← Chapters

အခန်း ၈၄၁

Vol. 44 Ch. 841

အခန်း ၈၄၁

Vol. 44 Ch. 841

အပိုင်း (၈၄၁) ရင်တွင်းစကားများကို ဖွင့်ဟသော ဖန်ကျန်းရီ။

ချူချင်ဟန် ညီအစ်မနှစ်ဦး ကြောက်ရွံ့သွားသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီ၏ စိတ်ထဲတွင် မကောင်းတော့ကြောင်း တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

မူလက လျင်မြန်စွာ အဆုံးအဖြတ်ပေးပြီး စကားကို တိုက်ရိုက် ဖွင့်ပြောရန် စဉ်းစားထားခဲ့သော်လည်း ကြည့်ရသည်မှာ အရမ်း တုံးတိ ပြောလိုက်မိသောကြောင့် သူတို့ကို ထိတ်လန့်သွားစေခဲ့ပုံ ပေါက်သည်။

ဖန်ကျန်းရီက လေယူလေသိမ်းကို လျှော့ချလိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။ "ကျုပ် ရိုင်းစိုင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ... ချင်ဟန်... ကျုပ် မင်းအပေါ်မှာ သံယောဇဉ် ရှိနေတယ်။ ကျုပ် မင်းကို စတင်မြင်တွေ့ခဲ့ရတဲ့ ပထမဆုံး အကြိမ်တည်းက အရင်ဘဝပေါင်းများစွာက မြင်တွေ့ခဲ့ဖူးသလိုမျိုး ခံစားရတယ်... ပြီးတော့ ကျုပ်တို့တွေ အတူတကွ ဒီလောက်များပြားတဲ့ ဘေးအန္တရာယ်တွေကို ဖြတ်သန်းခဲ့ကြရတာဆိုတော့ စိတ်မလှုပ်ရှားဘဲ နေဖို့ဆိုတာ အရမ်း ခက်ခဲပါတယ်။ အကယ်၍များ စကားတစ်ခွန်း လိမ်ပြောခဲ့မိရင် ကျုပ် မိုးကြိုးပစ်ခံရပါစေ။ "

ချူယိုယီကလည်း သူ့အား မှင်သက်စွာ ကြည့်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက အလျင်အမြန် ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။ "အို ... ချူယိုယီလည်း အတူတူပါပဲ။ "

ထို့နောက် သူက မျက်နှာပြောင်တိုက်ကာ ဆက်ပြော၏။ "သဘာဝကျကျ ကျုပ်က စစ်မှန်တဲ့အချစ်ကို ယုံကြည်သူပါ... အလှအပကို သတ်သတ်ကြီး မက်မောတဲ့သူမျိုး လုံးဝ မဟုတ်ဘူး။ မင်းတို့ ညီအစ်မနှစ်ယောက်ရဲ့ အလှအပကို မက်မောပြီး လိုချင်တာမျိုး ပိုပြီးတောင် မဖြစ်နိုင်သေးတယ်။ ကျုပ်က လူတွေရဲ့ မျက်နှာကို ခွဲခြားတတ်တဲ့သူ မဟုတ်ဘူး... မိန်းမတစ်ယောက်က လှသလား... မလှဘူးလား ဆိုတာကို လုံးဝ မသိဘူး။ "

ဖန်ကျန်းရီသည် ချူချင်ဟန်၏အနီးသို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်၏။ "ပြီးတော့ မင်းက ကျုပ်အပေါ်မှာ တကယ်ပဲ စိတ်မလှုပ်ရှားခဲ့ဖူးဘူး ဆိုတာကို ကျုပ် မယုံကြည်ဘူး။ နည်းနည်းလေးတောင်မှ ... တစ်ခဏလေးတောင်မှ မရှိခဲ့ဖူးဘူးလား။ "

ချူယိုယီ၏ ဦးနှောက်မှာ နောက်တစ်ကြိမ် ရပ်တန့်သွားပြန်ပြီး မြင်းပေါ်တွင် လုံးဝကို ကမောက်ကမ ဖြစ်သွားခဲ့၏။

ချူချင်ဟန်၏ မျက်နှာလေးမှာမူ ထပ်ပြီး နီမြန်း၍မရနိုင်လောက်အောင် နီမြန်းနေပြီး သွေးများပင် စီးကျတော့မတတ် ဖြစ်နေကာ အောက်နှုတ်ခမ်းကို အတင်းအကျပ် ဖိကိုက်ထားလိုက်သည်။

စိတ်နှလုံးထဲတွင် အဘယ်ကြောင့်မှန်းမသိ ရင်ခုန်လှုပ်ရှားနေမိသည် ဆိုပေမည့်လည်း သူက ဤမျှလောက် ပွင့်ပွင့်လင်းလင်းကြီး စကားကို ဖွင့်ဟပြောဆိုလာသောကြောင့် တကယ်ပင် ပြန်လည် ဖြေကြားရန် ခက်ခဲလှသည်။

အချိန်အတော်ကြာ အောင့်အည်းထားပြီးနောက် နောက်ဆုံးတွင်တော့ သွားကြားထဲမှ စကားနှစ်ခွန်းကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြောဆိုလိုက်၏။ "မရှိဘူး။ "

ထိုသို့ပြောပြီးနောက် ခေါင်းကို အောက်သို့ နက်နက်နဲနဲ ငုံ့ထားလိုက်ပြီး ဖန်ကျန်းရီ၏ အကြည့်များနှင့် ဆုံမိမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။

မရှိဘူး ဟုတ်လား။ ပြောရတာ ဒီလောက်တောင် ခက်ခဲနေမှတော့ သေချာပေါက် ရှိနေတာပေါ့။

လူသုံးယောက်မှာ ယှဉ်တွဲလျက် မြင်းစီးနေကြပြီဖြစ်ရာ ဖန်ကျန်းရီသည် ခေါင်းကို ချူချင်ဟန်၏ နားအနီးသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်၏။ "မင်းက ကျုပ်နဲ့ ဖမ်းချင်လျက်နဲ့ လွှတ်ထားတဲ့ ကစားနည်းကို ကစားချင်နေတာလား။ "

ချူချင်ဟန်၏ နားအနီးတွင် နွေးထွေးသွားကြောင်း ခံစားလိုက်ရပြီး သူမ၏ လှပသော လည်ပင်းလေးကို ကျုံ့ထားလိုက်ရာ တစ်ကိုယ်လုံး အနည်းငယ် ပျော့ခွေပြီး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကျွန်မ အဲဒီလို မဟုတ်ဘူး။ " ချူချင်ဟန်၏ အသက်ရှူသံများက မြန်ဆန်နေ၏။

"ဒါဖြင့်ရင် မင်းတို့က တကယ်ပဲ ဘာသဘောလဲ။ မင်းက ချူယိုယီအတွက်ပါ ကိုယ်စား ဆုံးဖြတ်ပေးလိုက်တယ်လို့ပဲ ကျုပ် သတ်မှတ်လိုက်မယ်... ပြောစမ်းပါ။"

ချူချင်ဟန်က ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်ပြီး သူမ၏ ဦးနှောက်ထဲတွင် ဖန်ကျန်းရီအား လက်ထပ်ပြီးနောက် တခြားသူများအတွက် ကျွဲလိုနွားလို အမှုထမ်းရမည့် မြင်ကွင်းများ ပေါ်လာခဲ့၏။

သို့တည်းမဟုတ် မည်သည့်နေ့တွင် မင်းသမီးက စိတ်မကြည်လင်သဖြင့် သူမအား အစေခံများကို အသုံးပြုကာ သေသည်အထိ ရိုက်နှက်ခိုင်းမည်ကို စိုးရိမ်နေမိသည်။

"မဖြစ်ဘူး ... ရှင်က သားမက်တော်လေ... လုံးဝ မဖြစ်နိုင်ဘူး။ "

ဖန်ကျန်းရီက တစ်လှမ်းချင်း အကျပ်ကိုင် ပြောဆိုလိုက်သည်။ "ကျုပ်ရဲ့ အဆင့်အတန်း အကြောင်းရင်းကြောင့် မင်းတို့က သဘောမတူချင်တာပေါ့... အကယ်၍များ ကျုပ်က သားမက်တော် မဟုတ်ဘူးဆိုရင် မင်းတို့က သဘောတူမှာပေါ့လေ။ "

ချူချင်ဟန်မှာ စကားပြောရန် ဆွံ့အသွားပြီး မည်သို့ ပြန်လည် ဖြေကြားရမည်ကို မသိတော့ချေ။

ဤမျှလောက် ရှက်စရာကောင်းသော မေးခွန်းကြီးကို အပြင်သို့ ထုတ်ဖော်ပြောဆိုလာပြီး ဘေးပတ်ဝန်းကျင်တွင်လည်း လူများစွာ ရှိနေသေးရာ မြေကြီးထဲသို့သာ တိုက်ရိုက် တိုးဝင်သွားချင်စိတ် ပေါက်သွားရသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "မင်းတို့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေနိုင်တယ် ဆိုတာကို ကျုပ်သိပါတယ်... ဒါပေမဲ့ နောင်ရေး စိုးရိမ်စရာတွေ အားလုံးကို ကျုပ် ဖြေရှင်းပြီးသွားပါပြီ။ "

"မင်းသမီးက သဘောထားကြီးပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေး တစ်ယောက်ပါ။ ကျုပ်ရဲ့အိမ်မှာ မယားကြီး မယားငယ် ခွဲခြားတဲ့ စည်းမျဉ်းမျိုး မရှိဘူး... အားလုံးက တန်းတူညီမျှပဲ။ ကျုပ်က အမြဲတမ်း မိန်းမတွေကို လေးစားမှုရှိတဲ့သူ တစ်ယောက်ပါ... ချူချင်ဟန် ... မင်းနဲ့ ချူယိုယီတို့ မမြင်မိဘူးလား။ "

"မမြင် ... မမြင်မိပါဘူး။ "

"အင်း .. ဒီတစ်ခေါက်တော့ မပါလာကြဘူးလေ။ "

"..."

ပတ်ဝန်းကျင် အခြေအနေက တိတ်ဆိတ်သွားပြန်ပြီး ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "မင်းတို့တွေ အလျင်စလို ပြန်ဖြေနေစရာ မလိုပါဘူး... အိမ်ပြန်ရမယ့် ခရီးက ရှည်လျားသေးတော့ ဖြည်းဖြည်းချင်း အေးအေးဆေးဆေး စဉ်းစားကြပါ။"

"ကျုပ်နဲ့အတူ တောက်ယွမ်ခရိုင်ကို ပြန်ရောက်တဲ့ အချိန်ကျမှ ဆက်ပြီး ဆွေးနွေးကြရင် ဘယ်လိုလဲ။ "

ဘာလုပ်လို့ ရနိုင်ဦးမည်နည်း... လေယူလေသိမ်းက ဤမျှလောက် ပြတ်သားနေမှတော့ အခြား ရွေးချယ်စရာ လမ်းမရှိတော့ပုံ ပေါက်သည်။

ချူချင်ဟန်နှင့် ချူယိုယီတို့သည် ခက်ခက်ခဲခဲပင် ခေါင်းညိတ်ပြလိုက်ကြ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီ၏ စိတ်ထဲတွင် အလွန်အမင်း ပေါ့ပါးသွားခဲ့သည်။

သူသည် ပထမဆုံးအကြိမ်အဖြစ် ဤမျှလောက် ပြတ်သားသော သဘောထားဖြင့် မိန်းကလေး နှစ်ဦးအား အကျပ်ကိုင် ဖိအားပေးခဲ့ခြင်း ဖြစ်၏။

အရင်ဘဝတုန်းကသာ ဒီလောက်တောင် ပြတ်သားခဲ့မယ်ဆိုရင် ချစ်သူရည်းစား ရနေတာ ကြာလောက်ပြီ။

မိန်းကလေး နှစ်ဦးမှာ နက်နက်နဲနဲ တွေးတောမှုထဲသို့ ကျရောက်သွားကြပြီး ဖန်ကျန်းရီက မြင်းကိုနှင်ကာ အရှေ့သို့ တိုးထွက်ရန် ပြင်ဆင်လိုက်၏။

ခေါင်းကိုမော့ပြီး မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ချိန်မှာတော့ သူ၏ မျက်နှာရှေ့သို့ တိုက်ရိုက် ရောက်ရှိလာသည်မှာ အလွန်အမင်း အံ့အားသင့်နေသော မျက်နှာတစ်ခုပင် ဖြစ်ပေသည်။

ထိုမျက်နှာ၏ ပိုင်ရှင်မှာ ပါးစပ်ကြီးကို အကျယ်ကြီး ဟထားသောကြောင့် အချိန်အတော်ကြာသည်အထိ သတိ မဝင်လာနိုင်ခဲ့ချေ။

ဖန်ကျန်းရီ၏ ဦးနှောက်ထဲတွင် ထုံကျဉ်သွားခဲ့၏။ "အိမ်ရှေ့စံမင်းသား... ခင်ဗျားက ဘယ်တုန်းက ရောက်နေတာလဲ။ "

လီယွမ်ကျောက်က ခံစားချက်မဲ့သော မျက်နှာထားဖြင့် လက်ခုပ်တီးလိုက်ပြီး သရော်လိုက်သည်။ "လှပလိုက်တာ ... ချီးတဲ့မှ တကယ်ကို လှပလွန်းလှတယ်။ အာ ... ဖန်ကြီး... ခင်ဗျားဆီမှာ မျက်နှာနှစ်ခုတောင် ရှိနေသေးတာကိုး။ အတွေ့အကြုံ အသစ်တွေ ရသွားပြန်ပြီ။ "

သူ စကားပြောအပြီးတွင် မြင်းကိုနှင်ကာ ကျင်းဘုရင်ရှိရာ နေရာဆီသို့ ပြန်မောင်းထွက်သွားခဲ့၏။

မူလက ဖန်ကျန်းရီနှင့် စကားစမြည် ပြောဆိုရန် စဉ်းစားထားခဲ့သော်လည်း ဤနေရာတွင် သူက သာမန် မိန်းကလေးများကို နောက်ပြောင် မြူဆွယ်နေသည်ကို မြင်တွေ့လိုက်ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ပြီးတော့ ကြည့်ရသည်မှာ အလွန်အမင်း သာယာနေသည့်ပုံ ပေါက်နေသေးသည်။

.. မြောင်ဟန်က ဒီလို တိရစ္ဆာန်ကြီး တစ်ကောင်ကို လက်ထပ်လိုက်ရတာ တကယ့်ကို လူရွေးမှားခဲ့တာပဲ။

သူ ပြေးထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီမှာ အလွန်အမင်း ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ "အိမ်ရှေ့စံမင်းသား... ကျုပ် ရှင်းပြတာကို အရင်နားထောင်ပါအုံး။ "

"ကျုပ် မနားထောင်ဘူး... ကျုပ် မနားထောင်ဘူး။ ပြန်ရောက်သွားရင် မြောင်ဟန်ကိုပဲ သွားပြီး ရှင်းပြလိုက်ပါတော့။ "

"လက်ပစ်ဗုံး သေတ္တာ တစ်ရာ။ "

လီယွမ်ကျောက်က မြင်းဇက်ကြိုးကို ဆွဲကာ မျက်နှာကို လှည့်လိုက်ပြီး သူ၏ မျက်နှာသွင်ပြင်က တဖြည်းဖြည်း ပြုံးစိစိ ဖြစ်လာကာ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး လက်ချောင်းငါးချောင်းကို ဖြန့်ပြလိုက်၏။ "ငါးရာ … ပြီးတော့ မျိုးဆက်သစ် သေနတ် အလက် တစ်ရာပါ ပေါင်းထည့်ပေး။ "

"သေတ္တာ တစ်ရာပဲ... ယူချင်ယူ... မယူချင်နေ... ခင်ဗျား ကျုပ်ကို သတ်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်။ "

"ဒါဆိုရင်လည်း ... ကောင်းပါပြီလေ။ "

ဖန်ကျန်းရီ၏ စိတ်နှလုံးထဲတွင် သွေးထွက်မတတ် နာကျင်သွားရပြီး အဘယ်ကြောင့်မှန်းမသိဘဲ တခြားသူ၏ ဓားဖြင့် အခုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ စောစောက စိတ်ဝင်စားမှု လွန်ကဲနေသောကြောင့် ဤကောင်လေး တိတ်တဆိတ် ခိုးနားထောင်နေသည်ကို လုံးဝ သတိမထားမိခဲ့ချေ။

"အိမ်ရှေ့စံမင်းသား... ကျုပ်ဆီမှာ ဘာကိစ္စ ရှိလို့လဲ။ "

လီယွမ်ကျောက်က ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "စောစောက ခမည်းတော်က ကျုပ်ကို ပြောပြတာ ... ခင်ဗျားကို အချိန်တစ်ခုလောက် အနားပေးထားပြီး နောက်ပိုင်းကျမှ ရာထူးပြန်လည် ချီးမြှင့်မယ်တဲ့... အဲဒါ ခင်ဗျားကို လာပြီး သတင်းပေးတာပါ။"

ဖန်ကျန်းရီက လက်သီးဆုပ်လိုက်ပြီး အားအင်ကင်းမဲ့စွာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် အိမ်ရှေ့မင်းသား။ ကျုပ်က တကယ်ပဲ ဆက်ပြီး မလုပ်ချင်တော့ဘူး... ရာထူး ပြန်မပေးလည်း ဘာမှမဖြစ်ပါဘူး။ "

လီယွမ်ကျောက်က မျက်လုံးများကို ပြူးထားလိုက်သည်။ "ချီးတဲ့မှ .. ခင်ဗျား ထွက်ပြေးသွားရင် ကျုပ်က ဘယ်လိုလုပ်ရမလဲ... မိန်းမရလာတော့ ညီအစ်ကိုကို မေ့သွားပြီပေါ့... ခင်ဗျား လူပီသသေးရဲ့လား။ ကျုပ်တို့တွေက အခုမှ စစ်ရေးစွမ်းဆောင်မှုတွေ ပြုလုပ်ထားပြီး တောက်ပတဲ့ နေ့ရက်တွေ ရောက်လာတော့မှာကို ခင်ဗျားက ထွက်ပြေးတော့မလို့လား။ "

"ကောင်းပါပြီ ကောင်းပါပြီလေ... ကျုပ်က ဆက်မလုပ်ဘူးလို့ မပြောရသေးပါဘူး... ဖြစ်လာတဲ့ အခြေအနေအရပဲ ကြည့်လုပ်ရမှာပေါ့။ "

ပါးစပ်မှ ဆက်မလုပ်ချင်တော့ဘူးဟု ပြောနေသော်လည်း ဖန်ကျန်းရီ၏ စိတ်နှလုံးထဲတွင်မူ ကြီးမားလှသော ဝမ်းမြောက်သာယာမှု တစ်မျိုး ရှိနေဆဲ ဖြစ်၏။

ကြည့်ရသည်မှာ အရှင်မင်းကြီးထံတွင် ဘာသဘောထားမှ မရှိသည့်အပြင် အိမ်ရှေ့မင်းသားကလည်း ရင်ထဲက အသည်းနှလုံးကိုပင် ထုတ်ပြနေသေးသည်။

တော်ဝင်မိသားစုများတွင် သားအဖမရှိဘဲ ဆွေမျိုးမေတ္တာ ခေါင်းပါးသည်ဟု လူတိုင်းက ပြောဆိုကြသော်လည်း ဖန်ကျန်းရီသည် ကျင်းဘုရင် သားအဖနှင့် အချိန်အတော်ကြာ အတူတကွ နေထိုင်လာခဲ့ပြီးနောက် ထိုစစ်မှန်ပြီး နက်ရှိုင်းလှသော သံယောဇဉ်ကို ရှင်းလင်းပြတ်သားစွာ ခံစားသိရှိနိုင်ခဲ့၏။

ဤသံယောဇဉ်ထက် ပို၍ တန်ဖိုးကြီးမားသော အရာဟူ၍ မရှိတော့ချေ။

ဒါ့အပြင် အနာဂတ်တွင် ပို၍ များပြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်းကို မြင်တွေ့နေရရာ သူသည် ပေါ့ပေါ့ဆဆ လျစ်လျူရှုထား၍ မရနိုင်တော့ပေ။

"ဒါဆိုရင် ကျုပ် မရှိတဲ့ ဒီကာလအတွင်းမှာ ကျင်းယီဝေတပ်ဖွဲ့ကို ဘယ်သူက ဦးဆောင်ရမလဲ ဆိုတာကို အရှင်မင်းကြီး ပြောပြခဲ့သေးသလား။ "

"မပြောခဲ့ဘူး။ "

"အိမ်ရှေ့စံမင်းသားသွားပြီး စမ်းကြည့်ပါလား... တခြားသူတွေရဲ့ လက်ထဲကို အပ်နှံထားရမှာကို ကျုပ် တကယ်ပဲ စိတ်မချနိုင်ဘူး။ "

"အဲဒါကတော့ ဘာပြဿနာမှ မရှိပါဘူး... ဒါပေမဲ့ ခင်ဗျားက ဘာလုပ်ဖို့ ပြင်ဆင်နေတာလဲ... တောက်ယွမ်ခရိုင်ဆီ တိုက်ရိုက် ပြန်မလို့လား။ "

ဖန်ကျန်းရီက စဉ်းစားလျက် ပြန်ပြော၏။ "အဲဒီလိုတော့ မဖြစ်နိုင်သေးဘူး... အရှေ့ဘက် ဆင်ခြေဖုံး တက္ကသိုလ်ဘက်မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေးတယ်လို့ ကျုပ် ထင်တယ်။

အရင်တုန်းက ရွှေတိုင်းပြည်ရဲ့ သတင်းတွေကို တာ့ကျင်းဆီ ပို့ဆောင်နိုင်ခဲ့တာက မိန်းကလေး တစ်ယောက်ကြောင့်ပဲလေ... ကျုပ်က တခြားသူတွေအပေါ် လိပ်ပြာမလုံတာမျိုး မဖြစ်စေချင်ဘူး... ဒီတစ်ခေါက် ပြန်ရောက်သွားရင် လုပ်ဆောင်စရာ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။

သဘာဝကျကျ တောက်ယွမ်ခရိုင်ကို အရင်ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူရအုံးမယ်... ခရိုင်ထဲက အခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာကို ကျုပ် ဘာတစ်ခုမှ မသိရသေးဘူးလေ... နှစ်ရက်လောက် ပစ်ထားလိုက်တာနဲ့ သူတို့က လမ်းကြောင်း လွဲသွားတတ်တာချည်းပဲ။ "

လီယွမ်ကျောက်က သဘောတူခြင်း... မတူခြင်းကို မဖော်ပြဘဲ သူ၏ အကြည့်များက ချူချင်ဟန် ညီအစ်မနှစ်ဦး ထံသို့ ရောက်ရှိသွားခဲ့၏။

"ဒါဖြင့်ရင် သူတို့ကကော … ခင်ဗျားက ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။ "

"လက်ထပ်ပြီးပြီလေ။ "

"မြောင်ဟန်ကို ခင်ဗျား ဘယ်လို ရှင်းပြမလို့လဲ။ "

"ဒူးထောက်ပြီး ရှင်းပြရမှာပေါ့။ "

ဖန်ကျန်းရီမှာ အနည်းငယ် ရှက်ရွံ့သွားမိ၏။ မင်းသမီးမြောင်ဟန်ကတော့ ပြောရလွယ်ကူသေးသည် ... ကလေးရလာပြီးနောက် သူမ၏ စိတ်နှလုံး အားလုံးက ကလေးအပေါ်တွင်သာ နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။

သို့ပေမည့် တခြား မိန်းမများ၏ စိတ်ခံစားချက်များကိုလည်း ဂရုစိုက်ပေးရပေမည် ... ယောက်ျားများ ဩဇာကြီးမားသော ခေတ်ကာလ ဖြစ်ပေမည့်လည်း ဘာပဲဖြစ်ဖြစ် သူသည် ၂၁ ရာစု၏ အကောင်းမြင် စိတ်ဓာတ်ရှိသူ တစ်ယောက်ဖြစ်ပြီး အင်တာနက်ပေါ်မှ ယောက်ျားကောင်း ကျင့်ဝတ်များကို သင်ယူထားသူ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

လူတိုင်းကလည်း သူ့ကဲ့သို့ပင် ယောက်ျားကောင်း ကျင့်ဝတ်များကို သေသေချာချာ လေ့လာ သင်ယူကြလိမ့်မည်ဟု မျှော်လင့်မိသည်။ အားလုံးကို တန်းတူညီမျှ မျှဝေ ခံစားစေရမည် မဟုတ်ပါလား။

ကျင်းဘုရင်ဘက်တွင်လည်း ဘာပြဿနာမှ မရှိတော့သည်ဖြစ်ရာ ခရိုင်ထဲသို့ ပြန်ရောက်ပြီးနောက် တံခါးကြီးကို ပိတ်ကာ မင်္ဂလာ အခမ်းအနားများကို တစ်ခုချင်းစီ ပြန်လည် ဖြည့်ဆည်းပေးလိုက်ခြင်းက အကောင်းဆုံးပဲ ဖြစ်၏။

"ဒါနဲ့ အိမ်ရှေ့စံမင်းသား... ခင်ဗျားရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ယန်ဖုန်းဖန်ကို ဖျင်ဝမ်ခရိုင်ဆီ စေလွှတ်ပြီး အုပ်ချုပ်ခိုင်းခဲ့တာကို မှတ်မိသေးရဲ့လား။ ကျုပ်က ဖျင်ဝမ်ခရိုင်ထဲကို ကျင်းယီဝေ တပ်ဖွဲ့ဝင်တွေကို စေလွှတ် တပ်စွဲစေခဲ့တယ်... အဲဒီဘက်က အခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာကို မသိရသေးတော့ အိမ်ရှေ့မင်းသားက ကျုပ်အတွက် နည်းနည်းလောက် သတိထား စောင့်ကြည့်ပေးပါအုံး။ "

All Chapters