အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
အခန်း( ၂၉၇)
"အလယ်အလတ် ဝင်ငွေထောင်ချောက်" ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။
အစပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက မြန်မြန်ဆန်ဆန် တိုးတက်လာပေမဲ့ အဆင့်တစ်ခုကို ရောက်တဲ့အခါမှာတော့ တိုးတက်မှုက ရပ်တန့်သွားတတ်တယ်။ နောက်ဆုံးမှာ အဲဒီနိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အဆင့်အတန်းထဲကို မဝင်ရောက်နိုင်တော့ဘဲ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတစ်ခုအဖြစ်ပဲ ကျန်ရစ်ခဲ့တာ ဒါမှမဟုတ် ပိုပြီးတော့တောင် ဆုတ်ယုတ်သွားတတ်တာမျိုးကို ပြောတာပါ။
ကံကောင်းထောက်မစွာနဲ့ တောင်ကိုရီးယားကတော့ တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၃၀,၀၀၀ အဆင့်ကို ဝင်ရောက်နိုင်ခဲ့တယ်။ ဖြေရှင်းရမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေ အများကြီး ရှိနေသေးတာ မှန်ပေမဲ့ ဒီအဆင့်မှာတော့ ကျွန်တော်တို့က ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အဆင့်အတန်းထဲကို လုံလုံလောက်လောက် ဝင်ရောက်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက တကယ်ကို ကြီးမားပြီး အဓိပ္ပာယ်ရှိတဲ့ အောင်မြင်မှုတစ်ခုပါပဲ။
အမေရိကန်၊ ဥရောပ၊ ဩစတြေးလျလိုမျိုး အနောက်နိုင်ငံတွေ ဒါမှမဟုတ် အာရှမှာ ခေတ်မီအောင် ပထမဆုံး စတင်လုပ်ဆောင်ခဲ့တဲ့ ဂျပန်ကို ဖယ်ထုတ်လိုက်ရင် လူဦးရေ သန်း ၅၀ ကျော်ရှိပြီး တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၃၀,၀၀၀ ကျော်တဲ့ နိုင်ငံ ဘယ်နှစ်နိုင်ငံ ရှိလို့လဲ။
အဲဒီနိုင်ငံတွေက စီးပွားရေးကို အချိန်အကြာကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ကြတာ ဖြစ်ပြီး ကိုရီးယားကတော့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတင် ဒီလိုတိုးတက်မှုအဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ စိတ်အေးလက်အေး နေဖို့တော့ စောပါသေးတယ်။
တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်ရင် ကိုရီးယားက အရင်းအနှီး စုဆောင်းမှု သမိုင်းကြောင်း တိုတောင်းတာကြောင့် စီးပွားရေး တိုးတက်မှု ရပ်တန့်သွားတဲ့ အချိန်မှာ ရုတ်တရက် ပြိုလဲသွားနိုင်တဲ့ အလားအလာ ရှိနေလို့ပါ။
ဒါမျိုး မဖြစ်အောင် တားဆီးဖို့အတွက် ကျွန်တော်တို့က ဆက်ပြီး တိုးတက်နေရပါမယ်။
တက်ဂယူက မျက်တောင်ခတ်ရင်း မေးတယ်။
"မင်း ဘယ်တုန်းကတည်းက ဒီလောက်တောင် မျိုးချစ်စိတ် ပြင်းထန်သွားတာလဲ"
ကျွန်တော် အံ့ဩသွားပြီး ပြန်မေးလိုက်တယ်။
"ငါက နိုင်ငံတော်သစ္စာဖောက်ဖြစ်နေလို့လား"
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို အရင်ဆုံး အကျိုးပြုရတာ ထုံးစံပဲလေ။ ဖြစ်နိုင်ရင်တော့ ကိုရီးယားကို တခြားနိုင်ငံတွေထက် ပိုပြီး ကောင်းစေချင်တာပေါ့။
"အနည်းဆုံးတော့ ငါ လုပ်နိုင်တာကို လုပ်ရမှာပဲ။ ဘယ်သူက အသိအမှတ်ပြုပြု၊ မပြုပြုပေါ့”
တက်ဂယူက လက်ပိုက်ပြီး ခေါင်းညိတ်ပြတယ်။
"အမြင့်ဆုံးနေရာမှာ ရှိတဲ့သူရဲ့ လမ်းကြောင်းကတော့ မူလကတည်းက အထီးကျန်ဆန်တာပဲ”
"……."
ကျွန်တော် စီနီယာ ဆန်းယော့ နဲ့အတူ အိမ်ပြာတော်ဆီကို ထွက်လာခဲ့တယ်။
အိမ်ဖြူတော်ကိုတော့ ရောက်ဖူးပေမဲ့ အိမ်ပြာတော်ကို တကယ် လာလည်တာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။ မျှော်လင့်ထားတဲ့အတိုင်းပဲ အဝင်ဝကတည်းက လုံခြုံရေး စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်တာကို တွေ့ရပါတယ်။
ဥက္ကဌ လင်ဂျင်ယုံ အပါအဝင် ထိပ်သီး အုပ်စုကြီး ၁၀ ခုက အမှုဆောင် အရာရှိ အများစု ရောက်နေကြပါပြီ။
ဥက္ကဌ ဟန်ချန်ယောင်း ကတော့ သူ့အဖေ ကွယ်လွန်သွားတဲ့အတွက် မတက်ရောက်နိုင်ခဲ့ဘဲ သူ့အစား အွန်ဆောင်း မော်တာ ရဲ့ ဥက္ကဌ ယွန်ဆူဟွမ် တက်ရောက်ခဲ့တယ်။ ကျွန်တော် Rite Group ရဲ့ ဒုတိယဥက္ကဌ ဂျင်ဒေါင်မင်၊ ရှင်ဆီဂီ အုပ်စု ရဲ့ ဒုတိယဥက္ကဌ ဂျန်ယုံချော နဲ့ တခြားသူတွေကို ဆက်တိုက် နှုတ်ဆက်လိုက်တယ်။
ကျွန်တော် ကိုရီးယားမှာ ရှိနေကြောင်း ပထမဆုံး စပြီး လူလုံးထွက်ပြတုန်းကတော့ တခြား ချေဘော အုပ်စုတွေရဲ့ အကြည့်တွေက သိပ်ပြီး ကြိုဆိုတဲ့ပုံစံ မဟုတ်ခဲ့ကြဘူး။
သူတို့က ကျွန်တော့်ကို ကံကောင်းလို့ ကစားကွက်ထဲမှာ ပိုက်ဆံရသွားတဲ့ လူငယ်လေးတစ်ယောက်လိုပဲ မြင်ခဲ့ကြတာ ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီလို အမြင်မျိုး လုံးဝ ပြောင်းလဲသွားဖို့ အချိန်အများကြီး မကြာခဲ့ဘူး။
ချေဘော အုပ်စုတွေက လုပ်ငန်းသစ်တွေမှာ ရုန်းကန်နေရတဲ့အချိန်မှာ OTK Company က ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကတော့ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်။
CarOS က အွန်ဆောင်း မော်တာ ကို ဝါးမြိုသွားလိမ့်မယ်လို့ ဘယ်သူမှကို မထင်ထားခဲ့ကြတာပါ။
အခုတော့ စက်မှုလုပ်ငန်းလောကရော၊ ဘဏ္ဍာရေးကဏ္ဍပါ OTK Company ရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။ အဲဒီလိုပဲ ကျွန်တော့်ရဲ့ အနေအထားကလည်း လိုက်ပြီး မြင့်တက်လာခဲ့တာပေါ့။
ချေဘော မိသားစုတွေကြားထဲမှာ သမိုင်းကြောင်းနဲ့ ရိုးရာအစဉ်အလာတွေအကြောင်း ဘယ်လောက်ပဲ ထည့်တွက်တွက်၊ စျေးကွက်ထဲမှာတော့ ပိုက်ဆံအများဆုံး ရှိတဲ့သူကသာ ဘုရင်ပဲလေ။
လက်တွေ့မှာလည်း OTK Company နဲ့ အစပိုင်းကတည်းက လက်တွဲခဲ့တဲ့ ဆိုဆောင်း အုပ်စု ကတော့ ကျွန်တော်တို့နဲ့အတူ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေပါပြီ။ ဒါပေမဲ့ တခြားအုပ်စုတွေကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ရဲ့ ရှယ်ယာစျေးနှုန်းတွေမှာလည်း အရမ်းကြီးကောင်းမနေပါဘူး။
အံ့ဩဖို့ကောင်းတာက RCK Bros ရဲ့ ဥက္ကဌ ရူချောဂယွန် လည်း တက်ရောက်လာခဲ့တယ်။ သူက ပုံမှန်ဆိုရင် ဒီလိုပွဲမျိုးတွေကို တက်လေ့မရှိဘူးလို့ ထင်ခဲ့တာပါ။
သူက ပြုံးပြီး ပြောတယ်။
"ငါ လာတာ အလကား ဖြစ်သွားမလားလို့ တွေးနေခဲ့တာ။ စီအီးအို ကန်ဂျင်ဟူ ရှိနေတာ မြင်ရလို့ ဝမ်းသာပါတယ်”
ကျွန်တော်လည်း ဝမ်းသာအားရနဲ့ နှုတ်ဆက်လိုက်တယ်။
"ဥက္ကဌက တစ်ယောက်ထဲ လာတာလား"
"ဗြောင်ဒူ ကတော့ တရုတ်မှာ အလုပ်ကိစ္စ ရှိလို့ ဒီပွဲကို မတက်နိုင်တော့ဘူး။ ဟိုတစ်ခါပွဲမှာ ငါတို့နဲ့အတူ ရှိခဲ့တဲ့ ဒုတိယဥက္ကဌကော ဒီပွဲကို မလာဘူးလား”
"ကျွန်တော့်သူငယ်ချင်းက သူ့မျက်နှာ လူသိများတာကို မကြိုက်လို့ပါ”
ခဏလောက် စောင့်ပြီးတဲ့နောက်မှာတော့ သမ္မတ ဝင်လာခဲ့တယ်။
သမ္မတ ဟိုချန်မင်း က စီးပွားရေး ခေါင်းဆောင်တွေဆီ လျှောက်လာပြီး တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်တယ်။ အဲဒီနောက် ကျွန်တော့်ဆီကိုလည်း လက်ကမ်းပေးလာပါတယ်။
"ဟားဟား။ စီအီးအို ကန်ဂျင်ဟူ လည်း လာတာပဲ။ တွေ့ရတာ တကယ် ဝမ်းသာပါတယ်”
"မင်္ဂလာပါခင်ဗျာ”
နှုတ်ဆက်လို့ ပြီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ ပြန်ထိုင်လိုက်ကြတယ်။ ဝန်ထမ်းတွေက စားပွဲတွေပေါ်ကို အစားအသောက်တွေ လာချပေးကြတယ်။
Menuကတော့ ကိုရီးယား ထမင်းသုပ်ပါ။ အထဲမှာ ပါတဲ့ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေက ကိုရီးယားရဲ့ ပြည်နယ် ရှစ်ခုလုံးကနေ ရရှိထားတာလို့တော့ ပြောတယ်။
သမ္မတ ဟိုချန်မင်း က ပြောတယ်။
"ကိုရီးယားထမင်းသုပ် က မတူညီတဲ့ ပါဝင်ပစ္စည်းတွေ အတူတူ ပေါင်းစပ်သွားတဲ့ အချိန်မှာ အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်တာပါ။ ဒီကိုရီးယားထမင်းသုပ်လိုပဲ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေ အတူတူ ပူးပေါင်းပြီး လက်ရှိ စီးပွားရေး အခြေအနေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဒါကတော့ မျှော်လင့်ထားတဲ့အတိုင်း ပုံသေကားကျ စကားမျိုးပါပဲ။
စားသောက်ပြီးတဲ့နောက် ကော်ဖီနဲ့ လက်ဖက်ရည်တွေ ချပေးပြီး အစည်းအဝေးကို အတည်အလင်း စတင်လိုက်တယ်။
ဒါက တံခါးပိတ် အစည်းအဝေး မဟုတ်ဘဲ မီဒီယာ ကင်မရာတွေ ရှိနေတဲ့ ပွင့်လင်းမြင်သာတဲ့ အစည်းအဝေးတစ်ခုပါ။
မျှော်လင့်ထားတဲ့အတိုင်းပဲ ချေဘော ဥက္ကဌတွေက သူတို့ရဲ့ စွမ်းဆောင်နိုင်ရည် အပြည့်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးမယ်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော် ပြောကြားခဲ့ကြတယ်။ အနာဂတ် အလားအလာတွေ မှေးမှိန်နေတာမျိုး ဒါမှမဟုတ် စီးပွားရေး အခြေအနေ ဆိုးရွားနေတာမျိုးကိုတော့ ဘယ်သူမှ ထုတ်မပြောကြဘူး။
စီးပွားရေးဆိုတာ စိတ်ပညာအပေါ်မှာ မူတည်နေတာဖြစ်ပြီး စိတ်ထဲက ထင်တဲ့အတိုင်း ဖြစ်လာတတ်တာမျိုးပါ။ တကယ်လို့ စီးပွားရေး ဆိုးရွားလာမယ်လို့ တွေးပြီး ရင်းနှီးငွေနဲ့ အသုံးစရိတ်တွေကို လျှော့ချလိုက်ရင် စီးပွားရေးက တကယ်ပဲ ဆိုးရွားသွားပါလိမ့်မယ်။ တစ်ဖက်မှာလည်း ပြန်ကောင်းလာမယ်လို့ တွေးပြီး ရင်းနှီးငွေနဲ့ အသုံးစရိတ်တွေကို တိုးမြှင့်လိုက်ရင် စီးပွားရေးက တကယ်ပဲ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ ဘယ်အစိုးရမဆို တကယ်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် စီးပွားရေး ကျဆင်းမှုကို ပိုပြီး မြန်ဆန်သွားစေနိုင်တဲ့အတွက် စီးပွားရေး ခက်ခဲနေတယ်ဆိုတာကို ဝန်ခံဖို့ ရှောင်လွှဲလေ့ ရှိကြတာပါ။
ပြဿနာကို သိရဲ့သားနဲ့ ထုတ်မပြောတာနဲ့ ပြဿနာကို လုံးဝ အသိအမှတ် မပြုနိုင်တာကတော့ တော်တော်လေး ကွာခြားပါတယ်။
ကျွန်တော် တခြားစီးပွားရေး ခေါင်းဆောင်တွေရဲ့ စကားကို တိတ်တဆိတ် နားထောင်နေမိတယ်။
"တခြား စကားပြောချင်တဲ့သူ ရှိသေးလား"
ဘယ်သူမှ ထွက်မလာတဲ့အချိန်မှာ သမ္မတ ဟိုချန်မင်း က ကျွန်တော့်ဘက်ကို လှည့်ပြီး ပြောတယ်။
"စီအီးအို ကန်ဂျင်ဟူ လည်း စကားအနည်းငယ်လောက် ပြောပေးဖို့ တောင်းဆိုချင်ပါတယ်”
မိုက်ကရိုဖုန်းက ကျွန်တော့်ဆီ ရောက်လာပြီး ကင်မရာတွေအားလုံးကလည်း ကျွန်တော့်ဘက်ကို လှည့်လာကြတယ်။
ကျွန်တော် နေရာကနေ ထရပ်ပြီး ပြောလိုက်တယ်။
"ပထမဆုံးအနေနဲ့ ဒီလို အစည်းအဝေးမျိုးကို တက်ရောက်ခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်က စီးပွားရေး ပညာရှင်တစ်ယောက် မဟုတ်ပေမဲ့ OTK Company ကို လည်ပတ်ရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တဲ့ အတွေ့အကြုံကနေ မြင်တွေ့ခဲ့ရတာတွေကို မျှဝေပေးချင်ပါတယ်”
သမ္မတ ဟိုချန်မင်း က ပြုံးပြီး ခေါင်းညိတ်ပြကာ အခြေအနေကတော့ အဆင်ပြေနေခဲ့တယ်။
ကျွန်တော် ဆက်ပြောလိုက်တယ်။
"လက်ရှိ ကိုရီးယား စီးပွားရေးက ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပြီး ကုမ္ပဏီ အများစုက လုပ်ငန်းသစ်တွေမှာ နောက်ကျကျန်နေပါတယ်။ အခု ဒီနေရာမှာ ရောက်နေတဲ့သူတွေမှာလည်း အဲဒီအခြေအနေ အတွက် တာဝန်မရှိဘူးလို့ ပြောလို့မရပါဘူး”
ကိုရီးယား ချေဘော တွေက နိုင်ငံရေးလောကနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေကြတာပါ။ တကယ်လို့ ချေဘော အုပ်စုတွေက လုပ်ငန်းသစ်တွေကို ပြုစုပျိုးထောင်ဖို့အတွက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ရင် အစိုးရကလည်း အတိုင်းအတာတစ်ခုအထိ တုံ့ပြန်ပေးခဲ့မှာပါပဲ။
ဒါပေမဲ့ ချေဘော အုပ်စုတွေက သူတို့ရဲ့ အတိတ်က အောင်မြင်မှုတွေမှာတင် သာယာနေခဲ့ကြတယ်။ ရူပဗေဒရဲ့ စည်းမျဉ်းတစ်ခုဖြစ်တဲ့ အရှိန်မပျက် ဆက်သွားချင်တဲ့ သဘောတရားက စီးပွားရေးလုပ်ငန်းတွေမှာလည်း သက်ရောက်မှု ရှိတာပါပဲ။ အစကနေ အသစ်ပြန်စတာထက် အရင်က လုပ်လက်စ အလုပ်ကိုပဲ ဆက်လုပ်ရတာက ပိုပြီး လွယ်ကူတာကြောင့်ပါ။ ပြီးတော့ အခုထိလည်း အဲဒီနည်းလမ်းက အလုပ်ဖြစ်ခဲ့တာပါပဲ။
အရင်က ရှိနေတဲ့ မြင်းလှည်းတွေထက် ပိုပြီး သက်တောင့်သက်သာရှိပြီး ဆန်းပြားတဲ့ မြင်းလှည်းကို ထုတ်လုပ်ပေးရင် စားသုံးသူတွေက သဘောကျကြမှာပဲ။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ တစ်ဖက်မှာ ကားလို့ ခေါ်တဲ့အရာက ပေါ်ထွက်လာခဲ့တယ်။
CL Electronics က စမတ်ဖုန်းစျေးကွက်ကို လွဲချော်ခဲ့သလို ရှင်ဆီဂီ နဲ့ Rite လိုမျိုး ဖြန့်ချိရေး အုပ်စုတွေကလည်း အွန်လိုင်းစျေးကွက်မှာ ရုန်းကန်နေရတယ်။
အတိတ်က အောင်မြင်မှုတွေကပဲ သူတို့ကို ပြန်ပြီး ချည်နှောင်ထားတဲ့ သံကြိုးတွေ ဖြစ်လာခဲ့တာပေါ့။
ရုတ်တရက် အခန်းထဲက အခြေအနေက အေးစက်သွားခဲ့တယ်။ လူတိုင်းရဲ့ မျက်နှာမှာ မသက်မသာ ဖြစ်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။ ဒီနေ့ ပြောလိုက်တဲ့ စကားတွေက ဒီနေ့ည သတင်းတွေမှာ ပါလာတော့မှာလေ။
"အားလုံးထက် ပိုဆိုးတာက ခေတ်မမီတော့တဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ရှိနေတာပါ။ စီးပွားရေး လုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတွေက လိုအပ်တာ မှန်ပေမဲ့ ကိုရီးယားရဲ့ စည်းမျဉ်းတွေက လွန်ကဲလွန်းပါတယ်။ ကမ္ဘာ့အဆင့်မီ Startup တွေတောင် ကိုရီးယားထဲ ဝင်လာတာနဲ့ တရားမဝင် ဖြစ်သွားတတ်တာမျိုးပါ။ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတာကို ပိတ်ဆို့ထားရင်း ကိုယ့်ပြည်တွင်းက လုပ်ငန်းတွေကို ထိရောက်အောင် ပြုစုပျိုးထောင်ပေးနေတာလည်း မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် နောက်နှစ်အနည်းငယ်အတွင်းမှာ လုပ်ငန်းသစ်တွေကို နိုင်ငံခြားကို အကုန် လွှဲပေးလိုက်ရပါလိမ့်မယ်”
အကြံပေးအရာရှိတွေရဲ့ မျက်နှာမှာ ပျာယာခတ်သွားသလို သမ္မတ ဟိုချန်မင်း ရဲ့ မျက်နှာထားကလည်း မကောင်းတော့ပါဘူး။
သူက သူ့ရဲ့ မသက်မသာ ဖြစ်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း မေးလာတယ်။
"ဒါဆို စီအီးအို အနေနဲ့ ဘာတွေ လုပ်သင့်တယ်လို့ အကြံပြုချင်လဲ"
"အခုထိ လုပ်ခဲ့သလိုမျိုး လူနည်းစု အကျိုးစီးပွားအုပ်စုတွေရဲ့ မဲကို ငဲ့ညှာပြီး ပြုပြင်ပြောင်းလဲမှုတွေကို အချိန်ဆွဲနေတာမျိုးကို ရပ်တန့်ရပါမယ်။ ဒါက မှန်ကန်တဲ့အရာ ဖြစ်ပြီး နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် ပါတီရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ရွေးကောက်ပွဲ မဲတွက်ချက်မှုတွေကို ထည့်မတွက်ဘဲ ဆက်လက် လုပ်ဆောင်ရမှာပါ”
ကျွန်တော့်ရဲ့ စကားတွေက နိုင်ငံရေးလောကကို အတိအလင်း ဝေဖန်လိုက်တာပါပဲ။
အခန်းတွင်းက အခြေအနေက ချက်ချင်းဆိုသလို အေးခဲသွားခဲ့တယ်။ ဘယ်သူမှ အသက်တောင် ဝဝ မရှူရဲကြဘဲ သမ္မတ ဟိုချန်မင်း ရဲ့ မျက်နှာကလည်း အနည်းငယ် နီမြန်းလာခဲ့တယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ရဲ့ တုံ့ပြန်မှုတွေကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်တယ်။
"အစိုးရရော၊ စီးပွားရေးလုပ်ငန်းတွေပါ အနာဂတ်အတွက် ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့မှာ အချိန်အများကြီး မကျန်တော့ပါဘူး”
သမ္မတ ဟိုချန်မင်း က လေးနက်တဲ့ မျက်နှာထားနဲ့ ခေါင်းညိတ်ပြတယ်။
"အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်”
အစည်းအဝေးကတော့ နောက်ထပ် နှစ်နာရီ၊ သုံးနာရီလောက် ဆက်လုပ်နေခဲ့တယ်။
သမ္မတ ဟိုချန်မင်း က စီးပွားရေး ခေါင်းဆောင်တွေကို လှည့်ကြည့်ပြီး ပြောတယ်။
"ဒီနေ့က တကယ်ကို အဓိပ္ပာယ်ရှိတဲ့ ပွဲတစ်ခုပါ။ အစိုးရရဲ့ အမြင်နဲ့ လက်တွေ့ နယ်ပယ်က စီးပွားရေး ခေါင်းဆောင်တွေရဲ့ အမြင်က ကွာခြားမှု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆက်ပြီး ကြိုးစားပေးကြပါဦး၊ ကျွန်တော်တို့ အစိုးရကလည်း ပိုပြီး ကူညီပေးနိုင်အောင် ကြိုးစားသွားမှာပါ။ အနာဂတ်မှာလည်း ဒီလိုပွဲမျိုးတွေကတစ်ဆင့် စီးပွားရေး ခေါင်းဆောင်တွေနဲ့ ပုံမှန် ဆက်သွယ်စကားပြောသွားမှာ ဖြစ်ပါတယ်”
အိမ်ပြာတော် အစည်းအဝေး ပြီးသွားတဲ့နောက်မှာတော့ ကန်ဂျင်ဟူ ရဲ့ စကားတွေက ချက်ချင်းပဲ ရေပန်းစားတဲ့ အကြောင်းအရာ ဖြစ်လာခဲ့တယ်။
[ကန်ဂျင်ဟူ၊ သမ္မတ ဟိုချန်မင်း အစိုးရရဲ့ စီးပွားရေး မူဝါဒတွေကို အတိအလင်း ဝေဖန်]
[လုပ်ငန်းသစ်များတွင် နောက်ကျကျန်နေခဲ့သော ကိုရီးယား စီးပွားရေး]
[ကုမ္ပဏီများ၏ ဆန်းသစ်တီထွင်မှု ညွှန်းကိန်း အောက်ဆုံးအဆင့်သို့ ရောက်ရှိ…]
[အစိုးရနှင့် လွှတ်တော်တို့သည် လုပ်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်နေကြသည်…]
[အိမ်ပြာတော်၊ စီးပွားရေး ကျဆင်းမှုကို တရားဝင် အသိအမှတ်ပြုလိုက်ပြီလား]
အာဏာရ နိုင်ငံရေးသစ်ပါတီ က ကန်ဂျင်ဟူ ရဲ့ စကားတွေအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လွတ်လပ်သောပြည်သူများပါတီ ကတော့ အိမ်ပြာတော်ရော၊ ကန်ဂျင်ဟူကိုပါ တစ်ပြိုင်ထဲ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သမ္မတ ဟိုချန်မင်း က သတင်းထောက်တွေရဲ့ ရှေ့မှာ တိုက်ရိုက် ရပ်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။
"ကျွန်တော်တို့က စည်းမျဉ်းတွေကို ပြုပြင်ပြောင်းလဲပြီး လုပ်ငန်းသစ်တွေကို ပြုစုပျိုးထောင်သွားမှာ ဖြစ်သလို အလုပ်အကိုင် အသစ်တွေကိုလည်း ဖန်တီးပေးသွားမှာပါ။ စည်းမျဉ်းအသစ်တွေမှာ သက်တမ်းကုန်ဆုံးမယ့် ရက်စွဲတွေကို ထည့်သွင်းထားမှာ ဖြစ်ပြီး မလိုအပ်ဘူးလို့ ယူဆရင် ချက်ချင်း ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ စည်းမျဉ်းဥပဒေတွေကို ခွင့်ပြုချက်ပေးတာကို လုပ်ခွင့်ပေးတဲ့ စနစ်ကနေ တားမြစ်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်ခွင့်ပြုတဲ့ စနစ်ဆီကို ပြောင်းလဲသွားမှာပါ”
ခွင့်ပြုချက်ပေးတဲ့ စနစ်ကတော့ ခွင့်ပြုထားတာကလွဲလို့ ကျန်တာ အကုန်တားမြစ်တာ ဖြစ်ပြီး တားမြစ်ချက်ကလွဲလို့ အကုန်လုပ်ခွင့်ပြုတဲ့ စနစ်ကတော့ တားမြစ်ထားတဲ့ စာရင်းကလွဲရင် ကျန်တဲ့အရာအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးတာပါ။
သဘာဝအတိုင်းပဲ တားမြစ်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်ခွင့်ပြုတဲ့ စနစ်က စက်မှုလုပ်ငန်း ပြောင်းလဲမှုတွေအပေါ် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ လိုက်လျောညီထွေ တုံ့ပြန်နိုင်ပါတယ်။
"ဒါ့အပြင် အိမ်ပြာတော် ဝဘ်ဆိုက်မှာ ကျိုးကြောင်းမဆီလျော်တဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထောက်ပြပြီး တောင်းဆိုတာတွေကို လက်ခံသွားမှာပါ။ တကယ်လို့ တောင်းဆိုချက်တစ်ခုက လက်မှတ်ပေါင်း ၁၀၀,၀၀၀ ကျော် ရရှိခဲ့ရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည် တုံ့ပြန်ပေးရမှာ ဖြစ်ပြီး ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့အတွက် ဆွေးနွေးမှုတွေကို စတင်သွားမှာ ဖြစ်ပါတယ်”
ဒီနည်းလမ်းက အိမ်ပြာတော်အနေနဲ့ ပထမဆုံးအကြိမ် လမ်းစဖောက်တာ မဟုတ်ဘဲ အိမ်ဖြူတော်ရဲ့ ‘We the People’ အစီအစဉ်ကို အတုယူထားတာ ဖြစ်ပါတယ်။ ကြေညာချက် ထွက်လာတာနဲ့ တပြိုင်နက် စည်းမျဉ်းတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်တွေက ဒီအချိန်ကိုပဲ စောင့်နေခဲ့ကြသလို ဝဘ်ဆိုက်ပေါ်မှာ ပြည့်နှက်သွားခဲ့တယ်။
[ဂိမ်းပိတ်ဆို့တဲ့ ဥပဒေကို အရင်ဆုံး ပယ်ဖျက်ပေးပါ။ တကယ်ပဲ ဘယ်လို အရူးက ဒီလို စည်းမျဉ်းမျိုးကို ဖန်တီးခဲ့တာလဲ]
[စားသောက်ဆိုင်တွေနဲ့ ကဖေးတွေအတွက် ပြင်ပ ထိုင်ခုံတွေနဲ့ ခေါင်မိုးထပ် လုပ်ငန်းတွေကို ခွင့်ပြုပေးပါ]
[မိုဘိုင်းဖုန်း အရောင်းဆိုင် ဥပဒေကိုတော့ ဖျက်ပစ်မှာ မဟုတ်ဘူးလား]
[ကိုရီးယားမှာလည်း ကားမျှဝေစီးတဲ့ ဝန်ဆောင်မှုတွေ လိုအပ်တယ်]
[တည်းခိုခန်း မျှဝေခြင်းဆိုင်ရာ စည်းမျဉ်းတွေကို လျှော့ပေါ့ပေးရမယ်]
[အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဒရိုင်ဘာမဲ့ကားတွေကို ခွင့်ပြုပေးပါ]
[တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေကိုလည်း Short sell လုပ်ခွင့်ပြုပါ]
[Star balloon ကန့်သတ်ချက်ကို ဖယ်ရှားပေးပါ။ BJ (Live လွှင့်သူ) တွေက လေပဲစားပြီး နေရမှာလား]
[လွှတ်တော်အမတ်တွေရဲ့ ပြည်ပခရီးစဉ်တွေအတွက် စည်းမျဉ်းအသစ်တွေ ချမှတ်ပေးပါ]
[ပြန်လည်တည်ဆောက်ရေးတွေ တိုးတက်လာဖို့အတွက် အဆောက်အဦး အမြင့်ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးပါ။ ကျွန်တော်တို့ တိုက်ကို အလွှာ ၈၀ အထိ ဆောက်ချင်လို့ပါ]
[ဒရုန်းလုပ်ငန်း တိုးတက်ဖို့အတွက် ကျိုးကြောင်းဆီလျော်တဲ့ စည်းမျဉ်းတွေ ဖန်တီးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်]
[အဝေးတစ်နေရာက ဆေးကုသပေးခြင်းနဲ့ AI အခြေခံ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးဖို့ လိုအပ်နေပါပြီ]
မရှိမဖြစ် လိုအပ်တဲ့ စည်းမျဉ်း ပြုပြင်ပြောင်းလဲမှုတွေအတွက် တောင်းဆိုချက်တွေ အများကြီး ရှိနေသလိုပဲ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ တောင်းဆိုချက်တွေ၊ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ တောင်းဆိုမှုတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာတွေလည်း အများကြီး ပါဝင်နေခဲ့တယ်။
ဒါပေမဲ့ တောင်းဆိုချက်တစ်ခုကတော့ လူတွေရဲ့ အာရုံစိုက်မှုကို အထူး ရရှိခဲ့တယ်။
[(အပြာစာပေ စည်းမျဉ်းများ ပယ်ဖျက်ပေးရေး) အစိုးရက ကျွန်တော်တို့ ပြည်သူတွေကို ပျော်ရွှင်စရာ အိမ်မက်တွေ မက်ခွင့် တစ်ခါလောက်ဖြစ်ဖြစ် ပေးဖူးရဲ့လား]
ကျွန်တော် အစိုးရကို မေးချင်ပါတယ်။ အစိုးရက ကျွန်တော်တို့ ပြည်သူတွေကို အပြာစာပေတွေကို စိတ်အေးလက်အေး ကြည့်ခွင့် တစ်ခါလောက်ဖြစ်ဖြစ် ပေးဖူးလား။
အပြာစာပေတွေက မကောင်းဘူးလို့ ပြောမလို့လား။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး ပြဿနာအမျိုးမျိုးကို ဖြစ်စေတယ်လို့ပေါ့လေ။
ဒါဆိုရင် ကျွန်တော်တို့ထက် လူ့အခွင့်အရေး စံနှုန်းတွေ ပိုမြင့်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီလို နိုင်ငံတွေက ဘာလို့ ခွင့်ပြုထားတာလဲ။
အပြာစာပေတွေကြောင့် ကျွန်တော် လက်တွေ့ဘဝမှာ မရရှိဖူးတဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ခံစားခဲ့ရဖူးတယ်။
ငါလည်း တစ်နေ့ကျရင် အဲဒီလို ချစ်သူမျိုးနဲ့ ဆုံနိုင်မလားဆိုပြီးတော့ပေါ့။
ငါလည်း (xxxx) လုပ်နိုင်မလားဆိုပြီးတော့ပေါ့။
အခု အပြာစာပေတွေက တရားမဝင်တာနဲ့ပဲ ကျွန်တော်တို့ ပြည်သူတွေက မကြည့်ကြဘူးလို့ထင်လား။
ပြည်သူတွေက အရူးတွေ မဟုတ်ပါဘူး။ ကျန်းမာသန်စွမ်းတဲ့ လူကြီးတွေ ကြည့်တဲ့ အပြာစာပေတွေကို ခွင့်ပြုသင့်တယ်လို့ ယုံကြည်လို့ ကြည့်ကြတာပါ။ ကြည့်သူတွေက အလွန်အကျွံ ကြည့်နေကြတာ မဟုတ်ဘဲ ထုတ်လုပ်ရေး ကုမ္ပဏီတွေ၊ မင်းသမီးတွေနဲ့ ကုတ်နံပါတ်တွေကို သေချာ ရှာဖွေပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို မထိခိုက်စေမယ့် အဆင့်မှာပဲ ကောင်းမွန်တဲ့ လက်ရာတွေကို ရွေးချယ် ကြည့်ရှုကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တချို့ တရားမဝင် ရိုက်ကူးမှု ဖြစ်စဉ်တွေကြောင့်ပဲ ပုံမှန်အတိုင်း တရားဝင် ထုတ်လုပ်ထားတဲ့ အပြာစာပေတွေကို ကြည့်တဲ့ ကျွန်တော်တို့ပါ ရာဇဝတ်ကောင်တွေလို ဆက်ဆံခံနေရတယ်။
အပြာစာပေ ထုတ်လုပ်ရေး ကုမ္ပဏီတွေကို သေချာ စီမံခန့်ခွဲတာ၊ အခွန်စည်းကြပ်တာ၊ မင်းသမီးတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးတာနဲ့ အရွယ်မရောက်သေးသူတွေ ဝင်ရောက်ကြည့်ရှုတာကို တားမြစ်တာ – ဒါတွေကတော့ သဘာဝအတိုင်း လုပ်ဆောင်ရမယ့် စနစ်တွေဖြစ်လို့ ကျွန်တော် မကန့်ကွက်ပါဘူး။
အခုအချိန်မှာတောင် အွန်လိုင်းမှာ အပြာစာပေတွေကို ရှာဖွေဖို့က ဘာမှ မခက်ခဲပါဘူး။ ဒါပေမဲ့လည်း ဒီတောင်းဆိုချက်ကို တင်ရတဲ့ အကြောင်းရင်းကတော့ လက်ရှိ ခေတ်ရေစီးကြောင်းအရ အပြာစာပေလုပ်ငန်းက စတုတ္ထ စက်မှုတော်လှန်ရေးရဲ့ အဓိက လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရလို့ပါပဲ။
အရွယ်ရောက်ပြီးသူတွေက ကိုရီးယား အခြေအနေနဲ့ မကိုက်ညီတဲ့ အမေရိကန် အပြာကားတွေ ဒါမှမဟုတ် ဂျပန် AV တွေကို ဘယ်လောက်အထိ ဆက်ကြည့်နေရဦးမှာလဲ။
အခုက ကိုရီးယားလည်း အပြာစာပေတွေကို ထုတ်လုပ်ရမယ့် အချိန် ရောက်ပါပြီ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက အပြာစာပေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြတဲ့အချိန်မှာ တောင်ကိုရီးယား တစ်နိုင်ငံထဲပဲ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စည်းမျဉ်းတွေကြောင့် စီးပွားရေး ဆုတ်ယုတ်နေရတယ်။
ကျေးဇူးပြုပြီး ကိုရီးယားမှာ ကိုရီးယား အပြာစာပေတွေကို ဂုဏ်ယူစွာနဲ့ ကြည့်နိုင်မယ့် ကျွန်တော်တို့ရဲ့ အိမ်မက်ကိုတော့ လုမယူကြပါနဲ့။
အမည်မဖော်လိုတဲ့ အင်တာနက်အသုံးပြုသူ တစ်ယောက် တင်လိုက်တဲ့ ဒီတောင်းဆိုချက်က ခဏလေးအတွင်းမှာပဲ တခြား ဝဘ်ဆိုက်တွေဆီကို ပျံ့နှက်သွားခဲ့တယ်။
– ဒါက ငါ အကြာကြီးအတွင်းမှာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး တောင်းဆိုချက်ပဲ။
– ဖတ်ရင်းနဲ့ မျက်ရည်တောင် ကျမိတော့မလို ဖြစ်သွားတယ် ㅠㅠ
– အပြာကားနဲ့ ပတ်သက်လာရင်တော့ ငါတို့နိုင်ငံက ဂျပန်ကိုလိုနီဘဝကနေ မလွတ်မြောက်သေးတဲ့အတိုင်းပဲ။
– အနောက်နိုင်ငံကြီးတွေရဲ့ အပြာကားတွေကိုပဲ အားကိုးနေရတာကို ရပ်တန့်ရမယ်။
– သဘောတူပါတယ် ဆိုတာကို နှိပ်ပြီး ပြန်ထွက်သွားပါပြီ။
– အစိုးရရေ။ အပြာစာပေလုပ်ငန်းအပေါ် စည်းမျဉ်းတွေကို လျှော့ပေါ့ပေးပါ။
– လုပ်ငန်းသစ်တွေကို ပြုစုပျိုးထောင်ကြရအောင်။
– လူကြီးတွေက လူကြီးကားကြည့်တာကို ဘာဖြစ်လို့လဲ။
– 'သဘောတူသည်' ကို နှိပ်ပြီး လင့်ခ်ကို မျှဝေကြရအောင်။
အပြာစာပေ စည်းမျဉ်းများ ပယ်ဖျက်ပေးရေး တောင်းဆိုချက်က တင်ပြီးပြီးချင်း နှစ်ရက်အတွင်းမှာတင် လက်မှတ်ပေါင်း ၁၀၀,၀၀၀ ကျော် ရရှိခဲ့ပြီး တစ်ပတ်အတွင်းမှာတော့ လက်မှတ်ပေါင်း ၁ သန်းအထိ ရောက်ရှိသွားခဲ့တယ်။
တောင်းဆိုချက်အားလုံးထဲမှာတော့ ဒါက အမြန်ဆုံးနဲ့ အများဆုံး လက်မှတ် ရရှိခဲ့တဲ့ စံချိန်ပါပဲ။
အခန်း (၂၉၈)
အမည်မသိ အင်တာနက်အသုံးပြုသူတစ်ယောက် တင်ထားတဲ့ ညစ်ညမ်းဗီဒီယို ထိန်းချုပ်ကန့်သတ်မှု ဆန့်ကျင်ရေး အသနားခံစာဟာ တစ်ပတ်အတွင်းမှာ ထောက်ခံလက်မှတ် ၁ သန်း ရသွားပြီး ဆယ်ရက်မြောက်မှာတော့ ၁.၂ သန်းကျော်သွားတယ်။
လက်မှတ်ကောက်ခံဖို့ ရက်ပေါင်း ၃၀ အချိန်ရတာဆိုတော့ ဒီအတိုင်းသာဆိုရင် ၂ သန်းတောင် ကျော်သွားနိုင်လောက်ပါတယ်။
ဒီလိုဖြစ်လာတော့ မီဒီယာတွေကလည်း ဒါကို သတင်းကြီးတစ်ခုအနေနဲ့ တညီတညွတ်ထဲ ဖော်ပြကြတော့တာပဲ။ လက်မှတ်အရေအတွက် အချိန်နဲ့အမျှ တက်လာတာကို ကြည့်ပြီး ကျွန်တော် ဆွံ့အလို့ သွားတယ်။
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ စည်းမျဉ်းပြုပြင်ပြောင်းလဲရေးမှာ ညစ်ညမ်းဗီဒီယိုကိစ္စက ပါလာရတာလဲ"
တက်ဂယူက သဘာဝကျကျပဲ ပြန်ပြောတယ်။
"မင်းက သိရက်နဲ့ မေးနေတာလား။ ညစ်ညမ်းဗီဒီယိုဆိုတာ စည်းမျဉ်းတွေကို အရင်ဆုံး ပယ်ဖျက်ပေးရမယ့် လုပ်ငန်းပဲ။ အခု ဘယ်ခေတ်ရောက်နေပြီလဲ၊ ညစ်ညမ်းဗီဒီယိုက တရားမဝင်သေးဘူး ဆိုတာ အဓိပ္ပာယ်မှ မရှိတာ"
"အင်း... အဲဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း..."
ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ရင်တော့ တချို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ခွင့်ပြုပြီး တချို့က ခွင့်မပြုကြဘူး။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယိုကိစ္စမှာတော့ နိုင်ငံတော်တော်များများမှာ ခွင့်ပြုထားကြတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ တောင်ကိုရီးယားက ညစ်ညမ်းဗီဒီယို တရားမဝင်တဲ့ တစ်ခုထဲသော နိုင်ငံဖြစ်နေတာပါပဲ။
တောင်ကိုရီးယားက ယေဘုယျအားဖြင့် ကမ္ဘာ့စံနှုန်းတွေကို လိုက်နာပေမဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ပတ်သက်လာရင်တော့ အစ္စလာမ်နိုင်ငံတွေထက်တောင် ပိုပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိနေတာပါ။
အယ်လီက နားမလည်နိုင်တဲ့ ပုံစံနဲ့ မေးတယ်။
"ငါ သိချင်နေတာ ကြာပြီ။ ဘာလို့ ကိုရီးယားမှာပဲ ညစ်ညမ်းဗီဒီယိုက တရားမဝင်ဖြစ်နေရတာလဲ။ လူကြီးတွေက လူကြီးကြည့်စရာတွေကို ကြည့်ပြီး အပန်းဖြေတာ ဘာမှမမှားဘူးလေ။ ကြည့်လို့ အဆင်ပြေရင် ရိုက်ကူးထုတ်လုပ်တာလည်း အဆင်ပြေရမှာပေါ့"
"အဲဒါက..."
သူငယ်ချင်းဖြစ်သူရဲ့ ရှေ့မှာ ကိုယ့်ရည်းစားနဲ့ ညစ်ညမ်းဗီဒီယိုအကြောင်း ဆွေးနွေးရလိမ့်မယ်လို့ မထင်ထားမိဘူး။
အတိအကျပြောရရင် လူကြီးကြည့်ဗီဒီယိုတွေက တရားမဝင်တာ မဟုတ်ပါဘူး။ NCကားတွေက တရားဝင်ပါတယ်။ ဒါပေမဲ့ တကယ့် လိင်ဆက်ဆံမှုကို သရုပ်ဖော်တဲ့ ညစ်ညမ်းဗီဒီယိုတွေကတော့ တရားမဝင်ပါဘူး။
"ပထမဆုံးအနေနဲ့ ကွန်ဖြူးရှပ် အယူဝါဒ ရှိနေတာက အကြီးဆုံးအကြောင်းပြချက် ဖြစ်လိမ့်မယ်။ ပြီးတော့ လျင်မြန်တဲ့ စက်မှုထွန်းကားရေး ကာလတုန်းက ဒီအကြောင်းကို သေချာဆွေးနွေးမှု မလုပ်ခဲ့ကြတာလည်း ပါနိုင်တယ်"
ညစ်ညမ်းဗီဒီယိုနဲ့ ပတ်သက်လာရင် တိုးတက်ပြောင်းလဲ လိုသူတွေရော၊ ရှေးရိုးစွဲသမားတွေရော နှစ်ဖက်စလုံးက ဆန့်ကျင်ကြတာပါ။ ဒါ့အပြင် လူကြီးပိုင်းတွေရဲ့ ရှေးရိုးစွဲအမြင်၊ အမျိုးသမီးအခွင့်အရေးနဲ့ လူငယ်ပညာရေး ကိစ္စတွေကလည်း အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားစေနေတာပါ။
တက်ဂယူက ပြောတယ်။
"ထူးဆန်းတာက ဥပဒေအရ ပိတ်ပင်ထားပေမဲ့ လူတိုင်းကတော့ ကြည့်နေကြတာပဲ"
ကိုရီးယားမှာ ညစ်ညမ်းဗီဒီယိုက တစ်ခါမှ တရားမဝင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယို မရှိခဲ့တဲ့ အချိန်ဆိုတာလည်း တစ်ခါမှ မရှိခဲ့ပါဘူး။
အင်တာနက် မပေါ်ခင် ခေတ်တုန်းကတော့ မဂ္ဂဇင်းတွေ၊ ဗီဒီယိုတိပ်ခွေတွေနဲ့ စီဒီတွေကို ယုံအင်း ဒါမှမဟုတ် ချောင်ဂီချွန်းရဲ့ နောက်ဖေးလမ်းကြားတွေမှာ တိတ်တဆိတ် အရောင်းအဝယ် လုပ်ခဲ့ကြတယ်။ အင်တာနက် ပေါ်လာပြီးနောက်မှာတော့ နိုင်ငံခြားက ညစ်ညမ်းဗီဒီယိုတွေက ကွန်ရက်တွေကတစ်ဆင့် အလုံးအရင်းနဲ့ ဝင်လာတော့တာပဲ။
အခုအချိန်မှာတောင် ကလစ်တစ်ချက် နှစ်ချက် နှိပ်ပြီး ရှာလိုက်ရုံနဲ့ ညစ်ညမ်းဗီဒီယိုတွေကို အလွယ်တကူ ရှာတွေ့နိုင်နေပါပြီ။
"ဒါဆိုရင် အခု ခွင့်ပြုပေးသင့်ပြီ မဟုတ်ဘူးလား"
ပုံမှန်အားဖြင့်တော့ စည်းမျဉ်းတွေကို ပယ်ဖျက်တဲ့အခါ ထိခိုက်နစ်နာမယ့် လက်ရှိလုပ်ငန်းရှင်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်လေ့ရှိပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယို ကိစ္စမှာတော့ ဆန့်ကျင်မယ့် လက်ရှိလုပ်ငန်းရှင်ရယ်လို့ မရှိပါဘူး။ (အပြာကားရုပ်ရှင်လုပ်ငန်းကတော့ ထိခိုက်မှာ ဖြစ်ပေမဲ့ ဒါကလည်း တရားမဝင် ညစ်ညမ်းဗီဒီယိုတွေကြောင့် ပျက်စီးသွားတာ ကြာပါပြီ။)
ဒီအချိန်မှာတော့ ဒါကို တရားဝင်ဖြစ်စေဖို့ လူမှုရေးအရ ဆွေးနွေးမှုတွေ စတင်သင့်နေပြီလေ။ ဒါပေမဲ့...
"ကိုရီးယားမှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဖို့က အရမ်းအထိမခံအခြေအနေမျိုးဟ"
မှောင်ခိုလောကထဲမှာ ဘယ်လောက်ပဲ ပျံ့နှံ့နေပါစေ၊ အလင်းထဲကို ဆွဲထုတ်ဖို့ကတော့ မလွယ်ကူပါဘူး။ လူကြီးတွေရဲ့ သိက္ခာပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အယ်လီက မေးတယ်။
"ကိုရီးယားက အာရှနိုင်ငံတွေထဲမှာ သဘောထား အပွင့်လင်းဆုံး မဟုတ်ဘူးလား"
"အပေါ်ယံကြည့်ရင်တော့ အဲဒီလို ထင်ရပေမဲ့ တကယ်တမ်းတော့ အံ့ဩစရာကောင်းလောက်အောင် ရှေးရိုးစွဲဆန်တယ်"
တက်ဂယူက ခေါင်းညိတ်တယ်။
"ဟုတ်တယ်။ ဆယ်ကျော်သက်တွေ ကွန်ဒုံးဝယ်ဖို့တောင် ခက်ခဲတဲ့ နိုင်ငံလေ"
အယ်လီက အဲဒီစကားကြောင့် လန့်သွားတယ်။
"တကယ်လား။ ကျောင်းတွေမှာ သားဆက်ခြားနည်းတွေ ဘာတွေ သင်ပေးကြတယ် မဟုတ်ဘူးလား"
"ဒါက နည်းနည်းတော့ ရယ်ရတယ်။ အသေးစိတ်ပြောပြရရင်တော့..."
ကွန်ဒုံးက ဆေးဝါးပစ္စည်းဖြစ်တဲ့အတွက် ဆယ်ကျော်သက်တွေဟာ ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ လွတ်လပ်စွာ ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အဖုအထစ်တွေ ပါတဲ့ ကွန်ဒုံး ဒါမှမဟုတ် ထူးခြားတဲ့ လုပ်ဆောင်ချက်ပါတဲ့ ကွန်ဒုံးတွေကိုတော့ လူကြီးသုံးပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ဆယ်ကျော်သက်တွေကို ရောင်းချခွင့် ပိတ်ပင်ထားတာပါ။ အဲဒါတွေကို ရောင်းရင် ထောင်ဒဏ် တစ်နှစ်အထိ ဒါမှမဟုတ် ဝမ် ၅ သန်းအထိ ဒဏ်ငွေ ဆောင်ရနိုင်ပါတယ်။
"ဘာလို့လဲ"
"ဆယ်ကျော်သက်တွေ သာယာမှု မခံစားရအောင် တားဆီးဖို့လို့ ပြောတာပဲ"
ကျွန်တော့်စကားကြောင့် အယ်လီက အော်ရယ်တော့တယ်။
"ကိုရီးယားမှာ အဲဒီလို ပြက်လုံးမျိုးရှိတာလား"
တက်ဂယူနဲ့ ကျွန်တော်က ပြိုင်တူ ခေါင်းခါလိုက်ကြတယ်။
"ပြက်လုံးမဟုတ်ဘူး၊ တကယ်ကြီးပြောနေတာ"
အယ်လီက ကြောင်အန်းအန်းနဲ့ ပြောတယ်။
"မဟုတ်ဘူးလေ။ သာယာမှု မခံစားရဘူးဆိုရင် အဝှာကို ဘာလို့ လုပ်တော့မလဲ"
"အင်း... အဲဒါလည်း ဟုတ်တာပဲ"
ဘယ်လိုအကြောင်းပြချက်နဲ့ သာယာမှုမခံစားရဘူးဆိုတာ ကျွန်တော်လည်း နားမလည်နိုင်ပါဘူး။
အတိအကျပြောရရင် ဒါက လူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီကော်မရှင်က အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဖြစ်သွားခဲ့တယ်။ ပြီးတော့ အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနက ဒီစည်းမျဉ်းကို နှစ်ပေါင်း ၂၀ ကျော် ထိန်းသိမ်းထားခဲ့တာပါ။
လိင်ကိစ္စတွေက ကိုရီးယားမှာ ဆွေးနွေးဖို့ အရမ်းခက်ခဲလွန်းလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတစ်ခုကိုတောင် မပြောင်းလဲနိုင်ကြပါဘူး။ ညစ်ညမ်းဗီဒီယိုဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူးလေ။
ဥပဒေအရ တရားမဝင်ပေမဲ့ လူတိုင်းကြည့်နေကြတဲ့ ဒီလို ဝေဝေဝါးဝါး အခြေအနေဟာ အခုထိ ဆက်ရှိနေခဲ့ပြီး တစ်နေ့နေ့မှာတော့ လူထုကြား ဆွေးနွေးရမယ့် ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။
ဒါက ဒီလိုမျိုး ရုတ်တရက်ကြီး ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိတာပဲ ပြောစရာရှိတယ်။
တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အရေးကြီးတဲ့ အချက်ကတော့ ညစ်ညမ်းဗီဒီယိုဟာ အကြီးကြီးဖြစ်တဲ့ လုပ်ငန်းတစ်ခုပါပဲ။
ညစ်ညမ်းဗီဒီယိုလုပ်ငန်းက အစဉ်အမြဲ တိုးတက်နေတာပါ။ စီးပွားပျက်ကပ်ပဲဖြစ်ဖြစ်၊ စီးပွားရေး ကောင်းနေချိန်ပဲဖြစ်ဖြစ် ညစ်ညမ်းဗီဒီယိုလုပ်ငန်းက တိုးတက်နေတာပါပဲ။
ကိုရီးယားကလွဲရင် ကျန်တဲ့နိုင်ငံအားလုံးနီးပါးဟာ သူတို့ရဲ့ ညစ်ညမ်းဗီဒီယိုလုပ်ငန်းကို တိုးချဲ့နေကြပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန်နဲ့ ပြင်သစ်တို့လို နိုင်ငံတွေမှာတော့ ညစ်ညမ်းဗီဒီယိုလုပ်ငန်းက အကြီးစားလုပ်ငန်းတစ်ခုအဖြစ် အခိုင်အမာ တည်ရှိနေပါပြီ။
ညစ်ညမ်းဗီဒီယိုဈေးကွက်က တိုးတက်ဖို့ပဲ ရှိပါတယ်။ ဘယ်တော့မှ ကျုံ့သွားမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒါက နည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ပြီး ပေါက်ကွဲထွက်မတတ် တိုးတက်မှုကို ပြသခဲ့တာပါ။
ညစ်ညမ်းဗီဒီယို ကြည့်ရှုတဲ့ ပုံစံက နည်းပညာ တိုးတက်မှုနဲ့အတူ ဆက်တိုက် ပြောင်းလဲနေခဲ့တယ်။ အစောပိုင်း ကာလတွေမှာတော့ လူကြီးကြည့်ရုပ်ရှင်ရုံတွေမှာ အဓိက ပြသခဲ့ပေမဲ့ နောက်ပိုင်းမှာ ရောင်စုံတီဗီတွေနဲ့ ဗီဒီယိုဖွင့်စက်တွေ ခေတ်စားလာတော့ (ညစ်ညမ်းဗီဒီယိုတွေက နည်းပညာအသစ်တွေကို ခေတ်စားလာဖို့ ပိုတွန်းအားပေးခဲ့တာ) အိမ်မှာပဲ ကြည့်ရှုတဲ့ဘက်ကို ပြောင်းလဲသွားတယ်။
အင်တာနက် ဖွံ့ဖြိုးလာပြီးနောက်မှာတော့ ကြားခံက တီဗီကနေ ကွန်ပျူတာဆီ ပြောင်းသွားခဲ့ပြီး (ဒါကလည်း ညစ်ညမ်းဗီဒီယိုကပဲ ပိုမြန်စေခဲ့တာပါ) အခုဆိုရင် မိုဘိုင်းဖုန်းကနေ ကြည့်တာက ခေတ်ရေစီးကြောင်း ဖြစ်နေပါပြီ။ ကြည့်ရှုတဲ့ပုံစံကလည်း ဒေါင်းလုဒ်ဆွဲတာကနေ တိုက်ရိုက်ကြည့်ရှုတဲ့ streamingဘက်ကို ပြောင်းလဲနေတာပါ။
နည်းပညာအသစ်တွေကို ညစ်ညမ်းဗီဒီယိုမှာ အရင်ဆုံး အသုံးပြုတယ်ဆိုတဲ့ စကားအတိုင်း စတုတ္ထ စက်မှုတော်လှန်ရေး လှိုင်းလုံးတွေက ညစ်ညမ်းဗီဒီယိုလုပ်ငန်းကိုလည်း ရိုက်ခတ် သွားခဲ့တာပါပဲ။
ပြီးတော့ Faceit က ဒီနည်းပညာအသစ်တွေကို တက်တက်ကြွကြွ လက်ခံကျင့်သုံးပြီး ညစ်ညမ်းဗီဒီယိုလောကရဲ့ ငြင်းပယ်လို့မရတဲ့ အားအကောင်းဆုံး ဘုရင် ဖြစ်လာခဲ့တယ်။ Big Data ကို အသုံးပြုထားတဲ့ အကြံပြုချက်စနစ်၊ 4K ဗီဒီယို ထုတ်လုပ်မှု၊ VR ညစ်ညမ်းဗီဒီယိုနဲ့ AI နဲ့ လိင်ဆက်ဆံတဲ့ အရုပ်တွေ ပေါင်းစပ်မှု စတာတွေအထိပေါ့။
မကြာခင် လာတော့မယ့် 5G ခေတ်ကလည်း ညစ်ညမ်းဗီဒီယိုလုပ်ငန်းအတွက် ရှေ့ဆက်လှမ်းဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ Faceit ကလည်း 5G ကွန်ရက်ကို အသုံးပြုပြီး လက်တွေ့ပိုဆန်တဲ့ လိင်ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ တက်တက်ကြွကြွ သုတေသန လုပ်နေခဲ့တယ်။
စတုတ္ထ စက်မှုတော်လှန်ရေးက ကုန်ထုတ်လုပ်မှု ကဏ္ဍက အလုပ်အကိုင်တွေကို လျှော့ချပစ်ခဲ့တယ်။ ဒါပေမဲ့ content ဖန်တီးမှုကဏ္ဍကတော့ မတူပါဘူး။ ဆာဗာနဲ့ ဝဘ်ဆိုက် စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှုတွေအတွက် လိုအပ်တဲ့ အလုပ်အကိုင်တွေဟာ တိုးပွားလာပြီး ကုမ္ပဏီတစ်ခုချင်းစီကလည်း ဝန်ထမ်းခေါ်ယူမှုကို ဆက်တိုက် တိုးမြှင့်နေခဲ့တယ်။
"ငါ Faceit မှာ ရင်းနှီးမြှုပ်နှံခဲ့တုန်းက အမှတ်ရမိတယ်။ Faceit က ငါ့ရဲ့ ပထမဆုံး Startup ရင်းနှီးမြှုပ်နှံမှုပဲ"
ကျွန်တော် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပထမဆုံး ကုမ္ပဏီက ဒီလောက်အထိ အောင်မြင်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
ကျွန်တော့်စကားကြောင့် အယ်လီက တစ်ခုခုကို သတိရသွားတဲ့ ပုံစံနဲ့ ရုတ်တရက် မေးတယ်။
"အာ... ဟုတ်သားပဲ။ ဒါနဲ့ အဲဒီတုန်းက နင်အကြိုက်ဆုံး မင်းသမီးက ဘယ်သူလဲဆိုတာကို မပြောပြခဲ့ဘူးနော်"
"မင်းသမီး ဟုတ်လား"
" အပြာမင်းသမီးကိုပြောတာလေ"
"အာ..."
ကျွန်တော် ပြာပြာသလဲ ဖြစ်သွားတာကို ကြည့်ပြီး အယ်လီက ပြုံးတယ်။
"အခုဆို ရိုးရိုးသားသား ပြောပြဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား။ လုပ်စမ်းပါ။ ပြောပြပါ"
"......"
ကျွန်တော်ကြိုက်တဲ့အပြာမင်းသမီးက အခု အနားယူသွားပြီ ဖြစ်တဲ့အတွက် သူရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးချင်ပါသေးတယ်။
စည်းမျဉ်းပြုပြင်ပြောင်းလဲရေးအတွက် အသနားခံစာ လက်မှတ်ပေါင်း ၂ သန်းကျော်သွားတဲ့အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန အကြီးအကဲက တုံ့ပြန်ရမှာပါ။
မီဒီယာတွေရဲ့ အာရုံစိုက်မှုပါ ရှိလာတဲ့အခါ အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနရဲ့ ဝန်ကြီး ရှင်ဂျွန်မီက ရှေ့ထွက်ပြီး သူရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့တယ်။
"အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနဟာ အမျိုးသမီးတွေကို ကုန်ပစ္စည်းလို သဘောထားတာတွေကို တားဆီးဖို့နဲ့ ညစ်ညမ်းပစ္စည်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတောင် ရေတွက်လို့မရတဲ့ အမျိုးသမီးတွေဟာ တရားမဝင် ခိုးရိုက်တာတွေနဲ့ လက်စားချေတဲ့အနေနဲ့ အင်တာနက်ပေါ် တင်ပစ်တဲ့ အပြာဗီဒီယိုတွေကြောင့် ခံစားနေရပြီး တချို့ကဆိုရင် အစွန်းရောက်တဲ့ ရွေးချယ်မှုတွေတောင် လုပ်နေကြရပါတယ်။ အမျိုးသမီးတွေဟာ သာယာမှုနဲ့ သုံးစွဲမှုအတွက် ပစ္စည်းတွေ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ လိင်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့အတွက် ညစ်ညမ်းဗီဒီယိုတွေကို ပိတ်ပင်ရပါမယ်"
အင်တာနက်အသုံးပြုသူတွေကတော့ ကြောင်အန်းအန်း ဖြစ်သွားကြတယ်။
- ဟားဟား။ အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနက တရားမဝင် ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ ညစ်ညမ်းဗီဒီယိုတွေကို တစ်တန်းထဲ ထားလိုက်တာပဲ။
-တရားမဝင် ခိုးရိုက်တာတွေနဲ့ လက်စားချေ အပြာဗီဒီယိုတွေက ပြစ်မှုအထင်အရှား ဖြစ်လို့ အမြစ်ပြတ် ချေမှုန်းရမယ်ဆိုတာကို သဘောတူပါတယ်။ ဒါပေမဲ့ ပုံမှန်အတိုင်း တရားဝင် ရိုက်ကူးထားတဲ့ ညစ်ညမ်းဗီဒီယိုတွေကိုပါ ဘာလို့ အဲဒီလို သဘောထားရတာလဲ။
- သူတို့က အဲဒီ နှစ်ခုကို လိမ္မာပါးနပ်စွာနဲ့ ပူးတွဲပစ်လိုက်တာပဲ။
-လိင်ဆက်ဆံတာကိုပါ ပိတ်ပင်တဲ့ ဥပဒေတစ်ခုခုကိုလည်း တစ်ခါထဲ ပြဌာန်းလိုက်ပါလား။
-ဟင်း... ဒီလို ကွန်ဖြူးရှပ်နိုင်ငံမှာ ဘာမှ မျှော်လင့်နေစရာကို မရှိတော့ဘူး။
-အမျိုးသမီးအခွင့်အရေးကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ လိင်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ထူထောင်ဖို့ ညစ်ညမ်းဗီဒီယိုတွေကို ပိတ်ပင်ရမယ်ဆိုရင် ညစ်ညမ်းဗီဒီယို ခွင့်ပြုထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လို နိုင်ငံတွေက အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ပြီး မကျန်းမာတဲ့ လိင်ယဉ်ကျေးမှုကို ဖြန့်ဝေနေတာလား။
-ရယ်ရတာက အဲဒီနိုင်ငံတွေက ကိုရီးယားထက် ယောက်ျား၊ မိန်းမတန်းတူညီမျှမှု ညွှန်းကိန်း ပိုမြင့်နေတာပဲ။ ဟားဟား။
-အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာန ဝန်ကြီးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီကို တက်ရောက်ပြီး ညစ်ညမ်းဗီဒီယို ခွင့်ပြုထားတဲ့ နိုင်ငံတွေကို မစွပ်စွဲသင့်ဘူးလား။
-ကိုရီးယား အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနရဲ့ ထူးခြားချက်က ကိုရီးယားနိုင်ငံ ထဲမှာပဲ အမျိုးသမီးတွေအတွက် အားကောင်းတာ။
လေဘာပါတီရဲ့ လွှတ်တော်အမတ် လီဂျောင်ဟွန်းက ပိုပြီးတော့တောင် ပြောထည့်လိုက်သေးတယ်။
"ကိုရီးယားသမ္မတနိုင်ငံမှာ ညစ်ညမ်းဗီဒီယိုဟာ လုံးဝကို တရားမဝင်ပါဘူး။ ဒါပေမဲ့ အခုထက်ထိ သေချာ နှိမ်နင်းတာမျိုး မရှိခဲ့ဘူး။ ကျွန်မကတော့ အခုရှိနေတဲ့ အဆင့်ထက် ပိုပြီး ညစ်ညမ်းဗီဒီယိုတွေကို နှိမ်နင်းအရေးယူဖို့ ဥပဒေတစ်ခုကို ဖန်တီးပြီး တင်ပြသွားမှာပါ"
လွှတ်တော်အမတ် လီဂျောင်ဟွန်းနဲ့ ပါတီထဲက တခြား အမျိုးသမီး လွှတ်တော်အမတ်တွေက ဦးဆောင်ပြီး စုစုပေါင်း လွှတ်တော်အမတ် ၁၀ ယောက်က ပိုပြီးနှိပ်ကွပ်တဲ့ ဥပဒေကြမ်းကို ပူးတွဲတင်ပြခဲ့ကြတယ်။ နိုင်ငံရေးသစ်ပါတီက အမတ် ၃ ယောက်ကလည်း သူတို့နာမည်တွေကို ထည့်သွင်းခဲ့ကြတယ်။
ညစ်ညမ်းဗီဒီယို ပိတ်ပင်တားဆီးရေးအတွက် ပါတီစုံ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သွားတယ်လို့တောင် ပြောလို့ရပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ တုန်လှုပ်သွားကြတယ်။
-မဟုတ်သေးဘူးလေ။ မအေဘေးတွေ။
-အဲဒီအစား ငါ့ခေါင်းကိုပဲ ဖြတ်လိုက်ပါတော့။
-မဟုတ်ဘူးလေ၊ စည်းမျဉ်းတွေကို လျှော့ချပေးဖို့ အသနားခံစာ တင်ခဲ့တာကို ဘာလို့ စည်းမျဉ်းအသစ်တွေ ထပ်လုပ်နေရတာလဲ။
-လူကြီးတွေ လူကြီးကြည့်စရာ ကြည့်တာကို ဘာလို့ တားနေတာလဲ။
-ဟားဟား။ အရမ်း ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိကြီးတွေ ပေါ်လာပြီပဲ။ အာ... 'ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ' ဆိုတာက ဆဲတာ မဟုတ်ဘူးနော်။ မဆုတ်မနစ်တဲ့ စိတ်ဓာတ်ရှိတဲ့ လွှတ်တော်အမတ် ၁၀ ယောက်ကို ပြောတာပါ။
-ဟုတ်တယ်။ အခုကစပြီး သူတို့ကို 'ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ ၁၀ ယောက်' လို့ ခေါ်ကြစို့။
-ဟေ့။ ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ ၁၀ ယောက်။
ဒါပေမဲ့ ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ ၁၀ ယောက်ကို ထောက်ခံတဲ့ လူထုအမြင်ကလည်း မနည်းလှပါဘူး။
-ညစ်ညမ်းဗီဒီယို စည်းမျဉ်းတွေကို ဘယ်တော့မှ မလျှော့ချသင့်ဘူး။
-စဉ်းစားကြည့်ကြပါ။ ငါတို့ကလေးတွေအတွက် အတုယူမှားသွားတာမျိုး အဖြစ်ခံလို့မရဘူး။
-ကိုရီးယားလို ကျားမတန်းတူညီမျှမှု ပြင်းထန်တဲ့ နိုင်ငံမှာ ညစ်ညမ်းဗီဒီယိုတွေကို ခွင့်ပြုလိုက်ရင် ဒါက နောက်ဆုံးမှာ အမျိုးသမီးတွေကို အမြတ်ထုတ်တာ ဖြစ်လာလိမ့်မယ်။
-ကျားမ ခွဲခြားဆက်ဆံမှုကို ရပ်တန့်ပါ။
-အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာ ပစ္စည်းမဟုတ်ဘူး။
-ရှေးစကားပုံတစ်ခု ရှိတယ်။ 'အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးနဲ့ မိန်းကလေးက အတူမထိုင်သင့်ဘူး' တဲ့။ ညစ်ညမ်းဗီဒီယိုဆို ပိုဆိုးတာပေါ့။
-ငါတို့ရဲ့ ဘိုးဘွားတွေကို မျက်နှာပြဖို့ မရှက်ကြဘူးလား။
-ညစ်ညမ်းဗီဒီယိုတွေကြောင့် မိသားစုတွေ ပျက်စီးပြီး လူ့အဖွဲ့အစည်းတွေ ပျက်စီးနေပြီ။
-ညစ်ညမ်းဗီဒီယိုတွေကို တရားဝင် ခွင့်ပြုလိုက်ရင် ကိုရီးယားက ညစ်ညမ်းဗီဒီယို သုခဘုံ ဖြစ်သွားလိမ့်မယ်။
-ဟမ်။ ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။
ညစ်ညမ်းဗီဒီယို တရားဝင်ဖြစ်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ကြီးထွားလာတာနဲ့အမျှ နိုင်ငံခြား မီဒီယာတွေကလည်း စိတ်ဝင်စားမှု ပြသလာကြတယ်။ ကိုရီးယားမှာ ညစ်ညမ်းဗီဒီယိုက တရားမဝင်ဘူးဆိုတဲ့ အချက်အပေါ် နိုင်ငံခြားသားတွေက အံ့ဩကြောင်း ဖော်ပြခဲ့ကြတယ်။
ဒီဖြစ်ရပ်ကြောင့် Faceit က အာရုံစိုက်မှု ရလာတဲ့အခါ တိုဘီ စထရောင်းက Facenote ပေါ်မှာ စာတစ်စောင် တင်ခဲ့တယ်။
[ကိုရီးယားလူမျိုးတွေရဲ့ ညစ်ညမ်းဗီဒီယိုအပေါ် ချစ်မြတ်နိုးမှုက အံ့ဩစရာပဲ။ ကျွန်တော်တို့က ကိုရီးယား အခပေးအသုံးပြုသူ ၅ သိန်းကို ရရှိထားပြီးပါပြီ။]
ကိုရီးယား အသုံးပြုသူတွေ အများကြီး ရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပြီးသားပါ။ ဒါပေမဲ့ စီအီးအို ကိုယ်တိုင်က တိုက်ရိုက် ထည့်ပြောတာကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။
လူတွေက သူရဲ့ စကားကြောင့် တုန်လှုပ်သွားကြတယ်။
ကမ္ဘာ့အကြီးဆုံး ဗီဒီယိုstreaming ဆိုက်ဖြစ်တဲ့ NetPlay ရဲ့ ကိုရီးယား အသုံးပြုသူ အရေအတွက်က ၃ သိန်းခွဲ ဝန်းကျင်ပဲ ရှိတာပါ။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယို ဆိုက်ဖြစ်တဲ့ Faceit ရဲ့ အသုံးပြုသူ အရေအတွက်က ပိုပြီး မြင့်နေတာလေ။
-အသုံးပြုသူ ၅ သိန်း ဟုတ်လား။ ကိုရီးယား အမျိုးသားတွေ ဘာဖြစ်နေကြတာလဲ။
-ငါ့ရည်းစားအခန်းထဲက အင်တာနက်မှာ Faceitရဲ့web addressရှိနေတာ တွေ့လို့ အဲဒီနေ့မှာပဲ လမ်းခွဲဖို့ ပြောလိုက်တယ်။
-ငါ့ရည်းစားလည်း အသုံးပြုနေမလားလို့ စိတ်ပူမိတယ်။ ဟင်း။
-အရမ်း စိတ်မပူပါနဲ့။ အပြာကား မကြည့်တဲ့ အမျိုးသားတွေ အများကြီး ရှိပါတယ်။
-ငါ့ယောက်ျားကို မေးကြည့်တော့ သူက သူ့တစ်သက်မှာ တစ်ခါလေးတောင် အပြာကား မကြည့်ဖူးဘူးတဲ့။ ယောက်ျားအချင်းချင်းတောင် အဲဒါမျိုး ကြည့်တဲ့သူတွေကို သူ တကယ် နားမလည်နိုင်ဘူးတဲ့။
-ဟားဟား။ တစ်သက်မှာ တစ်ခါမှ မကြည့်ဖူးဘူး ဟုတ်လား။ အဲဒါ တကယ်ကြီးလား။
-အာဏာပိုင်တွေက ပြည်ပ ညစ်ညမ်းဗီဒီယို ဆိုက်တွေကို သေချာ ပိတ်ဆို့ရမယ်။
-ပိတ်ဆို့လည်း VPN နဲ့ ကျော်ကြည့်လို့ ရတာပဲ။
-VPN က ဘာလဲ။
-ကွန်ပျူတာသိပ္ပံဌာနမှာ ထိပ်ဆုံးကနေ တက်ခဲ့တဲ့ ငါ့အစ်မကို မေးကြည့်တော့ အဲဒါက Video၊ Porno၊ Nomo (အပြာဗီဒီယိုနိယာမ)ရဲ့ အတိုကောက်တဲ့။
-ဝိုး... အမျိုးသားတွေ အင်တာနက် VPN ဘာညာ ပြောနေကြတာက အဲဒီလို အဓိပ္ပာယ်မှန်း ငါ လုံးဝ မသိခဲ့ဘူး။
-အဲဒါ တကယ် ရွံစရာကောင်းတာပဲ။ အင်တာနက်ပေါ်မှာ အဲဒီလို စကားတွေကို ဘယ်လိုများ ပေါ့ပေါ့ပါးပါး သုံးနိုင်ကြတာလဲ။ ဒါကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ တိုင်သင့်တာ မဟုတ်ဘူးလား။
-အား... လဖွတ်ပဲ။ ဘယ်ကနေ ရှင်းပြရမလဲတောင် မသိတော့ဘူး။
-ဘယ်ကနေ စပြီး ပြောရမှန်းတောင် မသိတော့ဘူး။ ကွန်ပျူတာသိပ္ပံက အစ်မဆီကနေ စရမလား၊ ဒါမှမဟုတ် စိန်းအမျိုးသမီးတက္ကသိုလ်မှာ အင်ဂျင်နီယာဌာန မရှိဘူးဆိုတာကိုပဲ ပြောရမလား။
-DNS ဆိုတာ Dirty၊ Nopo၊ Sex (ညစ်ပတ်တဲ့လိင်မှုရေးရာနည်းပညာ) ရဲ့ အတိုကောက်ဆိုတာ သတိပြုပေးပါ။
-HTTP ကကျတော့ Hen Tai The Porn(အပြာကာတွန်းကား)။ ဟားဟား။
-ဒါဆိုရင် SNS က Swapping၊ Nocon၊ Sex (လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုမရှိတဲ့အချက်အလက်များဖလှယ်ခြင်း) ဖြစ်မယ် ထင်တယ်။
တိုဘီ စထရောင်းရဲ့ Facenote မှာ မှတ်ချက်ပေါင်း သောင်းနဲ့ချီပြီး တက်လာခဲ့တယ်။
နောက်ရက်မှာတော့ သူက နောက်ထပ် စာတစ်စောင် ထပ်တင်ခဲ့တယ်။
[အဲဒီ အခပေးအသုံးပြုသူ ၅ သိန်းထဲမှာ ၁ သိန်း ၃ သောင်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။]
အင်တာနက်လောကကြီး တစ်ပတ်လည် စောက်ထိုး ဖြစ်သွားရပြန်တယ်။
-ဘာ... ဘာပြောလိုက်တယ်။
-အမျိုးသမီး အသုံးပြုသူ ဘယ်လောက်ရှိလဲလို့ မမေးမိပါဘူးကွာ။
-၁ သိန်း ၃ သောင်း ဟုတ်လား။ ကိုရီးယား အမျိုးသမီးတွေ ဘာဖြစ်နေကြတာလဲ။
-ဟားဟား။ ငါ ရူးတော့မယ်။ အမျိုးသမီးတွေက ဘာလို့ အခပေး သုံးရတာလဲ။
-Faceit ရဲ့ အမျိုးသမီးတွေကိုဦးတည် Content Porn Videoတွေက အောင်မြင်နေတာပဲလေ။
-အားလုံးပဲ… အဲဒါတွေ အကုန် အလိမ်အညာတွေဆိုတာ သိကြတယ်မလား။
-ဟုတ်တယ်။ အဲဒီထဲမှာ အမေဖြစ်သူရဲ့ ခရက်ဒစ်ကတ်နဲ့ ငွေချေထားတဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေ ပါနေတာပဲ ဖြစ်ရမယ်။
-ဒါဆိုရင် အမျိုးသားတစ်ယောက်က အမျိုးသမီးကတ်ကို သုံးရင် အားလုံးက အမျိုးသမီး အသုံးပြုသူအဖြစ် ပြနေမှာပေါ့။ ထူးဆန်းနေတယ်လို့ ငါထင်သားပဲ။
-လင်ယောက်ျားတွေက ဇနီးဖြစ်သူရဲ့ ကတ်နဲ့ ငွေချေတဲ့ ဖြစ်ရပ်တွေ မနည်းဘူးလို့ ငါ ကြားဖူးတယ်။
-ကိုရီးယား အမျိုးသားတွေက ဘာမဆို လုပ်နိုင်တာပဲ။
-တကယ်ပဲ ဘယ်လို အရူးက အပြာကားဆိုက်မှာ ဇနီးဖြစ်သူရဲ့ ခရက်ဒစ်ကတ်ကို သုံးမှာလဲ။
-ဟားဟား။ အံ့ဩစရာကောင်းတဲ့ စိတ်ကူးယဉ်တွေးခေါ်မှုတွေပဲ။