← Chapters

အခန်း ၁၉၆၇

Vol. 132 Ch. 1967

အခန်း ၁၉၆၇

Vol. 132 Ch. 1967

အခန်း (၁၉၆၇) လီချန်းယွမ် ငါတို့ရန်ငြှိုးကိုရှင်းကြတာပေါ့

ထိုအသံကို ကြား၍ မော့ကြည့်လိုက်ကြသောအခါတွင် ချူးယွင်ဖန်းသည် ကျားပျံ၏အလောင်းကြီးကို တောတောင်မြစ်ချောင်းပန်းချီကားထဲသို့ထည့်ရင်း ပြောနေသည်ကို တွေ့လိုက်ကြသည်။ သို့သော်လည်း မည်သူမှ သူဘဝမြင့်နေသည်ဟု မထင်ရဲကြပေ။ သူ၏မျက်လုံးအကြည့်တို့က မထုံတတ်သေးဖြင့် အေးစက်လှသည့် သတ်ဖြတ်လိုစိတ်တို့လည်း အထင်းသား မြင်နေရသည်။

ချူးယွင်ဖန်းတစ်ယောက် လက်နောက်ပစ်ရပ်ပြီး သွေးအိုင်ထဲတွင် ဆင်းလိုက်သည်။ သူ့တွင် မထိုးဖောက်နိုင်သော သူရဲကောင်းဝိညာဉ်မျိုးနှင့် တစ်လောကလုံးကို အထင်သေးနိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ထားပြီဖြစ်သည်။ အားလုံးက ကျန်နေသော မုန့်ထျန်းယန်၊ မုန့်ပေါ်ထျန်းနှင့် လီချန်းယွမ်တို့ကို ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် မုန့်‌ပေါ်ထျန်းက ပြောလိုက်သည်။

“ငါတော့ လက်လွှတ်လိုက်ပြီ”

သားရဲသားရေဝတ်ဆင်ထားသော မုန့်ပေါ်ထျန်းသည် နဂါးတစ်ကောင်၊ ကျားတစ်ကောင်နှင့်တူပြီး ခန္ဓာကိုယ်ကလည်း သာမာန်လူများ စိတ်ကူးကြည့်၍ပင် မရနိုင်သော အားပြင်းသည့်အငွေ့အသက်မျိုး ရှိသည်။

သို့သော်လည်း ပထမဆုံး သူပြောလိုက်သည် ဆုတ်ခွာလိုချင်ဖြစ်ကြောင်း ဖြစ်နေသဖြင့် အားလုံး အံ့ဩသွားကြသည်။ သို့သော်လည်း ထိုသို့ရွေးချယ်မှုလုပ်ရသည်ကို အားလုံးနားလည်ကြသည်။ မုန့်ပေါ်ထျန်းသည် ပါရမီရှင်စာရင်းတွင် အဆင့် (၁၅) ဖြစ်ပြီး ကျားပျံနှင့် ကွာခြားချက်ရှိသည်။ ကြောက်စရာကောင်းလှသည့် ချူးယွင်ဖန်းနှင့်သာ ရင်ဆိုင်ရပါက သူသေမည်မှာ သေချာပေါက်ပင်။

မုန့်ပေါ်ထျန်းသည် ရိုင်းစိုင်းကာ ကမူးရှူးထိုးနိုင်သည့်ပုံပေါ်သော်လည်း ဉာဏ်ကောင်းသူ ဖြစ်၏။ မဟုတ်လျှင် ထိုမျှအတိုင်းအတာထိ ကျင့်ကြံနိုင်မည်မဟုတ်ပေ။

"ကျုပ် အလယ်ပိုင်းလွင်ပြင်ကို လာခဲ့တာဟာ အတွေ့အကြုံသစ်တွေရဖို့နဲ့ လောကမှာရှိတဲ့ သူရဲကောင်းတွေကို တွေ့မြင်ချင်လို့ပါ။ အခုတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက် အောင်မြင်သွားပါပြီ"

မုန့်ဖိုထျန်းက လက်မြှောက်ပြ၍ ဆိုလိုက်သည်။

"ဒါ့အပြင် လူကြီးလူကောင်းတစ်ယောက်ဆိုတာ သူတစ်ပါး အမြတ်တနိုး တန်ဖိုးထားတာကို လုယူလေ့မရှိပါဘူး။ ညီနောင်ချူးလည်း အသက်ရှင်လျက် ရှိနေသေးတာဆိုတော့၊ ခင်ဗျားရဲ့ မိန်းကလေးကို ကျုပ် မလုယူချင်ပါဘူး။ ဒီတစ်ခါတော့ ကျုပ်ပဲ နောက်ဆုတ်ပေးလိုက်ပါ့မယ်။"

မုန့်ဖိုထျန်းသည် လူရိုင်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူ၏ လေသံမှာ အလွန်ပင် ယဉ်ကျေးနှိမ့်ချလှရာ တောရိုင်းဒေသမှ လာသူတစ်ဦးနှင့် လုံးဝ မတူပေ။

"သတင်းတွေအရဆိုရင် မုန့်ဖိုထျန်း က တစ်ချိန်က သူဘယ်သူဆိုတာကို ဖုံးကွယ်ပြီး သီလကျောင်းတော်မှာ ပညာသင်ကြားခဲ့ဖူးတယ်လို့ ဆိုကြတယ်။ သူဟာ တခြား တောင်ပိုင်းအရိုင်းအစိုင်းတွေနဲ့ မတူဘူးလို့ ပြောကြတာ အခုတော့ အဲ့ဒီသတင်းတွေက တကယ်ဖြစ်ပုံရတယ်"

"ဟုတ်တယ်၊ ငါလည်း ဒီသတင်းကို ကြားဖူးတယ်။ သူ သီလကျောင်းတော်မှာ ရှိစဉ်က အရမ်းနာမည်ကြီးခဲ့တာ။ အချို့ဆရာတွေကတောင် သူ့ကို လက်ရွေးစင်အဖြစ် ရွေးချယ်ခဲ့ကြပြီး နောင်တစ်ချိန်မှာ တရှရဲ့ အားကိုးထိုက်တဲ့ မဏ္ဍိုင်ကြီး ဖြစ်လာနိုင်တယ်လို့ ဆိုခဲ့ကြတယ်။ နှမြောစရာကောင်းတာက သူက အရိုင်းအစိုင်းတစ်ယောက် ဖြစ်နေတာပဲ"

ထိုအချိန်တွင် လူတိုင်း၏ အကြည့်များမှာ ရွေးချယ်မှု မပြုရသေးသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သော လီချန်းယွမ်ထံသို့ ရောက်သွားတော့သည်။

"လီချန်းယွမ် ငါတို့ရဲ့ ရန်ငြိုးတွေကို ဒီနေရာမှာတင် အဆုံးသတ်နိုင်တယ်။ တကယ်လို့ မင်းက ကြောက်နေတယ်ဆိုရင်လည်း လှည့်ပြန်သွားလို့ ရပါတယ်၊ ငါ မင်းကို မတားပါဘူး"

လီချန်းယွမ်သည် ထိုစကားကို ကြားသောအခါတွင် ဒေါသအရိပ်အယောင်များ မျက်နှာတွင် ပေါ်လာတော့သည်။ တစ်ချိန်က သူကိုယ်တိုင် ချူးယွင်ဖန်းကို ဤကဲ့သို့ပင် အထင်သေးစွာ ကြည့်ခဲ့ဖူးသည်။ သို့သော် တစ်နေ့တွင် အခြေအနေများ ပြောင်းပြန်ဖြစ်သွားပြီး ချူးယွင်ဖန်းက သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထင်သေးစွာ ပြန်ကြည့်လာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤသည်မှာ သူ့အတွက် တကယ့်ကို သည်းမခံနိုင်စရာကိစ္စပင်။

"မင်းရဲ့ ရန်စတဲ့ နည်းလမ်းက သိပ်တော့ မထူးဆန်းလှပါဘူး"

သူက ချူးယွင်ဖန်းကို အေးစက်စွာ တုံ့ပြန်လိုက်သည်။

ချူးယွင်ဖန်းသည် သူ့ကို ရန်စရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသည်။ စည်းမျဉ်းများကို ခွင့်ပြုချက်မရှိဘဲ ချိုးဖောက်ခဲ့သော ကျားပျံမျိုးနွယ်စုဝင် သုံးဦး၏ အဖြစ်အပျက်ကို လူတိုင်း မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ ချူးယွင်ဖန်းအနေဖြင့်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် စည်းမျဉ်းများကို မချိုးဖောက်ရဲပေ။ ထို့ကြောင့် လီချန်းယွမ်ကို ထောင်ချောက်ထဲသို့ ဆွဲသွင်းရန်သာ သူ နည်းလမ်းရှာနေခြင်း ဖြစ်ပေလိမ့်မည်။

ထိုသည်မှာ ပူးပေါင်းကြံစည်ခြင်းမဟုတ်ဘဲ အားလုံး‌ရှေ့တွင် ပေါ်တင်ပင် စိန်ခေါ်လိုက်ခြင်းဖြစ်၏။ သို့သော် ထိုအကွက်က ထိရောက်သည်ဟု ဝန်ခံရပေမည်။ ထောင်ချောက်မှန်းသိသော်လည်း ခြေစုံပစ်ဝင်ရန်ကလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

"ဒါပေမဲ့ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့တာတော့ အမှန်ပဲ။ ကျားပျံကို သတ်နိုင်ရုံနဲ့ ငါ့ကို ယှဉ်နိုင်ပြီလို့ မင်းထင်နေတာလား။ဟာသပဲ”

လီချန်းယွမ် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် ပြိုင်ကွင်း အလယ်တည့်တည့်သို့ ရောက်ရှိသွားတော့သည်။ သူ၏ အရှိန်အဟုန်က မည်သူမျှ သတိမပြုမိနိုင်လောက်အောင်ပင် မြန်ဆန်လွန်းလှသည်။

"မင်း ငါ့ကို ဆွဲသွင်းနေဖို့ မလိုပါဘူး။ မင်းပြောသလိုပဲ ငါတို့ရဲ့ ရန်ငြိုးတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြ”

"လီချန်းယွမ်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီဟေ့။ ဒါဟာ အစွမ်းထက်ဆုံး ပါရမီရှင်တွေရဲ့ ပြိုင်ပွဲ ဖြစ်လာတော့မှာလား”

"ဖြစ်နိုင်ခြေ များတယ်။ ချူးယွင်ဖန်းရဲ့ စွမ်းအားက လီချန်းယွမ်နဲ့ သူမသာကိုယ်မသာပဲ ရှိမယ်ထင်တယ်။ ကွာခြားချက် ရှိရင်တောင် သိပ်မများလောက်ဘူး”

"မင်းတို့ရော ဘယ်သူနိုင်မယ် ထင်သလဲ”

“ငါတော့ လီချန်းယွမ် နိုင်မယ်ထင်တယ်။ သူက ပါရမီရှင်စာရင်းမှာ နံပါတ်တစ်လေ။ နှစ်ပေါင်းများစွာကြာအောင် မရေမတွက်နိုင်တဲ့လူတွေက အမှီလိုက်ချင်ကြပေမဲ့လို့ သူ့ကို မမှီကြဘူး။ သူကပဲ သူများတွေကို ဖိနှိပ်နေတာ”

“အမှန်ပဲ။ ငါလည်း လီချန်းယွမ်နိုင်မယ် ထင်တယ်။ ချူးယွင်ဖန်းက အားကောင်းပေမဲ့လို့ အခြေခံကတော့ မရှိဘူး”

လူအများစုကမူ ထိုသို့တွေးကြပေသည်။ ဒဏ္ဍာရီလာ အားအကောင်းဆုံး လီချန်းယွမ်ဟုသောဂုဏ်ပုဒ်သည် ဆယ်စုနှစ်မက မပြောင်းမလဲတည်ရှိနေခြင်းပင် ဖြစ်လေ၏။

--

All Chapters