← Chapters

အခန်း ၇၆၁

Vol. 64 Ch. 761

အခန်း ၇၆၁

Vol. 64 Ch. 761

အပိုင်း (၇၆၁)

ကျီးချင့်သည် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင် သိလား။ ရှင့်ရဲ့ ဒီလို အရေးမစိုက်သလို ဟန်ဆောင်နေတဲ့ ပုံစံ၊ အပြင်ပန်းမှာ ဖားယားပြီး စိတ်ထဲမှာ အထင်သေးနေတဲ့ ပုံစံကို ကျွန်မ အမုန်းဆုံးပဲ။ ရှင်က ဘာအရည်အချင်း ရှိလို့ မာနကြီးနေရတာလဲ။ ကျွန်မရှေ့မှာ အချစ်သူရဲကောင်းလို ဟန်ဆောင်နေဖို့ ဘာအရည်အချင်း ရှိလို့လဲ။ စောင်းတီးတတ်လို့လား။ ပန်းချီဆွဲတတ်လို့လား။ စာအုပ် ရေးတတ်လို့လား။ ရူပဗေဒ တတ်လို့လား။ စစ်တုရင် ကစားတတ်လို့လား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်တယ်။ မင်း ပြောတာ အကုန် မှန်တယ်။”

ကျီးချင့်က ဆက်ပြောသည်။ “ရှင့်ကို ဘယ်လောက် မုန်းလဲဆိုတာ ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရဘူး။ ရှင် ဘယ်လောက်ပဲ ထူးချွန်အောင် ဟန်ဆောင်နေပါစေ၊ ကျွန်မစိတ်ထဲမှာ ရှင်က အမြဲတမ်း လူယုတ်မာ တစ်ယောက်ပဲ၊ အောက်တန်းကျပြီး အရှက်မရှိတဲ့ကောင် တစ်ကောင်ပဲ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ မင်းပြောတာ မှန်နေတုန်းပဲ။”

ကျီးချင့်က အထင်သေးစွာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ကျွန်မကို သိမ်းပိုက်မယ်လို့ ပြောနေသေးတယ်လား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေလိုက်။ ကျွန်မကို ရေချိုး သန့်စင်ပြီး မြေကြီးပေါ် ဒူးထောက်ကာ သိမ်းပိုက်ခံရကြောင်း ဝန်ခံခိုင်းအုံးမယ်လို့ ပြောသေးတယ် မလား။ ရှင်နဲ့ အတူတူ အိပ်ဖို့ တောင်းပန်ခိုင်းအုံးမယ်လို့ ပြောသေးတယ် မလား။ ရှင့်ရဲ့ အဲဒီ မိုက်မဲတဲ့ မျက်နှာကို ဖုံးကွယ်ထားလိုက်တော့။ ရှင့်ရဲ့ အဲဒီ ရွံစရာကောင်းတဲ့ ဟန်ပန်ကို ရုပ်သိမ်းလိုက်တော့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ မင်း ပြောတာ မှန်တယ်။ မင်း ပြောတာ အကုန် မှန်တယ်။ ဒါပေမဲ့... မင်း... မင်း အဝတ်အစား ချွတ်နေတာ ဘာလုပ်မလို့လဲ။ “

ကျီးချင့်က အေးစက်စွာ ပြောသည်။ “လူယုတ်မာ... သိမ်းပိုက်မယ် ဆိုရင်လည်း ကျွန်မက ရှင့်ကို သိမ်းပိုက်မှာ။ ညှဉ်းပန်းမယ် ဆိုရင်လည်း ကျွန်မက ရှင့်ကို အကြိမ်တစ်ရာလောက် ညှဉ်းပန်းပစ်မှာ။”

ယွင်ကျုံးဟဲ့သည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံလိုက်ရသည်။ ဤနေရာတွင် စာလုံးရေ တစ်သောင်းခန့် ချန်လှပ်ထားလိုက်ပါမည်။

တစ်နာရီ အကြာတွင်...

ကျီးချင့်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “ရှင် ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးနဲ့။ ကျွန်မ ဒီလို လုပ်ရတာက လောင်းကြေးရှုံးလို့ လျော်ရတာ သက်သက်ပဲ။ ကျွန်မမှာ ရှင့်အပေါ် ဘာခံစားချက်မှ မရှိဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ငါ နားလည်ပါတယ်။ နားလည်ပါတယ်။”

ကျီးချင့်က ဆက်ပြောသည်။ “ကျွန်မက ကြီးကျယ်တဲ့ ရူပဗေဒ ပညာရှင် တစ်ယောက် ဖြစ်လာဖို့ မွေးဖွားလာတာ။ အချစ်ဆိုတာ ဒီလောကမှာ ရယ်စရာ အကောင်းဆုံး အရာတွေပဲ။ စားသောက်နေထိုင်ရေးနဲ့ လိင်မှုကိစ္စတွေကနေ ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာဆောင်တဲ့ ဆန္ဒတွေ သက်သက်ပဲ။ ဘယ်မှာ အချစ်ဆိုတာ ရှိလို့လဲ။”

ယွင်ကျုံးဟဲ့က ပြော၏။ “ငါ နားလည်ပါတယ်။ အခုကစပြီး ငါတို့က အပြင်ပန်းမှာတော့ လင်မယားတွေပေါ့။ တကယ်တော့ ရည်မှန်းချက် တူညီတဲ့ သိပ္ပံပညာရှင်တွေပါ။ ငါတို့ အတူတူ သိပ္ပံပညာရဲ့ အထွတ်အထိပ်ကို တက်လှမ်းကြမယ်။ အဲ... တခြား အထွတ်အထိပ်တွေကိုလည်း နည်းနည်းပါးပါး တက်လှမ်းကြတာပေါ့။”

ကျီးချင့်က ပြောလိုက်သည်။ “ရှင် သိရင် ပြီးတာပါပဲ။”

ထို့နောက် သူမသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ဆက်ပြော၏။ “အခု ကျွန်မကိုယ်ပေါ်က အနုတ်လက္ခဏာ ဆောင်တဲ့ ဆန္ဒတွေ အကုန်လုံး ထွက်သွားပြီဆိုတော့ ရှင့်ကို ကြည့်ရတာ ပိုတောင် ရွံစရာ ကောင်းလာသလိုပဲ။”

“ဟုတ်လား။ ငါကတော့ မင်းကို ပိုပြီး ချစ်စရာ ကောင်းလာတယ်လို့ ထင်တယ်။” ယွင်ကျုံးဟဲ့က သူမကို တစ်ချက် နမ်းလိုက်၏။ သူမ၏ နှုတ်ခမ်းလေးများက တကယ်ကို ပန်းပွင့်ဖတ်လေးများကဲ့သို့ပင် ဖြစ်သည်။

“နေအုံး...”

ကျီးချင့်က ပြောလိုက်၏။ “ကျွန်မခေါင်းထဲမှာ ရုတ်တရက် အကြံတစ်ခု ရသွားပြီ။ အကြံတစ်ခု ရသွားပြီ။”

ထို့နောက် သူမသည် ချက်ချင်း ထလိုက်ပြီး မျက်နှာသုတ်ပုဝါ တစ်ထည်ကို ယူကာ ဖြစ်သလို သုတ်လိုက်ပြီးနောက် အလုပ်စားပွဲရှေ့တွင် ထိုင်ကာ အဆက်မပြတ် ရေးဆွဲနေလေတော့သည်။

ယွင်ကျုံးဟဲ့က အနားသို့ တိုးသွားကာ သူမ ဘာရေးနေသည်ကို ကြည့်ရန် ပြင်လိုက်၏။

“ကျွန်မအနားကနေ ခွာနေ။ ကျွန်မရဲ့ တွေးတောမှုကို လာမနှောင့်ယှက်နဲ့။” ကျီးချင့်က တားမြစ်လိုက်သည်။

“ကောင်းပြီ။”

ဤအမျိုးသမီးက စိတ်ကူးဉာဏ်များ ရလာပြီး သိပ္ပံပညာရှင်များ၏ ကိုယ်ပိုင်ကမ္ဘာထဲ ရောက်သွားပြီ ဆိုတာ ထင်ရှားလှ၏။

ယွင်ကျုံးဟဲ့သည် ကော်ဖီ တစ်ခွက် ဖျော်လာပြီး သူမ၏ ရှေ့တွင် ချပေးလိုက်သည်။

ကျီးချင့်သည် အရာအားလုံးကို မေ့လျော့သွားသည့် အလုပ်လုပ်သည့် အခြေအနေသို့ လုံးဝ ရောက်ရှိသွားပြီး အဆက်မပြတ် ရေးဆွဲနေ၏။

တစ်နာရီကျော် အချိန်အတွင်းမှာပင် သူမသည် ပုံကြမ်း အများအပြားကို ဆွဲထုတ်နိုင်ခဲ့၏။ နှစ်နာရီတိတိ ကြာချိန်မှာတော့ သူမ ရေးဆွဲပြီးစီးသွားသည်။

သူမ ဘာတွေ ဆွဲနေသနည်း ဆိုသည်ကို ယွင်ကျုံးဟဲ့ ချက်ချင်း သိလိုက်သည်။ အတွင်းမီးလောင် အင်ဂျင်၏ ဖွဲ့စည်းပုံ ပုံကြမ်းပင် ဖြစ်ပြီး လည်ပတ်လှုပ်ရှားနေသော ပစ္စတင် (Piston) အင်ဂျင် ဖြစ်၏။

ယွင်ကျုံးဟဲ့ တကယ်ကို အံ့ဩမှင်တက်သွားသည်။ ‘သိပ္ပံပညာရှင် ဆိုတာ ဒါမျိုးကို ခေါ်တာလား။ ကလေး ဖန်တီးနေတဲ့ အချိန်မှာတောင် သိပ္ပံပညာရဲ့ စိတ်ကူးဉာဏ်တွေကို ရလာနိုင်သေးတယ်လား။’

“အဲဒီ လေသင်္ဘောကို တကယ်တော့ ကျွန်မ မကျေနပ်သေးဘူး။”

ကျီးချင့်က ပြောလိုက်၏။ “ပန်ကာစနစ်က အရမ်း သေးငယ်ပေမယ့် သုံးထားတာက ရေနွေးငွေ့ အင်ဂျင်ပဲလေ။ စွမ်းအားက အရမ်း နည်းလွန်းတယ်။ ဒါပေမဲ့ ရှင့်ကို အနိုင်ယူဖို့အတွက် ချက်ချင်း ထုတ်ပြလိုက်ရတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းရဲ့ဒါက လည်ပတ်လှုပ်ရှားနေတဲ့ ပစ္စတင် အင်ဂျင် မလား။”

ကျီးချင့် အနည်းငယ် အံ့ဩသွားပြီး မေးလိုက်၏။ “ရှင်နားလည်တယ်လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ငါက မင်းရဲ့ အကြိမ်တစ်ရာလောက် ညှဉ်းပန်းမှုကို ခံထားရတဲ့ ရူပဗေဒ ပညာရှင် တစ်ယောက်ဆိုတာ မမေ့နဲ့လေ။ ဒါပေမဲ့ မင်းရဲ့ ဒီပုံကြမ်းမှာ တချို့ နေရာတွေက...”

“ပါးစပ်ပိတ်ထား။” ကျီးချင့်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။ “မင်းရဲ့ ဒီပုံကြမ်းက အရမ်း ပြီးပြည့်စုံပါတယ်။ မင်းက အတော်ဆုံးပါပဲ။”

‘ဒီအမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းတယ်။ သူမရဲ့ ကျွမ်းကျင်မှုကို တခြားလူတွေက ငြင်းပယ်တာကို သူမ လုံးဝ ခွင့်မပြုဘူး။ သတိပေးချင်ရင်တောင် သွယ်ဝိုက်ပြီး ပြောရမယ်။ ငါက မင်းကို သင်ပေးမယ် ဆိုတဲ့ စကားမျိုး လုံးဝ မပြောရဘူး။’

ပုံကြမ်းများကို ရေးဆွဲပြီးနောက် သူမသည် ခဏမျှ ငေးကြည့်နေသည်။ ပြီးနောက် စောင်အောက်သို့ ထပ်မံ ဝင်ရောက်သွား၏။

“ယွင်ကျုံးဟဲ့... ကျွန်မရဲ့မိသားစုက ကျွန်မကို ရှင်နဲ့ ကွာရှင်းဖို့ ခိုင်းထားတာ။ ဒါပေမဲ့ ကျွန်မက သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ပြီ။ အဲဒါကြောင့် မနက်ဖြန်ကျရင် မိသားစုကနေ ခွဲထွက်မယ်လို့ ကြေညာတော့မယ်။”

ကျီးချင့်က ရုတ်တရက် ပြောလိုက်သည်။ “ကဲ... အိပ်တော့။”

“အင်း... ကောင်းပါပြီ။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

ထို့နောက် နှစ်ဦးသား မျက်စိမှိတ်ကာ အိပ်စက်လိုက်ကြသည်။

နောက်တစ်နေ့ နိုးလာချိန်မှာတော့ ဘေးတွင် လူမရှိတော့ကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်ရာ ကျီးချင့်သည် ပေါင်မုန့်ကို ကိုက်စားရင်း စာရေးနေသည်ကို တွေ့လိုက်ရ၏။

‘ဒါက တကယ့် အလုပ်ရူး တစ်ယောက်ပဲ။’

“ချင့်အာ... မနေ့ညက မအိပ်ခင် မိသားစုကနေ ခွဲထွက်မယ်လို့ ပြောခဲ့တယ်မလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ကျီးချင့်က ခေါင်းညိတ်ကာ ဖြေ၏။ “ဟုတ်တယ်လေ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဒါဆို အခု ဘာလုပ်နေတာလဲ။”

“အလုပ် လုပ်နေတာလေ။”

ကျီးချင့်က ဖြေ၏။ “မိသားစုကနေ ခွဲထွက်ရင်တောင် အလုပ်ကိစ္စတွေကိုတော့ နှောင့်နှေးခံလို့ မရဘူးလေ။”

‘ကောင်းပြီလေ... မင်းက အရမ်းတော်ပါတယ်။’

ယွင်ကျုံးဟဲ့သည် ကြက်ဥ အချို့ကို ပြုတ်ပြီးနောက် သူမ လက်ထဲမှ ကော်ဖီကို နွားနို့ဖြင့် လဲလှယ်ပေးလိုက်သည်။

‘ဒီလောက် မနက်စောစောကြီး ကော်ဖီ သောက်နေရင် အစာအိမ်က ဘယ်လိုလုပ် ခံနိုင်တော့မှာလဲ။’

ထို့နောက် ယွင်ကျုံးဟဲ့သည် စားပွဲပေါ်တွင် ထိုင်ကာ ကြက်ဥ အခွံကို ခွာပြီး ကျီးချင့်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။ သူမကလည်း ဘာမှန်း မသိဘဲ တိုက်ရိုက် စားလိုက်ပြီး ဝါးရင်း ဝါးရင်း မျိုချလိုက်၏။

ဤအမျိုးသမီး အစားစားခြင်းသည် စွမ်းအင် ရရှိရန် သက်သက်သာ ဖြစ်ပြီး အရသာ ရှိ၊ မရှိကို လုံးဝ ဂရုမစိုက်ပေ။ သို့ပေမည့် အဝတ်အစားများကတော့ အလွန် သေသပ်ပြီး ပြင်ပ ပုံပန်းသဏ္ဍာန်ကို အလွန် ဂရုစိုက်သည်။

အစားစားပြီးချိန်မှာတော့ သူမ၏ စာတမ်း တစ်စောင်လည်း ရေးသားပြီးစီးသွား၏။

ထို့နောက် သွားတိုက် မျက်နှာသစ်ရာတွင်မူ အလွန် သေသပ်ပြီး ပုလဲမှုန့်များကိုပင် မျက်နှာတွင် လိမ်းကျံ ထားသည်။

“ရှင် မနေ့ညက ပြခဲ့တဲ့ ရူပဗေဒ အောင်မြင်မှုကို ပြည့်စုံတဲ့ စာတမ်း တစ်စောင်အဖြစ် မြန်မြန် ရေးလိုက်။ စာသင်ကျောင်းကြီးတွေက ပါမောက္ခတွေနဲ့ ပါရဂူတွေ အားလုံး စောင့်နေကြတယ်။” ကျီးချင့်က ပြောလိုက်၏။

“ကောင်းပါပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းလည်း ဝင်ပါပြီး အတူတူ သုတေသန လုပ်မလား။”

“မလုပ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် နယ်ပယ်မှာပဲ ကျွန်မ အာရုံစိုက်မယ်။” ကျီးချင့်က ဖြေလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့ရဲ့ နယ်ပယ်က မင်းရဲ့ နယ်ပယ်ထဲကို ဝင်ရောက်လာနိုင်ခြေ ရှိတယ်။ ငါ့ရဲ့ လျှပ်စစ် စွမ်းအင်က တစ်နေ့ကျရင် မင်းရဲ့ အတွင်းမီးလောင် အင်ဂျင်ထဲကို စီးဆင်းသွားလိမ့်မယ်။”

ကျီးချင့်က ယွင်ကျုံးဟဲ့ကို တစ်ချက် စွေကြည့်လိုက်ပြီး စကားမပြောပေ။

ထို့နောက် နှစ်ဦးသား အတူတကွ မိသားစု ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

အကြီးအကဲ ကျီးချန်သည် ထိုနှစ်ဦး အတူတကွ ရောက်ရှိလာသည်ကို မြင်သော်လည်း သိပ်မအံ့ဩပေ။ သူတို့နှစ်ဦးသည် အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး ကွာရှင်းတော့မည်ဟုပင် ထင်နေ၏။

ကျီးချင့်က ပြောလိုက်သည်။ “အဘိုး... ကျွန်မ ယွင်ကျုံးဟဲ့နဲ့ မကွာရှင်းနိုင်ဘူး။ အဲဒီလောက် အရှက်ခွဲ မခံနိုင်ဘူး။ ကျွန်မတို့ နှစ်ယောက်ရဲ့ ရူပဗေဒ တိုက်ပွဲမှာ ကျွန်မ ရှုံးသွားပြီ။ အကယ်၍ ကျွန်မက ဒါကို ငြင်းပယ်လိုက်ရင် ကျွန်မရဲ့ တစ်သက်တာလုံး ဂုဏ်ယူခဲ့ရတဲ့ အရာတွေ အားလုံး ပျက်စီးသွားလိမ့်မယ်။ လောင်းကြေးရှုံးလို့ လျော်ရတာကို လက်ခံပါတယ်။

နောက်တစ်ချက်က ယွင်ကျုံးဟဲ့ရဲ့ အရှေ့ဘက်ကို စစ်ချီမယ့် ကိစ္စက အောင်မြင်နိုင်သလို ကျရှုံးနိုင်ခြေလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်မ မိသားစုကနေ ခွဲထွက်မယ်။ အနာဂတ်မှာ ယွင်ကျုံးဟဲ့ ကျရှုံးသွားရင်၊ အရှေ့ဘက်ကို စစ်ချီတာ ကျရှုံးသွားရင် မိသားစုက ကျွန်မကြောင့် ထိခိုက်မှု ရှိမှာ မဟုတ်ဘူး။

ဒါပေမဲ့ အကယ်၍ ယွင်ကျုံးဟဲ့ အောင်မြင်သွားရင်တော့ ကျွန်မတို့ မိသားစုထဲ ပြန်ဝင်လို့ ရတာပေါ့။ ဒီလိုလုပ်တာက မိသားစုအတွက် အကျိုးအရှိဆုံး ဖြစ်မယ်လို့ ကျွန်မ ထင်တယ်။”

သူမ ပြောပြီးနောက် အကြီးအကဲ ကျီးချန်နှင့် မိသားစုဝင် အခြားသူများ အားလုံး အံ့ဩမှင်တက်သွားကြ၏။

အတော်ကြာမှ အကြီးအကဲ ကျီးချန်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “မင်း မိသားစုကနေ ခွဲထွက်သွားရင် ငါတို့ မိသားစုက အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် မရှိတော့ဘူးလေ။ ပြီးတော့ မင်း မိသားစုကနေ ခွဲထွက်သွားပြီး မင်းက ကိုယ်ကျင့်တရား အမြင့်ဆုံး နေရာမှာ ရပ်တည်နေရင် ငါတို့ မိသားစု တစ်ခုလုံးက အရှက်ကွဲပြီး အဆဲခံရတော့မှာ မဟုတ်ဘူးလား။”

ကျီးချင့်က ပြောလိုက်၏။ “အခြေအနေကို စောင့်ကြည့်တာပေါ့။ အကယ်၍ အင်ပါယာ အထက်တန်းလွှာတွေက ယွင်ကျုံးဟဲ့အပေါ် ရုတ်တရက် အေးစက်သွားရင် ကျွန်မ မိသားစုကနေ ခွဲထွက်ပြီး စာသင်ကျောင်းကို သွားနေလိုက်မယ်။”

သူမ၏ ဖခင်က မေးလိုက်သည်။ “ဒီနှစ်သစ်ကူး အချိန်ကြီးမှာ မင်း စာသင်ကျောင်းကို ဘာသွားလုပ်မလို့လဲ။”

ကျီးချင့်က ဖြေ၏။ “ကျွန်မက နှစ်သစ်ကူးပွဲတောင် ဆင်နွှဲနိုင်လောက်အောင် ဇိမ်ခံနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။”

ထို့နောက် ကျီးချင့်နှင့် ယွင်ကျုံးဟဲ့တို့ အိမ်မှ ထွက်ခွာလာခဲ့ကြသည်။

မိသားစု၏ ရဲတိုက်မှ ထွက်လာပြီးနောက် ချက်ချင်းပဲ အင်ပါယာ ဗိုလ်ချုပ်လေး တစ်ဦးကို တွေ့လိုက်ရ၏။

သူသည် ရဲရင့်ခန့်ညားသော စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ပန်းစည်း တစ်စည်းကို ကိုင်ဆောင်ထား၏။ ထိုသူမှာ အင်ပါယာ ဗိုလ်ချုပ်လေး ရှင်းကျန့် ပင်ဖြစ်သည်။

သူသည် ကျီးချင့် မိသားစု၏ ရဲတိုက် အပြင်ဘက်တွင် ရပ်စောင့်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ယနေ့သည် နှစ်သစ်ကူး ပထမနေ့ ဖြစ်ပြီး ကျီးချင့်နှင့် ယွင်ကျုံးဟဲ့တို့ သေချာပေါက် ကွာရှင်းကြမည်ဟု သူ ထင်မြင်ထားသောကြောင့် အပြင်ဘက်တွင် ရပ်စောင့်ကာ သူမကို အံ့ဩဝမ်းသာစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့ အတူတကွ ထွက်လာသည်ကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

All Chapters