သုတ်သင်ခြင်း
Vol. 72 Ch. 1139
“အမဲလိုက်သတ္တဝါရဲ့ ရှုထောင့်က ကျွန်မတို့နဲ့ လုံးဝမတူဘူး၊၊ သူတို့က ကျွန်မတို့ရဲ့ အတွေးအပိုင်းအစတွေကို အတိုင်းအတာတစ်ခုအထိ အာရုံခံနိုင်ကြတယ်၊၊ အဲဒါကြောင့် ကြောက်ရွံ့မှုကို အနံ့ခံပြီး ရန်သူကို မျှားခေါ်ဖို့အတွက် ပုံရိပ်ယောင်တွေကို တုပဖန်တီးနိုင်တာပဲ၊၊ ပိုပြီးသတိထားရမယ်”
ကီကီက ရထားအပြင်ဘက်ရှိ ထူထပ်သော သွေးနီရောင်မြူများကို ဖယ်ရှားရန် စိတ်စွမ်းအင်ကို အသုံးပြုရင်း လင်းရှန်၏ ဘေးတွင် လာရပ်သည်၊၊
“ဒီထူးဆန်းတဲ့ သတ္တဝါရဲ့ စွမ်းရည်တွေက ရုပ်ပိုင်းဆိုင်ရာအဆင့်ထက် ကျော်လွန်နေတယ်၊၊ အဲဒါကြောင့် သန္ဓေပြောင်းအကောင်တွေထက် ပိုပြီး အန္တရာယ်များတယ်”
“ဝူး... ဝူး...”
“ငါတို့ကို ပစ်မှတ်ထားနေပြီ၊၊ အဲဒါကို အသေသတ်နိုင်မယ့် နည်းလမ်းရှာရမယ်”
လင်းရှန်၏ ယန္တရားနှလုံးသားက လည်ပတ်လာပြီး အလွန်တက်ကြွလာသော အဒရီနယ်လင်များကို ဖိနှိပ်လိုက်ပြီးမှ သူ၏ အသိစိတ်ထဲတွင် တည်ငြိမ်မှုများ ပြန်လည်စိုးမိုးလာခဲ့သည်၊၊ သူက ဒရုန်းများကို ထိုဧရိယာဆီသို့ စုစည်းရန် တိုက်ရိုက်ထိန်းချုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခုနက တိုက်ခိုက်ခံခဲ့ရသော သံချပ်ကာကို လျင်မြန်စွာ ပြုပြင်လိုက်သည်၊၊
ယန္တရားပြုပြင်မှု လည်ပတ်လာသည်နှင့်အမျှ ချိုင့်ဝင်သွားသော သံချပ်ကာအလွှာမှ တကျွီကျွီမြည်သံတစ်ခုထွက်ပေါ်လာပြီး ၎င်း၏ မူလပုံသဏ္ဌာန်သို့ သိသိသာသာပြန်လည်ရောက်ရှိလာခဲ့သည်၊၊
ကီကီက စိတ်စွမ်းအင်ဒိုင်းကာကို ဆက်ထိန်းထားရင်း ပြောသည်၊၊
“အခြားနည်းလမ်းမရှိဘူး၊၊ အဲဒါကိုယ်ထင်ပြလာမယ့်အချိန်ကိုပဲ စောင့်ပြီးမှ လှုပ်ရှားရမယ်”
လင်းရှန်က ခေါင်းညိတ်ပြီး ကီကီကို ကြည့်လိုက်သည်၊၊
“အဲဒါက သွေးနီရောင်မြူတွေကို သုံးပြီး လှုပ်ရှားတာဆိုမှတော့ ငါတို့က အရင်းအမြစ်ကနေပဲ စရလိမ့်မယ်”
ကီကီ၏ စကားကို နားလည်သွားသဖြင့် ၎င်းတို့နှစ်ဦးစလုံးသည် တွဲအတွင်း၌ ကျောချင်းကပ် ရပ်လိုက်ကြပြီး ဖမ်းဆုပ်ရခက်သော အမဲလိုက်သတ္တဝါကို ပထမဆုံးအကြိမ်အဖြစ် သတိကြီးစွာ ရင်ဆိုင်လိုက်ကြသည်၊၊ လင်းရှန်နှင့် ကီကီတို့သည် လုံးဝပေါ့ဆရဲခြင်းမရှိကြချေ၊၊
အနန္တရထားသည် လွင်ပြင်ကြီးထဲရှိ ရထားလမ်းပေါ်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ပြီး သွေးနီရောင်ကမ္ဘာကြီးမှာ ငရဲပြည်၏ တိတ်ဆိတ်သောသေဆုံးခြင်းနှင့် တူညီနေခဲ့သည်၊၊ လင်းရှန်နှင့် ကီကီတို့သည် အချင်းချင်းနားလည်မှုအပြည့်ဖြင့် ရထားအတွင်း၌ ဆက်လက်စောင့်ကြည့်နေကြသည်၊၊ လင်းရှန်က သူ၏ ဒရုန်းများနှင့် ရထားပေါ်ရှိ ကင်းစောင့်စနစ်မှတစ်ဆင့် အပြင်ဘက်ကို အကဲခတ်နေပြီး ကီကီကမူ အပြင်ဘက်ရှိ ပုံမှန်မဟုတ်သော အခြေအနေများကို ထောက်လှမ်းရန် သူမ၏ စိတ်စွမ်းအင်စက်ကွင်းကို အသုံးပြုနေခဲ့သည်၊၊
အပြင်ဘက်တွင်မူ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်၊၊
အမှောင်ထဲတွင် လင်းရှန်က အသက်အောင့်ထားပြီး သူ၏ ဟိုလိုဂရမ်မြင်ကွင်းတွင် ကင်းစောင့်စနစ်နှင့် ဒရုန်းများမှတစ်ဆင့် ရရှိထားသော မတူညီသည့်ထောင့်ပေါင်းစုံမှ စောင့်ကြည့်ရေးပုံရိပ်များကို ပြသနေကာ ရေဒါမှာလည်း အပြည့်အဝလည်ပတ်နေခဲ့သည်၊၊ ထိုအခိုက်အတန့်၌ပင် ဒရုန်းတစ်စင်း၏ စောင့်ကြည့်ရေးမြင်ကွင်းထဲတွင် ထူးဆန်းပြီး မြင့်မားလှသော အရိပ်မည်းကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်၊၊ ထိုအရိပ်သည် လွင်ပြင်ကြီးထဲတွင် ရုတ်တရက် မတ်တတ်ရပ်နေခဲ့ပြီး ဒရုန်းမြင်ကွင်းမှတစ်ဆင့် မြင်တွေ့ရသည့် ယိမ်းထိုးနေသော ထူးခြားသည့် ပုံသဏ္ဌာန်ကြောင့် လင်းရှန် အသက်ရှူပင်မှားသွားခဲ့ရသည်၊၊ ထိုတွင်းနက်ကြီးကဲ့သို့ မျက်နှာက သူနှင့် တစ်စင်တီမီတာမျှသာ ကွာဝေးတော့သည့်အလား စူးစိုက်ကြည့်ခြင်း ခံနေရသည်ဟု ပြင်းထန်စွာ ခံစားလိုက်ရသည်၊၊
“ဦးတည်ချက် ၉နာရီ”
လင်းရှန်၏ အသံက အသက်ရှူသံထက်ပင် ပို၍ တိုးညင်းနေခဲ့သည်၊၊
“အဲဒါက ကျွန်မတို့ကို စောင့်ကြည့်နေတယ်”
ကီကီက တိုးတိုးလေး ပြန်ဖြေသည်၊၊
အအေးဓာတ်တစ်ခုက လင်းရှန်ကို ရိုက်ခတ်သွားရာ သူ့၏ စိတ်လှုပ်ရှားမှုများကို ချက်ချင်းဖိနှိမ်လိုက်သည်၊၊ ဤအခိုက်အတန့်တွင် သူသည် ထိုအရိပ်မည်းကြီးဆီသို့ အာရုံစိုက်ရန် ရထားဘေးရှိ ဒရုန်းအားလုံးကို ရုတ်ချည်းလှည့်လိုက်ပြီး ၎င်းကို ဗဟိုပြုကာ ထောင့်ပေါင်းစုံမှ ပုံရိပ်များကို ရယူလိုက်သည်၊၊ လင်းရှန်၏ မြင်ကွင်းထဲတွင် ပုံရိပ်များ ပိုမိုပေါ်လာခဲ့ပြီး ထိုအရိပ်မည်းကြီးကို ရင်ဆိုင်နေရစဉ် သူ၏ စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးများက တဖြည်းဖြည်းလျော့ရဲလာခဲ့သည်၊၊ သူက အမှောင်ထုကြီးကို စိုက်ကြည့်နေမိပြီး ကြောက်ရွံ့မှုများကို သူ၏ အသိဉာဏ်ထဲအထိ ထိုးဖောက်ဝင်ရောက်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်၊၊
အမှန်ပင် လင်းရှန်သည် အခြားအေးစက်သော တုန်လှုပ်မှုတစ်ခု မိမိထံသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်နှင့်တပြိုင်နက် ဝေးကွာသော သွေးနီရောင်မြူများထဲမှ ကြီးမားသော အရိပ်မည်းကြီးမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအစား အနောက်ဘက်ရှိ ရထားတွဲအခန်းဆီမှ ကျယ်လောင်သော ဒုန်းခနဲမြည်သံ ထွက်ပေါ်လာခဲ့သည်၊၊ တည်ငြိမ်လျှပ်စစ်စက်ကွင်းမှာ ချက်ချင်းပင် ဆုတ်ဖြဲခြင်းခံလိုက်ရပြီး သွေးနီရောင်မြူများက တဟုန်ထိုးဝင်ရောက်လာခဲ့သည်၊၊
ကံကောင်းထောက်မစွာဖြင့် ဤအရာက ကီကီ၏ စိတ်စွမ်းအားနယ်ပယ်ထဲသို့ သက်ဆင်းသွားခဲ့ခြင်းဖြစ်သည်၊၊ ကီကီသည် အသင့်ပြင်ထားပြီးဖြစ်ကာ ထိုသတ္တဝါကြီးက သူမ၏ စိတ်စွမ်းအင်နယ်ပယ်ထဲတွင် ပေါ်လာသည်နှင့် သူမ၏ မျက်ဝန်းများထဲတွင် ခရမ်းရောင်လျှပ်စီးများလက်ခနဲဖြစ်သွားခဲ့ပြီး စိတ်စွမ်းအားက ထိုသတ္တဝါကြီးကို ချက်ချင်းပင် ပိတ်ဆို့ချုပ်နှောင်ထားလိုက်သည်၊၊ ထိုသတ္တဝါကြီးက သွေးနီရောင်မြူများထဲတွင် တည်နေရာရွေ့ပြောင်းရန် ကြိုးစားခဲ့သော်လည်း သွေးနီရောင်ဧရိယာတစ်ခုလုံးမှာ ကီကီ၏ ဖယ်ရှားခြင်းကို ခံလိုက်ရသဖြင့် ကြီးမားသော ကွက်လပ်ဇုန်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်၊၊
ဝူး~
တစ်စက္ကန့်အတွင်း နံပါတ် ၅ နှင့် ၁၂ တွဲများ၏ ခေါင်းမိုးပေါ်ရှိ ၁၁၃၀ စက်အမြောက်များမှာ လျင်မြန်စွာ ဦးတည်ချက်ပြောင်းလဲကာ မြူများထဲမှ အရိပ်မည်းကြီးဆီသို့ ချိန်ရွယ်လိုက်ပြီး မော်တာလည်ပတ်သံနှင့်အတူ သတ္တုမုန်တိုင်းကို ချက်ချင်းပင် ထုတ်လွှတ်လိုက်တော့သည်၊၊
ဝူးး ဒက် ဒက် ဒက်
တစ်စက္ကန့်လျှင် ၂၀၀၀ မီတာနှုန်းဖြင့် ပျံသန်းသွားသော သတ္တုကျည်ဆန်လှိုင်းကြီးက ပြင်းထန်စွာ ထိမှန်သွားခဲ့သည်၊၊ အမဲလိုက်သတ္တဝါ၏ ဇီဝစွမ်းအင်ဒိုင်းမှာ ပြင်းထန်သော အနီရောင်လှိုင်းကွက်များနှင့်အတူ တဖျတ်ဖျတ်ဖြစ်သွားခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် နှစ်စက္ကန့်ပင်မပြည့်မီ လုံးဝကြေမွပျက်စီးသွားခဲ့ရသည်၊၊ အပူချိန်မြင့်မားလှသော မီးတောက်များက ၀.၁ စက္ကန့်အတွင်း အမဲလိုက်သတ္တဝါ၏ အသားစများကို ဖောက်ထွင်းသွားခဲ့ပြီး ၎င်း၏ ဦးခေါင်းခွံ၊ ဦးနှောက်နှင့် သွေးမြူများမှာ ရွှေရောင်အလင်းတန်းများနှင့်အတူ မှောင်မိုက်နေသော အပျက်အစီးများကြားတွင် မီးရှူးမီးပန်းကြီးအဖြစ်ပေါက်ကွဲသွားခဲ့လေသည်၊၊
အမဲလိုက်သတ္တဝါအနေဖြင့် ထွက်ပြေးရန် အခွင့်အရေးလုံးဝမရလိုက်ဘဲ အသက်ရှူတစ်ကြိမ်အတွင်းမှာပင် သွေးမြူများအဖြစ် ချေမှုန်းခြင်းခံလိုက်ရပြီး အမည်းရောင်သွေးကွက်များမှာ သက်ရှိတစ်ခုကဲ့သို့ မြေပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်၊၊
ထိုအချိန်တွင် လင်းရှန်လည်း သူ့ကို ပစ်မှတ်ထားထားသော အေးစက်သည့်အကြည့်ကြီး ပျောက်ကွယ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်၊၊
“အသေသတ်လိုက်ပြီလား”
“ဟုတ်တယ်”
ကီကီက သူမ၏လက်ကို မြှောက်လိုက်ပြီး အပြင်ဘက်ရှိ ထူထပ်သော သွေးမြူများကို ရှင်းလင်းရန် စိတ်စွမ်းအင်ကို အသုံးပြုရင်း လင်းရှန်ကို ပြောလိုက်သည်၊၊
“ဒါပေမဲ့ သတိထားဦး၊၊ ခုနက ပစ်ခတ်မှုကြောင့် သန္ဓေပြောင်းသတ္တဝါအချို့ ကို ဆွဲဆောင်မိသွားနိုင်တယ်”
လင်းရှန်က ပြတင်းပေါက်နားသို့ ချဉ်းကပ်ကာ အပြင်ဘက်ကို အကဲခတ်ရန် လိုက်ကာပြားအချို့ကို ဖွင့်လိုက်ပြီး သတိကြီးစွာဖြင့် မေးလိုက်သည်၊၊
“ငါတို့ အန္တရာယ်ကို လွှဲပြောင်းဖို့အတွက် သွေးဆောင်ဖြားယောင်းဆေးရည်တွေကို သုံးသင့်လား”
“မလိုဘူး”
ကီကီက လင်းရှန်၏ အတွေးကို ချက်ချင်းပင် တားဆီးလိုက်သည်၊၊
“သွေးနီရောင်ဒီရေလှိုင်းပေါက်ကွဲတဲ့ အချိန်ကလွဲရင် အမဲလိုက်သတ္တဝါတွေက များသောအားဖြင့် အုပ်စုလိုက်လှုပ်ရှားလေ့မရှိဘူး၊၊ ဒီလိုညအမှောင်ထဲမှာ အဆင်အခြင်မဲ့ဆူညံမှုတွေဖြစ်အောင်လုပ်ရင် ကျွန်မတို့ပဲ ဒုက္ခရောက်သွားလိမ့်မယ်၊၊ သွေးနီရောင်မြူတွေထဲမှာတော့ လှုပ်ရှားတာထက် ငြိမ်ငြိမ်နေတာက ပိုကောင်းတယ်၊၊ အမှားအယွင်နည်းနည်းလေးက တောင်ပြိုကျသလိုမျိုး အကျိုးဆက်တွေ ဖြစ်လာစေနိုင်တယ်”
လင်းရှန်က ထိုစကားများကို ကြားရပြီးနောက် လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်၊၊
“တကယ်ကို အန္တရာယ်များတာပဲ…. ဝင်ရိုးစွန်းညထက်တောင် ပိုပြီးကြောက်စရာကောင်းတယ်”
“ဟုတ်တယ်၊၊ ဝင်ရိုးစွန်းညမှာဆိုရင်တော့ အမှတ်အသားပြဿနာကို ဖြေရှင်းနိုင်ရင် အနားယူလို့ရတယ်၊၊ ဒါပေမဲ့ ဒီမြူတွေထဲမှာတော့ အဲဒါက အလုပ်မဖြစ်ဘူး၊၊ ဘာလို့လဲဆိုတော့ ယေဘုယျအားဖြင့် ပြောရရင် နေ့နဲ့ညက ထူးထူးခြားခြားကွာခြားမှုမရှိတာကြောင့်ပဲ”
“နေ့နဲ့ ညက ကွာခြားမှုမရှိတာကြောင့်လား”
“ဟုတ်တယ်၊၊ မွန်းစတားဒီရေလှိုင်းသာ စတင်သွားရင်တော့ အနားယူဖို့ အချိန်ရှာရခက်လိမ့်မယ်၊၊ အမြဲတမ်း ထွက်ပြေးနေရုံပဲ ရှိတော့မှာ”
ကီကီက သူမ၏ လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး လှည့်ကာ သူမ၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်၊၊
“တုံးရှီကိရိယာက အဝေးကနေ အမှောင်အမှတ်အသားလုပ်ခံရတာကို အများဆုံးကာကွယ်ပေးနိုင်တယ်၊၊ အဲဒါကြောင့် ကျွန်မတို့ ငြိမ်ငြိမ်လေးနေသရွေ့တော့ ယေဘုယျအားဖြင့် ရထားထဲမှာနေရတာက ပိုလုံခြုံလိမ့်မယ်၊၊ ဒါ့အပြင် ကျွန်မတို့ရဲ့ သံချပ်ကာနဲ့ဆိုရင် သာမန်ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေက ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး”