← Chapters

အိမ်ပြန်ခရီး (၁)

Vol. 72 Ch. 1140

အိမ်ပြန်ခရီး (၁)

Vol. 72 Ch. 1140

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး “ငါတို့ ပိုပြီးသတိထားဖို့ လိုမယ့်ပုံပဲ”

ရထားအပြင်ဘက် သွေးနီရောင်လွှမ်းနေသော မြူထုထဲမှ လမ်းလျှောက်သံများ၊ တွားသွားသံများကဲ့သို့ တရှပ်ရှပ်အသံများထွက်ပေါ်လာသည်။ စက်သေနတ်သံကြောင့် ဆွဲဆောင်ခံလိုက်ရသည့် သန္ဓေပြောင်းဖုတ်ကောင်အချို့သည် သွေးမြူထဲမှနေ၍ ကိုယ်ကိုကိုင်းညွတ်ကာ ချဉ်းကပ်လာကြသည်။ အရေအတွက်အားဖြင့် နှစ်ဆယ် သုံးဆယ်ခန့်ရှိပြီး အရပ်မျက်နှာအနှံ့မှ စုရုံးလာခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လင်းရှန်လည်း ၁၁၃၀ စနစ်နှင့် လျှပ်စစ်သံလိုက်အမြောက်တို့၏ ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကို ပိတ်လိုက်သည်။ ထို့နောက် လေဆာလက်နက်များကို သုံး၍ အသံတိတ်နှိမ်နင်းရန် လျှပ်စီးလင်းယုန် ဒရုန်းအစင်းရေများစွာကို စေလွှတ်ဖို့ ပြင်ဆင်လိုက်၏။ သို့သော် ထိုခဏ၌ပင် လျှပ်စစီးလင်းယုန်ဒရုန်းများ၏ လေဆာတန်းများသည် ထိုဖုတ်ကောင်များပေါ်ရှိ ဇီဝစွမ်းအင်ဒိုင်း၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး မည်သည့်ထိခိုက်မှုမျှ မရှိသည့်အပြင် ထိုသန္ဓေပြောင်းဖုတ်ကောင်များကိုပါ ဒေါသဆွပေးသလိုဖြစ်သွားကြောင်း သူ သတိပြုမိလိုက်သည်။

ထိုအထဲမှ ထူးဆန်းသောလက်တံများ ဖုံးလွှမ်းနေသည့် သန္ဓေပြောင်းဖုတ်ကောင်အနည်းငယ်သည် ၎င်းတို့၏ လက်တံများကို မီတာဆယ်ဂဏန်းအထိ ရုတ်တရက်ဆန့်ထုတ်လိုက်ကြသည်။ ထိုလက်တံများသည် သွေးနီရောင်မြူများကို ဆန်းကြယ်စွာ ဖြတ်သန်းကာ လေထုထဲသို့ ထိုးထွက်လာပြီး လျှပ်စီးလင်းယုန် ၂၀၀၀ ဒရုန်းအချို့ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်တော့သည်။

“ဒါက…”

လင်းရှန်လည်း အံ့အားသင့်သွားပြီး အခြေအနေကို ဖြေရှင်းရန်အတွက် Iron Man နှင့် Dragon Girlကို ထပ်မံစေလွှတ်ဖို့ စိတ်ကူးလိုက်စဉ် ကီကီက သူ၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။

“ကျွန်မ ရှင်းလိုက်မယ်… ရှင့်အကွက်တွေက ဆူညံလွန်းတယ်”

ကီကီက ချက်ချင်းပင် ရှေ့သို့ တက်လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် ခရမ်းရောင်လျှပ်စီးများ လက်ခနဲဖြစ်သွားသည်။ အနန္တရထားတစ်ခုလုံးကို လွှမ်းခြုံထားသည့် စိတ်စွမ်းအင်နယ်ပယ်သည် ဗလာနယ်တစ်ခုအဖြစ်သို့ ချက်ချင် ပြောင်းလဲသွား၏။ နောက်တစ်စက္ကန့်တွင် ရထားအပြင်ဘက်ရှိ သန္ဓေပြောင်းဖုတ်ကောင်များသည် ကြီးမားလှသော ညှစ်ချေသတ်ဖြတ်ခြင်းစွမ်းအားအောက်၌ ဘာအသံမျှထွက်မလာဘဲ ဖုန်မှုန့်အဖြစ်သို့ ပျက်စီးသွားကြတော့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံး၏ Silent ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင်။

လင်းရှန်လည်း ကီကီကို အံ့ဩတကြီးကြည့်လိုက်မိသည်၊၊

“မင်းရဲ့ စိတ်စွမ်းအားက ဒီလောက်တောင် အားကောင်းသွားတာလား”

လင်းရှန်၏ အမြင်တွင် ကီကီ၏ ယခုလှုပ်ရှားမှုသည် ယခင်က ဖိအားပေးခြင်း သို့မဟုတ် တုန်ခါလှိုင်းများဖန်တီးခြင်းစသည့် နည်းလမ်းများနှင့် လုံးဝကွဲပြားခြားနားနေသည်။ စောစောက ထိုအမဲလိုက်သတ္တဝါကို မမြင်ရဘဲ ထိန်းချုပ်လိုက်ခြင်းအပါအဝင် အာကာသတစ်ခုလုံးထဲရှိ ဖုန်မှုန့်အမှုန်အမွှားများကိုပါ ကီကီ၏ စိတ်စွမ်းအင်ဖြင့် အပြည့်အဝထိန်းချုပ်ထားသကဲ့သို့ပင်။ မြေပြင်ပေါ်ရှိ သဲနှင့် ကျောက်ခဲများကိုပင် မလှုပ်ရှားစေဘဲ ထိုဖုတ်ကောင်များကို ပြာအဖြစ်သို့ ချေမှုန်းပစ်နိုင်ခဲ့ခြင်းမှာ သိမ်မွေ့သောနယ်ပယ်သို့ ရောက်ရှိသွားခြင်းပင်၊၊

“မင်း သလင်းကျောက်စွမ်းအားကို သုံးလိုက်တာလား”

“မသုံးပါဘူး” ကီကီက ခပ်ဖွဖွပြုံးရင်း ပြန်ဖြေသည်၊၊

“ဒီလိုအခြေအနေမျိုးမှာ သလင်းကျောက်ကို သုံးတာက သေတွင်းတူးတာနဲ့ အတူတူပဲလေ၊၊ ကျွန်မရဲ့ စိတ်စွမ်းအားအပေါ် ထိန်းချုပ်မှုက ပိုပြီး နက်ရှိုင်းတဲ့အဆင့်ကို ရောက်သွားလို့ပါ၊၊ ဒီလိုသန္ဓေပြောင်းဖုတ်ကောင်တွေကို ရှင်းရတာက ကိစ္စအသေးအမွှားလေးပါ”

လင်းရှန်က ခေါင်းညိတ်လိုက်သည်။ အပြင်မှ ပုံမှန်မဟုတ်သော လေထုမှာ ငြိမ်သက်သွားပြီဖြစ်၍ သူသည် ပြတင်းပေါက်တံခါးအားလုံးကို ပိတ်ကာ မီးများကို ဖွင့်လိုက်၏။

“မင်းရှိလို့ တော်သေးတယ်… မဟုတ်ရင် ဒီဖုတ်ကောင်တွေက ကပ်ဘေးတစ်ခုဖြစ်လာတော့မှာ”

လင်းရှန် ပြောသည့် ကပ်ဘေးမှာ နှင်းပြိုကျသကဲ့သို့ အလုံးအရင်းနှင့်လာမည့် အမှောင်ဒီရေကို ဆိုလိုခြင်းဖြစ်သည်။ ထိုသန္ဓေပြောင်းဖုတ်ကောင်များသည် သူ၏ ယန္တရားစစ်တပ်ကို မယှဉ်နိုင်သော်လည်း လင်းရှန်၏ ယန္တရားဖန်တီးမှုများနှင့် စွမ်းအားများသည် နောက်ကျောမှ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းကို မကြောက်သော်လည်း သူ စိုးရိမ်သည်မှာ ပို၍ကြီးမားသော ပြဿနာကို ဆွဲခေါ်မိသွားမည်ကို ဖြစ်သည်။

အမှန်တော့ ယခုအချိန်တွင် သူနှင့် ကီကီ နှစ်ယောက်တည်းသာ ရှိပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြောက်အမေရိက၏ သွေးနီရောင်အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ကာ လူရှာရန်ဖြစ်သည်။ စွမ်းအားမည်မျှပင်ရှိစေကာမူ အဆုံးမရှိသောခြိမ်းခြောက်မှုများကို သူတို့နှစ်ယောက်ထဲ ရင်ဆိုင်ရန်မဖြစ်နိုင်သဖြင့် တိတ်ဆိတ်မှုကို ထိန်းသိမ်းခြင်းက အကောင်းဆုံးဗျူဟာဖြစ်သည်။

ရုတ်တရက် ကြုံတွေ့ရသည့် အကျပ်အတည်းကို ဖြေရှင်းပြီးနောက် တွဲ ၆ထဲတွင် လင်းရှန်သည် မီးတောက်၏ လက်ဖက်ခြောက်ဖြင့် လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သည်။ ထို့နောက် ဖီးနစ်၏ အမှောင်စွမ်းအင်ကြိမ်နှုန်းညှိကိရိယာကို စတင်လေ့လာလိုက်သည်။

စောစောက လျှပ်စီးလင်းယုန်ဒရုန်းတစ်စင်းမျှ ဖုတ်ကောင်များကို မထိခိုက်နိုင်ခဲ့သည့် မြင်ကွင်းကြောင့် လင်းရှန်သည် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းကို ခံစားလိုက်ရသည်။ ယခုအခါ သူ့တွင် အရေအတွက် ၆၀၀၀ ရှိသော ယန္တရားစစ်တပ်ရှိနေပြီဖြစ်၍ ဤဒရုန်းအသေးစားလေးများ၏ အခန်းကဏ္ဍမှာ အလိုလျောက်သေးငယ်သွားပြီဖြစ်သော်လည်း လင်းရှန်၏ အမြင်တွင်မူ ယင်းက ကောင်းမွန်သောနိမိတ်လက္ခဏာမဟုတ်ပေ။

ရေငုပ်သင်္ဘောစခန်းတွင်မူ သူ၏ ဒရုန်းအုပ်စုသည် ဇီဝစွမ်းအင်ဒိုင်းရှိသော မြွေများကို ရင်ဆိုင်နိုင်စွမ်းရှိသေးသော်လည်း ယခုအခါတွင်မူ ရွေ့လျားစောင့်ကြည့်ရေးကိရိယာသက်သက်အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သွေးနီရောင်သတ္တဝါများ၏ ဇီဝစွမ်းအင်ဒိုင်းသည် ပိုအားကောင်းလာကြောင်းပြသနေပြီး သွေးနီရောင်မြူထဲရှိ အာကာသတည်ငြိမ်မှုမရှိခြင်းနှင့်ပါ ပေါင်းစပ်သွားသည့်အခါ ကောင်းကင်တွင် ပျံသန်းနေသော ဒရုန်းများသည် ပျံသန်းရာ၌ပင် အားသာချက်မရှိတော့ပေ။

ဤပြဿနာများသည် သူ၏ ယန္တရားစစ်တပ်အတွက်လည်း စိန်ခေါ်မှုဖြစ်လာလိမ့်မည်။ ဟတ်ကိုကမ်းခြေတွင် သူ၏ ယန္တရားစစ်တပ်က ရန်သူများကို ဟင်းသီးဟင်းရွက်များကဲ့သို့ ခုတ်ပိုင်းနိုင်ခဲ့သော်လည်း ၎င်းတို့က ထိခိုက်မခံနိုင်ဟု မဆိုလိုပေ။ ယန္တရားစစ်တပ်သည် ထိပ်တန်းပစ္စည်းများကို သုံး၍ ကုန်ကျစရိတ်အမြောက်အမြားဖြင့် တည်ဆောက်ထားပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသည့်အပြင် အရေအတွက်အရလည်း ဖိနှိပ်ထားနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ညတွင် သွေးနီရောင်မြူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကြုံတွေ့ရပြီးနောက် လင်းရှန်သည် သူ၏ ယန္တရားစစ်တပ်တစ်ခုလုံးကို အဆင့်မြှင့်တင်မှုအချို့ ပြုလုပ်ရမည်ဟု ခံစားလိုက်ရသည်။ မဟုတ်ပါက Iron Man ၊ Dragon Girl တစ်ခုမျှ ဆုံးရှုံးရလျှင်ပင် သူ အလွန်နှမြောတသဖြစ်နေရလိမ့်မည်။

“အခု ဘာတွေ သုတေသနလုပ်နေတာလဲ”

အနန္တရထားအတွက် ကာကွယ်ရေးစောင့်ကြည့်မှုစနစ်ကို ပြန်လည်ချထားပြီးနောက် ကီကီသည် တွဲ ၆ သို့ ရောက်လာခဲ့သည်။ လင်းရှန်က ယန္တရားနှလုံးသားကို သုံး၍ ထူးဆန်းသောကိရိယာတစ်ခုကို ထုတ်လုပ်နေသည်ကို မြင်သဖြင့် သူမသည် မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ်သို့ လွင့်မျောကာထိုင်လိုက်ရင်း မေးလိုက်သည်။

“ဖီးနစ်က တီထွင်ထားတဲ့ ကြိမ်နှုန်းညှိကိရိယာလေ… ဒါက အရင်တုန်းက အာရုဏ်ဦးမြို့ရဲ့ တုံးရှီကိရိယာကို အခြေခံပြီး သွေးနီရောင်မြူရဲ့ အမှောင်စွမ်းအင်ကြိမ်နှုန်းကို စုပ်ယူပြီး အဆင့်မြှင့်တင်ထားတာပဲ… ဒါက သွေးနီရောင်မြူပြန့်ပွားတာကို ကာကွယ်ပေးနိုင်မလားလို့ ငါ စဉ်းစားနေတာ… အကယ်၍ မွမ်းမံပြင်ဆင်ပြီး တည်ငြိမ်လျှပ်စစ်နယ်ပယ်ထုတ်လုပ်စက်နဲ့ ပေါင်းစပ်လိုက်ရင် စွမ်းအားဝတ်စုံ ဒါမှမဟုတ် ယန္တရားတွေပေါ်မှာ ကာကွယ်ရေးစွမ်းအားနယ်ပယ်အဖြစ် သုံးလို့ရနိုင်မလားလို့”

“အို” ကီကီ၏ မျက်လုံးများက ထိုစကားကြောင့် တောက်ပသွားသည်၊၊

“ရှင့်ရဲ့ AT စွမ်းအားနယ်ပယ်လိုမျိုးလား”

လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး “မဟုတ်သေးဘူး ငါ့ရဲ့ AT စွမ်းအားနယ်ပယ်ရဲ့ သဘောတရားကို ငါကိုယ်တိုင်တောင် သေချာနားမလည်သေးဘူး၊၊ အဲဒါက ရုပ်ပိုင်းဆိုင်ရာရော၊ စွမ်းအင်ပိုင်းဆိုင်ရာပါ နှစ်ထပ်ကာကွယ်မှုကိုပေးနိုင်တယ်၊၊ ငါတို့ရဲ့ တည်ငြိမ်လျှပ်စစ်နယ်ပယ်ထက် အများကြီးပိုအဆင့်မြင့်တယ်၊၊ ယဉ်ကျေးမှုအဆင့်အတန်းအရ ပိုမြင့်တာပေါ့၊၊ ဒါက သွေးနီရောင်မြူရဲ့ ကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရုံသက်သက်ပဲ ရှိပါသေးတယ်”

ကီကီက ခေါင်းညိတ်လိုက်သည်၊၊

“ဟုတ်သား… ရှင့်ရဲ့ စွမ်းရည်တွေက အဆင့်မြင့်ယဉ်ကျေးမှုကနေ လာတာကိုး၊၊ အကယ်၍ လူသားတွေသာ အဲဒါကိုသင်ယူနိုင်ရင် တွင်းနက်ကြောင့် ကမ္ဘာပတ်ပြီးထွက်ပြေးနေရတဲ့ အခြေအနေမျိုးရောက်မှာမဟုတ်ဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်၏ လေထုထဲတွင် ဆိုင်းငံ့ထားသော ယန္တရားထုတ်လုပ်မှုက အလင်းထိန်းချုပ်အစိတ်အပိုင်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။ ကီကီ၏ စကားက သူ့ကို တစ်ခုခုအား သတိရသွားစေသောကြောင့် ဖြစ်သည်...

ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်များလား။

အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ယန္တရားစွမ်းအား အထူးစွမ်းရည်ကို သင်ယူနိုင်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် လူတစ်ယောက်တော့ ရှိသည်။

ချူယန်။

“ဆွဲငင်အားမှန်ဘီလူး...”

ဒီကိစ္စနှင့် ပတ်သက်၍ လင်းရှန်တွင် မေးခွန်းများ အမြဲရှိခဲ့သော်လည်း ချူယန်က သူ့ကို တစ်ခါမှ ထုတ်မပြောခဲ့ပေ။ သူစိတ်အပျက်ဆုံးအပိုင်းမှာ အာရုဏ်ဦးမြို့တော်တွင် မြူမိီးခိုးကြောင့် ၎င်းတို့၏ စိတ်ဝိဉာဉ်ပေါင်းစပ်မှုဖြစ်ပွားခဲ့စဉ်က လင်းရှန်သည် ချူယန်၏ မှတ်ဉာဏ်ထဲမှ မည်သည့်အချက်အလက်ကိုမျှ ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။ မြောက်အမေရိကပေါင်းစည်းတပ်ဦး၏ ထိပ်တန်းစိတ်ဝိဉာဉ်စွမ်းအားရှင်တစ်ယောက်အနေဖြင့် သူမ၏ အတွေ့အကြုံများနှင့် မရေတွက်နိုင်သောတာဝန်များအကြောင်းပင်မရှိဘဲ အရာအားလုံးက ဗလာဖြစ်နေခဲ့သည်။

အစပိုင်းတွင် လင်းရှန်က အနီရောင်ကမ္ဘာနှင့် ဖောင်ဒေးရှင်းတို့က သူမကို လိုက်လံရှာဖွေနေသဖြင့် စိတ်ဝိဉာဉ်စွမ်းအားရှင်တစ်ယောက်အနေဖြင့် သူမ၏ လျှို့ဝှက်အချက်အလက်များကို သိမ်းဆည်းရန် နည်းလမ်းတစ်ခုရှိရမည်ဟု ခန့်မှန်းခဲ့သည်။ နောက်ပိုင်းတွင် ယဉ်ကျေးမှုအကြိုမြင်ကွင်းအတွင်း၌ လင်းရှန်ကို သူမ ကာကွယ်ပေးနိုင်ခဲ့ခြင်းမှာလည်း ဤစွမ်းရည်ကြောင့် ဖြစ်သည်။

ယခု ကီကီက ထုတ်ပြောလာသည့်အခါမှ လင်းရှန်သည် ဤပြဿနာကို ပြန်တွေးမိခြင်းဖြစ်သည်။

ကြယ်တာယာကောင်းကင်ဓာတ်ခွဲခန်းသို့ ဆက်သွယ်ရန်အတွက် ဂရေ့စ်ကို လှမ်းခေါ်ပြီး ပရော်ဖက်ဆာယဲ့ ဒါမှမဟုတ် ဗိုလ်ချုပ်ရှုကျန်းယွဲ့ကို မေးသင့်လား…

စိတ်ပိုင်းဖြတ်ပြီးနောက် ဂရေ့စ်၏ အချက်အလက်များသည် ၆ နာရီခန့်အတွင်း ပြန်လည်ရောက်ရှိလာမည်ဖြစ်ရာ ဖီးနစ်ထံမှ သွေးနီရောင်မြူနှင့် ချူယန်တို့အကြောင်း ခိုင်မာသောအချက်အလက်အချို့ကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။

“ဘာတွေ တွေးနေပြန်တာလဲ” ကီကီက လင်းရှန် ငေးငိုင်သွားသည်ကို မြင်သဖြင့် ဆိုဖာပေါ်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်ရင်း တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

လင်းရှန် သတိပြန်ဝင်လာပြီး သက်ပြင်းချလိုက်သည်၊၊

“မင်းပြောမှ ငါ သဘောပေါက်သွားတယ်… ငါ့ရဲ့ စွမ်းအားက တခြားစွမ်းအားရှင်တွေနဲ့ မတူဘူး ယန္တရားနှလုံးသားဆီကရလာတဲ့ စွမ်းရည်တွေက နည်းပညာသုတေသနလုပ်ဖို့ တန်ဖိုးရှိနိုင်တယ်၊၊ အပြည့်အဝပုံတူမကူးနိုင်ရင်တောင် စစ်တပ်အတွက် လက်နက်အချို့ကို အဆင့်မြှင့်တင်ပေးနိုင်ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများကြီးတိုးတက်လာမှာပဲ”

ကီကီက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်၊၊

“မိုက်တယ်… ရှင်သာ အဲဒါကိုလုပ်နိုင်ရင် တကယ်ကို ယန္တရားအရှင်သခင်ဖြစ်လာမှာပဲ”

လင်းရှန်က ပြုံးလိုက်ပြီး လက်ချောင်းတစ်ချောင်းကို လှုပ်ရှားလိုက်ရာ ထုတ်လုပ်ထားသော အမှောင်စွမ်းအင်ကြိမ်နှုန်းညှိကိရိယာအသေးစားလေးက စားပွဲပေါ်သို့ ကျလာသည်။ ဤပစ္စည်းလေးမှာ လက်ရာအနည်းငယ်ကြမ်းတမ်းပြီး ဗိုင်အိုလာ၏ တွက်ချက်မှုစွမ်းအားမရှိသည့်အပြင် ဂရေ့စ်ကလည်း လုပ်ဆောင်ချက်များကို ကူညီမပေးနိုင်သဖြင့် လင်းရှန်သည် ပုံကြမ်းများကို လက်ဖြင့် ပြန်ဆွဲရသည့် အခြေအနေသို့ ပြန်ရောက်နေခြင်း ဖြစ်သည်။

“ငါ အချိန်တိုင်းခံစားနေရတယ် ကီကီ…. အေးခဲအခန်းငယ်ထဲမှာ ငါ သုံးလကြာအောင် အိပ်ပျော်သွားခဲ့တာက တိုက်ဆိုင်မှုမဟုတ်သလို သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကြောင့်လည်း မဟုတ်ဘူး...”

“ဒါဆို ဘာကြောင့်လဲ” ကီကီက မေးလိုက်သည်။

“ငါလည်း မသိဘူး”

လင်းရှန်က ကီကီကို မော့ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်၊၊

“ဖြစ်နိုင်တာက ငါ့ရဲ့ ယန္တရားနှလုံးသားက တစ်ခုခုကို မတော်တဆလှုံ့ဆော်မိသွားတာ ဒါမှမဟုတ်...”

“တစ်ယောက်ယောက် အဲဒီအရာကို ငါလှုံ့ဆော်မိအောင် ကူညီပေးခဲ့တာပဲ”

All Chapters