← Chapters

အခန်း ၈၃၆

Vol. 44 Ch. 836

အခန်း ၈၃၆

Vol. 44 Ch. 836

အပိုင်း (၈၃၆) ရုပ်သေးဘုရင်နှင့် နဂါးစစ်စစ်တို့ တွေ့ဆုံခြင်း။

သံတမန်အဖွဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ဆက်လက်၍ မရပ်နေနိုင်တော့ဘဲ အခြေအနေကို ထိန်းသိမ်းရန် အလျင်စလို ပြေးဝင်သွားကြ၏။

မာချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး စစ်ပွဲအနိုင်ရရှိတာကို ဂုဏ်ပြုပါတယ်။"

သူ ဦးဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် တခြားသူများလည်း သူ့နောက်မှလိုက်ကာ အသံကုန် ဟစ်အော်လိုက်ကြပြီးနောက် အားလုံး အတူတကွ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။

ကျင်းဘုရင်၏ မျက်နှာသွင်ပြင်က အနည်းငယ် ကြည်လင်သွားခဲ့သည်။ "မှူးမတ်အပေါင်းတို့ မတ်တတ်ရပ်ကြ။ ဒီလို ဘေးအန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာ မင်းတို့ ပင်ပန်းသွားကြပြီ။ မြို့ထဲမှာ တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ကိုယ်တော့်ကို တစ်ယောက်လောက် ရှင်းပြစမ်းပါ။ ပြီးတော့ ဖန်ကျန်းရီက ဘယ်မှာလဲ။"

ကျင်းဘုရင်က တစ်ပတ်ခန့် ဝေ့ကြည့်လိုက်သော်လည်း ဖန်ကျန်းရီကို မမြင်တွေ့ရသောကြောင့် စိတ်ထဲတွင် အနည်းငယ် သံသယဖြစ်သွား၏။

မာချန်က လျှောက်တင်လိုက်သည်။ "သခင်လေးဖန်က ရွှေတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ဒုတိယမင်းသားနဲ့ နိုင်ငံတော်ဆရာကြီး ဖါးပါးတို့ လက်နက်ချစာချုပ် ရေးဆွဲရာမှာ အတူရှိနေတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ အရှင်မင်းကြီးက အခုချက်ချင်း ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိတဲ့အတွက် သူက အနည်းငယ် နောက်ကျမှ ရောက်လာပါလိမ့်မယ်။ "

ဤသို့ကိုး။ သို့ဆိုလျှင် ကျန်းရီ ဘာမှမဖြစ်ခဲ့ချေ။ ကြည့်ရသည်မှာ သူ ရောက်လာခြင်းက အချိန်မီသေးကြောင်း ဆိုနိုင်သည်။

ကျင်းဘုရင်က သက်ပြင်းတစ်ချက် ချလိုက်၏။

ထို့နောက် မာချန်သည် အမြန်ဆုံး စကားပြောနှုန်းဖြင့် မြို့ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို တစ်ခုချင်းစီ စတင်လျှောက်တင်လေတော့သည်။

ဖန်ကျန်းရီနှင့် အာလီပိုင်တို့၏ ဆက်ဆံရေး... နတ်တစ်ပါးသဖွယ် ဖန်တီးသည့် လှုပ်ရှားမှု... နဂါးဝတ်စုံ ဝတ်ဆင်ခံရခြင်းနှင့် အလှပန်းလေးနှစ်ပွင့်ကို လက်ထပ်ခဲ့ခြင်း စသည်တို့ ဖြစ်၏။

ကျင်းဘုရင်သည် မြင်းပေါ်တွင် မှင်သက်စွာ ထိုင်နေပြီး သူ၏နားဘေးတွင် မာချန်၏ တတွတ်တွတ် လျှောက်တင်သံများ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ပါဝင်သော အကြောင်းအရာများကိုမူ သူ သိပ်ပြီး ဂရုမစိုက်နိုင်တော့ချေ။

ဝူထူက အပြင်ထွက်ပြီး စစ်တိုက်နေချိန်မှာ ဖန်ကျန်းရီက သူ့သားကို တပည့်အဖြစ် သိမ်းသွင်းလိုက်ပြီး နှစ်ယောက်ပေါင်းကာ တခြားသူ၏ အိမ်ကို ခိုးယူလိုက်သည်လား။

ဤအရာက အဘယ်သို့သော စွမ်းဆောင်ရည်မျိုးနည်း... ဘယ်လို လုပ်ရပ်မျိုးနည်း။

သူ၏ တစ်သက်တာလုံးတွင် ဤမျှလောက် အဓိပ္ပာယ်မရှိသော ကိစ္စမျိုးကို လုံးဝ မကြားဖူးခဲ့ချေ။ ဒီ ခွေးသူခိုးက တခြားသူတွေကို အောက်လမ်းနည်းနဲ့ ပြုစားတတ်နေသေးတာလား။

ကျင်းဘုရင်၏ မျက်နှာသွင်ပြင်က ခန့်မှန်းရခက်စွာ ပြောင်းလဲနေပြီး စိမ်းလိုက်နီလိုက် ဖြစ်နေ၏။ အဘယ်ကြောင့်မှန်းမသိ သူသည် မိမိကိုယ်ကို အလွန် ရယ်စရာကောင်းနေကြောင်း ခံစားလိုက်ရပြီး ဤခံစားချက်မျိုးကို ဖော်ပြရန်ပင် ခက်ခဲလှသည်။

မြို့တော်စောင့်တပ်ဖွဲ့ အားလုံးနီးပါးကို ခေါ်ထုတ်လာခဲ့ပြီး ယမ်းမှုန့်လက်နက် အားလုံးကိုပါ ယူဆောင်ကာ မြို့တော်မှနေ၍ မြက်ခင်းပြင် နက်ရှိုင်းရာဆီသို့ အလောတကြီး ချီတက်လာခဲ့ခြင်း ဖြစ်သည်။ ရွှေတိုင်းပြည်ကို ဖြိုခွင်းရန် ဆိုသည်က မှန်သော်လည်း သားမက်ဖြစ်သူကို ကယ်တင်ရန်ဟူသော အကြောင်းရင်းကလည်း အတော်များများ ပါဝင်နေကြောင်းကို ငြင်းဆို၍မရနိုင်ချေ။

အလျင်စလို ပြေးလာခဲ့ရသည် ... သို့ပေမည့် ရလဒ်အနေဖြင့် ထိုသူက ထီးနန်းတောင် တက်နေခဲ့ပြီ ဖြစ်၏။ ဤနေရာတွင် သာယာယာ နေထိုင်နေပြီး မိသားစု အသစ်တစ်ခုကိုတောင် တည်ဆောက်ထားလိုက်သေးသည်။ ပို၍တောင် ဝဖြိုးလာသေးသည်လား မသိနိုင်ချေ။ သူ ဘာကို မျှော်လင့်ပြီး ဤမျှလောက် အလောတကြီး ပြေးလာခဲ့ရသနည်း။ ကျင်းဘုရင်သည် မိမိကိုယ်ကိုယ် စိတ်ထဲမှ မမေးဘဲ မနေနိုင်တော့ချေ။

မာချန်က ခေါင်းကို သတိကြီးစွာဖြင့် ပင့်မကြည့်လိုက်ပြီး ကျင်းဘုရင်၏ မျက်နှာသွင်ပြင်ကို အကဲခတ်လျက် လျှောက်တင်၏။ "အရှင်မင်းကြီး ... နားထောင်နေတော်မူရဲ့လား။ "

"အေး ... ကိုယ်တော် နားထောင်နေပါတယ်။ ကျန်သေးသလား။ "

"မကျန်တော့ပါဘူး ..."

ကျန်သေးသလား ဟုတ်လား။ ကျန်သေးရင်တောင်မှ လျှောက်တင်ဖို့ ကျွန်တော်မျိုး မျက်နှာပူလှပါပြီ... ဆက်ပြီး လျှောက်တင်နေရင် သခင်လေးဖန်က ကောင်းကင်ပေါ်တောင် တက်သွားတော့မှာပဲ။ မာချန်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။

"အရှင်မင်းကြီး ... ဒီမြို့ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက သာမန်မဟုတ်ဘူးလို့ ထင်ရပါတယ်... ကျွန်တော်မျိုး ထင်မြင်မိတာက ..."

"မင်း ဆက်ပြောနေစရာ မလိုတော့ဘူး... ကိုယ်တော် ကိုယ်တိုင် သွားမေးလိုက်ရင် ရပြီ... မြို့ထဲဝင်ဖို့ လမ်းပြစမ်းပါ။"

ကျင်းဘုရင်က ခံစားချက်မဲ့သော မျက်နှာထားဖြင့် မြင်းကို ဦးဆောင်နှင်သွားပြီး ကိုယ်ရံတော်တပ်ဖွဲ့က အနောက်မှ လိုက်ပါသွားကာ တပ်မကြီးကမူ မြို့ပြင်တွင် တိုက်ရိုက် စခန်းချ နေထိုင်လိုက်ကြ၏။

လူတစ်စု မြို့ထဲသို့ ဝင်ရောက်သွားကြသည်။ မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် မြင်းစီးလာသော လူသုံးယောက်က မြို့တံခါးဘက်ဆီသို့ အရှိန်အဟုန်ဖြင့် နှင်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုသူများမှာ ဖန်ကျန်းရီတို့ပင် ဖြစ်သည်။

ကျင်းဘုရင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီက အပြုံးမျက်နှာကို အရင်ဖော်ပြလိုက်ပြီး သူ၏ရှေ့သို့ ရောက်ရှိချိန်တွင် မြင်းပေါ်မှ လျင်မြန်စွာ ဆင်းကာ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး စစ်ပွဲအနိုင်ရရှိတာကို ဂုဏ်ပြုပါတယ်။ "

ကျင်းဘုရင်က သူ့အား အထက်အောက် နှစ်ချက်ခန့် စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "တကယ်ပဲ ဝလာခဲ့တာကိုး။ "

ဖန်ကျန်းရီမှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး ထိုနေရာတွင်ပင် မှင်သက်သွားကာ စကားတစ်ခွန်းမှ မဆိုနိုင်တော့ချေ။

ကျွတ် ... ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် သံတမန်အဖွဲ့သည် မြို့ထဲရှိ ကိစ္စရပ်များကို အကုန်အစင် လျှောက်တင်ပြီးဖြစ်လောက်သည်။ ယောက္ခထီးအိုကြီး၏ ဤသဘောထားကို သူ တကယ်ပင် ခန့်မှန်း၍မရနိုင်သောကြောင့် နောက်မှသာ ကြည့်လုပ်ရပေတော့မည်။

အာလီပိုင်မှာမူ အနည်းငယ် စိုးရိမ်တကြီးဖြစ်နေပြီး သူတို့နှစ်ဦး စကားမပြောတော့သည်ကို မြင်လိုက်ရသောကြောင့် အရှေ့သို့ ကိုယ့်သဘောနှင့်ကိုယ် တိုးထွက်ကာ အရိုအသေပေးလိုက်သည်။

ကျင်းဘုရင်က စကားစလိုက်၏။ "အာလီပိုင် ... ကိုယ်တော် မင်းကို မှတ်မိပါတယ်။ သံတမန်အဖွဲ့က ပြောပြတဲ့ မင်းရဲ့အကြောင်းတွေကို ကိုယ်တော် ကြားသိပြီးပါပြီ... မင်းက မြို့ထဲမှာ ကျုပ်တို့ တာ့ကျင်းရဲ့ သံတမန်အဖွဲ့ကို ကာကွယ်ပေးခဲ့တယ်ဆိုတော့ ကိုယ်တော်က မင်းကို ကျေးဇူးတင်ရမှာပေါ့။ "

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ နိုင်ငံနှစ်ခု စစ်ဖြစ်ကြတာက ကျွန်တော်မျိုးရဲ့ ဆန္ဒမဟုတ်ပါဘူး... ကျွန်တော်မျိုး ကလည်း နိုင်ငံနှစ်ခုရဲ့ ဆုံးရှုံးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချချင်ရုံပါ... အရှင်မင်းကြီးက ချီးကျူးလွန်းနေပါပြီ။ "

"ဝူထူ သေဆုံးသွားပြီဆိုတာကို မင်း သိသလား။ " ကျင်းဘုရင်က မေးလိုက်၏။

အာလီပိုင်က အံကိုကြိတ်လျက် ပြန်ဖြေသည်။ "သိပါတယ်။ "

"ခမည်းတော် နတ်ရွာစံသွားပြီဆိုတော့ ကျွန်တော်မျိုးက နိုင်ငံတော်ဆရာကြီးနဲ့အတူ လက်နက်ချစာချုပ်ကို ကြိုတင် ရေးဆွဲထားခဲ့ပါတယ်။ အရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်ဆောင်ထားပြီး ဒီကနေ့မှာ အရှင်မင်းကြီးထံ ဆက်သကာ နိုင်ငံနှစ်ခု ပြန်လည် ချစ်ကြည်ရင်းနှီးနိုင်ဖို့ မျှော်လင့်မိပါတယ်။ "

အာလီပိုင်က စကားပြောအပြီးတွင် ဖါးပါးအား မျက်စပစ်ပြလိုက်ရာ ဖါးပါးက ခြေတစ်လှမ်း အရှေ့တိုးကာ လက်နက်ချစာချုပ်ကို လှမ်းပေးလိုက်၏။

ကျင်းဘုရင်က လက်နက်ချစာချုပ်ကို လှမ်းယူလိုက်ပြီး တစ်ချက်မျှပင် မကြည့်ရှုဘဲ အခြွေအရံများကို သိမ်းဆည်း စေလိုက်သည်။ "သဘောထား ပြည့်ဝတယ်။ ဒါပေမဲ့ ကိုယ်တော်က အခုချိန်မှာ ဖန်ကျန်းရီနဲ့ သီးသန့် စကားပြောချင်တယ်... ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှ အသေးစိတ် ဆက်ပြောကြတာပေါ့။ "

အာလီပိုင်က ဖန်ကျန်းရီအား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လျက် လျှောက်တင်၏။ "ဒါဆိုရင် အရှင်မင်းကြီး နန်းတော်ထဲ ကြွပြီး စကားပြောတော်မူပါ။ "

……

ဖန်ကျန်းရီက ကျင်းဘုရင်အား ခေါ်ဆောင်ကာ လူသူကင်းမဲ့နေသော ခန်းမဆောင်ကြီးဆီသို့ တိုက်ရိုက် သွားလိုက်သည်။ အခုချိန်တွင် သူသည် အသားကျနေခဲ့ပြီ ဖြစ်၏။ မူလက ဝူထူ၏ နေရာကြီးမှာ သူ၏ ဗဟိုဌာနချုပ်ကြီး ဖြစ်လာခဲ့ပြီး ဘာပဲဖြစ်ဖြစ် နဂါးပလ္လင်တော်ထက် ပို၍ သင့်တော်သော နေရာဟူ၍လည်း မရှိတော့ချေ။

ကျင်းဘုရင် ရောက်ရှိလာချိန်မှာတော့ နဂါးပလ္လင်တော်ကို တစ်ချက်မျှ မျက်စောင်းထိုးကြည့်လိုက်၏။ "ပြောစမ်းပါ။"

ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်းဖြင့် နဂါးပလ္လင်တော်ကို ညွှန်ပြကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး လမ်းတစ်လျှောက်လုံး ခရီးနှင်လာရတာ ပင်ပန်းတော်မူလှပြီ... ထိုင်တော်မူပါ။ "

"မင်းရဲ့ နေရာကို ကိုယ်တော် ထိုင်တာ သင့်တော်ပါ့မလား။ "

"အာ ... အရှင်မင်းကြီးက မတရား စွပ်စွဲနေပြန်ပါပြီ ... ကျွန်တော်မျိုး တစ်ခါမှ မထိုင်ဖူးပါဘူး။ " ဖန်ကျန်းရီက လိပ်ပြာမလုံစွာ လျှောက်တင်၏။

ကျင်းဘုရင်က အများကြီး ထပ်မပြောတော့ဘဲ လှေကားထစ်များကို တိုက်ရိုက် တက်သွားကာ နဂါးပလ္လင်တော်ထက်သို့ ခန့်ညားထည်ဝါစွာ ထိုင်ချလိုက်သည်။ သံချပ်ကာ ဝတ်စုံကြီးကိုပါ ဝတ်ဆင်ထားသေးရာ ဩဇာတိက္ကမက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ဤပလ္လင်တော်ကို တစ်မိသားစုလုံး တစ်လှည့်စီ ထိုင်ပြီးသွားကြပြီ ဖြစ်သည်။ ဖန်ကျန်းရီသည် ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရ၏။

ကြည့်ရသည်မှာ သူသည် တကယ်ပင် ဘုရင်လုပ်ရန် အရည်အချင်း မရှိသောသူ ဖြစ်လောက်သည်။ ယောက္ခထီးအိုကြီး ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ခန့်ညားသွား၏။ သူကိုယ်တိုင် ထိုင်လိုက်ချိန်တွင်မူ ခါးကြီးက အောက်သို့ လျှောကျသွားပြီး မှီစရာ နေရာတစ်ခုကိုသာ အမြဲတမ်း ရှာဖွေချင်နေမိသည်၊

ကျင်းဘုရင်က မိမိအား ကြည့်နေကြောင်းကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက တည်ငြိမ်စွာ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အရှင်မင်းကြီး ကြားသိပြီးလောက်ပါပြီ... ဒီကိစ္စက နားလည်မှုလွဲတာ သတ်သတ်ပါ ... အာလီပိုင်က ဖန်ထိုက်မြို့ကို သိမ်းပိုက်လိုက်ပေမဲ့ မြို့ထဲမှာ ပုန်ကန်ချင်တဲ့သူ အတော်များများ ရှိနေတော့ အဲဒီလူတွေကို ဆွဲထုတ်ဖို့အတွက် ကျွန်တော်မျိုးကို အသုံးပြုပြီး ဒီလိုနည်းလမ်းမျိုးကို စဉ်းစားခဲ့တာပါ ... ဒါပါပဲ။ "

"ဒါဆိုရင် မင်းက အဲဒီ မိန်းမနှစ်ယောက်ကို လက်ထပ်လိုက်တာ ဘာသဘောလဲ။ "

"အာလီပိုင်က ကျွန်တော်မျိုးဆီ အတင်းအကျပ် ထည့်ပေးလိုက်တာပါ... သူက ကျေးဇူးဆပ်ချင်တဲ့ သဘောလေး ပြချင်လို့ပါ ..."

"ဘုန်း။ "

ကျင်းဘုရင်က လက်ရန်းကို အားပါးတရ ရိုက်ချလိုက်ပြီး မတ်တတ်ရပ်ကာ ဒေါသတကြီး ပြောလိုက်၏။ "ကိုယ်တော်က မင်း တစ်ခုခုဖြစ်သွားမှာစိုးလို့ အလောတကြီး ပြေးလာခဲ့ရသေးတယ်... မင်းကျတော့ မြို့ထဲမှာ ထင်ရာစိုင်းပြီး ရှုပ်ပွေနေခဲ့တာပေါ့လေ။ ကိုယ်တော့်ရဲ့ သမီးတော်ကို မင်းနဲ့ ပေးစားထားတာ … မင်းက မြို့တော်ကနေ ထွက်လာတာနဲ့ မထိန်းနိုင်တော့ဘူးလား။ "

မြို့တော်မှာတုန်းကလည်း ကျုပ် မထိန်းနိုင်ခဲ့ပါဘူးလေ။

ဖန်ကျန်းရီသည် အားငယ်လှသော ပုံစံမျိုး လုပ်ပြကာ ထိုနေရာတွင်ပင် ကျုံ့ကျုံ့လေးနေပြီး အသံမထွက်ရဲတော့ချေ။

သူ၏ ကြောက်ရွံ့နေသော ပုံစံကို ကြည့်ပြီးနောက် ကျင်းဘုရင်၏ စိတ်ထဲတွင် ရယ်ရခက် ငိုရခက် ခံစားချက်မျိုး ဖြစ်ပေါ်လာကာ ပြန်လည် ထိုင်ချလိုက်၏။

"တော်တော့ ... ကိုယ်တော့်ရှေ့မှာ လာဟန်ဆောင်မနေနဲ့ ... အဲဒါတွေက ကိုယ်တော့်အမြင်မှာတော့ ကိစ္စငယ်လေးတွေချည်းပါပဲ။ အခု ဝူထူ သေသွားပြီဆိုတော့ ကိုယ်တော် ထွက်သွားတာနဲ့ တစ်ပြိုင်နက် ရွှေတိုင်းပြည်က ကမောက်ကမ ဖြစ်သွားလိမ့်မယ်... မြက်ခင်းပြင်ကြီး ပြန်လည် ကွဲကွာသွားတာက တို့ တာ့ကျင်း အတွက် အကျိုးမရှိဘူး။ အခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အာလီပိုင်က သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ရဲ့လား။ "

"မှန်ပါတယ်... အခုချိန်မှာ သူ တစ်ယောက်တည်းကပဲ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ပြီး သူ တစ်ယောက်တည်းကပဲ အခြေအနေကို ရေတို ထိန်းသိမ်းထားနိုင်တယ်။ တာ့ကျင်း တိုင်းပြည် ပြည်တွင်းစစ်ထဲ မကျရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ အခြေခံအုတ်မြစ်ကလည်း ခိုင်မာနေပြီဖြစ်လို့ အရှင်မင်းကြီး အများကြီး ဝင်ပါနေစရာ မလိုတော့ပါဘူး... ကျွန်တော်မျိုးတို့ တိုက်ရိုက် မြို့တော် ပြန်သွားရင်တောင် သူ ကောင်းကောင်း ဖြေရှင်းနိုင်ပါလိမ့်မယ်။ အခု တာ့ကျင်း တိုင်းပြည်ရဲ့ နိုင်ငံတော် အင်အား မရှိတော့ဘူးဆိုတော့ လုံးဝကို အသုံးမကျတဲ့ အရူးတစ်ယောက် မဟုတ်သရွေ့တော့ ပုန်ကန်ချင်တဲ့ စိတ်ထားမျိုး ရှိလာတော့မှာ မဟုတ်ပါဘူး။ "

ဖန်ကျန်းရီသည် အမှန်အတိုင်း လျှောက်တင်လိုက်ခြင်း ဖြစ်သည်။ အာလီပိုင်နှင့် သူ၏ကြားတွင် ဘာပြဿနာများ ရှိနေသနည်းဆိုသည်ကို ဂရုမစိုက်ဘဲ လက်ရှိတွင် သူ တစ်ယောက်တည်းကသာ အခြေအနေ တစ်ခုလုံးကို ဦးဆောင်ရန် အသင့်တော်ဆုံး ဖြစ်၏။ သူ၏ အရည်အချင်းလောက်နှင့် ရေတိုသာ ထိန်းသိမ်းနိုင်မည် ဆိုသော်လည်း အရာရှိလောကကို ပြန်လည် ဖွဲ့စည်းရန် အချိန်ရရှိသွားလျှင် လုံလောက်နေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ဖါးပါးလည်း ရှိနေသေးသည် မဟုတ်ပါလား။ ဖါးပါး၏ အရည်အချင်းနှင့် ဩဇာ လွှမ်းမိုးနိုင်စွမ်းအရ ကိစ္စအတော်များများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ဤသို့ဆိုလျှင် ရွှေတိုင်းပြည် ၏ ပြည်သူများ စစ်ပွဲအတွင်းသို့ မကျရောက်နိုင်တော့ဘဲ တာ့ကျင်း နှင့် ပြန်လည် ကုန်သွယ်ရေး စတင်ရန် အချိန်ကိုလည်း အများကြီး လျှော့ချပေးနိုင်လိမ့်မည် ဖြစ်၏။ ဤအရာက နိုင်ငံနှစ်ခုလုံးရှိ ပြည်သူများအတွက် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။

ကျင်းဘုရင်က နဂါးပလ္လင်တော်၏ လက်ရန်းကို ခေါက်လိုက်ပြီး အတန်ကြာ စဉ်းစားပြီးနောက် မိန့်ကြားလိုက်၏။ "ကောင်းပြီ ... မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒီတစ်ခေါက် အပြင်ထွက်လာရတာ အရမ်း ကြာနေပြီဆိုတော့ ကိုယ်တော်လည်း အများကြီး ဆက်မနေချင်တော့ဘူး... အားလုံး ကိုယ်တော်နဲ့အတူ မြို့တော်ကို စောစော ပြန်ကြတာပေါ့။ "

All Chapters