← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

Chapter 274

ယဲ့ရှောင်ရှောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ပြန်ပြောလိုက်သည်။

“သိပါတယ်၊ အဲ့တာကြောင့်လည်း လီကျန်းနဲ့အတူသွားတာလေ”

လုဟန်ချွမ် သက်ပြင်းချမိသည်။

“တကယ်အန္တရာယ်နဲ့ ကြုံလာရရင် မိန်းကလေးနှစ်ယောက်တည်း ဘာလုပ်နိုင်မှာမို့လို့လဲ”

ထိုစကားကိုကြားပြီး လီကျန်းအနည်းငယ် ခံပြင်းသွားသော်လည်း လုဟန်ချွမ်ကိုတော့ သူမ ရန်ပြန်မတွေ့ရဲပေ။ ထို့ကြောင့် သခွားမွှေးသီးကို ပိုက်လျက် ခပ်ဝေးဝေးတွင်သာ သွားစားနေလိုက်တော့သည်။

ယဲ့ရှောင်ရှောင်သည် သခွားမွှေးသီးနောက်တစ်လုံးကို လုဟန်ချွမ်လက်ထဲ ထည့်ပေးလိုက်ပါသည်။

“ရှင်ပြန်ရင် ယူသွား၊ ကျွန်မတို့ အကုန်စားနိုင်မှာ မဟုတ်ဘူး”

လုဟန်ချွမ်: “ဘယ်နှလုံးတောင် ဝယ်လာတာလဲ”

ယဲ့ရှောင်ရှောင်က ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေလိုက်သည်။

“၄ လုံး!”

“သယ်ရမှာ ဘယ်လောက်လေးမလဲဆိုတာ ထည့်မတွက်ခဲ့ဘူးမလား”

ယဲ့ရှောင်ရှောင်သည် သူတစ်ပါး၏ အကြံပေးစကားကို အလွယ်တကူနားထောင်တတ်သူမဟုတ်မှန်း လုဟန်ချွမ် သိပါသည်။ ထို့အပြင် ဤနေရာသို့ သူမ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် ပတ်ဝန်းကျင်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးပေ။

ယဲ့ရှောင်ရှောင်ကို ခေတ္တအဖော်ပြုပေးပြီးနောက် လုဟန်ချွမ် သခွားမွှေးသီးကို ပိုက်လျက် ပြန်သွားခဲ့တော့သည်။

လုဟန်ခွမ်ပြန်သွားသည်နှင့် လီကျန်းက ချက်ချင်း ရောက်လာသည်။

“ရတယ် ရတယ်၊ နောက်တစ်ခါ အပြင်ထွက်စရာရှိရင် သူတို့စစ်ကားကြီးတွေပေါ် တက်လိုက်သွားကြတာပေါ့၊ အဲ့တာဆို ငါလည်း စက်ဘီးငှားစရာမလိုတော့ဘူး”

ယဲ့ရှောင်ရှောင်က မေးသည်။

“အစ်မ စက်ဘီးကို ဘယ်သူ့ဆီက ငှားလာတာလဲ”

လီကျန်း: “ညွှန်ကြားရေးမှူးကျောက်ဆီက ငှားလာတာ၊ ငါတို့လေးယောက်ထဲမှာ ညွှန်ကြားရေးမှူးတစ်ယောက်တည်းပဲ စက်ဘီးပိုင်တာလေ၊ ငါတို့ဆေးခန်းက ဘယ်လောက်ကောင်းလဲ မြင်ပြီလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။

ညွှန်ကြားရေးမှူးက ကိုယ်ပိုင်ယာဉ်ပိုင်ဆိုင်သည့် လူတန်းစားဖြစ်၍ အားလုံးထဲတွင် အခြေအနေအကောင်းမွန်ဆုံးဟု ဆိုနိုင်သည်။

ညနေစောင်းသောအခါ ယဲ့ရှောင်ရှောင်သည် မနက်က ဝယ်ယူလာသည့် ပစ္စည်းများကို‌ သေချာသိမ်းဆည်းလိုက်ပါသည်။ ဝံပုလွေသားရေနှစ်ခုကိုလည်း ယခုလောလောဆယ် အသုံးပြုဖို့ မလိုအပ်သေးသဖြင့် ခေတ္တ သိမ်းဆည်းထားလိုက်သည်။

သူမ ဝယ်ယူလာသည့် အဝတ်ဖိနပ်များကို စီးကြည့်ရာတွင် အလွန်လိုက်ဖက်နေပြီး အပေါ်ဘက်တွင်လည်း အလွန်လှပသော ပန်းထိုးလက်ရာများ ပါရှိသည်။

နောင်အနာဂတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါ ဤကဲ့သို့သော လက်မှုပစ္စည်းများသည် ကမ္ဘာလှည့် ခရီးသည်များ အကြိုက်တွေ့မည့် အမှတ်ရပစ္စည်းများ ဖြစ်လာနိုင်ပါသည်။

တစ်ရက်တာကို အတူတူဖြတ်သန်းခဲ့ပြီးနောက် သူမအပေါ်ထားရှိသည့် လီကျန်း၏ သဘောထားများ အနည်းငယ် ပြောင်းလဲသွားသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိခဲ့သည်။

ယခုအခါ အလုပ်အကိုင်များ၌ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသည့်အခါတွင် လီကျန်းမှာ ပိုက်ဆံတစ်ခုတည်းကိုသာ မကြည့်တတ်တော့ချေ။

ဆေးခန်းတွင် ယဲ့ရှောင်ရှောင်၏ တာဝန်များက ပေါ့ပါးလှပေသည်။ အားလပ်ချိန်များတွင် ဆေးစာအုပ်များ ဖတ်ရှုပြီး မှတ်စုများ ထုတ်ထားတတ်ပါသည်။

ထို့အပြင် ဤအခြေစိုက်စခန်းအတွင်း ကလေးထိန်းစင်တာတစ်ခု ရှိသည်ကိုလည်း ယဲ့ရှောင်ရှောင် သိရှိခဲ့ရသည်။ ပတ်ဝန်းကျင်တွင် ရံဖန်ရံခါ ကလေးငယ်များ ပြေးလွှားဆော့ကစားနေတတ်သည်ကို ယဲ့ရှောင်ရှောင် တွေ့မြင်မိပါသည်။

ထိုကလေးငယ်များ ဆေးခန်းဘက်သို့ ရောက်ရှိလာသည့်အခါ ယဲ့ရှောင်ရှောင်က သကြားလုံးများကျွေးကာ ချော့မြူတတ်သည်။

ထိုကလေးများသည် စခန်းတွင် တာဝန်ကျသည့် ဝန်ထမ်းများ၏ သားသမီးများဖြစ်ကြသည်။ ပုံမှန်အားဖြင့် မိဘများက အချိန်ပြည့် ဂရုမစိုက်နိုင်သော်လည်း ကလေးများက အလွန်လိမ္မာပါသည်။

ယဲ့ရှောင်ရှောင် သကြားလုံးများပေးလိုက်တိုင်း ကလေးများကလည်း သူမအတွက် လက်ဆောင်အချို့ ပြန်ယူလာပေးတတ်သည်။

အမှန်ပင်။ ယဲ့ရှောင်ရှောင်အတွက် လက်တွေ့အသုံးမဝင်သည့် ပစ္စည်းများသာဖြစ်ကြသည်။

ရံဖန်ရံခါ ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်ရှိသော ကျောက်တုံးလေးများဖြစ်တတ်ပြီး ရံဖန်ရံခါ မြက်ပင်များဖြင့် ရက်လုပ်ထားသည့် အကောင်ရုပ်လေးများ ဖြစ်နေတတ်သည်။

ထိုလက်ဆောင်များကို ရရှိသောအခါ ယဲ့ရှောင်ရှောင်သည် ဆေးခန်းအတွင်းရှိ စားပွဲပေါ်တွင် အလှတင်ထားတတ်ပါသည်။ အရုပ်ကလေးများ ပိုပိုများပြားလာသောအခါ ကြည့်ရသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပြီး ၂၁ ရာစု၏ Anime အရုပ် စုဆောင်းမှုနှင့်ပင် ဆင်တူနေတော့သည်။

မကြာမီ ကျိုးရှန့်ယန် ချုပ်ရိုးဖြေရမည့်နေ့သို့ ရောက်ရှိလာခဲ့ပါသည်။ ဒဏ်ရာကို ချုပ်ပေးခဲ့သူက ယဲ့ရှောင်ရှောင် ဖြစ်၍ ချုပ်ရိုးဖြေရမည့်အခါတွင်လည်း ကျိုးရှန့်ယန်သည် သူမထံသို့သာ ပြန်လာခဲ့လေသည်။

ကျိုးရှန့်ယန်နှင့်အတူ ကျမ့်လဲ့ယင်လည်း အတူလိုက်ပါလာသည်။

ယဲ့ရှောင်ရှောင်ကမေးသည်။

“ချုပ်ရိုးဖြေတာက လွယ်ပါတယ်၊ အဲ့အတွက်နဲ့ ဒီအထိတကူးတက လာခဲ့ကြတာလား”

ကျမ့်လဲ့ယင်က ယဲ့ရှောင်ရှောင်၏ နည်းစနစ်များကို အနီးကပ်ကြည့်ရှုချင်၍ လိုက်ပါလာခဲ့ရခြင်းသာဖြစ်ပါသည်။

ဗိုလ်မှူးလု၏ ဇနီးလောင်းလေးသည် စခန်းရှိ အရပ်သား ဆေးခန်းတွင် အလုပ်သင်ဝင်လုပ်နေပြီး အပ်စိုက်ပညာတွင် အထူးကျွမ်းကျင်သည့် တရုတ်တိုင်းရင်းဆေးပညာရှင်ဖြစ်သည်ဟူသော သတင်းများက စခန်းတစ်ခုလုံးတွင် ပြန့်နှံ့နေလေပြီ။

သုတေသနပညာရှင်အချို့ဆိုလျှင် ဆေးခန်းသို့ လာရောက်ကာ အပ်စိုက်ကုသမှု ခံယူပြီးနောက် သူတို့၏ ဇက်ကြောတက်သည့် ဝေဒနာများ သိသိသာသာ သက်သာသွားပြီး စိတ်များလည်း ကြည်လင်လန်းဆန်းလာသည်ဟု ဆိုကြပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်၏ အပ်စိုက်ကုထုံးကို လာရောက်စမ်းသပ်ချင်သည့်လူများ တဖြည်းဖြည်း များပြားလာခဲ့သည်။

ယဲ့ရှောင်ရှောင်ကလည်း အလွန်သဘောကောင်းလှပေသည်။ အဖျားရောဂါတစ်ခုခုကို ကုသပေးရခြင်း မဟုတ်သော်လည်း အပ်စိုက်ကုသမှုခံယူလိုသည့်လူတိုင်းကို သူမ ကုသပေးခဲ့ပါသည်။

ထိုသတင်းများကို ကြားပြီးနောက် ကျမ့်လဲ့ယင်တစ်ယောက် ရင်ထဲတွင် အလွန်ခံပြင်းသွားခဲ့ပြီး စိတ်ထဲ၌ အလိုလို နှိုင်းယှဉ်လာမိခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ရှောင်ရှောင်၏ ဆေးပညာစွမ်းရည်အစစ်အမှန်ကို သူမ ဖော်ထုတ်ချင်ပါသည်။

ကျိုးရှန့်ယန်ကိုလည်း ဤနေရာသို့ လာရောက်ဖို့ ကျမ့်လဲ့ယင်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယဲ့ရှောင်ရှောင်၏ စကားကိုကြားသောအခါ ကျိုးရှန့်ယန် ခေါင်းကုတ်လျက် ပြောလိုက်သည်။

“အဲ့လောက် လွယ်တယ်လား၊ ဒေါက်တာကျမ့်ပြောတာတော့ ဒေါက်တာယဲ့ရဲ့နည်းစနစ်တွေက အရမ်းအဆင့်မြင့်ပြီး ရှုပ်ထွေးတယ်တဲ့”

ယဲ့ရှောင်ရှောင်လည်း မတ်တပ်ရပ်ပြီး သူ့ကို လူနာခန်းထဲသို့သာ ခေါ်ဆောင်သွားခဲ့ရတော့သည်။

ဆေးပစ္စည်းကိရိယာများကို သေသေချာချာ ပိုးသတ်ပြီးနောက် ချုပ်ရိုးများကို စတင်ဖြတ်တောက်ပေးခဲ့ပါသည်။

ယဲ့ရှောင်ရှောင်၏ လှုပ်ရှားမှုများမှာ နူးညံ့သိမ်မွေ့သော်လည်း အလွန်ပင် မြန်ဆန်လှပေသည်။ ကျိုးရှန့်ယန် ဘာမှ မခံစားလိုက်ရချိန်တွင် ချုပ်ရိုးများအားလုံး ပြေသွားခဲ့လေပြီ။

“ဒေါက်တာယဲ့က အရမ်းတော်တာပဲ! ဘွဲ့တော်မရသေးဘူး ဒီလောက်ထူးချွန်နေတာ အံ့ဩစရာကောင်းလိုက်တာ!”

ယဲ့ရှောင်ရှောင် ကျိုးနွံစွာသာ ပြုံးပြလိုက်သည်။ သူမ၏ အနောက်တိုင်းဆေးပညာ ဗဟုသုတအချို့ကို အနာဂတ်မှ သင်ယူလာခဲ့ခြင်း ဖြစ်သည်။ ထိုအနာဂတ်တွင် ဆေးသိပ္ပံညာများက ယခုခေတ်ထက် လွန်စွာ အဆင့်မြင့်သဖြင့် အများနှင့်ယှဉ်လိုက်လျှင် ယဲ့ရှောင်ရှောင် သိသိသာသာ အားသာနေခဲ့ရပါသည်။

ကျမ့်လဲ့ယင်လည်း ချုပ်ရိုးဖြေသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ဤမိန်းကလေး၏ လက်များက ခွဲစိတ်ဓားကိုင်နိုင်လောက်သည့်အထိ တည်ငြိမ်လှသည်ကိုတော့ သူမ ဝန်ခံရပါမည်။

ကျမ့်လဲ့ယင် အသက်ဝဝ ရှူလိုက်ပြီး ယဲ့ရှောင်ရှောင်၏ ငြင်းမရအောင် လှပသည့် မျက်နှာလေးအား ငေးကြည့်လိုက်သည်။ လုဟန်ချွမ်တစ်ယောက် အဘယ်ကြောင့် ရူးရူးမူးမူး သဘောကျနေရမှန်း သူမ မြင်နိုင်ပါသည်။

“အားလုံးပြီးပါပြီ၊ ဒါပေမယ့် ပိုးသတ်တာကိုတော့ ပုံမှန်လေး လုပ်ပေးရမယ်နော်၊ ပြန်ရင် အိုင်အိုဒိုဖော ပိုးသတ်ဆေးတစ်ပုလင်း ယူသွားပြီး အနာကို နေ့တိုင်း ပိုးသတ်ပေးပါ”

ကျိုးရှန့်ယန်အား ယဲ့ရှောင်ရှောင် သေသေချာချာ ညွှန်ကြားလိုက်ပါသည်။

ယဲ့ရှောင်ရှောင်ကို အစစအရာရာအတွက် ကျေးဇူးတင်ပြီးနောက် ကျိုးရှန့်ယန် သုတ်သုတ်ပျာပျာ ထွက်လာခဲ့သည်။ ယနေ့စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ စခန်းသို့ လာရောက်ကြမည်ဖြစ်၍ သူနောက်ကျလို့မရပေ။

ကျိုရှန့်ယန် ထွက်သွားသော်လည်း ကျမ့်လဲ့ယင် မပြန်သေးသည်ကို ယဲ့ရှောင်ရှောင် သတိထားမိသွားသည်။

“တခြားကိစ္စရှိသေးလို့လား ဒေါက်တာကျမ့်”

ကျမ့်လဲ့ယင်က ခပ်ပါးပါးပြုံးကာ ပြောလိုက်သည်။

“‌ဆေးခန်းမှာ ဆေးပစ္စည်းတွေ သိပ်မစုံဘူးနော်၊ ဆေးဝါးတွေဘာတွေ လိုအပ်တာမျိုးရှိရင် တို့ဆီမှာ အချိန်မရွေး လာယူလို့ ရပါတယ်”

စစ်ဘက်ဆိုင်ရာ အဆောင်ဝင်းအတွင်းသို့ စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရောက်ရှိလာပြီး အစည်းအဝေး တက်ရောက်ခဲ့ကြသည်။ လုဟန်ချွမ်နှင့် ကျိုးရှန့်ယန်တို့ နှစ်ဦးစလုံးလည်း သူတို့အနားမှမခွာဘဲ တစ်ချိန်လုံး ဧည့်ခံခဲ့ကြရပါသည်။

ဤဒေသရှိ စစ်ဌာနချုပ်ရုံးမှာ အခြေစိုက်စခန်းနှင့် အတော်လေး ဝေးကွာလှသည်။

ခေါင်းဆောင်ကြီးနှစ်ဦးသည် ယခင် စစ်ဆင်ရေးများနှင့်ပတ်သက်၍ အကျဉ်းချုန်း လာရောက်သုံးသပ်ခြင်းဖြစ်ပြီး နောက်ထပ် စစ်ဆင်ရေးများအတွက်လည်း လမ်းညွှန်ချက်များ ချပေးခဲ့ပါသည်။

အစည်းအဝေးပြီးဆုံးသောအခါ နေ့တွင်းချင်းပြန်ဖို့ မဖြစ်နိုင်သဖြင့် စခန်း၌သာ ညစာစားသောက်ခဲ့ပြီး တစ်ညတာ တည်းခိုခဲ့ကြပါသည်။

နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ခေါင်းဆောင်ကြီးများက စခန်းတွင် မနက်စာ ထပ်မံစားသောက်ခဲ့ကြသည်။

ပုံမှန်အားဖြင့် ထမင်းစားဆောင်တွင် ပြဿနာမရှိတတ်သော်လည်း ယခုတစ်ခေါက် မနက်စာစားပြီးချိန်တွင် ခေါင်းဆောင်ကြီးနှစ်ဦးနှင့် တပ်သားအများအပြားတို့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း ဝေဒနာများကို စတင် ခံစားခဲ့ကြရသည်။

“အစာအဆိပ်သင့်တာဖြစ်နိုင်တယ်…”

ကျမ့်လဲ့ယင်သည် လူနာများကို စမ်းသပ်စစ်ဆေးပြီးနောက် ကောက်ချက်ချလိုက်ပါသည်။

အစားအသောက်မှ စတင်ဖြစ်ပွားသည့် ပြဿနာဖြစ်မှန်းတော့ သေချာသည်။

သို့သော် အဆိုးရွားဆုံး ပြဿနာမှာ လူတိုင်းကို ဆေးပုလင်းချိတ်မပေးဘဲ သောက်ဆေးများ ပေးမည်ဆိုလျှင်ပင် ဤမျှများပြားသော လူနာပမာဏအတွက် စခန်းတွင် ဆေးဝါးရိက္ခာလုံလုံလောက်လောက်မရှိပေ။

“အရပ်သားဆေးခန်းက ဆေးဝန်ထမ်းတွေကိုခေါ်လိုက်၊ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း အမြန်ဆုံး ပို့ဆောင်ပေးရမယ်”

ဤမျှကြီးမားသည့် ပြဿနာမျိုး ဖြစ်ပွားလာလျှင် လုဟန်ချွမ်သည် မြို့နယ်ဆေးရုံမှ အရေးပေါ် ဆေးဝါးအကူအညီများကို တောင်းခံနိုင်ပါသည်။

ယဲ့ရှောင်ရှောင်တို့ဘက်မှ အစားအသောက်များမှာမူ မည်သည့်ပြဿနာမှ မရှိပေ။

လီကျန်း၊ ယန်ကျွမ်းနှင့် ယဲ့ရှောင်ရှောင်တို့ ရောက်ရှိလာပြီး အစာအဆိပ်သင့်နေသည့် လူများစွာကို မြင်လိုက်ရသောအခါ အလွန်မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။

ထို့နောက် လုဟန်ချွမ်ဘက်သို့လှည့်ကာ ယဲ့ရှောင်ရှောင် မေးမြန်းလိုက်ပါသည်။

“အစာအဆိပ်သင့်တာဆိုရင် ရှင့်ကျတော့ ဘာလို့ဘာမှမဖြစ်တာလဲ”

လုဟန်ချွမ်က ရှင်းပြသည်။

“ကိုယ်တို့အားလုံး မနက်စာအတူတူစားခဲ့ကြတာ မှန်ပေမယ့် လူတိုင်းဖြစ်တာမဟုတ်ဘူး”

ကျိုးရှန့်ယန်က ဝင်ပြောသည်။

“ဟုတ်တယ်၊ ငါလည်း ဘာမှမဖြစ်ဘူး”

ယဲ့ရှောင်ရှောင်သည် ကျပန်းလူနာတစ်ယောက်ဆီ လျှောက်သွားလိုက်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ကာ မနက်စာ ဘာစားခဲ့ကြောင်း မေးမြန်းလိုက်ပါသည်။

“ပုံမှန်အတိုင်းပါပဲ၊ ဒါပေမယ့် ပဲနို့တစ်ခွက်စီတော့ ပိုသောက်ခဲ့ကြတယ်၊ ခေါင်းဆောင်ကြီးတွေ လာတာမို့လို့ ထမင်းစားဆောင်က အထူးစီစဉ်ပေးထားတာတဲ့…”

ထိုတပ်သားလေးမှာ မျက်နှာတစ်ခုလုံးဖြူရော်နေပြီး ဝမ်းဗိုက် အလွန်နာကျင်နေကာ ခန္ဓာကိုယ်ထဲ မည်သည့်ခွန်အားမှ မရှိတော့ဘဲ လှဲလျောင်းနေရပါသည်။

ယဲ့ရှောင်ရှောင်က ဆိုသည်။

“အဲ့ဒီ ပဲနို့ကြောင့်ဖြစ်နိုင်တယ်၊ ပဲနို့ကို ကျိုချက်တဲ့အခါမှာ မကျက်သေးဘဲ ကျက်တယ်လို့ ထင်ရတဲ့အချိန်မျိုး ရှိတတ်တယ်၊ သေသေချာချာ မကျိုချက်ထားတဲ့ ပဲနို့က အဆိပ်အတောက်ဖြစ်စေတယ်လေ”

လုဟန်ချွမ်လည်း သေသေချာချာစဉ်းစားကြည့်လိုက်ပြီးနောက် မည်သည့်ပဲနို့မှ မသောက်ခဲ့ကြောင်း သတိရသွားခဲ့ပါသည်။

ထမင်းစားဆောင် စားဖိုမှူးများက စေတနာဖြင့် စီစဉ်ပေးခဲ့ခြင်းဖြစ်သော်ငြား စေတနာမှ ဝေဒနာအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

လုဟန်ချွမ်သည် မြို့မှ ဆေးဝါးအချို့ သယ်ဆောင်ဖို့ တပ်သားများ စေလွှတ်ထားပြီးပြီဖြစ်သော်လည်း လက်ရှိ လူနာများ၏ အခြေအနေကို တည်ငြိမ်သွားအောင် ချက်ချင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပါသည်။

All Chapters