← Chapters

အခန်း ၈၄၅

Vol. 44 Ch. 845

အခန်း ၈၄၅

Vol. 44 Ch. 845

အပိုင်း (၈၄၅) ငါ့ မိန်းမလေး .. ထစမ်း။

ဖန်ကျန်းရီ တစ်ယောက် အလွန်အမင်း နံစော်နေခဲ့၏။ ရေကိုတော့ နေ့လယ်ပိုင်းတွင် ချိုးခဲ့သည်။ အခန်းထဲကိုတော့ ညပိုင်းတွင် ဝင်ရောက်ခဲ့သည်။

ဖန်ကျန်းရီသည် နေ့လယ်ခင်း တစ်ဝက်ခန့် အချိန်ယူကာ အသားအရေများ ဖြူဝင်းနီမြန်းလာသည်အထိ ရေချိုး ချေးတွန်းပြီးနောက်... ဆေးဖက်ဝင် အနံ့ပြင်းပြင်း လက်ဖက်ရည်တစ်အိုးကို အရသာခံ သောက်သုံးလိုက်ပြီး... လီမြောင်ဟန်၏ အခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့၏။

အခန်းထဲတွင် မီးအိမ်နှစ်လုံးကိုသာ ထွန်းညှိထားပြီး... စားပွဲပေါ်ရှိ နံ့သာပေါင်းဖိုမှ ထွက်ပေါ်နေသော မွှေးပျံ့သည့် အခိုးအငွေ့များမှာ လူ၏ စိတ်နှလုံးကို ကြည်နူးလန်းဆန်းစေ၏။

ကုတင်ပေါ်ရှိ ခြင်ထောင်ခန်းဆီးများကို ချထားပြီးဖြစ်ရာ... ဖန်ကျန်းရီ၏ နှလုံးသားမှာ ဒိတ်ဒိတ်ကြဲအောင် ခုန်နေတော့သည်။

အပြင်ဘက်တွင် သူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မိမိကိုယ်ကို ထိန်းသိမ်းတတ်သော ယောကျာ်းကောင်း တစ်ဦးဖြစ်ကာ... အနီးအနားတွင် အလှပန်းလေး နှစ်ပွင့် ဝန်းရံနေခဲ့သော်လည်း စည်းစောင့်ခဲ့သည်။ လင်မယားဖြစ်သော်လည်း ယခုကဲ့သို့ ခဏတာ ခွဲခွာပြီးနောက် ပြန်လည်ဆုံတွေ့ရချိန်မှာတော့ အနည်းနှင့်အများ စိတ်လှုပ်ရှားနေမိသည်မှာ အမှန်ပင်။

ခန်းဆီးကို အသာအယာ ဖယ်ရှားလိုက်ပြီး... ဖန်ကျန်းရီက ခေါင်းပြူကြည့်လိုက်၏။ မှိန်ပျပျ မီးရောင်အောက်တွင် လီမြောင်ဟန် တစ်ယောက် အိပ်မောကျနေပြီ ဖြစ်ကြောင်းကို မသဲမကွဲ မြင်တွေ့ရပြီး... ညင်သာသော အသက်ရှူသံများကိုပါ ကြားနေရသည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။ "မိန်းမ ... ကိုယ် ရောက်လာပြီ။ "

သူ၏ ဝံပုလွေလက်သည်းကြီးများက လီမြောင်ဟန်၏ ခါးသိမ်သိမ်လေးဆီသို့ တက်လှမ်းသွားခဲ့သော်လည်း... သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ဖန်ကျန်းရီ၏ အမူအရာမှာ တောင့်တင်းသွား၏။ "မြောင်ဟန် ... မင်း အိပ်ပျော်သွားပြီလား။ "

မည်သူကမျှ ပြန်မဖြေချေ။

ချီးတဲ့မှပဲ ... ဘယ်လိုလုပ် အိပ်ပျော်သွားရတာလဲ။ ငါက အခုမှ အိမ်ပြန်ရောက်တာလေ။ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ရင်တွင်းဖြစ် စကားလေးတွေ ပြောကြအုံးမှပေါ့။ ဒါက ငါ မိန်းကလေးနှစ်ယောက် ခေါ်လာတာကို မြင်ပြီး စိတ်ဆိုးသွားတာလား။

ဤသို့ တွေးမိသောအခါ... ဖန်ကျန်းရီသည် လီမြောင်ဟန်၏ ခါးကို ညင်သာစွာ ပွတ်တွန်းလိုက်၏။ "မိန်းမ ... တကယ်ပဲ အိပ်ပျော်သွားပြီလား။ "

သူ ထိုသို့ တွန်းလိုက်ချိန်မှာတော့ လီမြောင်ဟန်၏ ခန္ဓာကိုယ်တစ်ခုလုံး သိသိသာသာ လှုပ်ရှားသွားပြီး... ကျောခိုင်း၍ တစ်ဖက်သို့ လှည့်သွား၏။

"ဟင်း ..." ဖန်ကျန်းရီသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် မိမိ၏ မေးစေ့ကို ကုတ်လိုက်ပြီးနောက်... ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဟင် ... ငါ့ရှေ့မှာ အသေကောင်လို ဟန်ဆောင်ရဲတယ်ပေါ့လေ။ ဖန်ကျန်းရီ၏ လက်နှစ်ဖက်သည် လီမြောင်ဟန်၏ ခါးဆီသို့ တဖြည်းဖြည်း တက်လှမ်းသွားပြီး... တစ်ချိန်တည်းမှာပင် တိုးညင်းစွာ ပြောလိုက်၏။ "ငါ့ မိန်းမလေး … ထစမ်း "

လီမြောင်ဟန်မှာ ရုတ်တရက် တုန်တက်သွားပြီး ဆက်လက် ဟန်မဆောင်နိုင်တော့ဘဲ... အမြန်ထထိုင်ကာ ဖန်ကျန်းရီဘက်သို့ လှည့်၍ ဒေါသတကြီး ပြောလိုက်သည်။ "ရှင် ဘာတွေ ရူးနှမ်းနေတာလဲ။ "

ဖန်ကျန်းရီက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး... အစာကို လုယူမည့် ခွေးဆိုးကြီး တစ်ကောင်ကဲ့သို့ သူမအား ကုတင်ပေါ်သို့ ပြန်လည် ဖိချလိုက်၏။ "မင်း ဆက်ပြီး ဟန်ဆောင်နေအုံးမလို့လား။ ကိုယ် ပြန်ရောက်လာပြီလေ။ ပြုစုယုယဖို့ မတွေးတော့ဘူးလား။ "

လီမြောင်ဟန်၏ လှပသော မျက်နှာလေးမှာ အေးစက်သွားပြီး... ဖန်ကျန်းရီအား ထပ်မံ တွန်းထုတ်လိုက်၏။ "ရှင် ပြန်ရောက်လာတာတောင် ချန်ယွီ ဘယ်မှာလဲလို့ တစ်ခွန်းမှ မမေးဘူး။ ရှင်က ဘယ်လို အဖေမျိုးလဲ။ "

ဖန်ကျန်းရီမှာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "ဟင် ..."

သူက ဆက်ပြော၏။ "အာ ... ဟုတ်သားပဲ။ ငါ့သားလေးရော ဘယ်မှာလဲ။ "

ကလေး မွေးဖွားပြီးချိန်မှစ၍ သူသည် ခရီးထွက်နေခဲ့ရရာ... ပထမဆုံးအကြိမ် ဖခင်တစ်ယောက် ဖြစ်လာချိန်တွင် အမှန်တကယ်ပင် ချို့ယွင်းချက်အချို့ ရှိနေခဲ့သည်။

ဖန်ကျန်းရီမှာ ရှက်သွေးဖြာသွားတော့၏။

လီမြောင်ဟန်၏ မျက်ုံးများမှာ ဒေါသကြောင့် ပင့်တက်သွားသည်။ "ခမည်းတော် မထွက်ခွာခင်မှာ လူလွှတ်ပြီး သတင်းပို့ခဲ့တယ်။ ကလေးကို နန်းတော်ထဲ ပို့ဖို့ အမိန့်ပေးခဲ့ပြီးပြီ။ ရှင့်ရင်ထဲမှာ သားလေး ရှိသေးရဲ့လား။ "

သူမက ဒေါသတကြီး ဆက်ပြော၏။ "အိမ်ပြန်ရောက်တာနဲ့ ဘာသံမှမထွက်ဘဲ မိန်းကလေးနှစ်ယောက် ထပ်ခေါ်လာတယ်။ ရှောင်ထောင်က သူတို့နဲ့ စကားပြောကြည့်ပြီးပြီ။ ရှင်က အဓမ္မ ဖမ်းဆီး ခေါ်ဆောင်လာပြီး အတင်း လက်ထပ်ချင်နေတာ ဆို။ "

လီမြောင်ဟန်က လှောင်ပြောင်လိုက်၏။ "မောင်မင်း ဖန်ကျန်းရီ ... ရှင် အခုတော့ တကယ်ကို အစွမ်းထက်နေပါလား။ "

သူမ စိတ်ဆိုးနေသည်ကို မြင်သောအခါ... ဖန်ကျန်းရီက ရှေ့သို့ အမြန်တက်ကာ သူမအား အားရပါးရ ဖက်ထားလိုက်၏။ လီမြောင်ဟန်မှာ အစွမ်းကုန် ရုန်းကန်သော်လည်း... ခွန်အားငယ်လွန်းလှသဖြင့် နောက်ဆုံးတွင်တော့ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ဖန်ကျန်းရီက သက်ပြင်းချရင်း ပြောလိုက်သည်။ "ကိုယ် ရှင်းပြတာကို အရင်နားထောင်ပါ။"

လီမြောင်ဟန်က ပြန်ပြော၏။ "ဒါဆိုလည်း ရှင်းပြလေ။ "

အမှန်တကယ်ပင် မင်းသမီးတစ်ပါး ပီသလှပေသည်။ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာပြီး ပညာရေး မြင့်မားသူဖြစ်ရာ... အကြောင်းမဲ့ ပြဿနာ ရှာနေမည် မဟုတ်ချေ။

ဖန်ကျန်းရီသည် စိတ်ကျေနပ်မှု အပြည့်ဖြင့် ရွှေတိုင်းပြည်နှင့် ချူချင်ဟန် ညီအစ်မနှစ်ဦး၏ အကြောင်းအရာများကို စတင် ပြောပြတော့၏။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်... ဖန်ကျန်းရီက ပါးစပ်ကို သုတ်လိုက်သည်။ "မင်းပဲ စဉ်းစားကြည့်လေ ... သူတို့ကို ကိုယ် အိမ်မခေါ်လာဘဲ နေလို့ရမလား။ သူတို့ရဲ့ မူလအိမ်တော်ကြီးက ကိုယ့်ကြောင့် ပျက်စီးသွားခဲ့ရပြီ။ နောက်ဆုတ်စရာ လမ်းလည်း မရှိတော့ဘူး။ ဒါကြောင့် ကိုယ်က သူတို့အတွက် အိမ်သစ်လေးတစ်ခု ဖန်တီးပေးဖို့ပဲ တတ်နိုင်တော့တယ်။"

လီမြောင်ဟန်သည် သူ၏ရင်ခွင်ထဲတွင် ကွေးကွေးလေး နေရင်း တီးတိုး ဆဲရေးလိုက်၏။ "ချီး ... မျက်နှာပြောင်တိုက်လွန်းတယ်။"

သို့သော် သူမ၏ စိတ်ခံစားချက်များမှာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။

လီမြောင်ဟန်က မေးလိုက်သည်။ "ခမည်းတော့်ဘက်ကိုရော ရှင် ဘယ်လို ရှင်းပြမလို့လဲ။ "

ဖန်ကျန်းရီက လေးနက်စွာ ဖြေ၏။ "ခမည်းတော့်ဆီ ဘယ်လို ရှင်းပြမလဲ ဆိုတာက အဓိက မဟုတ်ဘူး။ အရေးကြီးဆုံးက မင်းကို ရှင်းပြနိုင်ဖို့ပဲလေ။ ဟုတ်တယ် မဟုတ်လား မိန်းမ။ "

လီမြောင်ဟန်က နှာခေါင်းရှုံ့လိုက်သည်။ "ဟွန့် ... အရင်လုပ်ပြီးမှ နောက်မှ သတင်းပို့တဲ့ အကျင့်။ ဟန်ဆောင်ပန်ဆောင် လုပ်နေတာတွေကို ကျွန်မက ထိန်းချုပ်ထားနိုင်ပါ့မလား။ အခုတော့ မင်းသမီးအိမ်တော် တစ်ခုလုံးက ရှင့်အမိန့်ကိုပဲ နာခံနေကြပြီ။ ခမည်းတော် အပြစ်ပေးတာကိုသာ ထိုင်စောင့်နေတော့။ "

ဖန်ကျန်းရီက ပြန်ပြောသည်။ "တကယ်တော့ ခမည်းတော် သိနှင့်နေပြီးသားပါ။ အခု ကိုယ် ရာထူးကနေ နုတ်ထွက်လိုက်ပြီ။ ဒီတစ်ခါ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုတွေလည်း မရတော့ဘူး။ "

လီမြောင်ဟန်မှာ အံ့အားသင့်စွာဖြင့် ခေါင်းမော့လာ၏။ "ခမည်းတော်က ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်တာလဲ။ ရှင်က တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး... ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စတွေနဲ့ ပတ်သက်နေတာကို။ ဘယ်လိုလုပ်ပြီး ရှင့်ကို အရာရှိ ဆက်မလုပ်ခိုင်းဘဲ နေနိုင်ရတာလဲ။ "

ဖန်ကျန်းရီက ပြန်ဖြေသည်။ "တချို့ကိစ္စတွေက သတင်းပျံ့သွားရင် နားထောင်လို့ မကောင်းဘူးလေ ... အောက်ခြေက ဝေဖန်ပြောဆိုမှုတွေကို ဖိနှိပ်ထားဖို့ အကြောင်းပြချက် တစ်ခုတော့ ရှာရမှာပေါ့။ ကိုယ်ကတော့ ကိစ္စမရှိပါဘူး။ ဒါ့အပြင် အရာရှိ မလုပ်ရတော့ဘူး ဆိုရင်တောင် ကိုယ့်လက်ထဲမှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ကျန်နေသေးတယ်။"

သူက ဆက်ပြော၏။ "အရှေ့ပိုင်း ဆင်ခြေဖုံး တက္ကသိုလ်ဘက်မှာ ကိုယ် လုပ်စရာ ကိစ္စတစ်ခု ရှိနေတယ်။ အခုချိန်က အမျိုးသမီးကျောင်းတော် တစ်ခု တည်ထောင်ဖို့ အကောင်းဆုံး အချိန်အခါပဲ။ အခု ကျောက်လင်လုံ ဘယ်မှာလဲ။ "

လီမြောင်ဟန်က ပြန်ဖြေသည်။ "မြို့တော်ထဲမှာ အိမ်တော်တစ်ဆောင် ဝယ်ပြီး သူ့ကို သီးသန့် နေရာချပေး ထားတယ်။ ရှင် မရှိတဲ့ အချိန်တုန်းက အစားအသောက် ကောင်းကောင်းမွန်မွန်နဲ့ ပြုစုစောင့်ရှောက်ထားခဲ့တယ်။"

လီမြောင်ဟန်က မေးလိုက်၏။ "အမျိုးသမီးကျောင်းတော် တည်ထောင်တာက သူနဲ့ ဘာဆိုင်လို့လဲ။ "

"သေချာပေါက် ဆိုင်တာပေါ့။ သူ မြို့တော်ကို ရောက်လာပြီးနောက်ပိုင်း ကိစ္စတွေကို အိမ်ရှေ့မင်းသားဆီကနေ ကိုယ် ကြားပြီးပြီ။ ဒီစစ်ပွဲမှာ အခုလို အောင်ပွဲကြီး ရခဲ့တာက... သူ အသက်စွန့်ပြီး သတင်းပေးပို့ခဲ့တာကြောင့် တပ်တွေ ကြိုတင် ပြင်ဆင်နိုင်ခဲ့တာပဲ။ "

ဖန်ကျန်းရီသည် စကားပြောနေရင်းဖြင့်... သူ၏ လက်နှစ်ဖက်မှာ သတိလက်လွတ်ဖြင့် ဟိုဟိုဒီဒီ စတင် ပွတ်သပ် နေမိတော့၏။ "ကိုယ်က ဒီအခွင့်အရေးကို အသုံးချပြီး... သူ့ကို စံပြပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ သတင်းစာတိုက်တွေကနေတစ်ဆင့် ကြေညာချင်တာ။ အမျိုးသမီးတွေကလည်း ယောကျာ်းလေးတွေထက် မညံ့ဘူးဆိုတာ ပြသပြီး... တစ်ကမ္ဘာလုံးက အမျိုးသမီးတွေကို ခွန်အားပေးချင်တယ်။ သတင်းတွေ ပူနေတုန်း အချိန်လေးမှာ... အမျိုးသမီးတွေကို ကျောင်းတက်ဖို့ အားပေးလိုက်ရင်... ဆန့်ကျင်ဘက် အသံတွေလည်း အများကြီး လျော့ကျသွားလိမ့်မယ်။"

သူက ဆက်ပြောသည်။ "ပြီးတော့ မိန်းမ ... အမျိုးသမီးကျောင်းတော် တည်ထောင်ပြီးရင်... မင်းက ကျောင်းအုပ်ကြီး လုပ်ပါလား။ မင်းသာ ထောက်ခံပေးမယ် ဆိုရင်... ဝေဖန်ပြောဆိုသံတွေ ဘာမှကျန်တော့မှာ မဟုတ်ဘူး။"

လီမြောင်ဟန်သည် ပထမဆုံး ခေါင်းညိတ်လိုက်ပြီး... သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များနှင့်အတူ တုံ့ဆိုင်းနေမှုအချို့ ပါဝင်နေ၏။ "ဒါက သေချာပေါက် ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အမျိုးသမီးတွေ ကျောင်းတက်ရင်... သူတို့ ဘာတွေ သင်ယူနိုင်မှာလဲ။ "

ဖန်ကျန်းရီက ရှင်းပြ၏။ "လုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ အမျိုးသမီးတွေ ဆေးခန်းပြရတာ အဆင်မပြေဘူး ဆိုရင်... သားဖွားမီးယပ် ရောဂါတွေကို စစ်ဆေးပေးနိုင်မည့် သီးသန့် အမျိုးသမီး သမားတော် တစ်သုတ်ကို လေ့ကျင့်သင်ကြားပေးလို့ ရတယ်။"

သူက ဆက်ပြောသည်။ "အနုပညာပိုင်းမှာဆိုရင်လည်း တူရိယာတီးခတ်ခြင်း... စစ်တုရင်ကစားခြင်း... စာပေ ရေးသားခြင်းနဲ့ ပန်းချီဆွဲခြင်းတို့ ရှိတယ်။ အရှေ့ ဆင်ခြေဖုံးတက္ကသိုလ်ထဲမှာ သီအိုရီပိုင်းဆိုင်ရာ သုတေသနတွေ အများကြီး ရှိသေးတယ်။ အမျိုးသမီးတွေ အကုန် ပါဝင်နိုင်တယ်။ နောင်တစ်ချိန် ရလဒ်တွေ ထွက်လာပြီ ဆိုတာနဲ့... အမျိုးသမီးတွေအပေါ် ထားရှိတဲ့ လောကကြီးရဲ့ အမြင်တွေက အစောပိုင်းဖြစ်စေ... နောက်ကျမှဖြစ်စေ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်။"

ဖန်ကျန်းရီက လေးနက်စွာ ထပ်လောင်းပြောဆို၏။ "တာ့ကျင်းတ တစ်ဝန်းလုံးမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေ... အထူးသဖြင့် မိန်းကလေးငယ်တွေ ဘယ်လောက်တောင် များနေပြီလဲ။ ဒီကိစ္စသာ အောင်မြင်သွားရင်... နောင်အနာဂတ်အတွက် အင်မတန် ကြီးမားတဲ့ ကုသိုလ်တော်ကြီး တစ်ခုပဲ။"

လီမြောင်ဟန်မှာ ထိုစကားများကို ကြားသိရပြီးနောက် ရင်ခုန်သွားခဲ့သည်။ မျက်နှာလေး နီမြန်းစွာဖြင့် ဖန်ကျန်းရီ၏ ရင်ဘတ်ပေါ်သို့ ခေါင်းအပ်ထားလိုက်၏။ ရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်စိတ်များ အလိုအလျောက် ထွက်ပေါ်လာသည်။ သူသည် ဤကဲ့သို့သော ယောကျာ်းမျိုးပင် ဖြစ်၏။ ရင်ထဲတွင် တစ်လောကလုံးကို ထည့်သွင်းထားပြီး... ကြီးမားလှသော မေတ္တာတရားများ ရှိနေတတ်သည်။ မိန်းမလိုက်စားတတ်သည်မှလွဲ၍ ကျန်သည်များ အားလုံး ကောင်းမွန်သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ကိုယ် အိမ်မှာ အရင်ဆုံး အေးအေးဆေးဆေး အနားယူအုံးမယ်။ ပြီးမှ မြို့တော်ကို ပြန်သွားပြီး... လင်လုံနဲ့ ဒီကိစ္စကို ဆွေးနွေးတော့မယ်။ "

လီမြောင်ဟန်က ခေါင်းအသာညိတ်လိုက်ပြီး... ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ပြန်လည် လှောင်ပြောင်လိုက်၏။ "ကျောက်လင်လုံက ရှင့်ရဲ့ လိမ်လည်လှည့်ဖြားမှုကြောင့် ရောက်လာတာ မဟုတ်ဘူးလား။ ရှင်က သူ့ကို ကျင်းတိုင်းပြည်မှာ တန်းတူညီမျှမှု ရှိတယ်တို့... တစ်သက်လုံးမှာ လူတစ်ယောက်ကိုပဲ ချစ်တယ်တို့ ပြောခဲ့တာဆို။ အဲဒီစကားတွေကို ပြောနေချိန်မှာ ရှင် မရှက်ဘူးလား။ "

ဖန်ကျန်းရီက နှုတ်ခမ်းကို စေ့ထားရင်း ရှက်ရွံ့စွာ ပြောလိုက်၏။ "ဟုတ်ပါတယ်။ ကိုယ်က အရှက်မရှိတဲ့ကောင်ပါ။ ယုတ်မာတဲ့ကောင်ပါ။ နောင်ကျရင် ကိုယ့်သားကို မိန်းမတစ်ယောက်ပဲ ယူခိုင်းတော့မယ်။ သူ နောက်ထပ် ယူရဲရင်... သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။ "

လီမြောင်ဟန်သည် မျက်လုံးများကို ပြူးကျယ်သွားစေပြီး... ဒေါသတကြီးဖြင့် သူ၏ ရင်ဘတ်ပေါ်ရှိ အဖုလေးကို အပြင်းအထန် လိမ်ဆွဲလိုက်၏။ "ရှင် ဘာတွေ လျှောက်ပြောနေတာလဲ။ "

ဖန်ကျန်းရီကလည်း အလျှော့မပေးဘဲ ပြန်လည် ကိုက်ခဲလိုက်သည်။

ဖော်ပြ၍မရနိုင်သော အသံအချို့ ထွက်ပေါ်လာ၏။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ... လီမြောင်ဟန်၏ ဆံကေသာများမှာ ဖျားယောင်းရှုပ်ထွေးနေပြီး... ဖန်ကျန်းရီအား အားကုန်သုံး၍ တွန်းထုတ်လိုက်၏။ "ကျွန်မကို မထိနဲ့။ "

ဖန်ကျန်းရီ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ ခံစားမှု အထွတ်အထိပ်သို့ ရောက်နေချိန်ကြီးမှာ ဘာဖြစ်ရပြန်တာလဲ။

လီမြောင်ဟန်က မေးလိုက်၏။ "ဟိုမိန်းကလေးနှစ်ယောက်ရဲ့ ကိစ္စကို ရှင် ရှင်းအောင် မပြောရသေးဘူး။ သူတို့က ဒီအတိုင်း နေထိုင်သွားကြတော့မှာလား။ နောင်ကျရင် မင်းသမီးအိမ်တော်ဆီပါ လာကြအုံးမလို့လား။ "

ဖန်ကျန်းရီသည် နှုတ်ခမ်းကို သပ်လိုက်ပြီး... တဟားဟား ရယ်မောလိုက်သည်။ "သူတို့ကိစ္စက နောက်မှ ရှင်းမယ်လေ။ ခမည်းတော်တောင် ခွင့်ပြုထားပြီးပြီ ဆိုတော့... ကိုယ်က ဒီရက်ပိုင်းအတွင်း မင်္ဂလာဆောင်ပွဲလေး တစ်ခု လုပ်ပြီး... နင်ရှင်းတို့ကို တရားဝင် အဆင့်အတန်းတစ်ခု ပေးမလို့။ မိန်းမ ... မင်းလည်း ပါတာပေါ့။ မင်းကနေ အရင်စတင်ရင် ဘယ်လိုလဲ။ "

လီမြောင်ဟန်က အော်ပြောလိုက်၏။ "ရှုပ်ရှုပ်ယှက်ယှက်။ "

ဖန်ကျန်းရီက ရယ်မောလိုက်သည်။ "ဟဲဟဲ ... ကိုယ်ကတော့ ရှုပ်ချင်နေပြီ။ မင်းအတွက် ကစားနည်းအသစ်လေး တစ်ခု လုပ်ပေးမယ်။ "

လီမြောင်ဟန်မှာ လန့်ဖျပ်သွား၏။ "အာ ... ကြိုးတွေက ဘယ်ကရောက်လာတာလဲ။ ရှင် ကြိုးတွေယူပြီး ဘာလုပ်မလို့လဲ။ "

All Chapters