← Chapters

အိမ်ပြန်ခရီး (၂)

Vol. 72 Ch. 1141

အိမ်ပြန်ခရီး (၂)

Vol. 72 Ch. 1141

ဘီ... ဘီ...

အနန္တရထား၏ တွဲနံပါတ် ၆ ထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာပြီး ညသန်းခေါင်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ယခုအချိန်သည် မနက် ၁၂ နာရီ မိနစ် ၄၀ ရှိနေပြီ ဖြစ်သည်။ သူတို့သည် သွေးနီရောင်မြူအတွင်းပိတ်မိနေကြသော်လည်း အပြင်ဘက်လောကတွင်မူ နေ့နှင့်ညဟူသော အယူအဆမှာ အန္တရာယ်ကို အချက်ပြသည့်အရာမှလွဲ၍ ထူးထူးခြားခြားအဓိပ္ပာယ်မရှိတော့ပေ။

တုံးရှီကိရိယာကို လေ့လာနေသော လင်းရှန်သည် သူ၏လက်ပတ်နာရီကို ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် အိပ်ပျော်နေသည့် ကီကီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ အိမ်စေဒရုန်းတစ်စင်းကို လှမ်းခေါ်ပြီး စောင်တစ်ထည်ယူလာခိုင်းကာ သူမအပေါ်သို့ ညင်သာစွာ ခြုံပေးလိုက်၏။

မီတာရာချီရှည်လျားသော ရထားကြီးပေါ်တွင် လူနှစ်ယောက်တည်းသာရှိနေခြင်းက သွေးနီရောင်ပတ်ဝန်းကျင်ထဲတွင် ပို၍ပင် ခြောက်ကပ်စေသည်။ သွေးနီရောင်မြူက နေရောင်ခြည်ကို ဖုံးလွှမ်းထားပြီး နေမင်း၏နွေးထွေးမှုကို မရရှိခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ကမ္ဘာမြေပြင်၏ အပူချိန်မှာလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ နှင်းကျခြင်း သို့မဟုတ် လေတိုက်ခြင်းမျိုးမရှိသော်လည်း အပူချိန်မှာ အနှုတ် ၂၃ ဒီဂရီအထိ ရောက်ရှိနေပြီ ဖြစ်သည်။ စွမ်းအားဝတ်စုံ၏ ခွဲခြမ်းစိတ်ဖြာချက်အရ ၎င်းတို့ လတ္တီကျုမြင့်သောနေရာများသို့ ဆက်လက်ဦးတည်ပါက အပူချိန်သည် အနှုတ် ၄၀ ဒီဂရီအောက်အထိ ထိုးဆင်းသွားနိုင်ကြောင်း ခန့်မှန်းရသည်။

ယခုအခါ လင်းရှန်နှင့် ကီကီတို့တွင် စွမ်းအားများရှိနေပြီး စွမ်းအားဝတ်စုံ၏ ကာကွယ်မှုလည်းရှိနေသဖြင့် ထိုကဲ့သို့သော အအေးဒဏ်က ၎င်းတို့ကို မထိခိုက်နိုင်သော်လည်း သွေးနီရောင်မြူထဲတွင် ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူများ၏ အခြေအနေမှာမူ တစ်နေ့ထက်တစ်နေ့ ပို၍ မျှော်လင့်ချက်မဲ့လာလိမ့်မည်ကို လင်းရှန် ခန့်မှန်းမိသည်။

သွေးရောင်မြူထုသည် ဝင်ရိုးစွန်းညကမ္ဘာကဲ့သို့ပင် အပူစွမ်းအင်ကို လျင်မြန်စွာ စုပ်ယူသွားတတ်သဖြင့် ရိက္ခာစားသုံးမှုမှာလည်း ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

လင်းရှန်သည် သူ၏ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းလိုက်ပြီး ဂရေ့စ်ကို သတိရကာ သူမကို စတင်ခေါ်ယူလိုက်သည်။ ၆ နာရီကြာသွားခဲ့ပြီဖြစ်၍ ဖီးနစ်ထံမှ တုံ့ပြန်မှုကို သူ သိချင်နေပြီ ဖြစ်သည်။

“ဂရေ့စ် ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းက အချက်အလက်တွေ ရောက်လာပြီလား”

[ဟုတ်ကဲ့… အချက်အလက်အချို့ ရရှိထားပါတယ်၊၊ ဒါပေမဲ့ အရမ်းတိုတောင်းပါတယ်]

“ဘာတဲ့လဲ”

[ပါဝင်တဲ့အကြောင်းအရာကတော့ ‘ကျေးဇူးပြုပြီး ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးပေါ်မှာ နင့်ရဲ့ အထူးစွမ်းရည်ကို သုံးပေးပါ’ တဲ့]

လင်းရှန်မှာ ခဏမျှ ကြောင်သွားပြီး ရှုပ်ထွေးစွာ မေးလိုက်သည်၊၊

“ဒါပဲလား... တခြားဘာမှမပါဘူးလား”

[မပါပါဘူး]

ချက်ချင်းပင် သူ မျက်မှောင်ကြုတ်သွား၏။ ဖီးနစ်ထံမှ အချက်အလက်အမြောက်အမြား ပြန်လည်ရရှိလိမ့်မည် သို့မဟုတ် ယဲ့လန်က သူ့ကို ကော်လိုရာဒိုသို့မသွားရန် တားဆီးလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၆ နာရီကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ရရှိလာသည့် တုံ့ပြန်မှုက စာတစ်ကြောင်းတည်းသာဖြစ်နေသည်။

“ဘာဖြစ်လို့လဲ”

ထွက်ပေါ်လာသောအသံကြောင့် ကီကီက ဆိုဖာပေါ်တွင် ထထိုင်လိုက်ပြီး သူ့ကို ကြည့်ကာ မေးလိုက်သည်၊၊

“ဖီးနစ်အဖွဲ့က သတင်းစကားရောက်လာပြီလား”

“ထူးဆန်းတယ်...” လင်းရှန်က ခေါင်းခါရင်း ပြောလိုက်သည်၊၊

“သူတို့ ငါ့ဆီ စာတစ်ကြောင်းပဲ ပို့လာတယ် ဘာတဲ့လဲဆိုတော့... ‘ကျေးဇူးပြုပြီး ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးပေါ်မှာ နင့်ရဲ့ အထူးစွမ်းရည်ကို သုံးပေးပါ’ တဲ့”

ထိုစကားကို ကြားသောအခါ ကီကီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက်ပြောသည်၊၊

“ကြည့်ရတာ သူတို့က အဲဒါရှင်ဆိုတာကို မယုံကြဘူးထင်တယ်”

“ငါဆိုတာကိုမယုံဘူး ဟုတ်လား”

“သိသာနေတာပဲ မဟုတ်ဘူးလား… ချူယန်က ထွက်ပြေးသွားတယ်… ရှင်ကလည်း အတော်ကြာပျောက်ဆုံးနေခဲ့တာလေ… အခုမှ ရုတ်တရက် တောင်ဘက်ကောင်းကင်ဂိတ်ကို လာဖွင့်တော့ ဖီးနစ်က ရှင့်ရဲ့အထောက်အထားကို သံသယဝင်တာ ပုံမှန်ပဲ မဟုတ်ဘူးလား”

ကီကီက ပြန်ပြောလိုက်သည်။

“ဒါဆို ဘာဖြစ်လို့ ငါ့ကို ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးပေါ်မှာ အထူးစွမ်းရည်သုံးခိုင်းရတာလဲ”

ကီကီက ခေါင်းခါလိုက်ပြီး “အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး၊၊ သူတို့က ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကတစ်ဆင့် ရှင်နဲ့ ဆက်သွယ်ချင်တာလား ဒါမှမဟုတ် တခြားလျှို့ဝှက်ချက်ရှိနေလို့လား”

လင်းရှန်သည် ထိုငွေရောင်စက်လုံးကို ထုတ်ယူပြီး စိုက်ကြည့်လိုက်သည်၊၊

“ဒီပစ္စည်းက ငါ့ကို ဟွာရှောင်လင်းပေးခဲ့တာပဲ၊၊ အဲဒါက မျှော်စင်လူသားတွေရဲ့ ပစ္စည်းပဲလေ… ဖီးနစ်က ဒါကတစ်ဆင့် ငါ့ကို ဘယ်လိုလုပ်ဆက်သွယ်နိုင်မှာလဲ...”

“ဒါမှမဟုတ်...”

လင်းရှန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူက ကီကီကို မော့ကြည့်ကာ “ချူယန်ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်လား”

“အို အဲဒီအတွေးပဲ”

ကီကီ၏ မျက်လုံးများက တောက်ပသွားပြီး လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ဖြစ်နိုင်တယ်… တကယ်ပဲ အဲဒီလိုနေမယ်”

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲက ငွေရောင်စက်လုံးအကြောင်းကို ခဏမျှ တွေးတောလိုက်သည်။ အထူးစွမ်းရည်ဟုတ်လား။ အဲဒါက ယန္တရားနှလုံးသားကလွဲလို့ တခြားမရှိနိုင်ပေ။

ထို့ကြောင့် သူသည် ယန္တရားဝါးမျိုမှုကို သုံးရန် ချက်ချင်းပြင်ဆင်လိုက်သော်လည်း ၎င်းကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားက တုန်လှုပ်သွားသဖြင့် ထိုအတွေးကို အလျင်အမြန်ပြန်ရုပ်သိမ်းလိုက်ကာ သက်ပြင်းချရင်း ပြောလိုက်သည်၊၊

“မဖြစ်ဘူး… ငါ ဒါကို အရင်က စမ်းဖူးတယ် တားမြစ်ပစ္စည်းလိုမျိုးပဲ ဝါးမျိုလို့ မရဘူး”

“ဒါဆို ရှင့်ရဲ့ အထူးစွမ်းရည်ကို သုံးတယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ” ကီကီက မေးလိုက်သည်။

လင်းရှန်လည်း အတွေးနက်သွား၏။ ယန္တရားထုတ်လုပ်မှုနှင့် ယန္တရားထိန်းချုပ်မှုတို့မှာ သိသိသာသာပင် မဟုတ်နိုင်သလို ယန္တရားဝါးမျိုမှုကိုလည်း အပြီးသတ်၍ မရနိုင်ပေ။ ထိုခဏ၌ပင် ထူးဆန်းသောအတွေးတစ်ခု သူ၏ခေါင်းထဲသို့ ဖျတ်ခနဲဝင်လာသည်။ စောစောက ကီကီပြောခဲ့သည့်စကားကြောင့် သူသည် ချူယန်၏ ဆွဲငင်အားမှန်ဘီလူးကို သုံးနိုင်သည့် စွမ်းရည်ကိုပါ တွေးမိသွားခြင်း ဖြစ်သည်။ အကယ်၍ ဤအတွေးလမ်းကြောင်းအတိုင်း လျှောက်မည်ဆိုလျှင်...

သူ၏နှလုံးသားထဲတွင် အေးစိမ့်မှုတစ်ခု ထက်သန်လာသည်။ လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ ဒရုန်းအသေးစားတစ်စင်းကို ခေါ်ယူလိုက်ပြီး ၎င်း၏ယန္တရားလက်တံဖြင့် ငွေရောင်စက်လုံးကို လေထုထဲတွင် ဆိုင်းငံ့ထားစေကာ လက်ညှိုးတစ်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။

“သတိထားနော်”

ကီကီကို ပြောပြီးနောက် သူက ဆွဲငင်အားမှန်ဘီလူးကို ချက်ချင်းထုတ်လွှတ်လိုက်တော့သည်။

လေဟာနယ်။

တွဲအတွင်း၌ ထူးဆန်းသော အာကာသလှိုင်းတွန့်တစ်ခု ပဲ့တင်ထပ်သွားသည်။ မီးလုံးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ငွေရောင်စက်လုံး၏ ဗဟိုချက်မှ သိမ်မွေ့သော လျှပ်စစ်စီးကြောင်းများ ထွက်ပေါ်လာသည်။ ထို့နောက် မည်းမှောင်၍ မှော်ဆန်သောဝဲဂယက်တစ်ခုက ဖြည်းညှင်းစွာပေါ်လာ၏။ လင်းရှန်၏ ထိန်းချုပ်မှုအောက်တွင် ပင်ပေါင်ဘောလုံး အရွယ်အစားခန့်ရှိသော တွင်းနက်အသေးစားတစ်ခု လျင်မြန်စွာဖြစ်တည်လာသည်။ တွဲအတွင်းရှိ မီးလုံးများမှ အလင်းတန်းများသည် ချက်ချင်းပင် ကွေးညွတ်သွားပြီး ရေပြင်ပေါ်ရှိ လှိုင်းတွန့်များကဲ့သို့ လုံးဝဆန့်ထွက်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် အတွင်း၌ အေးစိမ့်သောလေပြင်းတစ်ခု စတင်တိုက်ခတ်လာပြီး မီးဖိုချောင်သုံးပစ္စည်းများကို တဂျောက်ဂျောက်မြည်ဟည်းသွားစေကာ အမှိုက်သရိုက်များကို လွင့်စင်သွားစေသည်။

လင်းရှန်နှင့် ကီကီတို့သည် ငွေရောင်စက်လုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ ထိုခဏ၌ ၎င်းတို့နှစ်ယောက်လုံးသည် မတူညီသောထောင့်အသီးသီးမှနေ၍ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်၊၊ ရုပ်ဝတ္ထုများနှင့် အလင်းတန်းများသီးခြားစီကွဲထွက်သွားပြီး ယဉ်ကျေးမှုစက်လုံးကို ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ဆန့်ထွက်နေသည့် ပျားအုံကဲ့သို့သော အာကာသကွန်ရက်တစ်ခုပေါ်လာခြင်းဖြစ်သည်။

ထိုပုံရိပ်က ဖျတ်ခနဲ လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် လင်းရှန်သည် ဆွဲငင်အားမှန်ဘီလူးကို ချက်ချင်းပိတ်လိုက်သည်။ လေပြင်းများ ငြိမ်သက်သွားပြီး ဝဲဂယက်ပျောက်ကွယ်သွားသည့်အခါ ယဉ်ကျေးမှုစက်လုံးသည်လည်း မူလအခြေအနေသို့ ပြန်ရောက်သွား၏။

တွဲအတွင်း၌ ပြန်လည်တိတ်ဆိတ်သွားသည်။ လင်းရှန်နှင့် ကီကီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထူးဆန်းသော မိန်းမောတွေဝေမှုကို ခံစားလိုက်ရပြီး...

“မင်း မြင်လိုက်လား”

ကီကီက ခေါင်းညိတ်လိုက်သည်၊၊

“အဲဒါက အာကာသအလွှာခွဲခြားမှုတစ်ခုခုနဲ့ တူတယ်”

ဒရုန်းက ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို လင်းရှန်ထံသို့ ပြန်သယ်လာရာ သူသေချာစစ်ဆေးပြီး မျက်မှောင်ကြုတ်သွားသည်၊၊

“ဘာမှဖြစ်မလာသလိုပဲ… ငါတို့ မှားသွားတာလားမသိဘူး”

ကီကီလည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။ လင်းရှန်က ဓာတ်ခွဲခန်းထံမှ ပိုမိုအသေးစိတ်ကျသော အချက်အလက်များကို ရယူရန် ဂရေ့စ်ကို လှမ်းခေါ်တော့မည့်ဆဲဆဲမှာပင် တွဲအတွင်း၌ အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာတော့သည်။

“မင်း အသက်ရှင်နေသေးတယ်ဆိုတာ ငါ အမြဲတမ်း ယုံကြည်နေခဲ့တာ… အဲဒါကြောင့် စဉ်းစားမိတယ်… မင်းသာဆိုရင် ဒီသတင်းစကားရဲ့ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်လိမ့်မယ်လို့ပေါ့”

ထိုအသံကို ကြားလိုက်ရသောအခါ လင်းရှန်၏ မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားသည်။ သူသည် အသံလာရာအရပ်ကို ကီကီနှင့်အတူ ချက်ချင်းရှာဖွေလိုက်သော်လည်း ကီကီက မျက်လုံးအပြူးသားဖြင့် သူ့ကိုသာ စိုက်ကြည့်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့လိုက်ရ၏။

“မင်း ကြားလိုက်လား”

“ဘာကိုကြားရမှာလဲ”

လင်းရှန် မျက်မှောင်ကြုတ်သွားပြီးနောက် ခေါင်းလှည့်ကြည့်လိုက်ရာ အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုက တွဲ ၆ ထဲတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လင်းရှန်လည်း ချက်ချင်းထရပ်ကာ ထိုလူကို စိုက်ကြည့်လိုက်၏။

အသက် ၅၆ခန့်ရှိပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ဆံပင်များနှင့် သွယ်လျသော်လည်း ထင်းရှူးပင်ကဲ့သို့ ထောင်မတ်နေဆဲဖြစ်သော ကိုယ်ဟန်အမူယာဖြင့် သိုးမွေးကုတ်အင်္ကျီအမည်းကို ဝတ်ဆင်ထားပြီး အကျီလက်ဖျားတွင် ဖီးနစ်အဖွဲ့အစည်း၏ ရွှေရောင်တံဆိပ်ကို ပန်းထိုးထားသည်။ ထိုအမျိုးသမီးကြီးမှာ လအနည်းငယ်မျှသာ ခွဲခွာခဲ့ရသော်လည်း သိသိသာသာအိုမင်းရင့်ရော်သွားသကဲ့သို့ ရှိသော်လည်း သူမ၏ မျက်ဝန်းများမှာမူ နက်ရှိုင်းကာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

ဖီးနစ်၏ တပ်မှူး ပရော်ဖက်ဆာယဲ့လန်။

“ပရော်ဖက်ဆာယဲ့...”

“ဟမ်...”

ဘေးနားရှိ ကီကီလည်း ချက်ချင်းထရပ်လိုက်သော်လည်း သူမ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် လင်းရှန်သည် တစ်ခုခုကို ချက်ချင်းသဘောပေါက်သွားသည်၊၊

“ကျုပ်ရဲ့ အသိစိတ်ရောင်ပြန်ဟပ်တာလား”

“မဟုတ်ဘူး”

ယဲ့လန်၏ အကြည့်က ကီကီကို ကျော်ဖြတ်ကာ လင်းရှန်ထံသို့ ကျရောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“တိတိကျကျပြောရရင် ချူယန်ရဲ့ အသိစိတ်ရောင်ပြန်ဟပ်မှုပဲ၊၊ ချူယန်က သူမရဲ့ စိတ်ဝိညဥ်စွမ်းအားကို ခွဲထုတ်ပြီး မြူမီးခိုးရဲ့ ဦးနှောက်ဆဲလ်ထဲကို တင်ပေးလိုက်တာ… အဲဒါကြောင့် ငါတို့ ဒီသော့ချက်ကတစ်ဆင့် မင်းကို ဆက်သွယ်နိုင်တာပဲ၊၊ ပြောရရင် ဒီအကြံဉာဏ်က တကယ်တော့ မင်းဆီက လာတာပဲ”

“ကျုပ်ရဲ့ အကြံဉာဏ် ဟုတ်လား”

လင်းရှန် အနည်းငယ်အံ့ဩသွား၏။

“မင်း ဂရေ့စ်အပေါ်မှာ တပ်ဆင်ထားတဲ့ ဦးနှောက်-ကွန်ပျူတာကိရိယာလေ… မင်းရဲ့ အသိစိတ်ကတစ်ဆင့် ဂရေ့စ်ကို ဆက်သွယ်တာမျိုးပေါ့”

လင်းရှန်၏ အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။ သူက ကီကီကို ခေါင်ညိတ်ပြလိုက်သည်၊၊

“ဒါဆို ချူယန်က ဒါကို ခဗျားရဲ့အစီအစဉ်အတိုင်းလုပ်ခဲ့တာပေါ့”

“ဒါက ပြောရရင် အရှည်ကြီးပဲ၊၊ ဒီအတောအတွင်းမှာ အများကြီးဖြစ်ပျက်ခဲ့တယ်”

ယဲ့လန်က တွဲအတွင်းရှိ အာကာသကို လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းရှန်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြုံးပြလိုက်သည်၊၊

“ငါ သိပါတယ်… အကယ်၍ မင်းအသက်ရှင်နေသေးရင် ဝင်ရိုးစွန်းဒေသကို ချက်ချင်းသွားမှာမဟုတ်ဘူးဆိုတာ..”

All Chapters