← Chapters

အခန်း ၃၀၀၀

Vol. 240 Ch. 3000

အခန်း ၃၀၀၀

Vol. 240 Ch. 3000

အခန်း(၃၀၀၀)

မိုးကြိုးပုံရိပ်တစ်ခုက တံဆိပ်ပြား၏ အထက်တွင် ပေါ်လာခဲ့ပြီး ကျန်းချန်ကို အံ့အားသင့်သော အမူအရာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းဘယ်သူလဲ.. ဘာဖြစ်လို့ ငါ့ရဲ့ မိုးကြိုးတံဆိပ်ပြားကို ပိုင်ဆိုင်ထားရတာလဲ”

ကျန်းချန်က မေးခွန်းကို ပြန်မဖြေဘဲ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်ပြလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် မိုးကြိုးပုံရိပ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. မင်း.. မင်းက ဧကရာဇ်ရဲ့အမွေဆက်ခံသူလား”

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ငါ ထျန်းယွမ်ခန်းမကို ရောက်ခဲ့ပြီးပြီ.. ဒီတံဆိပ်ပြားကို ထျန်းယွမ်ခန်းမက မိုယွမ် ငါ့ကိုပေးခဲ့တာပဲ”

“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဧကရာဇ်ရဲ့အမွေဆက်ခံသူက ပေါ်ထွက်လာခဲ့ပြီပဲ.. ငါတို့ ကောင်းကင်ဧကရာဇ်နန်းတော်က နောက်ဆုံးတော့ မျှော်လင့်ချက် ရှိလာခဲ့ပြီပေါ့”

မိုးကြိုးပုံရိပ်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

“စီနီယာ.. မိုးကြိုးခန်းမက ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေအထိ ဖြစ်သွားရတာလဲ.. ဒါ့အပြင် ကောင်းကင်ဧကရာဇ်ရဲ့မူလအသက်ဓာတ်က ဒီနေရာမှာ ဘာလို့ မရှိတော့တာလဲ”

“ကပ်ဘေးကြီး ဖြစ်တဲ့အချိန် ငါတို့ မိုးကြိုးခန်းမက အင်မော်တယ်လောကကနေ တိမ်းရှောင်ပြီး ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို စောင့်ရှောက်ဖို့နဲ့ ဧကရာဇ်ရဲ့အမွေဆက်ခံသူ ပေါ်ထွက်လာမဲ့ အချိန်ကို စောင့်ဆိုင်းဖို့ အမိန့်ပေးခြင်း ခံခဲ့ရတယ်”

မိုးကြိုးပုံရိပ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“နောက်ပိုင်းမှာတော့ ရှေးဟောင်းမိစ္ဆာနန်းတော်က မိစ္ဆာဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က မိုးကြိုးခန်းမ ဆီကို ရုတ်တရက် ရောက်ရှိလာခဲ့ပြီး မိုးကြိုးခန်းမကို ဖျက်ဆီးခဲ့တဲ့အပြင် မိုးကြိုးခန်းမထဲမှာရှိနေတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကိုပါ လုယူသွားခဲ့တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

မိုးကြိုးခန်းမရှိ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်သည် ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများ၏ လုယူခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်၏ လုယူခြင်းကို ခံလိုက်ရသည်မှာ မိုးကြိုးခန်းမ တစ်ခုတည်း ဖြစ်လိမ့်မည် မဟုတ်ဟု သူ ခံစားမိခဲ့သည်။

“ဧကရာဇ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး.. အဲဒီတုန်းက ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ မိစ္ဆာဘုရင်က ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို လုယူသွားတော့မဲ့အချိန်မှာ အင်မော်တယ်လောကက အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခဲ့ပြီး ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို ပြန်လည် လုယူသွားခဲ့တယ်”

ဤအခိုက်အတန့်တွင် မိုးကြိုးပုံရိပ်၏ စကားသံသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

“အဲဒီလူက ဘယ်သူလဲ ဆိုတာ စီနီယာသိလား”

“မသိဘူး”

မိုးကြိုးပုံရိပ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီ အစွမ်းထက်ပုဂ္ဂိုလ်က အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းတဲ့ အချိန်နဲ့ ဟင်းလင်းပြင် မဟာလမ်းစဥ်ကို တတ်မြောက်ထားတယ်.. သူက တိုက်ကွက်တစ်ကွက်တည်းနဲ့တင် မိစ္ဆာဘုရင်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့တယ်.. ကျွန်တော်တို့ မိုးကြိုးခန်းမမှာရှိတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် အပိုင်းအစ တစ်ခုက အဲဒီလူရဲ့လက်ထဲမှာ ရှိနေလောက်ပါတယ်”

စကားပြောနေရင်း မိုးကြိုးပုံရိပ်၏ စကားသံသည် ပိုမို၍ တိုးညှင်းလာခဲ့သည်။

ထိုသူမှာ ကျဆုံးသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဝိညာဥ်အကြွင်းအကျန် အစအနလေး တစ်ခုကသာ မိုးကြိုးတံဆိပ်ပြားတွင် ကပ်တွယ်နေခဲ့ခြင်း ဖြစ်သည်။

ယခု မိုးကြိုးတံဆိပ်ပြားက အသက်ဝင်လာခဲ့ပြီဖြစ်ရာ မကြာမီအချိန်အတွင်း လုံးဝ ကွယ်ပျောက်သွားပေတော့မည်။

“ဧကရာဇ်အနေနဲ့ ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ မူလအသက်ဓာတ်တွေကို အမြန်ဆုံး စုစည်းပြီး ကောင်းကင်ဧကရာဇ်နန်းတော်ကို ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”

စကားဆုံးသည်နှင့် မိုးကြိုးပုံရိပ်သည် ကျန်းချန်၏ရှေ့ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

မိုးကြိုးပုံရိပ် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။

ကောင်းကင်ဧကရာဇ် နန်းတော်၏ အခြေအနေသည် ပိုမို၍ ရှုပ်ထွေးလာခဲ့ချေပြီ။

ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်က မိစ္ဆာမျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်သွားခဲ့သည် ဖြစ်စေ သို့မဟုတ် အင်မော်တယ်လောကရှိ အစွမ်းထက် ပုဂ္ဂိုလ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည် ဖြစ်စေ၊ သူ့အနေဖြင့် ၎င်းကို ထပ်မံ ရရှိရန် အတွက်မူ လွယ်ကူလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် အင်မော်တယ်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ် ဖြစ်၍ အင်မော်တယ်လောက အတွင်းရှိ မည်သူ့အတွက်မဆို စိတ်ကူးအိပ်မက် ထဲမှ ရတနာတစ်ပါး ဖြစ်သည်။

ထိုအစွမ်းထက် ပုဂ္ဂိုလ်က ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာဘုရင်၏ လက်ထဲကနေ ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်ကို ပြန်လည် လုယူခဲ့သည် ဆိုလျှင်ပင် ထိုသူက သူ့အပေါ် အလွယ်တကူဖြင့် ပေးအပ်လိမ့်မည် မဟုတ်ချေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်လက် မတွေးတောတော့ပေ။

မိုးကြိုးခန်းမတွင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ဤနေရာတွင် ဆက်လက် နေထိုင်လျှင်လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ချေ။

သူက မိုးကြိုးခန်းမထဲကနေ ထွက်ခွာလာခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ် ဆီသို့ ဆက်လက်၍ ခရီးနှင်လာခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်မူ ကျန်းချန်၏ ပုံရိပ်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ မြို့ပြင်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။

ယင်းအချိန်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၌ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေခဲ့ပြီး မရေမတွက်နိုင်သော မိစ္ဆာကောင်များသည် ကောင်းကင်မိစ္ဆာတောင်ကနေ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ မြို့ရိုးများပင်လျှင် သွေးများဖြင့် နီရဲစွာ စွန်းထင်းနေခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ် မြို့တော်ကို ဗဟိုပြု၍ ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီ ဧရိယာ တစ်ခုလုံးသည် သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ငါ ထင်တဲ့အတိုင်း ကောင်းကင်မိစ္ဆာတောင်မှာ အပြောင်းအလဲ တစ်ခု ဖြစ်ပျက်သွားခဲ့ပြီ ထင်တယ်”

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်နှင့် ကောင်းကင်မိစ္ဆာတောင်တို့ အကြား၌ စစ်ပွဲကြီး ဖြစ်ပွားနေခဲ့ရုံမျှသာ မကဘဲ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတွင် အစွမ်းထက်အရှိန်အဝါ နှစ်ခု အပြန်အလှန် ရင်ဆိုင်နေကြသည်ကို သူခံစားမိခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ အင်မော်တယ်ဘုရင် ဖြစ်ပြီး တခြားတစ်ယောက်ကမူ ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာဘုရင်အဆင့် မိစ္ဆာကောင် ဖြစ်ဖို့များ၏။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ မြို့ရိုးထက်သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့ပြီး သူ၏ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့ရှိ မိစ္ဆာဒါဇင်ပေါင်း များစွာသည် ချက်ချင်းဆိုသလိုပင် ပျက်စီးကာ ပျောက်ကွယ်သွားခဲ့သည်။

“ကောင်လေး.. မင်းဖြစ်နေတာကိုး”

ကျန်းချန်၏နံဘေးရှိ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူထွားကြီး တစ်ယောက်သည် သူ၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာသော ကျန်းချန်ကို မြင်လျှင် အံ့အားသင့်ကာ ရေရွတ်လိုက်သည်။

ကျန်းချန်က ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူထွားကြီးကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“လူတွေကို ကောင်းကင်မိစ္ဆာတောင်ထဲဆီ အလွယ်တကူ မဝင်ခိုင်းဖို့၊ မဟုတ်ရင် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မင်းရဲ့ အကြီးအကဲတွေကို ငါပြောပြခိုင်းခဲ့တယ် မဟုတ်လား.. ကြည့်ရတာ မင်း ငါ့ရဲ့ စကားတွေကို အလေးမထားခဲ့ဘူး ထင်တယ်”

ထိုစကားကိုကြားလျှင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူထွားကြီး၏ မျက်နှာထက်တွင် စိတ်မသက်မသာ အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ဆီ ရောက်လာခဲ့စဥ်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်မှ အကြီးအကဲများကို အသိပေးရန် သူ့ကို တောင်းဆိုခဲ့သော်လည်း ထိုစဥ်က သူ ဂရုမစိုက်မိခဲ့ချေ။

သို့သော်လည်း ထိုကောင်လေး ထွက်သွားပြီး မကြာမီအချိန်အတွင်းမှာပင် ကောင်းကင်မိစ္ဆာတောင်၌ အမှန်တကယ်အပြောင်းအလဲများ ဖြစ်ပွားလာလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

ကျန်းချန်က‌ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူထွားကြီးကို အာရုံစိုက်မနေတော့ဘဲ ဓားအလင်းတန်း တချို့ကို ထုတ်ဖော်ကာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် အတွက် အကျပ်အတည်းကို ယာယီအားဖြင့် ဖြေရှင်းပေးလိုက်သည်။

ထို့နောက်တွင် သူက ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

ထိုနေရာတွင် ပုံရိပ်နှစ်ခုက အပြန်အလှန် ထိပ်တိုက် ရင်ဆိုင်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

တစ်ယောက်မှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရွှေရောင်နှင့် ဖြစ်ကာ ခန္ဓာကိုယ်က တောင်တစ်လုံး ကဲ့သို့ ကြီးမားသည်။

ခန္ဓာကိုယ်ကနေလည်း ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အင်မော်တယ်ဘုရင်အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

ထိုသူမှာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်ဘုရင်ပင် ဖြစ်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ ဆန့်ကျင်ဘက်တွင်မူ ကောင်းကင်ယံ တစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိသည့် မိစ္ဆာအငွေ့အသက်များ ပိုင်ဆိုင်ထားသော မိစ္ဆာဘုရင်တစ်ပါး ရှိနေခဲ့သည်။

ထိုမိစ္ဆာဘုရင်၏ မျက်နှာက ဆီးနှင်းကဲ့သို့ ဖြူဖျော့နေခဲ့ပြီး နက်မှောင်သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသော်လည်း မျက်လုံးအိမ်ကမူ အဖြူရောင် မဟုတ်ခဲ့ပေ။

သူ၏ မျက်လုံးသူငယ်အိမ် တစ်ခုလုံးသည် နက်မှောင်နေခဲ့ပြီး ထိုအထဲတွင် အဆုံးမဲ့ မှောင်မိုက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

“ယင်ယန်မိစ္ဆာဘုရင်.. ဒီဘုရင်က မင်းတို့ ကောင်းကင်မိစ္ဆာတောင်ကို လျှော့တွက်မိသွားခဲ့တယ်.. ချိတ်ပိတ်စည်းတံဆိပ်ကို ဖျက်ဆီးပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကို အင်မော်တယ်လောကထဲ ပြန်လည် ပေါ်ထွက်လာစေဖို့အတွက် မင်းတို့ ကောင်းကင်မိစ္ဆာတောင်က ဒီလောက်အထိ ရင်းနှီးပေးဆပ်ဝံ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ယင်ယန်မိစ္ဆာဘုရင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကထဲရှိ သက်တော်ရှည် အင်မော်တယ်ဘုရင်များ ထဲမှ တစ်ပါးဖြစ်သည်။

သူက မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို ဦးဆောင်ကာ ကောင်းကင်မိစ္ဆာတောင်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်လာခဲ့သူဖြစ်၍ အင်မော်တယ်လောက၏ လျှို့ဝှက်ချက် အများအပြားကို ကောင်းစွာ သိရှိထားခဲ့သည်။

ကောင်းကင်မိစ္ဆာတောင်သည် မည်သည့် ရင်းနှီးပေးဆပ်မှုမျိုးကိုမဆို ဂရုစိုက်မနေဘဲ သွေးဖြင့်ယဇ်ပူဇော်သည့် နည်းလမ်းကို အသုံးပြုကာ ချိတ်ပိတ် စည်းတံဆိပ်ကို အချိန်မတိုင်မီ ပျက်ပြယ်အောင် လုပ်ဆောင်လိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

ယင်ယန်မိစ္ဆာဘုရင်က လှောင်ပြောင်၍ ပြောလိုက်သည်။

“မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်.. အခုအချိန်မှာ မင်းတို့အင်မော်တယ်လောကရဲ့ ချိတ်ပိတ်စည်းတံဆိပ်က စတင် ပျက်ပြယ်နေခဲ့ပြီ.. သိပ်မကြာခင် ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေက တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာတော့မယ်.. မင်းတို့ အင်မော်တယ်လောကက ဒီကိစ္စကို လုံးဝ တားဆီးနိုင်မှာမဟုတ်ဘူး.. မင်းအနေနဲ့ လက်နက်ချ အညံ့ခံမယ် ဆိုရင်တော့ အချိန်မီပါသေးတယ်”

“ယင်ယန်မိစ္ဆာဘုရင်.. အပိုစကားတွေ ပြောမနေနဲ့.. တိုက်ချင်ရင် တိုက်လိုက်”

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းတို့တွေက အင်မော်တယ်လောကကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ဖူးပေမဲ့ ဘယ်နှစ်ကြိမ် အောင်မြင်ခဲ့ဖူးလို့လဲ.. အင်မော်တယ်လောကရဲ့ ဘိုးဘေးတွေက မင်းတို့ကို နှိမ်နင်းနိုင်ခဲ့သလို ငါတို့တွေကလည်း ဘိုးဘေးတွေရဲ့ ခြေရာကို နင်းပြီး မင်းတို့ကို နှိမ်နင်းပြမယ်”

“စကားကောင်း ပြောနေတာကို နားမလည်တဲ့ကောင်ပဲ”

ယင်ယန်မိစ္ဆာဘုရင်၏ မျက်ဝန်းထဲရှိ မိစ္ဆာ အလင်းတန်းများက အရှိန်အဟုန်ဖြင့် တောက်ပသွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိသည့် မိစ္ဆာအရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ်က‌နေ မျက်စိတစ်မှိတ် အတွင်း ထွက်ပေါ်လာခဲ့သည်။

“မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ဒီနေ့ ဒီဘုရင်က မင်းနဲ့ မင်းရဲ့ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်ထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ပေးရသေးတာပေါ့”

အခန်း(၃၀၀၀)ပြီး၏။

All Chapters