပြုံးပြီး လက်ချင်းယှက်လိုက်သည်။

“ကဲ... အစ်ကိုချန်... ငါတို့ ခရီးဆက်ရဦးမှာမို့လို့ နှုတ်ဆက်ခဲ့ပါတယ်...”

ဤသည်ကို ကြားသည့်အခါ ချန်ရှောက်ယန် ခေါင်းညိတ်ရုံသာ တတ်နိုင်ပြီး ချန်ဝမ်ရုကို ဆွဲကာ နောက်ဆုတ်ပေးလိုက်သည်။

သို့သော် သူ၏ အကြည့်များမှာ မုန့်ချန်ချင်းနှင့် ရှီညီအစ်ကိုများထံတွင်သာ ဝဲလည်နေခဲ့သည်။

တိမ်သင်္ဘော လျင်မြန်စွာ ထွက်ခွာသွားသည့်တိုင် သူ၏ အကြည့်ကို လွှဲမသွားခဲ့ချေ။

“အဖေ... ဒါက အဖေပြောတဲ့ ထိုက်ရွမ်ဂိုဏ်းလား... အခုမှ အဆင့်မြှင့်တင်ခံရတဲ့ ပထမတန်းစားဂိုဏ်းလေ...”

ချန်ဝမ်ရု မမေးဘဲ မနေနိုင်တော့ချေ။

“ဟုတ်တယ်...”

ချန်ရှောက်ယန် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါက အခုမှ တက်လာတဲ့ ပထမတန်းစားဂိုဏ်းနဲ့ တူလို့လား...”

ချန်ဝမ်ရု ဆွံ့အသွားခဲ့ရသည်။

ထိုတပည့်အားလုံးက နတ်ဘုရားရရှိခြင်းနယ်ပယ်မှာ ရှိနေကြတာလေ...

ထို့ပြင် ထိုဂိုဏ်းချုပ်ငယ်ကလည်း သေခြင်းရှင်ခြင်းနယ်ပယ်မှာ ရှိနေခဲ့ပြီး သူမတို့ ဘိုးဘေးနဲ့ အဆင့်တူဖြစ်သည်။

“တကယ်တော့ မတူပါဘူး... ဒါပေမဲ့ နားလည်ပေးလို့ ရပါတယ်...”

ချန်ရှောက်ယန် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ် နားလည်ပေးလို့ ရမှာလဲ...”

ချန်ဝမ်ရု ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ဒီဂိုဏ်းက မရိုးရှင်းဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာနီးပါးတုန်းက သူတို့ဆီကနေ ထိပ်တန်းပါရမီရှင် ဆယ့်ရှစ်ယောက် တစ်ပြိုင်နက်တည်း ထွက်ပေါ်ခဲ့ဖူးသလို ပြိုင်ဘက်ကင်း မကောင်းဆိုးဝါးတစ်ယောက်လည်း ထွက်ပေါ်ခဲ့ဖူးတယ်...”

All Chapters