← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း (၃၁၇) ပညာတတ်လူငယ်မလေး၏ အလည်အပတ်ခရီး

“ကျိုးချွန်းယန်က ငါ့ကို ရှာနေတာလား…”

လီလန်သည် ခေတ္တမျှ ကြောင်အသွား၏။

သူသည် ကျိုးချွန်းယန်ကို မှတ်မိသည်။ သူမသည် လုအန်းနာ၏ အတန်းဖော်ဖြစ်ပြီး ရွှမ်းရွှေရွာရှိ ပညာတတ်လူငယ်ရုံးမှဖြစ်သည်။

သူမ၏ ပုံပန်းသဏ္ဍာန်မှာ သာမန်မျှသာဖြစ်ကာ လှပခြင်းလည်း မရှိ၊ ရုပ်ဆိုးခြင်းလည်း မရှိပေ။ အရပ်အနည်းငယ် ရှည်လျားပြီး ပိန်ပါးသောကြောင့် ခြေတံများမှာ ရှည်လျားသည်ဟု ထင်ရသည်။

လီလန်သည် ကျိုးချွန်းယန်နှင့် တစ်ကြိမ်သာ တွေ့ဖူးသည်။ လွန်ခဲ့သည့် နှစ်ရက်က သူလမ်းပြအဖြစ် ပညာတတ်လူငယ်အဖွဲ့ကို တောင်ပေါ်သို့ မှိုရှာရန် ခေါ်သွားစဉ်က ဖြစ်သည်။

"သူက ငါ့ကို ဘာလာလုပ်မှာလဲ..."

လီလန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ကျိုးချွန်းယန်အပေါ် သူ့တွင် ထူးခြားသည့် အမှတ်တရမရှိသလိုသူ တို့နှစ်ယောက်မှာလည်း အပြန်အလှန် ဆက်ဆံမှုမရှိသည့်အတွက် ယခုလို ရုတ်တရက် လာရောက်ရှာဖွေခြင်းမှာ ထူးဆန်းနေသည်။

"မသိဘူးဗျာ... ဒါပေမဲ့ ဒီနေ့ ကျွန်တော် အပြင်ထွက်တော့ ကျိုးချွန်းယန်က ကျွန်တော့်ကိုမြင်ပြီး ဘယ်သွားမလို့လဲလို့ မေးတယ်.. ကျွန်တော်လည်း ခင်ဗျားဆီ သွားမလို့လို့ ပြောလိုက်တော့ သူက ခင်ဗျားကို ပညာတတ်လူငယ်ရုံးဆီ လာခဲ့ဖို့ ပြောခိုင်းလိုက်တယ်… သူ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ်တဲ့..."

ရဲဘော်ကျန်းက ရှင်းပြသည်။

"အော်... အဲ့လိုလား..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ကိစ္စမရှိတော့ဘူး ရဲဘော်ကျန်း၊ ခင်ဗျား ပြန်တော့လေ..."

လီလန်သည် စာအုပ်ပိုးကောင် ရဲဘော်ကျန်းကို ပြန်လွှတ်လိုက်ပြီး အိမ်ဝိုင်းတံခါးကို ပိတ်လိုက်သည်။

သူသည် မဲ့ပြုံးပြုံးကာ တွေးလိုက်မိ၏။

"ဒီကျိုးချွန်းယန်ကတော့ တကယ့်ကိုပဲ…သူခေါ်တိုင်း ငါသွားရမှာလား... ငါ့မှာ ဂုဏ်သိက္ခာဆိုတာ မရှိဘူးလို့ ထင်နေတာလား..."

"လုအန်းနာက မင်းထက် ပိုလှတယ်၊ အရပ်ပိုရှည်တယ်၊ အသားပိုဖြူတယ်၊ မိသားစုကလည်း မင်းထက် ချမ်းသာသေးတယ်.. ဒါပေမဲ့ ငါ လုအန်းနာဆီ ပညာတတ်လူငယ်ရုံးကို တစ်ခါမှ သွားမရှာဖူးဘူး”

"ပြီးတော့ အဲ့ဒီအရာကလည်း မင်းထက် ပိုကြီးသေးတယ်"

"သူက အမြဲတမ်း ငါ့ဆီကို ကိုယ်တိုင် လာတတ်တာပဲ”

"မင်းက ဘယ်သူမို့လို့လဲ ကျိုးချွန်းယန်..."

ဤဖြစ်ရပ်အပြီးတွင် ကျိုးချွန်းယန်အပေါ် လီလန်၏ အမြင်မှာ မကောင်းပေ။ သူမကို ရူးသွပ်နေသည့် မိန်းမတစ်ယောက်ဟုသာ သူ သတ်မှတ်လိုက်သည်။

တစ်ဖက်တွင်။

ကျိုးချွန်းယန်သည် ပညာတတ်လူငယ်ရုံး၏ တံခါးဝတွင် ဟိုဒီလျှောက်သွားနေသည်။

"ကျိုးချွန်းယန်... မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

ရဲဘော်ကျန်းသည် ပညာတတ်လူငယ်ရုံး၏ ပင်မတံခါးဝတွင် ရပ်နေသော ကျိုးချွန်းယန်ကို မြင်သဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ရဲဘော်ကျန်းကို မြင်သည့်အခါ ကျိုးချွန်းယန်၏ မျက်နှာမှာ ဝင်းပသွား၏။

"စာအုပ်ပိုးကောင်... နောက်ဆုံးတော့ ပြန်လာပြီပဲ..."

စကားပြောနေရင်းပင် ကျိုးချွန်းယန်၏ မျက်လုံးများမှာ ရဲဘော်ကျန်း၏ နောက်သို့ အဆက်မပြတ် ငေးကြည့်နေသည်။

ရဲဘော်ကျန်း၏ နောက်တွင် ဘယ်သူမှ ပါမလာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးထဲမှ အရိပ်အယောင်များမှာ မှေးမှိန်သွားပြီး စိတ်ပျက်နေပုံကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။

"တပ်ဖွဲ့ခေါင်းဆောင်လီ မပါလာဘူးလား..."

ကျိုးချွန်းယန် မေးလိုက်သည်။

"မပါလာဘူး..."

ရဲဘော်ကျန်းသည် ပညာတတ်လူငယ်ရုံးသို့ ပြန်ရောက်သည်နှင့် စာဖတ်ရန် စာအုပ်ကို ထုတ်လိုက်သည်။

၎င်းမှာ လုရွှင်၏ "မိသားစု" ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

"နင် သူ့ကို မပြောလိုက်ဘူးလား..."

ကျိုးချွန်းယန် အနည်းငယ် ဒေါသထွက်နေပုံရသည်။

"ပြောလိုက်ပါတယ်..."

စာဖတ်နေသော ရဲဘော်ကျန်းသည် ခေါင်းပင် မမော့ဘဲ စာအုပ်ကိုသာ စိုက်ကြည့်နေသည်။

"ဒါဆို ဘာလို့ တပ်ဖွဲ့ခေါင်းဆောင်လီ မလာတာလဲ..."

ကျိုးချွန်းယန်က စဉ်းစားနေမိသည်။

"ဘယ်သူသိမှာလဲ၊ တပ်ဖွဲ့ခေါင်းဆောင်လီ ဒီနေ့ အလုပ်များနေလို့ ဖြစ်မှာပေါ့..."

ရဲဘော်ကျန်းက သာမန်မျှသာ ပြန်ပြောလိုက်သည်။

သူ၏ စိတ်ထဲတွင်မူ "ဒီကျိုးချွန်းယန်ကတော့ ယုံကြည်ချက်တွေ အရမ်းလွန်ကဲနေတယ်။ တပ်ဖွဲ့ခေါင်းဆောင်လီကို တွေ့ချင်ရင် ကိုယ်တိုင်သွားပေါ့၊ သူက လာခိုင်းနေသေးတယ်။ ဒါက ဘယ်လို စကားမျိုးလဲ” ဟု တွေးနေမိ၏။

ကျိုးချွန်းယန်ကို တစ်ချက်လှမ်းကြည့်ပြီး ရဲဘော်ကျန်း ခေါင်းခါလိုက်သည်။

ပညာတတ်လူငယ်ရုံးတွင် အတူနေကြသော်လည်း သူတို့အားလုံးမှာ ကိုယ်ပိုင် အကြံအစည်များ ရှိကြသည်။ ရှေးစကားအတိုင်း 'လမ်းခရီးရှည်မှ မြင်းရဲ့စွမ်းအားကို သိရသလို၊ အချိန်ကြာမှ လူရဲ့စိတ်ထားကို သိရသည်' ဆိုသလိုပင်။

အမိုးအကာအောက်တွင် အတူနေလာသည်မှာ ကြာပြီဖြစ်၍ ကျိုးချွန်းယန်ကဲ့သို့သော သူများ၏ စိတ်နေစိတ်ထားကို ရဲဘော်ကျန်း ကောင်းကောင်း သိထားသည်။

ကျိုးချွန်းယန်ကိုကြည့်ရင် သူမက မကောင်းတဲ့လူတော့ မဟုတ်ဘူး၊ လူမှုဆက်ဆံရေးမှာ တက်ကြွပေမဲ့ သူမမှာ အားနည်းချက်တွေ ရှိတယ်။ အတ္တကြီးပြီး မင်းသမီးလေးစိတ်ထားမျိုး ရှိနေတတ်တယ်။

ကျိုးချွန်းယန်က ယနေ့ တပ်ဖွဲ့ခေါင်းဆောင်လီဆီ စကားပါးခိုင်းတာကို ရဲဘော်ကျန်း အစကတည်းက မလုပ်ချင်ခဲ့တာပင်။

*ပညာတတ်လူငယ်ရုံးက တပ်ဖွဲ့ခေါင်းဆောင်လီအိမ်နဲ့ နီးနီးလေးပဲ၊ ကျိုးချွန်းယန် ကိုယ်တိုင် လမ်းလျှောက်သွားလို့ မရဘူးလား... ငါ့ကို စကားပါးခိုင်းတာက ငါ့ကို အစေခံလို သဘောထားနေတာလား…*

မည်သို့ပင်ဖြစ်စေ ဒီမိန်းကလေးအတန်းဖော်တွေထဲမှာ ရဲဘော်ကျန်းက လုအန်းနာနဲ့ ဆရာမတုံယွီရှူတို့နဲ့သာ ပိုပေါင်းသင်းချင်သည်။ ကျိုးချွန်းယန်နှင့် ဝမ်ယန်တို့ကိုတော့ သူ အရေးမထားပေ။

သူတို့နှင့် တွေ့တိုင်း သူသည် ငြိမ်းချမ်းမှုကို ရှာဖွေရင်း စာဖတ်ဖို့ နေရာရှာတတ်သည်။

သူနှင့် အခန်းဖော် ချီကန်းမိန်ဆိုရင်လည်း ထူးဆန်းပြီး အေးစက်လွန်းသည်။ တစ်နေ့မှာ စကားနည်းနည်းလေးပဲ ပြော၏။

အိပ်ခါနီးမှာလည်း စကားစမြည်မပြောပေ။ ချီကန်းမိန်က အလုပ်ပြီးတာနဲ့ ရေချိုးပြီး အိပ်စက်သွားတတ်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်ကပဲ ကောင်း၏။

ရဲဘော်ကျန်းက ငြိမ်းချမ်းတာကို ကြိုက်ပြီး လူတွေနဲ့ ဆက်ဆံတာကို သိပ်မနှစ်သက်ပေ။

သူက စာဖတ်ရတာကိုပဲ မြတ်နိုး၏။ တရုတ်စာအုပ်တွေရော နိုင်ငံခြားစာအုပ်တွေပါ ဖတ်ရတာကိုပဲ သဘောကျသည်။

"ဒါပေမဲ့ တပ်ဖွဲ့ခေါင်းဆောင်လီကတော့ ကောင်းတဲ့လူပါ… ငါတို့ စကားပြောလို့ရတယ်၊ တူညီတဲ့ ခေါင်းစဉ်တွေ ရှိတယ်..."

စာဖတ်နေသော ရဲဘော်ကျန်းသည် သက်ပြင်းချလိုက်သည်။

"တပ်ဖွဲ့ခေါင်းဆောင်လီရဲ့ ဝတ္ထု ဘယ်တော့များ ပြီးမလဲ..."

ရဲဘော်ကျန်းက စောင့်မျှော်နေရင်း တွေးလိုက်မိသည်။

သူ စာအုပ်ကို ချလိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ပညာတတ်လူငယ်ရုံး တံခါးဝမှာ ဟိုဒီလျှောက်သွားနေသည့် ကျိုးချွန်းယန်မှာ ဘယ်အချိန်ကတည်းက ပျောက်သွားမှန်း မသိတော့ပေ။

ရဲဘော်ကျန်းက တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းကာ စာအုပ်ကို ဆက်လက် ဖတ်ရှုနေတော့၏။

လီလန်သည် သူ၏အခန်းသို့ ပြန်လာပြီး ကန်းအိပ်ရာပေါ်တွင် ထိုင်လိုက်သည်။

သူသည် ခေါင်းကို ငုံ့ကာ ကန်းစားပွဲပေါ်ရှိ စာရွက်တစ်ရွက်ကို ကြည့်လိုက်သည်။

စာရွက်ပေါ်တွင် မဂ္ဂဇင်းတိုက်များသို့ တင်သွင်းရမည့် လိပ်စာအချို့ကို ခဲတံဖြင့် ရေးထားသည်။

သူတို့အားလုံးမှာ အရှေ့မြောက်ပိုင်းရှိ နာမည်ကြီး မဂ္ဂဇင်းကြီးများ ဖြစ်ကြပြီး နာမည်ကျော် စာရေးဆရာများစွာကို မွေးထုတ်ပေးထားသည်။

"ဘယ်တစ်ခုကို တင်သွင်းရမလဲ..."

"ထားလိုက်ပါတော့ မဂ္ဂဇင်းတချို့ကို ရွေးပြီး တင်သွင်းလိုက်မယ်"

လီလန်သည် အလွန်အမင်း စဉ်းစားရမှာ ပျင်းနေသည်။ အားလုံးမှာ ဝတ္ထုမဂ္ဂဇင်းများသာဖြစ်၍ ဘယ်မှာ တင်သွင်းသည်ဖြစ်စေ အရေးမကြီးပေ။

အားလုံးမှာ တစ်ထောင်လျှင် တစ်ယူခိုင်နှုန်းပေးကြပြီး ဈေးနှုန်းမှာလည်း အတူတူပင် ဖြစ်သည်။

စဉ်းစားပြီးနောက် လီလန်သည် "မြောက်ပိုင်းစာပေ"၊ "အရှေ့မြောက်ပိုင်းစာပေ" နှင့် "ဂျင်ဆင်းပန်း" ဟူ၍ မဂ္ဂဇင်းသုံးခုကို ရွေးချယ်ကာ လက်ရေးမူများ ရေးသားတင်သွင်းရန် ဆုံးဖြတ်လိုက်သည်။

ယေဘုယျအားဖြင့် မဂ္ဂဇင်းများသို့ တင်သွင်းရမည့် လက်ရေးမူများတွင် အမျိုးအစားအချို့ ရှိသည်။

၁။ ဝတ္ထု

၂။ အက်ဆေး

၃။ ကဗျာ

၄။ မှတ်တမ်းတင်ရုပ်ပုံလွှာ

အမျိုးအစားတစ်ခုချင်းစီမှာ ကွဲပြားပြီး တစ်ထောင်လျှင် ပေးသောနှုန်းထားမှာလည်း ကွဲပြားသည်။

ယုတ္တိဗေဒအရ လီလန်သည် "ထိပ်တန်း စာပေပညာရှင်အရည်အချင်း" ကို ရရှိထားသဖြင့် မည်သည့်မူကိုမဆို ရေးသားနိုင်သည်။ ကဗျာဖြစ်စေ၊ မှတ်တမ်းတင်ခြင်းဖြစ်စေ သူ အလွယ်တကူ ရေးနိုင်သည်။

သို့သော် သေချာစဉ်းစားပြီးနောက် လီလန်သည် ဝတ္ထုရေးသားရန် ဆုံးဖြတ်လိုက်သည်။

အကြောင်းရင်းမှာ ရိုးရှင်းသည်၊ ဝတ္ထုမှာ စာလုံးရေ များပြီး တစ်ယူနစ်ဈေးနှုန်းမှာလည်း သင့်လျော်သည်။

အားလုံးမှာ ငွေကြေးအတွက်သာ ဖြစ်သည်။

ငွေပိုရမည့်အရာကိုသာ ရေးရမည်။

ဤသည်က အရမ်းရိုးရှင်း၏။

တင်သွင်းမည့် မဂ္ဂဇင်းများကို ဆုံးဖြတ်ပြီးနောက် လီလန်သည် ဗီရိုထဲမှ လေ့ကျင့်ခန်းစာအုပ်နှင့် ခဲတံကို ထုတ်လိုက်သည်။

ဤခေတ်တွင် မဂ္ဂဇင်းများ၌ တင်သွင်းရမည့် စာရွက်စာတမ်းများအတွက် သီးသန့်လိုအပ်ချက် မရှိပေ။ ဖတ်ရလွယ်ကူပြီး လက်ရေးရှင်းလင်းနေသရွေ့ တင်သွင်းနိုင်သည်။

သူ၏ စာပေစွမ်းရည်အပြင် လီလန်သည် လက်ရေးလှများကိုလည်း ရေးသားနိုင်သည်။

"ဘာအကြောင်းအရာ ရေးရမလဲ..."

လီလန်သည် စာရွက်ကို ခင်းလိုက်ပြီး ခဲတံဖျားကို ကိုက်လျက် စဉ်းစားနေသည်။

သူသည် ထိပ်တန်းစာပေအရည်အချင်းကို ပိုင်ဆိုင်ထားသော်လည်း သူရေးချင်တာကို လွတ်လပ်စွာ ရေး၍ မရပေ။

ဝတ္ထုများအတွက် ဘဝအတွေ့အကြုံနှင့် စိတ်ကူးဉာဏ် လိုအပ်သည်။

အချိန်၊ နေရာနှင့် လူတို့မှာ မရှိမဖြစ် လိုအပ်သည်။

ဟဲမင်ဝေးသည် "အဘိုးအိုနှင့် ပင်လယ်" ကို ရေးသားစဉ်က သူကိုယ်တိုင် ကြားခဲ့ရသည့် ပုံပြင်ကို စိတ်ကူးဉာဏ်အဖြစ် အသုံးပြုခဲ့သည်။

"ရပြီ၊..အမဲလိုက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ပုဒ် ရေးမယ်"

သူသည် အငြိမ်းစားအဘိုးအိုတစ်ဦး အမဲလိုက်ခြင်း၊ ကျားသစ်များနှင့် တိုက်ခိုက်ခြင်း၊ အရှေ့မြောက်ပိုင်း၏ ဓလေ့ထုံးစံများနှင့် အမဲလိုက် ယဉ်ကျေးမှုကို မိတ်ဆက်ပေးမည့် ပုံပြင်တစ်ပုဒ်ကို ရေးသားမည်။

မည်သို့ပင်ဖြစ်စေ ဤခေတ်တွင် တော်လှန်ရေး အရိပ်အယောင်ပါသော စာပေလက်ရာများမှာ စွဲဆောင်မှုရှိပြီး အမှားအယွင်း မရှိပေ။

ခေါင်းစဉ်နှင့် စိတ်ကူးရပြီးနောက် လီလန်သည် ကန်းစားပွဲပေါ်တွင် ဝတ္ထုကို တစ်လုံးချင်းစီ ရေးသားနေလိုက်သည်။ စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးနေသည့် အသံမှာ တရှပ်ရှပ် ထွက်ပေါ်နေသည်။

သူသည် ဝတ္ထု၏ စာလုံးအနည်းငယ်ကိုသာ ရေးရသေးချိန်၊ အိမ်ဝိုင်းအပြင်ဘက်မှ မိန်းကလေးတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။

"တပ်ဖွဲ့ခေါင်းဆောင်လီ... အိမ်မှာလား..."

ထိုအသံကို ကြားလိုက်ရသည့်အခါ လီလန် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအသံကို အလွန်ရင်းနှီးနေသည်။

သူသည် မိနစ်အနည်းငယ်ကပင် စာအုပ်ပိုးကောင် ရဲဘော်ကျန်းနှင့် သူမအကြောင်း ပြောနေခဲ့သည့်

ကျိုးချွန်းယန်…

All Chapters