← Chapters

အခန်း ၂၉၉၆

Vol. 240 Ch. 2996

အခန်း ၂၉၉၆

Vol. 240 Ch. 2996

အခန်း(၂၉၉၆)

“ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်နဲ့ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ကျင့်စဥ်ပါလား.. မင်း မင်းဘယ်သူလဲ”

အင်မော်တယ်ဘုရင်ဟွမ်ချွမ်၏ မျက်နှာထက်တွင် ထိတ်လန့်ချောက်ချားသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျိုလိစစ်နတ်ဘုရားခန္ဓာကိုယ် ဆိုသည်မှာ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင် တစ်ပါးဖြစ်သော အင်မော်တယ်ဘုရင် ကျိုလီ၏ နာမည်ကျော်ကျင့်စဥ်တစ်ခု ဖြစ်သည်။

ထို့အပြင် ကျန်းချန်ထုတ်ဖော်လိုက်သည့် စည်းတံဆိပ်သည်လည်း အင်မော်တယ်ဘုရင် အဆင့်ထက် လုံးဝ သာလွန်နေပြီး ထိုအထဲတွင် ဧကရာဇ်အဆင့် ဥပဒေသစွမ်းအား၏ အရိပ်အယောင်ပင် ပါဝင်နေခဲ့သည်။

ယင်းက အင်မော်တယ်ဧကရာဇ်သာ ဖန်တီးနိုင်သည့် ဧကရာဇ်အဆင့် အင်မော်တယ်ကျင့်စဥ် ဆိုသည်မှာ သေချာသလောက်ပင်။

ထို့အပြင် ထိုဧကရာဇ်အဆင့် ကျင့်စဥ်သည် အင်မော်တယ်ဝိညာဥ်များအတွက် သီးသန့် တီထွင်ထားသကဲ့သို့ ဖြစ်နေခဲ့ပြီး အင်မော်တယ်ဝိညာဥ် အားလုံး၏ အဓိကရန်သူတော် ဆိုလည်း မမှားပေ။

သူက အင်‌မော်တယ်ဘုရင်အဆင့် အင်မော်တယ်ဝိညာဥ် ဖြစ်နေလျှင်ပင် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် အတော်လေး ဖိနှိပ်ခံလိုက်ရ၏။

“ဝုန်း..”

အင်မော်တယ်ဘုရင် ဟွမ်ချွမ် ထိတ်လန့်တုန်လှုပ်နေသည့်အချိန်မှာပင် ရှေးဟောင်းသားရဲကြီးဖြစ်သည့် မိုးကြိုးနွားသည် သူ့ထံသို့ နောက်တစ်ကြိမ် ထပ်မံ၍ အရှိန်အဟုန်ဖြင့် တိုးဝင် တိုက်ခိုက်လိုက်သည်။

အင်မော်တယ်ဘုရင်ဟွမ်ချွမ်သည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ မိုးကြိုးနွား၏ တိုက်ခိုက်မှုကြောင့် လွင့်စင်ထွက်သွားခဲ့၏။

သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်ရသေးခင်မှာပင် ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံကို ထုတ်လွှတ်လိုက်သည်။

ထိုဟိန်းဟောက်သံသည် ဟင်းလင်းပြင်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားခဲ့ပြီး ထိုအသံသည် ကောင်းကင်ယံ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးရှိ လူတိုင်းသည် ဤအခိုက်အတန့်တွင် မိုးကြိုးနွား၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးနွား၏ရှေ့တွင် ထုထည် အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေသော အသံလှိုင်း တစ်ခုသည် မိုင်ပေါင်းထောင်ချီ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ မူလက ခပ်ရေးရေး ပုံရိပ်သည် လုံးဝနီးပါး ကြည်လင်ပြတ်သားသွားခဲ့ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

အဆုံးသတ်တွင်မူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင် အစက်အပျောက်လေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် တိုက်ရိုက်ပင် လွင့်ပျယ် ပျောက်ကွယ်သွားခဲ့၏။

ဟိန်းဟောက်သံ တစ်သံတည်းဖြင့်ပင် အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ အင်မော်တယ်ဝိညာဥ်သည် ဟင်းလင်းပြင်ထဲတွင် တိုက်ခိုက်ချေမှုန်းခြင်း ခံလိုက်ရ၏။

ရှေးဟောင်းသားရဲဖြစ်သည့် မိုးကြိုးနွား၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။

“ရှေးဟောင်းသားရဲကြီးလို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”

အင်မော်တယ်ဘုရင်ဟွမ်ချွမ် ချေမှုန်းခံလိုက်ရသည်ကို မြင်လျှင် ကျန်းချန်သည် ကောင်းကင်ထိန်းချုပ် နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ် ထဲသို့ ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက် ကုန်ခန်းသွားသော အင်မော်တယ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန်အတွက် ဆေးလုံးတစ်လုံးကို အလျင်အမြန် မျိုချလိုက်ရာ သူ၏ ဖြူဖျော့နေသော အမူအရာသည် ချက်ချင်းဆိုသလိုပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ဤကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ် ထဲရှိ ရှေးဟောင်းသားရဲကြီးများသည် အလွန်အမင်း အစွမ်းထက်သော်လည်း ၎င်းတို့ကို ဆင့်ခေါ်ရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်အမင်း စွမ်းရည် ကုန်ခန်းသည်။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ရှေးဟောင်းသားရဲကြီးဖြစ်သည့် မိုးကြိုးနွား တစ်ကောင်တည်းကိုသာ ဆင့်ခေါ်နိုင်ပြီး အလွန်ဆုံး အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်လောက်သာ ထိန်းထားနိုင်လိမ့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ဒုတိယမြောက် ကျင့်စဥ်ကို အသုံးပြု၍ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ အခြားစာမျက်နှာ တစ်ခုကို လှုံ့ဆော်ရန် အတွက် ဆိုလျှင်မူ ထည့်ပြောနေစရာပင် မလိုတော့ချေ။

သူ၏ လက်ရှိ စွမ်းရည်ဖြင့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ စာမျက်နှာ နှစ်ခုကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ကာ ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကို တိုက်ပွဲဝင်ရန် ဆင့်ခေါ်မည် ဆိုလျှင် ရန်သူကို မချေမှုန်းနိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား အကုန်လုံး ကုန်ခန်းသွားလိမ့်မည်ကို သူစိုးရိမ်မိ၏။

မည်သို့ပင် ဖြစ်စေကာမူ ယခုအခါတွင် သူက ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားကို ဆင့်ခေါ်နိုင်ပြီ ဖြစ်ရာ ကျန်းချန် အလွန်အမင်း ကျေနပ်အားရနေခဲ့သည်။

ဤဝှက်ဖဲဖြင့်ဆိုလျှင် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်နှင့် ရင်ဆိုင်ရသည့်တိုင် ခုခံနိုင်စွမ်း မရှိသည့် အခြေအနေမျိုး ဖြစ်မလာနိုင်တော့ချေ။

အင်မော်တယ်ဘုရင် ဟွမ်ချွမ် ကျဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ကောင်းကင်ယံ တစ်ခုလုံးသည် ကျယ်လောင်သော မြည်ဟည်းသံနှင့် အတူ တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်က အင်မော်တယ်ဘုရင် ဟွမ်ချွမ် ကျဆုံးသွားခြင်းကြောင့် ဝမ်းနည်းပူဆွေးသကဲ့သို့ ဖြစ်နေခဲ့သည်။

“ဒါက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ကျဆုံးခြင်းရဲ့ နိမိတ်လက္ခဏာပဲ.. အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက် ကျဆုံးသွားပြီလား”

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရှိ လူအားလုံးသည် ကောင်းကင်ယံမှ နိမိတ်လက္ခဏာကို စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

အင်မော်တယ်ဧကရာဇ် မရှိသည့် ယနေ့ခေတ် ကာလတွင် အင်မော်တယ်ဘုရင် အဆင့်သည် အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် အမြင့်ဆုံးသော အဆင့်ဖြစ်သည်။

ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ယောက်သည် အဘယ်ကြောင့် ယခုလို ကျဆုံးသွားရပါသနည်း။

ထို့အပြင် မကြာသေးမီက အင်မော်တယ်ဘုရင်အဆင့်အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် မွေးဖွားလာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအင်မော်တယ်ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်သည် ပြန်လည် ကျဆုံးသွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။

“ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ဖြစ်တဲ့ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်က တကယ်ကို အစွမ်းထက်လွန်းတာပဲ”

အရှင်ဇူရီနှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လူများသည် ကျန်းချန် ဆင့်ခေါ်လိုက်သည့် ရှေးဟောင်းသားရဲကြီးဖြစ်သော မိုးကြိုးနွားလက်ချက်ဖြင့် အင်မော်တယ်ဘုရင်ဟွမ်ချွမ် အလွယ်တကူ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လျှင် ထိတ်လန့် တုန်လှုပ်မှုကနေ သတိဝင်လာရန် အချိန်အတော်ကြာ ရုန်းကန်လိုက်ရသည်။

“အစ်ကိုကျန်းချန် ကျေးဇူးတင်ပါတယ်”

လုရှောင်ချင်းက ဟင်းလင်းပြင်ကနေ ဖြည်းညင်းစွာ ဆင်းသက်လာသော ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူမ၏ လှပသော မျက်နှာလေးတွင် ချိုသာသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ဒါက ဘာမှ အပန်းမကြီးပါဘူး ရှောင်ချင်းလေး.. မင်းနဲ့ငါ့ရဲ့ကြားမှာ အားနာစရာမလိုပါဘူး.. ငါ အခု တံခါးပိတ် ကျင့်ကြံတော့မယ်.. တကယ်လို့ ဖြေရှင်းမရတဲ့ ဒုက္ခတစ်ခုခု ကြုံလာခဲ့ရင် မင်းငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်အတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

အင်မော်တယ်ဘုရင်ဟွမ်ချွမ်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ရောက်ရှိသွားခဲ့ပြီး ထပ်မံ၍ ကျင့်ကြံရန် စတင်လိုက်သည်။

သို့သော်လည်း ကျန်းချန်သည် ကောင်းကင်ထိန်းချုပ် နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ကို ဆက်လက်၍ ဆင်ခြင်သုံးသပ်ခြင်း မပြုလုပ်ခဲ့ပေ။

သူ၏ လက်ရှိ ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းဖြင့် ဆိုလျှင် ကောင်းကင်ထိန်းချုပ်နည်းစနစ်ဆယ်မျိုး ကျင့်စဥ်၏ ပထမဆုံးနည်းစနစ်ကို အသုံးပြုကာ မိုးကြိုးနွားကို တိုက်ပွဲဝင်ရန် ဆင့်ခေါ်ခြင်းကပင် အတော်လေး လွန်လွန်းနေပြီ ဖြစ်သည်။

သူ့အနေဖြင့် ကောင်းကင်ထိန်းချုပ် နည်းစနစ် ဆယ်မျိုး ကျင့်စဥ်၏ နောက်ထပ် ကျင့်စဥ်များကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင်ပင် လောလောဆယ်တွင် အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ရရှိခဲ့သော အရင်းအမြစ်များကို အသုံးပြုကာ အချိန်ကာလတစ်ခု အထိ ကျင့်ကြံအားထုတ်ပြီး ဟန်ယွင်အဆင့်ကို တစ်ရှိန်ထိုး ချိုးဖျက်နိုင်ရန် အတွက် ဆုံးဖြတ်ထားခဲ့သည်။

ဟန်ယွင်အဆင့်ကို ချိုးဖြတ်နိုင်သည်နှင့်သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ ပထမနှင့် ဒုတိယစာမျက်နှာများကို တစ်ပြိုင်နက်တည်း လှုံ့ဆော်နိုင်သည့် စွမ်းရည်မျိုး ရှိလာနိုင်ပေလိမ့်မည်။

ကျန်းချန်က အင်မော်တယ်ရတနာ ဆေးလုံးများနှင့် ဆေးရည်များကို ဆက်တိုက် စုပ်ယူ မျိုချလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟန်ယွင်အဆင့် အင်မော်တယ်စွမ်းအားများသည် အဆက်မပြတ် တိုးပွားလာခဲ့သည်။

အလွန်လျင်မြန်စွာပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုက်ယီ အင်မော်တယ်အဆင့်၏ အကန့်အသတ်ကို ကျော်ဖြတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ ဟန်ယွင်အဆင့်၏ အင်မော်တယ်စွမ်းအား တချို့ကိုပင် စုစည်းနိုင်ခဲ့သည်။

“ဒင်.. သင်က ဟန်ယွင်အင်မော်တယ်စမ်းရေကို မျိုချပြီး အတွေ့အကြုံရမှတ် များစွာကို ရရှိခဲ့ပါတယ်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းတစ်ဝက် ဟန်ယွင်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဟန်ယွင်အင်မော်တယ် စွမ်းအားကို တစ်သောင်းပုံတစ်ပုံ ပြောင်းလဲလိုက်ပါပြီ”

“ဒင်.. သင်က ဟန်ယွင်အင်မော်တယ်စမ်းရေကို မျိုချပြီး အတွေ့အကြုံရမှတ် များစွာကို ရရှိခဲ့ပါတယ်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းတစ်ဝက် ဟန်ယွင်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဟန်ယွင်အင်မော်တယ် စွမ်းအားကို တစ်သောင်းပုံတစ်ပုံ ပြောင်းလဲလိုက်ပါပြီ”

“…………”

“ဒင်..သင်က ဟန်ယွင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”

အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ၂နှစ်ထက် မနည်းသော အချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားများသည် အဆုံးသတ်တွင် ဟန်ယွင်အဆင့် အင်မော်တယ် စွမ်းအားများ အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်သည် စစ်မှန်သော ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့သည်။

“ဒါက ဟန်ယွင်အဆင့် အင်မော်တယ်ရဲ့ စွမ်းအားလား”

သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဟန်ယွင်အင်မော်တယ်စွမ်းအားများသည် ထိုက်ယီအင်မော်တယ် စွမ်းအားထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်ကို ခံစားလိုက်ရပြီးနောက်တွင် ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤမတိုင်မီက သူသည် ဟန်ယွင်ဥပဒေသကို နားလည်သဘောပေါက်ထားသည့် ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယီအင်မော်တယ် စွမ်းအားသည် အဆုံးသတ်တွင် ဟန်ယွင်အင်မော်တယ် စွမ်းအားထက် အဆင့်တစ်ဆင့် နိမ့်ကျနေခဲ့သည်။

ထို့ကြောင့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိပြီး မရေမတွက်နိုင်သော အင်မော်တယ်ဘုရင်အဆင့် ကျင့်စဉ်များနှင့် ဧကရာဇ်အဆင့် ကျင့်စဉ်များကို တတ်မြောက်ထားခဲ့သည့်တိုင် လုချန်ချင်းနှင့် ရင်ဆိုင်ရသည့် အခါတွင် အတော်လေး ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဟန်ယွင်အဆင့်သို့ အမှန်တကယ် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ အကယ်၍ သူသာ နောက်တစ်ကြိမ် လုချန်ချင်းနှင့် ထပ်မံ ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်သည် အပြတ်အသတ် ချေမှုန်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့သည်။

“အခု ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဆိုတော့ ကောင်းကင်ဧကရာဇ်ရဲ့မူလအသက်ဓာတ် အပိုင်းအစတွေကို ရရှိဖို့အတွက် ခန်းမတွေကို ဆက်လက် ရှာဖွေဖို့ စဉ်းစားရမဲ့ အချိန်ရောက်ပြီထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

ကျင့်ကြံခြင်း အဆင့်သည် ဟန်ယွင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် အနည်းငယ်မျှ တိုးတက်လာရန် အတွက်ပင် အလွန်အမင်း ခက်ခဲသွားသည်ဟု ဆို၍ရသည်။

အင်မော်တယ်လောကတွင် မရေမတွက်နိုင်သော ဟန်ယွင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြပြီး နှစ်ပေါင်းထောင်ချီကျင့်ကြံသည့်တိုင် အနည်းငယ်မျှ တိုးတက်မှု ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သူ၏ အခြေခံအုတ်မြစ်သည် သာမန် ဟန်ယွင်အဆင့် ကျင့်ကြံသူများထက်ပင် များစွာ သာလွန်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန်မှာ သာမန် ဟန်ယွင်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းရာချီ ပို၍ ခက်ခဲ၏။

အဆ ၁၀၀ စနစ်နှင့် အချိန်မျှော်စင် ရှိနေသည့်တိုင် ကျန်းချန်သည် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံရန်အတွက် အလွန်အမင်း ရှည်လျားသော အချိန်ကာလတစ်ခုကို သေချာပေါက် လိုအပ်ပေလိမ့်မည်။

အကယ်၍ အင်မော်တယ်ဘုရင် အဆင့်ကို လျင်မြန်စွာ ထိုးဖောက်လိုလျှင် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သော ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စွမ်းအား အပိုင်းအစများကို စုပ်ယူခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းဆုံးသော ဖြတ်လမ်းနည်း တစ်ခုပင် မဟုတ်ပါလော။

အခန်း(၂၉၉၆)ပြီး၏။

All Chapters