← Chapters

အခန်း ၁၉၆၈

Vol. 132 Ch. 1968

အခန်း ၁၉၆၈

Vol. 132 Ch. 1968

အခန်း (၁၉၆၈) မတော်တဆသတ်မိသွားရင် ပျော်စရာမကောင်းတော့ဘူးမဟုတ်လား

လီချန်းယွမ်သည် ထူးချွန်သည့် ပါရမီရှင်လူငယ်မျိုးဆက်အဖြစ် ရပ်တည်လာသည်မှာ ဆယ်စုနှစ်ကျော်ပြီဖြစ်သည်။ သူနှင့်မတည့်သောသူများပင်လျှင် သူသည် အင်အားအရာ၌ ပြိုင်ဘက်အားလုံးထက် သာသည်ကို ဝန်ခံရပေမည်။

သူသည် စကြာဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့်သို့ ပထမဆုံးဝင်နိုင်သော သူဖြစ်ကာ နောင်တွင် ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်၍ တက်လှမ်းနိုင်မည့်သူပင် ဖြစ်လာနိုင်သည်။ သူ၏ဂုဏ်သတင်းကလည်း မရေမတွက်နိုင်သော အားကောင်းသည့်ရန်သူများကို အနိုင်ယူပြီး ပထမဖြစ်လာခြင်း ဖြစ်သည်။

“ငါတော့ သဘောမတူဘူး။ ဒီနေ့မတိုင်ခင်ကတော့ ငါလည်း အဲ့လိုပဲမြင်မိမှာ။ ဒါပေမဲ့ အခုတော့ ချူးယွင်ဖန်း နိုင်မယ်ထင်တာပဲ”

“အင်း ငါလည်း အဲ့လိုထင်တယ်။ လီချန်းယွမ်ရဲ့အင်အားက အားကောင်းတယ်ဆိုပေမဲ့ သူသာဆို ကျားပျံကို အလွယ်လေး သတ်နိုင်ပါ့မလား”

“လီချန်းယွမ်ရဲ့အင်အားက ငါတို့မျှော်မှန်းထားတာထက် ပိုတယ်။ ဒါပေမဲ့လို့ ချူးယွင်ဖန်းက ဒီအတိုင်းအတာကို ကျော်လွန်နေတာ။ ဒီနေ့တော့ သူပြင်ဆင်ပြီးမှ လာခဲ့တာဖြစ်မယ်”

လူအများစုက လီချန်းယွမ်ကို ထောက်ခံကြသော်လည်း ချူးယွင်ဖန်းကို ရွေးချယ်ကြသည့်လူများလည်း ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏စွမ်းဆောင်ရည်က အတော်လေးပြောင်မြောက်လွန်းသောကြောင့်ပင်။ မီးတောက်သခင်နှင့် အခြားသူများကို သတ်လိုက်သည်ကို မျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်သော်လည်း ချန်းရွှေနဲ့ ကျားပျံကိုသတ်လိုက်သည်ကိုမူ အားလုံးမြင်လိုက်ကြရသည်။ ချူးယွင်ဖန်း၏ အံ့ဩစရာကောင်းသောအင်အားက အားလုံးကို ကြောက်လန့်တကြား တုန်ယင်အောင် လုပ်နိုင်ပေသည်။

လီချန်းယွမ်၏ မျက်ဝန်းအစုံသည် အသက်ရှင်ခြင်းနှင့် သေခြင်းတရားတို့ ကိန်းအောင်းနေသည့် ကမ္ဘာတစ်ခုအလား အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော နတ်ဘုရားစွမ်းအားလှိုင်းလုံးများမှာ တစ်ဟုန်ထိုး ပွင့်အာထွက်ပေါ်လာတော့သည်။

"ဖန်ဆင်းရှင်အဆင့် စတုတ္ထအထွတ်အထိပ်အဆင့်.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ စွမ်းအားတွေက ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်မိသည်။

လီချန်းယွမ်၏ စွမ်းအားမှာ အမှန်တကယ်ပင် ဖန်ဆင်းရှင်အဆင့် စတုတ္ထအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိနေသည်ကို လူတိုင်း မြင်တွေ့နိုင်ကြသည်။ ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း သူသည် ယခင်က သေလုမျောပါးဖြစ်ခဲ့ရသည့် ဒဏ်ရာပြင်းထန်မှုဒဏ်ကြောင့် နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိရုံသာမက၊ အခြေခံကျင့်စဉ်ကိုပါ ပိုမိုခိုင်မာအောင် မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ ရောက်ရှိနေသည့် အဆင့်သည် လူတိုင်းကို အံ့အားသင့်တုန်လှုပ်သွားစေသည့် အခြေအနေပင် ဖြစ်သည်။

အမြဲတမ်း တည်ငြိမ်အေးစက်နေလေ့ရှိသော မင်းသမီးယွင်ယန်ပင်လျှင် ဤသည်ကို မြင်သောအခါတွင် မျက်မှောင်ကြုတ်လိုက်မိသည်။ လီချန်းယွမ်၏ စွမ်းအားမှာ ရုတ်တရက် ထိုးတက်လာခြင်းကြောင့် ဘေးမှလူများမှာ ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ ဖန်ဆင်းရှင်အဆင့်သို့ ပထမဆုံး စတင်ဝင်ရောက်စဉ်က ဖြစ်ပေါ်ခဲ့သော အာရုံခံစားမှုမျိုးနှင့် အလားသဏ္ဌာန်တူလှသည်။

လီချန်းယွမ်၏ စွမ်းအင်လှုပ်ခတ်မှုများကို အာရုံခံမိသည့်အခါတွင် ချူးယွင်ဖန်းပင်လျှင် ခဏမျှ ကြောင်အသွားရသည်။ သူ မှတ်မိသလောက်ဆိုလျှင် လီချန်းယွမ်သည်ယခင်က ဖန်ဆင်းရှင်အဆင့် တတိယအဆင့် အမြင့်ဆုံးတွင်သာ ရှိသေးသည်။ ချူးယွင်ဖန်းက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သော်လည်း လီချန်းယွမ်၏ တိုးတက်မှုက နှေးကွေးမသွားခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ ကျင့်စဉ်မှာ ပိုမိုတိုးတက်လာပြီး စတုတ္ထအဆင့် အမြင့်ဆုံးသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လီချန်းယွမ်တွင် ဘုရင်အဆင့် ခန္ဓာကိုယ်တည်ဆောက်ပုံဖြစ်သည့် မီးနတ်ဘုရားခန္ဓာရှိနေခြင်းကြောင့်လည်းကောင်း၊ သူသည် နှစ်ပေါင်းများစွာကြာအောင် ပါရမီရှင်စာရင်း၏ နံပါတ်တစ်နေရာကို ထိန်းထားနိုင်ခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းရှိ ပါရမီရှင်များစွာကို ဖိနှိပ်ထားနိုင်ခဲ့သည်မှာ သူ၏ ကျော်ကြားမှုနှင့် ထိုက်တန်လှပေသည်။

လီချန်းယွမ်က အေးစက်စွာ ဆိုလိုက်သည်။

"ချူးယွင်ဖန်း မင်း နောင်တရစေရမယ်။ မင်းက ငါ့ကို ထောင်ချောက်ထဲ ဆွဲသွင်းလိုက်ပြီလို့ ထင်နေတာလား။ တကယ်တော့ ဒါဟာ ငါ့ရဲ့ ရည်မှန်းချက်ပဲ။ ငါတို့ရဲ့ ရန်ငြိုးတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခုတော့ ဒါတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ”

"အရင်တုန်းက ငါ့ကို မော့ကြည့်ဖို့တောင် အရည်အချင်းမရှိတဲ့ ဒီပုရွက်ဆိတ်က အခုတော့ ငါ့ကို စိန်ခေါ်နိုင်စွမ်းရှိလာပြီပဲ။ လောကကြီးက တကယ်ကို ခန့်မှန်းရခက်တယ်ဆိုတာ ငါကိုယ်တိုင်တောင် ဝန်ခံရလိမ့်မယ်။ ဒါပေမဲ့ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဒီနေ့မှာတော့ အားလုံးက အဆုံးသတ်ပစ်ရမယ်”

ချူးယွင်ဖန်းက တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"လီချန်းယွမ် မင်းရဲ့ မီးနတ်ဘုရားခန္ဓာကိုယ်က ဘယ်မှာလဲ?။မင်းရဲ့ အစွမ်းကုန်ကိုသာ ထုတ်သုံးလိုက်စမ်းပါ၊ မဟုတ်ရင် ပွဲက ပျင်းစရာကောင်းနေလိမ့်မယ်”

"ဘာ၊ လီချန်းယွမ်ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက မီးနတ်ဘုရားခန္ဓာ ဟုတ်လား”

လူအများမှာ အံ့အားသင့်ကာ အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။ ဤလျှို့ဝှက်ချက်ကို သိရသူ အလွန်နည်းပါးလှသည်။ အမှန်တွင် ဤသည်မှာ လီချန်းယွမ်၏ ဝှက်ဖဲဖြစ်ပြီး ထိုကဲ့သို့သော လက်နက်မျိုးကို လူသိနည်းလေ ပိုကောင်းလေပင် ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ သိသွားပါက ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ပါရမီရှင်များစွာထဲတွင် မိမိတို့၏ ထူးခြားသော ခန္ဓာကိုယ်ပိုင်ဆိုင်မှုများကို လျှို့ဝှက်ထားသူ အမြောက်အမြားရှိရာ လီချန်းယွမ်မှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၌ ဘုရင်အဆင့် ခန္ဓာကိုယ်တည်ဆောက်ပုံရှိနေသည်မှာ အားလုံးက သေချာနေသော်လည်း မည်သည့်အမျိုးအစားဖြစ်သည်ကိုမူ မည်သူမျှ မသိရှိခဲ့ကြပေ။

"မင်း ငါ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အကြောင်းကို ဘယ်လိုလုပ် သိတာလဲ"

လီချန်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်။

ချူးယွင်ဖန်းက သူ၏ခန္ဓာကိုယ်မှာ မီးနတ်ဘုရားခန္ဓာဖြစ်ကြောင်း မည်သို့ သိရှိသွားသနည်း။ သူသည် ဤအစွမ်းကို အလွန်တရာ အသုံးနည်းလှသဖြင့် လျှို့ဝှက်ဆန်းကြယ်ပွဲကြည့်စင်ပင်လျှင် မသိရှိနိုင်ချေ။ သို့ဆိုလျှင် ချူးယွင်ဖန်းက မည်သို့ သိသွားပါသနည်း။

"ငါ ဘယ်လိုသိလဲဆိုတာ မင်း ဂရုစိုက်နေဖို့ မလိုပါဘူး။ ထုတ်သာ သုံးလိုက်စမ်းပါ။ မဟုတ်ရင် ငါ မတော်တဆ မင်းကို သတ်မိသွားလိမ့်မယ်။ အဲ့ဒါဆိုရင် ပျော်စရာမကောင်းတော့ဘူး မဟုတ်လား"

ချူးယွင်ဖန်းက ပြုံးပြလိုက်သည်။ သူ၏အမူအရာက အလွန်အမင်း အေးစက်လှသဖြင့် ကြည့်ရသူများကို ရေခဲဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေသည်။

"ဟားဟားဟားဟား.... ငါ့ကို မတော်တဆ သတ်မိမယ် ဟုတ်လား"

လီချန်းယွမ်က မထီမဲ့မြင်ဖြင့် ရူးသွပ်သလို အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ အနက်ရောင်ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေပြီး ရူးသွပ်နေသူတစ်ဦးနှင့်ပင် တူနေတော့သည်။

"ငါ့ကို တစ်ခါမှ ဒီလိုမျိုး ဘယ်သူမှ မပြောရဲခဲ့ဖူးဘူး။ မင်းက ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်စေရမယ်”

“မင်းက ဒီလောက်တောင် အောက်ခြေလွတ်နေတယ်ဆိုမှတော့ မင်းဘာတတ်နိုင်လဲ ကြည့်ရသေးတာပေါ့”

ထိုသို့ပြောပြီးသည်နှင့် လီချန်းယွမ်ဘက်မှ စတင်လှုပ်ရှားလေတော့၏။

--

All Chapters