အခန်း ၂၉၉၃
Vol. 240 Ch. 2993
အခန်း(၂၉၉၃)
“အင်မော်တယ်ဘုရင်ဟွမ်ချွမ်.. စီနီယာ ဒီမှာရှိနေတာ ကျွန်တော် သိပါတယ်.. ထွက်လာပြီး ကျွန်တော်နဲ့ တွေ့ပေးလို့ရမလား”
အရှင်ဖြူမဲက ပတ်ဝန်းကျင်ရှိ မှောင်မိုက်သော ဟင်းလင်းပြင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
သူ၏ စကားသံက နေရာလွတ် ဟင်းလင်းပြင် အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
“မင်းဘယ်သူလဲ.. ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”
အရှင်ဖြူမဲ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ငရဲတမန်တော် ကဲ့သို့ အေးစက်စက် စကားသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အရှင်ဖြူမဲ၏ ရှေ့တွင် အနက်ရောင်ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ဖြူမဲသည် ထိုပုံရိပ်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“ကျွန်တော်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်က အရှင်ဖြူမဲပါ...အင်မော်တယ်ဘုရင်ဟွမ်ချွမ်ကို ဂါဝရပြုပါတယ်”
“မင်းက ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ကလား”
အရှင်ဖြူမဲ၏ စကားကိုကြားသည်နှင့် အင်မော်တယ်ဘုရင် ဟွမ်ချွမ်ထံကနေ ချက်ချင်းဆိုသလို အအေးစွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့ရာ အရှင်ဖြူမဲ၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတိုက်ထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။
အရှင်ဖြူမဲ ကပျာကယာ ရှင်းပြလိုက်သည်။
“အင်မော်တယ်ဘုရင်ဟွမ်ချွမ်.. စိတ်လျှော့ပါ.. ကျွန်တော်က တစ်ချိန်ကတော့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးပေမဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို သစ္စာဖောက်ပြီး ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ကို တည်ထောင်ခဲ့တဲ့သူပါ”
အင်မော်တယ်ဘုရင်အဆင့်၏ စွမ်းအားသည် အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်။
အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီး သူ၏ အင်မော်တယ်ဝိညာဥ်က မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသည့်တိုင် ဟန်ယွင်အဆင့်အင်မော်တယ် ပင်လျှင် မည်သို့မျှ ရင်ဆိုင်နိုင်စွမ်း မရှိပေ။
“မင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ သစ္စာဖောက်လား.. နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က သူ၏ အရှိန်အဝါကို ချက်ချင်းပင် ပြန်လည် ရုတ်သိမ်းလိုက်သည်။
သူက အရှင်ဖြူမဲကို အေးစက်စက် လှမ်းကြည့်ကာ ပြောလိုက်သည်။
“ပြောစမ်းပါဦး.. မင်း ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ”
“ကျွန်တော် ဒီကိုရောက်လာတာက အင်မော်တယ်ဘုရင် ဟွမ်ချွမ်နဲ့ ပူးပေါင်းချင်လို့ပါ”
အရှင်ဖြူမဲက အပိုစကားများ ပြောမနေတော့ဘဲ အင်မော်တယ်ဘုရင်ဟွမ်ချွမ် ထံသို့ လာရောက်ရသည့် သူ၏ ရည်ရွယ်ချက်ကို အလျင်အမြန် ရှင်းပြလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဆိုတဲ့ကောင်လည်း တစ်နေ့မှာ ကျရှုံးသွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. တကယ်ကို စိတ်ကျေနပ်စရာ ကောင်းတာပဲ”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် အရှင်ဖြူမဲကို ကြည့်ကာ ပြောလိုက်သည်။
“ဒီဘုရင်က မင်းတောင်းဆိုတဲ့ အခြေအနေတွေကို ကတိပေးတယ်.. မင်းသာ ဒီဘုရင်ကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ဖယ်ရှားပေးပြီး အပြင်ထွက်ခွင့် ပေးသရွေ့တော့ ဒီဘုရင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူကို ရှင်းပစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ဖျက်ဆီးနိုင်ဖို့အတွက် မင်းကို အကူအညီပေးမယ်”
အရှင်ဖြူမဲက တစ်ခဏမျှ စဥ်းစားလိုက်ပြီးမှ အင်မော်တယ်ဘုရင်ဟွမ်ချွမ်ကို ပြောလိုက်သည်။
“စီနီယာ.. နောက်ထပ် တောင်းဆိုမဲ့ အခြေအနေတစ်ခု ရှိပါသေးတယ်”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က အရှင်ဖြူမဲ၏ အတွေးကို ကြိုသိနေသကဲ့သို့ပင် ပြောလိုက်သည်။
“စိတ်အေးအေးထားစမ်းပါ.. ဟိုကောင် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် ကျဆုံးသွားပြီ ဆိုမှတော့ ဒီအရှင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို စိတ်မဝင်စားတော့ဘူး.. ငါ ဒီနယ်မြေက ထွက်သွားပြီးတာနဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေက မင်းတို့ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေမှာပါ”
“စီနီယာကို တကယ် ကျေးဇူးတင်ပါတယ်.. ကျွန်တော် ချိတ်ပိတ် စည်းတံဆိပ်ကို ဖျက်ဆီးပြီး စီနီယာကို လွတ်မြောက်အောင် ကူညီပေးပါ့မယ်”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ဖြူမဲ၏ စိတ်အာရုံသည် အင်မော်တယ်ဘုရင်ဟွမ်ချွမ်၏ ရှေ့ရှိ ဟင်းလင်းပြင်ကနေ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချိုင့်ဝှမ်း အပြင်ဘက်ရှိ လေထုထဲတွင် ရုပ်တု တစ်ခုနှယ် တောင့်တောင့်ကြီး ဖြစ်နေသော အရှင်ဖြူမဲသည် ချက်ချင်းဆိုသလို ပြန်လည် နိုးထလာခဲ့သည်။
သူက ချိုင့်ဝှမ်းကို အေးစက်စက် ကြည့်လိုက်ပြီးနောက်တွင် ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
အဆုံးသတ်တွင်မူ အရှင်ဖြူမဲသည် အပြာရောင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ပြင်းထန်စွာ ရိုက်သွင်းချလိုက်သည်။
“ဝုန်း..”
“ဝုန်း..”
ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းတစ်ခုလုံး၌ တောင်ပြိုလဲသကဲ့သို့ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် အလွန်အမင်း ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုသည် ချိုင့်ဝှမ်း၏အနက်ရှိုင်းဆုံး နေရာကနေ ကောင်းကင်ယံထက်သို့ မြင့်တက်သွားခဲ့ပြီး အဆုံးသတ်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားစေခဲ့သည်။
ယင်းနောက်တွင် အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ ပုံရိပ်သည် ချိုင့်ဝှမ်း၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ သက်ရှိအားလုံး နီးပါးသည် အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားစေခဲ့သည့် အရှိန်အဝါရှိရာ ဆီသို့ မော့ကြည့်မိလိုက်ကြသည်။
“ဒါက အင်မော်တယ်ဘုရင်အဆင့်ကသာ လုပ်ဆောင်နိုင်တဲ့စွမ်းအားမျိုးပဲ.. ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေမှာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး အမှန်တကယ် မွေးဖွားလာခဲ့ပြီလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“............”
လူတိုင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် အရှိန်အဝါကို ငေးကြည့်နေခဲ့ကြပြီး ထိတ်လန့်တုန်လှုပ်မှုကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားကတည်းကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ပေါ်ထွက်မလာတော့ပေ။
သို့ဆိုလျှင် အင်မော်တယ်ဘုရင်အဆင့် အရှိန်အဝါသည် မည်သည့်နေရာမှ ရောက်ရှိလာပါသနည်း။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လုရှောင်ချင်းတို့ လူစုသည်လည်း ဤအရှိန်အဝါ တည်ရှိမှုကို ခံစားမိခဲ့၏။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှာ အင်မော်တယ်ဘုရင်အဆင့် အရှိန်အဝါ ဘယ်လိုလုပ်ပြီးရှိ နေရတာလဲ”
“ဒါက ဘယ်သူ့ရဲ့အရှိန်အဝါလဲမသိဘူး”
လုရှောင်ချင်းက မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
လုရှောင်ချင်း၏ နံဘေးမှ ကလေးငယ် ကဲ့သို့ မျက်နှာအသွင်အပြင် ရှိသည့် ဆံဖြူအဘိုးအို တစ်ဦးသည် ကောင်းကင်ယံရှိ အရှိန်အဝါကို စိုက်ကြည့်နေရင်း လေးနက်စွာ ပြောလိုက်သည်။
“သခင်မ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ဒါက အင်မော်တယ်ဘုရင် ဟွမ်ချွမ်ရဲ့ အရှိန်အဝါပဲ”
လုရှောင်ချင်းက တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“အင်မော်တယ်ဘုရင်ဟွမ်ချွမ် ဟုတ်လား”
“အင်မော်တယ်ဘုရင်ဟွမ်ချွမ် ဆိုတာက ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေမှာ တစ်ချိန်က ရက်စက်တဲ့ ဂုဏ်သတင်းနဲ့ နာမည်ကျော်ကြားခဲ့တဲ့ အင်မော်တယ်ဘုရင် တစ်ပါးပဲ နောက်ပိုင်းမှာ နန်းတော်သခင် ကိုယ်တိုင် သူ့ကို နှိမ်နင်းပြီး ချိတ်ပိတ်ထားခဲ့တယ်.. ဒီကောင် ပြန်လွတ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး”
ဆံဖြူအဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။
“ဒါက သေချာပေါက် အရှင်ဖြူမဲရဲ့လက်ချက်ပဲ ဖြစ်ရမယ်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် တစ်ခုလုံးမှာ အဲဒီအဘိုးကြီးတစ်ယောက်ကပဲ အင်မော်တယ်ဘုရင် ဟွမ်ချွမ်ချိတ်ပိတ်ခံထားရတဲ့ နေရာကို သိနိုင်လိမ့်မယ်”
ထိုစကားကိုကြားလျှင် လုရှောင်ချင်း၏ အမူအရာသည် ချက်ချင်းပင် ပို၍ လေးနက်သွားခဲ့သည်။
အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် တစ်ချိန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ လက်ချက်ခြင်းကို ခံထားရ၍ ယခု ပြန်လည် လွတ်မြောက်သွားသောအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အလွယ်တကူ အလွှတ်မပေးမည်အား သူမ စိုးရိမ်နေမိသည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ လက်ရှိအင်အားသည် အင်မော်တယ်ဘုရင် တစ်ပါးနှင့် ရင်ဆိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။
“သခင်မ.. အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့.. အင်မော်တယ်ဘုရင် ဟွမ်ချွမ်က နန်းတော်သခင်ရဲ့ လက်ချက်နဲ့ ခန္ဓာကိုယ်လုံးဝ ပျက်စီးသွားခဲ့ပြီ.. သူ့ရဲ့ အင်မော်တယ်ဝိညာဥ်ကလည်း နန်းတော်သခင်ရဲ့ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ အတွက် သူရဲ့ခွန်အားက အထွတ်အထိပ်ကာလနဲ့ ယှဥ်ရင် အများကြီး အားနည်းနေနိုင်ပါတယ်”
လုရှောင်ချင်း စိုးရိမ်ပူပန်နေသည်ကိုမြင်လျှင် ဆံဖြူအဘိုးအိုသည် အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
ဆံဖြူအဘိုးအို၏ နှစ်သိမ့် စကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်၌ ရုတ်တရက် ဟင်းလင်းပြင် လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ် တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ တိုက်ရိုက်ပင် ပေါ်ထွက်လာခဲ့ပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အထက်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်၏ အရှိန်အဝါက ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
သူက လုရှောင်ချင်းတို့ လူစုကို ငုံ့ကြည့်ကာ မေးလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူက ဘယ်သူလဲ”
လုရှောင်ချင်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး ရှေ့သို့ လှမ်းတက်ကာ ပြောလိုက်သည်။
“ကျွန်မပါ.. စီနီယာက တစ်ချိန်က ကျွန်မရဲ့ဆရာ ချုပ်နှောင်ထားခဲ့တဲ့ အင်မော်တယ်ဘုရင် ဟွမ်ချွမ်လား”
“အဲဒီအချိန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တဲ့အပြင် အင်မော်တယ်ဝိညာဥ်ကိုလည်း ဖိနှိပ်ထားခဲ့တယ်.. အခု ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် မရှိတော့ဘူး ဆိုမှတော့ သူ့ရဲ့အကြွေးကို မင်းတို့လို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူကိုပဲ ဆပ်ခိုင်းရတော့မှာပေါ့”
အင်မော်တယ်ဘုရင် ဟွမ်ချွမ်က လုရှောင်ချင်းကို အေးစက်စက် ငုံ့ကြည့်ကာ ပြောလိုက်သည်။
“သွားသေလိုက်တော့”
စကားဆုံးသည်နှင့် အင်မော်တယ်ဘုရင် ဟွမ်ချွမ်က လုရှောင်ချင်း ဆီသို့ လက်ညှိုး တစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
လုရှောင်ချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အသက်စွမ်းအင် အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကြီးမားသော အပြာရောင်စည်းတံဆိပ် တစ်ခုသည် သူမ ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ လက်ညှိုးကို ပိတ်ဆို့လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး လုရှောင်ချင်းသည် လေထဲတွင် ပေပေါင်းထောင်ချီ နောက်ပြန်လွင့်စင်သွားခဲ့ကာ သူမ၏ လှပသော မျက်နှာလေးသည်ပင် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။
“သခင်မ”
ဆံဖြူအဘိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး လုရှောင်ချင်း၏ နံဘေးသို့ အလျင်အမြန် ရောက်ရှိလာကာ တွဲထားပေးလိုက်သည်။
“ထာဝရရှင်သန်ခြင်း စည်းတံဆိပ်ပါလား.. ဒါက အင်မော်တယ်ဘုရင် အဆင့် ရတနာပေမဲ့ နှမျောစရာကောင်းတာက အသုံးပြုတဲ့လူက အရမ်းကို အားနည်းလွန်းနေတာပဲ”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
အေးစက်စက် အရှိန်အဝါများ လွှမ်းခြုံနေသည့် ကြီးမားသော လက်ဝါးကြီးသည် လုရှောင်ချင်း ထံသို့ ချက်ချင်းပင် သက်ရောက်လာခဲ့သည်။
ဆံဖြူအဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့ပြီး တိုက်ခိုက်ရန်ပြင်လိုက်သည့် အချိန်မှာပင် ရွှေရောင်မီးတောက် တစ်ခုသည် ဟင်းလင်းပြင်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်မီးတောက်သည် ချက်ချင်းဆိုသလိုပင် ရွှေရောင်မီးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုရှောင်ချင်းဆီသို့ သက်ရောက်လာသော ကြီးမားသော လက်ဝါးကြီးကို ဟင်းလင်းပြင်ထဲမှာပင် ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်သည်။
အခန်း(၂၉၉၃)ပြီး၏။