အမဲလိုက်ခံရခြင်း (၃)
Vol. 72 Ch. 1138
“သောက်ကျိုးနည်း”
လင်းရှန်သည် သူ၏ စွမ်းအားကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်သည်၊၊ အစပိုင်းတွင် သူက ယန္တရားစွမ်းအင်အမြောက်ကို အသက်သွင်းရန် စမ်းသပ်ရန်သာရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း အစောပိုင်းက သူ၏ လက်ချောင်းထိပ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားမှာ ဂြိုလ်ပတ်လမ်းတုန်ခါကြယ်အမြောက်ထက် မလျော့သော စွမ်းအားကို ခံစားလိုက်ရသည်၊၊ ထို့အပြင် တဟုန်ထိုးတက်လာသော လျှပ်စစ်စွမ်းအင်ကြောင့် သူ၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်သွားခဲ့ပြီး ထိုပေါက်ကွဲထွက်လုနီးပါးစွမ်းအင်သည် ရထား၏ သံချပ်ကာကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်းရှိနေခဲ့သည်၊၊
ဂယား ဂါး ဂျွတ် ကလောက်
လင်းရှန်က သူ၏ စွမ်းအားကို ပြန်လည်ထိန်းချုပ်လိုက်သည်နှင့် တပြိုင်နက် အပြင်ဘက်ရှိ သွေးနီရောင်ကွင်းပြင်ကြီးထဲမှ အသံဗလံမျိုးစုံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်၊၊ ၎င်းမှာ အရိုးချင်းချိတ်ဆက်မိသွားသလိုမျိုးနှင့် မြေပြင်ကြီးလှုပ်ခတ်သွားသလိုမျိုးဖြစ်ပြီး မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသည့် ထူးဆန်းသော ဖြစ်တည်မှုက နှောင့်ယှက်ခြင်းခံလိုက်ရသည့်အလား ယခင်က တိတ်ဆိတ်နေသော ကမ္ဘာကြီးကို ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့သည်၊၊
“ခုနက ဘာဖြစ်သွားတာလဲ”
ကီကီ၏ အသံက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့သည်၊၊ လင်းရှန်က ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး နာနိုစွမ်းအားဝတ်စုံက သူ့ကို လွှမ်းခြုံသွားခဲ့သည်၊၊ စနစ်မြင်ကွင်းထဲတွင် အနီအောက်ရောင်ခြည်ကင်းစောင့်စနစ်နှင့် ရေဒါတို့က လျင်မြန်စွာ စကင်ဖတ်နေကြသည်၊၊ ညွှန်ပြချက်ထဲတွင် အမှောင်စွမ်းအင်လှိုင်းထန်မှုများက ဆက်တိုက်ပေါ်နေသော်လည်း မည်သည့် သတ္တဝါကိုမျှ ထောက်လှမ်းမိခြင်းမရှိချေ၊၊
“ကိစ္စအသေးအမွှားလေးပါ...”
လင်းရှန်၏ မျက်နှာက လေးနက်နေပြီး သူ၏ တုန်ခါမှု ထပ်တူကျရန် စမ်းသပ်မှုက ဤမျှလောက်အထိ ဆူညံမှုမျိုးဖြစ်လာစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ၊၊ သူ စိတ်အနှောင့်အယှက်အနည်းငယ်ဖြစ်မိသွားသော်လည်း တစ်ချိန်တည်းမှာပင် ယန္တရားကြယ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အံ့ဩမိသွားခဲ့သည်၊၊ ဤစွမ်းရည်က သူ၏ ယန္တရားနှလုံးသားအဆင့်ပေါ်တွင် ကန့်သတ်ချက်ရှိနေပုံရသည်၊၊ သူ၏ အသိစိတ်က အာကာသထဲတွင် ရှိစဉ်က စူပါစထရင်းနူဓာတ်ပြု အဆင့်သက်တန့်ကွင်း ၁၂ခုကို တိုက်ရိုက်အသက်သွင်းနိုင်ခဲ့သည်ကို သတိပြုရမည် ဖြစ်ပြီး ထိုအချိန်က အသိစိတ်အခြေအနေတွင် ဖြစ်သဖြင့် စွမ်းအားတိုးလာသည်ကို သူ မခံစားခဲ့ရခြင်း ဖြစ်သည်၊၊
ကီကီဘက်တွင်မူ စောင့်ကြည့်ရေးစနစ်က ဖရိုဖရဲဖြစ်နေပြီဖြစ်ကာ သတင်းအချက်အလက်ဗဟိုစင်တာရှိ ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး ဖတ်ရှုချက်များမှာ ကြောက်မက်ဖွယ်ထိုးတက်နေခဲ့သည်၊၊ ဤအခြေအနေကို မြင်သည်နှင့် သူမက မိမိ၏ စိတ်စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးလွင့်မြောလာပြီး မျက်ဝန်းများထဲတွင် ခရမ်းပြာရောင်လျှပ်စီးများ လက်ခနဲဖြစ်သွားခဲ့သည်၊၊ ထို့နောက် စိတ်စွမ်းအင်ကို အပြင်ဘက်သို့ လှိုင်းကွက်ပုံစံ ချက်ချင်းဖြန့်ကျက်လိုက်သည်၊၊ ဤသည်မှာ အမဲလိုက်သတ္တဝါကို ပထမဆုံးအချိန်ထောက်လှမ်းနိုင်ရန်ဖြစ်ပြီး အကယ်၍ အမဲလိုက်သတ္တဝါ၏ ပစ်မှတ်ထားခြင်းကို ခံရပါက ရထား၏ ကာကွယ်ရေးစနစ်က တုံ့ပြန်နိုင်လျှင်ပင် အနန္တရထားသည် အရင်ဆုံးပြင်းထန်စွာပျက်စီးဆုံးရှုံးရလိမ့်မည်ကို သူမ သိနေသောကြောင့် ဖြစ်သည်၊၊
“လင်းရှန် ညမှောင်ပြီးရင် သွေးနီရောင်မြူတွေထဲမှာ ပေါ်လာဖို့ အလားအလာအရှိဆုံးအရာက အမဲလိုက်သတ္တဝါတွေပဲ၊၊ သူတို့က ကြောက်ရွံ့မှုကို အနံ့ခံပြီး ခြေရာခံနိုင်ကြတယ်၊၊ ဒါပေမဲ့ ကျွန်မတို့ရထားက သွေးနီရောင်မြူတွေကို သီးခြားခွဲထုတ်ထားတာဆိုတော့ သူတို့ အတွင်းထဲကို ရုတ်တရက်ရွှေ့ပြောင်းလာလို့မရဘူး၊၊ အဲဒါကြောင့် ရှင်က သံချပ်ကာအထူဆုံးနေရာမှာပဲနေတာ ပိုကောင်းလိမ့်မယ်”
“ကောင်းပြီ”
လင်းရှန်သည် အလင်းရောင်ကို ပိတ်လိုက်ပြီး အမှောင်အထဲတွင် ကီကီကို ပြန်ဖြေလိုက်သည်၊၊ ဤအမဲလိုက်သတ္တဝါ၏ ကြောက်စရာအကောင်းဆုံးစွမ်းရည်မှာ ၎င်း၏ ဖမ်းဆုပ်ရခက်သော တည်နေရာဖြစ်ပြီး သူ့နောက်ကျောတွင် ဖျတ်ခနဲပေါ်လာနိုင်စွမ်းရှိသဖြင့် သူ၏ စွမ်းအင်ကူးပြောင်းမှုထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေခဲ့သည်၊၊
တွဲ၏ အပြင်ဘက်တွင်အသံများ ပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်သွားခဲ့သည်၊၊ ရထား၏ သံချပ်ကာကို ဖြတ်တိုက်သွားသော အားနည်းသည့် ညလေပြေကသာ ညည်းတွားသံကဲ့သို့ တိုးတိုးလေးထွက်ပေါ်နေခဲ့သည်၊၊ လင်းရှန်နှင့် ကီကီတို့နှစ်ဦးစလုံးသည် အလွန်သတိကြီးစွာဖြင့် တစ်ဦးက နံပါတ် ၁၂ တွဲတွင် ရှိနေပြီး အခြားတစ်ဦးက နံပါတ် ၂ တွဲတွင် ရှိနေကာ အမှောင်ထဲမှ ကြောက်မက်ဖွယ်ရာများဆင်းသက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်၊၊
လုံးဝတိတ်ဆိတ်နေသည်၊၊
ရုတ်တရက် လင်းရှန် ရှိနေသည့် နံပါတ် ၁၂ တွဲ၏ ခေါင်းမိုးတစ်ဖက်မှ သတ္တုချင်း ပြင်းထန်စွာပွတ်တိုက်မိသံ ထွက်ပေါ်လာခဲ့သည်၊၊ အလွန်ခိုင်မာသော ကာဗွန်ပေါင်းစပ်သံချပ်ကာ၏ အပေါ်လွှာမှာ အကြောင်းရင်းမရှိဘဲ ချိုင့်ဝင်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် တည်ငြိမ်လျှပ်စစ်စက်ကွင်းနှင့် ပလာစမာအပူချိန်မြင့်အခင်းအကျင်းများမှ စူးရှသောဆူညံသံများထွက်ပေါ်လာကာ မီးပွားများ လွင့်စင်သွားခဲ့သည်၊၊
လင်းရှန်၏ စွမ်းအားဝတ်စုံမှ သတိပေးသံမှာ ကျယ်လောင်စွာ မြည်လာခဲ့သည်၊၊ သူက ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး အေးစက်စွာ အသက်ရှူလိုက်မိသည်၊၊ အဘယ်ကြောင့်ဆိုသော် ဒရုန်းများ သို့မဟုတ် ရေဒါစနစ်များထဲမှ တစ်ခုမျှ တုံ့ပြန်ခြင်းမရှိသောကြောင့် ဖြစ်ပြီး ကာကွယ်ရေးလက်နက်အားလုံးကို တိတ်ဆိတ်သည့် အခြေအနေမှာပဲ ရှိနေစေခဲ့သည်၊၊ ထိုကျယ်လောင်သောအသံကြီးထွက်ပေါ်ပြီးနောက် ထိုအသံမှာ နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားခဲ့ပြန်သည်၊၊
“လင်းရှန်”
“ရှူး... သတိထား”
လင်းရှန် အသံကို နှိမ့်လိုက်ပြီး သူ့စိတ်ထဲတွင် မသက်မသာဖြစ်နေသည်၊၊
“တစ်ခုခုတော့ မှားနေတယ်...”
သူ့ကို စောင့်ကြည့်ခံနေရသလိုမျိုး ခံစားလိုက်ရသည်၊၊ သူ၏ ခြေဖဝါးမှတစ်ဆင့် စိမ့်တက်လာသော အလွန်အေးစက်သည့် ခံစားချက်က ဤအကြည့်သည် ရုပ်ပိုင်းဆိုင်ရာသံချပ်ကာအားလုံးကို တစ်နည်းနည်းဖြင့် လျစ်လျူရှုကာ အနန္တရထား၏ သံချပ်ကာကို ဖောက်ထွင်း၍ သူ့ကို ခြိမ်းခြောက်နေလေသည်၊၊
သူက ဖြည်းညှင်းစွာ လှည့်လိုက်ပြီး အတွေးတစ်ချက်နှင့် အနီးဆုံးရှိ ပြတင်းပေါက် လိုက်ကာပြားမှာ လျင်မြန်စွာ ပွင့်သွားခဲ့သည်၊၊ အပြင်ဘက်ရှိ သွေးနီရောင်မြူများမှာ သွေးလှိုင်းတစ်ခုကဲ့သို့ လိပ်တက်နေသည်ကို မြင်တွေ့လိုက်ရသည်၊၊
နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများ ရုတ်တရက် တုန်ရင်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကြောင့် လင်းရှန်၏ သွေးများ ခဲမတတ်ဖြစ်သွားခဲ့လေသည် — ဖျော့တော့နေသော မျက်နှာတစ်ခုက မှန်သားပြင်ပေါ်သို့ ကပ်နေပြီး မျက်လုံးအိမ်များက ပြင်းထန်သော ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်၊၊ ပေါက်ပြဲနေသော လည်ပင်းဒဏ်ရာမှ အမည်းရောင်သွေးများ ထွက်နေပြီး ခန္ဓာကိုယ်ဘေးတွင် ကျောရိုးမကြီး၏ တစ်ဝက်ခန့်က အပြင်သို့ ထွက်နေလျက် ရှေ့နောက်ယိမ်းထိုးနေခဲ့သည်၊၊ သူမက ဒုန်းကနဲ မြည်အောင် သွေးချင်းချင်းနီနေသော လက်ဖဝါးဖြင့် သံချပ်ကာမှန်ကို ရိုက်လိုက်ရာ သွေးကွက်များက အောက်သို့ ဖြည်းညှင်းစွာ စီးကျလာခဲ့သည်၊၊ ချန်ဆီရွှမ်သည် သူမ၏ လည်ချောင်းထဲမှ အက်ကွဲပြီး ဝမ်းနည်းဖွယ်အသံတစ်ခုကို ညှစ်ထုတ်လိုက်သည်၊၊
“ကယ်ပါ...”
သူမက တစ်ခုခုပြောချင်သော်လည်း အချိန်မရလိုက်ချေ၊၊ နောက်တစ်ခဏ၌ပင် သူမ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသော လက်တံများက သူမ၏ အပြင်သို့ ထွက်နေသော ကျောရိုးကို ရစ်ပတ်လိုက်ပြီး အနောက်သို့ ပြင်းထန်စွာ ဆွဲငင်သွားခဲ့သည်၊၊ သူမ၏ အရိုးများ ကျိုးကြေသွားသည့် တဖြောက်ဖြောက်မြည်သံက တွဲကို ဖောက်ထွင်းလျက် ထွက်ပေါ်လာပြီး သူမကို မြူများထဲသို့ ဆွဲခေါ်သွားခဲ့ရာ အလွန်စူးရှလှသောအော်ဟစ်သံကြီးသာ ကျန်ရစ်ခဲ့တော့သည်၊၊
“အားးး”
လင်းရှန်၏ စိတ်များ လှုပ်ခတ်သွားပြီး မျက်လုံးများပြူးထွက်မတတ်ဖြစ်သွားကာ သူ၏လက်ကို အလိုလိုမြှောက်လိုက်ပြီး သူမကို ကယ်ရန် ယန္တရားနှလုံးသားကို အသုံးပြု၍ တံခါးကို ဖွင့်ကာ အပြင်သို့ ပြေးထွက်ရန် ပြင်ဆင်လိုက်သည်၊၊ ထိုအခိုက်အတန့်တွင် တဟုန်ထိုးတက်လာသော စိတ်စွမ်းအင်လှိုင်းကြီးက သူ့ကို ကြမ်းပြင်ပေါ်တွင် ပြင်းထန်စွာ ဖိနှိပ်ထားလိုက်ပြီး သူ၏ အကူအညီမဲ့နေသည့် ထိတ်လန့်တကြားအော်သံများကြားထဲမှ ကီကီ၏ အော်ပြောသံကို အထင်အရှားကြားလိုက်ရသည်၊၊
“အမဲလိုက်သတ္တဝါရဲ့ ထောင်ချောက်ပဲ၊၊ သွေးနီရောင်မြူတွေကို အထဲဝင်ခွင့်မပေးနဲ့”
စူးရှလှသော အော်ဟစ်သံကြီး၏ ပဲ့တင်သံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အပြင်ဘက်ရှိ သံချပ်ကာပြတင်းပေါက်မှာလည်း တိတ်ဆိတ်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်၊၊ လင်းရှန်၏ မျက်နှာပေါ်တွင် ချွေးစေးများ စို့တက်လာပြီး အသက်ရှူသံများပြင်းထန်လျက် အပြင်ဘက်ရှိ သွေးနီရောင်ဟင်းလင်းပြင်ကြီးကို စိုက်ကြည့်ရင်း ရင်ထဲတလှပ်လှပ်ဖြစ်နေသည်၊၊ အကယ်၍ ကီကီ၏ သတိပေးချက်သာမရှိခဲ့ပါက ထိုအခိုက်အတန့်တွင် သူသည် အပြင်သို့ စွမ်းအင်ကူးပြောင်းမှုကို အသုံးပြုပြီးဖြစ်လိမ့်မည်၊၊ အခုမှပဲ သူသည် ထောင်ချောက်ထဲသို့ သက်ဆင်းမိလုနီးပါးဖြစ်သွားခဲ့မှန်း သိလိုက်ရတော့သည်၊၊