← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉)

ညစ်ညမ်းဗီဒီယို သမိုင်းကြောင်းပေါ်မှာ သြဇာသက်ရောက်မှု အရှိဆုံးလူက ဘယ်သူဖြစ်မလဲ။

ဟျူးဟက်ဖ်နာ လား။ လာရီဖလင့် လား။

အမေရိကန်က ပျူရီတန်ဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်တဲ့အတွက် အစပိုင်းမှာတော့ စည်းကမ်းကြီးပြီး အိန္ဒြေစောင့်တဲ့ အငွေ့အသက်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီအမျိုးသားနှစ်ယောက်က အစိုးရကို တော်လှန်တိုက်ခိုက်ပြီး လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နဲ့ ညစ်ညမ်းဗီဒီယို တရားဝင်ဖြစ်ရေးအတွက် လမ်းပြဦးဆောင်ခဲ့ ကြတာပါ။

နောက်ပိုင်းမှာတော့ ညစ်ညမ်းဗီဒီယိုလုပ်ငန်းဟာ အမေရိကန်ရဲ့ စီးပွားရေး ဦးမော့လာမှုနဲ့အတူ မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး သူတို့ဟာ Playboy နဲ့ Hustler ဆိုတဲ့ ကိုယ်ပိုင်အင်ပါယာကြီးတွေကို တည်ထောင်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ ၂၁ ရာစုမှာတော့ အဲဒီအင်ပါယာနှစ်ခုစလုံး ပေါင်းထားတာထက်တောင် ပိုပြီးကြီးမားတဲ့ ညစ်ညမ်းဗီဒီယို အင်ပါယာတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အဲဒါကတော့ Faceit ပါပဲ။ ပြီးတော့ အဲဒီကုမ္ပဏီရဲ့ အကြီးဆုံး အစုရှယ်ယာရှင်ကတော့ OTK Company ဖြစ်ပါတယ်။

Playboy ရဲ့ ဆောင်းပါးရှင်တစ်ယောက်ဖြစ်တဲ့ နေးလ်ဒါဒန်က ဒါကို အခုလို သုံးသပ်ခဲ့တယ်။

"ကန်ဂျင်ဟူ သာ အချိန်ကိုက် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် Faceit ဟာ သာမန်အပြာဆိုက်တစ်ခုအဖြစ်ပဲ ကျန်ရှိနေမှာပါ။ သူက ညစ်ညမ်းဗီဒီယို သမိုင်းကြောင်းကို ပြောင်းလဲပစ်ခဲ့တာလို့တောင် ပြောလို့ရပါတယ်"

Faceit ဟာ ကုမ္ပဏီတည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် ညစ်ညမ်းဗီဒီယိုလုပ်ငန်းရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့တယ်။ အခပေးအသုံးပြုသူတွေ ဆက်တိုက် တိုးပွားလာခဲ့ပြီး အမြတ်အစွန်းတွေလည်း အများကြီး ရရှိခဲ့တယ်။

Faceit က ရလာတဲ့ အမြတ်တွေကို VR ညစ်ညမ်းဗီဒီယို၊ လက်တွေ့ဆန်တဲ့ လိင်ဖျော်ဖြေမှု၊ Dancing Rabbit ကုမ္ပဏီကို ဝယ်ယူမှုနဲ့ Own Content ဖန်တီးထုတ်လုပ်မှု စတဲ့ လုပ်ငန်းအသစ်တွေမှာ ဆက်တိုက် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့တယ်။

တခြားထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ မိတ်ဖက်ပြုပြီး ဝန်ဆောင်မှုပေးတဲ့ Contentတွေကိုတော့ Faceit အပြင် တခြားplatformတွေမှာလည်း ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ Faceit ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Contentတွေကိုတော့ Faceit တစ်ခုထဲမှာပဲ သီးသန့် ကြည့်ရှုနိုင်တာပါ။

ရုပ်ရှင်တွေ ဒါမှမဟုတ် ဒရာမာတွေနဲ့မတူဘဲ ညစ်ညမ်းဗီဒီယိုက သရုပ်ဆောင် မင်းသား၊ မင်းသမီးနဲ့ အခန်းတွင်း နေရာလွတ်ပဲ လိုအပ်ပါတယ်။ ဒါကြောင့်မလို့ ညစ်ညမ်းဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီအများစုက အသေးစားတွေဖြစ်ပြီး အနည်းဆုံး ကုန်ကျစရိတ်နဲ့ လက်ရာအများကြီး ထွက်လာဖို့ပဲ အဓိက အာရုံစိုက်ကြတယ်။

ဒါပေမဲ့ အကြီးစား ကုန်ထုတ်လုပ်မှုအဆင့်ကို ရောက်ရှိသွားတဲ့ Faceit ကတော့ မတူပါဘူး။ အဆမတန်များပြားတဲ့ ထုတ်လုပ်မှုစရိတ်တွေကို ပုံအော သုံးစွဲပြီး တစ်ခါမှ မမြင်ဖူးသေးတဲ့ အရည်အသွေးမြင့် ညစ်ညမ်းဗီဒီယိုတွေကို ဖန်တီးခဲ့တာပါ။

ရလဒ်အနေနဲ့ Faceit ဟာ AVN Awards (အပြာကားလောကရဲ့ အော်စကာဆုလို့လည်း လူသိများတဲ့ အမေရိကန် ညစ်ညမ်းဗီဒီယို ဆုပေးပွဲ) မှာ ဆုတွေကို သိမ်းကျုံး ရရှိခဲ့တယ်။

ကိုယ်ပိုင်ထုတ်လုပ်တဲ့ Contentတွေက အကြီးအကျယ် ပေါက်သွားခဲ့တဲ့အတွက် Faceit ရဲ့ အခပေးအသုံးပြုသူတွေဟာ ဆက်တိုက် တိုးပွားလာခဲ့ပေမဲ့ အခုအခါမှာတော့ ဈေးကွက်ကို စိုးမိုးထားနိုင်ပြီဖြစ်လို့ တိုးတက်မှုနှုန်းက နည်းနည်းလေး နှေးကွေးသွားခဲ့တယ်။

ဒီအဆင့်မှာတင် သူတို့ ကျေနပ်နေလို့ ရပေမဲ့ တည်ထောင်သူတွေဖြစ်တဲ့ တိုဘီ စထရောင်းနဲ့ ဂျရက် ဘေကွန်တို့ကတော့ အဲဒီလို လုပ်ဖို့ အစီအစဉ် မရှိပါဘူး။

"ငါတို့ရဲ့ ညစ်ညမ်းဗီဒီယိုတွေကို လူတွေအများကြီး ပိုကြည့်နိုင်အောင် လုပ်ရမယ်"

"ဟုတ်တယ်။ လူတွေအများကြီးက ငါတို့ နောက်ထပ် ဘယ်လို ညစ်ညမ်းဗီဒီယိုမျိုး ထုတ်ဦးမလဲဆိုတာကို မျှော်လင့်နေကြတာ"

သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့တဲ့ လူကြီးသုံးအရုပ်ကုမ္ပဏီ Dancing Rabbit နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းအောင် လုပ်နေပြီး AI စနစ်နဲ့ နာမည်ကြီးမင်းသမီးတွေရဲ့ အသံတွေ ပါဝင်တဲ့ လိင်ဆက်ဆံတဲ့အရုပ်တွေကိုလည်း ထုတ်လုပ်နေပေမဲ့ ဒါတွေက ချက်ချင်းကြီး အမြတ်အစွန်းရဖို့တော့ ဖြစ်မလာသေးပါဘူး။

Content ဖန်တီးမှုမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်ပြီး တိုးမြှင့်ဖို့ဆိုရင် အခပေးအသုံးပြုသူတွေကို ပိုပြီး ရရှိဖို့ လိုအပ်ပါတယ်။

ဒီအချိန်မှာပဲ ကိုရီးယားအနွယ်ဝင် အမေရိကန်နိုင်ငံသူ ဂျိန်းဂျန်ဆိုတဲ့ လူသစ်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်။ Twitter ရဲ့ အမှုဆောင်ဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ ဂျိန်းဂျန်ဟာ မကြာသေးခင်ကမှ Faceit ဆီ ပြောင်းရွှေ့လာခဲ့တာပါ။

လူတိုင်း နာမည်ကြားရုံနဲ့ သိတဲ့ ကမ္ဘာ့အဆင့်မီ အိုင်တီကုမ္ပဏီကနေ ညစ်ညမ်းဗီဒီယိုကုမ္ပဏီဆီ သူ ပြောင်းရွှေ့လာခဲ့တဲ့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ အဲဒါကတော့ တိုဘီနဲ့ ဂျရက်တို့ရဲ့ မျှော်မှန်းချက်ကို သူ စိတ်ဝင်စားလို့ဖြစ်ပြီး နောက်တစ်ခုကတော့ ညစ်ညမ်းဗီဒီယို လုပ်ငန်းရဲ့ ကြီးထွားမှုက အဆမတန် ကြီးမားလို့ပါပဲ။

Faceit ရဲ့ CCO (Chief Content Officer) ဖြစ်တဲ့ ဂျိန်းဂျန်က သူတို့ကို ပြောတယ်။

"အသုံးပြုသူတွေ တိုးပွားလာအောင်လုပ်ဖို့ အရမ်းရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိတာပဲလေ။ Faceit က အမေရိကန် လူဦးရေရဲ့ ထက်ဝက်ကို ဆွဲဆောင်ဖို့ အောင်မြင်ခဲ့ပြီပဲ။ ဒါဆို ကျန်တဲ့ ထက်ဝက်ကို ဘာလို့ ပစ်မှတ်မထားရမှာလဲ"

ဒီနေရာမှာ ကျန်တဲ့ထက်ဝက်ဆိုတာက အမျိုးသမီးတွေကို ပြောတာပါ။

Faceit မှာ အမျိုးသမီး အသုံးပြုသူ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယိုရဲ့ သဘာဝအရ အမျိုးသားအသုံးပြုသူတွေက အများစု ဖြစ်နေတာပါ။

ဝေခွဲမရဖြစ်နေတဲ့ လူနှစ်ယောက်ကို ဂျိန်းဂျန်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ကမ္ဘာပေါ်မှာ ညစ်ညမ်းဗီဒီယိုကို မုန်းတဲ့ အမျိုးသမီးဆိုတာ မရှိဘူး။ ကြည့်ဖို့ ထိုက်တန်တဲ့ ညစ်ညမ်းဗီဒီယို မရှိသေးလို့ပဲ"

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ Faceit ဟာ အမျိုးသမီးတွေအတွက် Contentတွေကို အတည်အလင်း စတင်ထုတ်လုပ်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်ကတော့ ယေဘုယျအားဖြင့် အဆိုးမြင်ဘက်မှာပဲ ရှိနေခဲ့တာပါ။ တကယ်တမ်း ညစ်ညမ်းဗီဒီယို ကြည့်မယ့် အမျိုးသမီး ဘယ်လောက်တောင် ရှိမှာမလို့လဲ။

ဒါပေမဲ့ အကြီးဆုံး အစုရှယ်ယာရှင်ဖြစ်တဲ့ OTK Company ရဲ့ ဒုတိယဥက္ကဌရဲ့ အမြင်ကတော့ မတူပါဘူး။

"ဒါက အရမ်းကောင်းတဲ့ အကြံဉာဏ်ပဲ။ တကယ်လို့ ရင်းနှီးမြှုပ်နှံမှု ထပ်လိုရင် ငါတို့တွေ ပံ့ပိုးပေးမှာမလို့ လုပ်စရာရှိတာ လုပ်ပါ"

ဂျိန်းဂျန်ဟာ သူ စုဆောင်းထားတဲ့ Big Data ကို အသုံးပြုပြီး အမျိုးသမီး အသုံးပြုသူတွေ အများဆုံးကြည့်တဲ့ ဗီဒီယိုတွေကို အသေအချာ သုံးသပ်ခဲ့တယ်။ ပြီးတော့ အဲဒါနဲ့အညီ ဇာတ်ညွှန်းတွေကို ရေးသားပြီး ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို ရွေးချယ်ခဲ့တယ်။

အဝတ်အစားတွေ အရင်ချွတ်ပြီး စတင်လေ့ရှိတဲ့ လက်ရှိ ညစ်ညမ်းဗီဒီယိုတွေနဲ့မတူဘဲ ဇာတ်လမ်းအတိုင်း စီးဆင်းသွားစေတာမျိုးပါ။ ဗီဒီယိုအပြင် အသံပိုင်းကိုလည်း အထူးဂရုစိုက်ခဲ့ပြီး အမျိုးသမီး ဂီတဒါရိုက်တာတစ်ယောက်ကိုပါ သီးသန့် ငှားရမ်းခဲ့သေးတယ်။

ရလဒ်အနေနဲ့ ထုတ်လုပ်မှုစရိတ်ဟာ လူကြိုက်များတဲ့ ဒရာမာကားတွေ ဒါမှမဟုတ် B အဆင့်ရှိတဲ့ ရုပ်ရှင်ကားတွေနဲ့ ယှဉ်နိုင်တဲ့အထိ မြင့်တက်သွားခဲ့တယ်။ ဘေးလူတွေက စိတ်ပူနေကြပေမဲ့ ဂျိန်းဂျန်ကတော့ အောင်မြင်မယ်ဆိုတာကို ယုံကြည်မှု အပြည့် ရှိနေခဲ့တာပါ။ ပြီးတော့ Faceit က အမျိုးသမီးတွေအတွက် Contentတွေကို သီးသန့် ခွဲခြားပြီး တင်ဆက်ခဲ့တယ်။

ချက်ချင်းကြီးတော့ ပေါက်ကွဲထွက်မတတ် တုံ့ပြန်မှုမျိုး မရရှိခဲ့ပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် စကားတွေ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး တစ်ချိန်မှာတော့ အမျိုးသမီး အသုံးပြုသူ အရေအတွက်ဟာ ပေါက်ကွဲထွက်မတတ် တိုးပွားလာခဲ့တော့တာပဲ။

ကြယ်ပွင့်အသစ်တစ်ပွင့်လည်း မွေးဖွားလာခဲ့တယ်။ ဂျွန်ဒစ်ကီ ဟာ သူ့ရဲ့ ခန့်ညားတဲ့မျက်နှာ၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ကုတင်ပေါ်က ယဉ်ကျေးတဲ့ အပြုအမူတွေကြောင့် အမေရိကန် လူလတ်ပိုင်း အမျိုးသမီးတွေကြားထဲမှာ (ညစ်ညမ်းဗီဒီယို) ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့တယ်။

အသက် ၄၀ နဲ့ ၅၀ အရွယ် အမျိုးသမီးတွေဟာ သူ့ရဲ့ ဗီဒီယိုတွေကို ကြည့်ဖို့ အလုအယက် ရောက်လာခဲ့ကြတယ်။

နောက်ထပ် ဗီဒီယိုကို ဘယ်တော့ တင်မှာလဲဆိုတဲ့ မေးမြန်းမှုတွေ အလုံးအရင်းနဲ့ ဝင်လာခဲ့ပြီး ဂျိန်းဂျန်ကတော့ ဂျွန်ဒစ်ကီ ပါဝင်သရုပ်ဆောင်မယ့် အပိုင်းလိုက် ညစ်ညမ်းဗီဒီယို စီးရီးတွေကို ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့တယ်။

ညစ်ညမ်းဗီဒီယိုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေက ငြိမ်သက်သွားမယ့် အရိပ်အယောင် မရှိပါဘူး။

အင်တာနက်ပေါ်မှာ ဆွေးနွေးငြင်းခုံမှုတွေ ဆက်ရှိနေခဲ့တယ်။

-ညစ်ညမ်းဗီဒီယိုကို တရားဝင် ခွင့်ပြုလိုက်ရင် Faceit က ကိုရီးယားကို ဝင်လာလိမ့်မယ်။

-ဒါဆိုရင် ကန်ဂျင်ဟူ တစ်ယောက်ထဲပဲ အကျိုးအမြတ် ရမှာ မဟုတ်ဘူးလား။

-သူက စည်းမျဉ်းပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံခဲ့တာ အဲဒါကြောင့်များလား။

- မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမားတွေက အဲဒီလိုပဲ ရာဂကြီးကြတယ်။ သူတို့က လွတ်လပ်ခွင့် ဘာညာ အော်ဟစ်နေကြပေမဲ့ နောက်ဆုံးတော့ ကာမဂုဏ် လိုက်စားချင်ကြတာပဲ။

-ကန်ဂျင်ဟူ ကို မုန်းရင်တောင် Faceit ကိုရီးယားကို ဝင်လာမှာကိုတော့ ကြိုဆိုပါတယ်။

-အဲဒါကို တရားမဝင်အဖြစ် ဘယ်လောက်အထိ ဆက်ပြီး သတ်မှတ်ထားဦးမှာလဲ။

-မကြည့်ဘဲ နေလိုက်လို့ မရဘူးလား။

-လူတွေက မစားဘဲနဲ့ ဘယ်လို ရှင်သန်နိုင်မှာလဲ။

တီဗီအသံလွှင့်ဌာနတွေကလည်း ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အရေးပေါ် စီစဉ်ခဲ့ကြတယ်။ ကျွန်တော့်ကိုလည်း ဆွေးနွေးသူအဖြစ် တက်ရောက်ဖို့ တောင်းဆိုခဲ့ကြပေမဲ့ ငြင်းပယ်လိုက်တယ်။

အခုအချိန်မှာတော့ ညစ်ညမ်းဗီဒီယိုအကြောင်း ပြောတာကို ရပ်တန့်ချင်ပါပြီ။

ညစ်ညမ်းဗီဒီယို ဆန့်ကျင်ရေး အဖွဲ့တွေက ရုံးချုပ်ရှေ့မှာ စုရုံးပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ အစပိုင်းမှာတော့ အမျိုးသမီးအဖွဲ့တွေက အဓိက ဖြစ်ပေမဲ့ ကွန်ဖြူးရှပ် အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေနဲ့ မိဘအဖွဲ့တွေပါ ပူးပေါင်းလာခဲ့ကြတယ်။

သူတို့တွေဟာ ဂွမ်ဟွာမွန်း ရင်ပြင် ဒါမှမဟုတ် မြို့တော်ခန်းမ ရင်ပြင်ဆီ မသွားဘဲ ဒီနေရာအထိ တကူးတက လာပြီး ဆန္ဒပြကြတဲ့ အကြောင်းအရင်းကတော့ OTK Company ဟာ ကမ္ဘာ့အကြီးဆုံး ညစ်ညမ်းဗီဒီယို ကုမ္ပဏီဖြစ်တဲ့ Faceit ရဲ့ အဓိက အစုရှယ်ယာရှင် ဖြစ်နေလို့ပါပဲ။

ကျွန်တော် သက်ပြင်းချလိုက်တယ်။

"ဒါက ငါ့ကို ရူးအောင် လုပ်နေတာပဲ"

ဒီရက်ပိုင်းအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကုန်ဆုံးသွားတဲ့ ရက်ဆိုတာ တစ်ရက်မှ မရှိဘူး ထင်ရပါတယ်။

တက်ဂယူက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်တယ်။

"ဆန္ဒပြမယ်ဆိုရင် ဒီမှာ မဟုတ်ဘဲ Faceit ရုံးချုပ်ရှေ့မှာ သွားလုပ်သင့်တာ မဟုတ်ဘူးလား"

"မင်း သိတဲ့အတိုင်း အမေရိကန်က ဝေးတယ်လေ "

ပြောရရင်တော့ အမေရိကန် အမျိုးသမီးအဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေက Faceit ရုံးချုပ်ရှေ့မှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ တိုဘီနဲ့ ဂျရက်တို့ကတော့ ဂရုစိုက်ပုံ မရပါဘူး။

'ဘေးကင်းလုံခြုံသော ကလေးပြုစုပျိုးထောင်ရေး မိခင်များအဖွဲ့' ရဲ့ ဥက္ကဌ၊ 'An-A-Ki' လို့ အမည်ပြောင်ပေးထားတဲ့ အမျိုးသမီးက အသံချဲ့စက်နဲ့ အော်ဟစ်နေပါတယ်။

"ကျွန်မ ဒီနေရာကို ရောက်နေတာက An-A-Ki ရဲ့ ဥက္ကဌအနေနဲ့ မဟုတ်ဘဲ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား သားသမီးတွေ ရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ လာတာပါ။ ကျွန်မရဲ့ သားတွေက ညစ်ညမ်းဗီဒီယိုဆိုတာ ဘာမှန်းတောင် မသိဘဲ ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ စာသင်နေကြတာပါ။ ကျွန်မတို့ကလေးတွေက စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေတာပါ။ စူးစမ်းချင်စိတ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယိုတွေကို ခွင့်ပြုလိုက်ရင် ဘာဖြစ်သွားမလဲ။ ဘာမှမသိတဲ့ ကလေးတွေက စာမလုပ်ဘဲ ညစ်ညမ်းဗီဒီယိုတွေကိုပဲ ကြည့်နေကြလိမ့်မယ်။ ကလေးတွေက စာလုပ်ရမယ့် အချိန်တွေကို ညစ်ညမ်းဗီဒီယို ကြည့်ရင်း ကုန်ဆုံးစေရင် စာမေးပွဲပုစ္ဆာ တစ်ခုတောင် မဖြေနိုင်တဲ့ ငတုံးတွေ ဖြစ်သွားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးကာ တက္ကသိုလ် တက်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ဒီနိုင်ငံကြီး ပျက်စီးသွားပါလိမ့်မယ်"

တက်ဂယူက အဲဒီမြင်ကွင်းကို ကြည့်ပြီး ပြောတယ်။

"သူတို့အမေ ယုံကြည်သလို ကလေးတွေက တကယ်ပဲ အပြာကား မကြည့်ဘဲ နေပါ့မလား"

"အင်း..."

ကလေးတွေက ဘယ်သူမှမသိအောင် ကြည့်နေကြတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။

"ဒါပေမဲ့ မင်းလည်း ကျောင်းတုန်းက အပြာကားတွေ အများကြီး ကြည့်ခဲ့တာပဲ။ ဒါပေမဲ့ ကိုရီးယားတက္ကသိုလ်ကို အေးဆေး တက်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား"

"......ငါ အဲဒီလောက် အများကြီး မကြည့်ခဲ့ပါဘူးကွာ"

တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။

"ဘာလို့ ရိုးရိုးသားသား မပြောနိုင်ရတာလဲ။ လက်ခံလိုက်စမ်းပါ။ တိုဘီနဲ့ ဂျရက်တို့ကိုပဲ တွေးကြည့်လိုက်"

"......"

အဲဒီလူနှစ်ယောက်က အရမ်း ရိုးသားလွန်းနေတာ မဟုတ်ဘူးလား။

အမည်မသိ အင်တာနက်အသုံးပြုသူတွေရဲ့ အသနားခံစာကနေ စတင်ခဲ့တဲ့ အငြင်းပွားမှု မီးပွားဟာ အခုအခါမှာတော့ လွှတ်တော်ထဲအထိ ရောက်ရှိသွားခဲ့ပါပြီ။ အကြောင်းအရင်းကတော့ လွှတ်တော်အမတ် လီဂျောင်ဟွန်း တင်ပြထားတဲ့ ညစ်ညမ်းဗီဒီယို နှိမ်နင်းရေးနဲ့ အပြစ်ပေးမှု တင်းကျပ်ရေး ဥပဒေကြမ်းကြောင့်ပါပဲ။

ဥပဒေကြမ်း တင်ပြဖို့ လိုအပ်ချက်တွေက ပြည့်စုံသွားခဲ့ပါပြီ။ ထူးခြားတဲ့ အခြေအနေ မရှိရင်တော့ ဒါက လွှတ်တော် ညီလာခံမှာ မဲခွဲဆုံးဖြတ်တော့မှာပါ။

အင်တာနက်အသုံးပြုသူတွေကတော့ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုတွေကြောင့် တုန်လှုပ်နေကြပါပြီ။

"ဒီအတိုင်းဆို တကယ်ပဲ အတည်ပြုသွားနိုင်တယ်"

ဒီဥပဒေကြမ်းက ဘယ်လောက်အထိ အသုံးမဝင်ဘူးလဲဆိုတာ ရှင်းပြနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ အဖွဲ့အစည်း အများအပြားက ဒီဥပဒေကြမ်းကို ထောက်ခံနေကြပြီ ဖြစ်လို့ ဆန့်ကျင်လိုက်ရင် အကျိုးထက် အပြစ်က ပိုများနိုင်ပါတယ်။

တက်ဂယူက လက်ပိုက်ပြီး ပြောတယ်။

"ကတ္တရာလမ်းပေါ်မှာတောင် နှင်းဆီပန်းတွေ ပွင့်နိုင်သေးတာပဲ။ လွှတ်တော်ထဲမှာ သူရဲကောင်းတစ်ယောက်တော့ ရှိသင့်တာပေါ့"

ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကော်မတီရဲ့ ဥက္ကဌ ရာထူးကို ပထမဆုံး အတိုက်အခံပါတီက ရယူရတာက ထုံးစံပါပဲ။ လက်ရှိမှာတော့ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကော်မတီရဲ့ ဥက္ကဌက နိုင်ငံရေးသစ်ပါတီက လွှတ်တော်အမတ် ဟွန်အီဟွာ ပါ။

ဥပဒေကြမ်းကို စိစစ်ဖို့ ပြုလုပ်တဲ့ အစည်းအဝေးမှာ လွှတ်တော်အမတ် လီဂျောင်ဟွန်းက အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။

"ညစ်ညမ်းပစ္စည်း ထုတ်လုပ်မှု ပိတ်ပင်ရေး ဥပဒေ၊ ညစ်ညမ်းပစ္စည်း ဖြန့်ဝေမှု ပိတ်ပင်ရေး ဥပဒေနဲ့ တရားမဝင် သတင်းအချက်အလက် ဖြန့်ဝေမှု တားဆီးရေး ဥပဒေတို့လို ညစ်ညမ်းမှုကို ထိန်းချုပ်တဲ့ ဥပဒေတွေ ရှိနေပေမဲ့ သေချာ နှိမ်နင်းတာနဲ့ အပြစ်ပေးတာမျိုး မရှိခဲ့ဘူး။ အင်တာနက်က တရားမဝင် ညစ်ညမ်းဗီဒီယိုတွေ ပျိုးထောင်ရာ နေရာဖြစ်နေချိန်မှာ အစိုးရက ဘာတွေ လုပ်နေခဲ့တာလဲ။ ကျန်းမာတဲ့ လိင်ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့တွေ ဥပဒေကို တင်းကြပ်ပြီး တရားမဝင် ညစ်ညမ်းဗီဒီယိုတွေကို အမြစ်ပြတ် ချေမှုန်းရပါမယ်"

လွှတ်တော်အမတ် လီဂျောင်ဟွန်းက ဥပဒေကြမ်းကို ဖန်တီးခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေးသစ်ပါတီက အမတ်တွေလည်း ပူးတွဲတင်ပြမှုမှာ ပါဝင်ခဲ့တဲ့အတွက် ဒါက ပြဿနာမရှိဘဲ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

ဒါပေမဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတစ်ခု ပေါ်ထွက်လာခဲ့တယ်။

"ကျွန်တော် စကားတစ်ခွန်းလောက် ပြောပါရစေ"

စကားပြောလိုက်သူကတော့ လွှတ်တော်အမတ် နမ်ဆောင်းဂွီ ပါ။

ရှေ့နေတစ်ယောက်ဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတုန်းက နိုင်ငံရေးသစ်ပါတီရဲ့ အချိုးကျကိုယ်စားပြု စာရင်းမှာ နံပါတ် ၁၉ အဖြစ် ပါဝင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ နိုင်ငံရေးသစ်ပါတီက ၁၇ နေရာပဲ ရရှိခဲ့ပါတယ်။

သူက ရွေးကောက်မခံရလုနီးပါး ဖြစ်ခဲ့ပေမဲ့ နံပါတ် ၇ ကိုယ်စားလှယ်က ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်နဲ့ ပါတီကနေ ထွက်သွားခဲ့ပြီး နံပါတ် ၁၅ ကတော့ အဂတိလိုက်စားမှုကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့အတွက် နောက်လူဖြစ်တဲ့ သူဟာ ကံကောင်းထောက်မစွာနဲ့ လွှတ်တော်ထဲကို ရောက်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ သူဟာ ဂယောင်ဂီ ဒေသကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေဘာပါတီ ကိုယ်စားလှယ်ကို ၀.၃ ရာခိုင်နှုန်း အကွာအဝေးနဲ့ ကပ်ပြီး အနိုင်ရရှိခဲ့တယ်။ ဒါက မဲဆန္ဒနယ် အားလုံးထဲမှာ မဲကွာခြားချက် အနည်းဆုံးဖြစ်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေက သူ့ကို 'ဖိုးကံကောင်းဂွီ' လို့ အမည်ပြောင် ပေးခဲ့ကြတာ။

"လူကြီးတွေ ညစ်ညမ်းဗီဒီယို ကြည့်တာက အဲဒီလောက်အထိ ကြီးမားတဲ့ ပြဿနာ ဖြစ်နေလို့လား"

သိပ်ပြီး ထင်ပေါ်ကျော်ကြားခြင်း မရှိခဲ့တဲ့သူဟာ စကားထပြောခဲ့တဲ့အတွက် ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကော်မတီဝင်တွေက အံ့ဩသွားကြတယ်။

"ပြည်သူတွေက ငတုံးတွေ မဟုတ်ပါဘူး။ အစိုးရက ညစ်ညမ်းဗီဒီယိုတွေကို ပိတ်ပင်ပြီး နှိမ်နင်းနေရင် သူတို့က မကြည့်ဘဲ နေကြလိမ့်မယ်လို့ ထင်နေတာလား"

လွှတ်တော်အမတ် လီဂျောင်ဟွန်းက စိတ်ကို ပြန်ထိန်းပြီး ပြောတယ်။

"အဲဒါကြောင့်မလို့ သူတို့ကို တားဆီးဖို့ ဥပဒေကို ပိုပြီး တင်းကြပ်ရမှာပေါ့"

"ဒါဆိုရင် အဲဒီအတောအတွင်းမှာ ပြည်သူတွေက အပြစ်ပေးမှု အားနည်းလို့ ညစ်ညမ်းဗီဒီယိုတွေကို ကြည့်နေခဲ့ကြတာလား။ လုံးဝမဟုတ်ပါဘူး။ အပြစ်ပေးမှုနဲ့ နှိမ်နင်းမှုတွေကို ပိုပြီး တင်းကြပ်လေလေ၊ ဒါက မြေအောက်လောကထဲကို ပိုပြီး ရောက်သွားလေလေ ဖြစ်လိမ့်မယ်။ လိင်စိတ်ဆိုတာ အစားအသောက်၊ အိပ်စက်ခြင်းတို့လိုပဲ လူသားတွေရဲ့ သဘာဝဗီဇပဲလေ။ ဒါကို တရားဝင်ပြီး ကျန်းမာတဲ့ နည်းလမ်းနဲ့ ဖြေဖျောက်နိုင်အောင် လုပ်ပေးဖို့က နိုင်ငံတော်ရဲ့ တာဝန်ပဲ။ ကျွန်တော် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဘာက ပြဿနာဖြစ်နေလဲဆိုတာ မမြင်မိဘူး"

လွှတ်တော်အမတ် လီဂျောင်ဟွန်းက စိတ်ပျက်စရာကောင်းတဲ့ အသံနဲ့ ပြောတယ်။

"အခုအချိန်မှာ အင်တာနက်ပေါ်က တရားမဝင် ညစ်ညမ်းဗီဒီယိုတွေကြောင့် အမျိုးသမီး ဘယ်လောက်တောင် ထိခိုက်နစ်နာပြီး နာကျင်မှုတွေ ခံစားနေရလဲဆိုတာ လွှတ်တော်အမတ် သိရဲ့လား။ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်နေကြရတာ"

လွှတ်တော်အမတ် နမ်ဆောင်းဂွီက တည်ငြိမ်စွာနဲ့ ပြန်လည်ချေပတယ်။

"အမျိုးသမီးရေးရာနဲ့ မိသားစုဝန်ကြီးဌာနရော၊ လွှတ်တော်အမတ်ပါ တရားမဝင် ခိုးရိုက်တာတွေနဲ့ လက်စားချေ အပြာဗီဒီယိုတွေကို ပြည်ပက တရားဝင် ရိုက်ကူးထားတဲ့ ညစ်ညမ်းဗီဒီယိုတွေနဲ့ တစ်တန်းထဲ ထားပြီး ပြောနေကြတာပဲ။ ဒါပေမဲ့ အဲ့နှစ်ခုက ရှင်းရှင်းလင်းလင်း ကွဲပြားခြားနားနေတာ မဟုတ်ဘူးလား"

"ဘာက ကွဲပြားတာလဲ"

"ဒါဆိုရင် လူတွေကို ရိုက်နှက်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဗီဒီယိုတွေက ဇာတ်လိုက်တွေ တိုက်ခိုက်ကြတဲ့ အက်ရှင်ရုပ်ရှင်တွေနဲ့ တူလို့လား။ တရားမဝင် ခိုးရိုက်တာတွေမှာတော့ ထိခိုက်နစ်နာသူ အထင်အရှား ရှိတယ်။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယိုကတော့ ထုတ်လုပ်ရေး ကုမ္ပဏီတွေက သရုပ်ဆောင်ခတွေ ပေးပြီး အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ ရိုက်ကူးထားတာ"

"နားထောင်စမ်း။ လွှတ်တော်အမတ်။ အဲဒီအမျိုးသမီးတွေက ညစ်ညမ်းဗီဒီယို ရိုက်ချင်လို့ ရိုက်ခဲ့ကြတယ် ထင်နေတာလား။ သူတို့ထဲက အများစုက ပိုက်ဆံလိုအပ်ချက်ရှိလို့ မလွှဲမရှောင်သာဘဲ ရိုက်ခဲ့ကြတာ။ သူတို့ကလည်း ထိခိုက်နစ်နာသူတွေပဲ"

ဒါက အမျိုးသမီးအဖွဲ့တွေဘက်က တင်ပြလေ့ရှိတဲ့ တူညီတဲ့ ဆင်ခြေပါပဲ။

သက်ဆိုင်သူက သဘောတူခဲ့ရင်တောင် အဲဒီသဘောတူညီချက် ကိုယ်တိုင်က အာဏာစက် အပေးအယူကြားထဲမှာ ဖြစ်ပေါ်ခဲ့တာမလို့ စစ်မှန်တဲ့ သဘောတူညီချက်အဖြစ် မမြင်နိုင်ဘူးဆိုတာမျိုးပါ။

"လွှတ်တော်အမတ်ရဲ့ ဆင်ခြေအတိုင်းဆိုရင် အမေရိကန်က ညစ်ညမ်းဗီဒီယိုတွေကို မထိန်းချုပ်တဲ့အတွက် မြောက်မြားစွာသော အမျိုးသမီး ထိခိုက်နစ်နာသူတွေကို ဖန်တီးနေတာပေါ့နော်။ ဒါဆို အမျိုးသမီးအခွင့်အရေးကို တန်ဖိုးထားတဲ့ လွှတ်တော်အမတ်အနေနဲ့ သမ္မတ ရုစဗဲ့လ် ကို တရားဝင် ကန့်ကွက်ဖို့ အစီအစဉ် ရှိရဲ့လား"

"အာ... မဟုတ်ဘူးလေ၊ အဲဒါက အမေရိကန်ရဲ့ ကိစ္စ။ ဒါက ကိုရီးယား"

"အိုကေ။ ဒါဆိုရင် NCကားတွေနဲ့ ဝတ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ခဲ့ကြတဲ့ အမျိုးသမီးတွေကလည်း အားလုံး ထိခိုက်နစ်နာသူတွေပဲ၊ ဒါတွေကိုကျ ဘာလို့ မထိန်းချုပ်တာလဲ။ အပြာကား ထုတ်လုပ်ရေး ကုမ္ပဏီ ဥက္ကဌတွေ အားလုံးကိုရော အပြစ်ပေးမှာလား"

"ဒါပေမဲ့ သူတို့က တကယ့် လိင်ဆက်ဆံမှုကို သရုပ်မဖော်ကြဘူးလေ"

"လာရီဖလင့်က အခုလို ပြောခဲ့ဖူးတယ်၊ 'လူသတ်မှုက တရားမဝင်ဘူး၊ ဒါပေမဲ့ အဲဒါကို ရိုက်ကူးရင် ပူလစ်ဇာဆု ရတယ်။ လိင်ဆက်ဆံတာက တရားဝင်တယ်၊ ဒါပေမဲ့ အဲဒါကို ရိုက်ကူးရင်တော့ ထောင်ကျတယ်' တဲ့။ ဘယ်ဖွံ့ဖြိုးပြီး နိုင်ငံကများ ညစ်ညမ်းဗီဒီယိုတွေကို တရားမဝင်အဖြစ် ထိန်းချုပ်နေလို့လဲ။ လိင်စိတ်ရှိတဲ့ လူကြီးတွေက တရားဝင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကတစ်ဆင့် သူတို့ရဲ့ အလိုဆန္ဒတွေကို ဖြေဖျောက်တာက အဲဒီလောက်အထိ ကြီးမားတဲ့ အမှားလား။ အဲဒါကြောင့်မလို့ လူ့အခွင့်အရေး အဆင့်အတန်းမြင့်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ညစ်ညမ်းဗီဒီယိုတွေကို ခွင့်ပြုထားတာလေ"

လွှတ်တော်အမတ် နမ်ဆောင်းဂွီက စာရွက်စာတမ်း တစ်ခုကို ထုတ်လိုက်တယ်။

"ကျွန်တော် ယူလာတဲ့ အချက်အလက်တွေက ကမ္ဘာ့ညစ်ညမ်းဗီဒီယို လုပ်ငန်းဆိုင်ရာ အစီရင်ခံစာ ဖြစ်ပါတယ်။ အမေရိကန် တစ်နိုင်ငံထဲမှာတင် တစ်နှစ်ကို ဝမ် သန်း၂သောင်း အရွယ်အစားရှိတဲ့ ဈေးကွက်ရှိနေတာပါ။ ကိုရီးယားကလွဲရင် ကျန်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ညစ်ညမ်းဗီဒီယိုလုပ်ငန်းက လျင်မြန်စွာ တိုးတက်နေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး တိုးပွားနေတာပါ။ ဒါပေမဲ့ ကိုရီးယား တစ်နိုင်ငံထဲကပဲ Galapagosကျွန်းလိုမျိုး ထိန်းချုပ်မှု အသားပေး မူဝါဒတွေကို ဆက်ပြီး ကျင့်သုံးနေတယ်"

"ဒါဆိုရင် အခု လွှတ်တော်အမတ် နမ်ဆောင်းဂွီက ညစ်ညမ်းဗီဒီယိုတွေကို တရားဝင် ခွင့်ပြုပေးရမယ်လို့ ပြောနေတာလား"

"ကျွန်တော်က ချက်ချင်းကြီး အားလုံးကို လွတ်လပ်ခွင့်ပေးရမယ်လို့ ငြင်းခုံနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကို တရားမဝင်အဖြစ် ခြွင်းချက်မရှိ ပိတ်ဆို့ထားမယ့်အစား တရားဝင်ဖြစ်စေပြီး စနစ်တကျ စီမံခန့်ခွဲမှုအောက်ကို ယူဆောင်လာဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ တရားဝင် ထုတ်လုပ်ပြီး ဖြန့်ဝေထားတဲ့ ညစ်ညမ်းဗီဒီယိုတွေကို ပြည်သူတွေ ကြည့်ရှုနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမယ်။ ဒါက လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်"

လွှတ်တော်အမတ် လီဂျောင်ဟွန်းက အသံကို ပိုပြီး မြှင့်လိုက်တယ်။

"ကျွန်မတို့ပြည်သူတွေက ရွံစရာကောင်းတဲ့ ညစ်ညမ်းဗီဒီယိုတွေကို ကြည့်ပြီး ရွံစရာကောင်းတဲ့ စိတ်ကူးယဉ်မှုတွေ ရှိနေတာက အဆင်ပြေတယ်လို့ ထင်နေတာလား။ ဒါဆိုရင် ဒီနိုင်ငံကြီးက ဘာဖြစ်သွားမလဲ"

"ဒါဆိုရင် သူတို့က အခုထက်ထိ မကြည့်ဘဲ နေခဲ့ကြလို့လား"

"ဘာ... ဘာပြောလိုက်တာလဲ"

"အစိုးရက ပြည်သူတွေရဲ့ လိင်စိတ်ကိုပါ ထိန်းချုပ်နိုင်တယ်လို့ အထင်မမှားပါနဲ့။ ဒါက အရက်ပိတ်ပင်တားဆီးရေး ဥပဒေနဲ့ ဘာကွာလို့လဲ"

လွှတ်တော်အမတ် လီဂျောင်ဟွန်းက စကားပြန်မပြောနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်တော့တယ်။

"ဟေ့… လွှတ်တော်အမတ် ဆောင်းဂွီနမ်"

လွှတ်တော်အမတ် နမ်ဆောင်းဂွီကလည်း ပြန်ပြီး အော်လိုက်တယ်။

"ဆောင်းဂွီနမ် မဟုတ်ဘူး၊ နမ်ဆောင်းဂွီ ဗျ။ ဥပဒေကြမ်း တင်ပြချက်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ လွှတ်တော်အမတ်တွေကို ပြည်သူတွေက ဘယ်လို ခေါ်လဲ သိရဲ့လား။ သူတို့ကို 'ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ' လို့ ခေါ်ကြတာဗျ"

လွှတ်တော်အမတ် လီဂျောင်ဟွန်းရဲ့ မျက်နှာက ရဲခနဲ ဖြစ်သွားပြီး ရုတ်တရက် မတ်တတ်ရပ်ကာ လက်ညှိုးထိုးပြီး အော်တော့တယ်။

"ဘာ။ ဖြောင့်ပြီးမတ်နေတဲ့ ပညာရှိ ဟုတ်လား။ ငါ့ကို အဲဒီလို လှောင်ပြောင်ဖို့ ဘယ်မှာ သင်လာတာလဲ။ ချက်ချင်း အမတ်ရာထူးကနေ နှုတ်ထွက်လိုက်စမ်း"

(အင်္ဂလိပ်ဘာသာပြန်သူမှတ်ချက်ပါလာပါတယ်။ လီဂျောင်ဟွန်းကို ရှေ့chapterမှာ ယောက်ျားအနေနဲ့ သုံးမိပါတယ်တဲ့။ တကယ်က မိန်းမပါတဲ့။ ဒါကြောင့် နောက်ပိုင်း chapterတွေကျရင် မိန်းမအနေနဲ့ပဲ ရေးပါမယ်ရှင်။)

အခန်း (၃၀၀)

အမျိုးသမီးအဖွဲ့တွေက ဆန္ဒပြဖို့ နိုင်ငံရေးသစ်ပါတီ ရုံးချုပ်ဆီကို သွားခဲ့ကြတယ်။

"လွှတ်တော်အမတ် နမ်ဆောင်းဂွီဟာ လွှတ်တော်ထဲမှာ ညစ်ညမ်းဗီဒီယိုဘက်ကနေ ရပ်တည်ပေးပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကို နှိမ့်ချခဲ့သလို အမျိုးသမီး နိုင်ငံရေးသမားတွေကိုလည်း စော်ကားခဲ့တယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တစ်ယောက်က ကိုယ့်ကိုကိုယ်မှားမှန်းမသိဘဲ လိင်ခွဲခြားမှုနဲ့ အမျိုးသမီးမုန်းတီးရေး စကားတွေကို ပြောနေတာကို မြင်တွေ့ရတဲ့အတွက် အမျိုးသမီးအဖွဲ့များသမဂ္ဂအနေနဲ့ တုန်လှုပ်ခြောက်ခြားမိပါတယ်။ ပါတီတွင်းအဆင့် အရေးယူဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်မှုတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်"

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာနဲ့အမျှ နိုင်ငံရေးသစ်ပါတီက တောင်းပန်လွှာတစ်စောင် ထုတ်ပြန်ခဲ့တယ်။

"ပထမဆုံးအနေနဲ့ လွှတ်တော်အမတ် နမ်ဆောင်းဂွီရဲ့ စကားတွေကြောင့် စိတ်ထိခိုက်ခဲ့ရသူတွေကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လွှတ်တော်အမတ် နမ်ဆောင်းဂွီရဲ့ စကားတွေဟာ အရမ်းကို မလျော်ကန်သလို လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်ဆိုတာကို အသိအမှတ်ပြုပြီး သူ့ရဲ့ပြောဆိုမှုအပေါ် အလေးအနက် နောင်တရမိပါတယ်။ အစ်မကြီးတို့ တောင်းဆိုတဲ့အတိုင်း ပါတီတွင်းအဆင့် အပြစ်ပေးအရေးယူမှု အပိုင်းတွေကို စတင်သွားမှာပါ"

ဒါပေမဲ့ စကားပြောခဲ့တဲ့ ကာယကံရှင် လွှတ်တော်အမတ် နမ်ဆောင်းဂွီကတော့ အလျော့မပေးခဲ့ဘူး။

"ကျွန်တော့်စကားတွေက ဘာက ပြဿနာဖြစ်နေလို့လဲ။ ညစ်ညမ်းဗီဒီယို တရားဝင်ဖြစ်ရေးကို ထောက်ခံတာက လိင်ခွဲခြားတာနဲ့ အမျိုးသမီးမုန်းတီးတာ ဖြစ်သွားရောလား။ ကိုရီးယားမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမဝင်ဘူး၊ ညစ်ညမ်းဗီဒီယိုက တရားမဝင်ဘူး၊ လိင်တူအရုပ်တွေ တင်သွင်းတာတောင် တရားမဝင်ဘူး။ ဒါက လူတွေကို အိမ်သာဆောက်ခွင့်မပေးဘဲ လမ်းပေါ်မှာ ဆီးမသွားနဲ့လို့ ပြောနေတာနဲ့ ဘာကွာလို့လဲ။ ဖိအားပေးခံရလို့ စိတ်မပါဘဲ တောင်းပန်မယ့်အစား ကျွန်တော် နိုင်ငံရေးသစ်ပါတီကနေပဲ ထွက်လိုက်မယ်"

အင်တာနက်ပေါ်မှာတော့ တစ်ကျော့ပြန် ဆူပွက်သွားခဲ့ပြန်ပါတယ်။

- လွှတ်တော်အမတ် နမ်ဆောင်းဂွီ မှားတယ်ဆိုတာ လူတိုင်း မြင်နိုင်ပါတယ်။ ဘာမှားတာလဲဆိုရင် ကိုရီးယားမှာ လူလာဖြစ်တာကိုက မှားတာ။ လွှတ်တော်ထဲမှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောဘဲ အမှန်တရားကို ပြောမိတာ မှားတာ။

-ဒါနဲ့ သူတို့ပြောနေတဲ့ စော်ကားတဲ့စကားဆိုတာကို နမ်ဆောင်းဂွီ က ဘယ်မှာပြောခဲ့လို့လဲ။ ဗီဒီယိုကို ထပ်ခါတလဲလဲ ကြည့်ပေမဲ့ ကျွန်တော်တော့ ရှာမတွေ့ဘူး။

-ဟုတ်တယ်။ သူတို့ သဘောမကျရင် မင်္ဂလာပါလို့ ပြောရင်တောင် စော်ကားတဲ့စကား ဖြစ်သွားမှာပဲ။

-ㅋㅋㅋ အမျိုးသမီး နိုင်ငံရေးသမားတွေကို စော်ကားတယ် တဲ့။ အခုကစပြီး လွှတ်တော်အမတ် လီဂျောင်ဟွန်း စကားပြောရင် ပါးစပ်ပိတ်ပြီး နားထောင်ကြတော့ဟေ့။

-ဖြောင့်ပြီးမတ်နေတဲ့ပညာရှိတွေကို ရင်ဆိုင်မယ့် စစ်မှန်တဲ့ ပညာရှိတစ်ယောက် ပေါ်လာပြီ။

-ချီးပဲ။ အဲဒီလိုလူမျိုးက လွှတ်တော်အမတ်လောက်ပဲ ဖြစ်နေတာလား။ ကိုရီးယား နိုင်ငံရေးရဲ့ အဆင့်အတန်းကတော့ကွာ။ အဲဒီလူက သမ္မတဖြစ်ထိုက်တဲ့ အရည်အချင်းရှိသူဟ။

-ကိုရီးယားမှာ အဲဒီလို ထူးချွန်တဲ့ လွှတ်တော်အမတ် ရှိနေမှန်း ငါ တကယ်မသိခဲ့ဘူး။

-အခုထက်ထိ လွှတ်တော်အမတ်တွေ အားလုံးကို ဆဲဆိုခဲ့မိတာကို ကျွန်တော် စိတ်ရင်းနဲ့ နောင်တရမိတယ်။

-အထွေထွေရွေးကောက်ပွဲဖြစ်ဖြစ်၊ သမ္မတရွေးကောက်ပွဲဖြစ်ဖြစ် သူသာ ဝင်ပြိုင်ရင် ကျွန်တော်ကတော့ ခြွင်းချက်မရှိ မဲပေးမှာပဲ။

-လွှတ်တော်အမတ် နမ်ဆောင်းဂွီက အားလုံးကို ဖြေရှင်းပေးလိမ့်မယ်။ မျှော်လင့်ချက် ရှိပြီ၊ မျှော်လင့်ချက် ရှိပြီဟေ့။

-ဟုတ်တယ်။ ကျွန်တော် အခုထက်ထိ မျှော်လင့်ချက်မရှိတော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေမိတာ...

-နိုင်ငံရေးသစ်ပါတီက အသိဉာဏ်ရော ရှိရဲ့လား။ သူ့ကို ဘာအတွက်ကြောင့်နဲ့ အပြစ်ပေးမှာလဲ။

-ငါတို့ရဲ့ လွှတ်တော်အမတ်ကို ဘာလို့ စိတ်ဓာတ်ကျအောင် လုပ်နေကြတာလဲ။

-ငါတို့တွေ သူ့ကို ကာကွယ်ပေးရမယ်။ အမျိုးသားတွေ စည်းလုံးပြီး သူ့ကို ကာကွယ်ကြစို့။

-တကယ်လို့ သူ့ကို အပြစ်ပေးရင် ကျွန်တော်လည်း ပါတီကနေ ထွက်မယ်။

-အားလုံးပဲ။ နိုင်ငံရေးသစ်ပါတီကနေ ထွက်ကြစို့။

-နိုင်ငံရေးသစ်ပါတီကနေ ထွက်ပြီး 'ဆောင်းဂွီပါတီ' ထောင်ကြစို့။ သွားကြစို့ဟေ့။

-အဲဒါကတော့ နည်းနည်း...

ပါတီကနေ ထွက်မယ့်အကြောင်း ပို့စ်ပေါင်း ထောင်နဲ့ချီပြီး နိုင်ငံရေးသစ်ပါတီရဲ့ ဝဘ်ဆိုက်ပေါ်မှာ ပြည့်နှက်သွားခဲ့တယ်။

အပြစ်ပေးအရေးယူဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးသစ်ပါတီ ခေါင်းဆောင်ပိုင်းတွေဟာ အူကြောင်ကြောင် ဖြစ်သွားခဲ့ရတာပေါ့။ တကယ်လို့ သူတို့က လွှတ်တော်အမတ် နမ်ဆောင်းဂွီကို တကယ်သာ အပြစ်ပေးလိုက်ရင် ပါတီဝင်တွေ အစုလိုက်အပြုံလိုက် ထွက်သွားကြမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

အမျိုးသမီးအဖွဲ့တွေရဲ့ ဆန္ဒပြမှုတွေက ဆက်တိုက် ဝင်ရောက်နေပြီး လွှတ်တော်အမတ် နမ်ဆောင်းဂွီကလည်း တောင်းပန်ဖို့ ငြင်းဆန်နေသလို သူ့ကို အပြစ်ပေးရင်လည်း ပါတီဝင်တွေ အကြီးအကျယ် ထွက်ခွာသွားမှာကို စိုးရိမ်နေရပါတယ်။ ဒါပေမဲ့ သူ့ကို အပြစ်မပေးပြန်ရင်လည်း ပါတီတွင်းက အမျိုးသမီး လွှတ်တော်အမတ်တွေက ပုန်ကန်ကြပါလိမ့်မယ်။

ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေတဲ့ ဒီအခြေအနေမှာ ပါတီရဲ့ ထောက်ခံမှုနှုန်းက ကျဆင်းမယ့် အရိပ်အယောင်တွေ ပြသလာခဲ့တယ်။ စိတ်သက်သာရာရစရာ တစ်ခုတည်းသော အချက်ကတော့ လေဘာပါတီရဲ့ ထောက်ခံမှုနှုန်းက ပိုပြီးတော့တောင် ထိုးဆင်းသွားတာပါပဲ။

လွှတ်တော်ခေါင်းဆောင် ဂျန်ဟျွန်ဂျွန်က ခေါင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း သက်ပြင်းချလိုက်တယ်။

'ဒါတွေအားလုံးက ကန်ဂျင်ဟူ က စည်းမျဉ်းပြုပြင်ပြောင်းလဲရေး လုပ်ချင်လို့ ဖြစ်ရတာ။ ကန်ဂျင်ဟူ နဲ့ ပတ်သက်မိရင် ကောင်းတာ တစ်ခုမှ မရှိဘူး'

ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကော်မတီထဲမှာ လွှတ်တော်အမတ် လီဂျောင်ဟွန်းနဲ့ လွှတ်တော်အမတ် နမ်ဆောင်းဂွီတို့ရဲ့ စကားစစ်ထိုးပွဲက အဓိက အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။

အခုထက်ထိ တည်ရှိနေမှန်းတောင် မသိရတဲ့ လွှတ်တော်အမတ် နမ်ဆောင်းဂွီဟာ ဒီဖြစ်ရပ်ကြောင့် လူတိုင်း သိသွားခဲ့ရပြီး နိုင်ငံရေး အလှူငွေတွေကလည်း အရပ်ရပ်ကနေ စီးဝင်လာခဲ့တယ်။

ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကော်မတီထဲက စကားစစ်ထိုးပွဲ ဗီဒီယိုကလည်း Gooble က လုပ်ဆောင်တဲ့ ဗီဒီယိုsiteဖြစ်တဲ့ ATube ပေါ်ကို ရောက်သွားခဲ့တယ်။ ပျင်းနေတဲ့ အင်တာနက်အသုံးပြုသူတွေက အောက်မှာ အင်္ဂလိပ်၊ ဂျပန်၊ စပိန်နဲ့ တရုတ်စာတန်းထိုးတွေကို ထည့်သွင်းပေးခဲ့ကြတယ်။

မမျှော်လင့်ဘဲ အဲဒီဗီဒီယိုဟာ နှစ်ရက်အတွင်းမှာတင် ကြည့်ရှုသူ ၅ သန်းအထိ စံချိန်တင်သွားခဲ့တယ်။

-ဝိုး။ ကိုရီးယားလွှတ်တော်ထဲမှာ အမြဲတမ်း ဒီလို စိတ်ဝင်စားဖို့ကောင်းတာတွေ ဖြစ်နေတာလား။

-အဲဒီအမျိုးသမီးက ဘယ်သူမလို့ နှုတ်ထွက်ဖို့ အော်ဟစ်နေရတာလဲ။

-သူက ကိုရီးယားမှာ သမ္မတလောင်း ဖြစ်ခဲ့ဖူးတယ်လို့ ကြားတယ်။ ကိုရီးယားလွှတ်တော်ထဲမှာ အဲဒီအမျိုးသမီး သဘောမကျရင် နှုတ်ထွက်ပေးရတယ် ထင်တယ်။

-အရင်တုန်းကလည်း ကန်ဂျင်ဟူ ကို နှုတ်ထွက်ဖို့ အော်ဟစ်နေတဲ့ ဗီဒီယိုကို ငါ မြင်ဖူးသေးတယ်။

-အာ… ဟုတ်တယ်။ အဲဒီဗီဒီယိုက ပျော်စရာကောင်းတယ် :)

-အရင်တုန်းက အစီအစဉ်တစ်ခုမှာ ရိုနယ် က 'မင်း အလုပ်ဖြုတ်ခံလိုက်ရပြီ' လို့ ပြောခဲ့တာကိုတောင် သတိရမိတယ်။

ကိုရီးယားလွှတ်တော်ဟာ အခုအခါမှာ ကိုရီးယားတင်မကဘဲ ကမ္ဘာ့အဆင့်မီ ရယ်စရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

အထူးသဖြင့် လွှတ်တော်အမတ် လီဂျောင်ဟွန်းရဲ့ မျက်နှာတစ်ခုလုံး နီမြန်းပြီး လက်ညှိုးထိုးကာ "နှုတ်ထွက်" လို့ အော်ဟစ်နေတဲ့ မြင်ကွင်းက နိုင်ငံခြားသားတွေကြားထဲမှာ အရမ်း ရေပန်းစားသွားခဲ့တာပါ။

ဘယ်သူက အရင်စလိုက်လဲ မသိပေမဲ့ တစ်ယောက်ယောက်က သူတို့ သဘောမကျတဲ့ စကားကို ပြောလာရင် လွှတ်တော်အမတ် လီဂျောင်ဟွန်း နှုတ်ထွက်ဖို့ အော်ဟစ်နေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး ('မင်း အလုပ်ဖြုတ်ခံလိုက်ရပြီ' ဆိုတဲ့ စာသားနဲ့) ပြန်လည်တုံ့ပြန်တာက အင်တာနက် meme တစ်ခုလိုမျိုး တောမီးလို ပျံ့နှံ့သွားခဲ့တယ်။

ဒါတွေကြောင့်ပဲ လွှတ်တော်အမတ် လီဂျောင်ဟွန်းဟာ မရည်ရွယ်ဘဲ ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုက ရယ်ရုံတင် မဟုတ်ဘဲ ပြင်းထန်တဲ့ အငြင်းပွားမှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်။

-ဒါနဲ့ ကိုရီးယားမှာ ညစ်ညမ်းဗီဒီယိုက တရားမဝင်ဘူးလား။ ကျွန်တော့်ရဲ့ ကိုရီးယားသူငယ်ချင်းတွေကတော့ အားလုံး ကြည့်နေကြတာပဲ။

-ထူးဆန်းလိုက်တာ။ ကိုရီးယားက လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ရှိတဲ့ နိုင်ငံ မဟုတ်ဘူးလား။ မိန်းကလေးအဖွဲ့တွေ အားလုံးက ဆွဲဆောင်မှုရှိတာကို အသားပေးနေကြတာပဲ။

-ကျွန်တော် ကိုရီးယားရုပ်ရှင်တွေကို ကြိုက်လို့ ခဏခဏ ကြည့်ဖြစ်တယ်၊ ကိုရီးယားရုပ်ရှင်တွေက အရမ်း အကြမ်းဖက်ဆန်တယ်။ ဓားနဲ့ ထိုးသတ်တာ၊ ခန္ဓာကိုယ်တွေကို လွှနဲ့ ဖြတ်တာ။ သွေးတွေ နေရာအနှံ့ ပန်းထွက်နေတာတွေ ပါတာလေ။

-လူသတ်တာကို ပြသတာက အဆင်ပြေပြီး လူတွေ လိင်ဆက်ဆံတာ ပြသတာကျ အဆင်မပြေဘူးလား။

-ဟုတ်တယ်။ မျက်နှာကို ထိုးကြိတ်တာ၊ အရိုးတွေ ချိုးတာ၊ ခေါင်းဖြတ်တာနဲ့ ကလီစာတွေ ထုတ်တာက အဆင်ပြေပေမဲ့ မျိုးပွားအင်္ဂါတွေကို ပြသတာကိုတော့ ပိတ်ပင်ထားတယ်။

-ဟမ်။ ဘာတွေ ပြောနေတာလဲ။ ဒါက နောက်ပြောင်နေတာလား။

-မဟုတ်ဘူး။ တကယ်ပြောနေတာ။ နိုင်ငံခြားရုပ်ရှင်တွေမှာ လိင်ဆက်ဆံတဲ့ မြင်ကွင်းတွေ ပါလာရင် ကိုရီးယားကို တင်သွင်းတဲ့အခါ ဝါးပစ်တာ ဒါမှမဟုတ် ဇာတ်ဝင်ခန်းကို ဖြတ်တောက်တာတွေ လုပ်ကြတယ်။

-နားမလည်နိုင်တော့ဘူး။ ဒါဆို ကိုရီးယား web hard drives တွေပေါ်မှာ တင်ထားတဲ့ ညစ်ညမ်းဗီဒီယိုတွေက ဘာတွေလဲ။

-ဘာဖြစ်ရမှာလဲ။ အဲဒါတွေက အားလုံး တရားမဝင် ဖိုင်တွေပေါ့။

-ဒါဆိုရင် ညစ်ညမ်းဗီဒီယို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို သူတို့က ပိုက်ဆံမပေးကြဘူးပေါ့။ မူပိုင်ခွင့်ရှိတဲ့ လက်ရာတွေကို ခိုးယူတာက ထင်ရှားတဲ့ ခိုးမှုပဲ။

-နားမလည်နိုင်ဘူး။ ကိုရီးယားက K-pop၊ ဒရာမာ၊ ရုပ်ရှင် စတာတွေကို ကမ္ဘာအနှံ့ တင်ပို့နေတဲ့ ယဉ်ကျေးမှု အင်အားကြီးနိုင်ငံ မဟုတ်ဘူးလား။ ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ မူပိုင်ခွင့်ကို ဘာလို့ လျစ်လျူရှုနေကြတာလဲ။

-ဒီလိုဆိုရင် ကိုရီးယားက တရုတ်နဲ့ ဘာကွာလို့လဲ။

ညစ်ညမ်းဗီဒီယို တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာလည်း တရားမဝင်ဖိုင်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ တရားဝင် ကြည့်ရှုနိုင်တဲ့ ဈေးကွက်ထဲမှာ တရားမဝင်ဖိုင် အနည်းငယ် ပျံ့နှံ့နေတာနဲ့ ဈေးကွက်တစ်ခုလုံးက တရားမဝင်ဖိုင်တွေနဲ့ပဲ ဖွဲ့စည်းထားတာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ကိစ္စပါ။

မူပိုင်ခွင့်ရှိတဲ့ လက်ရာအားလုံးမှာ မူပိုင်ခွင့် ရှိပြီး ညစ်ညမ်းဗီဒီယိုတွေအတွက်လည်း တူညီပါတယ်။ ဒါပေမဲ့ ကိုရီးယားမှာတော့ ညစ်ညမ်းဗီဒီယိုက အစကတည်းက တရားမဝင်ပါဘူး။ တရားမဝင်အဖြစ် သတ်မှတ်ထားတဲ့ အကြောင်းအရာရဲ့ မူပိုင်ခွင့်ကို အသိအမှတ် မပြုနိုင်တဲ့အတွက် ကိုရီးယားတရားရုံးက ညစ်ညမ်းဗီဒီယိုတွေရဲ့ မူပိုင်ခွင့်ကို အသိအမှတ် မပြုခဲ့တာပါ။

နိုင်ငံခြား ညစ်ညမ်းဗီဒီယို ကုမ္ပဏီတွေဟာ ကိုရီးယားက ညစ်ညမ်းဗီဒီယို အကြောင်းအရာအားလုံးကို တရားမဝင် သုံးစွဲနေတယ်ဆိုတဲ့ အချက်ကို သိရှိထားတာ ကြာပါပြီ။

ဒါပေမဲ့ သူတို့က သိလျက်နဲ့ပဲ သည်းခံနေခဲ့ကြတာပါ။ ဒါပေမဲ့ ဒီကိစ္စက ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ဆွေးနွေးစရာ ဖြစ်လာတဲ့အတွက် ဆိတ်ဆိတ်နေဖို့ ခက်ခဲသွားခဲ့တယ်။

ပထမဆုံးအနေနဲ့ အမေရိကန် ညစ်ညမ်းဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီတွေ စုရုံးပြီး ကိုရီးယားအစိုးရကို တရားဝင် ကန့်ကွက်ခဲ့ကြတယ်။ နောက်ပြီးတော့ EU နဲ့ ဂျပန် ညစ်ညမ်းဗီဒီယို ကုမ္ပဏီတွေကလည်း ရှေ့ထွက်လာခဲ့ကြတယ်။ တချို့ကတော့ နိုင်ငံတကာ ဥပဒေသမား အဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ပြီး တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ကြေညာခဲ့တယ်။

Faceit က ကိုယ်ပိုင်Contentတွေအတွက် ကိုရီးယားမှာ မူပိုင်ခွင့် မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့တဲ့အတွက် ကိုရီးယားအစိုးရဟာ အကြပ်အတည်းထဲ ရောက်သွားခဲ့ရတယ်။

တကယ်လို့ သူတို့က မူပိုင်ခွင့် မှတ်ပုံတင်တာကို လက်ခံလိုက်ရင် တရားမဝင် Contentတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရာ ရောက်မှာဖြစ်ပြီး တကယ်လို့ လက်မခံရင်လည်း အမေရိကန်ရဲ့ မူပိုင်ခွင့်ကို ဆက်ပြီး လျစ်လျူရှုရာ ရောက်မှာပါ။

အမေရိကန်ကတော့ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် မူပိုင်ခွင့် ပြဿနာတွေအပေါ် အကဲဆတ်နေတာပါ။

The New York Times က နာမည်ကြီး ယဉ်ကျေးမှု ဝေဖန်ရေးဆရာ ဖာဒီနန်ကေ့ဗ် ရဲ့ အယ်ဒီတာ့အာဘော် ဆောင်းပါးတစ်စောင်ကို ဖော်ပြခဲ့တယ်။

[ကိုရီးယား ညစ်ညမ်းဗီဒီယို လုပ်ငန်းရဲ့ အရွယ်အစားက ဘယ်လောက်လဲ]

အဖြေကတော့ သုည ပါပဲ။ အံ့ဩဖို့ မကောင်းဘူးလား။ ဒါက ဘယ်လိုမျိုး ဖြစ်နိုင်ရတာလဲ။

အကြောင်းအရင်းကတော့ ကိုရီးယားမှာ ညစ်ညမ်းဗီဒီယိုက တရားမဝင်လို့ပါပဲ။ ဒါကြောင့် ညစ်ညမ်းဗီဒီယိုကို ထုတ်လုပ်လို့ မရသလို ပိုက်ဆံနဲ့ ရောင်းချလို့လည်း မရပါဘူး။ ဒါဆို ကိုရီးယားလူမျိုးတွေက ညစ်ညမ်းဗီဒီယိုကို လုံးဝ မကြည့်ကြဘူးလား။

တရုတ်က ကိုရီးယား ကုန်ပစ္စည်းတွေနဲ့ အကြောင်းအရာတွေကို စည်းကမ်းမရှိ ကူးယူပြီး မူပိုင်ခွင့် ချိုးဖောက်နေတယ်လို့ ကိုရီးယားက ပြောဆိုနေတာပါ။ တကယ်တော့ ကုမ္ပဏီတွေက မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တရားစွဲဆိုမှု အများအပြား လုပ်နေကြပါတယ်။ ဒါပေမဲ့ ကိုရီးယားကိုယ်တိုင်က နိုင်ငံခြား ညစ်ညမ်းဗီဒီယိုတွေရဲ့ မူပိုင်ခွင့်ကို အသိအမှတ် မပြုဘဲ တရားမဝင် သုံးစွဲနေတာပါ။

မူပိုင်ခွင့် ပိုင်ရှင်တွေက တစ်ဒေါ်လာတောင် မရရှိကြတဲ့အချိန်မှာ web hard ကုမ္ပဏီတွေနဲ့ ဗီဒီယိုအများအပြား တင်သူတွေကတော့ အမြတ်အစွန်း အများကြီး ရရှိခဲ့ကြတယ်။ ရယ်စရာကောင်းတာက အင်တာနက်ပေါ်မှာ ညစ်ညမ်းဗီဒီယို ဖြန့်ဝေလို့ အဖမ်းခံရရင် ညစ်ညမ်းပစ္စည်း ဖြန့်ဝေမှုနဲ့ပဲ အပြစ်ပေးခံရပြီး မူပိုင်ခွင့် ချိုးဖောက်မှုနဲ့တော့ မဟုတ်ပါဘူး။

ကိုရီးယားက K-pop တင်မကဘဲ ဒရာမာ၊ ရုပ်ရှင်နဲ့ ရုပ်သံထုတ်လွှင့်မှုတွေကိုပါ တင်ပို့နေတာပါ။ Hallyu (ကိုရီးယားလှိုင်း) က ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီး ကိုရီးယားရဲ့ အရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ နာမည်ကြီး idolအဖွဲ့တွေဆိုရင် ပြည်ပကနေ ရရှိတဲ့ ဝင်ငွေက ကိုရီးယားမှာထက် အများကြီး ပိုများပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ပတ်သက်လာရင်တော့ သူတို့က တခြားနိုင်ငံတွေရဲ့ မူပိုင်ခွင့်ကို လုံးဝ လျစ်လျူရှုနေကြတာပဲ။

နောက်ဆုံးအနေနဲ့ ကိုရီးယား စကားပုံတစ်ခုကို မိတ်ဆက်ပေးပါရစေ။

'ကိုယ်လုပ်ရင် ကဗျာဆန်တာ၊ သူများလုပ်ရင် အိမ်ထောင်ရေး ဖောက်ပြန်မှု'ဆိုတာပါ။

ကိုရီးယားမှာ အခုထက်ထိ ညစ်ညမ်းဗီဒီယို တရားဝင်ဖြစ်ရေးအကြောင်း ဆွေးနွေးမှု မရှိခဲ့တဲ့ အကြီးမားဆုံး အကြောင်းအရင်းက ဘာလဲ။

အဲဒါကတော့ တရားမဝင်ဘူးဆိုရင်တောင် ကြည့်ရှုဖို့ ပြဿနာမရှိခဲ့လို့ပါပဲ။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြဿနာ နှစ်ခု ရှိပါတယ်။

တစ်ခုက ဒါက အထင်အရှား တရားမဝင်တာဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံခြား ညစ်ညမ်းဗီဒီယိုတွေ ဘယ်လောက်ပဲ ရှိရှိ ပြည်တွင်း ညစ်ညမ်းဗီဒီယိုတွေအပေါ် အမြဲတမ်း လိုအပ်ချက် ရှိနေတာပါပဲ။

ကိုရီးယားမှာ ညစ်ညမ်းဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီတွေ မရှိပေမဲ့ 'Korean Porn' ဒါမှမဟုတ် 'Korean Yadon' ဆိုတဲ့ အမည်တွေနဲ့ ဖြန့်ဝေနေတဲ့ ဗီဒီယိုတွေကတော့ ဗြောင်ကျကျ တည်ရှိနေတာပါ။

အများစုက တရားမဝင် ခိုးရိုက်တာတွေဖြစ်ပြီး သဘောတူညီချက်နဲ့ ရိုက်ကူးခဲ့ရင်တောင် ဖြန့်ဝေမှုကိုတော့ ကာယကံရှင်ရဲ့ သဘောတူညီချက်မရှိဘဲ လုပ်ဆောင်ကြတာက အများစုပါ။ အဲဒါတွေထဲမှာ ချစ်သူဟောင်းကို မကျေနပ်လို့ တမင်သက်သက် လက်စားချေ ဖြန့်ဝေတဲ့ အပြာဗီဒီယိုတွေလည်း ပါဝင်နေပါတယ်။

ဒီတရားမဝင် ဗီဒီယိုတွေကို Web Hardတွေကတစ်ဆင့် စည်းကမ်းမရှိ ဖြန့်ဝေခဲ့ကြတယ်။ ညစ်ညမ်းဗီဒီယိုအပေါ် ပြင်းထန်တဲ့ ထိန်းချုပ်မှုတွေက တရားမဝင်မှုတွေကို ပိုပြီး မွေးမြူပေးခဲ့တယ်။

အထူးသဖြင့် မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ပတ်သက်လာရင်တော့ ပါးစပ် ဆယ်ပေါက် ရှိရင်တောင် ပြောစရာ စကားမရှိခဲ့ပါဘူး။

အခုအခါမှာတော့ ကိုရီးယား ညစ်ညမ်းဗီဒီယို ပြဿနာက အမေရိကန်၊ EU၊ ဂျပန်တို့နဲ့ ကုန်သွယ်ရေး ပွတ်တိုက်မှုအထိ ကြီးထွားလာမယ့် အရိပ်အယောင်တွေ ပြသနေခဲ့ပါပြီ။ ပြီးတော့ ကိုရီးယား ဖျော်ဖြေရေး အစီအစဉ်တွေကို ဗြောင်ကျကျ ကူးယူလို့ တရားစွဲခံထားရတဲ့ တရုတ်ထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း 'မင်းတို့လည်း တခြားနိုင်ငံတွေရဲ့ မူပိုင်ခွင့်ကို လျစ်လျူရှုနေတာပဲ၊ ငါတို့ကို ဘာလို့ လာအော်နေတာလဲ' ဆိုတဲ့ သဘောထားမျိုး ပြသခဲ့ကြတယ်။

အခြေအနေက ထိန်းချုပ်မရ ဖြစ်လာတဲ့အတွက် သမ္မတ ဟိုချန်မင်း က အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တယ်။

"ကိုရီးယားအနေနဲ့ လူကြီးကြိုက် အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါကို ဦးတည်ပြီး အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့ ပူးပေါင်းဆောင်ရွက်မယ့် ဆွေးနွေးရေး အဖွဲ့အစည်းတစ်ခု ဖန်တီးဖို့ အရေးကြီးပါတယ်"

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မဟာဗျူဟာနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က သမ္မတရဲ့ စကားကို သဘောတူခဲ့ကြပေမဲ့ အမျိုးသမီးရေးရာနှင့် မိသားစုဝန်ကြီးဌာနရဲ့ ဝန်ကြီး ရှင်ဂျွန်မီ ကတော့ အဆုံးအထိ ဆန့်ကျင်ခဲ့တယ်။

"အချိန်မတန်ဘဲ စည်းမျဉ်းတွေကို လျှော့ချလိုက်ရင် ဒစ်ဂျစ်တယ် လိင်ရာဇဝတ်မှုတွေ တိုးပွားလာနိုင်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိုမို ဆိုးရွားစေကာ လိင်ကို ကုန်ပစ္စည်းလို သဘောထားတာကို မြှင့်တင်ပေးရာ ရောက်လိမ့်မယ်"

ဒါပေမဲ့ သုတေသန ကုမ္ပဏီတစ်ခုက လုပ်ဆောင်တဲ့ လူထုသဘောထား စစ်တမ်းတစ်ခုမှာတော့ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းကျော်က လက်ရှိ ညစ်ညမ်းဗီဒီယို စည်းမျဉ်းတွေကို ပြင်ဆင်သင့်တယ်လို့ ပြောခဲ့ကြတယ်။

ထောက်ခံမှုနှုန်းက အသက် ၄၀ နဲ့ ၅၀ အရွယ်တွေထက် ၂၀ နဲ့ ၃၀ အရွယ်တွေကြားထဲမှာ ပိုပြီး မြင့်မားခဲ့သလို အမျိုးသမီးတွေရဲ့ ထက်ဝက်ကျော်ကလည်း သဘောတူခဲ့ကြတယ်။

၈၂ ရာခိုင်နှုန်းက လွှတ်တော်အမတ် လီဂျောင်ဟွန်း တင်ပြထားတဲ့ ညစ်ညမ်းဗီဒီယို နှိမ်နင်းရေးနဲ့ အပြစ်ပေးမှု တင်းကျပ်ရေး ဥပဒေကြမ်းအပေါ် အဆိုးမြင်တဲ့ သဘောထားတွေကို ဖော်ပြခဲ့ကြတယ်။

လူထုသဘောထား ပိုမို ဆိုးရွားလာတာနဲ့အမျှ ပူးတွဲတင်ပြသူအဖြစ် နာမည်ထည့်ထားခဲ့ကြတဲ့ တချို့သော လွှတ်တော်အမတ်တွေ (ဖြောင့်ပြီးမတ်နေတဲ့ပညာရှိတွေလို့ အမည်ပြောင်ပေးခံ ထားရသူတွေ) ဟာ သူတို့ရဲ့ နာမည်တွေကို တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းခဲ့ကြတယ်။

လွှတ်တော်အမတ် လီဂျောင်ဟွန်းကတော့ ဒေါသတကြီး ဖြစ်နေခဲ့ပေမဲ့ အမေရိကန်က မူပိုင်ခွင့် ပြဿနာကို မြှင့်တင်နေတဲ့ အခြေအနေမျိုးမှာ ဥပဒေကြမ်းရဲ့ အစီအစဉ်ကို ဆက်ပြီး တွန်းအားပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးတော့ လွှတ်တော်ထဲမှာ လွှတ်တော်အမတ် နမ်ဆောင်းဂွီကို ဗဟိုပြုပြီး ညစ်ညမ်းဗီဒီယို စည်းမျဉ်းလျှော့ချရေးကို ဆွေးနွေးမယ့် ဆွေးနွေးရေး အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အာဏာရပါတီနဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေတင်မကဘဲ ကဏ္ဍစုံက ကျွမ်းကျင်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေပါ ပါဝင်ဖို့ စီစဉ်ထားတာပါ။

-လွှတ်တော်အမတ် နမ်ဆောင်းဂွီ လုပ်နိုင်ခဲ့ပြီကွ။

-မဟုတ်ဘူး၊ လွှတ်တော်အမတ် လီဂျောင်ဟွန်း လုပ်နိုင်ခဲ့တာ။

-ဒါတွေအားလုံးက ညစ်ညမ်းဗီဒီယို တရားဝင်ဖြစ်ရေးကို ယူဆောင်လာဖို့အတွက် သူက အနစ်နာခံပြီး လူဆိုးမနေရာမှာနေကာ ကြိုတင်ပြင်ဆင်ပေးခဲ့တာများလား။

-အဲလိုမှမဟုတ်ရင်လည်း သူက အဲဒီလို မိုက်မဲတဲ့ ဥပဒေကြမ်းကို ဘာလို့ တင်ပြခဲ့လဲဆိုတာ ရှင်းပြလို့ရမှာမဟုတ်ဘူး။

-ငါတို့တွေက Dark Knight ကို အသိအမှတ် မပြုခဲ့မိဘူး။

-အခုထက်ထိ ဆဲဆိုခဲ့မိတာကို တောင်းပန်ပါတယ် ㅜㅜ

-လွှတ်တော်အမတ် လီဂျောင်ဟွန်းက တကယ်ပဲ ကိုရီးယား ညစ်ညမ်းဗီဒီယိုရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ပြီး လေဘာပါတီရဲ့ မျှော်လင့်ချက်ပဲ။

-လွှတ်တော်အမတ် ဂန်ဆေး (ကျောက်ခေတ်ကမိန်းမ)။ နှုတ်မထွက်ပါနဲ့။

ကျွန်တော်က တက်ဂယူနဲ့အတူ Faceit ရဲ့ စီအီးအို တိုဘီ နဲ့ Video Call ပြောခဲ့တယ်။

"တကယ်လို့ ဥပဒေ ပြင်ဆင်လိုက်ရင် ငါတို့တွေ ကိုရီးယားမှာ ဝန်ဆောင်မှုတွေကို တရားဝင် စတင်ဖို့ စီစဉ်ထားတယ်။ လက်ရှိ ဗီဒီယိုတွေမှာ ကိုရီးယားစာတန်းထိုးတွေ ထည့်သွင်းမှာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီး ကိုရီးယား Contentတွေကိုလည်း ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်"

ကိုရီးယား ဥပဒေက လူမျိုးအခြေပြု သဘောတရားကို ကျင့်သုံးတာပါ။

ဥပမာအနေနဲ့ ကိုရီးယားလူမျိုး A က အမေရိကန်ကို သွားပြီး ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုနဲ့ တရားဝင် စာချုပ်ချုပ်ကာ ညစ်ညမ်းဗီဒီယို ရိုက်ကူးတယ်လို့ ယူဆကြည့်ကြရအောင်။ ဒါက အမေရိကန် ဥပဒေအရ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိုရီးယား ဥပဒေက ကိုရီးယားလူမျိုး A အပေါ် သက်ရောက်မှုရှိတဲ့အတွက် သူက ညစ်ညမ်းပစ္စည်း ထုတ်လုပ်မှု (ညစ်ညမ်းဗီဒီယို ထုတ်လုပ်ခြင်း) နဲ့ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။

အခုထက်ထိတော့ ကိုရီးယား ညစ်ညမ်းဗီဒီယို ထုတ်လုပ်မှုက မဖြစ်နိုင်ခဲ့ပေမဲ့ ဥပဒေ ပြောင်းလဲသွားရင်တော့ ဒါက ပြောင်းလဲသွားပါလိမ့်မယ်။ အပြာကား ထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း ဥပဒေ ပြင်ဆင်မှုအပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ဖော်ပြခဲ့ကြတယ်။

တိုဘီက ပြုံးပြီး ပြောတယ်။

"ဒါတွေအားလုံးက အဲဒီအသနားခံစာကြောင့် ဖြစ်ရတာ။ လက်မှတ်ပေါင်း ၂ သန်းကျော် ရရှိခဲ့တယ်လို့ ကြားတယ်၊ အဲဒီအသနားခံစာ တင်ခဲ့တဲ့လူက အခြေအနေတွေ ဒီလို ဖြစ်လာလိမ့်မယ်ဆိုတာကို သိနေခဲ့တာလား"

အဲဒီစကားကို ကြားတော့ တက်ဂယူက ခေါင်းညိတ်ပြတယ်။

"ဒါပေါ့။ ငါ အဲဒီအသနားခံစာကို တင်ခဲ့တဲ့ အချိန်ကတည်းက ခံစားချက် ရှိခဲ့တာ"

"ဟားဟား။ အဲလိုလား"

"ဟမ်..."

ခဏတာ တိတ်ဆိတ်မှု ဖြစ်ပေါ်သွားခဲ့တယ်။

ကျွန်တော် ဘေးကို ခေါင်းလှည့်ပြီး မေးလိုက်တယ်။

"မင်း ဘာပြောလိုက်တာလဲ"

တက်ဂယူက ကျွန်တော့်အကြည့်ကို မသိမသာ ရှောင်လွှဲသွားခဲ့တယ်။

ကျွန်တော် အူကြောင်ကြောင် ဖြစ်သွားပြီး အော်ဟစ်လိုက်တယ်။

"အိုတက်ဂယူ….လဖွတ်ပဲ"

All Chapters