← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇)

၂၄ ချက်မြောက် ဓားချက်၏ သန္ဓေသားပုံစံ၊ မဟာရိတ်သိမ်းမှု၊ ရည်ရွယ်ချက်မြင့်တင်ခြင်းကဒ်

အသိစိတ်ပင်လယ်ထဲ၌ မရေတွက်နိုင်သော အလင်းတန်းများနှင့် အရိပ်များ စီးဆင်းနေခဲ့သည်။

၎င်းက ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ဓားချက်ကို အဆက်မပြတ် ပုံတူကူးချနေသော များပြားသည့်ဝိညာဥ်စွမ်းအားပင် ဖြစ်သည်။

မုန့်ချန်ချင်း၏ အသိစိတ်သည် ဤပင်လယ်ပြင်ထဲတွင် ထိုင်နေပြီး ရူးသွပ်မတတ် ဆင်ခြင်နားလည်နေခဲ့သည်။

တစ်သားတည်းဖြစ်ခြင်းနယ်ပယ်၏ အဆင့် ၉ သို့ ရောက်ရှိပြီးနောက် သူ၏ သိစိတ်ပင်လယ်ထဲရှိ မိုင်တစ်ရာပတ်လည်အတွင်းမှ ရေခဲပြင်များ အရည်ပျော်သွားခဲ့သည်။

သို့သော် ဤသည်က ပင်လယ်ပြင်၏ အစိတ်အပိုင်းအနည်းငယ်မျှသာ ရှိသေးပြီး ရေခဲတောင်တစ်ခု၏ ထိပ်ဖျားမျှသာ ဖြစ်သည်။

ဤအရာက ဝိညာဥ်ကျင့်ကြံရေးအပိုင်းတွင် မုန့်ချန်ချင်းရော အခြားသေခြင်းရှင်ခြင်းနယ်ပယ် သိုင်းပညာရှင်များအားလုံးပါ လျှောက်လှမ်းရန် လမ်းခရီးအဝေးကြီး လိုအပ်နေသေးကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေသို့ ဝင်ရောက်လိုက်သည်နှင့် မုန့်ချန်ချင်း၏ နားလည်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။

ချက်ချင်းပင် ဤဓားချက်၏ အနှစ်သာရများစွာကို မုန့်ချန်ချင်း ပိုမိုစုပ်ယူပြီး ချေဖျက်နိုင်ခဲ့သည်။

ဟွာစီယန် သူ့ကို နှောင့်ယှက်ခြင်းမပြုသလို ထွက်လည်းမသွားခဲ့ချေ။

မုန့်ချန်ချင်းမှာ အရေးကြီးသောအခြေအနေသို့ ရောက်ရှိနေပြီး နှောင့်ယှက်၍မရကြောင်း သူမ သိပေသည်။

နာရီဝက်ခန့် ကြာပြီးနောက်မှသာ မုန့်ချန်ချင်း ယခင်က သူမ၏ လှုပ်ရှားမှုကို အတိအကျ ပုံတူကူးကာ လက်ညှိုးနှင့် လက်ခလယ်ကို သုံး၍ ဓားပုံစံ မြှောက်လိုက်သည်။

ဤသည်ကို မြင်သည့်အခါ ဟွာစီယန်မျက်ခွံ့များ ကျုံ့သွားခဲ့သည်။

မုန့်ချန်ချင်း သူမ၏ ၂၄ ချက်မြောက် ဓားချက်ကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

လက်ချောင်းနှစ်ချောင်းကို ချိန်ရွယ်လိုက်ရုံမျှဖြင့် ၎င်းကို ပြည့်ပြည့်စုံစုံ တတ်မြောက်နိုင်ပေသည်။

သို့သော် ဤအခိုက်အတန့်တွင် မုန့်ချန်ချင်း ခေတ္တရပ်တန့်လိုက်ပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ ထိုအရာကို တကယ်တမ်း မလေ့လာချင်ကြောင်း ထင်ရှားပေသည်။

အကယ်၍ သူသည် မိမိကိုယ်ပိုင်လမ်းစဉ်ကို ထုဆစ်လိုပါက ယခုအချိန်မှစ၍ အခြားသူများ၏ သိုင်းပညာအနှစ်သာရကိုသာ စုပ်ယူရမည်ဖြစ်ပြီး အလွန်အမင်း လွှမ်းမိုးခံရ၍ မဖြစ်ချေ။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မုန့်ချန်ချင်း ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေမှ ထွက်ခွာလိုက်ရာ သူ၏ နားလည်နိုင်စွမ်းမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤခံစားချက်က အရှိန်အဟုန် ကျဆင်းသွားသကဲ့သို့ပင်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအမ...”

မုန့်ချန်ချင်း မတ်တပ်ရပ်ကာ လက်ချင်းယှက်လိုက်သည်။

ဤသည်က စစ်မှန်သော ကျေးဇူးတင်ရှိမှု ဖြစ်သည်။

ဟွာစီယန်၏ ဓားချက်ကြောင့် သူ၏ ကိုယ်ပိုင် ၂၄ ချက်မြောက် ဓားချက်အတွက် ပုံစံမှာ များစွာ ပိုမိုရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

သိုင်းပညာဗဟုသုတများ ပိုမိုရရှိလာပါက ၎င်းကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။

ထို့ပြင် သူ၏ ၂၄ ချက်မြောက် ဓားချက်က ဟွာစီယန်၏ ဓားချက်ကို ကျော်လွန်သွားမည်မှာ အသေအချာပင်။

သူ့၌ ယုံကြည်ချက်အပြည့် ရှိသည်။

“အရင်တုန်းက မင်းအပေါ် ငါ့အမြင်က ဂိုဏ်းချုပ်ရဲ့ ကျောက်စိမ်းပေလွှာကတစ်ဆင့် ဒါမှမဟုတ် ပုံရိပ်တွေနဲ့ ပြောစကားတွေကပဲ ရှိခဲ့တာ...”

ဟွာစီယန် သက်ပြင်းချလိုက်သည်။

“အခုမှပဲ အဲဒါတွေက ချဲ့ကားပြောထားတာ မဟုတ်ဘူးဆိုတာ ငါ သိလိုက်ရတော့တယ်... ပြောရရင် လျှော့ပြောထားတာတောင် ဖြစ်နိုင်သေးတယ်... တကယ့်အစစ်အမှန် မင်းက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်...”

ဤသည်က သူမ၏ ၂၄ ချက်မြောက် ဓားချက်ဖြစ်ပြီး မုန့်ချန်ချင်း ၎င်းကို နာရီဝက်အတွင်း ဖမ်းဆုပ်နိုင်ခဲ့သည်။

ဤနှုန်းအတိုင်းဆိုလျှင် သူသည် မကြာမီ မိမိကိုယ်ပိုင် ၂၄ ချက်မြောက် ဓားချက်ကို နားလည်သဘောပေါက်လာနိုင်ပြီး ပို၍ပင် တီထွင်နိုင်လိမ့်မည်ဖြစ်သည်။

“စီနီယာအမက မြှောက်ပြောလွန်းနေပါပြီ...”

မုန့်ချန်ချင်း နှိမ့်ချစွာ ပြုံးလိုက်သည်။

“နှိမ့်ချမနေပါနဲ့... ငါက လူတွေကို ချီးကျူးခဲတယ်... မင်းက ပထမဆုံး ဖြစ်နိုင်သလို... ဒါမှမဟုတ် ဒုတိယမြောက်ပေါ့...”

ဟွာစီယန် မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြန်လည်ဖြေလျော့လိုက်သည်။

“ထားလိုက်တော့... အဲဒါက အရေးမကြီးပါဘူး...”

သူ၏ စီနီယာအမက အနည်းငယ် ထူးဆန်းနေသည်ဟု မုန့်ချန်ချင်း ခံစားရသော်လည်း အကြောင်းရင်းကိုမူ ရှာမတွေ့ချေ။

ခေါင်းခါလိုက်ပြီး ၎င်းကို အလေးမထားတော့ပေ။

ထို့ပြင် သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ၏ ‘အလုပ်ဟောင်း’ ဖြစ်သော မိတ်ဆွေဖွဲ့ခြင်းကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

သူ ဟွာစီယန်၏ စွမ်းရည်အများစုကို အသုံးမပြုနိုင်သော်လည်း ၎င်းတို့၏ အရည်အသွေးမြင့်မားမှုကိုမူ ငြင်းပယ်၍မရချေ။

တန်ဖိုးရှိသော အရင်းအမြစ်များနှင့် လှဲလှယ်၍ရသည်မဟုတ်ပါလား။

“စီနီယာအမဟွာ... ကျွန်တော့်မှာ နောက်ထပ် တောင်းဆိုချက် အသေးစားလေးတစ်ခု ရှိပါသေးတယ်...”

မုန့်ချန်ချင်း ပြောလိုက်သည်။

“ပြောလေ...”

ဟွာစီယန် တည်တည်တံ့တံ့ ဖြစ်သွားခဲ့သည်။

သူမသည် ဂျူနီယာမောင်လေး၏ တောင်းဆိုချက်များကို အလွန်အလေးထားပေသည်။

“ကျွန်တော်က ဓားသိုင်းပညာမှာ ဒီလောက်ပါရမီရှိတဲ့လူနဲ့ တစ်ခါမှမတွေ့ဘူးဖူး... ကျွန်တော်တို့ မိတ်ဆွေတွေအဖြစ် တာအိုအကြောင်း မကြာခဏ ဆွေးနွေးလို့ရမလား...”

မုန့်ချန်ချင်း သူ၏တောင်းဆိုချက်ကို ကျိုးကြောင်းဆီလျော်အောင် ပြောဆိုလိုက်သည်။

“???...”

ဟွာစီယန် ကြောင်အန်းအန်းဖြစ်သွားခဲ့သည်။

သူမသည် ဖြစ်နိုင်ခြေရှိသော တောင်းဆိုချက်များစွာကို တွေးဆထားခဲ့သော်လည်း ဤအရာကိုမူ မတွေးမိခဲ့ချေ။

မိတ်ဆွေ?...

ဤအရာက ဘယ်လိုတောင်းဆိုချက်မျိုးလဲ...

သူမ နားမလည်နိုင် ဖြစ်သွားရသည်။

“ငါတို့က စီနီယာအမနဲ့ ဂျူနီယာမောင်လေး မဟုတ်ဘူးလား... ဘာလို့ မိတ်ဆွေတွေ ဖြစ်ရမှာလဲ...”

ဟွာစီယန် ဇဝေဇဝါဖြစ်နေသော စိတ်ကို ရှင်းလင်းရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက်တော့ မိတ်ဆွေတစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အေးလက်အေး ရှိစေလို့ပါ... တာအိုအကြောင်း ဆွေးနွေးဖို့ ပိုပြီးတော့ သင့်တော်တယ်လေ...”

မုန့်ချန်ချင်း ရှီယင်ချင်းကို ပြောခဲ့ဖူးသည့် အကြောင်းပြချက်ကိုပင် အသုံးပြု၍ ရှင်းပြလိုက်သည်။

၎င်းက ကြားရတာ ယုတ္တိမရှိသော်လည်း ဟွာစီယန် သဘောတူလိမ့်မည်ဟု သူ ယုံကြည်သည်။

အဆုံးတွင် ဤသည်က မူဝါဒရေးရာကိစ္စမဟုတ်ဘဲ နှုတ်ကတိမျှသာ ဖြစ်သည်မဟုတ်ပါလား။

“ကောင်းပြီလေ...”

အမှန်စင်စစ် ဟွာစီယန် အကြာကြီး တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း မုန့်ချန်ချင်းအပေါ် သူမ၏ အမြင်က ပြောင်းလဲသွားခဲ့သည်။

ဤဂျူနီယာမောင်လေးသည် အလွန်တရာ ပါရမီထူးချွန်သော်လည်း ဆန်းပြားသော တွေးခေါ်ပုံမျိုး ရှိနေခဲ့သည်။

ထိပ်သီး ပါရမီရှင်များသည် မည်သည့်အခါမျှ ပြည့်စုံရိုးမရှိဘဲ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ထူးဆန်းတတ်ပုံရသည်။

ဒင်!

[ဟွာစီယန်ကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ]

[လက်ရှိ နှစ်သက်မှု - ကြယ် ၁ ပွင့်]

[စွမ်းရည်ရွေးချယ်ပါ]

[အပိုဆောင်းဆုလဒ် - ရည်ရွယ်ချက်မြင့်တင်ကဒ် ၁ကဒ် ကို ရရှိပါသည်]

စနစ်၏ အသံက မုန့်ချန်ချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားရာ သူ့ကို ဝမ်းမြောက်ခြင်းများနှင့် ပြည့်နှက်သွားစေသည်။

အပိုဆောင်းဆုလဒ်...

ထို့ပြင် ရည်ရွယ်ချက်မြင့်တင်ကဒ်...

ဤကဒ်သည် သိုင်းပညာရပ်များ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သောကြောင့် သိုင်းပညာကျွမ်းကျင်မှုကဒ်ထက်ပင် ပိုမိုတန်ဖိုးရှိလှပေသည်။

ယခင်က သူ၏ ဓားရည်ရွယ်ချက်မှာ သန္ဓေသားပုံစံမျှသာ ရှိသေးသော်လည်း ရည်ရွယ်ချက်မြင့်တင်ကဒ်ကို အသုံးပြုပြီးနောက် ၎င်းက သုံးဆယ်ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

ယခုမူ သူ့တွင် နောက်ထပ်တစ်ကဒ် ရှိနေပြီ ဖြစ်သည်။

ထိပ်သီးဇာတ်ကောင်က မျှော်လင့်ထားအတိုင်း အမြဲတမ်း ဆုလဒ်ကောင်းများ ပေးစွမ်းနိုင်ပေသည်။

မုန့်ချန်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ဤကဒ်နှင့်ဆိုလျှင် သူ၏ ကံကြမ္မာက အလွန်အမင်း ဆိုးရွားမနေသရွေ့ တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းမျှ တိုးတက်လာရန်မှာ ပြဿနာမရှိချေ။

“စနစ်... ငါက စွမ်းရည်ရွေးချယ် ကဒ်ကို သုံးဖို့ အစီအစဥ်မရှိဘူး... ကျပန်းရွေးချယ်လိုက်ပါ...”

မုန့်ချန်ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ဒင်!

[ရရှိသောစွမ်းရည် - ထူးခြားထက်မြက်ခြင်းအဆင့်နားလည်နိုင်စွမ်း]

စနစ် ပြန်လည်အကြောင်းပြန်လိုက်သည်။

စွမ်းရည်ရွေးချယ် ကဒ်ရှိပါက စနစ်က အမြဲတမ်း ရွေးချယ်ရန် တောင်းဆိုလေ့ရှိသည်။

“မဆိုးပါဘူး...”

မုန့်ချန်ချင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်း၏ အရည်အသွေးက ထိပ်တန်းအဆင့် အမြစ်ရိုးများထက်ပင် ပိုမိုမြင့်မားနိုင်ပေသည်။

အဆုံးတွင် သူသည် ထိပ်တန်းအဆင့် အမြစ်ရိုးများကို များစွာ မြင်တွေ့ခဲ့ရဖူးသော်လည်း ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းကိုမူ ဂိုဏ်းချုပ်နှင့် ဟွာစီယန်တို့တွင်သာ တွေ့ဖူးသည်။

ဤကဲ့သို့သော အရည်အသွေးမြင့်မားသည့် စွမ်းရည်ကို လှဲလှယ်ခြင်းက အလွန်ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင်ခြေ ရှိပေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအမ...”

မုန့်ချန်ချင်း ပြုံးလိုက်သည်။

“ကျွန်တော့်ကို သွားခွင့်ပြုပါဦး...”

ဤတစ်ခေါက် လာရောက်ခြင်းက တကယ့်ကို ရိတ်သိမ်းမှုများခဲ့သည်။

“တကယ့်ကို ထူးဆန်းတဲ့ ဂျူနီယာမောင်လေးပဲ...”

မုန့်ချန်ချင်း ထွက်ခွာသွားပြီးနောက် ဟွာစီယန် ပြုံးလျက် ခေါင်းခါကာ ရေရွတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် နောက်ဆုံးတွင် သူ့ထံမှ ကာလရှည်ကြာ မျှော်လင့်နေခဲ့သော မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

အခန်း (၁၇၈)

ပေါက်ကွဲထွက်ခြင်း၊ ၁၀ ဆ ဓားရည်ရွယ်ချက်၊ ၃ ဆ လက်သီးရည်ရွယ်ချက်၊ သိုင်းပညာမဟာဆရာကြီး

ခူဖုန်းချွမ်းနှင့် ပတ်သက်၍လည်း မုန့်ချန်ချင်း အခွင့်အရေးကို အဆုံးရှုံးမခံခဲ့သည်မှာ သေချာပေသည်။

‘ဗဟုသုတရှာဖွေခြင်း’ အကြောင်းပြချက်ဖြင့် သူသည် အကျယ်တဝင့် စကားစမြည်ပြောဆိုခဲ့ပြီး ထုံးစံအတိုင်းပင် နိဂုံးချုပ်လိုက်သည်။

မိတ်ဆွေအဖြစ် အောင်မြင်စွာ ထည့်သွင်းပြီးနောက် ကောင်းကင်ခွဲခြင်းလက်သီးကျမ်း - အဆုံးစွန်ကြယ်စီးကြောင်း (ပြီးပြည့်စုံခြင်းအဆင့်) ကို ရရှိခဲ့သည်။

၎င်းမှာလည်း အဆင့်နိမ့် ကောင်းကင်အဆင့် လက်သီးသိုင်းတစ်ခု ဖြစ်သည်။

ကံမကောင်းစွာဖြင့် အပိုဆောင်းဆုလဒ် ထွက်မလာခဲ့သော်လည်း မုန့်ချန်ချင်းအတွက်မူ ဤမျှနှင့်တင် လုံလောက်ပြီ ဖြစ်သည်။

သူက စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ရာ ခူဖုန်းချွမ်းမှာမူ ခြံဝင်းတံခါးဝတွင် အနည်းငယ် ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့တော့သည်။

“ဒီဂျူနီယာညီလေးရဲ့ နားလည်နိုင်စွမ်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ... ဒါပေမဲ့ သူ့ရဲ့တွေးခေါ်ပုံက နည်းနည်းထူးဆန်းတယ်... စီနီယာအကိုနဲ့ ဂျူနီယာညီလေး ဖြစ်နေတာ မကောင်းဘူးလား... ဘာလို့ မိတ်ဆွေဖြစ်ဖို့ ဇွတ်တောင်းဆိုနေရတာလဲ...”

ခူဖုန်းချွမ်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော်လည်း မုန့်ချန်ချင်းသည် ဂိုဏ်း၏ အနာဂတ်မျှော်လင့်ချက် ဖြစ်သောကြောင့် လိုက်လျောပေးခဲ့ရသည်။

မုန့်ချန်ချင်းမှာ သီချင်းလေးတညည်းညည်းဖြင့် သူ့နေရာသို့ ပြန်လာခဲ့သည်။

စိတ်လှုပ်ရှားဖွယ်ရာ စွမ်းရည်များကို ပေါင်းစပ်ရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

သူ၏ ခွန်အားမှာ ပါရမီရှင်တိုက်ပွဲအတွက် လုံလောက်နေပြီဖြစ်သော်လည်း ပိုမိုသန်မာလာခြင်းက မည်သို့မျှ မထိခိုက်နိုင်ပေ။

“စနစ်... ထူးခြားထက်မြက်ခြင်းအဆင့်နားလည်နိုင်စွမ်းကို ချေဖျက်လိုက်...”

မုန့်ချန်ချင်း ဘာမှတွန့်ဆုတ်မနေဘဲ တင်ပျဉ်ခွေထိုင်လိုက်သည်။

ကံမကောင်းစွာဖြင့် ဤစွမ်းရည်များကို ထပ်ဆင့်ပေါင်းထည့်လို့မရပေ။

မဟုတ်ပါက သူ၏ နားလည်နိုင်စွမ်းမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားသောအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

ဒင်!

[ချေဖျက်ခြင်း အောင်မြင်ပါသည်]

[ရည်ရွယ်ချက်မြင့်တင်ကဒ် ၁ ကဒ် ကို ရရှိပါသည်]

စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

ဤသည်ကို ကြားသည့်အခါ မုန့်ချန်ချင်း ကြောင်အန်းအန်းဖြစ်သွားခဲ့သည်။

နောက်ထပ် ရည်ရွယ်ချက်မြင့်တင်ကဒ် တစ်ကဒ်?...

ဤအရာမှာ အလွန်တရာ ရှားပါးသည် မဟုတ်လား...

ယနေ့တွင် သူသည် အပိုဆောင်ဆုလဒ်အနေဖြင့် တစ်ကဒ်ရရှိခဲ့ပြီး ချေဖျက်ခြင်းမှတစ်ဆင့် နောက်ထပ်တစ်ကဒ် ရရှိခဲ့သည်။

ယခုအခါ သူ့တွင် ရည်ရွယ်ချက်မြင့်တင်ကဒ် နှစ်ကဒ် ရှိနေပြီ ဖြစ်သည်။

“ကံကောင်းရင် ၁၀ ဆအထိ ရောက်ဖို့ ဖြစ်နိုင်မလား...”

မုန့်ချန်ချင်း လက်များကို အနည်းငယ် တင်းတင်းဆုပ်ရင်း မတွေးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

၁၀ ဆ ရည်ရွယ်ချက်...

ရည်ရွယ်ချက်၏ သန္ဓေသားပုံစံမျှပင်လျှင် လူအများ မက်မောရသော အထွတ်အထိပ်နယ်ပယ်ဖြစ်ရာ ၁၀ ဆဆိုလျှင် ပြောနေစရာပင် လိုမည်မဟုတ်ချေ။

“ဒါပေမဲ့ ငါ့ရဲ့ကံက ထူးထူးခြားခြား ကောင်းမွန်မနေရင်တော့ အဲဒါက ခက်ခဲလိမ့်မယ်...”

မုန့်ချန်ချင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။

ရည်ရွယ်ချက်မြင့်တင်ကဒ်မှ မြှင့်တင်ပေးမှုက ကံတရားအပေါ်၌သာ လုံးလုံးလျားလျား မူတည်ပေသည်။

ကံကောင်းလျှင် ကဒ်တစ်ကဒ်တည်းဖြင့် အပြည့်အဝ ရရှိနိုင်သော်လည်း ကံမကောင်းပါက ၀.၅ ဆမျှသာ သို့မဟုတ် ထို့ထက်ပင် နည်းပါးစွာ တိုးတက်လာနိုင်သည်။

“နတ်ဘုရားတွေအားလုံး... ကျွန်တော့်ကို စောင့်ရှောက်ပေးကြပါ...”

ဤကဲ့သို့သော အချိန်မျိုးတွင် အနည်းငယ် ကိုးကွယ်ယုံကြည်ခြင်းက မမှားပေ။

မုန့်ချန်ချင်း ကံကောင်းခြင်းနှင့် သက်ဆိုင်သော အမည်နာမမှန်သမျှကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုနေခဲ့သည်။

“စနစ်... ရည်ရွယ်ချက်မြင့်တင်ကဒ် တစ်ကဒ်ကို သုံးပြီး ဓားရည်ရွယ်ချက်ကို မြှင့်တင်မယ်...”

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း ပြောလိုက်သည်။

ဒင်!

[ရည်ရွယ်ချက်မြင့်တင်ကဒ် တစ်ကဒ်ကို အသုံးပြုလိုက်ပါပြီ]

[မြှင့်တင်ခြင်း စတင်နေပါသည်]

ဒင်!

[မြှင့်တင်ခြင်း ပြီးဆုံးပါပြီ]

[ဓားတာအို ရည်ရွယ်ချက်မှာ ၁၀ ဆအထိ မြင့်တက်သွားပါပြီ]

စနစ်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်းသည် ပထမဆုံးအကြိမ်အဖြစ် စနစ်၏အသံကို ထီပေါက်လိုက်သကဲ့သို့ အလွန်တရာ နားဝင်ချိုလှသည်ဟု ခံစားလိုက်ရသည်။

“ငါ...”

မုန့်ချန်ချင်း မတ်တပ်ရပ်လိုက်မိပြီး ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

၎င်းက တကယ်ပဲ ၁၀ ဆသို့ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် ရည်ရွယ်ချက်မြင့်တင်ကဒ် တစ်ကဒ်တည်းဖြင့်ဖြစ်သည်။

ယနေ့ သူ၏ ကံတရားမှာ ထူးထူးခြားခြား ကောင်းမွန်နေသည်လား?...

သူ ဝမ်းသာအားရ မဖြစ်နိုင်သေးမီမှာပင် သူ့စိတ်ထဲရှိ ဧရာမဓားကြီးမှာ ရူးသွပ်စွာ အပြင်းအထန် တုန်ခါလာခဲ့တော့သည်။

ထူထပ်သိပ်သည်းလှသော အလင်းတန်းများသည် အရပ်မျက်နှာအနှံ့မှ စုဝေးလာပြီး ဓားကြီးထဲသို့ ပေါင်းစပ်သွားရာ ပိုမို၍ လက်တွေ့ဆန်လာခဲ့သည်။

အရှိန်အဝါမှာလည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားတာအို၏ ပိုမိုနက်ရှိုင်းသော အသိအမြင်များမှာ မုန့်ချန်ချင်း၏ အသိစိတ်ထဲသို့ ပြန်လည်စီးဝင်လာခဲ့ပြီး လျင်မြန်စွာ စုပ်ယူချေဖျက်ခြင်း ခံလိုက်ရသည်။

၁၀ ဆ(၁၀၀ရာခိုင်နှုန်း) ဓားရည်ရွယ်ချက်...

၎င်းက သိုင်းပညာ ရည်ရွယ်ချက်၏ ပြီးပြည့်စုံသော ပုံစံ ဖြစ်သည်။

၎င်းက ဘာကို ဆိုလိုသလဲဆိုတာ စိတ်ကူးကြည့်နိုင်ပေသည်။

မှူးမတ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤမျှမြင့်မားသော ရည်ရွယ်ချက်အဆင့်သို့ ရောက်ရှိရန် မသေချာချေ။

သို့သော်လည်း သေခြင်းရှင်ခြင်းနယ်ပယ်၏ အဆင့် ၂ မျှသာ ရှိသေးသော မုန့်ချန်ချင်းသည် ရည်ရွယ်ချက်၏ လမ်းစဉ်ကို ပြီးဆုံးအောင် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤမျှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ရည်ရွယ်ချက်သည် ပြိုင်ဘက်အားလုံးကို ချက်ချင်းပင် ဒူးထောက်သွားစေနိုင်ပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် မြှင့်တင်ခြင်း ပြီးဆုံးသွားခဲ့သည်။

သူ့စိတ်ထဲရှိ ဧရာမဓားကြီးမှာ ပြောင်းလဲသွားခဲ့ပြီး ပုံရိပ်ယောင်မဟုတ်တော့ဘဲ စစ်မှန်သော ရုပ်ဝတ္ထုပစ္စည်းကဲ့သို့ ဖြစ်တည်လာခဲ့သည်။

၎င်းက တောက်ပသော အရောင်အဝါများ ဖြာထွက်နေပြီး အလင်းတန်းတစ်ခုစီတိုင်းက ရေတွက်မရနိုင်သော အမှန်တရားများနှင့် ပြည့်နှက်နေသည့် ဓားတာအိုမြစ်တစ်စင်းစီကို ကိုယ်စားပြုနေခဲ့သည်။

အစအနလေးတစ်ခုလေးကပင် အလွန်တရာ အကျိုးရှိစေနိုင်ပေသည်။

ထို့နောက် မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်ရာ သူ့ရှေ့ရှိ ဟင်းလင်းပြင်မှာ လိမ်တွန့်သွားခဲ့ပြီး ပေါက်ကွဲတော့မလိုပင်။

ဟင်းလင်းပြင်မှာ အလွန်တရာ ခိုင်မာလှပြီး ကျင့်ကြံရေးလောကတွင် ဒဏ္ဍာရီလာ မှူးမတ်နယ်ပယ် ကျွမ်းကျင်သူများသာ ၎င်းကို ဖျက်ဆီးနိုင်သည်။

သို့သော် ယခုအခါ မုန့်ချန်ချင်း၏ ရည်ရွယ်ချက်မှာ ဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်လောက်အောင် စွမ်းအားကြီးမားနေပြီ ဖြစ်သည်။

“၁၀ ဆ ဓားရည်ရွယ်ချက်...”

မုန့်ချန်ချင်း တိုးတိုးလေး ရေရွတ်လိုက်မိပြီး ကြီးမားလှသော စွမ်းအားကြောင့် သူ၏ အသံမှာ အနည်းငယ် အက်ရှနေခဲ့သည်။

ဤစွမ်းအား၏ ခွန်အားမှာ အလွန်ကြီးမားလှပြီး ဓားရည်ရွယ်ချက်ကိုယ်တိုင်နှင့် ၎င်းယူဆောင်လာပေးသည့် အသိအမြင်များမှဖြစ်သည်။

သူကိုယ်တိုင်ပင် အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။

ကံကောင်းစွာဖြင့် သူ ဤစွမ်းအားကို ပြည့်ပြည့်စုံစုံ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

“ဒီပါရမီရှင်တိုက်ပွဲကတော့ အခုဆို လုံးဝ ရင်ခုန်စရာမလိုတော့ဘူး...”

မုန့်ချန်ချင်း ညာလက်ကို မြှောက်ကာ လက်ဖဝါးကို ကြည့်လိုက်သည်။

အရင်ကတော့ မရေရာမှုအချို့ ရှိနိုင်သေးသော်လည်း ယခုတော့... ဘယ်သူမှ သူ့ကို ယှဉ်နိုင်တော့မည်မဟုတ်ချေ။

“ငါက ၁၀ ဆနယ်ပယ်ကို ရောက်ဖို့ ကဒ်နှစ်ကဒ်လုံး သုံးရမယ်လို့ တွေးထားတာ... ဒါပေမဲ့ ကဒ်တစ်ကဒ်တည်းနဲ့တင် လုံလောက်သွားခဲ့တယ်... ဒါဆို ကျန်တဲ့တစ်ကဒ်ကို ဘာလုပ်ရမလဲ...”

မုန့်ချန်ချင်း စိတ်ကို တည်ငြိမ်အောင်ထားပြီး ဇယားကို ဖွင့်လိုက်သည်။

သိုင်းပညာ ရည်ရွယ်ချက်မှာ ၁၀ ဆ၌ အမြင့်ဆုံးဖြစ်သဖြင့် ထပ်မံအသုံးပြု၍ မရတော့ချေ။

“နေဦး... ငါ့မှာ လက်သီးရည်ရွယ်ချက် သန္ဓေသားပုံစံ ရှိသေးတာပဲ...”

သူ သတိရသွားခဲ့သည်။

၎င်းကို ဂိုဏ်းချုပ်ထံမှ ရရှိခဲ့ခြင်းဖြစ်သော်လည်း သူသည် လက်သီးသိုင်းကို မလေ့ကျင့်သဖြင့် သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။

“အသုံးပြုလိုက်တာပေါ့...”

သိမ်းထားလည်း ဘာမှ အသုံးဝင်မည်မဟုတ်ချေ။

ဒင်!

[ရည်ရွယ်ချက်မြင့်တင်ကဒ် တစ်ကဒ်ကို အသုံးပြုလိုက်ပါပြီ]

[မြှင့်တင်ခြင်း စတင်နေပါသည်]

ဒင်!

[မြှင့်တင်ခြင်း ပြီးဆုံးပါပြီ]

[လက်သီးတာအို ရည်ရွယ်ချက်အစစ်အမှန်မှာ ၃ ဆအထိ မြင့်တက်သွားပါပြီ]

စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“မဆိုးပါဘူး...”

မုန့်ချန်ချင်း တွေးလိုက်သည်။

သူ၏ စိတ်လှုပ်ရှားမှုအားလုံးက ဓားရည်ရွယ်ချက် မြှင့်တင်ခြင်းတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် လက်သီးရည်ရွယ်ချက်အပေါ်၌မူ ထူးပြီးအာရုံမရောက်တော့ချေ။

သို့သော်လည်း တိုးတက်မှုက သိသာလှပြီး ၃ ဆအထိ ရောက်ရှိသွားခဲ့သည်။

သူ့စိတ်ထဲရှိ ဧရာမသလင်းကျောက်လက်သီးကြီးမှာ တောက်ပလာခဲ့ပြီး ပိုမို၍ လက်တွေ့ဆန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်သီးသိုင်းဆိုင်ရာ အသိအမြင်များ တဟုန်ထိုး စီးဝင်လာခဲ့ပြီး မုန့်ချန်ချင်း၏ လက်သီးတာအိုအပေါ် နားလည်မှုကို မြှင့်တင်ပေးခဲ့သည်။

ခေတ္တမျှကြာပြီးနောက် မုန့်ချန်ချင်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မဟာသိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

“၁၀ ဆ ဓားရည်ရွယ်ချက်က အလွန် ကြောက်ဖို့ကောင်းလွန်းတယ်... လက်သီးရည်ရွယ်ချက်ကို အစားထိုးအနေနဲ့ သုံးတာက အကြံကောင်းပဲ...”

မုန့်ချန်ချင်း ကျေနပ်စွာ တွေးလိုက်သည်။

၁၀ ဆ ဓားရည်ရွယ်ချက်ကို အမြဲတမ်း ထုတ်ဖော်နေပါက အလွန်အမင်း တုန်လှုပ်ဖွယ်ရာ ဖြစ်နေလိမ့်မည်ဖြစ်သည်။

“နှမြောစရာကောင်းတာက ငါ [အမှန်တရားနတ်ဘုရားလက်သီး] ကို အခုထိ ပြီးပြည့်စုံခြင်းအဆင့် မရောက်သေးတာပဲ...”

ဤလက်သီးသိုင်းကို အဆင့်နိမ့် ကောင်းကင်အဆင့်ဟု သတ်မှတ်ထားသော်လည်း စွမ်းအားမှာ ၎င်း၏အဆင့်ကို ကျော်လွန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အသက်သွင်းဖို့ အမှန်တရားစွမ်းအားလိုအပ်ပြီး စစ်မှန်အနှစ်သာရ၊ဝိညာဥ်စွမ်းအားတို့လောက် မရိုးစင်းပေ။

“ငါ အမှန်တရားကို အာရုံမခံနိုင်ရင် ဒီလက်သီးသိုင်းကို တတ်မြောက်ထားရင်တောင် စွမ်းအားအပြည့်အဝ ထွက်လာမှာမဟုတ်ဘဲ သာမန် ကောင်းကင်အဆင့် သိုင်းပညာနဲ့ပဲ ညီမျှလိမ့်မယ်...”

မုန့်ချန်ချင်း ခေါင်းခါလိုက်ပြီး ဇယား၏ အောက်ခြေကို ကြည့်လိုက်သည်။

[အမှန်တရားနတ်ဘုရားလက်သီး] အတွက်မူ လောလောဆယ် စိုးရိမ်စရာမလိုချေ။

သူ့တွင် အစားထိုးစရာအဖြစ် စီနီယာအကိုခူထံမှ ရရှိထားသော [ကောင်းကင်ခွဲလက်သီးကျမ်း - အဆုံးစွန်ကြယ်စီးကြောင်း] ရှိနေသည်မဟုတ်ပါလား။

All Chapters