← Chapters

အခန်း ၁၉၇၁

Vol. 132 Ch. 1971

အခန်း ၁၉၇၁

Vol. 132 Ch. 1971

အခန်း (၁၉၇၁) မီးနတ်ဘုရားခန္ဓာကိုယ်လား သွားစမ်းပါ

ချူးယွင်ဖန်း၏စကားလုံးများ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။ အားလုံးက ထိုစကားများကို ကြားလိုက်ရသည်နှင့် သူ့ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

ဘယ်လောက်ထိအောင် အံ့ဩဖို့ကောင်းတဲ့ ယုံကြည်ချက်မျိုးလဲ။

ချူးယွင်ဖန်း၏ကျင့်ကြံချိန်က လီချန်းယွမ်နှင့် အတူတူလောက် ရှိလျှင် သူက လီချန်းယွမ်ကို လှည့်ပင်မကြည့်သည်မျိုး ဖြစ်နိုင်သည်။ ထိုမတိုင်ခင်က မည်သူမှစိတ်ထဲမထည့်ကြပေ။ ချူးယွင်ဖန်းရူးနေသည်ဟုသာ ထင်ကြ၏။

လီချန်းယွမ်ဆိုတာက ဘယ်သူများလဲ။

ပါရမီရှင်စာရင်းတွင် နံပါတ်တစ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာသူမလား။

သူသည် နောင်တွင် လောကကြီး၏နံပါတ်တစ် ဖြစ်လာနိုင်သည်။

သူနှင့်အတူတူ လေ့ကျင့်ခဲ့ကြသည့်ပြိုင်ဘက်များ၊ ပို၍ကြာအောင် လေ့ကျင့်ခဲ့ကြသည့်ပြိုင်ဘက်များကိုပင် သူက အမှီလိုက်နိုင်ခဲ့သည်။ သူ၏ပါရမီက ထူးခြားပြီး ရှားပါးသည်မှာ သိသာလှသည်။ သို့သော်လည်း လီချန်းယွမ်နှင့် နှိုင်းစာလျှင် ချူးယွင်ဖန်း၏ကျင့်ကြံသည့်ကာလက တစ်ဝက်ပင်မရှိသော်လည်း လီချန်းယွမ်ကိုပင် အနိုင်ယူလိုက်နိုင်သည်။ ထိုသို့ပါရမီနှင့် ခွန်အားမျိုးက အားလုံးကို ပြောစရာစကားပျောက်ဆုံးသွားစေ၏။

သို့သော်လည်း လူများပို၍တုန်လှုပ်သွားရသည်မှာ ချူးယွင်ဖန်း၏ လက်ရှိပစ်မှတ်သည် အားလုံး လိုက်မမှီသော လီချန်းယွမ်ဖြစ်နေခြင်းပင်။

“ငါ့ကို စော်ကားရဲတယ်ပေါ့လေ”

လီချန်းယွမ်၏အကြည့်က ဒဏ်ရာရနေသောသားရဲပမာ ခက်ထန်လှကာ ဒေါသဖြင့် ပေါက်ကွဲသွားလေတော့သည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးဟုန်းဟုန်းတောက်လောင်လာပြီး ပြင်းထန်သောမီးလျှံများ ပျံ့နှံ့သွားရာ မီးတောက်သားရဲတစ်ကောင်နှင့်ပင် တူလှတော့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း နှစ်မီတာနီးပါးမှ လေးမီတာကျော်အထိ မြင့်တက်လာပြီး ချူးယွင်ဖန်းထက် နှစ်ဆနီးပါး ပိုမိုကြီးမားလာလေသည်။

"ငါ့ရဲ့ မီးနတ်ဘုရားခန္ဓာကိုယ်ကို ထုတ်သုံးလာအောင် လုပ်တာက မင်းရဲ့ရည်ရွယ်ချက်ပေါ့? ဒါပေမဲ့ မင်းနောင်တရရလိမ့်မယ်။ ငါ့ရဲ့ ဒီကိုယ်ခန္ဓာပညာရပ်အောက်မှာ ဘယ်သူမှ အသက်ရှင်မလွတ်မြောက်ဖူးဘူး”

လီချန်းယွမ်၏ အော်ဟစ်သံမှာ ကောင်းကင်ယံကို ဖောက်ထွက်သွားမတတ် ပြင်းထန်လှသည်။ သို့သော် ချူးယွင်ဖန်းကမူ ခနဲ့သော အပြုံးဖြင့် သူ၏လိမ်ညာမှုကို ဖွင့်ချလိုက်၏။

"မင်းရဲ့ မီးနတ်ဘုရားခန္ဓာကိုယ်အောက်မှာ ဘယ်သူမှ အသက်မရှင်ဖူးဘူးဆိုတာ တကယ်ပဲလား။ အရင်တုန်းက ဒီကိုယ်ထည်ပညာရပ်ကို သုံးပြီးတော့မှ ခွေးပြေးဝက်ပြေး အပြတ်အသတ် အရိုက်ခံခဲ့ရတာ ဘယ်သူပါလိမ့်”

ထိုအခါမှ လီချန်းယွမ်သည် လွန်ခဲ့သောအချိန်က ထူးဆန်းသောလူတစ်ဦးထံတွင် လမ်းဘေးခွေးတစ်ကောင်လို အရိုက်ခံခဲ့ရသည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။ အကယ်၍ သူသာ အမြန်မပြေးခဲ့ဘဲ အပြစ်ခံအရုပ်သာ မရှိခဲ့ပါက သူသည် လွန်ခဲ့သောအချိန်ကတည်းက သေဆုံးခဲ့ပြီဖြစ်သည်။

ဘုန်း. . . .

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်မိကြပြန်သည်။ မီးနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းထားသော လီချန်းယွမ်ကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းမှာမူ အကြောက်အလန့်မရှိပေ။ သူ၏ခန္ဓာကိုယ်မှာ ပြန်လည်နိုးထလာသော ရှေးဦးသားရဲကြီးတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ဓားအလင်းတန်းများကြားထဲသို့ တိုးဝင်သွားလေသည်။

ဘုန်း. . . .

ဓားအလင်းတန်းများက ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း သူက လျင်မြန်စွာပင် လှုပ်ရှားလိုက်သည်။ လက်များကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ဖဝါးများထဲမှ လျှပ်စီးတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာ၏။

"ကြေမွစမ်း”

ထိုခဏ၌ပင် ဓားအလင်းတန်းကြီးက အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖြဲခြင်း ခံလိုက်ရတော့သည်။ ချူးယွင်ဖန်းသည် တကယ့်ကို တုန်လှုပ်စရာအကောင်းဆုံး သားရဲကြီးတစ်ကောင်အလား သူ၏အစွမ်းထက်လှသော ခန္ဓာကိုယ်ဖြင့် တစ်လောကလုံးကို လွှမ်းမိုးထားနိုင်တော့သတည်း။

"တစ်ခါပြန်ပြီး တိုက်စမ်း"

လီချန်းယွမ်က ဟိန်းဟောက်လိုက်သည်။

ယခုအချိန်တွင် သူသည် ချူးယွင်ဖန်း၏ ခွန်အားအပေါ် အံ့ဩမှင်သက်နေရန် အချိန်မရှိတော့ဘဲ တိုက်ပွဲထဲ၌သာ အာရုံအပြည့် ထည့်ထားတော့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အသက်အန္တရာယ်ကို အမှန်တကယ်ပင် ခံစားနေရပြီဖြစ်၏။ သူ့ကို ဤမျှအထိ ခြိမ်းခြောက်နိုင်သော စွမ်းအားမျိုးကို သူတစ်ခါမျှ မကြုံဖူးခဲ့ပေ။

သူ၏ ရွယ်တူများကြားတွင် အမြဲတမ်း အနိုင်မရနိုင်သော ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ ထိုဒဏ္ဍာရီမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ယခုအခါ သူသည် ချူးယွင်ဖန်းကို မည်သို့သတ်ရမည်နည်းဟု မတွေးနိုင်တော့ဘဲ သူ့ထံမှ အသာစီးမရလျှင်တောင် အဆင့်တူလောက်ဖြစ်ရန်သာ ရည်မှန်းချက်ကို လျှော့ချလိုက်ရတော့သည်။ သူ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားမှုက အလွန်သိမ်မွေ့လွန်းလှရာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ အရာအားလုံးက သဘာဝအတိုင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ချူးယွင်ဖန်းဆီသို့ ခုတ်ချလိုက်ပြန်သည်။

မုန့်ပေါ်ထျန်းနှင့် မုန့်ထျန်းယန်တို့ နှစ်ဦးစလုံးမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာများ ပျက်ယွင်းသွားကြ၏။ သူတို့အားလုံး ပါရမီရှင်စာရင်းဝင်များ ဖြစ်ကြသော်လည်း လီချန်းယွမ်နှင့် ချူးယွင်ဖန်းတို့၏ ခွန်အားမှာ သူတို့ထက် အနည်းဆုံး တစ်ဆင့်မက သာလွန်နေပြီဖြစ်ကြောင်း နားလည်သွားကြသည်။

ထိုသို့ တွေးမိသောအခါတွင် သူတို့၏ တည်ငြိမ်သောမျက်နှာထားများကို ဆက်လက်မထိန်းထားနိုင်တော့ပေ။ သူတို့ အံ့ဩနေစဉ်တွင်ပင် ချူးယွင်ဖန်းသည် လက်ဝါးကို အသုံးပြု၍ ချိတ်စည်းတစ်ခုကို ဖန်တီးကာ ဓားအလင်းတန်းကြီးထဲသို့ တိုက်ရိုက် ရိုက်သွင်းလိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ချူးယွင်ဖန်းသည် လီချန်းယွမ်ဆီသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

ဘုန်း. . . .

သူ၏ လှုပ်ရှားမှုက နှေးကွေးနေသယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ အလွန်ပင် လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းပင် သူသည် လီချန်းယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ လှုပ်ရှားမှုများက စီးဆင်းနေသော ရေလှိုင်းများအလား ချောမွေ့လွန်းလှ၏။ သူသည် လက်ကို လှည့်လိုက်ပြီး တောင်လွှမ်းခြုံချိတ်စည်းကို အသုံးပြုကာ နတ်ဘုရားတောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထိုတောင်တန်းကြီးသည် လျှပ်စီးလက်သည့်အရှိန်ဖြင့် လီချန်းယွမ်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဆောင့်မိသွားလေသည်။

အွတ်. . . .

လီချန်ယွန် နာကျင်စွာ အော်ဟစ်လိုက်ပြီး အဝေးသို့ လွင့်ပျံသွားကာ ပြိုင်ကွင်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

--

All Chapters