အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉)
ပြိုင်ပွဲစည်းမျဥ်းများ ပြောင်းလဲသွားခြင်း
[အတုမဲ့ဧကရာဇ်ဓားကျမ်း] အပြင် ခရမ်းမြူတောင်ထိပ်တွင် [ကောင်းကင်ခွဲလက်သီးကျမ်း] လည်းရှိသေးသည်။
ဤသိုင်းပညာရပ်၏ ရည်ရွယ်ချက်မှာ ၎င်း၏အမည်အတိုင်းပင် ကောင်းကင်ကို ခွဲခြမ်းပစ်ရန် ဖြစ်သည်။
ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်ပြီး တောင်တန်းများနှင့် မြစ်ပြင်များကိုဖျက်ဆီးပစ်နိုင်သော လက်သီးချက်တစ်ချက်ပင်။
ကောင်းကင်ခွဲလက်သီးကျမ်း မှာ လက်သီးသိုင်းအနည်းငယ် ပါဝင်သော ကျယ်ပြန့်သည့် လမ်းညွှန်ကျမ်းတစ်စောင် ဖြစ်သည်။
အဆုံးစွန်ကြယ်စီးကြောင်းမှာ ၎င်း၏ အခန်းကဏ္ဍတစ်ခု ဖြစ်သည်။
အဆုံးစွန်ကြယ်စီးကြောင်းကို အသုံးပြုနိုင်ရန်အတွက် ထိုလက်သီးကျမ်း၏ ပထမတွဲကို တတ်မြောက်ထားရမည့်အပြင် ကြယ်တာရာစစ်မှန်အနှစ်သာရလည်း ရှိရမည် ဖြစ်သည်။
မဟုတ်ပါက အဆုံးစွန်ကြယ်စီးကြောင်း၏ တကယ့်စွမ်းအားစစ်စစ်ကို ထုတ်ဖော်နိုင်မည်မဟုတ်ချေ။
သိုင်းပညာရပ်၏ အဆင့်က မြင့်မားလေလေ ကန့်သတ်ချက်များက ပိုမိုများပြားလေလေပင်။
“စနစ်... ကောင်းကင်ခွဲလက်သီးကျမ်း - အဆုံးစွန်ကြယ်စီးကြောင်း (ပြီးပြည့်စုံခြင်းအဆင့်) ကို ပေါင်းစပ်မယ်...”
မုန့်ချန်ချင်း တွန့်ဆုတ်မနေဘဲ စိတ်ထဲမှ တိုးတိုးလေး အမိန့်ပေးလိုက်သည်။
ဒင်!
[ပေါင်းစပ်ခြင်း စတင်နေပါသည်]
စကားလုံးများ ထွက်ပေါ်လာသည်နှင့် များပြားသော လက်သီးသိုင်းအကြောင်းအရာများသည် သူ့စိတ်ထဲသို့ တဟုန်ထိုး စီးဝင်လာခဲ့တော့သည်။
လက်သီးတာအိုသည် ဓားတာအိုနှင့် ကွဲပြားပြီး ၎င်းတို့မှာ လုံးဝ ဆန့်ကျင်ဘက်ပုံစံများ ဖြစ်ကြသည်။
ဓားတာအိုသည် အရာအားလုံးကို ဖြတ်တောက်နိုင်သည့် အဆုံးစွန်ထက်ရှမှုကို လိုက်စားပြီး လက်သီးတာအိုမှာမူ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်လျက် စစ်သည်ပေါင်းသောင်းခြောက်ထောင်ကို တိုက်ခိုက်မောင်းထုတ်နိုင်သည့် ခန့်ညားထည်ဝါသောပုံစံမျိုး ဖြစ်သည်။
လက်သီးသိုင်းဖြင့် တာအိုထဲသို့ ဝင်ရောက်လာကြသော သိုင်းပညာရှင်များသည် ခန့်ညားထည်ဝါသော အရှိန်အဝါများ ရှိကြပြီး သူတို့၏ လက်သီးချက်များက ကောင်းကင်ယံရှိ နေမင်းကဲ့သို့ လောကတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပေသည်။
ပုံစံများအကြားတွင် မွေးရာပါ အားသာချက်၊ အားနည်းချက်ဟူ၍ မရှိချေ။
၎င်းက ကျင့်ကြံသူအပေါ်၌သာ မူတည်သည်။
ခေတ္တမျှကြာပြီးနောက် ပေါင်းစပ်ခြင်း ပြီးဆုံးသွားခဲ့သည်။
မုန့်ချန်ချင်း သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်ရာ စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ကြယ်တာရာပုံရိပ်ယောင်များမှာ သူ့ပတ်ဝန်းကျင်တွင် အဆက်မပြတ် ပေါ်ထွက်လာပြီး ကြီးမားသော မြစ်တစ်စင်းကဲ့သို့ စုစည်းသွားခဲ့သည်။
ဤလက်သီးချက်မှာ အရာအားလုံးကို တိုက်စားပစ်မည့် ကြယ်တာရာမြစ်တစ်စင်း ရှေ့သို့ ဒုန်းစိုင်းစီးဆင်းသွားသကဲ့သို့ပင်။
“မဆိုးဘူး...”
မုန့်ချန်ချင်း လက်ကို ပြန်လည်ဖြေလျော့လိုက်သည်။
ဤလက်သီးသိုင်း၏ စွမ်းအားက အထင်ကြီးစရာကောင်းလှပြီး အဆင့်တူ သိုင်းပညာရပ်အများစုထက် ပိုမိုသန်မာပေသည်။
ဂိုဏ်း၏ သိုင်းပညာရပ်များက တကယ့်ကို စွမ်းအားကြီးမားပြီး ၎င်းတို့၏ အမည်များကို ကြည့်ရုံဖြင့် သက်ဆိုင်ရာအဆင့်များတွင် ထိပ်တန်းဖြစ်ကြောင်း ထင်ရှားလှသည်။
ဂိုဏ်းအနေဖြင့် ဤမျှစွမ်းအားကြီးမားသော သိုင်းပညာရပ်များကို ဘယ်ကနေ ရရှိခဲ့လဲဆိုတာ တွေးတောစရာပင်။
၎င်းတို့က အသစ်တက်လာခါစ ပထမတန်းစားဂိုဏ်းတစ်ခုတွင် ရှိသင့်သည့်အရာမျိုး မဟုတ်ချေ။
“ကျင့်ကြံရေးကိုပဲ ဆက်လုပ်ရမယ်...”
မုန့်ချန်ချင်း သူ၏အတွေးများကို ရှင်းလင်းလိုက်သည်။
ပါရမီရှင်တိုက်ပွဲအတွက် တစ်လပင် မလိုတော့ဘဲ သေခြင်းရှင်ခြင်းမြက်ပင်၏ အကူအညီဖြင့် သူသည် နောက်ထပ် နယ်ပယ်အသေးတစ်ခုကို ထပ်မံချိုးဖျက်နိုင်လောက်ပေသည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ရာ ထျန်းရွမ်စီရင်စုမှာ ပိုမို၍ စည်ကားသိုက်မြိုက်လာခဲ့သည်။
ရှေးဟောင်းမြို့တော်တိုင်းနီးပါးတွင် သိုင်းပညာရှင်များ အလုံးအရင်းနှင့် ဝင်ရောက်လာကြပြီး အားလုံးက မကြာမီကျင်းပတော့မည့် ပါရမီရှင်တိုက်ပွဲအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
၎င်းက တောင်ပိုင်းဒေသ၏ အကြီးကျယ်ဆုံး ပြိုင်ပွဲဖြစ်ပြီး ဂိုဏ်းများနှင့် တပည့်များအတွက် ကြီးမားသော သက်ရောက်မှုများ ရှိနေခဲ့သည်။
အရေးကြီးဆုံးမှာ လူတိုင်းကို ပါရမီရှင်များအကြား တိုက်ပွဲများကို မြင်တွေ့ခွင့်ရစေပြီး ကြုံရခဲသော မြင်ကွင်းတစ်ခု ဖြစ်သည်။
တောင်ပိုင်းဒေသမှ လူငယ်ပါရမီရှင်များအကြောင်း ဆွေးနွေးမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး စီရင်စုကြီးတစ်ခုစီမှ သိုင်းပညာရှင်များသည် သူတို့၏ လူငယ်သူရဲကောင်းများကို အသီးသီး အားပေးနေကြသည်။
မလွဲမသွေပင် အင်အားကြီးသော စီရင်စုများသည် အင်အားနည်းသော စီရင်စုများကို အထင်အမြင်သေးတတ်ကြသည်။
တောင်ပိုင်းဒေသတွင် အလယ်အလတ်အဆင့်အောက်ရှိ အရာအားလုံးကို အင်အားနည်းသည်ဟု သတ်မှတ်ပြီး ထိပ်ဆုံးမှ စီရင်စုငါးခုသာ တကယ့်ကို အင်အားကြီးမားခြင်း ဖြစ်သည်။
၎င်းတို့မှာ ထျန်းရွမ်၊ ထျန်းကျီ၊ ထျန်းရှူ၊ ထျန်းဟန်နှင့် ထျန်းယန် တို့ ဖြစ်ကြသည်။
ထိုအထဲတွင် ထျန်းရွမ်စီရင်စုက အင်အားအကြီးဆုံးဖြစ်ပြီး မဟာဂိုဏ်းကြီး ငါးဂိုဏ်း ရှိကာ ထျန်းရှူတွင် သုံးဂိုဏ်း၊ ထျန်းကျီတွင် နှစ်ဂိုဏ်း၊ ထျန်းဟန်တွင် နှစ်ဂိုဏ်းနှင့် ထျန်းယန်တွင် တစ်ဂိုဏ်း ရှိသည်။
မဟာဂိုဏ်းတစ်ခုကို အနည်းဆုံး မှူးမတ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိခြင်းဖြင့် သတ်မှတ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်မျှသာ ရှိခြင်းက မလုံလောက်ချေ။
မဟာဂိုဏ်းများသည် ပထမတန်းစားဂိုဏ်းများထက် များစွာသာလွန်ပြီး ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။
“ဒါက ထျန်းရွမ်စီရင်စုပဲ၊ တကယ့်ကို အစွမ်းထက်တာပဲ...”
ထျန်းလင်းစီရင်စုမှ အခြားအင်အားစု သုံးခုဖြစ်သော နေမီးတောက်တောင်ကြား၊ ဘီးလူးဝိညာဥ်ဂိုဏ်းနှင့် လေတိမ်မြို့တို့က မှတ်ချက်ချလိုက်ကြသည်။
သိုင်းပညာစစ်ပွဲနောက်ပိုင်း သူတို့ ကျဆင်းသွားခဲ့သော်လည်း ထိုဂိုဏ်းများ၏ ထိပ်သီးပါရမီရှင်များသည် နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ကြသဖြင့် ပါဝင်ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မီခဲ့ကြသည်။
ထျန်းလင်းစီရင်စုတွင် ထိုထိပ်သီးပါရမီရှင်များသည် အလွန်ထူးချွန်ကြသော်လည်း ဤနေရာတွင်မူ ပိုမိုသန်မာသော ရွယ်တူများနှင့် ခဏခဏ တွေ့ကြုံနေရသဖြင့် ကြီးစွာစိတ်ပျက်အားလျော့မှုများကို ခံစားနေကြရသည်။
သူတို့သည် ရေတွင်းထဲကဖားသူငယ်ကဲ့သို့ ဖြစ်နေခဲ့ကြောင်း သဘောပေါက်သွားကြသည်။
“အဲဒီကောင်ကရော အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး...”
တွမ့်မူလုံချွဲ ကျယ်လောင်စွာ တွေးတောရေရွတ်လိုက်သည်။
အခြားလူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နေမီးတောက်တောင်ကြား သခင်လေး ဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာ သိကြသည်။
သူ၏ ရှုံးနိမ့်မှုနောက်ပိုင်း တွမ့်မူလုံချွဲသည် ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး ပြန်လည်နာလန်ထူရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ယခုအခါ ထျန်းရွမ်စီရင်စုတွင် သူသည် ပို၍ပင် ငြိမ်သက်သွားခဲ့သည်။
မွေးရာပါ မီးခန္ဓာကိုယ် ရှိနေသော်လည်း သူ၏ခွန်အားမှာ ဆက်လက်ကြီးထွားလာမည် ဖြစ်သည်။
အထူးသဖြင့် ဆန်းကြယ်မီးတောက် တစ်ခုနှင့်ဆိုလျှင်ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ ရှုံးနိမ့်ပြီးနောက် သူ၏ ဆန်းကြယ်မီးတောက်မှာ အသိမ်းခံလိုက်ရသည်။
အကြောင်းမှာ ၎င်းက မူလက သူ၏အရာမဟုတ်ဘဲ အခြားအင်အားစုတစ်ခုထံမှ ‘အကူအညီ’ မျှသာဖြစ်ပြီး ရှုံးနိမ့်ပါက ပြန်လည်ပေးအပ်ရမည် ဖြစ်သောကြောင့်ပင်။
“မင်းတို့ ကြားပြီးပြီလား... ပါရမီရှင်တိုက်ပွဲရဲ့ စည်းမျဥ်းတွေက အများကြီး ပြောင်းလဲသွားပြီတဲ့...”
ရုတ်တရက် အနီးအနားမှ ထွက်ပေါ်လာသော အသံတစ်ခုက တွမ့်မူလုံချွဲ၏ အာရုံကို ဖမ်းစားလိုက်သည်။
“ပြောင်းလဲသွားတယ်... ဘာပြောင်းလဲတာလဲ...”
အခြားလူများ စူးစမ်းလိုစိတ် ပြင်းပြသွားကြသည်။
“အစက ပါရမီရှင်တိုက်ပွဲက တစ်ယောက်ချင်း တိုက်ပွဲဖြစ်ပြီး အနိုင်ရတဲ့လူက နောက်တစ်ဆင့်ကို တက်ရတာ... ဒါပေမဲ့ အခုတော့ မတူတော့ဘူး... တစ်ဦးချင်း မဟုတ်တော့ဘဲ ဂိုဏ်းအချင်းချင်း တိုက်ရမှာ...”
ထိုလူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဂိုဏ်းအချင်းချင်း?... အဲဒါက ဘာကို ဆိုလိုတာလဲ...”
လူအုပ် မျက်မှောင်ကြုတ်လိုက်ကြသည်။
“အဲဒါက အဆင့်တစ်ခုချင်းစီမှာ တစ်ဦးချင်းမဟုတ်ဘဲ ဂိုဏ်းအလိုက် မဲနှိုက်ရမှာဖြစ်ပြီး ကွင်းထဲကို အရေအတွက်တူညီတဲ့ တပည့်တွေကို တစ်ပြိုင်နက်တည်း စေလွှတ်ရမှာ... အဲဒါက ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ပါရမီရှင်တွေအကြား ယှဥ်ပြိုင်မှုပဲ...”
“အင်း... သိပြီ...”
လူအုပ် နားလည်သွားခဲ့သည်။
“ဘာလို့ ဒီလောက်ကြီးတဲ့ အပြောင်းအလဲ လုပ်ရတာလဲ...”
တစ်စုံတစ်ယောက် ဇဝေဇဝါ ဖြစ်နေသည်။
ယခင်စည်းမျဥ်းများက အဆင်ပြေနေရာ စည်းမျဥ်းအသစ်များက လူများစွာကို ပါဝင်ခွင့်မရအောင် တားဆီးထားနိုင်သည်။
ထို့ကြောင့် ဂိုဏ်းတစ်ခုချင်းစီက အသန်မာဆုံးလူများကိုသာ စေလွှတ်လိမ့်မည်ဖြစ်သည်။
“ငါ ကြားတာကတော့ အဲ့ထိပ်သီးမဟာဂိုဏ်းကြီးတွေက ဖရိုဖရဲပင်လယ်ထဲ ဝင်ခွင့်နေရာအားလုံးကို သူတို့ပဲ သိမ်းပိုက်ထားနိုင်ဖို့ ဒါကိုဆွေးနွေးခဲ့တယ်ဆိုပဲ... စည်းမျဥ်းအသစ်တွေအရ ပထမနေရာရတဲ့ဂိုဏ်းက သူတို့ဂိုဏ်းအတွက် နေရာ ၁၀ ခု တိုက်ရိုက် ရရှိမှာလေ... ဒုတိယက ၆နေရာ၊ တတိယက ၄ နေရာ ရလိမ့်မယ်...”
ဤအရာကို ကြားသည့်အခါ လူတိုင်း နားလည်သွားကြတော့သည်။
ပါရမီရှင်တိုက်ပွဲသည် ဗဟိုစီရင်စုမှ အဆင့်မြင့်အရင်းအမြစ်များကို ရရှိရန်အတွက်သာမက ဖရိုဖရဲပင်လယ်အတွက် အဖိုးတန်နေရာများအတွက်လည်း ဖြစ်ပေသည်။
စုစုပေါင်း နေရာ ၂၀ သာ ရှိသည်။
ယခင်စည်းမျဥ်းများအောက်တွင် ထျန်းရွမ်၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်းပင်လျှင် အခွင့်အရေးများစွာကို လက်ဝါးကြီးအုပ်၍ မရနိုင်ဘဲ အလွန်ဆုံးရှိလှ နှစ်နေရာ သို့မဟုတ် သုံးနေရာသာ ရနိုင်သည်။
အထူးခြားဆုံး ပါရမီရှင်များသာ အခွင့်အရေးတစ်ခုကို ရရှိနိုင်သော်လည်း စည်းမျဥ်းအသစ်များနှင့်ဆိုလျှင် ၎င်းက ထိပ်သီးပါရမီရှင်များကို ပိုမိုတောက်ပရန် နေရာပေးလိုက်ခြင်း ဖြစ်သည်။
ပါရမီရှင်တစ်ဦးက ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားပြုနိုင်သည်မဟုတ်ပါလား။
အခန်း (၁၈၀)
ရှင်းပြချက်၊ စွန့်စားမှုများနှင့် ထွက်ခွာခြင်း
“ဒါပေမဲ့ နေရာခွဲဝေဖို့အတွက်လောက်နဲ့တော့ စည်းမျဥ်းတွေကို ဒီလောက်အထိ ပြောင်းစရာ မလိုဘူးမလား...”
တစ်စုံတစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
“အရင်တုန်းကတော့ ထိပ်ဆုံး အယောက် ၂၀ က တစ်ယောက်တစ်နေရာစီ ရတာပဲလေ... အဲဒါကို ပထမနေရာရတဲ့လူကို အခွင့်အရေး အနည်းငယ် ပိုပေးလိုက်ရင် မပြီးဘူးလား...”
ဤအရာကို ကြားလိုက်သည့်အခါ လူတိုင်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“အဲဒါက မတူဘူး...”
“ဂိုဏ်းတစ်ခုတည်းက အခွင့်အရေး အများကြီး ရတာနဲ့ လူတစ်ယောက်တည်းက အခွင့်အရေး အများကြီး ရတာ... ဘယ်အရာက ပိုပြီးတော့ လက်ခံရလွယ်တယ်လို့ မင်းထင်လဲ... ထိပ်သီးဂိုဏ်းတွေက သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို ဂရုစိုက်ကြတယ်လေ... သူတို့က အလွန်အမင်း လောဘကြီးတယ်လို့ အထင်မခံချင်ကြဘူး... ပြီးတော့ အခြားအကြောင်းပြချက်လည်း ရှိသေးတယ်...”
“ဒီတစ်ခေါက် ပါဝင်ယှဥ်ပြိုင်တဲ့လူ အရေအတွက်က အရမ်းများပြားလွန်းတယ်... အင်အားစု အများစုက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု၊ ဒါမှမဟုတ် အနှစ်နှစ်ဆယ်ကျော်ကတည်းက ဒီအကြောင်းကို သိထားကြပြီး သူတို့ရဲ့ ပါရမီရှင်တွေကို စတင်လေ့ကျင့်ပေးခဲ့ကြတာ...”
“အကယ်၍ တစ်ယောက်ချင်းသာ တိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကြာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး... အဲဒါက အတောလေး ခေါင်းရှုပ်တယ်...”
“ဒါကြောင့်မို့လို့ သူတို့က ပြောင်းလဲလိုက်တာ...”
“ဂိုဏ်းအလိုက်ယှဥ်ပြိုင်ခိုင်းလိုက်တော့ ပိုပြီး ရိုးရှင်းသွားပြီး အဆင့်များစွာကို ဖယ်ရှားပစ်နိုင်တယ်...”
လူတိုင်းက ဤအရာကို မကျေမနပ်ဖြင့်ပင် နားလည်လိုက်ကြရသည်။
“အကယ်၍ ထျန်းရွမ်ရဲ့ မဟာဂိုဏ်းကြီး ငါးဂိုဏ်းက စောစောစီးစီး မဆုံကြဘူးဆိုရင် သူတို့က အခွင့်အရေး ၂၀ လုံးကို အကုန်သိမ်းပိုက်နိုင်မှာ အသေအချာပဲ...”
တစ်စုံတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ထင်ရှားသည်မှာ သူက ထျန်းရွမ်စီရင်စုမှ သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် သဘာဝကျစွာပင် ရင်ခုန်စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
ဖရိုဖရဲပင်လယ်သည် မှူးမတ်နယ်ပယ် အရင်းအမြစ်များကို မွေးဖွားပေးသည့် ရှေးဟောင်းနေရာတစ်ခု ဖြစ်သည်။
အကယ်၍ ၎င်းတို့ကို ရရှိနိုင်ပါက မှူးမတ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန်မှာ သေချာသလောက်ပင် ဖြစ်ပေသည်။
မှူးမတ်နယ်ပယ်ဆိုသည်မှာ အထွတ်အထိပ် နယ်ပယ်တစ်ခု ဖြစ်သည်။
သန့်စင်နယ်မြေ၏ စည်းမျဥ်းများအရ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ကာ မဟာဂိုဏ်းကြီးတစ်ခုအဖြစ် ဖန်တီးနိုင်ပေသည်။
မည်သည့် မဟာဂိုဏ်းမဆို ၎င်းတို့၏ ထာဝရရပ်တည်မှုကို သေချာစေရန်အတွက် မှူးမတ်နယ်ပယ် ကျွမ်းကျင်သူများ အဆက်မပြတ် ထွက်ပေါ်လာရန် လိုအပ်ပေသည်။
“ဒီပြိုင်ပွဲက ပိုပြီးတော့တောင် ပြင်းထန်လာလိမ့်မယ်...”
လူတိုင်းသည် မကြာမီကျင်းပတော့မည့် ပါရမီရှင်တိုက်ပွဲကို ကြိုတင်မြင်ယောင်နေကြပြီ ဖြစ်သည်။
ယခင်က ထိပ်ဆုံး အယောက် ၂၀ အတွင်း ဝင်လျှင် လုံလောက်သော်လည်း ယခုမူ ထိပ်ဆုံး သုံးနေရာအတွင်း ဝင်ရမည် ဖြစ်သည်။
“မုန့်ချန်ချင်း... ငါတို့တွေ ပြန်ဆုံလောက်သေးလား...”
တွမ့်မူလုံချွဲက ရုတ်တရက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
စည်းမျဥ်းအသစ်များနှင့်ဆိုလျှင် သူတို့အချင်းချင်း ဆုံတွေ့နိုင်ခြေက များစွာ ပိုမိုမြင့်မားပေသည်။
သို့သော်လည်း သူ၏ ဆန်းကြယ်မီးတောက် မရှိတော့ခြင်းကို တွေးမိသည့်အခါ တွမ့်မူလုံချွဲ သက်ပြင်းချလိုက်မိသည်။
ယခင်ကတည်းက မုန့်ချန်ချင်းကို အနိုင်မယူနိုင်ခဲ့ရာ ယခုဆိုလျှင် ပြောနေစရာပင် လိုမည်မဟုတ်ချေ။
“သွားကြစို့...”
တွမ့်မူလုံချွဲ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ယခုအခါ နေမီးတောက်တောင်ကြားသည် ထျန်းလင်းစီရင်စုတွင်ပင် ဒုတိယတန်းစား အင်အားစုမျှသာဖြစ်ရာ ကျယ်ပြောလှသော တောင်ပိုင်းဒေသတွင်မူ ဆိုဖွယ်ရာမရှိတော့ချေ။
ပါရမီရှင်တိုက်ပွဲ စတင်သည်နှင့်အမျှ ထျန်းလင်းစီရင်စုထက် ပိုမို ဝေးလံပြီး အင်အားနည်းပါးလှသည့် ထျန်းယောင်စီရင်စု သို့မဟုတ် ထျန်းယွဲ့စီရင်စုတို့နှင့် မဆုံတွေ့ရပါက သူတို့သည် လျင်မြန်စွာပင် ပြုတ်ကျသွားနိုင်ခြေ ရှိပေသည်။
မကြာမီမှာပင် စည်းမျဥ်းအပြောင်းအလဲများနှင့် ပတ်သက်သည့် သတင်းများက ပြန့်နှံ့သွားခဲ့သည်။
လူအများ အံ့အားသင့်သွားကြသလို ထိပ်သီးဂိုဏ်းများ၏ လောဘဇောတိုက်မှုကိုလည်း ကျိန်ဆဲနေကြသည်။
ဒင်းတို့က အနည်းငယ်ပင် ခွဲဝေမပေးလိုကြပေ။
သို့သော်လည်း ဤကဲ့သို့စည်းမျဥ်းက စွန့်စားရာလည်းရောက်၏။
အကယ်၍ ထိပ်သီးဂိုဏ်းတစ်ခုက စောစောစီးစီး ခြေချော်သွားပါက နောက်ထပ် အခွင့်အရေးမရှိဘဲ တစ်ဂိုဏ်းလုံး ပြုတ်ကျသွားနိုင်ပေသည်။
ထိပ်သီးဂိုဏ်းများသည် သူတို့၏တပည့်များက အခြားအင်အားစုများမှ ပါရမီရှင်များကို လွှမ်းမိုးချုပ်ကိုင်ပြီး နှိမ်နင်းနိုင်လိမ့်မည်ဟု ယုံကြည်မှု အပြည့် ရှိနေကြသည်။
လက်တွေ့တွင်မူ ထိပ်သီးဂိုဏ်းများသည် အပြောင်းအလဲများကို အကြံပြုရုံသာ တတ်နိုင်ကြသည်။
နောက်ဆုံဂဆုံးဖြတ်ချက်မှာ ဤကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲသည့် ဗဟိုစီရင်စု၏ ကျန်းယီသန့်စင်နယ်မြေကို ကိုယ်စားပြုသော ဝမ်ရှန်းအဆောက်အဦးပေါ်၌သာ မူတည်ပေသည်။
ထို့ကြောင့် ဝမ်ရှန်းအဆောက်အဦးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းက အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးနိုင်ပြီး သူတို့၏သိမ်းသွင်းမှုကို ငြင်းပယ်မည့် ပါရမီရှင်ဟူ၍ ရှားပါးလှပေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့သည်။
နောက်ထပ် ငါးရက်ကြာလျှင် လူအများ စောင့်မျှော်နေကြသည့် ပါရမီရှင်တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။
ကျင့်ကြံရေးခန်းမထဲတွင် မုန့်ချန်ချင်းသ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ သေခြင်းရှင်ခြင်း အရှိန်အဝါက ပိုမိုပြင်းထန်လာခဲ့ပြီး သေခြင်းရှင်ခြင်းနယ်ပယ်၏ အဆင့် ၃ သို့ ချိုးဖျက်နိုင်ခဲ့တာ ထင်ရှား၏။
“နှမြောစရာပဲ.. သေခြင်းရှင်ခြင်းမြက်ပင် တစ်ပင်ပဲ ကျန်တော့တယ်...”
မုန့်ချန်ချင်း သက်ပြင်းချလိုက်သည်။
သေခြင်းရှင်ခြင်းမြက်ပင်မှာ ဂိုဏ်းအတွင်း၌ပင် ရှားပါးလှသော ကျင့်ကြံရေးအရင်းအမြစ်တစ်ခု ဖြစ်သဖြင့် ပုံမှန် အသုံးပြုနိုင်သည့်အရာမျိုး မဟုတ်ချေ။
သို့သော်လည်း ဤပါရမီရှင်တိုက်ပွဲက အဆင့်မြင့်အရင်းအမြစ်များ ခွဲဝေမှုကို ကိုယ်စားပြုနေသည်။
အကယ်၍ သူသည် အဆင့်မြင့်နေရာတစ်ခု ရရှိခဲ့ပါက ဂိုဏ်းအနေဖြင့် အလားတူ အရင်းအမြစ်များကို ရရှိနိုင်လောက်ပေသည်။
ထိုသို့မဟုတ်လျှင်တောင် သူ၏ ထူးခြားပြောင်မြောက်သော ပါရမီနှင့် ကောင်းကင် လူသားတစ်သားတည်းဖြစ်ခြင်း အခြေအနေတို့ကြောင့် ကျင့်ကြံရေးအမြန်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။
သို့သော်လည်း သေခြင်းရှင်ခြင်းမြက်ပင်ကို သုံးသလောက်တော့ မြန်ဆန်မည်မဟုတ်ချေ။
“သွားဖို့ အချိန်ရောက်ပြီ...”
မုန့်ချန်ချင်း မတ်တပ်ရပ်လိုက်ပြီး ကြက်သွေးရောင်ကောင်းကင်ဓားကို ကောက်ကိုင်လိုက်သည်။
ပါရမီရှင်တိုက်ပွဲ ကျင်းပမည့်နေရာမှာ ဝမ်ယွဲ့ရှေးဟောင်းမြို့တော်တွင် မဟုတ်ဘဲ ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ နယ်မြေအတွင်း၌ ဖြစ်သည်။
ကိုးရောင်ခြယ်မှန်ကျောင်းဆောင်မှာ ထျန်းရွမ်စီရင်စု၏ အစွန်းနားတွင် ရှိသဖြင့် ထိုနေရာသို့ ရောက်ရှိရန် ငါးရက်မှ ခြောက်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။
အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် မုန့်ချန်ချင်း အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ထိုအချိန် သူ့ခါး၌ချိတ်ဆွဲထားသော တံဆိပ်ပြားမှာ တုန်ခါလာခဲ့သည်။
၎င်းက ဝိညာဥ်ပင်လယ်ဖွင့်လှစ်ထားနိုင်သူများအတွက် သတင်းစကားများ ပေးပို့နိုင်စွမ်း ရှိသည်။
အတွေးတစ်ချက်ဖြင့် တံဆိပ်ပြားဆီမှ အသံ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ချန်ချင်း... ထွက်ခွာဖို့ အချိန်ကျပြီ...”
“ကောင်းပါပြီ...”
မုန့်ချန်ချင်း ပြန်လည် အကြောင်းပြန်လိုက်သည်။
သူ၏ အချိန်ကိုက်မှုက ကွက်တိဖြစ်သွားခဲ့ပုံရသည်။
တိမ်သင်္ဘောဆီသို့ ရောက်ရှိသည့်အခါ လူအများအပြားမှာ စောင့်ဆိုင်းနေကြပြီ ဖြစ်ရာ ထိုအထဲတွင် မိုရှောင်ယု၊ ရှီညီအစ်ကိုများ၊ ဟန်လျိုယုနှင့် အခြားလူများ ပါဝင်ကြသည်။
“ဂိုဏ်းချုပ်ငယ်...”
သူတို့က သူ့ကို ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ကြပြီး မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။
လူတိုင်းက စည်းမျဥ်းအပြောင်းအလဲများအကြောင်း သိထားကြသဖြင့် ဂိုဏ်း၏ အောင်မြင်မှုမှာ ယခုအခါ ဂိုဏ်းချုပ်ငယ်၏ ပုခုံးပေါ်တွင်သာ လုံးလုံးလျားလျား တည်ရှိနေတော့သည်။
အကယ်၍ သူတို့သည် ထိပ်ဆုံး သုံးနေရာအတွင်း ဝင်ရောက်နိုင်ပါက ဂိုဏ်းအနေဖြင့် အနည်းဆုံး ဖရိုဖရဲပင်လယ် အခွင့်အရေး ၄ နေရာနှင့် အဆင့်မြင့်အရင်းအမြစ်များစွာကို ရရှိလိမ့်မည် မဟုတ်ပါလား။
“မင်း ရောက်လာပြီပဲ...”
မဟာအကြီးအကဲ မုန့်ချန်ချင်းကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ ကျင့်ကြံရေးအဆင့်က ထပ်မံ၍ ချိုးဖျက်ပြီး သေခြင်းရှင်ခြင်းနယ်ပယ်၏ အဆင့် ၃ သို့ ရောက်ရှိသွားကြောင်း မြင်လိုက်ရသည်။
အတော်လေး မြန်ဆန်လှသည့် အရှိန်ပင်။
ဟွာစီယန်နှင့် ခူဖုန်းချွမ်းတို့လည်း ရှိနေကြပြီး အတူလိုက်ပါရန် အဆင်သင့် ဖြစ်နေကြသည်။
“ဒုတိယစီနီယာအကို, ၁၃ယောက်မြောက် စီနီယာအမ, ၁၆ ယောက်မြောက် စီနီယာအကို...”
မုန့်ချန်ချင်း သူတို့ကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“မဆိုးဘူး...”
ဟွာစီယန် နွေးထွေးစွာ ပြုံးလျက် မုန့်ချန်ချင်းပုခုံးကို ပုတ်ပေးလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ အံ့အားသင့်ရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ဘာကြောင့်မှန်းမသိ ယနေ့တွင် သူမ၏ ဂျူနီယာမောင်လေးထံမှ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက ယခင်က တစ်ခါမျှ မကြုံဖူးသည့် ခံစားချက်မျိုး ဖြစ်နေခဲ့သည်။