အခန်း ၇၆၂
Vol. 64 Ch. 762
အပိုင်း (၇၆၂)
ထိုနှစ်ဦးသည် အလွန် ရင်းနှီးပုံ မပေါ်သလို ကျီးချင့်သည်လည်း ယွင်ကျုံးဟဲ့၏ လက်မောင်းကို ချိတ်၍ လမ်းလျှောက်လာခြင်း မဟုတ်သော်လည်း။ သူမ၏ မျက်နှာလေးမှာ နီရဲပြီး လှပနေကာ မျက်လုံးများတွင် ရေငွေ့များ ပြည့်နှက်နေသောကြောင့် ဂရုတစိုက် ကြည့်သူများ၏ မျက်လုံးများကို ဖုံးကွယ်ထား၍ မရနိုင်ချေ။
ထို့ကြောင့် ရှင်းကျန့် အံ့ဩသွားပြီး ခန္ဓာကိုယ် တဖြည်းဖြည်း အေးစက်လာသည်။
ရှင်းကျန့်ကို မြင်ချိန်မှာတော့ ကျီးချင့်က အနားသို့ လျှောက်သွားကာ ပြောလိုက်၏။ “ရှင့်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီ ဥက္ကာခဲက အရမ်း ရှားပါးတော့ ကျွန်မ အရမ်း သဘောကျပါတယ်။ အဲဒီအထဲမှာ ရှားပါး သတ္တုတွေ ပါဝင်ရုံတင်မကဘူး၊ စိန်နဲ့ အရမ်းတူပေမယ့် စိန်မဟုတ်တဲ့ သလင်းကျောက် တစ်မျိုးလည်း ပါသေးတယ်။ ကျွန်မ သေချာ သုတေသန လုပ်ကြည့်ပါ့မယ်။”
ဗိုလ်ချုပ်လေး ရှင်းကျန့်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “မင်း... မင်း သဘောကျရင် ပြီးတာပါပဲ။”
ယွင်ကျုံးဟဲ့က ရှင်းကျန့်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူနှင့် ကျီးချင့်တို့ မြင်းလှည်းပေါ်သို့ တက်ကာ တတိယ စာသင်ကျောင်းသို့ ထွက်ခွာသွားကြ၏။
တတိယ စာသင်ကျောင်းရှိ ကျီးချင့်၏ သီးသန့် ဓာတ်ခွဲခန်း အတွင်းတွင်...
ယွင်ကျုံးဟဲ့သည် သူမ၏ ရှေ့မှောက်တွင် အလွန် ရိုးရှင်းသော လက်လှည့် ဒိုင်နမို တစ်လုံးကို ပြုလုပ်ပြ၏။ ကွိုင်နှင့် သံလိုက်များကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။
ထို့နောက် ဤဒိုင်နမိုကို လက်ဖြင့် လှည့်လိုက်ရာ မီးသီး တစ်လုံး လင်းလာသည်။
ကျီးချင့် ထပ်မံ၍ ကြက်သီးများ ထသွားသည်ကို ခံစားလိုက်ရပြီး လက်ဖြင့် ပွတ်သပ်ကာ မယုံကြည်နိုင်စွာ မေးလိုက်၏။ “ဒီလောက်... ဒီလောက် ရိုးရှင်းတာလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။ ဒီလောက်ပဲ ရိုးရှင်းတာ။”
ကျီးချင့်က ပြောလိုက်၏။ “ပိုရိုးရှင်းလေ၊ ပိုကြီးကျယ်လေပဲ။”
သူမ ဤစကားကို ပြောထွက်လာနိုင်ခြင်းက အလွန် ချီးကျူးစရာ ကောင်းလှ၏။ တကယ့် သိပ္ပံပညာရှင် တစ်ယောက် ပီသလှသည်။
အတော်ကြာမှ ကျီးချင့်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင် တကယ်ပဲ အင်ပါယာရဲ့ စွမ်းအင် အသုံးပြုပုံကို ပြောင်းလဲပစ်နိုင်ခဲ့ပြီ။ မဟုတ်ဘူး။ ရှင်က လုံးဝ အသစ်စက်စက် စွမ်းအင် တံခါးပေါက်၊ ရူပဗေဒ တံခါးပေါက် တစ်ခုကို ဖွင့်လှစ်လိုက်တာပဲ။”
ကျီးချင့်က တုန်ယင်စွာ ပြောလိုက်သည်။ “ဒီကိစ္စရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်တော့ဘူး။ ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွားမယ့် အနာဂတ် အပြောင်းအလဲတွေကို ကျွန်မ မြင်နေရသလိုပဲ။”
ထို့နောက် သူမက မေးလိုက်၏။ “ရှင် မနေ့ညက ဘာလို့ ဒါကို မပြခဲ့တာလဲ။ ဒီစမ်းသပ်မှုက ရှင် မနေ့ညက လုပ်ခဲ့တဲ့ စမ်းသပ်မှုထက် အများကြီး ပိုကြီးကျယ်တယ်။ မနေ့ညက ရှင်က လူတွေကို ရလဒ်ကိုပဲ ပြခဲ့တာ။ ဒီနေ့ စမ်းသပ်မှုကမှ လူတွေကို သီအိုရီကို မြင်တွေ့စေနိုင်တာ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အများစုက ရူပဗေဒ ပညာရှင်တွေမှ မဟုတ်တာ။ သူတို့က ခမ်းနားပြီး ထိတ်လန့်စရာ ကောင်းတဲ့၊ ဆန်းကြယ်တဲ့ ဖျော်ဖြေမှုကိုပဲ ကြည့်ချင်ကြတာလေ။ မင်းတောင်မှ သေးငယ်တဲ့ စွမ်းအင် ပန်ကာစနစ်ကိုပဲ ပြလို့ရနေရက်နဲ့ လေသင်္ဘောကြီးကို ပြခဲ့သေးတာပဲ။ ဟန်ရေးပြချင်တဲ့ မိန်းမ၊ ဟန်ရေးပြချင်တဲ့ ယောက်ျားပေါ့။”
ကျီးချင့်က ယွင်ကျုံးဟဲ့ကို ဆွဲခေါ်ကာ အလုပ်စားပွဲရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်၏။ “ရှင် ဒီမှာ ထိုင်ပြီး ပြည့်စုံတဲ့ စာတမ်း တစ်စောင်ကို ရေးလိုက်။ ကျွန်မ သွားပြီး အင်ပါယာရဲ့ အထူးချွန်ဆုံး ရူပဗေဒ ပါမောက္ခတွေနဲ့ ပါရဂူတွေကို ခေါ်လာခဲ့မယ်။ ရှင် နောက်တစ်ကြိမ် ကြေညာပွဲ ထပ်လုပ်ရမယ်။”
မွန်းလွဲပိုင်း အချိန်တွင်...
တာ့ယန် အင်ပါယာသစ် တစ်ခုလုံး၏ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်များ အားလုံး ကျီးချင့်၏ ဓာတ်ခွဲခန်း အတွင်းသို့ ပြည့်ကျပ်နေအောင် ရောက်ရှိလာကြသည်။
ယွင်ကျုံးဟဲ့သည် လူတိုင်း၏ ရှေ့မှောက်တွင် အရိုးရှင်းဆုံး ဒိုင်နမို တစ်လုံးကို ပြုလုပ်ပြ၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် ပိုရိုးရှင်းလေ ပိုကောင်းလေ ဖြစ်ပြီး အဓိပ္ပာယ်က ပို၍ ကြီးမားလေ ဖြစ်ကာ ဤရူပဗေဒ ပညာရှင်များကို အတွင်းပိုင်း သီအိုရီများကို မြင်တွေ့စေနိုင်သည်။
ဤအရိုးရှင်းဆုံး ဒိုင်နမိုကို ပြုလုပ်ပြီးနောက် လက်ဖြင့် လှည့်လိုက်ရာ မီးသီး တစ်လုံး လင်းလာသည်။ ထိုနေရာရှိ ရူပဗေဒ ပညာရှင်များ အားလုံး အသက်ရှူရပ်မတတ် ဖြစ်သွားကြ၏။
ထို့အပြင် သူတို့ အားလုံး၏ မျက်လုံးများက နီရဲနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက ယွင်ကျုံးဟဲ့ ကြေညာခဲ့သော အောင်မြင်မှုအကြောင်း သူတို့ မည်မျှပင် စဉ်းစားသော်လည်း နားမလည်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
‘ဘာကြောင့် မီးသီး လင်းလာရတာလဲ။ ဘာကြောင့် လူက လျှပ်စီးကြောင်းတွေကို ဖန်တီးနိုင်ပြီး ထိန်းချုပ်နိုင်ရတာလဲ။’
ထို့နောက် သူတို့က ဤအရာသည် အလွန် ရှုပ်ထွေးပြီး ကုန်ကျစရိတ် အလွန် ကြီးမားသလားဟု တွေးတောနေကြ၏။
အကယ်၍ အလွန် ရှုပ်ထွေးပြီး ကုန်ကျစရိတ် ကြီးမားပါက ယွင်ကျုံးဟဲ့၏ ဤအောင်မြင်မှုသည် သိပ်ပြီး အဓိပ္ပာယ် ကြီးမားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နေရာအနှံ့ အသုံးပြုရန် မဖြစ်နိုင်သောကြောင့်ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့က သူတို့ကို သီအိုရီကို ပြသလိုက်သည်။
‘ဒီလောက်တောင် ရိုးရှင်းတာလား။ လောကသစ် တံခါးပေါက် ပွင့်သွားပြီ။ ဒီလောကကြီး ပြောင်းလဲတော့မယ်။ ရူပဗေဒရဲ့ နောက်ထပ် တံခါးပေါက် တစ်ခု ပွင့်သွားတော့မယ်။’
မည်သည့် စကားလုံးဖြင့်မျှ အတွင်းမှ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြ၍ မရနိုင်တော့ပေ။
ဤရူပဗေဒ ပညာရှင်များသည် လက်ဖြင့် လှည့်မည့်အစား ရေအား၊ လေအား၊ မီးအား၊ ရေနွေးငွေ့ စသည်တို့ကို အသုံးပြု၍ ပြောင်းလဲနိုင်ကြောင်းကို အလိုအလျောက် တွေးမိသွားကြသည်။
ထို့ကြောင့် ဤစွမ်းအင်ကို အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆတစ်သောင်း ချဲ့ထွင်နိုင်၏။
ထို့နောက် ယွင်ကျုံးဟဲ့သည် အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြု၍ သတ္တု တစ်မျိုးနှင့် ဆာလဖျူရစ် အက်စစ်ပြင်းကိုသာ အသုံးပြုကာ ခဲအက်စစ် ဘက်ထရီကို ပြုလုပ်ပြသည်။
လျှပ်စစ်စွမ်းအင်ကို မည်သို့ သိုလှောင်ရမည်နှင့် မည်သို့ ပြန်လည် ထုတ်လွှတ်ရမည်ကို လူတိုင်းအား ပြသလိုက်၏။
ဤအရာများ အားလုံးကို ပြုလုပ်ပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စီနီယာ အစ်ကိုကြီးတို့... နောက်ဆက်တွဲ အနေနဲ့ ကျုပ် ဒါတွေ အားလုံးကို ပြည့်စုံတဲ့ စာအုပ် တစ်အုပ် အဖြစ် ရေးသားပြီး အင်ပါယာကို အခမဲ့ လှူဒါန်းသွားပါ့မယ်။”
ကျီးချင့်က သူ့ကို စာတမ်း တစ်စောင် ရေးရန် ပြောခဲ့သော်လည်း ယွင်ကျုံးဟဲ့ကမူ စာအုပ် တစ်အုပ် ရေးမှာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်နှင့် သံလိုက်သည် ခွဲခြား၍ မရနိုင်သောကြောင့် ရေးမည်ဆိုပါက စာတမ်း တစ်စောင်တည်းဖြင့် ရေး၍ မပြီးနိုင်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့ ရေးသားမည့် စာအုပ်သည် ပြဋ္ဌာန်းစာအုပ် တစ်အုပ် ဖြစ်ပြီး အလယ်တန်း ရူပဗေဒမှ လျှပ်စစ်နှင့် သံလိုက် အပိုင်းနှင့် ဆင်တူသည်။
တပြိုင်နက်တည်း ရေးသားမည့် အရာများထဲတွင် စွမ်းအင် တည်မြဲမှု နိယာမ၊ ကမ္ဘာ့ဆွဲငင်အား၊ ဒြပ်ထု တည်မြဲမှု နိယာမ စသည်တို့ ပါဝင်၏။
အတိုချုပ်ဆိုရလျှင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သွေးကြောများကို ဖွင့်ပေးတော့မှာ ဖြစ်သည်။
အကယ်၍ ဤလောကတွင် တကယ့် နဂါးသတ် ကျမ်းစာ ဆိုတာ ရှိခဲ့လျှင် ဤအရာက တကယ့် နဂါးသတ် ကျမ်းစာ အစစ်အမှန်ပင် ဖြစ်မည်မှာ သေချာ၏။
ကမ္ဘာမြေပေါ်ရှိ အနောက်တိုင်းလောကသည် ဤနဂါးသတ် ကျမ်းစာများကို အားကိုး၍ နည်းပညာ တော်လှန်ရေး အကြိမ်ကြိမ်ကို ဆင်နွှဲနိုင်ခဲ့ပြီး ကာလကြာရှည်စွာ ကမ္ဘာမြေကို လွှမ်းမိုးချုပ်ကိုင်ကာ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှုကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အင်ပါယာ ပထမ စာသင်ကျောင်း၏ ကျောင်းအုပ်သည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်၏။ “ခင်ဗျားက အင်ပါယာအတွက် ဒီလောက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့တာဆိုတော့ ကျုပ်တို့ကလည်း ခင်ဗျားကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး။”
နောက်ရက်အနည်းငယ် အတွင်း ယွင်ကျုံးဟဲ့သည် ကျီးချင့်၏ စံအိမ်အတွင်းတွင် ပြဋ္ဌာန်းစာအုပ်ကို ရေးသားနေခဲ့သည်။
ကျီးချင့်လည်း သူမ၏ ကိုယ်ပိုင်း သုတေသနများဖြင့် အလုပ်များနေသည်။ တစ်ခါတရံ သူမ ရုတ်တရက် လှည့်ကြည့်လိုက်ချိန်မှာတော့ သူမ၏ အိမ်ထဲတွင် ယွင်ကျုံးဟဲ့ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ကိုယ့်ကိုယ်ကိုယ် လန့်သွားတတ်၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ စာသင်ကျောင်းရှိ စံအိမ်တွင် ဒုတိယ လူတစ်ယောက် တစ်ခါမှ မရှိဖူးသလို သူမ အနားတွင်လည်း လူတစ်ယောက် တစ်ခါမှ မရှိဖူးသောကြောင့် ဖြစ်သည်။
သူမ တစ်ကြိမ် အိမ်ထောင်ကျဖူးသော်လည်း အခြေခံအားဖြင့် နာမည်ခံ သက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ထိုအမျိုးသားကို အထင်မကြီးသောကြောင့်ပင်။
ထို့ကြောင့် သူမ၏ အချိန် ကိုးဆယ့်ကိုး ရာခိုင်နှုန်းကို တတိယ စာသင်ကျောင်းရှိ စံအိမ်တွင်သာ ကုန်ဆုံး စေခဲ့သည်။
နှစ်ရက် နှစ်ည ဆက်တိုက် ရေးသားပြီးနောက် ကျီးချင့် ရေသွားချိုး၏။
ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်သည်။ “ငါကော ချိုးရမလား။”
ကျီးချင့်က ဖြေ၏။ “သဘောပဲ။”
ရေချိုးပြီးနောက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ငါ့ကို ညှဉ်းပန်းချင်သေးလား။”
ကျီးချင့်က ဖြေလိုက်၏။ “သဘောပဲ။”
ထို့နောက် နောက်ထပ် တစ်နာရီကြာအောင် ညှဉ်းပန်းနှိပ်စက်လိုက်ပြန်၏။ ထို့နောက် နှစ်ဦးသား ထပြီး ဆက်လက် အလုပ် လုပ်ကြသည်။
ရုတ်တရက် ကျီးချင့်က မေးလိုက်၏။ “ရှင် အရင်က တူရှားနဲ့ အတူတူ ရှိနေတုန်းက ဘာတွေ လုပ်ကြလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ပန်းချီဆွဲတယ်။”
ကျီးချင့်က မေးလိုက်၏။ “ပန်းချီဆွဲတာ သက်သက်ပဲလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “လူကိုယ်လုံး ပွဲတော်လည်း ရှိသေးတယ်။”
ကျီးချင့်က နားမလည်ဟန်ဖြင့် မေးလိုက်၏။ “လူကိုယ်လုံး ပွဲတော် ဆိုတာ ဘာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အစားအသောက်တွေကို ခန္ဓာကိုယ်ပေါ် တင်ထားပြီးတော့ ပါးစပ်နဲ့ လိုက်စားတာလေ။”
ကျီးချင့်က အေးစက်စက် ပြောလိုက်၏။ “ရှင်တို့ တကယ် ရွံစရာ ကောင်းတာပဲ။”
ယွင်ကျုံးဟဲ့ ပြုံးလိုက်သော်လည်း စကားမပြောဘဲ သူမအတွက် လက်ဖက်ရည်ကြမ်း တစ်ခွက် ငဲ့ပေးလိုက်သည်။
“ရွံစရာကောင်းတဲ့ ယောက်ျား ဖျော်ပေးတဲ့ လက်ဖက်ရည်ကို ကျွန်မ မသောက်ချင်ဘူး။” ကျီးချင့်က ငြင်းလိုက်၏။
ယွင်ကျုံးဟဲ့က သူမ၏ ပါးပြင်ကို ဆုပ်ကိုင်ကာ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် တစ်ချက် နမ်းလိုက်သည်။
“ချီးတဲ့မှ... ကျွန်မ အန်တော့မယ်။” ကျီးချင့်က ပြောလိုက်၏။
ထို့နောက် ယွင်ကျုံးဟဲ့က လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် သူမကို တိုက်ကျွေးလိုက်သည်။
“ကျွန်မ တကယ် အန်တော့မယ်။” ကျီးချင့်က ပြောပြီးနောက် ဟန်ဆောင်၍ အန်ချင်သလို အသံပြုလိုက်၏။
“ဒီလက်ဖက်ရည်က ဘယ်က ထွက်တာလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အင်ပါယာက ရာသီဥတု အရမ်း အေးတော့ လက်ဖက်ရည် မထွက်နိုင်ဘူးလေ။”
ကျီးချင့်က ဖြေ၏။ “တောင်ပိုင်း ကိုလိုနီ နယ်မြေကလေ။ တူရှား ဆိုတဲ့ မိန်းမက လူကောင်း မဟုတ်ဘူး။ အရမ်း အရှက်မရှိတာ။ ရှင် သူနဲ့ အရမ်း မနီးစပ်နဲ့။”
“မင်း ပြောတာ မှန်တယ်။ မင်း ပြောတာ အကုန် မှန်တယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
ချက်ချင်းပဲ ကျီးချင့် ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်သွား၏။
ဤရက်ပိုင်းများမှာ နှစ်သစ်ကူး ကာလ ဖြစ်သောကြောင့် အလုပ် အများစုကို ရပ်နားထားကြ၏။ ထို့အတူ အင်ပါယာ အထက်တန်းလွှာများ၏ ယွင်ကျုံးဟဲ့အပေါ် သဘောထားမှာလည်း အေးစက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုညက ယွင်ကျုံးဟဲ့သည် အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် အထက်လွှတ်တော် အမတ်များ ရှေ့တွင် အရှေ့ဘက်ကို စစ်ချီမည့် မိန့်ခွန်းကို ပြောကြားခဲ့သောကြောင့်ပင်။
ဤအရာက အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးများကို အခြေအနေ ပြန်လည် ထိန်းသိမ်းရန် အခွင့်အရေး မပေးတော့သကဲ့သို့ ဖြစ်သွား၏။
အကယ်၍ ယွင်ကျုံးဟဲ့ကို ဆက်လက် ချီးကျူးဂုဏ်ပြုနေမည် ဆိုပါက သူ၏ အရှေ့ဘက်ကို စစ်ချီမည့် အကြံအစည်ကို ထောက်ခံကြောင်း သက်သေပြလိုက်ရာ ရောက်မှာဖြစ်၏။ သို့ပေမည့် ဤကိစ္စက အရမ်း ကြီးမားလွန်းပြီး အင်ပါယာ၏ အခင်းအကျင်းကိုပါ ပြောင်းလဲပစ်နိုင်သည်။
ယွင်ကျုံးဟဲ့ ပြောသည့်အတိုင်း ဆိုပါက တာ့ရှန်း မိစ္ဆာနိုင်ငံသည် ကြောက်စရာ ကောင်းလောက်အောင် အင်အား ကြီးမားနေပြီ ဖြစ်သည်။ အကယ်၍ စစ်ပွဲ စတင်လိုက်ပါက အင်ပါယာ တစ်ခုလုံး၏ နေထိုင်မှု ပုံစံ ပြောင်းလဲသွားမည်ဖြစ်ပြီး အင်ပါယာ၏ စစ်သည် မည်မျှ စစ်မြေပြင်တွင် သေဆုံးရမည်ကို မသိနိုင်ပေ။
လက်ရှိ အင်ပါယာတွင် မည်သူကမှ ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို မချမှတ်နိုင်ပေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့ကို အေးစက်စွာ ဆက်ဆံရန်သာ ရှိလေတော့သည်။
ထို့နောက် နှစ်သစ်ကူး ကာလအတွင်း အထက်လွှတ်တော်၏ နှစ်သစ်ကူး စားသောက်ပွဲသို့ ယွင်ကျုံးဟဲ့ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။
တစ်လပိုင်း ရှစ်ရက်နေ့တွင် အုပ်ချုပ်ရေးမှူး နှစ်ဦးသည် မြို့တော်ရှိ အဖွဲ့အစည်း အသီးသီးသို့ သွားရောက် စစ်ဆေးပြီး အင်ပါယာ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုအချိန်တွင် ပြောကြားခဲ့သော မိန့်ခွန်းများ၌ ယွင်ကျုံးဟဲ့၏ နာမည်ကို တစ်လုံးမျှပင် မထည့်သွင်းခဲ့ပေ။ ထို့နောက် အုပ်ချုပ်ရေးမှူး နှစ်ဦး ကျင်းပသော နှစ်သစ်ကူး စားသောက်ပွဲသို့လည်း ယွင်ကျုံးဟဲ့ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။
ဤအရာများ အားလုံးက ယွင်ကျုံးဟဲ့ ကျရှုံးတော့မည် ဖြစ်ကြောင်း ပြသနေသကဲ့သို့ပင်။
အင်ပါယာ အထက်တန်းလွှာများသည် ယွင်ကျုံးဟဲ့ ဆိုသော ဤလူကို အေးစက်စွာ ဆက်ဆံရန် ရည်ရွယ်ထားပြီး အနည်းဆုံးတော့ အချိန်ကာလ တစ်ခုအထိ လုံးဝ အေးစက်စွာ ဆက်ဆံသွားမှာဖြစ်သည်။
.....................