← Chapters

အခန်း ၁၉၇၀

Vol. 132 Ch. 1970

အခန်း ၁၉၇၀

Vol. 132 Ch. 1970

အခန်း (၁၉၇၀) ပါရမီရှင်စာရင်းနံပါတ်တစ်

ချူးယွင်ဖန်းက ကောင်းကင်အမြင့်တွင် ရပ်နေပြီး မြေကြီးပေါ်မှ ပုရွက်ဆိတ်လေးများကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးနှင့် တူသည်။

လီချန်းယွမ်၏အကြည့်တို့က ဒဏ်ရာရသွားသော သားရဲကဲ့သို့ ကြောက်စရာကောင်းလှသည်။ အင်္ကျီစဖြင့် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ချူးယွင်ဖန်းကို ကြည့်နေသည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏အကြည့်က အမှန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။

နတ်နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသည်နှင့် တူသည်။ တစ်ခါက လီချန်းယွမ်သည်လည်း ထိုအကြည့်မျိုးဖြင့် အခြားသူများကို ကြည့်ဖူးသဖြင့် ထိုအကြည့်နောက်ကွယ်က အဓိပ္ပာယ်ကို သိသည်။ ထို့ကြောင့် ရှက်လည်းရှက်သကဲ့သို့ ဒေါသလည်းထွက်မိသည်။

မကြာသေးခင်ကမှ သူသည် ပြိုင်ဘက်ကို ထိုအကြည့်မျိုးဖြင့် ကြည့်ခဲ့သူဖြစ်သည်။ အခြားသူများက မိမိကို ထိုသို့ကြည့်သောအခါတွင်မူ ခံရက်နိုင်စရာမရှိပေ။

ချူးယွင်ဖန်းက အခွင့်ကောင်းကို အသုံးချ၍ အနိုင်မယူဘဲ လီချန်းယွမ်နောက်သို့သာလိုက်သည်။ သူ့အမြင်သည် ဤသည်မှာ အနိုင်ကျင့်သောအပြုအမူမျိုး ဖြစ်သည်။ မိမိ၏အင်အားအရာတွင် ယုံကြည်ချက်ပြင်းထန်နေသောကြောင့် မလိုအပ်လျှင် မတိုက်ခိုက်လိုပေ။

“ချုူးယွင်ဖန်း ဘယ်သူမှ ငါ့ကို ဒီလိုမျိုး အထင်မသေးရဲကြဘူးကွ”

လီချန်းယွမ် ပေါက်ကွဲထွက်လာသည်။ ပါရမီရှင်စာရင်း၏ နံပါတ်တစ်ဟုသောမာနက ပေါက်ကွဲထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။

“ယောက်ျားအားနဲ့ဓား ပေါင်းစပ်ခြင်း”

လီချန်းယွမ်သည် ဓားရှည်တစ်ချောင်းအဖြစ် ပြောင်းသွားကာ အပြေးဝင်လာတော့သည်။ နေရာတိုင်း၌ ဓားအလင်းများ ဖြာထွက်လာပြီး ထိုဓားထက်တွင် ကျောက်ထွင်းစာများပါကာ ရှေးခေတ်ဓားသိုင်းလောကမှ စာများနှင့် ဆင်တူသည်။ ထိုဓားအလင်းက နတ်ဘုရားစွမ်းအားမျိုးကို သယ်ဆောင်လာပြီး ချူးယွင်ဖန်းဆီသို့ ဦးတည်ဝင်ရောက်လာသည်။

"အသုံးမဝင်ဘူးလို့ ငါပြောသားပဲ"

ချူးယွင်ဖန်းက အေးစက်စွာ လှောင်ပြုံးပြုံးရင်း အော်ဟစ်လိုက်သည်။

"ငရဲကန်ချက်ကိုးသွယ်"

ဓားအလင်းတန်းကြီးက သူ့ထံသို့ ကျရောက်လာတော့မည့်ဆဲဆဲတွင် သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

ဝုန်း. . . .

တစ်လောကလုံး တုန်ဟီးသွားကာ ကမ္ဘာမြေကို နှစ်ခြမ်းခွဲနိုင်လောက်သည့် ဓားအလင်းတန်းကြီးသည်ပင် ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။ ချူးယွင်ဖန်း၏ ခြေဖဝါးအောက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာပြီး ငရဲရေလှိုင်းများအသွင်ဖြင့် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

"တုန်လှုပ်စရာကောင်းတဲ့ ခြေလှမ်းပညာရပ်ပါလား။ ဒါ ဘယ်လိုမျိုး ထူးခြားတဲ့ တန်ခိုးစွမ်းအားလဲ၊ တကယ်ကို အစွမ်းထက်လွန်းတယ်"

တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်မိသည်။

ဤခြေလှမ်းပညာရပ် အပြည့်အစုံမှာ ကိုးလှမ်းဖြစ်သော်လည်း ချူးယွင်ဖန်းသည် လေးလှမ်းမျှဖြင့်ပင် လီချန်းယွမ်ကို ဤမျှအထိ အကျပ်ရိုက်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကိုးလှမ်းစလုံးကို နင်းလိုက်ပါက မည်မျှအထိ အံ့ဩစရာကောင်းလိုက်မလဲ။

"လီချန်းယွမ်ဟာ အရှေ့ပင်လယ်ရဲ့ နံပါတ်တစ်သခင် ပင်လယ်အရှင်သခင်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ။ သူ့ရဲ့ ကံတရားက တကယ့်ကို အံ့မခန်းပဲ၊ အချိန်တိုအတွင်းမှာပဲ ပင်လယ်အရှင်သခင်ရဲ့ အတတ်ပညာတွေကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့တယ်။ ဒါတင်မကသေးဘူး၊ သူက ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်နေရာမှာ ရှိနေတာ။ ဒါပေမဲ့ တကယ့်ကို တုန်လှုပ်စရာကောင်းတာက ချူးယွင်ဖန်းပဲ။ သူ ဘယ်က လာသလဲဆိုတာ မသိရပေမဲ့ သူလည်းပဲ ကြီးမားတဲ့ ကံကောင်းမှုမျိုး ကြုံခဲ့ရတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ ကိုယ်ခံပညာရပ်တွေကို ဘယ်က သင်ယူခဲ့မှာလဲ။ ဒါက ပင်လယ်အရှင်သခင်ရဲ့ ပင်လယ်မှောက်ခုံလှန်ဓားထက်တောင် သိသိသာသာ အစွမ်းထက်နေတယ်”

လူတိုင်း အလွန်အမင်း တုန်လှုပ်နေကြသည်။ သူတို့ မြင်တွေ့နေရသည့် အစိတ်အပိုင်းလေး တစ်ခုတည်းမှာပင် ယခင်က သူတို့ တစ်ခါမျှ မသိခဲ့ဖူးသည့် အရာများစွာကို ခန့်မှန်းနိုင်ရန် လုံလောက်နေပြီဖြစ်သည်။

ဤသည်မှာ သူတို့၏ ယခင်ယူဆချက်များကို လုံးဝဥဿုံ ပြောင်းလဲသွားစေရန် လုံလောက်ပေသည်။ ယခင်ကဆိုလျှင် အမွေအနှစ်တွင်ဖြစ်စေ၊ အရင်းအမြစ်တွင်ဖြစ်စေ လီချန်းယွမ်ကသာ အသာစီးရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပေ။ အနည်းဆုံး အမွေအနှစ်အပိုင်းတွင် ချူးယွင်ဖန်းက လီချန်းယွမ်ကို လုံးဝ အပြတ်အသတ် ချေမှုန်းထားနိုင်ပြီဖြစ်သည်။

ဤတွေ့ရှိချက်သည် လူအများ၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေပြီး လီချန်းယွမ်၏ အောင်နိုင်မှုကို မျှော်လင့်မည့်အစား ချူးယွင်ဖန်း၏ အနိုင်အရှုံးကိုသာ စောင့်ကြည့်စရာ ဖြစ်လာခဲ့သည်။

ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ လီချန်းယွမ်က သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြသသည့်တိုင်အောင် ချူးယွင်ဖန်းကမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ လီချန်းယွမ်၏ အဆင့်သည် ချူးယွင်ဖန်း၏ အမြင့်ဆုံး ခွန်အားပမာဏနှင့် အလှမ်းဝေးနေသေးသည်မှာ ထင်ရှားလှသည်။ ထိုအခါမှသာ ချူးယွင်ဖန်းသည် အဘယ်ကြောင့် မီးတောက်နီနတ်ဆိုးဂိုဏ်း၏ အကြီးအကဲကို အလွယ်တကူ အပိုင်းပိုင်းဖြတ်နိုင်ခဲ့သည်ကို လူအများ နားလည်သွားကြတော့သည်။

နှစ်ဖက်စလုံး၏ အဆင့်အတန်းက လုံးဝ မတူညီကြတော့ပေ။

ထိုအကြီးအကဲသည် မျိုးဆက်သစ်လူငယ်များ မည်မျှအထိ အစွမ်းထက်လာသည်ကို လုံးဝ မသိရှိခဲ့ခြင်းဖြစ်သည်။ သူသည် မုန့်ထျန်းယန်နှင့် မုန့်ပေါ်ထျန်းတို့ကိုပင် အနိုင်ယူနိုင်ရာ လီချန်းယွမ်နှင့် ချူးယွင်ဖန်းတို့ကိုဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။

လူအများမှာ ပို၍ ကြောက်စရာကောင်းသည့် အမှန်တရားတစ်ခုကို သတိပြုမိလိုက်ကြသည်။

"ဒီတိုက်ပွဲက သူတို့နှစ်ယောက်ရဲ့ အသက်လုပွဲတင် မဟုတ်တော့ဘူး။ ဒါက ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးနေရာ ပြောင်းလဲမှုကိုပါ သက်ရောက်သွားနိုင်တယ်။ ဆယ်နှစ်ကျော်ကြာ တစ်ခါမှ မပြောင်းလဲခဲ့တဲ့ အဲဒီနံပါတ်တစ်နေရာက အခု ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားတော့မှာလား”

ဤအချက်ကို တွေးမိသည်နှင့် လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲကွင်းပြင်ကို စူးစိုက်ကြည့်နေကြတော့သည်။

ထူထပ်သော မြူနှင်းများကြားရှိ ဘေးတစ်ဖက်တွင်မူ ယခင်က မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိသော မင်းသမီးကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှသာ သူမ၏မျက်နှာတွင် ထူးခြားသော အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။

"ငရဲကန်ချက်ကိုးသွယ်လား။ တကယ်ကို အံ့ဩစရာကောင်းတဲ့ အမွေအနှစ်ကို ရထားတာပဲ”

သူမသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ရှိသော်လည်း ခဏချင်းမှာပင် သူမ၏ မျက်နှာမှာ ထုံးစံအတိုင်း ပြန်လည်တည်ငြိမ်သွားကာ ထိုလူနှစ်ဦး၏ တုန်လှုပ်ဖွယ်ခွန်အားများကြောင့် လုံးဝ တုန်လှုပ်ခြင်းမရှိတော့သလိုပင် ရှိနေတော့၏။

“ဟေး နံပါတ်တစ်ပါရမီရှင် ဒါအကုန်ပဲလား”

ချူးယွင်ဖန်းက လက်နောက်ပစ်ရပ်၍ လှောင်ပြောင်လိုက်သည်။

“မင်း ငါနဲ့ပြိုင်ဖို့ ဘယ်ကယုံကြည်ချက်တွေ ရလာတာလဲတော့ ငါမသိဘူး။ ငါသာ မင်းလို အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးရင် မင်းကိုသတ်ဖို့ဆိုတာက ပုရွက်ဆိတ်လေးကို ဖိခြေပစ်သလိုပဲရှိမှာ”

--

All Chapters