← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

Chapter 262

ထို့နောက် ကျန့်နန်အား ကျန်းအာ့နီ မသိမသာ ခိုးကြည့်လိုက်သည်။

ယဲ့ရှောင်ရှောင် ခေါ်ဆောင်လာသည့် ထိုလူမှာ အနည်းငယ် ကြမ်းတမ်းခက်ထန်မည့်အသွင်သဏ္ဌာန် ရှိပါသည်။

‘သူရည်းစားပြောင်းသွားတာတော့ မဟုတ်ပါဘူးနော်’

ကျန်းအာ့နီ လေသံတိုးတိုးဖြင့် မေးကြည့်လိုက်သည်။

ယဲ့ရှောင်ရှောင်လည်း အခြေအနေအရ အိမ်ကို ရက်ပိုင်းလောက်လာလည်သည့် ဝမ်းကွဲအစ်ကိုဖြစ်သည်ဟုသာ ရှင်းပြနိုင်ပါသည်။

“ဪ ဝမ်းကွဲအစ်ကိုလား၊ မသိပါဘူး၊ ငါက နင့်ကောင်လေးထင်နေတာ”

ယဲ့ရှောင်ရှောင်: “မဟုတ်ပါဘူး၊ ဒီတစ်ခေါက် ပြန်လာတာ ငါ့ကောင်လေး ပါမလာဘူး”

ကျန်းအာ့နီက တီးတိုး ဆက်ပြောသည်။

“နင်လည်း လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူးလား၊ ငါ့ကို ကြည့်ပါဦး၊ ငါက ကလေးတောင် ရတော့မယ်၊ နင်ကတော့ အခုထိ အပျိုကြီးပဲ”

အိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်ခံရစဉ်က ယဲ့ချန်းနင် မည်သို့ ခံစားခဲ့ရမည်ကို ယဲ့ရှောင်ရှောင် ယခုမှ နားလည်သွားတော့သည်။

ထို့ကြောင့် ကျန်းအာ့နီ၏ လက်ကောက်ဝတ်ကိုဆွဲကာ သူမ စကားလမ်းကြောင်းလွှဲလိုက်လေသည်။

“လာခဲ့၊ နင့်ဗိုက်ထဲက ကလေးရဲ့ အခြေအနေကို ငါစမ်းသပ်ပေးမယ်”

ကျန်းအာ့နီလည်း ပြောလက်စအကြောင်းအရာများကို ချက်ချင်းပင် မေ့လျော့သွားတော့သည်။

“ဪ ဟုတ်သားပဲ! နင်က ဆရာဝန်ဆိုတာ ငါမေ့သွားတယ်!”

ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီ၏ လက်ကောက်ဝတ်ကို ကိုင်လျက် သွေးခုန်နှုန်းကို သေသေချာချာ စစ်ဆေးပေးလိုက်ပါသည်။

“ကလေးက ကျန်းကျန်းမာမာရှိပါတယ်”

ကျန်းအာ့နီက တီးတိုးမေးသည်။

“ယောက်ျားလေးလား မိန်းကလေးလားဆိုတာ နင်သိနိုင်ပြီလား”

ယဲ့ရှောင်ရှောင် စစ်ဆေးပေးနိုင်စွမ်းရှိသော်လည်း အဖြေကို တန်းမပေးဘဲ ပြန်မေးလိုက်သည်။

“နင်က ယောကျ်ားလေးလိုချင်တာလား မိန်းကလေးလိုချင်တာလား”

ကျန်းအာ့နီက ပြန်ဖြေသည်။

“ဖေးချင့်နဲ့ ငါနဲ့ကတော့ ဘာလေးဖြစ်ဖြစ် ရတယ်၊ ငါ့ယောက္ခမတွေကလည်း ဘာလေးဖြစ်ဖြစ် အဆင်ပြေတယ် ပြောကြတာပဲ၊ ဒါပေမယ့် မိန်းကလေးဖြစ်နေရင်တော့ နောက်တစ်ယောက်မြန်မြန်ယူဖို့ ငါ့ကို နားပူနားဆာလုပ်ကြမှာ သေချာတယ်၊ ငါချက်ချင်းကြီးကလေးထပ်ယူဖို့လည်း အစီအစဉ်မရှိသေးတော့ တစ်ခါတည်း ယောက်ျားလေး မွေးနိုင်ရင် ပိုကောင်းတာပေါ့၊ နင်နဲ့သာ ဒီနေ့ မတွေ့ခဲ့ရရင် ဆေးရုံမှာ သွားစစ်ကြည့်မလို့လေ”

ဤခေတ်တွင် ကလေး၏ ကျား/မ ခွဲခြားမှုများကို ဆရာဝန်များက သိပ်ပြီး လျှို့ဝှက်မထားကြတော့ဘဲ ဆေးရုံအတော်များများက မိသားစုကို ကြိုတင်ပြောပြလေ့ ရှိကြပါသည်။

ယဲ့ရှောင်ရှောင်က သတိပေးလိုက်သည်။

“သွားစစ်မယ်ဆိုရင်လည်း တရားဝင်တဲ့ ဆေးရုံကြီးတွေကိုပဲသွားနော်၊ လိုင်စင်မရှိတဲ့ မှောင်ခိုဆေးခန်းလေးတွေကိုတော့ မသွားပါနဲ့”

ကျန်းအာ့နီ: “ဒါပေါ့၊ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း မွေးလာဖို့ပဲ လိုတယ်”

ယဲ့ရှောင်ရှောင် ပြောပြလိုက်သည်။

“သွေးခုန်နှုန်းကို အကဲခတ်ကြည့်ရသလောက်တော့ မိန်းကလေးဖြစ်နိုင်ခြေများတယ်၊ ဒါပေမယ့် အတိအကျကြီးတော့ ပြောလို့မရသေးဘူး၊ အခုချိန်မှာအရေးကြီးဆုံးက ကိုယ်ဝန်ကို သေသေချာချာ ဂရုစိုက်ဖို့ပဲ”

ကျန်းအာ့နီက သူမ၏ ဝမ်းဗိုက်ကလေးကို ပွတ်ကာ ပြောလိုက်သည်။

“မိန်းကလေးပေါ့ ဟုတ်လား၊ ငါက သမီးလေးတွေလည်း ချစ်ပါတယ်၊ ငါနဲ့မတူပါစေနဲ့လို့တော့ ဆုတောင်းတယ်၊ ငါ့လို အရပ်ရှည်ရှည်၊ အကောင်ထွားထွားဆိုရင် မိန်းကလေးမဆန်ဘဲ နေမှာပေါ့”

ကျန်းအာ့နီတစ်ယောက် မိမိကိုယ်မိမိ နားလည်မှုလွဲနေသည်ဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။ ခေတ်သစ်တွင်ဆိုလျှင် သူမ၏ အရပ်အမောင်းမျိုးကို ငမ်းငမ်းတက်အောင် လိုချင်သူများ အပုံလိုက် ရှိနေပါလိမ့်မည်။

ယဲ့ရှောင်ရှောင် အားပေးစကားအနည်းငယ် ပြောလိုက်သောအခါ ကျန်းအာ့နီ၏ စိုးရိမပ်ူပန်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ရသည်ကို အလွန်ပင် ကျေနပ်သွားတော့သည်။

“ငါ့အိမ်မှာ ညစာလာစားဦးလေ”

“မစားတော့ပါဘူး၊ ငါ့အစ်ကိုနဲ့ငါ လမ်းနည်းနည်းလောက် ထပ်လျှောက်လိုက်ဦးမယ်”

“ဒါဆို နင်တို့ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ၊ တစ်ရက်လောက်တော့ သူငယ်ချင်းတွေစုပြီး တစ်ခုခုသွားစားကြရအောင်လေ”

“ဒီတစ်ခေါက်တော့ သုံးလေးငါးရက်လောက်ပဲ နေနိုင်လိမ့်မယ်၊ နင်ကလေးမွေးပြီးမှ ဆုံကြတာပေါ့”

ယဲ့ရှောင်‌ရှောင်သည် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးအား မဆင်မခြင် ခေါ်ဆောင်သွားရမည်ကို စိုးရိမ်သဖြင့် တွေ့ဆုံဖို့အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ပါသည်။

ကျန်းအာ့နီ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း အခြေအနေကို နားလည်ပေးနိုင်သည်။

သူငယ်ချင်းဖြစ်သူကို သွားတွေ့ပြီးနောက် ယဲ့ရှောင်ရှောင်သည် သမဝါယမအရောင်းဆိုင်သို့သွားကာ ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီး အိမ်သို့ ပြန်ခဲ့ပါသည်။

ရက်အနည်းငယ်သာ နေထိုင်ရမည်ဖြစ်၍ ပိုင်ချွမ်ရွာသို့ မပြန်ဖြစ်ခဲ့ပေ။ ယဲ့ချန်းချင့်၏ အိမ်တွင်သာ တည်းခိုခဲ့ပြီး အဘိုးမြောင်၊ ယွဲ့မိန်၊ ယွဲ့လျန်တို့ထံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

ယဲ့ချန်းချင့်လည်း အိမ်သို့ တစ်ခေါက်ပြန်လာသေးသည်။ ယဲ့ရှောင်ရှောင်နှင့် မတွေ့ရသည်မှာ ၂ နှစ်ကြာပြီဖြစ်၍ ညီမဖြစ်သူအတွက် အလွန်စိုးရိမ်ပူပန်ခဲ့ရပါသည်။

လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း သတ္တုတွင်းလုပ်ငန်း၌ ယဲ့ချန်းချင့် အကြီးအကျယ် အောင်မြင်တိုးတက်လာခဲ့သည်။

သူတာဝန်ယူထားသည့် သတ္တုတွင်းမှာ အနည်းဆုံး နောက် ၁၀ နှစ်ကြာအောင် ဆက်လက် တူးဖော်နိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။

သို့သော် သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်၍ ဗဟုသုတများ တိုးပွားလာသည့်အပြင် လုပ်ငန်းလည်ပတ်ပုံများကို အစအဆုံး ကျွမ်းကျင်လာသည့်အခါ သူကိုယ်တိုင် သီးသန့်ခွဲထွက်၍ လုပ်ငန်းထူထောင်လိုသော စိတ်ကူးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

လက်ရှိတွင် အခွင့်အရေး မရသေးရုံသာ ရှိသည်။ သင့်တော်သည့် သတ္တုတွင်းတစ်တွင်းကို ရှာတွေ့သည်နှင့် ကိုယ်တိုင် ကန်ထရိုက်ယူကာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါသည်။

ယဲ့ချန်းချင့်သည် သူ့အကြံများကို မည်သူ့ကိုမှ မပြောပြရသေးပေ။ ယခု ယဲ့ရှောင်ရှောင်က မေးမြန်းတော့မှသာ အနည်းငယ် ရှင်းပြခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က အစ်ကိုဖြစ်သူ၏ အကြံအစည်ကို ရိပ်စားမိသွားပြီး ပြောလိုက်သည်။

“အစ်ကိုကြီးသာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မယ်ဆိုရင် သမီးတို့မိသားစုက သတ္တုတွင်းပိုင်တဲ့ မိသားစု ဖြစ်သွားတော့မှာနော်”

ယဲ့ရှောင်ရှောင်သည် ဉာဏ်ကို အစွမ်းကုန် ထုတ်သုံး၍ နောင်အနာဂတ်တွင် အလွန်ကျော်ကြားလာမည့် သတ္တုတွင်းနယ်မြေများရှိ၊ မရှိ စဉ်းစားကြည့်လိုက်ပါသည်။

ကံမကောင်းစွာဖြင့် ယခင်ဘဝက နိုင်ငံတော်၏ သဘာဝ သတ္တုတွင်းထွက်လုပ်ငန်းများအကြောင်းကို ယဲ့ရှောင်ရှောင် လုံးဝ စိတ်မဝင်စားခဲ့သဖြင့် တစ်နေရာမှ မစဉ်းစားနိုင်ခဲ့ပေ။

ညီမဖြစ်သူ၏စကားကို ကြားသေအာခါ ယဲ့ချန်းချင့် ပြုံးကာ ပြန်ပြောလိုက်သည်။

“လောလောဆယ်တော့ အကြံထုတ်ထားရုံပဲ ရှိပါသေးတယ်၊ တကယ်အကောင်အထည်ဖော်ဖို့ဆိုရင် အရင်းအနှီးတွေ အများကြီးလိုတယ်လေ”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“ခုခေတ်မှာ ဘဏ်ချေးငွေတွေလည်း ယူလို့ရနေပြီပဲဥစ္စာ၊ အဲ့တာမှ မလောက်သေးရင် တတိယအစ်ကိုနဲ့ သမီးတို့လည်း နည်းနည်း စိုက်ထုတ်ပေးထားလို့ ရတာပဲ၊ အစ်ကိုကြီးလိုအပ်တာရှိရင် သမီးကို ဖုန်းသာဆက်လိုက်ပါ”

ယဲ့ရှောင်ရှောင်သာ နိုင်ငံခြားသို့ ၂ နှစ်ကြာအောင် သွားရောက်ခဲ့ခြင်း မရှိပါက ငွေကြေးအမြောက်အများကို စုဆောင်းမိခဲ့မည် မဟုတ်ပေ။ အိမ်ခြံမြေများ လိုက်လံဝယ်ယူရင်း အကုန်ပြောင်စင်အောင် သုံးစွဲမိလောက်သည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း သူမ၏ ဝင်ငွေအတိအကျကို စပ်စပ်စုစု မေးမြန်းခဲ့သူ မရှိသလို သူမကိုယ်တိုင်ကလည်း ငွေကို မဆင်မခြင် သုံးစွဲခဲ့ခြင်းမရှိချေ။

“နင်အလုပ်သင်ဆင်းရတော့မယ်ဆို၊ ပေကျင်းက ဆေးရုံတစ်ခုခုမှာပဲ လုပ်မှာလား”

နောက်ဆုံးတော့ အဓိကကျသည့် မေးခွန်းကို ယဲ့ချန်းချင့်ကသာ မေးမြန်းလိုက်ပါပြီ။

ယဲ့ရှောင်ရှောင်သည် အိမ်ဝင်းထဲတွင် ထင်းခုတ်နေသည့် အဖေဖြစ်သူနှင့် အပြင်ဘက်အခန်းတွင် ဟင်းရွက်များချွေနေသည့် အမေနှင့် ယောင်းမတို့ကို မသိမသာ လှမ်းကြည့်လိုက်သည်။

သူမ၏ ခိုးကြောင်ခိုးဝှက်နိုင်သော အမူအရာကိုကြည့်ရင်း ယဲ့ချန်းချင့်လည်း မသင်္ကာတော့ပေ။

“တကယ်တော့ သမီးအနောက်မြောက်ပိုင်းကို သွားမလို့ စီစဉ်နေတာ”

ယဲ့ရှောင်ရှောင် မဝံ့မရဲ ဝန်ခံလိုက်သည်။

ယဲ့ချန်းချင့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အနောက်မြောက်ပိုင်းက ဘယ်လိုနေရာလဲ၊ လူသူမရှိတဲ့ သဲကန္တာရကြီး‌တော့ မဟုတ်လောက်ပါဘူးနော်”

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဟိုမှာ မြက်ခင်းပြင်တွေဘာတွေရှိမှာပါ အစ်ကိုကြီးရဲ့”

ယဲ့ချန်းချင့်: “နင်သွားမယ့်နေရာမှာတော့ ဘာမှ မရှိလောက်ဘူး”

ယဲ့ရှောင်ရှောင်က ကပ်ဖားရပ်ဖား ပြုံးကာ ပြောလိုက်သည်။

“သမီးလည်း အတိအကျတော့ မသိသေးဘူးလေ၊ ဒါပေမယ့် ဒီတိုင်း သွားကြည့်ချင်လို့ပါ”

ယဲ့ချန်းချင့်သည် အသားအရေဖြူစင်ဝင်းပပြီး ဆံပင်အရှည်ကြီးနှင့် လှပလွန်းသော မိမိ၏ ညီမဖြစ်သူကို ငေးကြည့်လိုက်သည်။

ယဲ့ရှောင်ရှောင်သည် သူတို့အိမ်တွင် ကြီးပြင်းလာခဲ့ရသူ မဟုတ်ပေ။ သူမ မည်သို့သော ဘဝမျိုးဖြင့် ကြီးပြင်းလာခဲ့ရသည်ကို ယဲ့ချန်းချင့်‌ သေချာမပြောနိုင်သော်လည်း ဆင်းရဲနွမ်းပါးသည့် ဘဝမျိုးတော့ လုံးဝ ဖြစ်နိုင်မည် မဟုတ်ချေ။

ယဲ့မိသားစုထံသို့ ရောက်ရှိလာပြီးနောက် သူမကို ပန်းကန်တစ်လုံး ဆေးကြောခွင့်မပြုခဲ့သလို မည်သည့် အလုပ်ကြမ်းမှလည်း ခိုင်းစေခြင်း မရှိခဲ့ပါ။

ယဲ့ချန်းချင့်က သူမကို သေချာပြန်စဉ်းစားဖို့ တိုက်တွန်းလိုက်သည်။

“ဟိုရောက်ရင် ရေသန့်တွေ ဘာတွေတောင် ရှိမှာ မဟုတ်လောက်ဘူးနော်၊ နင်နေနိုင်ပါ့မလား”

ယဲ့ရှောင်‌ရှောင် တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။

“အဖေနဲ့ အမေ့ကိုတော့ မပြောရသေးဘူး”

ယဲ့ချန်းချင့် သက်ပြင်းချမိသည်။

“ဘယ်လောက်ကြာကြာ သွားမှာလဲ”

ယဲ့ရှောင်ရှောင်: “၆ လ ၇ လ လောက်ပါပဲ၊ နောက်နှစ် ဧပြီလ၊ မေလလောက်ကျရင် ဘွဲ့ယူမယ့် ကိစ္စတွေကြောင့် ကျောင်းကို ပြန်လာရလောက်တယ်”

ယဲ့ချန်းချင့်သည် သူမကို ဆက်လက် မဖျောင်းဖျနိုင်တော့ပေ။ ထို့အပြင် ညီမဖြစ်သူ၏ ပြတ်သားသော အမူအရာကို ကြည့်ခြင်းအားဖြင့် မိဘနှစ်ပါးကို အသိပေးရန်လည်း အစီအစဉ် လုံးဝ မရှိမှန်း သိသာလှပေသည်။

ထိုအချက်ကိုတော့ ယဲ့ချန်းချင့် နားလည်ပေးနိုင်ပါသည်။ မိဘများက အသက်အရွယ်ရနေပြီဖြစ်၍ ထိုကဲ့သို့ အန္တရာယ်များသည့်နေရာသို့ ယဲ့ရှောင်ရှောင် သွားရောက်မည့်အကြောင်းကိုသာ သိသွားကြလျှင် စိုးရိမ်စိတ်များပြီး ကျန်းမာရေးထိခိုက်သွားနိုင်သည်။

သို့သော် ယဲ့ချန်းချင့် စည်းကမ်းသတ်မှတ်လိုက်သည်။

“အနောက်မြောက်ပိုင်းကို မဖြစ်မနေ သွားမယ်ဆိုလည်း အိမ်ကို လတိုင်း စာပို့ပေးရမယ်၊ နင့်ဆီက စာမရရင် အဖေနဲ့ အမေ့ကို ငါပြောပြလိုက်မှာနော်”

ဤသည်မှာ မိဘများကို လျှို့ဝှက်ပေးထားမည်ဟု ယဲ့ချန်းချင့် သဘောတူလိုက်ခြင်းပင်။

ယဲ့ရှောင်ရှောင်သည် အစ်ကိုဖြစ်သူကို တပ်သားတစ်ဦးပမာ အလေးပြုကာ အမိန့်နာခံလိုက်သည်။

“အမိန့်အတိုင်းပါ! တာဝန်ကို သေချာထမ်းဆောင်ပါ့မယ်”

ထိုစဉ် အပြင်မှ ကျန်းရွှယ်ဝင်လာသည်။

“ဘာတာဝန်တွေ ထမ်းဆောင်နေတာလဲ၊ မောင်နှမနှစ်ယောက် စကားကောင်းနေကြတုန်းလား”

“အစ်ကိုကြီးက အိမ်ကို စာတွေပုံမှန်ပို့ပေးဖို့ မှာနေတာပါ”

ကျန်းရွှယ်က ဝင်ပြောသည်။

“အိမ်မှာ ဖုန်းလည်းတပ်ထားပြီးပြီလေ၊ အရေးကြီးကိစ္စဆိုရင် ဖုန်းသာဆက်လိုက်ပါ၊ ကျန်တဲ့သူတွေကို ယောင်းမ ပြန်ပြောပြလိုက်မယ်”

ယဲ့ရှောင်ရှောင် အကြံတစ်ခု ရုတ်တရက် ရသွားသည်။

“အစ်ကိုကြီးလည်း လက်ကိုင်ဖုန်းတစ်လုံးလောက် ဝယ်သင့်တယ်နော်”

ယဲ့ချန်းချင့်: “အဲ့တာကြီးက ငါတို့ဒေသမှာ လိုင်းမမိလို့ သာမန်အိမ်သုံးဖုန်းလောက် သုံးရတာ အဆင်မပြေပါဘူး၊ နင့်တတိယအစ်ကို အဲ့တာကြီးကိုင်ပြီး ကြွားလုံးထုတ်နေတာကို မြင်ခဲ့လို့မလား”

“ဟုတ်တယ်၊ အခုဆို တတိယအစ်ကိုက အရမ်းဖက်ရှင်ကျနေပြီနော်”

ထိုစကားကို အိမ်ထဲဝင်လာသည့် ယဲ့ကျန်းကော်လည်း ကြားသွားသည်။

“အဲ့ဒီကောင်က အပြင်မှာ အလေလိုက်လို့ကောင်းနေတာ၊ အိမ်ကိုပြန်လာဖော်တောင် မရဘူး”

ယဲ့ကျန်းကော်၏ နှုတ်မှ အပြစ်တင်စကားဆိုနေသော်လည်း လက်တွေ့တွင်မူ သားဖြစ်သူကို အလွန်သတိရနေပါသည်။ လူကြီးပီပီ မိမိ၏ ခံစားချက်ကို ဝန်ခံဖို့ ရှက်ရွံ့နေခြင်းကြောင့်သာ။

All Chapters