အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂) ယဇ်ပူဇော်ခြင်း... ရှန်ရှန်းအဆင့်
ထျန်းနန်မြို့ပြင် မိုင်တစ်ရာ့ငါးဆယ်ခန့်အကွာရှိ ချန်ဟယ်ကုန်း အနီးတစ်ဝိုက်တွင်။
အနားယူ ပြင်ဆင်ပြီးဖြစ်သော တောင်ပိုင်းယွဲ့ စစ်သည်များမှာ တဖြည်းဖြည်း စုရုံးကာ အမိန့်ကို စောင့်ဆိုင်းနေကြလေသည်။ လီချန်မြို့မှ ထျန်းနန် စစ်စခန်း အကြားတွင် မည်သူမျှ မရှိသော ကြားခံနယ်မြေမှာ မိုင်သုံးရာခန့် ကျယ်ဝန်းလှပေသည်။
စစ်ရေးလှုံ့ဆော်မှုများ ပြုလုပ်ပြီးနောက် ကျန်းဖျင်သည် စစ်တပ်ကို ဦးဆောင်ကာ ထျန်းနန် စစ်စခန်း ရှိရာသို့ တိုက်ရိုက် ချီတက်လာခဲ့လေသည်။
စွမ်းအားကြီးမားသော သိုင်းပညာရှင်များ အတွက် ဤအကွာအဝေးမှာ ဘာမှ မဟုတ်သော်လည်း လေးလံသော လက်နက်ခဲယမ်းများကို သယ်ဆောင်လာရသည့် သာမန် စစ်သည်များ အတွက်မူ ခွန်အား ပြန်လည် ဖြည့်တင်းရန် လိုအပ်လှပေသည်။ မဟုတ်ပါက ပင်ပန်းနွမ်းနယ်နေသော စစ်တပ်ဖြင့် အစီအရင်များဖြင့် ကာကွယ်ထားသော နယ်စပ် စစ်စခန်းကို တိုက်ခိုက်ခြင်းမှာ သွားရောက် သေဆုံးခြင်းနှင့် ဘာမှ ကွာခြားမည် မဟုတ်ချေ။
သူ့ဘက်တွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အချို့၏ အကူအညီ ရှိနေသော်လည်း သူ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိချေ။
သေချာသည်ကတော့ အဓိက အကြောင်းရင်းမှာ တောင်ပိုင်းစောင့်တပ် ၏ တုံ့ပြန်မှုကို အကဲခတ်လိုခြင်း ပင်ဖြစ်သည်။ လီချန်ကော က သဘောတူညီချက် အတိုင်း အလယ်ပိုင်းဒေသ အစိုးရ အား ပြသရန် ဟန်ပြ စစ်ကူ လွှတ်မည်လား သို့မဟုတ်...
တကယ်တမ်း ထောင်ချောက် ဆင်ထားခြင်းလား ဆိုသည်ကို သေချာအောင် စောင့်ကြည့်နေခြင်း ပင်ဖြစ်သည်။ အကယ်၍ ထောင်ချောက် သာ ဖြစ်နေမည် ဆိုပါက ဤတစ်ကြိမ် တောင်ပိုင်းယွဲ့ ၏ ဆုံးရှုံးမှုမှာ အလွန် ကြီးမားသွားမည် ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် လီချန်ကော သည် သူ၏ ကတိကို တည်ခဲ့လေသည်။
နယ်စပ် ကာကွယ်ရေးမျဉ်းကို ဖွင့်ပေးထားပြီး သူတို့ကို စိတ်ကြိုက် လှုပ်ရှားခွင့် ပေးထားခဲ့လေသည်။
သေချာသည်ကတော့ ဤအတွက် အဖိုးအခ အနေဖြင့် သူတို့က ထျန်းနန် စစ်စခန်း ကို သိမ်းပိုက်ပြီး ကျန်းချဲ့ကို သတ်ဖြတ်ပြီးနောက် တောင်ပိုင်းစောင့်တပ် မှ ဝင်ရောက် တိုက်ခိုက်လာချိန်တွင် စစ်ရှုံး၍ ဆုတ်ခွာသွားသည့် ဟန်ပြ ဇာတ်လမ်း တစ်ပုဒ်ကို ကပြပေးရမည် ပင်ဖြစ်သည်။ ဤသို့ဖြင့် နှစ်ဖက်စလုံး မျက်နှာပန်း လှသွားမည် ဖြစ်လေသည်။
"ငါတို့ ဒီလောက် အသံကျယ်ကျယ်နဲ့ ချီတက်လာတာ ထျန်းနန် စစ်စခန်း ကလည်း သတင်းရသွားလောက်ပြီ"
ကျိုးရီ က လေးနက်သော အမူအရာဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။ သူတို့ ချီတက်လာသည့် လမ်းတစ်လျှောက်တွင် အလယ်ပိုင်းဒေသ မှ သူလျှို ဆယ်ယောက်ကျော်ကို ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့သော်လည်း သတင်း မပေါက်ကြားစေရန် လုံးဝ အာမ မခံနိုင်ချေ။
"ကိစ္စမရှိပါဘူး ကျန်းချဲ့ သိသွားလည်း ဘာလုပ်နိုင်မှာမို့လို့လဲ သူက ထျန်းနန် စစ်စခန်းရဲ့ မြို့စောင့်တပ်မှူးလေ နယ်မြေကို ကာကွယ်ရမယ့် တာဝန်ရှိတယ် သူ လုံးဝ ထွက်ပြေးရဲမှာ မဟုတ်ဘူး တကယ်လို့ ထွက်ပြေးရဲရင်တောင် ငါတို့ လိုက်ဖမ်းနေစရာတောင် မလိုဘူး အလယ်ပိုင်းဒေသ အစိုးရ ကပဲ သူ့ကို အပြစ်ပေးလိမ့်မယ် ပြီးတော့ ကျုပ် အမြင်အရတော့ သူ ထွက်ပြေးမှာ မဟုတ်ဘူး ငါတို့ဘက်မှာ မဟာသိုင်းသခင် အချို့ ပါလာတယ် ဆိုတာကို သူ မသိရင် ဒါက သူ့အတွက် ဂုဏ်ထူးဆုလာဘ် ရမယ့် အခွင့်အရေးလို့ ထင်နေလောက်တယ်"
ကျန်းဖျင် က ဖွဖွလေး ရယ်မောလိုက်လေသည်။ မဟာသိုင်းသခင် အချို့၏ အကူအညီ နှင့် စစ်သည် နှစ်သောင်း၏ အင်အားကြောင့် ယခုအခါ သူ အလွန် ယုံကြည်ချက် ရှိနေလေသည်။ ကျန်းချဲ့ ဘေးတွင် အခြား မဟာသိုင်းသခင် များ ရှိနေမည် ဆိုလျှင်တောင် သူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် သူ သိထားသည့် သတင်းများအရ ကျန်းချဲ့ ၏ လက်အောက်တွင် မြို့စောင့်တပ် စစ်သည် တစ်သောင်းခန့်သာ ရှိပြီး ချီရွှယ်မိစ္ဆာသခင် နှင့် ချီမိသားစု မှ အကြီးအကဲ တစ်ယောက်သာ ရှိလေသည်။ ဤသည်မှာ ကျန်းချဲ့၏ အင်အား အားလုံး ပင်ဖြစ်သည်။
နှစ်ဖက် ယှဉ်ကြည့်မည် ဆိုပါက သူတို့ဘက်က အပြတ်အသတ် အသာစီး ရနေလေသည်။
ကျိုးရီ ၏ မျက်ဝန်းများ တောက်ပသွားပြီး ကျန်းဖျင် ၏ စကားမှာ အဓိပ္ပာယ် ရှိသည်ဟု ထင်မြင်မိလေသည်။ ကျန်းချဲ့ သေချာပေါက် ထွက်ပြေးရဲမည် မဟုတ်သလို သူတို့ကို ယှဉ်ပြိုင် တိုက်ခိုက်ရန်ပင် မာနကြီးနေလောက်ပေသည်။ သို့သော် ထိုသူ၏ ထူးခြားချက်များကို စဉ်းစားမိသောအခါ သူ က သတိပေးလိုက်လေသည်။
"ဒီကောင်လေးက အရမ်း ကောက်ကျစ်တယ် စစ်သူကြီး လုံးဝ ပေါ့ဆလို့ မရဘူးနော်"
"စိတ်ချပါ ကျုပ် နားလည်ပါတယ်"
ကျန်းဖျင် က လက်ကာပြလိုက်ပြီးနောက် အရှေ့ရှိ စစ်သည်များကို ကြည့်ကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်လေသည်။
"လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာရင် ထျန်းနန်မြို့ ကို စတင် ချီတက်မယ် မနက် မိုးမလင်းခင် အရောက် သွားရမယ်"
"အမိန့်နာခံပါမယ်"
"အမိန့်နာခံပါမယ်"
ထိုအချိန်တွင် ထျန်းနန်မြို့ အတွင်း၌။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လမ်းမကြီးများနှင့် အဆက်မပြတ် လှုပ်ရှားနေသော စစ်တပ်များကို ကြည့်ရင်း နဂါးကျား တာအိုဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်သူ တာအိုဆရာ ရှန်ရွှီ က မုတ်ဆိတ်မွေးများကို သပ်ကာ မျက်ဝန်းအောက်ခြေတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
မူလက သူသည် အခွင့်အရေး ရလျှင် ရသလို အသုံးပြုပြီး အခွင့်အရေး မရှိပါကလည်း ကျန်းချဲ့ ကို အတင်းအကျပ် တိုက်ခိုက်ရန် စဉ်းစားထားခဲ့လေသည်။ နဂါးကျား တာအိုဂိုဏ်း အတွက် ဤမျှလောက် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုကို သူ ဆက်လက် အသက်ရှင်ခွင့် မပြုနိုင်ချေ။
သို့သော် သူ လှုပ်ရှားရန်ပင် မလိုလိုက်ဘဲ အခွင့်အရေး က အမှန်တကယ် ရောက်ရှိလာခဲ့လေပြီ။
တောင်ပိုင်းယွဲ့ နိုင်ငံ မှ စစ်တပ်များ စေလွှတ်ကာ ကျန်းချဲ့ ကို လာရောက် တိုက်ခိုက်ခြင်း ပင်ဖြစ်သည်။
ဤသည်က လုံးဝ အကောင်းဆုံးသော အခွင့်အရေး တစ်ခု ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အတွက် အကောင်းဆုံးသော အကြောင်းပြချက် တစ်ခု ရရှိသွားပြီ ဖြစ်ပြီး အရေးကြီးသော အချိန်တွင် ဝင်ရောက် တိုက်ခိုက်လိုက်ရုံဖြင့် ကျန်းချဲ့ မည်သို့ သေဆုံးသွားသည်ကို မည်သူမျှ သိရှိနိုင်မည် မဟုတ်တော့ချေ။
အပြစ် အားလုံးကို တောင်ပိုင်းယွဲ့ မှ သိုင်းပညာရှင်များ အပေါ်သို့ လွှဲချပစ်နိုင်လေသည်။
သူ နောက်ကွယ်မှ ဝင်ရောက် လုပ်ကြံခဲ့ကြောင်းကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။
ဤသို့ဆိုလျှင် ပေလင် ချီမိသားစု အနေဖြင့် လက်စားချေလိုလျှင်တောင် တောင်ပိုင်းယွဲ့ က လူရိုင်းများကိုသာ သွားရောက် ရှာဖွေရမည် ဖြစ်လေသည်။
နဂါးကျား တာအိုဂိုဏ်း ကို ကောင်းကင်ဘုံက ကူညီလိုက်ခြင်း ပင်တကား။
တာအိုဆရာ ရှန်ရွှီ စဉ်းစားခန်း ဝင်နေစဉ် မှာပင် ယန်ဖျင် က အနောက်ဘက်တွင် တိတ်ဆိတ်စွာ ပေါ်လာပြီး ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်လေသည်။
"ဂိုဏ်းချုပ် သတင်း ရပါပြီ"
"ပြော"
"ကျန်းချဲ့ က အခု မြို့ထဲမှာ မရှိတော့ပါဘူး လက်ရွေးစင် တပ်ဖွဲ့ တစ်ဖွဲ့ကို ခေါ်သွားပြီး တောင်ပိုင်းယွဲ့ စစ်စခန်း ကို သွားရောက် ချုံခို တိုက်ခိုက်မယ့် ပုံပါပဲ"
ယန်ဖျင် က လေးနက်သော မျက်နှာထားဖြင့် တင်ပြလိုက်လေသည်။ သူ ပြောပြသော သတင်းများမှာ ယခုအခါ ထျန်းနန်မြို့ အတွင်း၌ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။ အာဏာရှိသော အရာရှိတိုင်း ကျန်းချဲ့ ၏ လက်ရှိ အခြေအနေကို သိရှိနေကြလေပြီ။
ဤသည်ကလည်း ကျန်းချဲ့ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ပင်ဖြစ်သည်။
"သူက ထျန်းနန်မြို့ ရဲ့ မြို့စောင့်တပ်မှူးလေ မြို့ထဲမှာ မနေဘဲ စစ်တပ်ကို ခေါ်ပြီး မြို့ပြင်ထွက်သွားတာ ဘာလုပ်ဖို့လဲ"
တာအိုဆရာ ရှန်ရွှီ ၏ မျက်မှောင်များ ကျုံ့သွားပြီး ကျန်းချဲ့ ၏ ရည်ရွယ်ချက်ကို သိပ်နားမလည်နိုင် ဖြစ်သွားလေသည်။
"အဲ့ဒါကိုတော့ ကျုပ်လည်း နားမလည်ပါဘူး ဒါပေမဲ့ ရထားတဲ့ သတင်းတွေအရ ဆိုရင်တော့ အဲ့ဒီလူက အခွင့်အရေး ရှာပြီး ချုံခို တိုက်ခိုက်မလို့ ဒါမှမဟုတ် တစ်နေရာရာမှာ ပုန်းနေပြီး တောင်ပိုင်းစောင့်တပ် ရဲ့ စစ်ကူကို စောင့်နေမလို့ ထင်ပါတယ်"
"ဒီသတင်းက သေချာရဲ့လား"
"အခြေခံအားဖြင့်တော့ မမှားနိုင်ပါဘူး မြို့ထဲမှာတောင် သတင်းတွေ ပြန့်နေပါပြီ"
တာအိုဆရာ ရှန်ရွှီ က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး စဉ်းစားခန်း ဝင်သွားလေတော့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။ ကောင်းကင်ယံတွင် အလင်းရောင် သဲ့သဲ့ လင်းလာချိန်၌ ထျန်းနန်မြို့ တောင်ဘက် မြို့ရိုး အပြင်ဘက်မှ ဝုန်း ဝုန်း ဝုန်း မြည်ဟည်းသံများက အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာကာ အသံများလည်း ပိုမို ကျယ်လောင်လာလေသည်။
တိမ်မည်းကြီးများ ဖုံးအုပ်လာပြီး မိုးကြိုးများ ပစ်ခတ်နေသည့် အလား ပင်ဖြစ်သည်။
မြို့စောင့် ဒုတိယ စစ်သူကြီး က အရှေ့ဘက်မှ အဆုံးအစမရှိ ရှည်လျားလှသော လူအုပ်ကြီး ချီတက်လာသည်ကို မြင်သောအခါ မြို့ရိုးပေါ်ရှိ သတိပေး ဗုံကြီးကို ချက်ချင်း စတင် တီးခတ်လိုက်ပြီး မြို့တွင်းရှိ လူတိုင်းကို သတိပေးရန် ပြင်ဆင်လိုက်လေသည်။
သို့သော် တကယ်တမ်းတွင် ဗုံတီးရန်ပင် မလိုအပ်တော့ချေ။ ထိုလူအုပ်ကြီး ချီတက်လာသည့် ပြင်းထန်သော အသံကြီးက လူတိုင်းကို လန့်နိုးသွားစေရန် လုံလောက်နေလေပြီ။ ပြည်သူများ အားလုံး ကြောက်ရွံ့ တုန်လှုပ် နေကြပြီး စစ်သည်များ ကလည်း ချက်ချင်းပင် နေရာယူရန် စုဝေးလာကြလေသည်။
တစ်ချိန်တည်းမှာပင် ထျန်းနန် စစ်စခန်း မြို့ရိုးပေါ်ရှိ အစီအရင် အမှတ်အသားများ က လင်းလက်လာပြီး မြို့စောင့် အစီအရင် ကြီး ပွင့်လာလေသည်။
ယွမ်ကျောက်တုံး သေတ္တာများစွာ ကိုလည်း လျင်မြန်စွာ သယ်ဆောင်လာကြပြီး မြို့စောင့် အစီအရင် ၏ စွမ်းအင်များကို အချိန်မရွေး ဖြည့်တင်းပေးရန် အသင့်ပြင်ထားကြလေသည်။
ချီထျန်းဟယ်... ကောင်းချီနျန် နှင့် ထျန်းနန် အရာရှိ အားလုံး ဤနေရာသို့ စုဝေး ရောက်ရှိလာကြလေသည်။
ထို့အပြင် ချီဝမ်ကျင်း သည်လည်း အစိမ်းရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီး လှံရှည် တစ်လက်ကို ကိုင်ဆောင်ကာ လူအုပ်ထဲသို့ လေးနက်သော မျက်နှာထားဖြင့် ဝင်ရောက်လာလေသည်။
"ဝမ်ကျင်း ဒီနေရာက အရမ်း အန္တရာယ် များတယ် အရင် ပြန်သွားနှင့်ပါ"
ချီထျန်းဟယ် က မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။
ချီဝမ်ကျင်း က ခေါင်းယမ်းလိုက်ပြီး ကောင်းချီနျန် ကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျမက ကျန်းချဲ့ ရဲ့ စေ့စပ်ထားသူပါ သူ တောင်ပိုင်းယွဲ့ ကို သွားတိုက်နေတဲ့ အချိန်မှာ သူ့ကိုယ်စား နယ်မြေကို ကာကွယ်ပေးရမှာပေါ့ ပြီးတော့ တိုင်းတစ်ပါးက လာရောက် ကျူးကျော်တဲ့ အချိန်မှာ အလယ်ပိုင်းဒေသ က လူတစ်ယောက် အနေနဲ့ ကျမ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီပေးရမှာပဲ"
မူလက ချီနင်ပင်း နှင့် ဟွမ်ရှန်းရှန်း တို့လည်း လိုက်လာချင်ကြသော်လည်း ချီဝမ်ကျင်း က တားမြစ်ထားခဲ့လေသည်။ သူမက ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး ဖြစ်ပြီး ကိုယ်ပေါ်တွင် အသက်ကာကွယ်နိုင်မည့် နည်းလမ်း အချို့ လည်း ရှိသဖြင့် အသက်အန္တရာယ် အတွက် စိုးရိမ်စရာ မရှိချေ။
ထို့အပြင် ယခင်က မြောက်ပိုင်း နယ်စပ်တွင် အတွေ့အကြုံ ရှိခဲ့ဖူးသဖြင့် တိုင်းတစ်ပါး နှင့် စစ်ပွဲကို ကြောက်ရွံ့ခြင်း မရှိချေ။
သို့သော် သူမတို့ နှစ်ယောက်ကတော့ လုံးဝ မရနိုင်ချေ။ သူမတို့၏ ကျင့်ကြံမှု က အလွန် အားနည်း လွန်းလှပေသည်။
ချီဝမ်ကျင်း ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ချီထျန်းဟယ် လည်း လူအများ အရှေ့တွင် ဆက်လက်၍ မဖျောင်းဖျတော့ဘဲ သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး တကယ်လို့ အန္တရာယ် ကြုံလာပါက သူမကို အမြဲတမ်း စောင့်ရှောက်ပေးရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။
ကောင်းချီနျန် က ဤအခြေအနေကို မြင်သောအခါ ခေါင်းညိတ် လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် သခင်မလေးချီ"
ချီဝမ်ကျင်း ရောက်လာခြင်းက ထျန်းနန် စစ်စခန်း မြို့ရိုးပေါ်ရှိ အရာရှိများ နှင့် စစ်သည်များ အားလုံးကို ယုံကြည်ချက် အလွန် တိုးပွားသွားစေခဲ့လေသည်။ သူမ ကိုယ်တိုင်က သိပ်မစွမ်းဆောင်နိုင်လျှင်တောင် သူမ၏ အမှတ်အသား က ကျန်းချဲ့ ကို ကိုယ်စားပြု နေလေသည်။
ကျန်းချဲ့ စစ်တပ်ကို ခေါ်ပြီး မြို့ပြင်ထွက်သွားခြင်းမှာ တကယ်တမ်းတွင် အလွန် စွန့်စားရသော လုပ်ရပ် တစ်ခု ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက စစ်သေနာပတိ တစ်ဦး ဖြစ်ပြီး သူ ထွက်သွားပါက ချုံခို တိုက်ခိုက်ရန်ဟု ရှင်းပြခဲ့သော်လည်း လူအများစု ကတော့ ထိုသို့ မထင်မှတ်ကြချေ။
ကျန်းချဲ့ တောင်ပိုင်းယွဲ့ တွင် ရန်သူများ ဖန်တီးခဲ့ပြီး မျက်နှာချင်းဆိုင် မရင်ဆိုင်ရဲသဖြင့် ထွက်ပြေးသွားသည် ဟုသာ ထင်မှတ်နေကြလေသည်။
ချီဝမ်ကျင်း ရောက်လာခြင်းက စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်သွားစေရန် အများကြီး အထောက်အကူ ဖြစ်စေခဲ့လေသည်။
ဤအချက်ကို ကျန်းချဲ့ မထွက်ခွာမီ ကတည်းက ချီဝမ်ကျင်း ကို ပြောပြထားခဲ့ပြီး ချီဝမ်ကျင်း တိုက်ပွဲဝင်ရန် ကိုလည်း သဘောတူခဲ့လေသည်။ သို့သော် သူမကို မြို့ပြင်ထွက် တိုက်ခိုက်ခွင့် မပြုဘဲ မြို့စောင့် အစီအရင် ကို အားကိုး၍ ကာကွယ်ရန်သာ ခွင့်ပြုထားခဲ့လေသည်။
မြို့ပြင်ဘက်တွင် လူအုပ်ကြီးမှာ တဖြည်းဖြည်း ရပ်တန့်သွားပြီး စစ်သည် နှစ်သောင်းခန့် က အစီအရင် များကို လျင်မြန်စွာ ဖွဲ့စည်းကာ မြို့ရိုးနှင့် ပေသုံးရာခန့် အကွာအဝေးသို့ အရောက်တွင် အရှေ့သို့ တိုးလာခြင်းကို ရပ်တန့်လိုက်ကြလေသည်။ စစ်သူကြီး ကျန်းဖျင် သည် ကျိုးရီ နှင့် အတူ ထူးဆန်းသော သားရဲ တစ်ကောင်စီကို စီးနင်းကာ စစ်တပ်၏ အရှေ့ဘက်သို့ ဖြည်းညင်းစွာ ထွက်လာကြလေသည်။
"ကျန်းချဲ့ ဆိုတဲ့ ကောင်လေး ဘယ်မှာလဲ ဟိုနေ့က မင်း ငါတို့ ယွဲ့နိုင်ငံ ရဲ့ နန်းတော်မှာ အကြီးအကျယ် ပြဿနာရှာခဲ့တယ် ဒီနေ့ကတော့ မင်း ပြန်ဆပ်ရမယ့် အချိန် ရောက်ပြီ ငါတို့ တောင်ပိုင်းယွဲ့ ဘုရင်ကြီး ရဲ့ အမိန့်အရ မင်းကို နန်းတော်ကို ဖမ်းခေါ်သွားရမယ်"
"တကယ်လို့ မင်းမှာ သတ္တိ ရှိရင် တစ်ယောက်တည်း မြို့ပြင်ထွက်ပြီး ဝန်ခံလိုက်စမ်းပါ အဲ့ဒါဆိုရင် ကျုပ် က ချက်ချင်း တပ်ဆုတ်ပေးမယ် မင်းတို့ရဲ့ နယ်မြေကိုလည်း မကျူးကျော်ဘူးလို့ အာမခံတယ် မဟုတ်လို့ မြို့ကို သိမ်းနိုင်တဲ့ နေ့ကျရင်တော့ လူကြီးလူငယ် မရွေး အားလုံးကို သတ်ပစ်မယ်"
ကျန်းဖျင် က အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေရာ ထိုအသံမှာ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ ပေါင်းစပ်မှုကြောင့် အလွန် ကြီးမားသော အရှိန်အဝါ ဖြင့် အရပ်လေးမျက်နှာ သို့ ပျံ့နှံ့သွားလေသည်။
"ရိုင်းစိုင်းလိုက်တာ တောင်ပိုင်းယွဲ့ က လူရိုင်းတွေကများ ငါတို့ တာ့ကျိုး နိုင်ငံတော် ကို ကျူးကျော်ရဲတယ်ပေါ့လေ ဒီနေ့ မင်းတို့တွေ ကောင်းကင်ဘုံ ရဲ့ အာဏာကို စော်ကားခဲ့တဲ့ အတွက် တစ်နေ့ကျရင် တောင်ပိုင်းယွဲ့ နိုင်ငံ ကို ဖျက်ဆီးပြီး မင်းတို့ ပြည်သူတွေကို သုံ့ပန်းတွေ အဖြစ် လုပ်ပစ်မယ်"
မြို့စောင့် တာဝန်ကို ယူထားသော ကောင်းချီနျန် က ဒေါသတကြီး ပြန်လည် ဟစ်အော်လိုက်လေသည်။
ထို့နောက် မြို့ရိုးပေါ်ရှိ စစ်သည် အများအပြား ကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြလေသည်။
"လူရိုင်းတွေကို သတ်မယ် တောင်ပိုင်းယွဲ့ ကို ဖျက်ဆီးမယ်"
"လူရိုင်းတွေကို သတ်မယ် တောင်ပိုင်းယွဲ့ ကို ဖျက်ဆီးမယ်"
"ဟွန့် တိုက်ကြ"
ကျန်းဖျင် က နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာထား လည်း အလွန် ဆိုးရွားသွားလေသည်။ တောင်ပိုင်းယွဲ့ နိုင်ငံ၏ စစ်သူကြီး တစ်ဦး အနေဖြင့် လူရိုင်း ဆိုသည့် စကားလုံး၏ အဓိပ္ပာယ် ကို သူ ကောင်းစွာ နားလည်လေသည်။ ဤသည်မှာ အလယ်ပိုင်းဒေသ မှ လူများက သူတို့ကို အထင်သေး နှိမ်ချ ခေါ်ဝေါ်ခြင်း ပင်ဖြစ်သည်။
ယခုအချိန်တွင် ကျန်းချဲ့ မပေါ်လာသေးသဖြင့် သူ၏ နောက်ဆုံး အစီအမံ များကို တိုက်ရိုက် အသုံးမပြုလိုသေးချေ။
အရင်ဆုံး စစ်တပ်ကို အသုံးပြု၍ မြို့ကို တိုက်ခိုက်ပြီးနောက်မှ အခွင့်အရေး ရှာရန် ပြင်ဆင်လိုက်လေသည်။
သူ၏ အမိန့်ပေးသံ အဆုံးတွင် စစ်သည် နှစ်သောင်းမှာ အစီအရင် ပြောင်းလဲကာ မြို့ရိုးဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် သတ်ဖြတ်လိုစိတ် များနှင့် စစ်သည်များ၏ သွေးချီ စွမ်းအင်များ ကလည်း အဆက်မပြတ် စုစည်း လာကြလေသည်။
"မြားပစ်"
ကောင်းချီနျန် က အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်လေသည်။
ကြိုတင် ပြင်ဆင်ထားသော စစ်သည်များ က မျက်တောင်တစ်ခတ် အတွင်း မြားများ မိုးရွာသကဲ့သို့ ပစ်လွှတ်လိုက်ကြလေသည်။ ထိုအထဲတွင် အစွမ်းထက်သော လေးမြားများ နှင့် အကာအကွယ် ဖောက်ထွင်းနိုင်သော မြားများစွာ ပါဝင်လေသည်။ အရေအတွက် သာ များပြားမည် ဆိုပါက ရွှမ်တန်အဆင့် သိုင်းသခင် ၏ ကာကွယ်ရေး အလွှာ ကိုပင် ဖောက်ထွင်း နိုင်စွမ်း ရှိလေသည်။
တောင်ပိုင်းယွဲ့ ဘက်မှလည်း အစီအရင် များကို အသုံးပြုကာ ပြန်လည် ကာကွယ်ကြလေသည်။
သို့သော် တောင်ပိုင်းယွဲ့ စစ်သည် အများအပြား မှာ မြားမိုး များ အောက်တွင် လဲကျသွားကြဆဲ ပင်ဖြစ်သည်။
သို့တိုင်အောင် တောင်ပိုင်းယွဲ့ စစ်သည်များ၏ တိုက်ခိုက်လိုစိတ် ကိုတော့ မတားဆီးနိုင်ခဲ့ချေ။ ပေတစ်ရာ့ငါးဆယ် ခန့် အကွာသို့ ရောက်သောအခါ အရှေ့တန်းမှ စစ်သည်များ က လူစုခွဲကာ မြို့ရိုးဘက်သို့ အပြင်းအထန် ပြေးဝင်သွားကြလေသည်။
ထိုအခါ အစီအရင် များကလည်း အလွန် ပြင်းထန်သော တိုက်ခိုက်မှုများကို စတင် ပြုလုပ်လာကြလေသည်။
ထျန်းနန် စစ်စခန်း မြို့ရိုးပေါ်ရှိ မြို့စောင့် အစီအရင် ကြီးမှာလည်း ယွမ်ကျောက်တုံး များစွာ၏ စွမ်းအင်များကို စုပ်ယူထားပြီး အလင်းတန်း များစွာကို ထုတ်လွှတ်ကာ အောက်ဘက်ရှိ တောင်ပိုင်းယွဲ့ စစ်သည်များ အပေါ်သို့ ပစ်ချလိုက်လေသည်။
အလင်းတန်း တစ်ချက် ကျရောက်သွားတိုင်း စစ်သည် အများအပြား လဲကျ သွားကြလေသည်။
စပါးရိတ် နေသကဲ့သို့ အစုလိုက် အပြုံလိုက် လဲကျ သွားကြခြင်း ပင်ဖြစ်သည်။
"အလယ်ပိုင်းဒေသ ရဲ့ အစီအရင် တွေက တကယ်ပဲ နာမည်ကြီးသလောက် အစွမ်းထက်တာပဲ"
ကျိုးရီ က ထိုမြင်ကွင်းကို ကြည့်ရင်း အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။ အလယ်ပိုင်းဒေသ က အင်အားကြီးမားသော နိုင်ငံကြီး တစ်ခု ဖြစ်လာရခြင်းမှာ သူတို့၏ နောက်ခံ အင်အားကြောင့် ပင်ဖြစ်သည်။
အစီအရင် ဖြစ်စေ... ဆေးဖော်စပ်ခြင်း ဖြစ်စေ... စစ်တပ် အစီအရင် ဖြစ်စေ ပိုင်ယွဲ့ ထက် အများကြီး သာလွန် နေလေသည်။
"အစီအရင် က ဘယ်လောက်ပဲ စွမ်းစွမ်း အစစ်အမှန် သိုင်းပညာရှင် အရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး တကယ်လို့ ကျုပ် နဲ့ တခြား ဧည့်သည်တော် သုံးယောက်သာ အတူတူ လှုပ်ရှားမယ် ဆိုရင် ဒီအစီအရင်ကို ဖျက်ဆီးဖို့ မျှော်လင့်ချက် မရှိတာ မဟုတ်ပါဘူး"
ကျန်းဖျင် က နှာခေါင်းရှုံ့လိုက်လေသည်။
"ကျန်းချဲ့ မပေါ်လာသေးသရွေ့ ငါတို့ရဲ့ နောက်ဆုံး အစီအမံ ကို ထုတ်မသုံးတာ အကောင်းဆုံးပဲ ဒီကောင်လေးက ထင်ထားသလောက် မရိုးရှင်းဘူး သူ့ကို တကယ်ပဲ သတိထားဖို့ လိုတယ်"
ကျိုးရီ က ခေါင်းယမ်းကာ ပြောလိုက်လေသည်။
"ဘယ်လောက်ပဲ မရိုးရှင်းပါစေ သူက ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး သက်သက်ပါပဲ"
"စစ်သူကြီးကျန် ခင်ဗျား နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလား"
"ဟင်"
"ငါတို့ ဒီလောက် အင်အား အကြီးအကျယ်နဲ့ မြို့ကို လာတိုက်နေတာတောင် ဘာလို့ ကျန်းချဲ့ ဆိုတဲ့ ကောင်လေး က အခုထိ ပေါ်မလာသေးတာလဲ သူ မြို့ထဲမှာ မရှိနေတာများလား"
ကျိုးရီ က ရုတ်တရက် မေးလိုက်လေသည်။
ကျန်းဖျင် အံ့အားသင့် သွားလေသည်။
"မြို့ထဲမှာ မရှိရင် သူက ဘယ်ကို ရောက်နေမှာလဲ"
တစ်ချိန်တည်းမှာပင် တောင်ပိုင်းယွဲ့ ဘက်မှ အကြီးအကျယ် မြို့ကို တိုက်ခိုက်နေချိန်၌ ကျန်းချဲ့ သည် လက်ရွေးစင် စစ်သည် ရှစ်ရာကို ဦးဆောင်ကာ လီချန်မြို့ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နာရီနှစ်ဆယ် ကြာအောင် မိုင်သုံးရာကျော် ခရီးကို အတင်းအကျပ် ချီတက်လာခဲ့ခြင်း ပင်ဖြစ်သည်။
အလွန် အလျင်အမြန် ချီတက်လာခဲ့ခြင်း ဖြစ်ပြီး လမ်းတစ်လျှောက်လုံး အခြေခံအားဖြင့် အနားမယူခဲ့ကြချေ။
မနက် မိုးလင်းခါနီး အချိန်တွင်မှ လီချန်မြို့ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ခြင်း ပင်ဖြစ်သည်။
အစောင့်အကြပ် ကင်းမဲ့လုနီးပါး ဖြစ်နေသော တောင်ပိုင်းယွဲ့ စစ်စခန်း ကို ကြည့်ရင်း ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ မည်သို့ပင်ဖြစ်စေ သူ ဤစစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းယွဲ့ စစ်စခန်း ကို ဖျက်ဆီးနိုင်မည် ဆိုပါက...
သေချာပေါက် ကြီးမားသော ဂုဏ်ထူးဆုလာဘ် တစ်ခု ဖြစ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။
"စစ်သူကြီး ကျွန်တော်မျိုး လီချန်မြို့ ကို ချုံခို တိုက်ခိုက်ခွင့် ပြုပါ"
ချီဟွမ်း က ထူးဆန်းသော စစ်မြင်းကို စီးနင်းကာ ကျန်းချဲ့ အရှေ့သို့ ရောက်လာပြီး လေးနက်စွာ ပြောလိုက်လေသည်။
"မလောပါနဲ့ မနက်စာ စားပြီးမှ မြို့ကို တိုက်လည်း နောက်မကျပါဘူး လီချန်မြို့ က အခု ပါးစပ်ဝ ရောက်နေတဲ့ အသားတုံးလေး လို ဖြစ်နေပါပြီ"
ကျန်းချဲ့ က ပြုံးလိုက်လေသည်။ ယခုအချိန်အထိ ခရီးရှည် နှင်လာခဲ့ရသဖြင့် စစ်သည်များ၏ အကန့်အသတ် သို့ ရောက်လုနီးပါး ဖြစ်နေပြီ ပင်ဖြစ်သည်။
"ကျွန်တော်မျိုး ကတော့ အဲ့ဒီလို မထင်ပါဘူး တစ်ဟုန်ထိုး တိုက်ခိုက်ပြီး လီချန်မြို့ ကို သိမ်းပိုက်လိုက်တာ အကောင်းဆုံးပါ လီချန်မြို့ ကို သိမ်းပြီးမှ မနက်စာ စားလည်း မနောက်ကျပါဘူး ကျွန်တော်မျိုး ရှေ့ပြေး အဖြစ် တာဝန်ယူပါ့မယ် ရှေ့ဆုံးကနေ တိုက်ခိုက်ပြီး ပထမဆုံး မြို့ရိုးကို တက်ပါ့မယ်"
ချီဟွမ်း ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လွင်နေပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေလေသည်။
ကျန်းချဲ့ က ချီဟွမ်း ကို အချိန်ခဏမျှ စူးစိုက်ကြည့်ပြီးနောက် ပြုံးလိုက်လေသည်။
"မင်းက အမြဲတမ်း အသစ်အဆန်းတွေ လုပ်ပြနိုင်တာပဲ မင်းမှာ ဒီလို စိတ်ဓာတ် ရှိနေမှတော့ ကောင်းပြီလေ လီချန်မြို့ ကို အရင်သိမ်းမယ် ပြီးမှ မနက်စာ စားကြတာပေါ့ လီချန်မြို့ ထဲမှာပဲ မနက်စာ စားမယ်"
"ကျွန်တော်မျိုး အမိန့်နာခံပါတယ်"
ချီဟွမ်း က လေးနက်စွာ ခေါင်းညိတ် လိုက်လေသည်။
ထို့နောက် ချီဟွမ်း သည် မြင်းကို ဒုန်းစိုင်း စီးနင်းကာ လက်ရွေးစင် စစ်သည် ရှစ်ရာကို ဦးဆောင်ပြီး စတင် လှုပ်ရှားလေတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ပုန်းအောင်းနေသော မြင်းစီးစစ်သည် ရှစ်ရာမှာ အနက်ရောင် ရေစီးကြောင်းကြီး တစ်ခု အလား လီချန်မြို့ ဘက်သို့ စတင် ချီတက်သွားကြလေသည်။ ကြီးမားလှသော အရှိန်အဟုန် ကြောင့် မြေပြင် ကြီးပင် အဆက်မပြတ် တုန်ခါနေလေသည်။
လီချန်မြို့ မြို့ရိုးပေါ်တွင်။
အိပ်မိုက်မူးယစ် နေသော စစ်သည်များ မှာ ရုတ်တရက် လန့်နိုးသွားကြပြီး အဝေးမှ ချီတက်လာသော လူအုပ်ကြီးကို ကြောက်လန့်တကြား ကြည့်ကာ အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်ကြလေသည်။
"သတိထား သတိထား ရန်သူတွေ လာတိုက်နေပြီ"
"ရန်သူတွေ လာတိုက်နေပြီ"
"အစီအရင်ရော မြန်မြန် ဖွင့်လိုက်"
"စစ်သူကြီးရော စစ်သူကြီး"
မျက်တောင်တစ်ခတ် အတွင်းမှာပင် မည်သည့် ကြိုတင် ပြင်ဆင်မှုမှ မရှိသော လီချန်မြို့ မြို့စောင့် တပ်ဖွဲ့များမှာ အကြီးအကျယ် ရှုပ်ထွေး သွားကြလေသည်။ ဤသို့ ရှုပ်ထွေးသွားရခြင်းမှာ အကြောင်းရင်း များစွာ ရှိလေသည်။ ပထမ အချက်မှာ ယခုအချိန်က မနက် မိုးလင်းခါနီး အချိန် ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
ညစောင့် စစ်သည်များ မှာ အိပ်ငိုက်နေကြပြီး အစောင့် လဲလှယ်မည့် အချိန် ဖြစ်နေလေသည်။
အခြား တစ်ချက်မှာ သူတို့ အနေဖြင့် အလယ်ပိုင်းဒေသ မှ စစ်တပ်က ရုတ်တရက် လာရောက် တိုက်ခိုက်မည်ကို လုံးဝ မထင်မှတ် ထားသောကြောင့် ပင်ဖြစ်သည်။ ကျန်းဖျင် ပင်လျှင် ကျန်းချဲ့ တွင် ထိုသို့သော စွမ်းရည်မျိုး ရှိမည်ဟု မထင်မှတ်ထားခဲ့သဖြင့် သာမန် ကာကွယ်ရေး တာဝန်များကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါ စစ်တပ်ကြီး ရုတ်တရက် ချီတက်လာသောအခါ သဘာဝကျကျပင် အကြီးအကျယ် ရှုပ်ထွေးသွားကြလေတော့သည်။
သေချာသည်ကတော့ တောင်ပိုင်းယွဲ့ ၏ စစ်စခန်း မြို့ကြီး ဖြစ်သဖြင့် ဤနေရာတွင် ဒုတိယ စစ်သူကြီး များ ကာကွယ် စောင့်ရှောက် နေဆဲ ပင်ဖြစ်သည်။ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်ကာ ကာကွယ်ရန် ပြင်ဆင်လိုက်ကြလေသည်။ သို့သော် ယခုအချိန်တွင်တော့ အနည်းငယ် နောက်ကျသွားခဲ့လေပြီ။
မြင်းစီး စစ်သည်များ ၏ ချုံခို တိုက်ခိုက်မှု အထူးသဖြင့် ထူးဆန်းသော စစ်မြင်းများ ၏ အမြန်နှုန်း မှာ အလွန် မြန်ဆန်လှပေသည်။
စစ်တပ်၏ စိတ်ဓာတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်ချိန် တွင်ပင် ချီဟွမ်း ဦးဆောင်သော စစ်တပ်မှာ မြို့ရိုး အနီးသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထို့နောက် ချီဟွမ်း က မြင်းကျောပေါ်မှ တစ်ချက် နင်းကာ အပေါ်သို့ ခုန်တက်သွားပြီး အစီအရင် ဖွင့်ခါနီး အချိန်လေး အတွင်းမှာပင်...
မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်တက် သွားလေတော့သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန် ကြာပြီးနောက် တောင်ပိုင်းယွဲ့ စစ်စခန်း လီချန်မြို့ မှာ ကျရှုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
မြို့ရိုးပေါ်တွင်လည်း ကျန်းချဲ့ ၏ အလံများ လျင်မြန်စွာ လွှင့်ထူ လိုက်ကြလေသည်။
စစ်သည် အများအပြား ကလည်း မြို့တွင်း၌ အကြီးအကျယ် သတ်ဖြတ် နေကြလေသည်။
ကျန်းချဲ့ ကတော့ မြို့ရိုးပေါ်တွင် ရပ်ကာ အဝေးရှိ မိုးကုတ်စက်ဝိုင်း ကို ကြည့်ရင်း မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်လေသည်။
စိတ်အာရုံ ကို ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ သွင်းလိုက်ပြီး နောက်ထပ် တစ်ကြိမ် ယဇ်ပူဇော်ရန် ပြင်ဆင်လိုက်လေတော့သည်။
[ယဇ်ပူဇော်မည့်ပစ်မှတ် - ရှန်ရှန်းအဆင့်သို့ တက်လှမ်းရန်။]
[ယဇ်ပူဇော်ရမည့် တန်ဖိုး - ယွမ်ကျောက်တုံး တစ်ထောင်... ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် တစ်ခု…]