← Chapters

အခန်း ၈၄၀

Vol. 44 Ch. 840

အခန်း ၈၄၀

Vol. 44 Ch. 840

အပိုင်း (၈၄၀) အချစ်တောပုန်း။

ကျင်းဘုရင်၏အနီးမှ လီယွမ်ကျောက်က ခေါင်းပြူထွက်လာပြီး မေးလိုက်၏။ "ခမည်းတော် ... ဖန်ကြီး ရာထူးကနေ နှုတ်ထွက်သွားတာကို တကယ်ပဲ မနှမြောဘူးလား။"

ကျင်းဘုရင်က အရှေ့ဘက်သို့သာ စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာသွင်ပြင်က လုံးဝ တည်ငြိမ်နေသည်။ "ဘာလဲ ... မင်းက သူ့အတွက် တောင်းပန်ပေးချင်လို့လား။ သူက မကောင်းတဲ့ကိစ္စတွေကို လုပ်ခဲ့တာကို ကိုယ်တော်က အပြစ်ပေးလို့ မရဘူးလား။"

လီယွမ်ကျောက်က ပြန်ပြော၏။ "ဟုတ်ပါတယ် ... ဒါပေမဲ့ သားတော် အမြင်မှာတော့ အဲဒါက ကိစ္စငယ်လေးပါပဲ၊ မိန်းမ အနည်းငယ်လောက် ရှာလိုက်တာ မဟုတ်ဘူးလား။ အပြင်ပန်းမှာ မရှာရင်တောင် တိတ်တဆိတ်တော့ ရှာရမှာပဲလေ ... ယောက်ျားတွေပဲဟာကို ... ဖန်ကြီးက တာဝန်ယူမှုရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။ ခမည်းတော် ... ဖန်ထိုက်မြို့က ကိစ္စတွေကြောင့် စိတ်ထဲမှာ သံသယများသွားတာလား။"

ကျင်းဘုရင်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ဘက်သို့ မျက်စောင်းထိုး ကြည့်လိုက်၏။ "ကိုယ်တော်က ဘယ်လိုတွေးမယ်လို့ မင်း ထင်နေသလဲ။ "

လီယွမ်ကျောက ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြောလိုက်သည်။ "ဖန်ကြီးက အာလီပိုင်ကို လွှမ်းမိုးခဲ့သလိုမျိုး သားတော့်အပေါ်ကိုပါ လွှမ်းမိုးလိမ့်မယ်လို့ စိုးရိမ်နေတာလား။ ဒါပေမဲ့ ကျုပ်တို့တွေ အတူတကွ နေထိုင်လာခဲ့တာ အတော်ကြာနေပြီပဲ … ဖန်ကြီးရဲ့ စိတ်နေသဘောထားကို သားတော်ထက် ခမည်းတော်က ပိုပြီး ရှင်းရှင်းလင်းလင်း သိတာပေါ့။

သူ နန်းတွင်းအရာရှိအဖြစ် အမှုထမ်းလာခဲ့တာ ဒီလောက်ကြာနေပြီ၊ စွမ်းဆောင်မှုတွေလည်း အများကြီး ပြသခဲ့တယ်။ အထွက်နှုန်းကောင်းတဲ့ စားနပ်ရိက္ခာတွေ၊ ယမ်းမှုန့်လက်နက်တွေနဲ့ ကျင်းယီဝေတပ်ဖွဲ့ ... ဘယ်အရာကမဆို ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေချည်းပဲကို၊ ခမည်းတော်က စိတ်ထဲမှာ စိုးရိမ်ပူပန်မှုရှိတာနဲ့ သူ့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တာ သင့်တော်ရဲ့လား။"

ကျင်းဘုရင်မှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိ၏။ "မင်းက ကိုယ်တော့်ကို လာပြီး စစ်ကြော မေးမြန်းနေတာလား။ မင်းကပါ ကိုယ်တော့်ကို သံသယများတဲ့ ဘုရင်မျိုးလို့ ထင်နေတာလား။

အကယ်၍ ကိုယ်တော့်ဆီမှာ သံသယဝင်တဲ့ စိတ်ရှိနေရင်တောင်မှ ဖန်ကျန်းရီရဲ့ ပုံစံက အဲဒီလို အရည်အချင်းမျိုး ရှိတဲ့သူလားဆိုတာကို မင်း သေချာကြည့်စမ်းပါ။

သူခိုးလို မျက်လုံးမျိုးနဲ့ အလှအပကို မက်မောပြီး မိန်းမတွေအတွက်နဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ကောင်ကများ ဘုရင်လုပ်ချင်နေသေးတယ်၊ သူ့ဆီမှာ ဘုရင်တစ်ပါးရဲ့ ဩဇာတိက္ကမ အရိပ်အယောင် နည်းနည်းလောက်များ ရှိနေလို့လဲ။ သူရဲ့ အသုံးမကျတဲ့ ပုံစံကိုကြည့်ပြီး ကိုယ်တော် တကယ်ကို စိတ်ပျက်မိတယ်။"

နဂိုကတည်းက ခမည်းတော်သည် အများကြီး တွေးတောနေခဲ့ခြင်း မရှိခဲ့ပုံပင်။

"ဒါဖြင့်ရင် ခမည်းတော်က ဘာဖြစ်လို့ သူ့ကို ရာထူးကနေ နှုတ်ထွက်ခွင့် ပြုလိုက်တာလဲ။ "

ကျင်းဘုရင်က မျက်နှာကို တင်းထားလျက် ပြောလိုက်၏။ "ဟမ်ါ... ရာထူးက နှုတ်ထွက်တယ် ဟုတ်လား။ ကိုယ်တော်က သူ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတဲ့ စွမ်းဆောင်မှုတွေကို ထောက်ထားပြီး သူ့ကို အိမ်ပြန်ပြီး အနားယူခိုင်းလိုက်တာပါ။ သူ စိတ်ထဲမှာ ဘာအကြံအစည်တွေ ထုတ်နေသလဲဆိုတာကို ကိုယ်တော် မသိဘူးလို့ သူ ထင်နေသလား။

ကိုယ်တော် သူ့ကို စတင်မြင်တွေ့ခဲ့ရတဲ့ ပထမဆုံးနေ့ကတည်းက ဒီခွေးသူခိုးက တောက်ယွမ်ခရိုင်ထဲမှာပဲ ကွေးနေချင်တာ... တစ်ကိုယ်လုံးမှာ အပျင်းအရိုးတွေချည်းပဲ။ ကိုယ်တော် ကိုယ်တိုင် သူ့ကို လက်ရှိနေရာအထိ ဆွဲတင်ပေးခဲ့ရတာကို အခုချိန်ထိ အဲဒီ တောက်ယွမ်ခရိုင် သေးသေးလေးဆီ ပြန်သွားဖို့ကိုပဲ စဉ်းစားနေသေးတယ်... ရည်မှန်းချက် ကြီးကြီးမားမား မရှိတဲ့ကောင်။ "

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လီယွမ်ကျောက်၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွားခဲ့၏။ "ဒါဆိုရင် ခမည်းတော်က သူ့ကို ဘယ်တော့လောက် ပြန်ခေါ်မှာလဲ။ "

ကျင်းဘုရင်က စိတ်မရှည်စွာဖြင့် လက်ကာပြလျက် မိန့်ကြားလိုက်သည်။ "နောက်မှ ပြောကြတာပေါ့... သူက ဖန်ထိုက်မြို့ထဲမှာ မိန်းမနှစ်ယောက်ကို ရှာတွေ့ခဲ့တယ်ဆိုတော့ ဒီလိုကိစ္စမျိုးက ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပြန်ရောက်သွားရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်နေရာမှာ သွားထားရမလဲ။ သူက ဒီတစ်ခေါက်မှာ ပထမအဆင့် ဂုဏ်ပြုဆုကို ရသင့်တာ... အခု ရာထူးကလည်း နှုတ်ထွက်သွားပြီ... စွမ်းဆောင်မှုတွေကလည်း ပျောက်ကွယ်သွားပြီဆိုတော့ အောက်ကလူတွေက အများကြီး အတင်းအဖျင်း ပြောကြတော့မှာ မဟုတ်ဘူး။ ဘယ်အချိန်ကျမှ ရာထူးပြန်ပေးမလဲ ဆိုတာကိုတော့ အခွင့်အရေး ရှာပြီးမှ ဆက်ပြောကြတာပေါ့။

ဒါပေမဲ့ ကိုယ်တော် မင်းကို သတိပေးလိုက်မယ်... ဒီကိစ္စကို စိတ်ထဲမှာပဲ သိထားလိုက်... သူ့ကို သွားမပြောပြနဲ့။ မင်းတို့ ခွေးသူခိုး နှစ်ယောက်က တစ်နေ့ကုန် ပူးပေါင်း ကြံစည်နေကြတာ... ပြန်ရောက်သွားရင် ကိုယ်တော့်ရှေ့မှာ လိမ္မာရေးခြား ရှိကြစမ်းပါ။"

လီယွမ်ကျောက်က မြှောက်ပင့်ဖားယားလျက် ပြောလိုက်၏။ "ဘယ်လိုလုပ် ပူးပေါင်းကြံစည်တာလို့ ခေါ်ဆိုနိုင်မှာလဲ။ ခမည်းတော် ... ခမည်းတော်ရဲ့ လက်ရှိ စွမ်းဆောင်မှုတွေက နောင်နှစ်ပေါင်း ထောင်ချီတိုင်အောင် ထွန်းလင်းတောက်ပနေဖို့ လုံလောက်နေပါပြီ။

နောင်တစ်ချိန် သမိုင်းစာအုပ်တွေထဲမှာ ဘယ်လို မှတ်တမ်းတင်ကြမလဲ။ အရှင်မင်းကြီးက စစ်တပ်ကို ဦးဆောင်ပြီး မြက်ခင်းပြင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်။ လမ်းတစ်လျှောက်ပ ရန်သူတွေ သတင်းကြားရုံနဲ့တင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ သူရဲ့ သားတော်ကလည်း ပြိုင်ဘက်ကင်းတဲ့ သတ္တဝါလို ရဲရင့်ပြီး ရန်သူ့ခေါင်းဆောင်ရဲ့ ဦးခေါင်းကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်တောက်ခဲ့တယ်။ ခြင်္သေ့ဖခင်နဲ့ ခြင်္သေ့သားတော်တို့ရဲ့ ထာဝရ ချီးကျူးထိုက်တဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပေါ့။

သားမက်ဖြစ်သူကလည်း အနောက်ဘက်မှာ ရွှေတိုင်းပြည်ရဲ့ ဘုရင် ဖြစ်သွားခဲ့တယ်... ခမည်းတော်က စစ်ပွဲလည်း အနိုင်ရခဲ့သလို ရွှေဘုရင်ရဲ့ အဖေပါ ဖြစ်သွားသေးတာကိုး။ "

ထာဝရ ချီးကျူးထိုက်သော ဇာတ်လမ်းကောင်း ဟုတ်လား။

ကျင်းဘုရင်သည် အတန်ကြာ သေသေချာချာ အရသာခံ စဉ်းစားနေပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက မသိမသာ ကွေးတက်လာခဲ့၏။

ဘယ်လိုဖြစ်ရတာလဲ... နားထောင်ကြည့်ရတာ အတော်လေး သာယာနေသလိုပဲ။

သို့ပေမည့် နှုတ်ခမ်းထောင့်ရှိ မထင်မရှား ကွေးတက်သွားသော အပြုံးလေးမှာ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။

"ဟမ့် ... ဖန်ကျန်းရီဆီက ကောင်းတဲ့အရာတွေကို မသင်ယူခဲ့ဘဲ ဖားယားမြှောက်ပင့်တဲ့ အတတ်ပညာကိုတော့ အကုန်အစင် သင်ယူထားလိုက်တာကိုး။ "

လီယွမ်ကျောက်က ပြုံးဖြီးဖြီး လုပ်နေပြီး စကားမပြောတော့ချေ။

ခမည်းတော်က ဘာကို နားလည်မှာမလို့လဲ... ဒါမှ ဖန်ကြီးရဲ့ အနှစ်သာရ အစစ်အမှန်ပဲ။

……

အနောက်ဘက်တွင်မူ ဖန်ကျန်းရီသည် စကားပြောရန် မူကြမ်းကို စိတ်ထဲမှ သေချာ ပြင်ဆင်ပြီး ပြတ်သားစွာ ဆုံးဖြတ်လိုက်ကာ မြင်းကိုနှင်၍ အရှေ့သို့ တိုးထွက်လာခဲ့၏။

ချူချင်ဟန်နှင့် ချူယိုယီတို့မှာ သူနှင့်အတူ အိမ်ပြန်လိုက်လာရန်မှတစ်ပါး အခြား ရွေးချယ်စရာ လမ်းမရှိတော့ချေ။

သူတို့နှစ်ဦးကို အပြင်ဘက်တွင် လေလွင့်နေစေမည်ဆိုလျှင် သူသည် လူသား ပီပတော့မည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ညီအစ်မနှစ်ဦးစလုံးသည် သူ့အပေါ်တွင် သံယောဇဉ်ရှိနေကြောင်း သူ ခံစားသိရှိနေခြင်း ဖြစ်သည်။

ကြိုးတံတား သက်ရောက်မှု ဆိုသည့် ဝေါဟာရတစ်ခု ရှိနေသည် မဟုတ်ပါလား။ သူတို့ အတူတကွ ဖြတ်သန်း ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များက ကြိုးတံတားပေါ်တွင် ကစားရသည်ထက်ပင် အများကြီး ပို၍ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းနေသေး၏။

ဤသို့ဆိုလျှင် ဘာကို အများကြီး တွေးတောနေစရာ လိုတော့မည်နည်း။ တိုက်ရိုက် တုံးတိ ဖွင့်ပြောလိုက်ရုံပဲ။ နည်းနည်းလောက် ပြတ်ပြတ်သားသား လုပ်လိုက်ရင် ပြီးသွားပြီ။

ကိုယ့်ချစ်သူကို ရိုလာကိုစတာ... ပန်ဒူလမ်လွှဲစီးခြင်း... သရဲအိမ် စသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းများဆီသို့ များများ ခေါ်ဆောင်သွားခြင်းက နှစ်ဦးနှစ်ဖက်ကြားရှိ သံယောဇဉ်ကို ထိရောက်စွာ တိုးပွားစေနိုင်သည်။

ဖန်ကျန်းရီ နီးကပ်လာသည်ကို မြင်လိုက်ရသောကြောင့် ချူချင်ဟန် ညီအစ်မနှစ်ဦးသည် စိတ်ကို အနည်းငယ် ပြန်လည် တည်ငြိမ်စေကာ နှုတ်ဆက်စကား ဆိုလိုက်ကြ၏။

လက်ရှိတွင် ဖိအားအများဆုံး ခံစားနေရသူများမှာ သူတို့နှစ်ဦးပင် ဖြစ်သည်။

ကျင်းဘုရင်က မည်သည့်စကားမှ မဆိုသေးသော်လည်း မြို့တော်သို့ ပြန်ရောက်သွားပြီးနောက် အရေးယူ ဖြေရှင်းခြင်း ခံရမည်မှာ သေချာလှသည်။

ဘာပဲဖြစ်ဖြစ် သားမက်တော်နှင့် မရှင်းမရှင်း ပတ်သက်နေခြင်းက မင်းသမီး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် မည်သည့်နေ့တွင် လောကကြီးထဲမှ ပျောက်ကွယ်သွားမည်မှန်း မသိတော့ပေ။

သူတို့နှစ်ဦး စိတ်ဓာတ်ကျနေသည်ကို ကြည့်ပြီးနောက် ဖန်ကျန်းရီက အခြေအနေကို ကောင်းကောင်း သဘောပေါက်သောကြောင့် နှစ်သိမ့်လိုက်၏။ "မင်းတို့ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး... အရှင်မင်းကြီးဘက်က ကိစ္စတွေကို ကျုပ် သေချာ ရှင်းပြပြီးသွားပါပြီ... မြို့တော်ကို ပြန်ရောက်သွားရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။ "

ချူယိုယီက ဝမ်းသာအားရ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုဖန်။ "

ချူချင်ဟန်ကမူ ဝမ်းသာသွားပြီးနောက် အားနာသော အရိပ်အယောင်များဖြင့် ပြောလိုက်၏။ "ရှင့်ကို ဒုက္ခပေးရပြန်ပါပြီ။ "

ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်၏။ "ဘာကို ဒုက္ခပေးရမှာလဲ ... ကျုပ်တို့တွေက တစ်မိသားစုတည်း ဖြစ်နေမှတော့ သူစိမ်းဆန်တဲ့ စကားတွေ ပြောမနေပါနဲ့။ မြို့တော်ကို ပြန်ရောက်သွားရင် မင်းတို့မှာ ဘာအစီအစဉ်များ ရှိသေးလဲ။ "

ချူချင်ဟန်က အားတင်းလျက် ပြုံးပြလိုက်သည်။ "မသိသေးပါဘူး... အရင်ဆုံး အချိန်တစ်ခုလောက် အေးအေးဆေးဆေး အနားယူရမယ်။ ဒီတစ်ခေါက် ခရီးစဉ်က ကျွန်မကို တကယ့်ကို မျက်စိပွင့် နားပွင့် ဖြစ်သွားစေခဲ့တာဆိုတော့ သေသေချာချာ နားလည် သဘောပေါက်အောင် အချိန်ယူရဦးမယ်။ "

"အာ ... ဒါဆိုရင် ဒီလိုလုပ်ပါလား... မင်းတို့ ပြန်ရောက်သွားရင် ဘာလုပ်ရမလဲ ဆိုတာကို မသိသေးဘူး ဆိုမှတော့ ကျုပ် စီစဉ်ပေးတာကို နားထောင်ကြည့်ရင် ဘယ်လိုလဲ။ "

"သခင်လေးဖန် ... ပြောပြပါအုံး။ "

ဖန်ကျန်းရီက ချောင်းနှစ်ချက် ခပ်ဖွဖွဆိုးလိုက်ပြီး မျက်နှာပြောင်တိုက်ကာ ပြောလိုက်၏။ "ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ပြန်ရောက်ပြီးတဲ့နောက် မင်းတို့နှစ်ယောက် ကျုပ်နဲ့အတူ တောက်ယွမ်ခရိုင်ကို လိုက်ခဲ့ပြီး ကျုပ်ရဲ့ ဇနီးလုပ်ပါ... ကိုယ့်သဘောနဲ့ကိုယ် သဘောတူတာပေါ့။

ဒုတိယတစ်ခုက ကျုပ်နဲ့အတူ တောက်ယွမ်ခရိုင်ကို လိုက်ခဲ့ပြီး ကျုပ်ရဲ့ ဇနီးလုပ်ပါ... အတင်းအကျပ် ခေါ်သွားခံရတာပေါ့။ "

သူ၏ စကားအဆုံးတွင် ချူချင်ဟန်နှင့် ချူယိုယီတို့မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး သူတို့၏ မျက်နှာလေးများမှာ ချက်ချင်း ဖြူရော်သွားခဲ့သည်။

ရိုက်သတ်လျှင်တောင်မှ ဖန်ကျန်းရီက ဤကဲ့သို့သော စကားမျိုးကို ပြောထွက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပေ။ ပြီးတော့ အတင်းအကျပ် ခေါ်သွားမည့် အစီအစဉ်ပါ ပါဝင်နေသေး၏။

အတန်ကြာ မှင်သက်နေပြီးနောက် ချူယိုယီက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ "အစ်ကိုဖန် ... ရှင် အရမ်း ပင်ပန်းနေလို့လား။ "

"ပင်ပန်းတယ် ဟုတ်လား။ ကျုပ် နည်းနည်းလေးမှ မပင်ပန်းပါဘူး... ကျုပ်ပြောနေတာတွေ အားလုံးက ရင်ထဲက စကားစစ်စစ်တွေချည်းပဲ။ ကျုပ်တို့တွေက အေးအတူ ပူအမျှ ဖြတ်သန်းခဲ့ကြဖူးတာကို ကျောက်တုံး တစ်တုံး ဆိုရင်တောင်မှ နွေးထွေးသွားလောက်ပြီ... မင်းတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကို ကျုပ်သိလို့ ကျုပ်ဘက်ကနေ စတင်ပြီး ဖွင့်ပြောလိုက်တာပါ။"

ဖန်ကျန်းရီသည် ပြောလေ အသံတိတ်လေဖြစ်လာပြီး လူမိုက်အိုကြီး တစ်ယောက်ကဲ့သို့ မိန်းကလေး နှစ်ဦးအား မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်လိုက်၏။ "ပြီးတော့ ကျုပ်က မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သလို ဖြစ်သွားပြီလေ... မကြည့်သင့်တာတွေကိုလည်း အကုန်အစင် ကြည့်ပြီးသွားပြီဆိုတော့ ..."

ချူချင်ဟန်နှင့် ချူယိုယီတို့၏ လှပသော မျက်နှာလေးများမှာ တဖြည်းဖြည်း နီမြန်းလာသည်ကို မြင်လိုက်ရသောကြောင့် သူ၏ စိတ်နှလုံးထဲတွင် အဘယ်ကြောင့်မှန်းမသိ ထူးခြားသော သာယာမှုတစ်မျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအရာက သခင်လေးတစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှု ဖြစ်သည်လား။

သို့ပေမည့် သူ စကားပြောအပြီးမှာပင် ချူချင်ဟန် ညီအစ်မနှစ်ဦး၏ အံ့အားသင့်သော အသံများက တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့၏။

"ရှင်က ဘယ်တုန်းက အစ်မ (ယိုယီ) ကို ကြည့်ဖူးလို့လဲ။ "

ဒေါသတကြီး စူးစိုက်ကြည့်နေသော လှပသည့် မျက်လုံးအစုံများကို ရင်ဆိုင်လိုက်ရသောကြောင့် ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ "မမျှော်လင့်ဘဲ ဖြစ်သွားတာပါ... အားလုံးက မမျှော်လင့်ဘဲ ဖြစ်သွားတာချည်းပါပဲ... နောက်မှ မင်းတို့နှစ်ယောက် သီးသန့် ပြန်ပြောကြပါတော့ ..."

ချူချင်ဟန်က ခေါင်းကို လွှဲလိုက်ပြီး အတော်လေး မျက်နှာပူကာ ရှက်ရွံ့ဒေါသထွက်သွားမိ၏။ "သခင်လေးဖန် ... ရှင် ဘယ်လိုလုပ် ဒီလိုစကားမျိုးကို ပြောထွက်ရတာလဲ။ "

ဖန်ကျန်းရီက မရှက်မကြောက် ပြောလိုက်သည်။ "ဘာဖြစ်လို့ ပြောမထွက်ရမှာလဲ... ကျုပ် မူလကတည်းက တောပုန်းဓားပြ ဘဝကနေ လာခဲ့တာကို... ကျုပ်ရဲ့ သပ်ရပ်ပြီး ခန့်ညားတဲ့ ပုံစံလေးကိုပဲ လာမကြည့်နဲ့။ သဘောတူလား... မတူဘူးလား ဆိုတာကို ပြတ်ပြတ်သားသား ပြောစမ်းပါ။ သဘောတူရင် ကျုပ်နောက် လိုက်ခဲ့... မတူဘူးဆိုရင် ကျုပ် မင်းတို့ကို ကြိုးချည်ပြီး ခေါ်သွားမယ်။ "

ချူယိုယီမှာ အတွေ့အကြုံ နည်းပါးလှသောကြောင့် ကြောင်တောင်တောင် ငန်းတစ်ကောင်၏ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး ဦးနှောက်ထဲတွင် ရှုပ်ထွေး ကမောက်ကမ ဖြစ်သွားခဲ့၏။

ချူချင်ဟန်က ရှက်ရွံ့ဒေါသထွက်လွန်း၍ သေချင်စိတ် ပေါက်သွားကာ ပြောလိုက်သည်။ "ရှင် အရင်တုန်းက ပြောခဲ့ဖူးတယ်လေ ... မိန်းမတွေကလည်း ကိုယ့်ဘာသာ ရပ်တည်ပြီး အားကောင်းလာနိုင်တယ်ဆိုတာကို။ အကယ်၍များ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို သနားလို့ ဆိုရင်တော့ လုံးဝ မလိုအပ်ပါဘူး။ ပြီးတော့ ရှင်က မြင့်မြတ်တဲ့ သားမက်တော် တစ်ယောက်ဖြစ်နေလျက်နဲ့ ဒီလို လုပ်ရပ်မျိုးကို တခြားသူတွေ မြင်ရင် ဘယ်လို ထင်ကြမလဲ။ "

ဖန်ကျန်းရီက လေးနက်စွာ ပြန်ပြော၏။ "မင်းတို့က ကျုပ်ရဲ့ အိမ်ထဲမှာပဲ ကိုယ့်ဘာသာ ရပ်တည်ပြီး အားကောင်းလာအောင် အပြည့်အဝ လုပ်ဆောင်လို့ ရသားပဲ။ ပြီးတော့ အမှန်အတိုင်း ဖွင့်ပြောရရင် အိမ်မှာ မင်းသမီးအပြင် တခြားသူတွေလည်း ရှိနေသေးတယ်လေ။ "

ဘာ။ သူက ဒီလို လူမျိုး ဖြစ်နေခဲ့တာလား။

အရင်တုန်းက လင်လုံနဲ့ တွေ့ချိန်မှာ တစ်လင်တစ်မယား စနစ်ဆိုပြီး အခိုင်အမာ ပြောဆိုနေခဲ့တာ မဟုတ်လား။ တကယ့်ကို ကြောက်စရာကောင်းတာပဲ။

ချူချင်ဟန်က တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ "သခင်လေးဖန် ... ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိပါအုံး။ "

All Chapters