← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

Chapter 329

ကျိုးထျန်းသည် ဘင်းကျန်းဟွာထင်၏ ခေါင်မိုးပေါ်ရှိ ရေကူးကန်ဘေးတွင် ထိုင်ရင်း ရေပြင်ပေါ်တွင် ပန်းပွင့်ဖတ်လေးတစ်ခုကဲ့သို့ အလိုက်သင့် မျောပါနေသည့် လျိုမုယန်၏ ကျော့ရှင်းသော ကိုယ်ဟန် အလှကို ငေးမောကြည့်ရှုနေခဲ့သည်။

ဗီလာရှိ ရေကူးကန်နှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့နှစ်ဦးလုံးသည် ဤခေါင်မိုးပေါ်ရှိ ရေကူးကန်ကို ပိုမို၍ သဘောကျနှစ်ခြိုက်ကြကြောင်း ထင်ရှားလှပေသည်။

အနားသတ်ဘောင်မဲ့ ဒီဇိုင်းနှင့် အပေါ်ဆုံးထပ်မှ မြင်တွေ့ရသည့် အတုမရှိသော မြင်ကွင်း၊ အထူးသဖြင့် ညဘက်တွင် စည်ကားလှသော မြို့ပြ၏ မီးရောင်စုံ ရှုခင်းများမှာ ဗီလာရှိ ရေကူးကန်တွင် မရှိနိုင်သည့် အရာများ ဖြစ်ပေသည်။

ဗီလာ ရေကူးကန်မှာလည်း လုံးဝ အားနည်းချက်ပဲ ရှိနေသည်တော့ မဟုတ်ချေ။

ထိုနေရာ၏ အေးချမ်းဆိတ်ငြိမ်မှုမှာမူ ဤနေရာတွင် မရရှိနိုင်သည့် အရာပင် ဖြစ်သည်။

ကျိုးထျန်း ယနေ့တွင် သူမနှင့်အတူ ရေမကူးဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် လုပ်ဆောင်စရာ ကိစ္စရပ်အချို့ ရှိနေသောကြောင့် ဖြစ်သည်။

ဆန်းတို့စ်သည် ဓာတ်ခွဲခန်းတည်ရှိရာ နယ်မြေကို သိမ်းပိုက်ရရှိခဲ့စဉ်တုန်းက အလွန်အဆင့်မြင့်သည့် နီလာကျောက်တွင်း တစ်တွင်းလုံးကို တူးဖော်တွေ့ရှိခဲ့သည်။

ပထမဆုံး ကျောက်ရိုင်းတုံးမှာ တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း သူ၏ လက်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်ရာ ဤအဖိုးတန် ရတနာများကို အနီးကပ် ကိုင်တွယ်ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။

သို့သော် ဤကျောက်တုံးအသေးလေးမှာ အဓိက ပြဿနာမဟုတ်ချေ။

အဓိက သော့ချက်မှာ နီလာကျောက်တွင်း တစ်တွင်းလုံးကို မည်သို့ ပြန်လည်ရောင်းချရမည်ဟူသော အချက်ပင် ဖြစ်သည်။

၎င်းတို့ကို ကျောက်ရိုင်းတုံးများအတိုင်း ရောင်းချမည်ဆိုပါက ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။

အကယ်၍ နီလာများကို ပြုပြင်မွမ်းမံပြီး အထူးသဖြင့် အဆင့်မြင့် ရတနာ အဆင်တန်ဆာများအဖြစ် ဖန်တီးလိုက်မည်ဆိုပါက ကျောက်ရိုင်းတုံး ဈေးနှုန်းထက် ဆယ်ဆမက ပိုမို၍ ရရှိနိုင်မည် မဟုတ်ပါလား။

ထို့ကြောင့် ကျောက်ရိုင်းတုံးများ၏ ပိုင်ရှင်တစ်ဦးအနေဖြင့် အကောင်းဆုံး ရွေးချယ်မှုမှာ ရတနာကုန်သည်တစ်ဦးနှင့် ပူးပေါင်းကာ ထုတ်လုပ်ခြင်းပင် ဖြစ်ပေသည်။

သို့သော်လည်း ကျိုးထျန်းသည် ထိုလူဖြူများကို ပိုမို၍ ယုံကြည်မှု ကင်းမဲ့လာခဲ့ရသည်။

အထူးသဖြင့် ကမ်းဘဲလ်ကဲ့သို့သော လူမျိုးနှင့် တွေ့ဆုံပြီးနောက်ပိုင်း၊ ထို့ပြင် ပြင်သစ်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် ပီယဲလည်း ပါဝင်သေးသည်။

လူဖြူများ၏ မာနထောင်လွှားမှုကို သေသေချာချာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဤလူများသည် အသားဝါဖြစ်သည့် သူ့ကိုကော၊ အသားမည်းဖြစ်သည့် ဆန်းတို့စ်ကိုပါ အထင်ကြီးကြလိမ့်မည် မဟုတ်ချေ။

၎င်းတို့၏ မွေးရာပါ အထက်တန်းဆန်သည်ဟူသော ခံစားချက်ကြောင့် ၎င်းနှင့် ပြုလုပ်သည့် မည်သည့် အရောင်းအဝယ်တွင်မဆို မသမာသော ရည်ရွယ်ချက်များကို မွေးမြူကြပါလိမ့်မည်။

သူသည် လှည့်စားခံရမည်ကို မစိုးရိမ်ချေ။

သို့သော် မိမိ၏ ပါတနာများကို အမြဲတမ်း ဉာဏ်ဆင် အနိုင်ယူနေရရန်အတွက် အချိန်နှင့် အင်အားများကို ကုန်ဆုံးနေရမည်ဆိုပါက လုံးဝ မပူးပေါင်းဘဲ နေလိုက်ခြင်းက ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

ထို့ပြင် ပြည်တွင်းပြည်ပရှိ နာမည်ကြီး ရတနာကုန်သည်များ၏ စာရင်းကို လိုက်လံကြည့်ရှုခဲ့သော်လည်း မည်သူနှင့် ပူးပေါင်း ဆွေးနွေးရမည်ကို မသိရှိသေးချေ။

သူ့အား အထူးတလည် စိတ်အနှောင့်အယှက် ဖြစ်စေသည့် အခြားအချက်တစ်ခုလည်း ရှိနေသေးသည်။

မောက်မာထောင်လွှားလှသော မစ်ရှလင်လမ်းညွှန်သည် ထျန်းရှီဟွေ့ကို ၎င်းတို့၏ အကဲဖြတ်စာရင်းထဲတွင် ထည့်သွင်းရန် ငြင်းဆန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် သက်တမ်းမှာ မကြာမြင့်သေးသောကြောင့် ဖြစ်သည်။

ဂျက်ဆီမှ သူ့အတွက် လျှောက်လွှာတင်ပေးခဲ့ပြီး အဆင့်မြင့် အရာရှိအချို့ကို ခြိမ်းခြောက်ခဲ့သော်လည်း ၎င်းတို့ကမူ သူသည် အရည်အချင်းမပြည့်မီသေးဟု ခေါင်းမာစွာဖြင့် ယူဆနေကြဆဲ ဖြစ်သည်။

ဤသည်က သူ့အား အလွန်အမင်း စိတ်ပျက်စေခဲ့သည်။

မိမိ၏ မီနူးများ မည်မျှပင် ကောင်းမွန်နေပါစေဦးတော့... ၎င်းတို့က အလွန်အမင်း မာနကြီးလွန်းလှသဖြင့် လှည့်ပင်မကြည့်ကြသောအခါ ဘာမှလုပ်၍မရနိုင်သည့် အခြေအနေမျိုး ဖြစ်နေရသည် မဟုတ်ပါလား။

သူ ရေကူးကန်ဘေးရှိ အနားယူသည့် ကုတင်ပေါ်မှ ထရပ်လိုက်ပြီး ခေါင်းမိုး၏ အနားသတ်ဆီသို့ လျှောက်လှမ်းကာ ညရှုခင်းကို ငေးမောရင်း အတွေးပွားနေခဲ့သည်။

သူ ရှိနေသည့် နေရာမှကြည့်လျှင် မြို့လယ်ခေါင်ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။

အစည်ကားဆုံးသော နေရာများသည် သူ၏ မျက်စိရှေ့တွင် ကြယ်ပွင့်လေးများ သို့မဟုတ် ပိုးစုန်းကြူးလေးများကဲ့သို့ သေးငယ်စွာ တောက်ပနေကြသည်။

အမှန်အတိုင်း ပြောရလျှင် သူသည် မြို့လယ်ခေါင်သို့ ဈေးဝယ်ရန် သို့မဟုတ် လည်ပတ်ရန်အတွက် သွားရောက်လေ့ မရှိပေ။

ဒေသခံများ၏ စိတ်ထဲတွင်မူ ထိုနေရာများသည် ကမ္ဘာလှည့်ခရီးသည်များအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ သူ မြို့ထဲတွင် အသွားအလာအများဆုံး နေရာတစ်ခုကို ရွေးချယ်ရမည်ဆိုပါက ၎င်းမှာ ပေါင်ကော၏ အထင်ကရ အရောင်းပြခန်းကြီး သာ ဖြစ်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင်...လျိုမုယန်ကို Spa သို့ မခေါ်ဆောင်သွားရသည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

၎င်းတို့ ယခင်က အဖွဲ့ဝင်ကတ်တစ်ခုကိုပင် ပြုလုပ်ထားခဲ့ကြသော်လည်း ထိုအချိန်မှစ၍ ထပ်မံ၍ မသွားဖြစ်ကြတော့ချေ။

"မုယန်"

"ဟင်..."

ရေထဲတွင် အားသွန်ခွန်စိုက် လေ့ကျင့်နေသည့် လျိုမုယန်က ကန်ဘောင်ဘေးတွင် လာမှီလိုက်သည်။

"ငါ အရင်တုန်းက ပေါင်ကော က Spa မှာ အဖွဲ့ဝင်ကတ်တစ်ခု လုပ်ထားခဲ့ဖူးတယ်လေ၊ အဲဒီကတ် နင့်ဆီမှာ ရှိလား"

"အော်... ဟုတ်သားပဲ၊ အိမ်မှာ ထားခဲ့မိတယ် ထင်တယ်၊ ငါ မသွားဖြစ်တာလည်း အတော်ကြာပြီဆိုတော့ ကတ်ထဲမှာ ပိုက်ဆံတွေ အများကြီး ကျန်နေဦးမှာပဲ၊ နှမြောစရာကြီး"

"နင် အားတဲ့အခါ သွားလိုက်ဦးလေ၊ ဒါမှမဟုတ်လည်း ကျောက်ရှင်း အားတဲ့အချိန်ကျရင် နင်တို့နှစ်ယောက် အတူတူသွားကြပေါ့၊ အဖော်ရတာပေါ့"

"ကောင်းပြီလေ"

ဤသည်ကို ကြားလိုက်ရသောအခါ လျိုမုယန် ရေကူးကန်ထဲမှ ချက်ချင်းပင် တက်လာခဲ့ပြီး သူ၏ ဖုန်းကို ယူကာ ကျောက်ရှင်းထံသို့ စာလှမ်းပို့လိုက်တော့သည်။

ကျိုးထျန်းအနေဖြင့် ကျောက်ရှင်း၏ အမည်ကို ပြောဆိုမိသည့်အခါတိုင်း စိတ်ထဲတွင် လွန်ဆွဲမှုများ ဖြစ်ပေါ်ရလေ့ ရှိသည်။

ဗီလာတွင် ရှိစဉ်တုန်းက ကျောက်ရှင်းသည် အရက်မူးနေရင်း သူ့အား ထိုမေးခွန်းကို မေးမြန်းခဲ့ဖူးရာ သူသည် ယခုတိုင် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိသေးချေ။

အကယ်၍ သူ သူမကို လုံးဝ ငြင်းပယ်လိုက်မည်ဆိုပါက ဤမိန်းကလေးသည် သူ၏ မျက်စိရှေ့မှနေ၍ ထာဝရ ပျောက်ကွယ်သွားနိုင်ပေသည်။

သူ ကျောက်ရှင်းကို သိသည်၊ သူမသည် အလွန်အမင်း ခေါင်းမာလှသူ ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးသွားပါက နောက်သို့ လှည့်ကြည့်မည့်သူ မဟုတ်ချေ။

သို့သော် အကယ်၍ သူ မငြင်းပယ်ဘူးဆိုလျှင်လည်း လျိုမုယန်ကော ဘာလုပ်ရမည်နည်း။

မိန်းမလှနှစ်ဦး၏ ကြိုက်နှစ်သက်ခြင်းကို ခံစားရခြင်းမှာ ထင်သလောက် မလွယ်ကူလှချေ။

‘ခေါင်းကိုက်လိုက်တာ... ဒါကို ဘယ်လို ဖြေရှင်းရမလဲ’

ခေါင်းကို ဆုပ်ကိုင်ထားမိရင်း ဘာလုပ်ရမည်မှန်း မသိတော့သဖြင့် အအေးများကိုသာ ခပ်မြန်မြန် သောက်သုံးလိုက်ပြီး ၎င်းအကြောင်းကို ဆက်လက်၍ မတွေးတောမိရန် ကြိုးစားလိုက်တော့သည်။

တစ်ဖက်တွင်မူ... လေဆိပ်တွင် ကိုယ်ပိုင်လေယာဉ်တစ်စီးမှာ လမ်းကြောင်းပေါ်သို့ လေယာဉ်ကွင်းအတွင်း တရွေ့ရွေ့ဖြင့် ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

လေယာဉ်ပေါ်တွင် ပါရှိလာသည့် စကူရိုင်းတကဲဟီတိုသည် လမ်းခရီးတစ်လျှောက်လုံးတွင် မိမိ၏ အဖိုးတန် ဂျပန်ဓားရှည်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး သူ၏ မျက်လုံးများမှာ ကျိုးထျန်းအပေါ်တွင်သာ စာဖွဲ့နေခဲ့သည်။

သူသည် ဓားရိုးကို တတ်နိုင်သမျှ အားဖြင့် ဆုပ်ကိုင်ထားမိရင်း ကျိုးထျန်းထံသို့ ချက်ချင်းပင် ပြေးသွားကာ မိမိ၏ ဓားသိုင်း စွမ်းရည်ကို ထုတ်ဖော်ပြသချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။

သူ၏ လုပ်ရပ်မှာ အနည်းငယ် ကလေးဆန်သည်ဟု ပြောဆိုနိုင်သော်လည်း သူ၏ ရဲရင့်ပြတ်သားသည့် သဘောထားမှာမူ ချီးကျူးစရာ ကောင်းလှပေသည်။

သို့သော် ၎င်းမှာ သူ၏ သက်တော်စောင့်များအတွက်မူ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့ရသည်။

၎င်းတို့သည် မိမိတို့၏ သခင်လေးကြောင့် အမြဲတမ်း လိုက်ပါသွားရလေ့ရှိပြီး စိတ်လိုက်မာန်ပါနှင့် မိုက်မဲသော ကိစ္စရပ်များကို လုပ်ဆောင်နေကြရခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင်မူ ၎င်းတို့သည် မိသားစုခေါင်းဆောင် မသိစေဘဲ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

စကူရိုင်းတကဲဟီတိုဟူသော ရည်မှန်းချက်ကြီးမားသော်လည်း အရည်အချင်းမရှိသည့် ဤကောင်သည် မိမိကိုယ်ကိုယ် သက်သေပြရန် အမြဲတမ်း ကြိုးစားနေခဲ့သူ ဖြစ်သည်။

သူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့၏ စကားပြောဆိုသံကို ချောင်းမြောင်းနားထောင်ပြီးနောက်တွင်မူ သူသည် ၎င်းတို့အား အံ့အားသင့်သွားစေရန်နှင့် မိမိ၏ မိသားစုက မုန်းတီးလှသော ကျိုးထျန်းကို သင်ခန်းစာပေးခြင်းဖြင့် မိမိ၏ စွမ်းဆောင်ရည်ကို သက်သေပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက် သူသည် မိမိ၏ လူများကို သူ၏ ရဲရင့်သော လုပ်ရပ်နှင့် ကျိုးထျန်း၏ သနားစဖွယ် ဒူးထောက် အသနားခံနေသည့် ပုံစံကို ဗီဒီယိုရိုက်ကူးခိုင်းလိမ့်မည် ဖြစ်သည်။

ထိုအခါ ဖခင်ဖြစ်သူက သူ့အား ဆုချီးမြှင့်လိမ့်မည်။

အစ်ကိုဖြစ်သူကလည်း သူ့အား ချီးကျူးစကား ပြောလိမ့်မည်။

ထို့အပြင် မိမိ၏ ဝမ်းဗိုက်ပေါ်ရှိ ဓားဒဏ်ရာ ချုပ်ရိုးနေရာကို ပွတ်သပ်လိုက်ရာ ထိုအကြောင်းကို တွေးမိသည့်အခါတိုင်း နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။

"ကျိုးထျန်း... မင်းရဲ့ ဗိုက်ပေါ်မှာလည်း ဒဏ်ရာတစ်ခု ထင်ကျန်စေရမယ်၊ ဒါမှ စကူရိုင်းမိသားစုက အရှက်ခွဲတာကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးဆိုတာ မင်း သိသွားမှာ"

ရှုး...

သူ ဓားကို ဆွဲထုတ်လိုက်ရင်း ဖျော့တော့တော့ ခရမ်းရောင် သန်းနေသည့် ဓားသွားကို စိုက်ကြည့်နေခဲ့တော့သည်။

တစ်ဖက်တွင်မူ... ကျိုးထျန်းကို တစ်လနီးပါးခန့် စောင့်ကြည့်နေခဲ့ကြသည့် နိုင်ငံခြားသား အချို့မှာ စွန့်ပစ်ထားသည့် စက်ရုံပျက်ကြီးတစ်ခုအတွင်း၌ ၎င်းတို့၏ လက်နက်ကိရိယာများကို ပြင်ဆင်နေကြသည်။

ဤစက်ရုံပျက်ကြီးမှာ ၎င်းတို့၏ ယာယီ စုရပ်ဖြစ်ပြီး လူသူကင်းမဲ့လှပေသည်။

တရုတ်နိုင်ငံတွင် လက်နက်ဟူသည်မှာ အကြီးမားဆုံးသော တားမြစ်ချက်တစ်ခု ဖြစ်သည်။

ကစားစရာ သေနတ်များပင်လျှင် လုံးဝ ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့် ဤနိုင်ငံတွင် လက်နက်များသည် လုံးဝ တားမြစ်ထားသည့် အရာများ ဖြစ်ပေသည်။

ဤလူများသည် နိုင်ငံခြားသားများ ဖြစ်ကြသော်လည်း တရုတ်နိုင်ငံ၏ ဓလေ့ထုံးတမ်းများကို အသေအချာ နားလည်ထားကြသည်။

ဤလက်နက်နှစ်ခုမှာ ၎င်းတို့၏ နောက်ဆုံး လက်နက်ဖြစ်ပြီး ပထမအကြိမ် လုပ်ဆောင်ချက် ကျရှုံးသွားခဲ့ပါက အဆုံးသတ်ရန်အတွက် ပြင်ဆင်ထားသည့် အရန်အစီအစဉ် ဖြစ်ပေသည်။

ထို့အပြင် နည်းဗျူဟာကို အသုံးပြုပြီးသွားသည်နှင့် ၎င်းတို့အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန်အတွက် တစ်နာရီသာ အချိန်ရရှိတော့မည် ဖြစ်ရာ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိရန် လိုအပ်သည်။

ထိုနေရာတွင် ၎င်းတို့ကို လာရောက်ကြိုဆိုမည့် သင်္ဘောတစ်စီး ရှိနေမည် ဖြစ်သည်။

အမှန်စင်စစ် ဤလူစုသည် ဤအစီအစဉ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများစွာ ရှိနေခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ကြီးမားသော ခက်ခဲမှု သုံးခု ရှိနေသည်ကို အားလုံး သိရှိထားကြသည် မဟုတ်ပါလား။

တရုတ်နိုင်ငံတွင် သေနတ်ဖြင့် လူသတ်မှု ကျူးလွန်ခြင်းမှာ ဤပြဿနာ သုံးခုအပြင် အလေးနက်ဆုံးသော ပြဿနာတစ်ခု ဖြစ်သည်ဟု ပြောဆိုနိုင်ပေရာ ၎င်းတို့သည် မိမိတို့၏ အစီအစဉ်များအတွင်း ထိုအရာကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း အလုပ်ရှင် ပေးအပ်သည့် ရန်ပုံငွေ ပမာဏမှာ အလွန်အမင်း များပြားလှသဖြင့် ဘယ်လိုမှ မငြင်းပယ်နိုင်သော မက်လုံးတစ်ခု ဖြစ်နေခဲ့ရာ ၎င်းတို့ သုံးဦးအား အသက်ဘေးကို စွန့်စားရန်အတွက် လုံလောက်စေခဲ့သည်။

ထို့ကြောင့် ထိုသုံးဦးလုံး စိတ်ကို တင်းကျပ်လိုက်ကြရင်း သေနတ်များကို တပ်ဆင်ကာ ကျည်ဆန်များ ဖြည့်သွင်းလိုက်ကြပြီး မိမိတို့၏ နာရီရှိ အချိန်များကို တိုက်ဆိုင်စစ်ဆေးကာ လက်နက်ကိရိယာများကို ကိုင်ဆောင်လျက် ညမှောင်မှောင်ထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

All Chapters