← Chapters

အခန်း ၇၅၆

Vol. 64 Ch. 756

အခန်း ၇၅၆

Vol. 64 Ch. 756

အပိုင်း (၇၅၆)

အင်ပါယာ တစ်ခုလုံးတွင် နိုင်ငံသား မည်မျှရှိပြီး ကျွန်မည်မျှ ရှိသနည်း ဆိုသည်ကို ယခုမှသာ ယွင်ကျုံးဟဲ့ အတိအကျ သိရှိရသည်။

တာ့ယန် အင်ပါယာသစ် နိုင်ငံသား တစ်ဆယ့်နှစ်သန်း၊ ပြည်တွင်းရှိ ရီလူမျိုး သန်းခြောက်ဆယ်၊ ကိုလိုနီ နယ်မြေများရှိ ရီလူမျိုး သန်းတစ်ရာကျော် ရှိ၏။

ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်မိသည်။ တာ့ယန် အင်ပါယာသစ်ကို တာ့ယန် အင်ပါယာဟောင်းမှ နယ်နှင်ဒဏ် ခံရသော ခေတ်သစ် ပညာရှင်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဤတိုက်ကြီးသစ်ကို ရှာတွေ့ချိန်တွင် လူတစ်သောင်း မပြည့်ခဲ့ပေ။

သို့ပေမည့် ယခု အနှစ်တစ်ထောင်ကျော် ကုန်လွန်သွားသော်လည်း လူဦးရေ တစ်ဆယ့်နှစ်သန်းသာ ရှိနေခြင်းက မျိုးပွားနိုင်စွမ်း တကယ်ကို ညံ့ဖျင်းလှသည်။

တကယ်ပဲ ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ၊ ပိုပြီး ကလေး မမွေးချင်လေလေ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရုံဖြင့် သိနိုင်၏။

ထူးချွန်သော အမျိုးသား၊ အမျိုးသမီး လူငယ် မည်မျှက အသက် သုံးဆယ်ကျော်သည်အထိ အိမ်ထောင်မပြု၊ ကလေး မမွေးကြသနည်း။ လူဦးရေ မတိုးလာသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သို့ပေမည့် ဤကဲ့သို့သော လူဦးရေ အချိုးအစားက ကြည့်ရသည်မှာ တကယ်ကို အန္တရာယ်များလှသည်။ ဤကျွန်များက ပုန်ကန်ခြင်း မရှိကြဘူးလား။

သေချာပေါက် လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် ကျွန်များက ပုန်ကန်မည် မဟုတ်သလို ပုန်ကန်လျှင်လည်း အသုံးမဝင်ပေ။

တာ့ယန် အင်ပါယာသစ်တွင် စစ်တပ် ခြောက်သိန်းသာ ရှိသော်လည်း စစ်တပ်က အရမ်းကို အင်အား ကြီးမားလွန်းသောကြောင့် ကျွန်များ ပုန်ကန်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်သည်။

‘ခင်ဗျားက ကျွန်စစ်တပ် သန်းချီ စုစည်းနိုင်ရင်တောင် အင်ပါယာ စစ်တပ် တစ်သိန်းကို နိုင်မှာ မဟုတ်ဘူး။’

ထို့အပြင် ဤကျွန်များ၏ စိတ်ထဲတွင် ကြီးမားသော မကျေနပ်မှုများ မရှိသလို ကြီးမားသော ရန်လိုမှုများလည်း မရှိကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိခဲ့ရသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် သိမ်မွေ့ကြပြီး အတော်လေး ရောင့်ရဲတင်းတိမ်နေပုံလည်း ရ၏။

ထိုအရာကို မည်သို့ ပြုလုပ်ခဲ့သနည်း။ သို့ပေမည့် အတိတ်က ကမ္ဘာမြေပေါ်ရှိ ကိုလိုနီ နယ်မြေ အများအပြားမှ ပြည်သူများသည်လည်း အလွန် သိမ်မွေ့ခဲ့ကြသည်။ ဥပမာအားဖြင့် အိန္ဒိယ ကိုလိုနီ နယ်မြေတွင် ပုန်ကန်မှုများ ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် သိုးများကဲ့သို့ သိမ်မွေ့ကြပြီး ဗြိတိသျှ အင်ပါယာအပေါ် အလွန် ရိုသေလေးစားကာ ကြည်ညိုခဲ့ကြသည်။

ဤတစ်ကြိမ် ယွင်ကျုံးဟဲ့ သွားရောက် အားပေးစကား ပြောကြားရမည့် နေရာမှာ ရီလူမျိုး ရွာတစ်ရွာ ဖြစ်သည်။ ရွာဟု ဆိုသော်လည်း တကယ်တော့ ဧရာမ အဆောင်ကြီး တစ်ခုသာ ဖြစ်ပြီး စတုရန်းပုံစံ အဆောက်အအုံကြီး ငါးလုံး အတွင်းတွင် ရီလူမျိုး သုံးသောင်း နေထိုင်ကြ၏။

ဤရီလူမျိုး ရွာသည် အသစ် တည်ဆောက်ထားခြင်းဖြစ်ပြီး ရီလူမျိုး သုံးသောင်းက ဝမ်းမြောက်ဝမ်းသာ ဝင်ရောက် နေထိုင်ကြမှာ ဖြစ်သည်။

အလုပ်ကြိုးစားပြီး ထူးခြားသော အကျိုးပြုမှု ရှိသည့် ရီလူမျိုးများသာလျှင် မြေကြီးပေါ်ရှိ ဤကဲ့သို့သော အိမ်များတွင် နေထိုင်ခွင့် ရရှိကြပြီး ကျွန်အများစုမှာ မြေအောက်ခန်းများတွင် နေထိုင်ကြရသည်။

ထိုအခါမှသာ ကျွန်များကြားတွင်လည်း အဆင့်အတန်း ခွဲခြားထားကြောင်း ယွင်ကျုံးဟဲ့ သိရှိလိုက်ရသည်။ အောက်ဆုံးအလွှာမှာ မည်သည့် လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှုမှ မရှိသော ကျွန်များဖြစ်ပြီး နောက်တစ်ဆင့်မှာ အလယ်အလတ် ကျွန်များ၊ ထို့နောက် အဆင့်မြင့် လွတ်လပ်သော ကျွန်များ ဖြစ်ကြ၏။

အဆင့်မြင့် လွတ်လပ်သော ကျွန်များသည် မြေကြီးပေါ်ရှိ အိမ်များတွင် နေထိုင်ခွင့် ရှိပြီး အိမ်ထောင်ပြု ကလေးမွေးခွင့် ရှိသည်။ သေချာပေါက် ကလေးမွေးခွင့် ခွဲတမ်း လိုအပ်ပြီး ခွင့်ပြုချက် မရရှိပါက ကလေးမွေးခွင့် မရှိပေ။

သို့ပေမည့် ကလေး မွေးဖွားလာသည်နှင့် ကိုယ်တိုင် ပြုစုပျိုးထောင်ရန် မလိုအပ်ဘဲ အင်ပါယာက ထောက်ပံ့ကြေး ပေးကာ ကလေး ကြီးပြင်းလာသည်အထိ အနည်းဆုံးတော့ အာဟာရနှင့် ကျန်းမာရေးကို သေချာစေမည် ဖြစ်သည်။

အမြင့်ဆုံး အလွှာရှိ လွတ်လပ်သော ကျွန်များမှာမူ စီမံခန့်ခွဲသူများ ဖြစ်ကြပြီး အင်ပါယာကို ကူညီ၍ ဤကျွန်များကို စီမံခန့်ခွဲပေးကြ၏။

ဤအလွှာ လေးခုတည်းနှင့်ပဲ မရေမတွက်နိုင်သော ကျွန်များကို တစ်သက်လုံး ကြိုးစားရုန်းကန်ရန် လုံလောက်စေ ခဲ့သည်။

ထို့အပြင် ကျွန်များသည် ပညာသင်ကြားခွင့် မရရှိကြဘဲ သူတို့ သင်ယူနိုင်သည့် တစ်ခုတည်းသော အရာမှာ အလုပ် လုပ်ကိုင်နိုင်စွမ်းသာဖြစ်ပြီး အလုပ် တစ်မျိုးတည်းကိုသာ သင်ယူကာ တစ်သက်လုံး ထိုအလုပ် တစ်ခုတည်းကိုသာ လုပ်ကိုင်ကြရ၏။

အတွေးအခေါ်ပိုင်းတွင် သင်းကွပ်ခံထားရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပုန်ကန်မှု ရှိမည် မဟုတ်ပေ။ အဆင့် လေးဆင့် ခွဲခြားထားခြင်းက သူတို့ကို ကြိုးစားရုန်းကန်လိုစိတ် ဖြစ်ပေါ်စေသည်။

သူတို့သည် အင်ပါယာ နိုင်ငံသားများနှင့် နှိုင်းယှဉ်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ အများစုသည် အင်ပါယာ နိုင်ငံသားများကို တွေ့မြင်ရလေ့ မရှိဘဲ သူတို့၏ ကိုယ်ပိုင် ကမ္ဘာထဲတွင် နေထိုင်ကာ အချင်းချင်း နှိုင်းယှဉ်ပြီး သာလွန်မှု ခံစားချက်ကို ရယူနိုင်ကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် အနည်းဆုံး ယခုအချိန်အထိ ဤရီလူမျိုးများ၏ ဖွဲ့စည်းပုံသည် အလွန် တည်ငြိမ်နေ၏။ ထို့အပြင် ဤရီလူမျိုးများ၏ အိမ်ထောင်ရေးတွင် မူဝါဒ တစ်ခုကို ကျင့်သုံးထားကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိခဲ့၏။ ၎င်းမှာ သွေးနှောခြင်း ဖြစ်သည်။

လူဖြူများသည် လူဖြူများကို လက်မထပ်ရဘဲ လူမည်းများ သို့မဟုတ် အသားညိုသူများကိုသာ လက်ထပ်ကြ ရသည်။ အတိုချုပ်ဆိုရလျှင် သွေးကြောကို မှေးမှိန်စေရန်၊ လူမျိုးကို မှေးမှိန်စေရန်ဖြစ်ပြီး သွေးနှော အများအပြားကို မျိုးပွားစေရန် ဖြစ်၏။

ရီလူမျိုး ရွာတိုင်း၏ အပြင်ဘက်တွင် မြင့်မားသော တံတိုင်းကြီးများ ရှိပြီး ခံတပ်များလည်း ရှိကာ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ကြီးကြပ်ရေး အဖွဲ့ တစ်ဖွဲ့က ရီလူမျိုး ရွာ တစ်ခုလုံး၏ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးကို တာဝန်ယူရပြီး ဥပဒေနှင့် ပြစ်ဒဏ်များကိုလည်း တာဝန်ယူရသည်။

ရီလူမျိုး ရွာအတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ နေရာတိုင်းတွင် အင်ပါယာ ဥပဒေများကို ကပ်ထားသည်ကို တွေ့ရ၏။

မည်သူမဆို အမျိုးသမီးများကို အတင်းအကျပ် စော်ကားခြင်း မပြုရ၊ ဖောက်ဖျက်သူကို သေဒဏ်ပေးမည်။ မည်သူမဆို အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို အနိုင်ကျင့်ခြင်း မပြုရ၊ ဖောက်ဖျက်သူကို ပြစ်ဒဏ်ပေးမည်။

ဤကြီးကြပ်ရေး အဖွဲ့များပင်လျှင် ခြွင်းချက် မရှိဘဲ ရီလူမျိုး အမျိုးသမီးများကို ညစ်ညမ်းစေခွင့် မရှိသလို ရီလူမျိုး ကလေးများနှင့် သက်ကြီးရွယ်အိုများကို ရိုက်နှက် အနိုင်ကျင့်ခွင့်လည်း မရှိပေ။ ဤအရာက ဤရီလူမျိုးများကို အခြေခံ လုံခြုံမှု ခံစားချက်ကို ရရှိစေသည်။

ယွင်ကျုံးဟဲ့ ရီလူမျိုး ရွာသို့ ဝင်ရောက်၍ အားပေးစကား ပြောကြားချိန်တွင် တစ်ခါမှ မကြုံဖူးသော ရူးသွပ်မှုကို ခံရ၏။

ဤရီလူမျိုးများသည် သူ၏ နာမည်ဂုဏ်သတင်းကို မသိကြသော်လည်း သူသည် ကျီးမျိုးရိုးဖြစ်ပြီး တော်ဝင်မိသားစုဝင် ဖြစ်ကြောင်း သိကြသည်။

ရီလူမျိုးတိုင်းက သူနှင့် ထိတွေ့နိုင်ရန် အစွမ်းကုန် လက်လှမ်းကြပြီး မိခင်တိုင်းက ကလေးများကို အမြင့်သို့ မြှောက်ပြကြသည်။ မရေမတွက်နိုင်သော လူများက မြေကြီးပေါ်တွင် ဒူးထောက် ဝပ်တွားနေကြ၏။

အင်ပါယာ နိုင်ငံသားများသည် ဒူးထောက်ရန် မလိုအပ်ပေ။ အထူး အခြေအနေမျိုးတွင် အုပ်ချုပ်ရေးမှူးကို ရင်ဆိုင်ရချိန်တွင်သာ ဒူးထောက်ရပြီး ဒူးတစ်ဖက်တည်းသာ ထောက်ရသည်။

ကျန်အချိန် အများစုတွင် အင်ပါယာ ပြည်သူများသည် တော်ဝင်မိသားစုဝင်များကို တွေ့လျှင်ဖြစ်စေ၊ အုပ်ချုပ်ရေးမှူးကို တွေ့လျှင်ဖြစ်စေ ဒူးထောက်ရန် မလိုအပ်ပေ။

သို့ပေမည့် ကျွန်များ၏ ဒူးထောက်ရသည့် အစဉ်အလာကိုမူ မဖျက်သိမ်းရသေးချေ။

ယွင်ကျုံးဟဲ့က ရှေ့တိုးကာ ကလေး နှစ်ယောက်ကို ပွေ့ချီပြီး လူအုပ်ထဲတွင် လမ်းလျှောက်နေသည်။

ထို့နောက် ရီလူမျိုး သောင်းချီကို မိန့်ခွန်း ပြောကြားခဲ့ပြီး ရီလူမျိုး ဇနီးမောင်နှံ တစ်တွဲနှင့်အတူ နေ့လယ်စာ စားခဲ့၏။

လူအုပ်ကြီးက ကြွေးကြော်လိုက်ကြသည်။ “အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

ရီလူမျိုး သောင်းချီက အစွမ်းကုန် အော်ဟစ်ကြပြီး အလွန် ရူးသွပ်နေကြသည်။

ဤမြင်ကွင်းက ယွင်ကျုံးဟဲ့ကို သက်ပြင်းချမိစေသည်။ အင်ပါယာ၏ အဆင့်မြင့် လွတ်လပ်သော ကျွန်များသည် အင်ပါယာကို ဤမျှလောက် ထောက်ခံကြသည်လား။ သူတို့က ကျွန်များ ဖြစ်ကြောင်း မေ့နေကြသည်လား။

သို့ပေမည့် ဤလွတ်လပ်သော ကျွန်များ၏ အမြင်တွင် အင်ပါယာက သူတို့ကို နေစရာ အိမ်ပေးသည်၊ ကောင်းမွန်သော အစားအစာများ ပေးသည်၊ ကလေးများကိုလည်း ကျွေးမွေးပေးသည်။

သူတို့၏ အခွင့်အရေးများသည် အင်ပါယာ နိုင်ငံသားများနှင့် ယှဉ်လျှင် အများကြီး ကွာဟသော်လည်း ကျွန်အများစုထက် အများကြီး ပိုကောင်းနေပြီဖြစ်ပြီး ကိုလိုနီ နယ်မြေများမှ လူရိုင်းများထက်လည်း အဆပေါင်းများစွာ ပိုကောင်းနေပြီ ဖြစ်၏။

ကျွန်အများအပြားသည် ငယ်စဉ်တည်းက အရိုင်းစိုင်းဆုံး ရှေးဦး လူမျိုးစုများတွင် ကြီးပြင်းလာခဲ့ကြပြီး သွေးစိမ်း သားစိမ်း စားသောက်သော ဘဝမျိုးကို ဖြတ်သန်းခဲ့ကြရသည်။

ယခု ဘဝသည် သူတို့အတွက် ကောင်းကင်ဘုံ ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ဘဝ ဆိုသည်မှာ နှိုင်းယှဉ်ခြင်း ဖြစ်၏။

ထို့အပြင် ကြီးမားသော ယဉ်ကျေးမှု ကွာဟချက်သည် ကြီးမားသော ဆွဲငင်အားကို ဖြစ်ပေါ်စေပြီး ပိုမို အင်အားကြီးမားကာ တိုးတက်သော ယဉ်ကျေးမှုကို ရင်ဆိုင်ရချိန်တွင် နောက်ကျသော ယဉ်ကျေးမှုသည် လေးစား ကြောက်ရွံ့ပြီး ကြည်ညိုလာမှာဖြစ်သည်။

အချိန်များ ရေလို စီးဆင်းပြီး နေ့ရက်တွေ မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ ဤတစ်နှစ်တာ ကုန်ဆုံးတော့မည် ဖြစ်ပြီး နှစ်သစ်ကူး အကြိုနေ့ ရောက်ရှိလာတော့မှာဖြစ်၏။

ဤရက်ပိုင်းအတွင်း ယွင်ကျုံးဟဲ့သည် အလွန် အလုပ်များနေသည်။ ပထမဆုံး အင်ပါယာ အနုပညာ စာသင်ကျောင်းမှ ဆရာ၊ ကျောင်းသားများနှင့်အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲရမည်၊ ထို့နောက် အင်ပါယာ ပထမ စာသင်ကျောင်းမှ ဆရာ၊ ကျောင်းသားများနှင့်အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲရမှာ ဖြစ်သည်။

ထို့နောက် မိဖုရား တူရှားနှင့်အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲရမည်ဖြစ်ပြီး အင်ပါယာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် အထက်လွှတ်တော်ကလည်း အင်ပါယာအတွက် ထူးခြားသော အကျိုးပြုသူများကို ဖိတ်ခေါ်ကာ ဧည့်ခံပွဲ တစ်ခု ကျင်းပဦးမှာဖြစ်၏။

ဆယ့်နှစ်လပိုင်း သုံးဆယ်ရက်နေ့ နေ့လယ်ပိုင်းတွင် အင်ပါယာ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းကလည်း စားသောက်ပွဲကြီး တစ်ခု ကျင်းပမည်ဖြစ်ပြီး တော်ဝင်မိသားစုဝင် အားလုံး တက်ရောက်ရပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ဂုဏ်ယူဝင့်ကြွားစွာနှင့် အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ကောင်မစုတ်လေး... ဒီတစ်ခါတော့ မင်း ရှောင်လို့ မရတော့ဘူးမလား။ ငါနဲ့ အတူတူ ထိုင်ရတော့မှာမလား။”

အဘယ်ကြောင့်ဆိုသော် ယခင်က စားသောက်ပွဲများတွင် ကျီးချင့်သည် မတက်ရောက်လျှင် မတက်ရောက်၊ တက်ရောက်လျှင်လည်း သူ့အနားမှ အဝေးကြီးတွင်နေပြီး လင်မယား မဟုတ်သကဲ့သို့ နေခဲ့သောကြောင့်ပင်။

ဤတစ်ကြိမ် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း စားသောက်ပွဲတွင်မူ မိသားစု အလိုက် တက်ရောက်ရမှာ ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ စကားကို ကြားချိန်မှာတော့ ဘေးတွင် ထိုင်နေသော ကျီးချင့်က အေးစက်စက် ပြောလိုက်၏။ “သည်းခံလိုက်ရင် ပြီးသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် ကွာရှင်းတော့မှာပဲလေ။”

ယွင်ကျုံးဟဲ့က ကြက်သား တစ်တုံး ညှပ်ကာ ကျီးချင့်၏ ပါးစပ်နားသို့ တေ့ပေးပြီး ပြောလိုက်သည်။ “လာပါ ဇနီးလေး... ငါ ကြက်သား ခွံ့ကျွေးမယ်။”

ကျီးချင့် ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်သွားပြီး လက်ထဲမှ တူဖြင့် ညင်သာစွာ တစ်ချက် ထိုးလိုက်သည်။ ချက်ချင်းပဲ ယွင်ကျုံးဟဲ့၏ လက်မောင်း တစ်ခုလုံး ထုံကျင်သွားပြီး အာရုံခံစားမှု ပျောက်ဆုံးသွား၏။

ထိုအချိန်တွင် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၏ ခေါင်းဆောင် ကျီးကျန်းက မေးလိုက်သည်။ “ကျီးရှား.. ဒီညက မင်းအတွက် နေ့ထူးနေ့မြတ်ပဲ။ စိတ်လှုပ်ရှားနေလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဦးရီးတော်.... ကျုပ် စိတ်မလှုပ်ရှားပါဘူး။”

ကျီးကျန်းက ပြောလိုက်သည်။ “ကျီးချင့်ရဲ့ လေသင်္ဘောက အရမ်း ကောင်းတယ်။ ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခုဖြစ်ပြီး အင်ပါယာကို ကောင်းကင်ပေါ် ရောက်သွားစေတယ်။ အင်ပါယာရဲ့ ဂုဏ်ယူစရာ ဖြစ်ရုံသာမက ကျုပ်တို့ တော်ဝင်မိသားစုရဲ့ ဂုဏ်ယူစရာလည်း ဖြစ်တယ်။

ကျီးရှား... ခင်ဗျားရဲ့ ဇနီးဆီကနေ သင်ယူပြီး အင်ပါယာအတွက် ဂုဏ်ဆောင်ဖို့၊ တော်ဝင်မိသားစုအတွက် ဂုဏ်ဆောင်ဖို့ ငါ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ တိုးတက်မှသာ အင်ပါယာက ပိုပြီး တောက်ပ အင်အားကြီးလာမှာ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကောင်းပါပြီ ဦးရီးတော်။”

ထို့နောက် စားသောက်ပွဲ တစ်ခုလုံးတွင် လူနှစ်ယောက် အကြောင်းကို ဆွေးနွေးနေကြသည်။

တစ်ယောက်ကတော့ ကျီးယန် ဖြစ်ပြီး သူမက တော်ဝင်မိသားစု၏ အမြင့်ဆုံး အကျိုးစီးပွားဖြစ်ကာ အနာဂတ် အုပ်ချုပ်ရေးမှူး ဖြစ်၏။

ယခုအချိန်တွင် သူမ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကိုလိုနီ နယ်မြေများမှ ပုန်ကန်မှုများကို နှိမ်နင်းရန် စစ်တပ်ကို ဦးဆောင်၍ သွားရောက်နေသောကြောင့် ဖြစ်သည်။

ကျွန်များကို ယဉ်ပါးအောင် လုပ်ရန် အချိန် တစ်ခု လိုအပ်သည်။ အင်ပါယာ ပြည်တွင်းရှိ ကျွန်များသည် အလွန် သိမ်မွေ့ကြသော်လည်း အသစ် သိမ်းပိုက်ရရှိထားသော ကိုလိုနီ နယ်မြေများတွင်မူ ပုန်ကန်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေ၏။

ဤတစ်ကြိမ်တွင် အနောက်ဘက်ရှိ ကိုလိုနီ နယ်မြေသစ် တစ်ခု ပုန်ကန်ခြင်းဖြစ်ပြီး သန်းနှင့်ချီသော ကျွန်များက အင်ပါယာ၏ အုပ်ချုပ်မှုကို ဆန့်ကျင် ပုန်ကန်ကြသောကြောင့် ကျီးယန်က စတုတ္ထ တပ်တော်ကို ဦးဆောင်၍ သွားရောက် နှိမ်နင်းနေခြင်း ဖြစ်သည်။

All Chapters