← Chapters

အား … အရမ်း မိုက်တယ် (၂)

Vol. 6 Ch. 80

အား … အရမ်း မိုက်တယ် (၂)

Vol. 6 Ch. 80

တော်ဝင်မြေးတော်သည် စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လျှောက်တင်နေခဲ့သည်။

“ဒါဆိုရင် အခုချက်ချင်းပဲ ရှုရန်မြောင်ကို တစ်ခုခု ရေးခိုင်းလိုက်ပါ၊ ကျွန်တော်မျိုးတို့ ချက်ချင်း သိရမှာပါ၊ တကယ်လို့ သူက အဲဒီလက်ရေးအတိုင်း ထပ်တူထပ်မျှ ပြန်ရေးပြနိုင်တယ်ဆိုရင်တော့ ကျွန်တော်မျိုးဘက်က မတရား စွပ်စွဲခဲ့တာဆိုတာ ထင်ရှားပါတယ်၊ ကျွန်တော်မျိုး မကြာခင်ကမှ သူ့ရဲ့ ညာဘက်လက်နဲ့ ရေးထားတဲ့ လက်ရေး နမူနာတွေကိုလဲ စုဆောင်းထားပြီးသားပါ၊ အဲဒါက ဒီစာလိပ်ပေါ်က လက်ရေးနဲ့ ထပ်တူကျနေပါတယ် ဘုရား”

“ပြီးတော့”

တော်ဝင်မြေးတော်၏ လေသံမှာ ပိုမိုပြင်းထန်လာခဲ့သည်။

“သူက ‘အဝေးက မိတ်ဆွေတွေ လာလည်ရင် ဝမ်းသာစရာ မဟုတ်ပါလား’ ဆိုတဲ့ ကျမ်းစာစကားကိုတောင် မှန်အောင် မရွတ်နိုင်ပါဘူး၊ သူ ရွတ်ခဲ့တာက ‘အဝေးက မိတ်ဆွေတွေ လာလည်ရင် အကုန်အမြစ်ပြတ် သတ်ပစ်ရမယ်’ ဆိုပြီး ရွတ်ခဲ့တာပါ။ အဲဒီလိုလူမျိုးက ဘယ်လိုနည်းနဲ့များ ဒေသန္တရစာမေးပွဲ၊ ပြည်နယ်အဆင့် စာမေးပွဲ ဒါမှမဟုတ် မြို့တော်အဆင့် စာမေးပွဲတွေကို အောင်မြင်နိုင်မှာလဲ ဘုရား၊ သူ စာမေးပွဲမှာ သူ့ကိုယ်စား တခြားလူ တစ်ယောက်ကို အစားထိုး ဖြေဆိုခိုင်းခဲ့တာ သေချာပါတယ် ဘုရား”

ဤအချက်အလက်ကို တော်ဝင်မြေးတော်သည် ချွမ်ရင်ကျန်းနှင့် အခြားတစ်ဦးတို့၏ ရှုရန်မြောင်အကြောင်း ပြောဆိုနေသည့် စကားဝိုင်းထဲကနေ မတော်တဆ ကြားသိခဲ့ရခြင်း ဖြစ်သည်။ ထိုခေတ်က တော်ဝင် စာမေးပွဲခန်းမထဲတွင် ဘာဗွီဒီယိုကင်မရာမျှ ရှိမနေခဲ့တာကြောင့် သူ့အမြင်တွင်မူ ဤသို့ ကိုယ်စားဖြေဆိုသူ သုံးခဲ့ပါသည်ဟု စွပ်စွဲလိုက်ခြင်းကပင် ခိုင်မာလှသော အမှန်တရားကြီး ဖြစ်နေခဲ့တော့သည်။

[ငါတော့ သွားပြီ]

ရှုရန်မြောင် စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိတော့သည်။

ကျမ်းစာလေးစောင်နဲ့ ကျမ်းဂန်ငါးစောင်တဲ့လား။ သူ တကယ်ကို မရွတ်တတ်ပါ။ ထို့အပြင် စာရေးအရာရှိလေး ဖြစ်လာကတည်း သူ့အလုပ်က ဤကဲ့သို့သော ဗဟုသုတမျိုးတွေကို အသုံးချဖို့ မလိုအပ်ခဲ့ချေ။ သို့မဟုတ်ပါက သူသည် ဟိုးအရင်တုန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို သေလုမတတ် ကြိုးစားခဲ့ဖူးသည့် ဇွဲမျိုးဖြင့် ဤကျမ်းစာတွေကို မရမနေ အလွတ်ကျက်မှတ်ထားပြီးသား ဖြစ်ပေလိမ့်မည်။

[ဒါကို ရှင်းပြဖို့ နည်းလမ်း လုံးဝမရှိတော့ဘူး၊ ကြည့်ရတာ ငါတော့ ဘဝအစအနမကျန် ပျက်စီးတော့မယ် ထင်တယ်]

*မဖြစ်ဘူး*

ဧကရာဇ်အိုကြီးနှင့် နန်းတွင်းအမတ်ကြီးများအားလုံး ရင်ထဲ၌ တပြိုင်နက် ထိတ်လန့် တုန်လှုပ် သွားကြရသည်။

*တကယ်လို့ မင်း သေသွားခဲ့မယ်ဆိုရင် ငါတို့အားလုံး ဘယ်လိုနည်းနဲ့ ဆက်ပြီး ရှင်သန်နေထိုင်ရတော့မှာလဲ*

နှလုံးရပ်မတတ် ထိတ်လန့်သွားရသော ဆောက်လုပ်ရေးဝန်ကြီးချုပ်သည် ချက်ချင်းပင် ရှေ့သို့ တိုးထွက် ရပ်လိုက်သည်။

“တော်ဝင်မြေးတော်၊ အခုပြောတဲ့ ကိုယ်စားဖြေဆိုသူ သုံးခဲ့ပါတယ်ဆိုတဲ့ ကိစ္စအတွက် သေချာခိုင်မာတဲ့ သက်သေ အထောက်အထား ရှိပါသလား၊ ကျေးဇူးပြုပြီး တိုင်းပြည်အတွက် အကျိုးပြုနေတဲ့ လူကောင်းတစ်ယောက်ကို မတရားသဖြင့် လာရောက်မစွပ်စွဲပါနဲ့”

တော်ဝင်မြေးတော်သည် အံ့ဩလွန်းလှသဖြင့် မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးကျယ်သွားခဲ့ရသည်။

*ဒီရှုရန်မြောင်ဆိုတဲ့ကောင်က နောက်ကွယ်မှာ ဘယ်လိုမျိုး အဆက်အသွယ် အင်အားတောင့်တင်းတဲ့ ကျောထောက်နောက်ခံတွေ ရှိနေလို့လဲ၊ စာမေးပွဲ စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အရာရှိတွေက သူ့ဘက်ကနေ ကာကွယ်ပေးကြတာကတော့ ထားပါတော့၊ သူတို့မှာ အကျိုးစီးပွားချင်း ဆက်စပ် နေတာကိုး၊ ဒါပေမဲ့ အဆင့်မြင့် ဒုတိယတန်းစား အရာရှိကြီးဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးချုပ်ကပါ အောက်ခြေ အဆင့် နဝမတန်းစား စာရေးအရာရှိလေးတစ်ယောက်အတွက် တကူးတက ရှေ့ကနေ မတ်တတ်ရပ်ပြီး လိုက်လံကာကွယ်ပေးနေရတယ်လို့*

ချွမ်ရင်ကျန်းသည် တော်ဝင်မြေးတော်၏ အူကြောင်ကြောင် ဖြစ်နေသော အမူအရာကို သတိပြုမိသွားပုံရသည်။ သူသည် မိမိ၏ ထိုင်ခုံနေရာမှနေ၍ အေးအေးလူလူ ဖြည်းညှင်းစွာ ထရပ်လိုက်တော့သည်။ ဤသည်မှာ သူ၏ အသက်အရွယ်နှင့် ဂုဏ်သိက္ခာကြောင့် ဧကရာဇ်ကိုယ်တိုင် အထူးခွင့်ပြုပေးထားသော အခွင့်အရေး ဖြစ်ပေသည်။ သူသည် များသောအားဖြင့် နိုင်ငံရေးအုပ်ချုပ်မှု ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ မင်းဆက်ဟောင်း အပေါ် သစ္စာစောင့်သိသူများအပါအဝင် တိုင်းပြည်၏ ပညာရှင် အတတ်ပညာရှင်များကို နန်းတော်ဘက်က မည်မျှ အထိ လေးစားတန်ဖိုးထားသည်ဟူသော ပြကွက်သင်္ကေတအဖြစ်သာ နန်းတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။

တော်ဝင်မြေးတော်အနေဖြင့် ဤကဲ့သို့သော ဝါရင့်နိုင်ငံရေးသမားကြီးအရှေ့တွင် ရိုသေလေးစားစွာဖြင့် ဦးညွတ် ဂါရဝပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

သို့သော်လည်း ချွမ်ရင်ကျန်းသည် တော်ဝင်မြေးတော်ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ဧကရာဇ်ထံသို့သာ မျက်နှာမူလျက် အသာအယာ ဦးညွတ်ကာ လျှောက်တင်လိုက်တော့သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးက ရှုရန်မြောင်နှင့်အတူ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေခဲ့ဖူးပါတယ်၊ သူက တော်ဝင်စာမေးပွဲကြီးမှာ မတရားသဖြင့် ခိုးချမှုမျိုးကို လုပ်ဆောင်မယ့် လူစားမျိုး လုံးဝမဟုတ်ပါဘူး ဘုရား”

အတိအကျ ပြောရလျှင် ချွမ်ရင်ကျန်းသည် ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံကို မကြားခဲ့ရလျှင်ပင် ရှုရန်မြောင် ကဲ့သို့ ဖြူစင်ရိုးသားလှသော စိတ်နှလုံးရှိသူတစ်ဦးက စာမေးပွဲခိုးချမှုမျိုးကို လုပ်ရဲလိမ့်မည်ဟု ဘယ်တုန်းကမှ ယုံကြည်မည် မဟုတ်ပါ။

ဤလူသည် မိမိ၏ ရာထူးအာဏာကို အသုံးပြုပြီး ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဘယ်လိုနည်းနှင့် ဥပါယ်တံမျဉ် ဆင်ရမလဲဆိုသည်ကိုတောင် သိသည့်လူ မဟုတ်ပေ။

ရှုရန်မြောင်မှာမူ တစ်ချက်မျှ ကြောင်အမ်းသွားခဲ့ရ၏။

ထို့နောက်တွင်မူ ရုတ်တရက်ကြီး

[ရွှတ် … ရွှတ် … ရွှတ် … ဒီလောကကြီးထဲမှာ တကယ့်လူကောင်းသူကောင်းတွေ တကယ်ကြီး ရှိနေသေးတာပဲ၊ သမိုင်းစာအုပ်တွေထဲမှာ ရေးထားသမျှ နိုင်ငံရေးဂိုဏ်းဂဏ တိုက်ပွဲတွေနဲ့ နန်းတွင်းအကွက်ဆင် အာဏာလုမှုတွေ ဆိုတာ အပိုတွေချည်းပဲ၊ အခုကြည့်ရသလောက်တော့ နန်းတွင်းအမတ်ကြီးအများစုဟာ တရားမျှတမှုအတွက်ဆိုရင် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဝံ့ကြတာပဲ]

အမှန်တကယ်ပင် နေ့စဉ်နှင့်အမျှ နိုင်ငံရေးဂိုဏ်းဂဏတိုက်ပွဲများနှင့် နန်းတွင်းအာဏာလုမှု အရှုပ်တော်ပုံများထဲတွင် အဆုံးမရှိ ရုန်းကန်လှုပ်ရှားနေခဲ့ကြရသော နန်းတွင်းအမတ်ကြီးများသည် ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံကို ကြားလိုက်ရသောအခါ ရင်ထဲ၌ အပြစ်ရှိသလို ခံစားလိုက်ရကြသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးချင်း မဆုံမိစေရန် မသိမသာ ရှောင်လွှဲလိုက်ကြတော့သည်။

ထိုအခိုက်အတန့်တွင် နန်းတွင်းညီလာခံတစ်ခုလုံး၌ အလွန်အမင်း အိုးတိုးအန်းတန်း နိုင်လှသော တိတ်ဆိတ်မှုကြီး တစ်ခု လွှမ်းမိုးသွားခဲ့ရသည်။

သို့သော်လည်း တော်ဝင်မြေးတော်ကမူ ၎င်းတို့ကို လက်ရှိဆွေးနွေးနေသော အဓိကအကြောင်းအရာဆီသို့ ချက်ချင်းပင် ပြန်လည်ဆွဲခေါ်လိုက်တော့သည်။

“ဒီမင်းသားမှာ သေချာပေါက် သက်သေအထောက်အထား ရှိပါတယ်”

အမှန်တော့ သူ့လက်ထဲတွင် ဘာသက်သေမျှ မရှိချေ။ သို့သော်လည်း သူ အစောပိုင်းက တွေးတော ထားခဲ့သည့် အတိုင်း ထိုခေတ်က တော်ဝင်စာမေးပွဲခန်းမထဲတွင် ဘာဗီဒီယိုကင်မရာမျှ ရှိမနေခဲ့သည် မဟုတ်ပါလား။

တော်ဝင်မြေးတော်သည် ပြတ်သားလှသော လေသံဖြင့် ဗြောင်ကျကျ ကြေညာလိုက်တော့သည်။

“တော်ဝင်စာမေးပွဲကြီး မကျင်းပမီ သုံးရက်အလိုတုန်းက ရှုရန်မြောင်က ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဖြစ်တဲ့ စာစစ်မှူးချုပ် ဟယ်ပိုင်နဲ့ တိတ်တဆိတ် လျှို့ဝှက်တွေ့ဆုံခဲ့ပါတယ်၊ ဒီလို တွေ့ဆုံခဲ့ခြင်းကြောင့်ပဲ ဒုတိယဝန်ကြီး ကိုယ်တိုင်က ရှုရန်မြောင်ရဲ့ ကိုယ်စားဖြေဆိုသူ သုံးခဲ့တဲ့ ကိစ္စရပ်အပေါ်မှာ သိရက်နဲ့ မျက်ကွယ် ပြုပေးခဲ့တာ ဖြစ်ပါတယ်”

ဒုတိယ ဝန်ကြီး ဟယ်ပိုင်သည် နေရာမှာတင် မေ့လဲလုမတတ် ဖြစ်သွားလေသည်။

သူသည် ရှုရန်မြောင်နှင့် တစ်ခါမျှပင် ဆုံတွေ့ဖူးခြင်း မရှိခဲ့ချေ။ ယနေ့ ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံကို မကြားရမီအထိ ရှုရန်မြောင်ဆိုသည်မှာ ဘယ်သူဘယ်ဝါမှန်းပင် သူ လုံးဝသိရှိထားခဲ့ခြင်း မရှိပါချေ။ သူ လျှို့ဝှက် တွေ့ဆုံလေ့ရှိသည်ဆိုသည်မှာလည်း ရာထူးအဆင့်အတန်း မြင့်မားလှသော အခြားသော အမတ်ကြီးများနှင့်သာ ဖြစ်ပေသည်။ တော်ဝင်မြေးတော်သည် သူ့ကိုပါ ဘဝပျက်အောင် တမင်သက်သက် ဖျက်ဆီးဖို့ ကြံစည်နေ ခဲ့လေသည်။ စာမေးပွဲ ခိုးချမှုကို သိလျက်နှင့် မျက်ကွယ်ပြုပေးခဲ့သည်ဟူသော စွပ်စွဲချက်မျိုးသည် အနည်းဆုံး ရာထူးကနေ နုတ်ပယ်ခံရရုံတင်မက ကြီးလေးလျှင် သေဒဏ်အထိပင် အလွယ်တကူ ကျခံရနိုင်လောက်အောင် အလွန်အမင်း ပြင်းထန်လှပေသည်။

သို့သော်လည်း တော်ဝင်မြေးတော်မှာမူ ဘာတစ်ခုမျှ ဂရုစိုက်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် ဆက်လက်၍ လျှောက်တင်နေခဲ့သည်။

“ဒါတင်မကသေးပါဘူး၊ နောက်ထပ်…”

တော်ဝင်မြေးတော်သည် ထိုသို့ ကြံစည်မှုကြီး၏ နောက်ကွယ်တွင် နောက်ထပ် ပါဝင်ပတ်သက်နေပါသည်ဆိုသော အခြားသော နန်းတွင်း အရာရှိကြီးများစွာကိုပါ တစ်ယောက်ပြီး တစ်ယောက် အတင်းအဓမ္မ ဆွဲထည့်ကာ စွပ်စွဲ ပုတ်ခတ် လိုက်တော့သည်။ သူသည် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဘာတစ်ခုမျှ ငဲ့ညှာထောက်ထားခြင်း လုံးဝမရှိခဲ့ပေ။

ရှုရန်မြောင်သည် သူတို့ကို သနားဂရုဏာသက်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

[စိတ်မကောင်းပါဘူး၊ အခုအချိန်မှာ ငါ့ကိုယ်ငါတောင် မကယ်နိုင်ဘူး …]

ရှုရန်မြောင်သည် သူ၏ အတင်းအဖျင်းစနစ်ကို တရစပ် လှန်လှောဖတ်ရှုရင်း ရင်ထဲကနေ သက်ပြင်းချ လိုက်မိသည်။

အမှန်တော့ သူ့လက်ထဲတွင် တော်ဝင်မြေးတော်၏ အဓိပ္ပာယ်မရှိလှသော စွပ်စွဲချက်များကို အမှုန့်ခြေ ဖျက်ပစ် နိုင်မည့် ထိပ်တန်း အတွင်းသတင်းဆိုးများစွာ ရှိနေခဲ့ပေသည်။ သို့သော် ပြဿနာက ဤကဲ့သို့သော လျှို့ဝှက်ချက် အချက်အလက်များကို သူက ဘယ်လိုနည်းနဲ့ ရရှိခဲ့တာလဲဆိုတာကို ပြင်ပလောကအား ပြန်လည်ရှင်းပြဖို့ နည်းလမ်း မရှိခြင်းပင် ဖြစ်၏။

[တော်ဝင်စာမေးပွဲကြီး မကျင်းပမီ သုံးရက်အလိုတုန်းက ငါက စာစစ်မှူးချုပ်နဲ့ တိတ်တဆိတ် လျှို့ဝှက် တွေ့ဆုံခဲ့တယ် ဟုတ်လား၊ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာကြီး၊ အဲဒီနေ့ညတုန်းက ဒုတိယဝန်ကြီး ဟယ်ပိုင်က အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ပြီးတော့ စစ်သူကြီးရဲ့ စံအိမ်ဆီ သွားပြီး နေခဲ့တာလေ၊ ပြီးတော့ အဲဒီလူနှစ်ယောက်က …]

*သူတို့နှစ်ယောက်က ဘာဖြစ်လဲ*

နန်းတွင်းအမတ်ကြီးများအားလုံးသည် ၎င်းတို့၏ တည်ငြိမ်မှုများကို တစ်ခါတည်း လွှင့်ပစ်လိုက်မိကြပြီး ၎င်းတို့၏ မျက်ဝန်းအစုံမှာ အလွန်အမင်း အရသာရှိလှသော ဤထိပ်တန်းအတွင်းသတင်း အရှုပ်တော်ပုံကြီးကို ဆက်လက် ဖတ်ရှု စားသုံးချင်ဇောဖြင့် အရောင်တောက်လာခဲ့တော့သည်။

*ပြီးတော့ ဒုတိယဝန်ကြီး ဟယ်ပိုင်က အမျိုးသမီးလို ဝတ်ဆင်ခဲ့တာ ဟုတ်လား၊ တကယ့်ကို အရှုပ်တော်ပုံကြီးပဲ၊ ဒါဆို အဲဒီလူနှစ်ယောက်က နောက်ကွယ်မှာ တိတ်တဆိတ် ဖောက်ပြန်နေတာများလား*

စစ်သူကြီးခမျာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရပြီး ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံ ဆက်လက် ထွက်ပေါ် မလာစေရန်အတွက် အသက်လုလျက် အတင်းအဖျင်းဖြတ်ကာ အော်ဟစ် လျှောက်တင် လိုက်တော့သည်။

“အရှင်မင်းကြီး”

“အခု တော်ဝင်မြေးတော် တင်ပြခဲ့တဲ့ စာမေးပွဲခိုးချမှု သက်သေအထောက်အထားတွေဟာ အလွန်အမင်း စိတ်ပျက်စရာ ကောင်းလှတာ မှန်ပင်မယ့် ကျွန်တော်မျိုးအနေနဲ့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ နောက်ထပ် ကြီးမားလှတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်လို့ ယုံကြည်မိပါတယ်၊ ဒါကြောင့်မို့လို့ ဒီအမှုကို သေသေချာချာ ပြန်လည် စုံစမ်း စစ်ဆေးသင့်ပါတယ်၊ အထူးသဖြင့်… ရှု… ရှု… ရှုရန်မြောင်ရဲ့ ဝတ်စားဆင်ယင်ပုံ ကျင့်ဝတ်သိက္ခာဟာ ဘာအပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံလွန်းလှပါတယ်၊ ကိုယ့်ရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ဒီလောက် သေသေချာချာ ထိန်းသိမ်းတတ်တဲ့လူက ဘာဖြစ်လို့ ကိုယ့်ဂုဏ်သိက္ခာကို စွန်းထင်းခံပြီး ဖျက်ဆီးပါ့မလဲ ဘုရား”

တော်ဝင်မြေးတော်၏ မျက်နှာတစ်ခုလုံးမှာ ယခင်က ဧကရာဇ်၏ နန်းဆောင်တွင်း အိပ်ရာထက်က အမူအကျင့် ဆိုးများ အဖွင့်ခံလိုက်ရစဉ်တုန်းက ဧကရာဇ်၏ မျက်နှာစိမ်းတက် သွားခဲ့ရတာထက်ပင် ပိုမို၍ စိမ်းဖတ်လို့ သွားခဲ့ရတော့သည်။

*ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေကို ခင်ဗျားက ဘယ်လိုမျက်နှာပြောင်တိုက်ပြီးတော့များ ဗြောင်ကျကျ ထုတ်ပြောရဲရတာလဲ*

ထိုအခါမှပဲ ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံမှာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ရတော့သည်။

သူသည် ရင်ထဲ၌ လေသံပြောင်းလိုက်မိသည်။

[ကျေးဇူးတင်ပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ် စစ်သူကြီး၊ ခင်ဗျားက တကယ့်လူကောင်းပဲ]

စစ်သူကြီးသည်လည်း ရင်ထဲကနေ ခေါင်းကို တရစပ် ညိတ်လိုက်မိတော့သည်။

*မှန်တယ်၊ မှန်တယ်၊ ငါက လူကောင်းပါ၊ အဲဒီတော့ ငါနဲ့ ဒုတိယဝန်ကြီး ဟယ်ပိုင်ကြားက ကိစ္စတွေကို ဒီအတိုင်းပဲ ထာဝရ မြှုပ်နှံထားလိုက်ရ…*

[ကျွန်တော့်အသက်နဲ့ရင်းပြီး ကျိန်ဆိုရဲပါတယ်၊ ခင်ဗျားတို့နှစ်ယောက် ညဉ့်နက်သန်းခေါင်ယံမှာ လျှို့ဝှက် တွေ့ဆုံခဲ့ကြတာ၊ ပြီးတော့ ဧကရာဇ်က သူ့ရဲ့သွေးသောက် ညီနောင်တွေကို မယုံသင်္ကာ ဖြစ်နေတယ်လို့ သံသ ယဝင်ခဲ့ကြတာ၊ ဒါတင်မကဘဲ ဒုတိယဝန်ကြီး ဟယ်ပိကို အမျိုးသမီးဝတ်စုံ ဝတ်ဆင်ခိုင်းပြီး လှည့်ကွက်ဆင် ခဲ့ကြတာတွေကို ကျွန်တော် ဘယ်လိုနည်းနဲ့မှ အပြင်ကို ထုတ်ဖော်မပြောပါဘူး]

All Chapters