အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇) လောကတွင် ရှန်ရွှီ မရှိတော့ပြီ
"ဒီမေးခွန်းတွေရဲ့ အဖြေကို ခင်ဗျား သေသွားတဲ့ အချိန်ကျရင် ကျုပ် ပြောပြပါ့မယ်..."
ကိစ္စတွေက ဒီအထိ ရောက်လာပြီ ဖြစ်ရာ ထပ်မံရှင်းပြနေရန် အဓိပ္ပာယ် မရှိတော့ချေ။ သူသည် ဤမျှလောက် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ထားခဲ့ရပြီ ဖြစ်ရာ ဤတိုက်ပွဲတွင် ဂိုဏ်းချုပ်ရှန်ရွှီကို သေချာပေါက် အဆုံးသတ်ပေးရမည် ဖြစ်လေသည်။
မဟုတ်ပါက သူ အေးချမ်းစွာ အိပ်စက်နိုင်မည် မဟုတ်တော့ချေ။
ကျန်းချဲ့၏ စကားကို ကြားသောအခါ ဂိုဏ်းချုပ်ရှန်ရွှီ၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
"ငါ့ကို သတ်မယ် ဟုတ်လား... မင်းလောက် အရည်အချင်းနဲ့များကွာ..."
အမှန်ပင် ယခုအခါ သူ၏ အခြေအနေမှာ အလွန် သနားစရာကောင်းနေလေသည်။ ရုပ်ခန္ဓာ ပျက်စီးသွားပြီး မူလဝိညာဉ် အပြင်းအထန် ဒဏ်ရာရထားသော်လည်း နဂါးကျား တာအိုဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ့ထံတွင် အခြားသော အသက်ကယ် နည်းလမ်းများ မရှိဘဲ နေမည်လား။
ယခုအချိန်တွင် ကျန်းချဲ့ကို သတ်ဖြတ်ရန် သူ အမှန်တကယ် မစွမ်းဆောင်နိုင်သော်လည်း သူ ထွက်သွားမည်ဆိုပါက တစ်ဖက်လူအနေဖြင့် သူ့ကို လုံးဝ တားဆီးနိုင်မည်မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်ချက် ရှိလေသည်။
'အမှန်တကယ်တော့ ငါက သာမန် ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် တစ်ပါး မဟုတ်ဘူး... ထိပ်တန်း ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာပဲ... ငါ့လက်ထဲမှာ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အထွတ်အမြတ်လက်နက် လည်း ရှိနေသေးတယ်လေ...'
သိုင်းသူတော်စင်၏ စွမ်းအားမှာ နတ်အင်မော်တယ်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သာမန်လူများ အနေဖြင့် ရန်စဝံ့မည့် အရာ မဟုတ်ချေ။
"ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်မှတော့ မူလဝိညာဉ်ကိုလည်း အပြတ်ရှင်းလင်းပစ်နိုင်တာပေါ့..."
ကျန်းချဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ခန္ဓာကိုယ်ကို တစ်ချက် တုန်ခါစေလိုက်ရာ သူ၏ ကိုယ်တွင်းမှ အမြုတေသွေးစက်များ စီးကျလာလေသည်။
ထိုသွေးစက်များက သွေးပင်လယ် အစီအရင်ကြီး အတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ဝင်ရောက်သွားလေသည်။
ဤအခိုက်အတန့်တွင် သူသည် အစီအရင်ကြီးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးမှာ သွေးရောင်များ အကြားတွင် ရုတ်တရက် ပေါ်လာလိုက် ရုတ်တရက် ပျောက်သွားလိုက် ဖြစ်နေလေသည်။ မျက်စိတစ်မှိတ်အတွင်း အစီအရင်ကြီး၏ စွမ်းအားများ ထပ်မံ နိုးကြားလာပြီး အလွန် ကြမ်းတမ်းလှသော ဖိအားကြီးတစ်ခုက ဂိုဏ်းချုပ်ရှန်ရွှီ ထံသို့ လွှမ်းခြုံ ဖုံးအုပ်သွားလေတော့သည်။
"စီနီယာအောက်ခွန်း... အခြေအနေက ဒီအထိ ရောက်လာမှတော့ ခင်ဗျားရဲ့ အမှတ်အသားလည်း လူသိသွားပြီလေ... တကယ်လို့ ဂိုဏ်းချုပ်ရှန်ရွှီကိုသာ အသက်ရှင်လျက် ထွက်သွားခွင့် ပြုလိုက်ရင် နောင်တစ်ချိန်ကျရင် ခင်ဗျား နဂါးလှောင် ရေတွင်းထဲကနေ လွတ်မြောက်ဖို့ လုံးဝ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်..."
တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ကျန်းချဲ့က မြေနဂါးကြီးကိုလည်း အလျင်စလို သတိပေးလိုက်လေသည်။
ဂိုဏ်းချုပ်ရှန်ရွှီကို ရင်ဆိုင်ရာတွင် သူက နှုတ်ခမ်းဖျားမှ အထင်သေးစွာ ပြောဆိုနေသော်လည်း ရင်ထဲတွင်မူ အလွန် အလေးထားနေလေသည်။ လူတိုင်း၏ စွမ်းအားများကို ပေါင်းစပ်လိုက်မှသာ ဂိုဏ်းချုပ်ရှန်ရွှီကို အပြတ်အသတ် ရှင်းလင်းနိုင်မည်ကို သူ ကောင်းစွာ သိရှိထားလေသည်။
"ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် တစ်ပါးရဲ့ မူလဝိညာဉ်က ငါကိုယ်တော်ရဲ့ ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို ပြန်ဖြည့်တင်းဖို့ လုံလောက်ပါတယ်ကွာ..."
အောက်ခွန်းက ရက်စက်သော အပြုံးတစ်ခုဖြင့် သွားဖြီးကာ ရယ်မောလိုက်လေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကလည်း လျင်မြန်စွာ မြင့်တက်လာလေသည်။
ကျန်းချဲ့က လုံးဝ တွေဝေခြင်းမရှိဘဲ တိုက်ခိုက်လာသည်ကို မြင်သောအခါ ဂိုဏ်းချုပ်ရှန်ရွှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အထွတ်အမြတ်လက်နက် ကို ချက်ချင်း ထုတ်ယူလိုက်လေသည်။ ထိုအရာမှာ ကြာပန်းပုံသဏ္ဌာန် ရတနာမီးအိမ် တစ်လုံးဖြစ်ပြီး နူးညံ့သော အလင်းတန်းများ ဖြာထွက်နေလေသည်။
ထိုမီးအိမ်က အစီအရင်ကြီး၏ ဖိနှိပ်မှုကို သူ့ကိုယ်စား ကာကွယ်ပေးနေလေသည်။
"မိစ္ဆာတိရစ္ဆာန်... မင်းလောက် အရည်အချင်းနဲ့များ ကျုပ်ကို ချောင်းမြောင်းရဲတယ်ပေါ့လေ..."
ဂိုဏ်းချုပ်ရှန်ရွှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ စောစောပိုင်းကတည်းက သူသည် အောက်ခွန်း၏ အမှတ်အသားကို ခန့်မှန်းမိပြီး ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ မြေနဂါး အရှိန်အဝါ ဆိုသည်မှာ ယွဲ့ပြည်နယ် တစ်ခုလုံးတွင် ထျန်းလုံ ဘုန်းကြီးကျောင်း အတွင်းရှိ နဂါးလှောင် ရေတွင်းထဲမှ တစ်ကောင်တည်းသာ ရှိလေသည်။
စောစောက သူ လျစ်လျူရှုထားခဲ့ခြင်းမှာ လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မခံရစေရန် သက်သက်သာ ဖြစ်လေသည်။ သို့သော် ယခုအခါ တစ်ဖက်လူက အသေအလဲ တိုက်ခိုက်ရန် ဆုံးဖြတ်ထားမှတော့ သူ ဆက်လက် သည်းခံနေစရာ အကြောင်း မရှိတော့ချေ။
"မိစ္ဆာတိရစ္ဆာန် ဟုတ်လား... အခုအချိန်မှာ မင်းက ငါကိုယ်တော် ပါးစပ်ထဲက သွေးစုပ်ကောင်လေး သက်သက်ပါပဲကွာ... ဟွန့်... ငါကိုယ်တော်ကို မိစ္ဆာတိရစ္ဆာန် လို့ ဆဲရဲတယ်ပေါ့လေ... မင်းရဲ့ အဲ့ဒီ စကားတစ်ခွန်းတည်းနဲ့တင် မင်းကို သေချင်လျက်နဲ့ သေလို့မရအောင် ငါကိုယ်တော် လုပ်ပြမယ်..."
အောက်ခွန်းက အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ရာ သူ၏ ကိုယ်ပတ်လည်တွင် မြေနဂါး ပုံရိပ်ယောင် တစ်ခု တဖြည်းဖြည်း ပုံဖော်လာလေသည်။
ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ ဂိုဏ်းချုပ်ရှန်ရွှီ ထံသို့ ပြေးဝင် ဖိနှိပ်သွားလေတော့သည်။
မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲကြီး ထပ်မံ စတင်သွားလေသည်။
ကျန်းချဲ့က အစီအရင်ကြီးကို ထိန်းချုပ်နေရင်း တစ်ဖက်မှလည်း ယင်ယန် မိစ္ဆာမီးတောက်များကို လှုပ်ရှားစေလိုက်လေသည်။ ဤသည်မှာ ယခုအချိန်တွင် သူ အသုံးပြုနိုင်သော တစ်ခုတည်းသော နည်းလမ်း ပင်ဖြစ်သည်။ တောင်စောင့် နတ်ဒယ်အိုး နှင့် ပတ်သက်၍မူ တစ်ဖက်လူကို ရိုက်ချရန် ကျန်းချဲ့ အသုံးမပြုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ရှန်ရွှီ သည် ကျန်းဖျင် နှင့် မတူညီသောကြောင့် ပင်ဖြစ်သည်။ ကျန်းချဲ့သည် အစီအရင်ကြီး၏ အကူအညီဖြင့် ကျန်းဖျင် ကို အသေအလဲ ဖိနှိပ်ထားနိုင်ခဲ့သဖြင့် သူ၏ စွမ်းအားများကို အတားအဆီး မရှိ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂိုဏ်းချုပ်ရှန်ရွှီ တွင်တော့ ပြန်လည် ခုခံနိုင်သော စွမ်းအားများ ရှိနေလေသည်။
ယခင်က ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများစွာ ရှိခဲ့သော်လည်း သူ့ကို လုံးဝ မသတ်ဖြတ်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ နည်းလမ်းများ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိနိုင်ပေသည်။ ထို့အပြင် သူကိုယ်တိုင်က ရွှမ်တန်အဆင့် ကျင့်ကြံမှု မျှသာ ရှိသေးရာ အကယ်၍ ဂိုဏ်းချုပ်ရှန်ရွှီ သာ သူ့ကို တိုက်ခိုက်လာပါက...
မျက်တောင်တစ်ခတ်အတွင်း သူ့ကို သတ်ဖြတ်သွားနိုင်ခြေ ရှိလေသည်။
ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် ကာကွယ်ရေး နည်းလမ်းများကို အသင့်ပြင်ထားရမည် ပင်ဖြစ်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးများ ဆက်လက် ထွက်ပေါ်နေလေသည်။ အောက်ခွန်း က ပြေးဝင်သွားပြီး ဂိုဏ်းချုပ်ရှန်ရွှီ နှင့် အကြိတ်အနယ် တိုက်ခိုက် နေလေပြီ။ ယခင်ကဆိုလျှင် သူ သေချာပေါက် မဝံ့ရဲသော်လည်း ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရထားသော မူလဝိညာဉ် တစ်ခုကိုတော့...
သူ မနိုင်စရာ အကြောင်း လုံးဝ မရှိတော့ချေ။
'သေစမ်း...'
ဂိုဏ်းချုပ်ရှန်ရွှီ က ရင်ထဲတွင် တိတ်တဆိတ် ဆဲဆိုလိုက်ပြီး တိုက်ပွဲအတွင်းမှ တစ်ချက် အနောက်သို့ ဆုတ်ခွာလိုက်လေသည်။ သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း မိမိ၏ လက်ရှိ အခြေအနေကို သိရှိထားသဖြင့် ဒေါသကို မြိုသိပ်ထားလိုက်ရလေသည်။
အချိန် ဆက်ဆွဲနေ၍ မရနိုင်တော့ချေ။ မဟုတ်ပါက သူ အမှန်တကယ်ပင် ဤနေရာတွင် ကျဆုံးသွားနိုင်ခြေ ရှိလေသည်။
"ကျန်းချဲ့... မင်းက ရန်ငြိုးတွေကို မပြေလည်ချင်ဘူး ဆိုမှတော့ တစ်ယောက်သေ တစ်ယောက်ရှင်ပဲပေါ့ကွာ... ဒါပေမဲ့ ဒီနေ့တော့ မဟုတ်သေးဘူး... ဟွန့်..."
ဂိုဏ်းချုပ်ရှန်ရွှီ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲရှိ အထွတ်အမြတ်လက်နက် ကို ချက်ချင်း လှုပ်ရှားစေလိုက်လေသည်။
သွေးပင်လယ် အစီအရင်ကြီးကို ဆုတ်ဖြဲကာ ဤနေရာမှ ထွက်ပြေးရန် ရည်ရွယ်လိုက်ခြင်း ပင်ဖြစ်သည်။ မူလဝိညာဉ် ၏ ထွက်ပြေးနှုန်းမှာ အလွန် မြန်ဆန်လှရာ ဤအစီအရင်ကြီး၏ ဖိနှိပ်မှုမှသာ လွတ်မြောက်သွားပါက တစ်ဖက်လူ အနေဖြင့် သူ၏ ခြေရာကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားလေသည်။ ရန်ငြိုးများ အတွက်မူ နောင်တစ်ချိန်မှ လက်စားချေလည်း နောက်မကျသေးချေ။
သူ၏ လက်ထဲရှိ အထွတ်အမြတ်လက်နက် မှာလည်း အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ ထိုစွမ်းအားများကို အားကိုး၍ အစီအရင်ကြီးကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်လေသည်။ သို့သော် သူ ထွက်ပြေးရန် ပြင်လိုက်သည့် အချိန်မှာပင် ယခုလေးတင် ဆုတ်ဖြဲခံလိုက်ရသော အစီအရင်ကြီးမှာ ပြန်လည် ပိတ်ဆို့သွားလေသည်။
ချီရွှယ်မိစ္ဆာသခင် ပင်ဖြစ်သည်။
သူ ဝင်ရောက် လှုပ်ရှားလိုက်ခြင်း ပင်ဖြစ်သည်။ သူသည် မဟာသိုင်းသခင် နှစ်ပါးကို အသေအလဲ တားဆီးနေရသော်လည်း တစ်ဖက်မှ ကျန်းချဲ့ နှင့် ဂိုဏ်းချုပ်ရှန်ရွှီ တို့၏ တိုက်ပွဲကို အမြဲတမ်း စောင့်ကြည့်နေခဲ့လေသည်။ တစ်ဖက်လူ ထွက်ပြေးတော့မည်ကို မြင်သောအခါ လုံးဝ တွေဝေခြင်းမရှိဘဲ အခြား နှစ်ယောက်ကို စွန့်လွှတ်လိုက်လေသည်။
အစီအရင် အပေါ် သူ၏ နားလည်သဘောပေါက်မှုကို အားကိုး၍ အစီအရင်ကြီးကို ပြန်လည် ပိတ်ဆို့လိုက်ခြင်း ပင်ဖြစ်သည်။
"ထွက်ပြေးချင်လို့လား... မင်း ဒီမှာပဲ နေခဲ့လိုက်တော့ကွာ..."
ချီရွှယ်မိစ္ဆာသခင် က ထူးဆန်းစွာ ရယ်မောလိုက်လေသည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ အနောက်ဘက်တွင် ပေတစ်ရာခန့်ရှိသော သွေးနဂါးကြီး တစ်ကောင် ထွက်ပေါ်လာပြီး ဂိုဏ်းချုပ်ရှန်ရွှီ ထံသို့ တိုက်ရိုက် ပြေးဝင် တိုက်ခိုက်သွားလေတော့သည်။
တောင်ပိုင်းယွဲ့မှ အခြားသော မဟာသိုင်းသခင် နှစ်ပါး ကတော့ ဤအခိုက်အတန့်တွင် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် လုံးဝ တွေဝေခြင်းမရှိဘဲ အနောက်သို့ ဆုတ်ခွာသွားကြလေသည်။ ဤအခွင့်အရေးကို အသုံးချ၍ အစီအရင်ကြီးကို ဖောက်ထွက်ကာ ထွက်ပြေးရန် ရည်ရွယ်လိုက်ကြခြင်း ပင်ဖြစ်သည်။
ဝင်ရောက် ကူညီပေးရန် အနည်းငယ်မျှပင် စိတ်ကူး မရှိကြချေ။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ တို့၏ တကယ့် ပစ်မှတ်မှာ အစီအရင် အတွင်းသို့ နောက်ဆုံး ဝင်ရောက်လာသော သူသာ ဖြစ်ကြောင်းကို သူတို့ ကောင်းစွာ နားလည် သွားကြပြီ ဖြစ်လေသည်။
ချီရွှယ်မိစ္ဆာသခင် က တားဆီးလိုက်ချိန်တွင် ကျန်းချဲ့ နှင့် အောက်ခွန်း တို့ကလည်း အားလပ် မနေကြချေ။ သူတို့၏ စွမ်းအားများကို ဆက်လက် လှုပ်ရှားစေလိုက်ပြီး ဂိုဏ်းချုပ်ရှန်ရွှီ ထံသို့ ပြင်းထန်စွာ ဖိနှိပ် တိုက်ခိုက်လိုက်ကြလေသည်။
'တိုက်ရိုက် မသတ်နိုင်ရင်တောင် တဖြည်းဖြည်း သေအောင် နှိပ်စက်ပစ်မယ်လေ...'
'ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ယောက်ကို သတ်ဖို့ ဒီလောက်တောင် ခက်ခဲနေသလား ဆိုတာ ငါ လုံးဝ မယုံကြည်ဘူး...'
"အဟွတ် အဟွတ် အဟွတ်... သေစမ်း..."
ဂိုဏ်းချုပ်ရှန်ရွှီ မှာ ပြင်းထန်သော တိုက်ခိုက်မှုများ ကြောင့် လုံးဝ အသက်ရှူမဝအောင် ဖြစ်နေလေသည်။ အထွတ်အမြတ်လက်နက် ကို ထိန်းချုပ်ထားနိုင်သော်လည်း ယခုအခါ လုံးဝ အောက်စီး သို့ ရောက်ရှိသွားခဲ့လေပြီ။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိ အခြေအနေဖြင့် အထွတ်အမြတ်လက်နက် ၏ အစစ်အမှန် စွမ်းအားကို လုံးဝ ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိတော့ချေ။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပင် ဖြတ်ပြေးသွားလေသည်။
'တစ်ချိန်တည်းမှာ လူအများရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရတာ... အခု ငါ အရမ်း အန္တရာယ် များနေပြီပဲ... ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် အသက်တစ်ရာရှူစာ အချိန်မတိုင်မီ မှာတင် ငါ့ရဲ့ ကျန်ရှိနေသေးတဲ့ စွမ်းအားတွေ အားလုံး အကုန်အစင် ပျက်စီး သွားရတော့မယ်...'
"ကျန်းချဲ့... မင်း ကျုပ်ကို အတင်း ထောင့်မပိတ်နဲ့... အခုချက်ချင်း ရပ်လိုက်... ကျုပ်က ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်... မင်းနဲ့ ငါတို့ နဂါးကျား တာအိုဂိုဏ်း ကြားက ရန်ငြိုးတွေကို အပြီးတိုင် ဖြေရှင်းလိုက်လို့ ရတယ်... မဟုတ်လို့ကတော့ ကျုပ် သေရရင်တောင် မင်းတို့ ဘယ်သူမှ အသက်ရှင်ရမှာ မဟုတ်ဘူး..."
ဝိုင်းဝန်းတိုက်ခိုက် ခံနေရသော ဂိုဏ်းချုပ်ရှန်ရွှီ သည် ကျန်းချဲ့သာလျှင် အဓိက ခေါင်းဆောင် ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် ချက်ချင်းပင် ရန်ငြိုးပြေလည်ရန် ကြိုးစားလာလေသည်။
"ရန်ငြိုးတွေကို ပြေလည်အောင် လုပ်မယ် ဟုတ်လား... ဟားဟားဟား... မင်းတို့ နဂါးကျား တာအိုဂိုဏ်းက အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ်... ကျုပ်ကို ကျိန်စာတိုက်ဖို့တောင် အကွက်ဆင်ခဲ့သေးတယ်... အခု ဂိုဏ်းချုပ်ကိုယ်တိုင် လာပြီး ချုံခို တိုက်ခိုက်ဖို့ ကြိုးစားနေတာကို မင်းက ပြေလည်မယ် ပြောတိုင်း ပြေလည်ရမှာလား... ကျန်းချဲ့က ဒေါသ မထွက်တတ်ဘူးလို့ ထင်နေတာလား..."
ကျန်းချဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ လေယူလေသိမ်းတွင် အထင်သေးမှုများ ပြည့်နှက်နေလေသည်။
သူ၏ ဘဝ ခံယူချက်က အမြဲတမ်း ရန်ငြိုးရှိလျှင် မဖြစ်မနေ လက်စားချေမည် ဟူ၍ ပင်ဖြစ်သည်။ နဂါးကျား တာအိုဂိုဏ်းက အကြိမ်ကြိမ် ပစ်မှတ်ထားကာ သူ့ကို အလွယ်တကူ အနိုင်ကျင့်၍ ရသော သူတစ်ယောက် အဖြစ် သတ်မှတ်ထားခဲ့ရာ ဘယ်လိုလုပ်ပြီး ဒီဒေါသတွေကို အမြဲတမ်း မျိုသိပ် ထားနိုင်မည်နည်း။
လက်စားချေနိုင်ရန် အတွက် ကျန်းချဲ့သည် မိမိ၏ စည်းစိမ်ဥစ္စာ အားလုံးကို အကုန်အကျခံခဲ့ရုံ သာမက ကိုယ်တိုင်လည်း အသက်အန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရလေသည်။ ဂိုဏ်းချုပ်ရှန်ရွှီ ကို အပြင်းအထန် ဒဏ်ရာရအောင် ခက်ခဲစွာ လုပ်ဆောင်နိုင်ခဲ့ပြီးမှ စကားတစ်ခွန်းတည်းဖြင့် ဘယ်လိုလုပ်ပြီး အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။
ခြိမ်းခြောက်မှု ဆိုသည်မှာ ပို၍ပင် အဓိပ္ပာယ် မရှိလှချေ။
ကျန်းချဲ့သည် အတူတူ သေရမည်ကို လုံးဝ ကြောက်ရွံ့တတ်သူ မဟုတ်ချေ။
"ဟားဟားဟား... ကျန်းကောင်လေး မင်းပြောတာ မှန်တယ်... ဒီအခြေအနေ ရောက်နေမှတော့ ဘာတွေ လာစေ့စပ် ပြေလည်ချင်နေဦးမှာလဲ... ရှန်ရွှီ မင်းက အခု အိုးထဲက လိပ်တစ်ကောင် လို ဖြစ်နေပြီလေ... ငါတို့နဲ့ အတူတူ သေရအောင် မင်းမှာ အရည်အချင်း ရှိလို့လား... ထွီ... မင်းတို့လို ကိုယ့်ကိုယ်ကိုယ် သိုင်းလောက ရဲ့ တရားမျှတသူ တွေလို့ သတ်မှတ်ထားတဲ့ ကောင်တွေရဲ့ မျက်နှာကို ငါကိုယ်တော် အမုန်းဆုံးပဲကွ..."
ချီရွှယ်မိစ္ဆာသခင် က အော်ဟစ် ဆဲဆိုလိုက်လေသည်။
"ဟုတ်တယ် နွားနှာခေါင်းအိုကြီး... မင်းမှာ အခွင့်အရေး ရှိသေးတယ်လို့ တကယ် ထင်နေတာလား... အစီအရင်ကြီးက ဒီမှာ ရှိနေပြီး မဟာသိုင်းသခင် တွေကလည်း ဝိုင်းတိုက်နေတာ... မင်းတို့ ဂိုဏ်းက သိုင်းသူတော်စင်ကြီး ရောက်လာရင်တော့ တစ်မျိုးပေါ့... မဟုတ်ရင် ဒီနေ့ မင်း သေချာပေါက် သေရမှာပဲကွ..."
အောက်ခွန်း ကလည်း ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်မှု စွမ်းအားများက ပိုမို ကြမ်းတမ်း လာလေသည်။
"ကောင်းပြီလေ... ဒီလိုမှတော့ အားလုံး သေကြတာပေါ့... ကျန်းချဲ့ မင်းက တကယ်ပဲ နှစ်တစ်ရာမှာ တစ်ခါ ပေါ်ခဲတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ... ဒါကြောင့်လည်း ကျုပ် က မင်းကို ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်တာ... မင်း သေမှပဲ ငါတို့ နဂါးကျား တာအိုဂိုဏ်း က ဆက်လက် ရှင်သန်နိုင်မှာ... ကျုပ် ရဲ့ အသက် အတွက်တော့... ဟွန့်... မင်းတို့ကို အဖော်ခေါ်ပြီး အတူတူ သွားရမယ် ဆိုရင်တော့ အရမ်းကြီး ရှုံးတယ်လို့ မဆိုနိုင်ပါဘူး..."
ကျန်းချဲ့ တို့က ပြေလည်ရန် ဆန္ဒမရှိဘဲ သူ့ကို သေချာပေါက် သတ်ဖြတ်ရန် ရည်ရွယ်ထားသည်ကို မြင်သောအခါ ဂိုဏ်းချုပ်ရှန်ရွှီ သည် သေရန် ဆုံးဖြတ်လိုက်လေသည်။ ထပ်မံ၍ လွင့်စင်သွားပြီးနောက်...
ဂိုဏ်းချုပ်ရှန်ရွှီ က သူ့ကိုယ်သူ လှောင်ပြောင် ရယ်မောလိုက်ပြီး ကြာပန်းမီးအိမ်ကို ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
"တပည့် ရှန်ရွှီ ဟာ ကျေးဇူးကန်းခဲ့ပါပြီ... ဒီနေ့တော့ ဘိုးဘေးတွေရဲ့ အထွတ်အမြတ်လက်နက် ကို ဖျက်ဆီးပြီးမှ ရန်ငြိုးတွေကို အဆုံးသတ်နိုင်တော့မှာမို့ ကောင်းကင်ဘုံက ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေက တပည့် ကို ခွင့်လွှတ်ပေးကြပါ..."
နောက်တစ်စက္ကန့်တွင် ဂိုဏ်းချုပ်ရှန်ရွှီ သည် လုံးဝ တွေဝေခြင်းမရှိတော့ဘဲ မူလဝိညာဉ် သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ အထွတ်အမြတ်လက်နက် အတွင်းသို့ စီးဝင်သွားပြီး ကြာပန်းမီးအိမ် ၏ မီးစာ အဖြစ် ပြောင်းလဲသွားလေသည်။ မိမိကိုယ်ကို ယဇ်ပူဇော်ကာ နောက်ဆုံး သေရမည့် အချိန်တွင် အပြင်းထန်ဆုံး တိုက်ခိုက်မှု ကို ပြုလုပ်လိုက်ခြင်း ပင်ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း တောက်ပလှသော အလင်းတန်းကြီး တစ်ခုက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားလေသည်။ သွေးပင်လယ် အစီအရင်ကြီး တစ်ခုလုံးကို လွှမ်းခြုံ သွားလေသည်။
တစ်ချိန်တည်းမှာပင် လေဟာနယ် တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားလေသည်။ အောက်ခွန်း နှင့် ချီရွှယ်မိစ္ဆာသခင် တို့၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြလေသည်။ ဂိုဏ်းချုပ်ရှန်ရွှီ က ဤမျှလောက် ပြတ်သားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။ ဆက်လက် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသော်လည်း ဤကဲ့သို့ အသေခံသည့် နည်းလမ်းကို ရွေးချယ်လိုက်ခြင်း ပင်ဖြစ်သည်။
ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ဒုက္ခပဲ... ကျန်းချဲ့ မြန်မြန် ဆုတ်တော့... ဆုတ်..."
စကားသံ အဆုံးတွင် ချီရွှယ်မိစ္ဆာသခင် သည် လုံးဝ တွေဝေခြင်းမရှိဘဲ သွေးပင်လယ် ပုတီးစေ့ အတွင်းသို့ ပထမဆုံး ဝင်ရောက် ပုန်းကွယ် သွားလေသည်။ ကျန်းချဲ့ လည်း အလွန် အံ့အားသင့်သွားပြီး ချီရွှယ်မိစ္ဆာသခင် သတိမပေးမီ ကတည်းက မျက်စိတစ်မှိတ်အတွင်း ကာကွယ်ရေး အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။
တစ်ကိုယ်လုံးကို အကြေးခွံများဖြင့် ဖုံးအုပ်ထားလိုက်ပြီး တောင်စောင့် နတ်ဒယ်အိုး အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ကာ မိမိကိုယ်ကို ဖုံးအုပ် ထားလိုက်လေသည်။
ထို့အပြင် နောက်ဆုံး အချိန်လေးတွင် နတ်မှော်အဆောင် ကိုယ်ပွားကိုပါ လှုပ်ရှားစေလိုက်ပြီး ဓားနယ်မြေကို ချက်ချင်း ဖွင့်လှစ်စေကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး တောင်စောင့် နတ်ဒယ်အိုး ပေါ်သို့ တိုက်ရိုက် လွှမ်းခြုံ ထားလိုက်လေသည်။
အကြောက်ဆုံး သူကတော့ သေချာပေါက် အောက်ခွန်း ပင်ဖြစ်သည်။ အန္တရာယ်ကို သတိထားမိသည့် အချိန်တွင် လုံးဝ တွေဝေခြင်းမရှိဘဲ အနောက်သို့ ဆုတ်ခွာသွားခဲ့သော်လည်း သူ၏ အမြန်နှုန်းမှာ နှေးကွေး လွန်းနေဆဲ ပင်ဖြစ်သည်။
ပေရာဂဏန်း ခန့်သာ အကွာအဝေး ကို ဆုတ်ခွာနိုင်ခဲ့လေသည်။
မျက်တောင်တစ်ခတ် အကြာတွင်...
ရွှေရောင် အထွတ်အမြတ်လက်နက် မီးအိမ်မှာ အလင်းရောင်များ တောက်ပလာပြီးနောက် ချက်ချင်းပင် ပေါက်ကွဲ ထွက်သွားလေသည်။
"ဘုန်း..."
မျက်တောင်တစ်ခတ်အတွင်း အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခု လုံးဝ ပေါက်ကွဲထွက်လာလေသည်။ မဟာသိုင်းသခင် ၏ မူလဝိညာဉ် ကို အသက်သွေးကြော အဖြစ် အသုံးပြုပြီး အထွတ်အမြတ်လက်နက် ၏ အခြေခံ အုတ်မြစ်ကို အားကိုးကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပေါက်ကွဲမှု ဗဟိုချက် မှ စတင်ကာ အရပ်လေးမျက်နှာ သို့ မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံ သွားလေတော့သည်။
"ဟူး... ဒီ ဓားအစီအရင် က ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ..."
ဓားအစီအရင် အတွင်း ပိတ်မိနေသော အရပ်ပုပု လူကြီး က သက်ပြင်း တစ်ချက် ချလိုက်လေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ အလွန် မှေးမှိန် နေပြီး အရပ်လေးမျက်နှာ သို့ လှည့်ပတ် ကြည့်ရှုကာ အကြောင်းရင်းကို ရှာဖွေ နေလေသည်။
'ငါတို့ အနိုင်ရသွားတာများလား...'
သို့သော် သူ အများကြီး စဉ်းစားချိန် မရလိုက်မီ မှာပင် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး က မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာလေသည်။
အရပ်ပုပု လူကြီး ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး လုံးဝ တွေဝေခြင်းမရှိဘဲ ခန္ဓာကိုယ် ကာကွယ်ရေး အလွှာကို ချက်ချင်း ဖွင့်လှစ်လိုက်လေသည်။
သို့သော် သူ၏ ကာကွယ်ရေး အလွှာမှာ တစ်ချက် ထိတွေ့ရုံဖြင့် ပျက်စီးသွားပြီး သူ တစ်ကိုယ်လုံး လှိုင်းလုံးကြီး အတွင်းသို့ လိပ်ပါသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားလေတော့သည်။
အလားတူပင် ထိတ်လန့်သွားကြသူများမှာ ယခင်က သွေးပင်လယ် အစီအရင်ကြီးကို ဖောက်ထွက်ရန် ကြိုးစားနေခဲ့သော တောင်ပိုင်းယွဲ့ မဟာသိုင်းသခင် နှစ်ပါး ပင်ဖြစ်သည်။ သူတို့ က အခွင့်အရေး ယူ၍ အမြန် ထွက်ပြေးရန် ရည်ရွယ်ထားခဲ့ပြီး သူတို့ နှစ်ယောက်၏ စွမ်းအားဖြင့် ဆိုလျှင် မထွက်ပြေးနိုင်စရာ အကြောင်း မရှိချေ။
တကယ်တမ်းတွင် ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ သူတို့ကို အာရုံမစိုက်မိချိန် တွင် သူတို့ အမှန်တကယ်ပင် အက်ကွဲကြောင်း တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့လေသည်။ သို့သော် သူတို့ နှစ်ယောက် ဝမ်းသာ၍ မဆုံးမီ အက်ကွဲကြောင်းကို ထပ်မံ ချဲ့ထွင်ရန် ပြင်လိုက်ချိန် တွင်ပင် ပေါက်ကွဲသံကြီး တစ်ခု တိုက်ရိုက် ထွက်ပေါ် လာလေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းများ ချက်ချင်း ထောင်ထ သွားပြီး အလွန် ကြီးမားလှသော အန္တရာယ် တစ်ခုကို ခံစားလိုက်ရသကဲ့သို့ ပင်ဖြစ်သည်။
အနောက်သို့ လှည့်ကြည့် လိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြူဖွေးသော အလင်းရောင်များ သာ ရှိနေပြီး လေဟာနယ် ကြီးပင် ပေါက်ကွဲ ထွက်သွားသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
"ငါ..."
"မဟုတ်ဘူး... မဟုတ်ဘူးနော်..."
မျက်စိတစ်မှိတ်အတွင်း သူတို့ နှစ်ယောက်စလုံး လွှမ်းခြုံ ခံလိုက်ရလေတော့သည်။
လော့ဖုန်း တောင်ကြား အပြင်ဘက်တွင် မြင်းစီးစစ်သည် တစ်ဖွဲ့ က အသင့် အနေအထားဖြင့် စောင့်ဆိုင်း နေကြလေသည်။ သူတို့မှာ ကျန်းချဲ့ အမြဲတမ်း ဘေးတွင် ခေါ်ဆောင်လာခဲ့သော လက်ရွေးစင် စစ်သည်များ ဖြစ်ကြပြီး ယခုအခါ လူသုံးရာ ကျော်သာ ကျန်ရှိ တော့လေသည်။ သူတို့ကို လော့ဖုန်း တောင်ကြား အပြင်ဘက်တွင် သတင်း စောင့်ဆိုင်းရန် အမိန့်ပေးထားခြင်း ပင်ဖြစ်သည်။
သို့သော် သူတို့ စောင့်ပြီးရင်း စောင့်နေခဲ့ကြလေသည်။
လော့ဖုန်း တောင်ကြား တစ်ခုလုံး သွေးရောင်များ ဖုံးလွှမ်းသွားသည့် အချိန် ရောက်မှသာ ကျန်းချဲ့ ဘာလုပ်ချင်သည်ကို သူတို့ နားလည် သွားကြလေသည်။ ချက်ချင်းပင် အနောက်သို့ ဆက်လက် ဆုတ်ခွာ သွားကြပြီး အလွန် ဝေးကွာသော အကွာအဝေး သို့ ရောက်ရှိမှသာ စိတ်အေး သွားကြလေသည်။
သို့သော် အချို့သူများ၏ ရင်ထဲတွင်တော့ စိုးရိမ် ပူပန်မှုများ ရှိနေဆဲ ပင်ဖြစ်သည်။
"အစ်ကို... ဒုတိယ စစ်သူကြီး က ဘာလုပ်ချင်နေတာလဲ..."
စစ်သည် တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်လေသည်။
"မင်းက ငါ့ကို လာမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ..."
"ဘယ်အချိန် အထိ စောင့်နေရဦးမှာလဲ..."
"တော်တော့ စကားများ မနေနဲ့... အမိန့်ကိုပဲ စောင့်နေကြ..."
ရာထူးရှိသော ဒုတိယ စစ်သူကြီး တစ်ယောက်က အော်ဟစ် ငေါက်ငမ်း လိုက်လေသည်။
"ဟေး... မင်းတို့ မြေကြီး တုန်နေသလို ခံစားရလား..."
ရုတ်တရက် တစ်ယောက်က သံသယများစွာဖြင့် အော်ဟစ် လိုက်လေသည်။
"ဟယ်... မင်း မပြောနဲ့ဦး... တကယ်ကြီး တုန်နေတာပဲ..."
"ဒုက္ခပဲ မြေငလျင် လှုပ်နေပြီ... မြန်မြန် အားလုံး မြင်းပေါ်က ဆင်းပြီး ဝပ်နေကြ..."
အော်ဟစ် လိုက်သည့် မျက်တောင်တစ်ခတ်အတွင်း လူတိုင်း သတိဝင်လာကြပြီး လော့ဖုန်း တောင်ကြား ရှိရာ အရပ်သို့ တညီတညွတ်တည်း လှမ်းကြည့် လိုက်ကြလေသည်။ ကောင်းကင်ယံ သို့ တိုက်ရိုက် ထိုးတက်သွားသော အလင်းတန်းကြီး တစ်ခုကို မြင်တွေ့ လိုက်ရလေသည်။
ထို့နောက် မျက်စိကျိန်းမတတ် ဖြူဖွေးသော အလင်းရောင် တစ်ခု တောက်ပလာပြီး လော့ဖုန်း တောင်ကြား တစ်ခုလုံးကို လွှမ်းခြုံ သွားလေသည်။ နားစည် ပေါက်မတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု နှင့်အတူ အချို့သူများမှာ ကြက်သေ သေသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် လော့ဖုန်း တောင်ကြား အတွင်း၌ မှိုပွင့်ပုံသဏ္ဌာန် တိမ်တိုက်ကြီး တစ်ခု အပေါ်သို့ မြင့်တက် လာသောကြောင့် ပင်ဖြစ်သည်။
ထို့နောက် ကြမ်းတမ်းလှသော လေဆင်နှာမောင်း ကြီး တစ်ခု တိုက်ခတ်လာပြီး စစ်သည်များ အားလုံး ပထမဆုံး အကြိမ် ထိတွေ့ရုံဖြင့် လေပေါ်သို့ လွင့်စင် သွားကြလေသည်။ ထို့နောက် မြေပြင် များ လည်း အဆက်မပြတ် ကွဲအက် လာလေတော့သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန် ကြာပြီးနောက်...
လော့ဖုန်း တောင်ကြား...
မဟုတ်ပေ ယခုအခါ တောင်ကြား ဟုပင် မခေါ်ဆိုနိုင်တော့ဘဲ မြေပြန့်ပြင် တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေပြီ။ မြေပြန့်ပြင် ၏ အလယ်ဗဟို တွင်တော့ ပတ်လည် ပေတစ်သောင်းခန့် ကျယ်ဝန်းသော ဧရာမ တွင်းကြီး တစ်ခု ရှိနေပြီး မြေပြင် တစ်ခုလုံး မည်းနက် နေလေသည်။
လော့ဖုန်း တောင်ကြား တစ်ခုလုံး မြေပြန့် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီး ဧရာမ တွင်းကြီး ကို ဗဟိုပြုကာ ပင့်ကူအိမ် အလား အက်ကွဲကြောင်း များက အရပ်လေးမျက်နှာ သို့ ဖြာထွက် နေပြီး အဆုံးအစ ကိုပင် မမြင်နိုင်တော့ချေ။
ယခုအချိန်တွင် မြေပြင်ပေါ်၌ ပစ္စည်း အနည်းငယ် သာ ကျန်ရှိ တော့လေသည်။
ပျက်စီးနေသော အနက်ရောင် ချိတ်ကောက် တစ်ခု က မြေကြီးပေါ်တွင် အထီးကျန်စွာ စိုက်ဝင် နေလေသည်။
ဓားရှည် တစ်လက် မှာလည်း အနည်းငယ် မှေးမှိန် နေပြီး ဝိညာဉ်စွမ်းအား များစွာ ဆုံးရှုံး သွားပုံ ရလေသည်။
သွေးရောင် ပုတီးစေ့ တစ်လုံး က လေထဲမှာ လွင့်မျောနေလေသည်။
ထို့အပြင် ပေဆယ်ဂဏန်းခန့် ကြီးမားသော အနက်ရောင် ဧရာမ ဒယ်အိုး ကြီး တစ်လုံး က မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ၎င်း၏ အပေါ်တွင် သေးငယ်သော အက်ကွဲကြောင်း များစွာ ရစ်ပတ် နေလေသည်။
ဖရိုဖရဲ တစ်နေရာလုံး ဖရိုဖရဲ ပင်ဖြစ်သည်။
သွေးရောင် ပုတီးစေ့ မှာ အလင်းရောင် တစ်ချက် တောက်ပသွားပြီး ချီရွှယ်မိစ္ဆာသခင် က ထို ရတနာ အတွင်းမှ ထွက်ပေါ် လာလေသည်။ ပတ်ဝန်းကျင် ရှိ အလွန် ဆိုးရွားလှသော မြင်ကွင်း ကို ကြည့်ရင်း သူ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး မျက်နှာထား လည်း အလွန် ဆိုးရွား နေလေသည်။
'သန့်စင်သောရတနာ ပေါက်ကွဲမှုက ဒီလောက်တောင် ကြောက်စရာ ကောင်းလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားမိဘူး... ဒီအထွတ်အမြတ်လက်နက် ထဲမှာ ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ စုဆောင်း ထားနိုင်ရတာလဲ... ဒါက အရမ်းကို ပုံမှန် မဟုတ်တော့ဘူး…’