အခန်း ၁၉၇၅
Vol. 132 Ch. 1975
အခန်း (၁၉၇၄) အိမ်ထောင်ဖက်ရွေးပွဲပြီးပြီ မုန်တိုင်းကြီးသက်ဆင်းလာပြီ
ထိုအချိန်တွင်မှ လူများစွာက နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ စောနက အံ့ဩစရာကောင်းလှသောတိုက်ပွဲသည် ချူးယွင်ဖန်း၏မျက်လုံးထဲတွင်မူ သေခြင်းရှင်ခြင်းဆုံးဖြတ်ပေးသော တိုက်ပွဲမျိုး မဟုတ်ပေ။ လီချန်းယွမ် အာရုံပျက်သွားအောင် ဖန်တီးထားသောထောင်ချောက်သာ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လီချန်းယွမ်ထံတွင် ဝှက်ဖဲမည်မျှရှိကြောင်း စမ်းသပ်လိုက်ခြင်းပင် ဖြစ်၏။ ထိုသို့ကြံစည်ခြင်းမျိုးက ချူးယွင်ဖန်း၏အင်အားထက် များစွာ ပိုကြောက်စရာကောင်းသည်။ အရာအားလုံးကို တွက်ချက်ထားပြီးဖြစ်သည်။ ထိုသို့ရန်သူမျိုးကသာ ကြောက်စရာအကောင်းဆုံးဖြစ်၏။
“ချူးယွင်ဖန်းက လီချန်းယွမ်ကို အဲ့လောက်ထိ သတ်ပစ်ချင်နေရအောင် ဘယ်လောက်တောင်များ အငြှိုးကြီးလိုက်သလဲ”
တစ်ယောက်က ထပြောလိုက်သည်။
လီချန်းယွမ်သည် ချူးယွင်ဖန်းသတ်ခဲ့သောအခြားသူများနှင့် လုံးဝမတူသည်ကို အားလုံးသိကြသည်။ ချူးယွင်ဖန်းသည် အဆင့်အတန်းမြင့်သောနတ်ဘုရားတစ်ပါး ဖြစ်၏။ သူသည် ထိုစိန်ခေါ်သူများကို အရေးမလုပ်ပေ။ မည်သူပင်ထွက်လာထွက်လာ သေရမည်သာ ဖြစ်၏။
သို့သော်လည်း ချူးယွင်ဖန်းက သတ်ဖြတ်ရသည်ကို စိတ်မဝင်စားပေ။ ကျားပျံနှင့် မုန့်ပေါ်ထျန်းကဲ့သို့ မုန့်ထျန်းယန်နှင့် မုန့်ပေါ်ထျန်းတို့ကြားက ကွဲပြားသောအဆုံးသတ်ကဲ့သို့ ရှင်းလင်းသောရလဒ်မျိုး ဖြစ်သည်။ လီချန်းယွမ်ကမူ မတူပေ။ ချူးယွင်ဖန်း၏အင်အားက လီချန်းယွမ်ထက် သာသည်ဆိုသော်လည်း လီချန်းယွမ်ကိုသတ်ဖြတ်လိုသော သူ၏အငွေ့အသတ်က လျှော့ကျမသွားပေ။ လီချန်းယွမ်ကိုသတ်ရန်အတွက် ဦးနှောက်သုံးထားရသည်။ လီချန်းယွမ်ကို သတ်ပြီးသားလူတစ်ယောက်ကဲ့သို့ သဘောထားထားသည်။
သို့သော်လည်း ထိုနေရာတွင်ရှိသောသူများက သာမာန်လူများ မဟုတ်ကြပေ။ ထိုလောက၏အဆင့်အတန်းမြင့်သူများဟု ဆိုနိုင်သည်။ မကြာခင်ပင် သူတို့သည် ချူးယွင်ဖန်းနှင့် လီချန်းယွမ်ကြားမှ ရန်ငြှိုးရန်စကို မကြာခင်တွေးမိသွားကြသည်။ အထူးသဖြင့် လီချန်းယွမ်က ချူးယွင်ဖန်းကိုသတ်ရန် မကြာခဏပစ်မှတ်ထားနေသည်။ ထိုသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ အများကမသိသော်လည်း သိသည့်သူများက သိကြသည်။
အဆုံးသတ်၌ နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် နတ်ဆိုးများ ပူးပေါင်းကာ ချူးယွင်ဖန်းကို အသက်ဘေးဆိုက်အောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း၏ နောက်ကွယ်တွင် လီချန်းယွမ်ရှိနေခဲ့သည်မှာ အထင်အရှားပင်။ ထိုစဉ်က စစ်သေနာပတိချုပ်၏ဌနာကပင် ဒေါသထွက်ခဲ့ရပြီး အိမ်ရှေ့မင်းသားကိုယ်တိုင် ဝင်မဖြေရှင်းပေးခဲ့ပါက လီချန်းယွမ်မှာလည်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဤအချက်ကို ပြန်လည်တွေးမိကြသောအခါတွင် ပွဲကြည့်ပရိသတ်အားလုံး ရုတ်ချည်း သဘောပေါက်သွားကြတော့သည်။ လီချန်းယွမ်သည် အင်အားတောင့်တင်းစဉ်က ချူးယွင်ဖန်းအားနည်းနေသည်ကို အခွင့်ကောင်းယူကာ အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့ဖူးသည်။ ယခုမူ အခြေအနေများမှာ တိုက်စစ်နှင့် ခံစစ် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ ချူးယွင်ဖန်းသည် အသာစီးရလာသည်နှင့်အမျှ သူ၏ သေဖော်သေဖက်ရန်သူကြီးကို ဖယ်ရှားရန် နည်းလမ်းရှာကြံမည်မှာ ဧကန်မလွဲပင်။
အကယ်၍သာ ယခုအခွင့်အရေးကို လက်လွှတ်လိုက်ပါက အစောင့်အရှောက်များစွာ၏ ကာကွယ်မှုအောက်တွင် ရှိနေမည့် လီချန်းယွမ်ကို သတ်ရန်မှာ နောင်တွင် မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့်လည်း ချူးယွင်ဖန်းသည် အတွေ့အကြုံရင့် မုဆိုးအိုကြီးတစ်ဦးကဲ့သို့ လီချန်းယွမ်ကို ထောင်ချောက်ထဲသို့ တစ်လှမ်းချင်း ဆွဲခေါ်ကာ တစ်ချက်တည်းဖြင့် အသက်ကို နုတ်ယူသွားခဲ့ခြင်း ဖြစ်သည်။ ဤမျှ နက်နဲလှသော အကွက်မြင်မှုနှင့် သတိကြီးမှုမျိုးမှာ သူ့အရွယ်နှင့် လုံးဝမလိုက်ဖက်လှသဖြင့် လူတိုင်းကို ကျောချမ်းသွားစေသည်။
ချူးယွင်ဖန်းသည် လီချန်းယွမ်၏ ရုပ်အလောင်းကို ကြည့်ကာ သူအမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အစားထိုးအရုပ်မဟုတ်ကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းချနိုင်တော့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သော ရန်သူကြီးသည် ယခုတော့ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လူအများရှေ့တွင် သတ်မိလိုက်သဖြင့် တရှအင်ပါယာ၏ တရားဝင် အရေးယူမှုကို ရှောင်လွှဲနိုင်သော်လည်း နောင်တွင် တိတ်တဆိတ် တိုက်ခိုက်မှုများ ရှိလာနိုင်သည်ကို သူသိသည်။ သို့သော် အထင်အရှား တိုက်ခိုက်ခြင်းမဟုတ်သရွေ့ မည်သည်ကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။
လူအများက ချူးယွင်ဖန်း၏ အစီအစဉ်များကို မှန်းဆနေကြသော်လည်း အဘယ်ကြောင့် ဤမျှအထိ သတိထားခဲ့ရသနည်းဆိုသည့် အကြောင်းရင်းအမှန်ကိုမူ သူတစ်ဦးတည်းသာ သိသည်။ တစ်ကြိမ်က လီချန်းယွမ်သည် အစားထိုးအရုပ်ဖြင့် သူ့ကို လှည့်စားကာ ထွက်ပြေးသွားခဲ့ဖူးသည်။ ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင်မူ ဒုတိယမြောက် ဝှက်ဖဲရှိမရှိကို သေချာအောင် စမ်းသပ်ပြီးမှသာ အပြတ်ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။ ဤမျှ ရှားပါးလှသော အခွင့်အရေးကို သူ အမှားမခံနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်တော့သည်။
နောက်ဆုံးတွင်မူ လီချန်းယွမ်ထံ၌ ဒုတိယမြောက် အစားထိုးအရုပ် မရှိတော့ကြောင်း သေချာသွားသည့်အခါမှ ချူးယွင်ဖန်းသည် တစ်ချက်တည်းဖြင့်ပင် အသက်ကို အဆုံးစီရင်လိုက်လေသည်။ လီချန်းယွမ်ကိုယ်တိုင်ပင်လျှင် ချူးယွင်ဖန်း၏ လက်တွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိတော့သည့်အဖြစ်ကို မမျှော်လင့်ထားခဲ့ပေ။ အရှေ့ပင်လယ်တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် လီချန်းယွမ်၏ စွမ်းအားမှာ များစွာတိုးတက်လာခဲ့သော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုအရှိန်အဟုန်မှာမူ သာလွန်ထူးကဲလွန်းလှသည်။ တိုက်ပွဲ၏ အရှိန်အဟုန်တစ်ခုလုံးမှာ အစမှအဆုံး ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။
သူသည် ဤမျှအထိ သတိကြီးနေခဲ့ရခြင်းမှာ လီချန်းယွမ်သည် အခြားသူများထက် သာလွန်အစွမ်းထက်နေ၍ မဟုတ်ဘဲ အလွန်အန္တရာယ်များလွန်းသူဖြစ်သောကြောင့်ပင်။ သူသည် အိမ်ရှေ့မင်းသား၏ ကိုယ်စားလှယ်ဖြစ်ပြီး သူ၏နောက်ကွယ်ရှိ အင်အားစုမှာ ချူးယွင်ဖန်းပင်လျှင် သတိထားရမည့် အခြေအနေတွင် ရှိနေသည်။
အခြားသူများသာ လမ်းပိတ်မရပ်ခဲ့လျှင် ချူးယွင်ဖန်းအနေဖြင့် ပြဿနာရှာရန် စိတ်မဝင်စားသော်လည်း လီချန်းယွမ်မှာမူ ထိုသို့မဟုတ်ပေ။ အကယ်၍ သူသာ ထွက်မလာခဲ့လျှင်ပင် ချူးယွင်ဖန်းက ထွက်လာအောင် ငါးစာချ၍ ဆွဲခေါ်မည့်သူမျိုး ဖြစ်သည်။
'လီချန်းယွမ်ကို သတ်လိုက်နိုင်တာက အစပဲရှိသေးတယ်။ တကယ့် မုန်တိုင်းကြီးက အခုမှ စတော့မှာ'
ချူးယွင်ဖန်းတွေးလိုက်မိသည်။
ဤလုပ်ရပ်သည် အဆုံးသတ်မဟုတ်ဘဲ ဆက်တိုက်ဖြစ်ပေါ်လာမည့် မုန်တိုင်းများ၏ အစပြုခြင်းသာဖြစ်ကြောင်း သူကောင်းစွာသိသည်။
သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော လီချန်းယွမ်၊ မီးတောက်သခင်ငယ်၊ ကျားပျံနှင့် အခြားသူများမှာ သူတို့၏ အင်အားစုအသီးသီးမှ ကြီးမားသော မျှော်လင့်ချက်များ ထားရှိခြင်းခံရသူများ ဖြစ်ကြသည်။ ယခုအခါ သူတို့အားလုံး ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ထိုအင်အားစုများက မည်သို့ ငြိမ်သက်နေပါမည်နည်း။
ထင်ထားသည့်အတိုင်းပင် ခေတ္တမျှ မှင်သက်သွားပြီးနောက် လီမျိုးနွယ်စုမှ ပညာရှင်များစွာမှာ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လာကြတော့သည်။
"မင်းလို တိရစ္ဆာန်ကောင် ချူးယွင်ဖန်း.... မင်းတော့ သေဖို့သာ ပြင်ထားတော့"
“ချူးယွင်ဖန်း မင်း သေပြီသာမှတ်"
"သူ့ကို သတ်ကြ"
လီမျိုးနွယ်စု ပညာရှင်များ၏ မျက်နှာမှာ ပြာနှမ်းနေတော့သည်။ သူတို့သည် ယခုရွေးချယ်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း အခြေအနေမှာ ဤသို့ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ မျိုးနွယ်စု၏ အကြီးမားဆုံးသော မျှော်လင့်ချက်မှာ ချူးယွင်ဖန်း၏ လက်ထဲတွင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
မျိုးနွယ်စုမှ လူကြီးအချို့မှာမူ သတိပင် လစ်ချင်သလို ဖြစ်သွားကြပြီး ထိုသူများထဲတွင် လီချန်းယွမ်၏ အစောင့်အရှောက်ပင် ပါဝင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ချူးယွင်ဖန်းကို ပစ်မှတ်ထားကာ လွှမ်းခြုံလာခဲ့သည်။ ထိုသူမှာ ဖန်ဆင်းရှင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
သူသည် လီချန်းယွမ်ကို အသက်ဘေးအန္တရာယ် မြောက်မြားစွာမှ ကယ်တင်ပေးခဲ့ဖူးသူ ဖြစ်သည်။ သူ၏ မျက်စိရှေ့မှောက်မှာတင် လီချန်းယွမ်အသတ်ခံလိုက်ရခြင်းမှာ သူ၏မျက်နှာကို လက်ဝါးနှင့် အားပြင်းပြင်း ရိုက်လိုက်သကဲ့သို့ပင် ခံစားလိုက်ရလေသည်။
--