မောင်းမဆောင်က ထူးဆန်းသထက် ထူးဆန်းလာပြီ၊ ပြဿနာရဲ့ ရင်းမြစ်က (၂)
Vol. 6 Ch. 76
ယွီလုံကျောင်းတော်သို့ မိမိတို့ ဇနီးသည်များ သွားရောက်ခြင်း ခံရသည့် အရာရှိများသည်လည်း ခြောက်ခြား သွားကြသည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးတို့ လုံးဝ မလုပ်ရဲပါဘူး ဘုရား”
ယခင်က ဒေသန္တအရ နှိမ့်ချစော်ကားကဲ့ရဲ့တတ်လှသည့် စရိုက်ဆိုးများရှိသည်ဟု ဗြောင်ကျကျ ဖွင့်ချခြင်း ခံခဲ့ရဖူးသော အမတ်ကြီးများကလည်း မိမိတို့၏ ရင်ဘတ်များကို ဝက်ဝံတစ်ကောင်အလား အားပါးတရ ထု၍ အားကုန် ကျိန်ဆိုကြတော့သည်။
“ကျွန်တော်မျိုး ကောင်းကင်ဘုံကြီး တစ်ခုလုံးကို တိုင်တည်ပြီး ရဲရဲကြီး ကျိန်ဆိုရဲပါတယ် ဘုရား၊ ကျွန်တော်မျိုး လုပ်ခဲ့တာ လုံးဝ မဟုတ်ပါဘူး ဘုရား”
သံသယ အဖြစ်ခံရဆုံးဟု ခံစားနေရသော ကျီအန်း နယ်စားသည်လည်း မျက်ရည်ဝဲနေလေသည်။
“ကျွန်တော်မျိုး လုံးဝ မဟုတ်ပါဘူး ဘုရား၊ တကယ်ပါ ဘုရား… ဒါ ကျွန်တော်မျိုး လုပ်ခဲ့တာ လုံးဝ မဟုတ်ပါဘူး ဘုရား၊ သူက ကျွန်တော်မျိုးရဲ့ သားသမီး ရှစ်ယောက်စလုံးက ကျွန်တော်မျိုးရဲ့ သွေးသားအရင်းအခြာတွေ လုံးဝမဟုတ်ပါဘူး ဆိုတာကို ဖော်လိုက်ပင်မယ့် အဲဒီအချက်ကြောင့်ပဲ အနည်းဆုံးတော့ ကျွန်တော်မျိုး အမှောင်ထုထဲမှာ ဆက်ပြီး မရှိတော့ပါဘူး ဘုရား၊ ကျွန်တော်မျိုး သူ့အပေါ် ကျေးဇူးတင်နေတာပါ၊ ဝူးဝူး … ဝူးဝူး … တကယ်ကြီးကို ကျေးဇူးတင်နေတာပါ ဘုရား၊ ဒါကို ကျွန်တော် ဘယ်လိုလုပ် သူ့ကို မုန်းနိုင်မှာပါလဲ ဘုရား”
အိမ်ရှေ့စံ မင်းသား: “…”
နောက်ဆုံး၌ သူ နားလည်သွားလေပြီ။ ဤညီလာခံအတွင်း၌ ရှောင်ပိုင်ကျီ ရန်မစခဲ့မိသည့် အရပ်ဘက်၊ စစ်ဘက် အရာရှိ တစ်ယောက်မှပင် မရှိပေ။
အိမ်ရှေ့စံ၏ သွေးရင်း ညီအစ်ကိုများထဲမှ အငယ်ဆုံး ဖြစ်ပြီး နှစ်သစ်ကူး ဂါရဝပြုရန် အတွက် မြို့တော်ဆီသို့ ပြန်လည် ရောက်ရှိနေသည့် မင်းသားထန်သည် သူ၏ အစ်ကိုကြီးဖြစ်သူ အိမ်ရှေ့စံမင်းသား၏ အနီးနားသို့ ခပ်သွက်သွက် ကပ်လိုက်ရင်း တီးတိုးမေးမြန်းလိုက်သည်။
“အစ်ကိုတော်၊ ဒီလူက ခမည်းတော်ရဲ့ တရားမဝင် ကလေးများလား”
အိမ်ရှေ့စံ မင်းသားက ခပ်ပြင်းပြင်း သက်ပြင်းချ၍ ညည်းတွားလိုက်တော့သည်။
“အဲ့လိုဖြစ်ရင်တော့ အကောင်းသား”
ဤမျှ စိတ်ဝင်စားစရာကောင်းလှသော လူသားတစ်ဦး။ အကယ်၍ သူသာ မိမိ၏ ညီတော်တစ်ဦး ဖြစ်ခဲ့မည်ဆိုလျှင် နန်းတော်ကြီးတစ်ခုလုံး နေ့စဉ်နှင့်အမျှ အသက်ဝင်နေမည်မှာ အသေအချာပင်။ ဤအပြုအမူက တခြား မင်းသားများကို ပို၍ သိချင်စိတ် ဖြစ်လာစေ၏။ တစ်ချိန်တည်းမှာပင် ရှုရန်မြောင်က အဆောင်၏ ထောင့်စွန်း တစ်နေရာဆီတွင် ကုပ်ကုပ်လေး ထိုင်နေရင်းက မိမိ၏ စနစ်ဆီကနေ နောက်ကွယ်က အတင်းအဖျင်း အတွင်းသတင်း လျှို့ဝှက်ချက်မျိုးစုံကို အသည်းအသန် တရစပ် ဆွဲထုတ်ကာ ဖတ်ရှုစူးစမ်းလို့ နေတော့သည်။
[ဘာ… ဒါဆို တကယ်က …]
နန်းတွင်း အရာရှိကြီးများအားလုံးမှာ ဘေးနားက လုပ်ဖော်ကိုင်ဖက်များကို အလွန်အမင်း သတိကြီးစွာဖြင့် စိုးရိမ်တကြီး လိုက်လံစူးစမ်း စိုက်ကြည့်နေကြဆဲ ဖြစ်၏။
*ဘယ်သူလဲ*
*ဘယ်သူ ဖြစ်နိုင်မလဲ*
[လတ်စသက်တော့ တော်ဝင်မြေးတော်က ဒီပြဿနာကို တကယ်ကြီး သူ့စိတ်နဲ့သူ လုပ်တာပဲ]
[သူ့လက်အောက်ငယ်သားတွေကတောင် သူ့ကို ဒီလို မလုပ်ဖို့ အကြံပေးပင်မယ့် သူက ခေါင်းမာမာနဲ့ လုပ်တာပဲ]
အရာရှိကြီးများ: “…”
*ဒါဆိုရင် ဒါက တွက်ချက်ထားတဲ့ ထောင်ချောက် ဒါမှမဟုတ် ကောက်ကျစ်တဲ့ မဟာဗျူဟာအကွက်ကြီးရော မဟုတ်ဘူးပေါ့၊ ဒါက တကယ်ကြီးကို တော်ဝင်မြေးတော်ကိုယ်တိုင်က ဘာဦးနှောက်မျှမရှိဘဲ လုပ်တာပေါ့*
အိမ်ရှေ့စံမင်းသား၏ ပါးစပ်သည် ထိန်းမရအောင် တုန်ယင်သွားပြီး သူ၏ သားအကြီးဆုံးကို သတ္တဝါဆန်းကြီး တစ်ကောင်ကို ကြည့်နေဘိသကဲ့သို့ ကြည့်လိုက်မိသည်။
အိမ်ရှေ့စံ မြေးတော်: “…”
*ခမည်းတော်က ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ*
“မင်း …”
အိမ်ရှေ့စံ မင်းသားသည် သူ့ပခုံးကို ပုတ်၍ သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ သူသည် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“ထားလိုက်ပါတော့၊ ရူးတာလဲ သူ့နည်းသူ့ဟန်နဲ့ အကျိုးရှိတာပဲ”
အနည်းဆုံး မိဖုရားခေါင်ကြီးသည် သူ့အား အိမ်ရှေ့စံ မင်းသားအဖြစ် ဆက်ထားမည့် စိတ်ကူးကို စွန့်ပစ်လိုက်လောသည်။ ထို့အပြင် ဤမျှ တုံးအနေပါက တချိန်ချိန် သူ၏ ညီတော်မင်းသားများထဲက တစ်ဦးဦး ထီးနန်း စိုးစံမည့်အချိန် ရောက်လာပါက သူတို့သည် သူ့အား ကျွေးမွေးစောင့်ရှောက်ချင်စိတ် ရှိလောက်သည်။
တော်ဝင်မြေးတော်၏ မျက်နှာက နီရဲတက်လာ၏။
“ခမည်းတော်”
[မဟုတ်သေးပါဘူး၊ နေပါဦး၊ ရှိသေးတာပဲ … ကြည့်လိုက်ဦးမယ်၊ ဘုရား ဘုရား … ကျီပေ ဘုရင်က ပုန်ကန်ခြားနားဖို့ တိတ်တဆိတ် ကြံစည်နေတာပါလား]
တစ်ခန်းလုံး နောက်ထပ် ဖွင့်ဟချက်ကြီးကြောင့် စွန့်အသွားကြသည်။
[ဒါကြောင့်မို့လို့ ကျီပေမင်းသားရဲ့ ဆက်ဆံသူက အခုတစ်ခေါက် မြို့တော်ဆီကို လာခဲ့တာက အိမ်ရှေ့စံမင်းသားကို ထိခိုက်အောင် လုပ်ဖို့လား၊ သူ အောင်မြင်လုနီးပါးအထိကို ဖြစ်သွားခဲ့တာ]
[တော်ဝင်မြေးတော်ရဲ့ လုပ်ရပ်က သူ့ရဲ့ ကိုယ်ပိုင်စိတ်အလိုဆန္ဒသက်သက်နဲ့ လုပ်ဆောင်ခဲ့တာ မှန်ပေမဲ့လဲ ကျီပေဘုရင်ရဲ့ ဆက်ခံက ဒီအခြေအနေကို သိသွားလို့ ကိစ္စရပ်တွေ ပိုမိုပြီးတော့ ဆိုးရွား ကျယ်ပြန့် သွားစေဖို့ အတွက် နောက်ကွယ်ကနေ မသိမသာလေး အသာအယာ မြှောက်ပင့်တွန်းအားပေးခဲ့တာပါလား]
[သူက အိမ်ရှေ့စံမင်းသားက အားနည်းတဲ့ ခန္ဓာကိုယ် ရှိတာကို သိနေတယ် … ဒါမှမဟုတ် အသည်း ပြဿနာများလား၊ သေစမ်း … ငါ သွေးခုန်နှုန်း စမ်းသပ်ချက်တွေကို မဖတ်တတ်ဘူး၊ အအေးဒဏ်ကို လုံးဝ မခံနိုင်တာ၊ မကြာခဏဆိုသလို အစားအသောက် ပျက်တတ်တာ၊ ပြီးတော့ အကြိမ်အနည်းငယ်လောက် သွေးအန်တာ၊ ဒါက ဘာရောဂါကြီးလဲ၊ ငါ နားလည်နိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ ခန္ဓာကိုယ်တွင်း အပူလွန်ကဲတာဆိုတဲ့ အချက်ပဲ]
[ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားက စိတ်ဖိစီးမှုတွေကို ဘယ်လိုနည်းနဲ့မှ တောင့်ခံနိုင်စွမ်းမရှိဘူး၊ အကြံက တော်ဝင် မြေးတော်ကို အရှုပ်တော်ပုံတစ်ခု ဖန်တီးစေပြီး အဲဒီအပြစ်ကြောင့် သူ့ရဲ့ တရားဝင် ထီးနန်းဆက်ခံမယ့် အရိုက်အရာ နေရာကိုပါ အစအနမကျန် ဆုံးရှုံးသွားစေဖို့ပဲ၊ ဒီလိုလုပ်ရပ်က အိမ်ရှေ့စံမင်းသားကို အလွန်အမင်း ဒေါသထွက် စိတ်ထိခိုက် သွားစေပြီးတော့ သွေးအန်တဲ့အဆင့်အထိ ဖြစ်သွားစေမှာ၊ ဧကရာဇ်က စိတ်ပြိုလဲနေချိန်မှာ ကျီပေက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မှာ]
ဧကရာဇ်အိုကြီး၏ မျက်နှာက မည်းမှောင်သွားပြီး အိမ်ရှေ့စံမင်းသားကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ဖခင်ဖြစ်သူ၏ စိုက်ကြည့်ခြင်း ခံရသဖြင့် အိမ်ရှေ့စံ မင်းသားက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အူကြောင်ကြောင် ဖြစ်နေသည်။
*ဟမ် … ထီးနန်းကို ဆုံးရှုံးရတာက ငါ့ကို သွေးအန်စေတဲ့အထိ တကယ်ပဲ ဒေါသဖြစ်စေမှာလား*
သူသည် အခြေအနေကို စဉ်းစားပြီးနောက် သူ၏ အမူအရာက လျင်မြန်စွာ အေးစက်သွားသည်။
*ငါ ရာထူးပြုတ်မယ့်အရေးကို ကြားကနေ အမိအရ အသုံးချပြီးတော့ ငါ့ကို ကြိုးကိုင်ခြိမ်းခြောက်ဖို့ ရဲရဲတင်းတင်း ကြံစည်ရဲကြတယ်ပေါ့လေ၊ တကယ့်ကို ကောက်ကျစ်စဉ်းလဲလှတဲ့ ဦးနှောက်ပဲ၊ တကယ့်ကို ရက်စက်ယုတ်မာလှတဲ့ အကြံအစည်တွေပါလား*
[ဟားဟားဟား၊ ကျီပေဘုရင်က ဒါကို ကြံနေတာ နှစ်ချီနေပြီးတော့ အိမ်ရှေ့စံ မင်းသားကို သွေးအန်ပြီး သေတဲ့အထိတောင် ရန်စမိဖို့ မျှော်လင့်နေတာ၊ သူတို့က သူ့ကို အရင်က ဒေါသထွက်အောင် လုပ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပင်မယ့် အိမ်ရှေ့စံ မင်းသားကတော့ ဖြုံတောင် မဖြုံဘူး]
[သူတို့က သူက ကလေးမရနိုင်တဲ့ ကျိန်စာသင့်နေတယ်ဆိုတဲ့ ကောလာဟလတွေတောင် ဖြန့်ခဲ့ပြီးတော့ ဒါက ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးကို မကျေမနပ် ဖြစ်စေပြီး တခြား ဆက်ဆံသူကို စဉ်းစားလောက်တယ်လို့ ထင်နေတာ၊ အိမ်ရှေ့စံမင်းသားက စိတ်အနှောင့်အယှက် ဖြစ်ရုံပဲ ဖြစ်ခဲ့ပြီး ဧကရာဇ်ရဲ့ စိတ်အာရုံကို ပြန်လည် ဆွဲဆောင် နိုင်ဖို့အတွက် သခင်မဝမ်ကို နှင်းပွင့်တွေအလယ်မှာ ကပြဖို့ တိတ်တဆိတ် အကြံပြု လမ်းညွှန်ပေးခဲ့လိုက် သေးတယ်]
[သူက တခြား ကြင်ယာတော် သခင်မသွမ့်ကိုပါ ဧကရာဇ်မင်းကြီးက သန်မာထွားကျိုင်းတဲ့ အမျိုးသမီးတွေကို ပိုပြီးတော့ သဘောကျမြတ်နိုးတယ်ဆိုပြီး မိုးမလင်းမီ အရုဏ်တက်အချိန်ကတည်းက နေရာကနေ ထလျက် အလေးမ ကစားနည်းတွေကို လေ့ကျင့်ဖို့အတွက်ပါ တိတ်တဆိတ် သွားပြီး သင်ကြားပေးခဲ့သေးတာ၊ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ နန်းတွင်းမိဖုရားဆောင်ကြီးတစ်ခုလုံးအထိ ဘယ်လိုနည်းနဲ့မှ ထင်မှတ်မထားရလောက်အောင် ထူးဆန်း ဆန်းပြားလှတဲ့ ခေတ်ရေစီးကြောင်းဆန်းကြီးတစ်ခု ဗုန်းခနဲ ပေါ်ပေါက်လာခဲ့ရတာပေါ့]
[အချို့သော ကိုယ်လုပ်တော်တွေဆိုရင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ပြသချင်တာကြောင့် ထိုက်ယဲ့ရေကန်ရဲ့ ဘေးနားမှာ မတ်တတ်ရပ်ပြီး နန်းတွင်းကျင့်ဝတ်စည်းကမ်းဥပဒေတွေကို အသံကုန်ဟစ်ပြီးတော့ တတွတ်တွတ် လိုက်လံ ရွတ်ဖတ်နေကြတော့တာ၊ တချို့ကျပြန်တော့လဲ ဧကရာဇ်နဲ့ တစ်သားတည်းဖြစ်တဲ့ အကြိုက်ချင်း တူညီမှုကို မျှဝေခံစားနိုင်ဖို့ဆိုပြီး တစ်ရက်ကို သုံးကြိမ်တိတိ ကြက်သွန်ဖြူတွေကို ဇွတ်အတင်း စားသုံးဖို့ အကြံပြု လှုံ့ဆော်ခဲ့ကြသေးတာ၊ ကျန်ရှိနေတဲ့ ကိုယ်လုပ်တော်အချို့ကတော့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အခြေအနေကို လက်လျှော့လိုက်ကြပြီး မိမိတို့ စိတ်ကြိုက် ဂျင်ကစားတာ၊ ခရိုကေး ဘောလုံးရိုက်တာ ဒါမှမဟုတ် ပြဇာတ် ကပြ ဖျော်ဖြေတာစတဲ့ ဝါသနာအမျိုးမျိုးနောက်ကိုပဲ အရူးအမူး လိုက်ပါသွားကြတော့တာပေါ့]
ဧကရာဇ်အိုကြီး၏ ကျားတစ်ကောင်အလား စူးရှလှသော မျက်ဝန်းအစုံထဲတွင်မူ ခါးသီးလှသော မျက်ရည်များမှာ တဖြည်းဖြည်းနှင့် ဝဲဘက်လို့ လာခဲ့ရချေပြီ။ သူသည် ရင်ထဲကနေ တွေးတောနေမိတော့သည်။
*ပြီးခဲ့တဲ့ နှစ်တွေမှာ နန်းတွင်း မောင်းမဆောင်က အရမ်း ထူးဆန်းနေခဲ့တာ မဆန်းတော့ဘူးပဲ*
နန်းတွင်းထဲက မိဖုရားတွေက ဤမျှအထိ စိတ်ခြောက်ခြားစရာကောင်းအောင် ထူးဆန်းမနေခဲ့ကြဘူးဆိုလျှင် သူ့အနေဖြင့် တစ်ကြိမ်တည်း ဆုံတွေ့ဖူးရုံမျှနှင့် ချင်ကျန်းကို မိဖုရားဆောင်ထဲသို့ ခေါ်ဆောင်ရန် အလွန် စိတ်အား ထက်သန်နေခဲ့မည် မဟုတ်ပါ။ ကခုန်တတ်သည့် ညင်သာစွာ ပြောဆိုတတ်သော သာမန် အမျိုးသမီး တစ်ဦး။ သူမတွင် ယခင်က အချစ်ဇာတ်လမ်း ရှိခဲ့သည်ကလည်း ဘာဖြစ်သနည်း။ ယင်းက သာမန်ပင်။
မိဖုရားခေါင်ကြီးသွမ်တောင်မှ အိမ်ရှေ့စံမင်းသား၏ ကမောက်ကမ လမ်းညွှန်ချက်များကို မသိချင်ယောင် ဆောင်ထားခဲ့သည်။ သူမသည် သူမ၏ အသက်အရွယ်ကြောင့် ဧကရာဇ်နှင့်အတူတူ တစ်ခုတင်တည်း မျှဝေချင်စိတ် မရှိတော့ပေ။ အထူးသဖြင့် သူသည် ဟောက်တတ်လွန်း၏။
ဧကရာဇ်အိုကြီး: …
ဧကရာဇ်သည် အချုပ်အနှောင်ကွင်းထဲတွင် လမ်းပျောက်လျက် အသည်းကွဲနေရရှာသော ကျားအိုကြီး တစ်ကောင် အလား ရင်ထဲ၌ မအောင့်နိုင်တော့ဘဲ တကယ့်ကို အော်ဟစ်ငိုချလုမတတ် ဖြစ်သွားခဲ့တော့သည်။
[သူတို့တွေက တစ်ခါတုန်းကဆိုရင် အိမ်ရှေ့စံမင်းသားကို စိတ်တိုဒေါသထွက်စေဖို့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ ရှေ့တည့်တည့်မှာ ခြေထောက် မသန်စွမ်းသလိုမျိုး လမ်းကို ထော့နဲ့ထော့နဲ့နဲ့ လျှောက်ပြတဲ့ လုပ်ဇာတ်တွေကို တကူးတက ဖန်တီးပြခဲ့ကြသေးတယ်၊ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက ဒေါသထွက်ရမယ့်အစား ဘေးနားကနေ လက်ခုပ်လက်ဝါးတီးပြီးတော့ အားပါးတရ ချီးကျူးလိုက်သေးတာ၊ တော်တယ် ထပ်လုပ်စမ်းပါ၊ နောက်တစ်ကြိမ် ကျတော့လည်း သူတို့ဘက်က လူတစ်ယောက်က အိမ်သာထဲမှာ ပုံစံမမှန်ဘဲ ထိုင်ထလုပ်နေတာကို မြင်တော့— အိမ်ရှေ့စံမင်းသားက ဇွတ်အတင်း ဝင်ရောက်ပြီးတော့ ပုံစံအမှန်ဖြစ်အောင် လိုက်လံပြင်ဆင်ပေးခဲ့တာကြောင့် အဲဒီလူခမျာမှာ ဘယ်လောက်အထိ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလဲဆိုရင်ဖြင့် အိမ်သာကျင်းထဲအထိ ဇောက်ထိုး ဗုန်းခနဲ ပြုတ်ကျလုမတတ်အထိ ဖြစ်သွားခဲ့ရရှာတာ]
[သူတို့တွေက အိမ်ရှေ့စံမင်းသားရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ တရစပ် ဖြစ်ပေါ်လာစေဖို့အတွက်လဲ အခြားသော မင်းသားကြီးတွေက ခမည်းတော်ရဲ့ မျက်နှာသာပေးမှုကို အထူးရရှိနေကြပြီ ဖြစ်ကြောင်း သို့မဟုတ် မိမိတို့ အုပ်ချုပ်ရာ နယ်မြေအသီးသီးမှာ ကြီးမားလှတဲ့ အောင်မြင်မှု စွမ်းဆောင်ချက်ကြီးတွေကို တရစပ် ရရှိနေကြပြီ ဖြစ်ကြောင်း လျှောက်ပြီး သတင်းလွှင့်ခဲ့ကြသေးတာ၊ အချို့သော မင်းသားကြီးတွေဆိုရင် သားတွေ အများကြီးတောင် ထွန်းကားနေပြီ၊ သူကတော့ မရှိဘူးလို့တောင် ပြောသေးတာ]
[ဒါပေမဲ့ သူတို့ ဘယ်လို ကြိုးစားကြိုးစား အိမ်ရှေ့စံမင်းသားက ဘာကိုမှ ဂရုမစိုက်ဘဲ အမြဲတမ်း စိတ်အေး လက်အေးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး နေထိုင်ခဲ့တာ၊ တကယ်လို့သာ မိမိကိုယ်တိုင်အတွက် ပျော်ရွှင်စရာ ကိစ္စရပ်တွေကို ရှာဖွေမတွေ့ရှိခဲ့ဘူးဆိုရင်တောင်မှ သူတစ်ပါးရဲ့ အမူအရာတွေထဲကနေ ပျော်ရွှင်စရာ ဟာသအကွက်တွေကို မရမနေ ဆွဲထုတ်တတ်တဲ့လူမျိုး၊ သူဟာ သူ့ရဲ့ တရားဝင် နန်းတွင်းအလုပ်တာဝန်တွေဆိုရင် နောက်ဆုံးမိနစ် အချိန်အထိ ရောက်အောင်အထိ တမင်သက်သက် အချိန်ဆွဲပြီးမှ လုပ်ဆောင်တတ်ပေမဲ့ နန်းတွင်းထဲက ပျော်စရာ ကောင်းလှတဲ့ အရှုပ်တော်ပုံ ကောလာဟလတွေကို သွားရောက်ကြည့်ရှုဖို့အတွက်ဆိုရင် ဘယ်သူ့ထက်မဆို အလျင်အမြန်ဆုံး ရှေ့ဆုံးကနေ ပြေးထွက်သွားတတ်တာ၊ ဥပမာပြောရရင် လူတစ်ယောက်က မျိုးရိုးမြင့် တစ်ယောက်ကို ကီရင်တစ်ကောင်ကို ရွှေတုံးတွေနဲ့ လာရောင်းဖို့ လုပ်ဇာတ်ခင်း လိမ်လည်နေပါတယ်ဆိုတဲ့ ကိစ္စမျိုးကို သွားရောက် ချောင်းမြောင်းကြည့်ရှုဖို့အတွက်ဆိုရင်ဖြင့် ရှေ့ဆုံးကနေ အပြေးအလွှား သွားတတ်တာမျိုး]
[အိမ်ရှေ့စံမင်းသားက ဒေါသထွက်ပြီး သွေးအန်တာမျိုး မရှိခဲ့ပေမဲ့ ကျီပေ ဘုရင်ကတော့ အနည်းဆုံး သုံးကြိမ်၊ လေးကြိမ်မက သွေးအန်နေခဲ့ပြီ၊ အဲ့ဒါကြောင့် နှစ်သစ်ကူးပွဲကို လာဖို့ အားမရှိလို့ သူ့ကိုယ်စား သူ့သားကို မြို့တော်ကို အတင်း လာခိုင်းခဲ့တာပဲ]